Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အားဂျီး ချဉ်သည်

ムラカミMay 28, 20121min121550

ပြောရဦးမယ် ပိတ်သတ်ကြီးရေ ….
ဒီရက်ပိုင်း မောင်ဂီ့ ချဉ်နေတဲ့အကြောင်းလေး…
မမိုက်ပါဘူးဂျာ …
မင်ဂါတွေ ဆောင်လိုက်ကြတာများ …
ဘော်ဒါ အပေါင်း မသူတော်ကောင်းတွေ…
ဘော်ဒါ အချင်းချင်းများ ပြန်ယူကြတယ်လို့ ..
ပျင်းဇယာ ကောင်းထှာ …နှပ်ချေးတွဲလောင်း ကတည်းက
သိနေကြတာကြီးကို ..သူတို့မို့ မပျင်းမရိ .မသေမချင်း
တဇိမ့်ဇိမ့် ကြည့်နေချင်ကြတယ်…
(ဘယ်အရွယ်ကတည်း အချင်းချင်း အဝှာ ပြုချင်နေကြလဲ မသိ..)
ဂယ်ပဲ …
သဒင်းဇာထဲ ပြူးပြဲနေအောင်ထည့်လား ထည့်ရဲ့ ..
ဖိတ်စာ ကို မလာနိုင်မှန်းသိသိနဲ့ ပို့လား ပို့ရဲ့ …
ကျေးဇူးတင်လွှာ ပေးလား ပေးရဲ့….
ဒင်းတို့ ပုံပါတဲ့ ကီးချိန်းတွေဘာတွေတောင်
နိုင်ဂျံဂါး ဆိုတာကြီးကနေ မှာသေးသတဲ့တော်. ..
(ဆင်းတု တဆူလောက် ဝယ် လက်ဖွဲ့လိုက်မှ …
ဒင်းတို့ ..ကျုပ်ပေးတဲ့လက်ဆောင် တသက်လုံး ထိုင်ရှိခိုးသွားရမယ်. .
ဘာအောက်မေ့တုန်း …)

ထားပါတော့… အဲ့ ဒါဂျီးတွေ ကို
ပြန်စကင်န် ဖတ်ပီး ဖေ့စဘုတ်မှာတောင် တင်လား တင်ရဲ့…
ရှက်စရာ ဂျီးကို ..ဒင်းတို့မို့ မရှက်တယ် …အေ …

ကျနော် ကျမတို့သည် ယနေ့ညမှ စ၍ အခန်းတံခါးပိတ်၍
စန္ဒယား နှိပ်ကြပါတော့မည် ဆိုတဲ့ မက်ဆေ့ချ် ကို ကမာ္ဘကို ပြကြတယ်..
အံ့ရော … အဲ့လို မရှက်တတ်ကြတာ …

ပီး … ဟန်းနီးတော်ကြီးတွေ မွန်းကြတာများ …..
မွန်းကြပါ. .မွန်းနိုင်သူဒွေ …
မွန်းနေတုန်းကို တခုတ်တရ လက်ပကျွတ်နဲ့ ပြန်တို့ပီး …
ဒါ့ပုံတွေ လှမ်းလှမ်း တင်နေတာကို က မဟုတ်သေးတာ …

ဘယ့်နှယ့်အေ … အခုများ မတင်ရင်
နောက် မတင်ရတော့မှာ များ ကြောက်လေသလား မသိ…

တချို့များ .. လှမ်းပို့ပီးတောင် တို့ခိုင်းသေး …
ကိုယ်ဂျင်း မစာတာများ ပြောပါတယ်…

ဟိုဆြာ တို့တာနဲ့ ဘာကွာလဲ ကြည့်ချင် လို့တဲ့ … အဲ့လိုက ရိုင်းသေးတာ..
တယောက်ကို အန်ဆက်စခရိုက် လုပ်တော့ နောက်တယောက်
အကောင့်နဲ့ ပြောင်းတင်ပီး ဆဲစာလေးပါ ချီးမြှင့်လိုက်သေး….

ဘယ်လို သတ္တဝါတွေမှန်း မသိ …
ဂျားထဲက ကပ်တီးမူးလဲ တွေ သာ ဆိုးသေး …

သူများ သားသမီး လင်ယူတာ ..ကို ပါးဖြဲနားဖြဲ စား …
မဆန့်ရင်ကာ သောက် … သွားကြီးတွေ ဖြီးပြီး ဒါ့ပုံတွေရိုက်…
ပန်းကျဲတဲ့ စကီလေး ကို သွားပြီး .. ခွီ …
တပြားမှ မရလည်း ဒါ့ပုံတွေ လျောက်တင် …မေးလ်တွေ ပလူပျံအောင်ပို့…
ဂယ်ဘဲ … .ကိုယ့်ပွဲလည်း မဟုတ် …ကိုယ့် သူငယ်ချင်း နုနုထွတ်ထွတ်လေးကို
ဟို သဒို့သား ဆိုတာကြီးက ဟင်းဟင်း ညကျရင်တော့ကွာ ဆိုတဲ့
မျက်နှာဘေးကြီးကြီး ကြည့်ကြည့်နေလည်း … ရှက်ရကောင်းမှန်း
မျက်ခွက်ပူရကောင်းမှန်း မသိ….အံမယ်.. လည်ပင်းဖက်ပီး မင်ဂလာ
အရက် ဆိုတာကြီးတောင် ဂလု ကြသေးတယ်. ….
ဟိုက အောင်သေအောင်သား စားတာ ..ဒင်းတို့က ..ပြောလိုုက်ရရင်မကောင်း.

အဲ ..အရံစုံတွဲလား …မပြောချင်ဘာဘူးအေ. ..ဘယ်ခေတ် ကစထွင်လိုက်
သလဲ မသိပါဘူး …။ အားကစားပွဲမှာတော့ အရံ ဆိုတာ ဆပ်ပတီကျု ပဲ…
ပွဲထွက်သမား နာသွားရင် ဝင်ကန် … သတို့သမီး နာသွားရင်…
အဲ ..လေ … ထားပါတော့ ..

တခါတခါ အရံက ပိုတောင် ကဲ ကြသေး …။ သူများ ဟန်းနီးမွန်းတာ ..
သူတို့က ဘာလိုက်မွန်းကြတယ်မသိဘူး ..။ မရီရတဲ့ ဘိရုမာ ရုပ်ရှင်
တွေထဲကလို ကမ်းခြေမှာ ဖလမ်းဖလမ်းထနေကြတာများ ..မြင်မကောင်းဘူး..
ချဉ်ပါတယ်အေ လေး ၁ခွန်းလောက် ပြောမိရင်…
ကျီးကန်းများ လို ဝိုင်း အာ ကြလိမ့်မယ် …။
ဆဲကြတာများ … ခွေးအတွေ ဝိုင်းဆွဲတဲ့အတိုင်း..
မဆီ မဆိုင် ကိုယ့် ဒါ့ပုံအဟောင်းတွေ မှာပါ လာပီး ဠဒ ဂျီး တို့
ဘာတို့ ..လုပ်သွားသေး …။

အဲ့လို ဟာတွေပါဆိုဗျာ .. အသက်တွေလည်း မငယ်ကြတော့ပါဘူး..
ပြောရရင် မောင်ဂီ့ ညှီတယ် ဖြစ်မယ် …အတော်လည်း ညှီနေပါဘီလေ…။

ဂယ်က ဒီထက် အသက်ကြီးသွားရင် အိန်ဒရေ ရရ ဆောင်ကြမှာ …
ငယ်ရင်လည်းပဲ မိဘ ဦးစီးလုပ်တဲ့ ပွဲ ဖြစ်မှာ မို့… ခုလောက် လှုပ်ရဲမှာ မဟုတ်..။

ခု ဒင်းတို့ လက် ဒင်းတို့ ခြေ ဖြစ်နေတော့ မျက်စိကို နောက်နေတာဘဲ …။
ငယ်ငယ်က ဘီအီး ကစ်လာတဲ့ကောင်က ဂရင်းလေဘယ် တိုက်တာကို
ကပ်စေးနှဲရန်ကော လုပ်ပီး .. အတင်းလာတုတ်သေး …
ငါ့ကောင်ရီးအတွက် ဆိုပီး တခွက် သွန် သတဲ့ …
ကျုပ်က သေပလား အေ …. တကယ့် မထော်မနန်းတွေ …
မင်ဂါဆောင်များ ဆို ချင်ပါတယ်အေ ….

မိန်းမယူဖို့ လွယ်တယ် … မိန်းမ မယူဖို့ ခက်တာ…အဟတ်. ..
ဘာမုဒိမှ မတာနိုင်ဘူး …။ဒါဗျဲ …

ကျန်တဲ့ကောင်တွေလည်း သိပ်မကြာတော့ဘူး ဆိုလား …
ကောင်းဒယ် ယူကြ ယူကြ …။
၃၆နှစ်ကျမှ ၁၆နှစ်သမီး ရှာယူပြီး ညည်းတို့ရှေ့ တွဲခုတ်ပြမယ်…။
အဲ့အချိန် ဗိုက်ပူ အဆီစု စက္ကန်းမေးစေ့တွေ ထွက်နေပီဖြစ်တဲ့ …ညည်းတို့ လေဒီတွေရှေ့မှာ
အဟတ် အဟတ် ….။

တော်သေးဘီ
ချဉ်တဲ့
ဂီ
(စိတ်နာနာနှင့် ရေးဖွဲ့ပါသည်)

50 comments

  • Ch@vez

    May 28, 2012 at 2:29 pm

    ချောက်ထဲက လူတွေက ခုန်မချနဲ့ ခုန်မချ နဲ့ ဆိုတာချည်းပဲ …
    အဲ ..
    အပေါ်က လူတွေကလည်း ခုန်ချမယ် ခုန်ချမယ် ဆိုတာချည်း..
    ကျုပ်ကတော့ ခုန်ချလိုက် တွယ်တက်လိုက် လုပ်ရင် ကောင်းမလားလို့…

    ပြောပါတယ် ..စိတ် အတက်အကျ မြန်တဲ့ ရောဂါ ရှိပါတယ်ဆို….
    😀

    ဇဂါးမစပ် ..ခုနေ မင်ဂါဆောင် လာဖိတ်လို့ကတော့ သေဂန်းပြတ်ပဲ သယ်ရင်း..

  • Moe Z

    May 28, 2012 at 2:33 pm

    ကျွတ်စ် .. ကျွတ်စ် .. သွားရှာပြီ
    သူ့ယူမယ့်လူမရှိလို့ မစွံတာများ သူများကိုမနာလိုဖြစ်နေတယ် အံ့ရော :mrgreen:
    စကားအတင်းစပ်ရရင် အခုတစ်လော မင်္ဂလာလက်ဖွဲ့ဖိုးတွေထွက်နေတာ
    တော်တော်များပြီ .. အခုကို စားပွဲပေါ်မှာတစ်စောင် သွားရဦးမယ် 😀

    • Ch@vez

      May 28, 2012 at 2:46 pm

      ဟိုပြင်ညာချိ ကြီးတွေ ပြောတော့ ..
      အခြစ် ရှိုတာ ၃နှစ်ပဲ ရှို …
      ကျန်တာက နားလှည့်မူး တို့ .နံရိုးကင် တို့နဲ့ …
      ဆက်သွားရတာရှို …

      ၃နှစ် ဝရံတီပေးပီး အားရပါးရ ခြစ်ကြပေါ့အေ….
      😀

      မြင်ယောင်ပါသေးဒယ်….
      ဒင်းတို့ မကြာခင် ပူညံပူညံ တွေကြားရမှာ..
      ကြောင် ကြာကြာ ရေမငုတ်ပါဘူး …

      သဒို့သမီးဂျီး က အလှပြင်ဆိုင် ချောင်းပေါက်အောင်သွားမယ်..
      သဒို့သားဂျီး က သောက်တော်ဗူးရယ်နဲ့ အိုမကွာ အိုမကွာ လုပ်မယ်..
      ပီး … ကျန် ဘော်ဒါတွေ အိမ် လှည့်ပတ်ပီး တယောက် မကောင်းကြောင်း
      တယောက် ပြောမယ်…။

      ဒလောက် မတည့် ဘာဘူး မတည့် ဘာဘူး ပြောတဲ့ကြားက
      လူဦးရေ တိုးပွားလာမယ်…

      ပွားပွားဂျင်း ဒါ့ပုံတွေ ဝေနေအောင် တင် မယ် ..
      ဟိုလူှု့ ရိမယ် ဒီလူ့ ကလိမယ်..

      ဂုတော့ .. ကမ်းမမြင် လမ်းမမြင် ကမ်းခြေမှာ လူတွေစုပီး
      ဖဲတွေရိုက် ဘောတွေ ကန် ရေတွေကူး..
      တာကွီလာ ဒွေ ဂလု … ဘွန်ဖိုင်းယားတွေလုပ်…
      အဟတ်. …
      ချဉ်ထှာ..

      • Ch@vez

        May 28, 2012 at 3:13 pm

        ကျန်သေးတယ်…

        မခံဇားနိုင်ဆုံး ကိစ္စ ကတော့ ..
        မိဘပေးစားလို့ ဘုရားစူး မိန်းမရသွားတဲ့ ကောင်မျိုးတွေ
        ခုချိန်မှာ လက်ခမောင်း တဖျောင်းဖျောင်းခတ်ပီး
        မိန်းမကျမ်းဘဲ ကြေသလိုလို အချစ်စစ် ဆိုတာ ဒါပဲ ဆိုတာမျိုး
        အဆိုအမိန့်တွေ ထုတ်.. စကားကြီး စကားကျယ်တွေ ပြော …
        တွေ့သမျှလူ လိုက်နှုတ်ဆက် … ဇဂါးတွေ ဖောင်နေအောင်ပြော..မောပါ့ …
        တနေ့တခြား အိုမင်း ယိုယွင်းလာမယ့် ကိုယ်နဲ့ အမျိုးနည်းနည်းမှမတော်တဲ့
        အပုပ်ကောင်ကြီး မသေမချင်း လုပ်ကျွေးရမယ်ဆိုတာ နားမလည်ဘူး ……
        အံ့ရော …

        အမတွေအကြောင်းကတော့ … လူရှေ့ ရောက်တာနဲ့ …
        သူနိုင်ကြောင်း .. အာဏာမြဲကြောင်း လုပ်ပြတတ်တာပဲ …
        ဒါ့ပုံတွေမှာတောင် ကြည့်တတ်ရင် သိနိုင်ရဲ့…။
        ဘယ်ပညာရှိ စကျပ်ပေးခဲ့တယ်မသိတဲ့ ရင်ဘောင်တန်းတဲ့
        ကာလချာ ရဲ့ သားကောင် ဖြစ်နေရှာတယ်… အာဟိ…
        ငတိဒွေ က အချာပင် တွေ တကောင်မှ မပါတာ ..မသိ. ..
        ပွဲအစမို့ ..တဖက်အသင်း အန်နာဂျီကုန်အောင်
        ဒီဖန်စ့် ကစားနေတာ နားမလည်ရှာဘဲ … စွတ် တိုက်စစ်ဆင်..
        လက်ကျန် မိနစ်တွေကျမှ ဟိုက ကောင်တာ ဖောက်ပြီး တဂိုးပီး တဂိုး
        သွင်းမှာ မြင်ယောင်သေးတော့ ….။

        သူဒို့ဟာ သူဒို့ အေးအေးနေရင် မပြောပါဘူးဗျာ..
        လူကို လာလာ ခလုပ်တိုက်လွန်းလို့ပါ …..။

        (အမ)
        ဟဲ့ .. မောင်မောင်ဇာ ..
        ညည်းကို ယူရင် …ငါ ဒူးနဲ့မျက်ရည် သုတ်ရမှာ …
        ငါ့ချစ်ချစ် ကငါ့ ကို ……. (အောင်မယ်ငီး …)
        သူ့ လင်တော်မောင် ဘယ်လိုတော်ဂျောင်း ..
        ကျုပ် ဘယ်လို ဆိုးရွားစုတ်ပြတ်ကြောင်း ကြွားရတာ အမော…

        (အထီး)
        ဟေ့ကောင် သားကြီး …
        အစချီပြီး ဘာလေးချက်တာ ဘယ်လိုစားကောင်းကြောင်း…
        ဘယ်လိုလေး ဂရုစိုက်ပေးကြောင်း..
        အောင်မယ်လေး ..တော်လေးဝ ဝင်ရထားတဲ့အတိုင်း …….

        ဟိတ်ကောင် မင်းနဲ့ငါ …. ဘောကန်တုန်းက
        ဂျာစီ တထည် ရှဲလုပ်ပီး ဝတ်တာ မှတ်မိသေးလား ကွာ
        မေးမိရင် ဓါးနဲ့များ လိုက်ခုတ်မလား မသိ.

        သည်ဂျားထဲ ..ပူးပေါင်း တိုက်စစ်ဆင်ပြီး
        ဘော်ဒါထဲက ဘယ်သူကျန်သေးတယ် ဘယ်ဝါကျန်သေးတယ်
        ဆိုပီး ဂေါ်မစွံ ပုပု-၀၀-မဲမဲ-ပြဲပြဲ (တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ)
        တွေ လာလာ ထိုးပေးနေရတာ အမော …။

        ရည်းစားလက်ဝယ် ပိုင်ပိုင်ရှိနေတဲ့အချိန်လည်း သက်သာရာရမလား
        မထင်နဲ့ …။
        ဘယ်တော့ ယူမလဲ နဲ့ ပြတ်သွားပလား က သူတို့ လက်ကိုင် ဂရီးတင်း ဇဂါး…
        အဆင်ပြေလား နေကောင်းလား ..ဘယ်ရောက်နေလဲ မေး နှုတ်ဆက်တော့
        ဘာဖြစ်မှာ မို့လို့လဲ … ဒီလူတွေ ဒါပဲ အားနေ စဉ်းစားနေတယ် ထင်ရဲ့…

        အဲ့ဒါလေးတွေ ချဉ်တာ ….
        (စိတ်ဆိုးကြလည်း မတတ်နိုင်ဘူး ဖော်ပဟေ့ ….)

      • Moe Z

        May 28, 2012 at 3:46 pm

        ဟောဒီမှာ မစ္စတာချေးဗတ်လုပ်တဲ့ ချဉ်ဘတ်တွေရမယ်
        ကိုရီးယားကင်မ်ချီတွေ ရမယ် 😛

  • ရွာစားကျော်

    May 28, 2012 at 3:13 pm

    ဒီလ ဖိတ်စာတစ်စောင် ၅၀၀၀၊ နဲ့ ၁၀၀၀ဝ ထွက်နေတာ.. ၅စောင်ရှိဘီ ။ အကြွေးတွေ ပြန်ဆပ်ရဒယ်လေ..။ ဒါတောင် ငါမိန်းမယူမှ ချေလိုက်လို့ပြောထားတဲ့ ဘော်ဒါရဲ့ပွဲကို မျက်နှာပြောင်တိုက်ပြီး ဘဲစားဘဲချေလုပ်ထားလို့ ဟီ ဟိ..။ ချဉ်ခါမှ ချဉ်ရော့..။

    မင်္ဂလာဆောင် ဓာတ်ပုံတွေရိုက်နေရဒါနဲ့ မုန်ထနေတဲ့ ဂီဂီ့ရဲ့ ချဉ်ရည်အိုးထဲ ဝင်မွှေသွားပါတယ်
    😆

    • Ch@vez

      May 28, 2012 at 3:23 pm

      လက်ဖွဲ့ တာက ဖွဲ့ပါတယ်ဗျာ ..
      ကပ်စေးမနှဲပါဘူး..
      ခုဟာက ခလုပ်လာလာတိုက်လွန်းလို့ပြောရတာပါ..

      ခုနောက်ပိုင်းတော့ ဒါတွေ ဖွဲ့မယ် စိတ်ကူးတာပဲ…
      ၁။ စတိန်းလက်စ်စတီး အသားလှီးဓါး
      ၂။ ကြွက်သတ်ဆေး
      ၃။ ဟိုဘက်အိမ်က လွင့်ကျလာတဲ့ အမျိုးသမီးဝတ် အတွင်းခံဘောင်းဘီ
      ၄။ အုတ်နီခဲ
      ၅။ ဘေ့စ်ဘော ဒုတ်
      ၆။ ခွေးစာကြောင်စာ
      ၇။ ဂွမ်းနဲ့ ပါတ်တီး

  • amatmin

    May 28, 2012 at 3:19 pm

    ပြောတာတွေက ကွက်တိမို့ ဖတ်နေရင်းနဲ့ကို ချဉ်လာသလိုလိုပဲ..
    အော်..ကျုပ်လည်း အိမ်ထောင်ရေးအနုပညာ နဲ့ အလှမ်းဝေးတယ် ထင်ပ.. 🙂

  • ဗိုက်ကလေး

    May 28, 2012 at 3:23 pm

    ခင်ဗျားတို့လုပ်တာနဲ ့ ကျုပ်တောင် မင်္ဂလာ မဆောင်ရဲတော့ဘူး..
    အစက မင်္ဂလာဆောင်ရင် ရွာစားတွေကို ဖိတ်မလို ့ပဲ
    ခုတော့ ဖိတ်တော့ပါဘူး..

    • ဗိုက်ကလေး

      May 28, 2012 at 3:26 pm

      ပြောရဦးမယ်
      မင်္ဂလာဆောင်မလိုုလိုဖြစ်တာ ငါးခါ
      မဆောင်ဖြစ်တာ သုံးခါ

      • Mလုလင်

        May 28, 2012 at 3:43 pm

        အခု မဆောင်ဖြစ်တာ က ဟိုတစ်ယောက် မီးလောင် သွားလို့မို့လား …

        • Ch@vez

          May 28, 2012 at 3:47 pm

          ဟိုတခေါက်က တိုက်ပေါ်က ခုန်ချသွားလို့လေ..
          😀

        • ဗိုက်ကလေး

          May 28, 2012 at 3:57 pm

          များကို….ရက်စက်လိုက်ကြဒါ….စက်ရက်လိုက်ကြဒါ

  • nozomi

    May 28, 2012 at 3:39 pm

    ကိုယ်တကယ်ခင်တဲ့သူတွေ ကိုယ့်ကို မဖိတ်ရင် စိတ်မကောင်းဘူး
    ကိုယ်တကယ်မခင် တဲ့သူတွေ ကိုယ့်ကို လာဖိတ်တော့လဲ စိတ်မကောင်းဘူး

    ကိုယ်နဲ့ သွေးမတော် သားမစပ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ကာလရှည် အတူနေရတာ ဝရန်တီကာလကျော်လာတော့ လွယ်တော့ မလွယ်ဘူးရယ်

    ဒါပေမဲ့လဲ ဂီဂီ နောက်ဆုံးကျ မရှိမကောင်း ရှိမှကောင်းလို့ ပဲ ကောက်ချက်ဆွဲရတော့မယ်

    • Ch@vez

      May 28, 2012 at 3:46 pm

      ဦးနိုရေ…

      မရှိမကောင်း ရှိမကောင်း လက်ခံပါတယ်ဗျာ ..
      ယူပီးကာစ ယင်းထသောအခါ …ဆိုတဲ့
      ရောဂါ တစ်မျိုး ရှိသဗျို့ …အဲ့ရောဂါ ကြောင့်
      သူမနေရ ငါမနေရနဲ့ လှည့်ပါတ် ရန်ဖြစ်လျက်ရှိပါကြောင်း
      😀

  • Ch@vez

    May 28, 2012 at 3:45 pm

    ကျုပ် ဒါတောင် အဝေးရောက်နေလို့ သက်သာတာ ..
    နီးများနီးလို့ကတော့ …
    ဥပမာဗျာ …
    ဘော်ဒါအချင်းချင်း ..ဟိုအရည်လေး သွားဂလုပါတယ်….
    လင်တော်မောင် ကိုတော့ ယမကာလုလင်လေး တဲ့
    ကျုပ်ကိုတော့ သူ့ယောက်ျားကို ဖျက်ဆီးနေတဲ့ အရက်သမားဂျီးတဲ့..

    ပီး ..တောသဂျီးသားလို ရွှေတွေ မျက်စိကျိန်းအောင် ဆင်ထားသေး..
    သောက်တော့ ကျုပ်ရှင်း တဲ့ …။ ကျုပ်ကသာ ဒင်းတို့ ရွှေဝတ်ပီး
    ဂေါ်ရင်ဂျီ သောက်သလိုသောက်တဲ့ ငတိတွေကြောင့် ရောယောင်
    အန ္တရာယ် များရတာပါဂျာ…။

    ဒင်းတို့ အိမ်မှာကျ … ညစာ ငတ်မှာစိုးလို့ ..ဝီစကီ ၃ပက် ကို
    ချိစ်ပြားလေး ဝက်အူချောင်းလေးနဲ့ သောက်တယ်..
    အပြင်ထွက်သောက်တိုင်း ဇက်ကျိုးပြန်တဲ့ ကောင်က
    မိန်းမရှေ့ကျတော့ စည်းနဲ့ ကမ်းနဲ့ ယောက်ျား ကွ ဆိုပီး
    ကျုပ်ကပဲ တေလေဂျပိုး ကျနေတာပဲ …။
    (အိမ်မှာ အဲ့လိုသောက်ရလို့ အပြင်မှာ သောက်လုံးကြီးသလား မဆိုနိုင်)

    ခုတော့ မသိဘူး ..(စည်းကမ်းတွေဘာတွေ တင်းကျပ်လိုက်လို့)
    အရင်တော့ ဘီယာပုလင်း ပေါင်ကြားညှပ်ပီး ကားမောင်းတတ်တဲ့ကောင်တွေ..
    ဒင်းတို့မို့ ..အနှီ အေးစက်စက်ကြီးကို ဗျာ …

    မိန်းမ ကိုသွားကြိုတဲ့ အကြို မှာ (ဆိုင်ထိုင်ဖို့ကလည်း အချိန်ကမရ)
    ယောက္ခမရှေ့လည်း မသောက်ရဲ ….

    လမ်းဘေးဝဲယာများ ပုလင်းအခွံတွေ ပစ်ခတ်ထားတာတွေ့ရင်…
    တခြားမတွေးနဲ့ ..ဒီကောင်တွေလို့သာ မှတ်…

    အသောက် ကိစ္စပီး ပြန်တော့ အစားကိစ္စ ပြောရဦးမယ်..။
    လမ်းဘေးဆိုင် ဆို ရွံသ လိုလို မတူမတန်သလိုလို …
    တသက်လုံးက လမ်းဘေး သံပန်းကန်ပြား ဇွမ်းတပ်စားလာပြီး …
    မိန်းမက သူ့ နာမည်ထိုးပေးထားတဲ့ လက်ကိုင်ပဝါ ထုတ်ထုတ် သုတ်ရတာလည်း
    အမော..

    တသက်လုံး မိဘကို ဒုက္ခပေးလာပီး ကောင်းကျိုးပြုတာဆိုလို့
    (မိန်းမယူပီး အိမ်ပေါ်က ဆင်းသွားတာပဲ ရှိခဲ့) တဲ့ ကောင်တွေက
    ယောက္ခမ ကျ ဘုရား ပွင့်တဲ့အတိုင်း ….

    နှာကိစ္စစမ်းဦးမလား .. .. အံမယ်လေးလေးလေ့လေ.. အရူးအမဲသားကျွေးတယ်
    ဆိုတာတော့ မစမ်းဘူးလို့ မသိဘူး …။ ဆြာမင်းလူပြောတတ်တဲ့ ..အရူးဘီယာ
    တိုက်မိတော့ ပုလင်းမြင်တိုင်း လက်ညှိုးထိုးနေတော့သလို ဆိုတာချည်းပဲ ….။
    လေပါတယ်အေ ….။ သကြားလုံးဆိုင်ထဲရောက်တဲ့ကလေးလို စားပွဲပေါ်ကဟာ
    လည်းငါ့ဟာ လက်ထဲကဟာလည်း ငါ့ဟာ ချင်နေကြရဲ့…။

    သူ့ဟာသူ ဘယ်လိုနေနေပါဂျာ …ကိုယ့် လာလာ မရိရင် မနွယ်ရင်
    မပြောပါဘူး ….ခုဟာက ….ခလုတ် တိုက်ချက်က တစိတ် လွန်တယ်ဗျာ..

    တော်သေးဘီ..ချဉ်သွားဘီ

  • ကြောင်ဝတုတ်

    May 28, 2012 at 3:52 pm

    ရှင်းရှင်းပြောရရင်တော့….
    ဒီလိုမျိုးကိစ္စကို ငိုချင်ရက်လက်တို့လို့ပဲပြောလိုက်ချင်တယ်…

    အဖြစ်မှန်ကိုနားလည်မိသူ
    ကြောင်ဝတုတ်

    • Ch@vez

      May 28, 2012 at 9:49 pm

      ကိုယ့်ဖုန်းထဲက ကိုယ့်ပုံကိုယ် ထုတ်ပြရင်း …
      မတန်မရာ ဂျီး အေ ..လို့ ဝိုင်းပြောကြတာ ခံရ တုန်းက မျက်နှာကို
      ပြန်မြင်ယောင်ရင်း ….
      ရကာစ ဘယ်လို …ဖလန်းဖလန်းထခဲ့မယ် ဆိုတာ တွေးရင်း…

      ဟီဟိ….

      အိမ်ထောင်ရေးဆိုတာ ..ပန်းသီးထုတ် ပစ္စည်းတွေလိုပါပဲဗျာ..
      မရခင် အသေအလဲလိုချင်လား လိုချင်ရဲ့ ….
      ရအောင် ယူလား ..ယူရဲ့ …
      ရလား .. သုံးရဲ့ ကြွားရဲ့ …..
      အဲ့ .. ဘယ်လောက်မှ မကြာဘူး ..ဇာတိလေးတွေပြပီး သကာလ…
      အဝိုင်းလေး လည်နေပီး ဘာမှလည်း ဆက်လုပ်မရတော့ သကိုး ….

      ctrl + alt + del နှိပ်လို့ မရစကောင်းရှာဘူးရယ်…..
      အာဟိ ..
      ဒက်ဂလောက်

  • Ch@vez

    May 28, 2012 at 3:57 pm

    ဆက် ပြောလိုက်ပါဦးမယ်..
    နယ် ဇာတိကဟာဒွေ ဆို သာတောင် ဆိုးသေး..
    ရန်ကုန် တက်ဆောင်…
    သူ့မြို့ တခါဆောင် ငါ့မြို့ တခါဆောင် …
    ဘိုလိုဝတ် ပီးဆောင် ဘိရုမာလို ဝတ် ပီးဆောင်

    ဘယ့်နှယ့် အိမ်ကွင်း အဝေးကွင်း တလှည့်ဆီ ကန်တာ ကျနေတာပဲ …
    သူများ ၃-၄ဆ မျက်စိနောက်တယ်….။

    တကယ်တော့ မင်ဂါဆောင် ဆိုတာ သူများဆီနဲ့ မတူဘဲ အကုသိုလ် ယူတဲ့
    ပွဲကြီး လိုဖြစ်နေတာ တော့ အမှန်…။

    ရွှေပွဲလာများက သူများကျွေးတာစားပီး သကာလ အစားအသောက်ကို ကဲ့ရဲ့မယ်
    ..ရုပ်ရည် ..မိတ်ကပ် ..ဘာညာသာဒကာ ကဲ့ရဲ့ အတင်းအုပ်မယ်…။
    (အားလုံးကို မဆိုလိုပါ)

    သတို့သားသမီး ကလည်း သိသူ မသိသူ မုန်းသူ ချစ်သူ ၆မြင်ကပ်တဲ့လူ ကြည့်မရတဲ့
    လူ အကုန်လုံးကို ပြုံးပြ နှုတ်ဆက် ညာ..လှိုင်း … ရယ်ပြ ပြုံးပြ ….(အတုဒွေ )
    တခါတခါလည်း လက်ဖွဲ့ စင်ဘက် လှည့်လှည့်ကြည့် ..
    (အားလုံးကို မဆိုလိုပါ)

    အို …ရှုပ်ပါတယ်အေ…..
    မင်္ဂလာဆောင် အခန်းအနား ဆိုတာဂျီးကို redefine လုပ်သင့်ပြီထင်တာပါပဲ….

  • manawphyulay

    May 28, 2012 at 3:57 pm

    အင်း အဲဒါခက်တာပေါ့ ခုန်မချခင်ကတော့ ခုန်ချဖို့ တိုက်တွန်းကြတဲ့သူတွေကြီးပဲ… ဟော သူတို့လည်း ခုန်ချပြီးရော ခုန်မချနဲပ မကောင်းဘူးဆိုတာကြီးပဲ… ဘာကို ယုံရမှာလဲ… 😛 ဂီဂီတစ်ယောက် ပေးတာကမ်းတာများပြီး ပေါက်ကွဲနေပြီ… အဟိ ဖိတ်မယ်နော်… အဝေးရောက်လဲ ဘာမှမပူနဲ့သိလား ..

    • Ch@vez

      May 28, 2012 at 6:30 pm

      အာပျိုဂျီးတွေ ယူမှာ ကိုတော့ ရေလည် အားပေးပါသည်…
      ယူကြပါ… ဘိုးဘွားရိပ်သာဆိုတာ လှူဖို့ တန်းဖို့ပဲ
      သွားသင့်တဲ့ နေရာ ဟု သတ်မှတ်ထားသောကြောင့်ဖြစ်ပါသည်..

      အာဟိ…

      လက်ဖွဲ့ကို ဂျီမေးလ် ကတဆင့် ပို့ပေးလိုက်ပါမည်
      ဒေါင်းလုပ်ဆွဲ ယူနိုင်ပါသည်
      😀

  • စော်ဘွားလေး မောင်မာန်ခ

    May 28, 2012 at 4:18 pm

    လုပ်လိုက်လေကြာသလားလို့ဂီရေ…….
    လူပျိုကြီးဂိုဏ်းဆိုပြီးဖွဲ့လိုက်ကြရအောင်….ပြီးရင်မင်္ဂလာဆောင်တွေမှာလက်ဖွဲ့မပေးပဲလိုက်တီးမယ်….
    ပါဆယ်ဆွဲပြီးမှပြန်ကြမယ်……စုံတွဲများကိုဆန့်ကျင်ရေးအဖွဲ့ဆိုပြီးဆန္ဒပြမယ်လေ……
    သုံးဆယ့်ခြောက်နှစ်ကြာမှဆယ့်ခြောက်နှစ်သမီးလေးရှာယူပြမယ်ဆိုပါလားလား…….
    ဒွေးချိုးသုံးဆယ့်နှစ်ကိုလေးတိုးတော့သုံးဆယ့်ခြောက်ပေါ့…..သမီးရဲ့အူးနဲ့ အီးမူးနေပါဦးမယ်
    ဟေ့လူကြီးရဲ့…….ပြောလို့ဆိုလို့မရရင်အိုင်ဖုန်းထဲကဂငယ်မလေးတွေကို အီးမေးနဲ့လှမ်းတိုင်မနော်….
    လူပျိုကြီးဂိုဏ်းသစ်ဖွဲ့ဖို့ရှိတယ်…ဝင်ချင်ရင်များဖောင်ကြိုတင်ထား……ရည်းစားလက်မဲ့ဖြစ်နေရင်
    အရည်အချင်းနဲ့ပြည့်စုံပြီ….မောင်ရှမ်းတို့လည်းရန်ကုန်ကနေပြန်လာတာရင်ထဲဟာတာတာကြီး……
    အလိုလေး…..ရန်ကုန်ရွှေမြို့တော်ကြီးကလိပ်မလေးတွေတယ်ပေါသကိုးဗျ…….ညောင်ရေလောင်းတဲ့ညက
    နိုက်ကလပ်ရောက်သွားတာ….မနက်ကြာနီကန်ညအာမီရမ်တော့မဟုတ်ဘူး….မနက်ရွှေတိဂုံမှာ..ညဂျီတီအာ
    ဖြစ်သွားတယ်….ဗော့ဒဂါတစ်ပိုင်းကျိုးမှလားလား….ရန်ကုန်ကလိပ်မလေးတွေယက်ကန်ယက်ကန်ဖြစ်ကျ
    တာအတော်ကိုကြည့်ကောင်းသွားတယ်ကိုယ့်ဆာရေ….ငန်းတာမှခြေထောက်ကိုဒေါက်ချွန်ချွန်စီးထားတဲ့
    လိပ်မလေးခွာနဲ့ပေါက်လို့ကွဲသွားမှပဲအိမ်ပြန်ဖြစ်တော့တယ်….ဈာန်ကိုလျှောသွားတာပဲ…….
    အဟင့်…….တော်ဘီရှမ်းပြည်မှာနေတော့ဘူး….ဒီဂျေဖွင့်တဲ့သီချင်းထဲကလို…ရန်ကုန်မြို့ကမိန်းကလေးတွေ ဒိန်းဂျားပဲအော်လိုက်ချင်တော့တယ်…..တော်တော်ကိုကောင်းတဲ့အန ္တရာယ်မလေးတွေနော်…..
    အဲအဲပြောရင်းနဲ့လမ်းကြောင်းလွဲကုန်ဘီ….ဟေ့ရွာသားတို့ရေ…..
    ဂီဂီကမင်္ဂလာဆောင်တဲ့စုံတွဲတွေကိုသပိတ်မှောက်တာဒီလိုရှိသဗျ…….
    အရှေ့ကျွန်းကဂငယ်မလေးတွေကိုနာရီပေးပြီးမှပဲ….အာသဝေါကုန်သွားတဲ့ရသေ့ကြီးလိုဟန်ဆောင်နေတာ….
    ခုနေများသာ…..ဟင်းဟင်း…..ကိုကိုဖားကိုပဲချစ်ပါ့ရှင်ဆိုရင်….ဥုံကိုတောင်ငုံလို့အော်မယ့်လူကြီး….
    ယုံကြနဲ့နော်…..သူချဉ်တယ်ဆိုတာကကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပြောနေတာ…စွံဘဲစွံနိုင်တော့ဝူးဆိုပြီးလေ
    အာဟီး…..စိတ်ဆိုးကျေးနော်…ဂီ…ရွာထဲဝင်မမွှေရတာကြာလို့…….မီးမွှေးကြည့်တာ…….
    ဒီလဒါ့ပုံပြိုင်ပွဲဝင်မနွှဲလိုက်ရလို့စိတ်ထဲသိပ်ပြီးဖီလင်မလာဘူးဗျ……..နောက်လတော့ဝင်ကိုဝင်ပြိုင်ဦးမယ်..
    ရန်ကုန်ကရက်လင့်ခ်အင်တာနက်များစုတ်ချာလိုက်တာပြောပြောချင်တော့ဘူး……စိတ်ထိခယက်ပါတယ်..
    သူများစကားယူသုံးတဲ့မူပိုင်ခွင့်နဲ့ငြိပြီထင်ပါ့……တော်သေးဘီခင်တဲ့ဂီရေ……မောင်ရှမ်း……
    သေးသေးလေးလို့ထင်ကြတဲ့အကြီးကြီး…….လူခန္ဓာကိုယ်ပြောပါတယ်…..

    • Ch@vez

      May 28, 2012 at 6:24 pm

      တိန်…
      ဖွတဲ့လူပေါ်လာဘီ ..
      ဟိတ်လူ တိုးတိုးလုပ်ပါဂျ…
      ကျုပ် မရှိမဲ့ရှိမဲ့ သိက္ခာလေးဒွေ အရည်ပျော်နေလို့ပါ….

      😀

      ဘွ ဘွ…

  • ကိုရင်စည်သူ

    May 28, 2012 at 5:51 pm

    တော်ပီ.. လူပြိုဂျီးပဲ ကကြောင်ကြီးတို့လို လုပ်တော့မယ်..
    ရွာလူပြိုဂျီး ဂိုဏ်းဖွဲ့မယ်… ဂီ့ဂီ့ ဦးဆောင်… မိန်းမမယူတော့ဘူး..
    သို့ပေမဲ့…. ပေမဲ့…
    ထမင်းစားပြီး တစ်မျိုးလို
    အိပ်ရာဝင်လည်း တစ်မျိုးလို့..
    ဟွတ်.. ဟွတ်
    ဆေးလိပ်တို.. ဆေးလိပ်တို… 😳 😳

    • Ch@vez

      May 28, 2012 at 6:27 pm

      ကျနော် ဦးမဆောင်နိုင်တော့ပါ…
      ကျနော် ခုန်ချဖို့ သေချာသွားပါဘီ….
      (၃၆နှစ် ကျရင်)
      မခုန်ချခင် ကမြင်းကျောထစရာ အချိန် ကလေး ၁ဝနှစ်ပဲ ရှိတော့တာမို့
      ကိုယ့်အတွက်ကိုယ် အချိန်ပေးချင်တာကြောင့်
      တဂိုဂေါင်း ဆန်ရပါတော့မည်…

      ဒက်ဂလောက်…

  • MaMa

    May 28, 2012 at 5:56 pm

    အဲဒီ အားဂျီးချဉ်တဲ့လူ မင်ဂါဆောင်ရင်တော့ …..
    အင်းးးးးး မျက်စေ့မှိတ်၊ နားပိတ် ထားရမယ် ထင်တယ်။
    (ချဉ်သမျှ အတိုးချ လုပ်ပြတော့မှာမို့) 😆

    • Ch@vez

      May 28, 2012 at 6:22 pm

      ကျနော်ဟာ ကံဆိုးပီး မိုက်မဲသူရယ်ပါ…
      ကံဆိုးတာ က ရည်းစားရှိလို့ပါ. ..
      မိုက်မဲတာ က နောက်တယောက်ရှိတာ သူသိသွားလို့ပါ…

      တကယ်ပြောတာပါ နောက်တာပါ အတည်ပါ …
      😛

  • blackchaw

    May 28, 2012 at 6:46 pm

    ရည်းစား နောက်တစ်ယောက်ရှိတာ သူသိသွားတာနဲ့ မိုက်မဲရောတဲ့လားဗျာ။
    တပြိုင်တည်းတွဲကြရင် ဘယ်လိုအားသာချက်တွေရှိတယ်ဆိုတာပြောပြပြီး
    မားကက်တင်း ဆင်းရင် ဂီဂီ့ တော်ကီနဲ့ဆို အသာလေးပါဗျာ။
    အပျော်ဝင်နောက်သွားပါတယ်ဗျာ…။
    လေးစားစွာနဲ့
    ဘဘဘလက်
    😛

  • Crystalline

    May 28, 2012 at 8:09 pm

    အော်….ဦးဦးချီးဗတ်ရဲ့ပေါက်ကွဲသံစဉ်လေလား?
    ကြော်ငြာလေလား?

  • padonmar

    May 28, 2012 at 9:23 pm

    အဲဒါ မနာလိုနေတာခေါ်ပါသည်။ 😀

    • Ch@vez

      May 28, 2012 at 9:45 pm

      တူမချောလေး မင်ဂါ ဆောင်သွားတော့ ..
      ပြောအားရှိမပေါ့ ..အန်ကယ် ဒုံရယ်…….

      သများတို့မှာသာ …
      အဟင့် ..
      ရင်ထဲ မကောင်းတော့ ..
      (……………ရှိုက်သံများ ………….)

  • အရီး Khin Latt

    May 28, 2012 at 9:46 pm

    တော်စမ်းပါဟယ်။
    ဒါလဲ Marketing ပါဘဲ။ 😉

    အိမ်ထောင်ပြုလိုက်ပြီ ဆိုတာ နဲ့ အဲဒီ ဟန်းနီးမွန်း နေ့များ ဟာ “လွတ်လပ်ခြင်း ၏ နောက်ဆုံး နေ့များ” လို့ မှတ်ထား မောင်ဂီ။

    ဒါပေမဲ့ ကြုံတုန်း ပိုခေါင်းစား သွားအောင် လုပ်ဦးမယ်။
    အသက် ၂၆/၂ရ ကျောင်းပြီးတော့ သူငယ်ချင်း တစ်ချို့ အိမ်ထောင်ကျ ပြီး သားသမီး တွေ နဲ့ ပွါးများ ကြတယ်။
    အောင်မယ်လေး – သူတို့ ကို ကြည့်ပြီး သနားလိုက်တာ။
    ငယ်ငယ်ရွယ်ရွယ် နဲ့ အိမ်ထောင်မှု ဝဲဂယက် မှာ ဖတ်လပ်၊ ဖတ်လပ်။
    လွတ်လပ်ခြင်း တွေ ပျောက်ဆုံး နေတဲ့ သူတို့ အစား ရင်နာလို့ မဆုံး။

    နောက် မင်းပြောတဲ့ အသက် မှ အိမ်ထောင်မှု လဲ ထူထောင်ရော၊ ကလေး က ကိုယ် နဲ့ အသက်ကွာ၊ ကျောင်း မှာ အဖွား လာကြိုတယ်လို့ ထင်ကြ မလားလို့ စိတ်ဓာတ်တွေကျ။ 🙁
    ဒီအချိန် ဟိုအရင်က ကိုယ်သနား ခဲ့တဲ့ သူတွေက သားသမီး တွေ အရွယ် ရောက် လို့ ပြန်လွတ်လပ် နေချိန် ကိုယ့် မှာတော့ ကြီးမှ ဝက်သက် ပေါက်တဲ့ တန်ခိုး နဲ့ သူတို့ ကို ပြန်ပြီး အားကျလို့။

    ရွာ့ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် နဲ့ ရွာ့ကာလသား လူလွတ်များ အားလုံး စဉ်းစားနိုင်ကြအောင် ကြပ် ပေးပါတယ်။
    စဉ်းစားကြစေလိုပါတယ်။
    (ကို အဘဖော ထံမှ ခွင့်မတောင်း ဘဲ ယူသုံးမိသည်ကို ခွင့်လွှတ်တော် မူပါလော့) 😀

    • Ch@vez

      May 28, 2012 at 10:00 pm

      အဟိ …
      ကျုပ် မှာ သားတယောက်ရှိတယ် အရီးရဲ့ ..အခု အသက် ၆နှစ် …
      မောင်ဂီ့တို့ ..ဘဝ ကို မဟာဗျူဟာမြောက် ဖြတ်သန်းပုံများ ပြောပါတယ်..
      အသက် ၂ဝ ထိ ..မိဘကကျွေး..
      ၂ဝက ၄ဝကြား အနှစ် ၂ဝတိတိ လေးပဲ …ရှာ စား …
      အဲ … ၃၆မှာ သားတော်မောင် သူငယ်ချင်း စကီ အလန်းလေး တယောက်လောက်
      ကောက် ကက် ချိတ်ပလိုက်…..
      အသက် ၄ဝမှာ အလုပ်က ရီတိုင်းယား ယူ
      အလုပ်ဝင်နေပီ ဖြစ်တဲ့ သားတော်မောင်နဲ့ အတူ ပြန်လည်
      ဖလမ်းဖလမ်းထ …
      (သူ့ ဘော်ဒါ မောင်ဂီ့ ချစ်ချစ် မသိအောင် သောင်းကျန်းကြ…)

      အသက် ၄ဝ ကစပီး .. သားသမီးလုပ်စာ မိန်းမလုပ်စာ
      ထိုင်စား ..လောကကြီးကို သရော် တဲ့ အနေနဲ့ စာတွေထိုင်ရေး …
      (ခုလည်း ရေးနေပါတယ်လေ …နောင်တချိန် မငတ်အောင် ….)

      ရှုပ်ပါတယ်လေ … လုပ်ချင်တာတွေ တဝကြီးလုပ်ပီး ၆ဝလောက်ဆို
      သေပစ်လိုက် ….
      အဲ့ဒါ မောင်ဂီ့ နှစ် ၆ဝ စီမံကိန်း ခည ….
      မလန်းဘူးလား …

      ပိုစ့်မော်ဒန် မာကတ္တာ တယောက်ရဲ့ ဘဝဖြတ်သန်းပုံများ ဆိုပီး
      စာအုပ်တောင် ထုတ်လုပ်ချင်ရဲ့ …အဟိ..

      (ဒီစာဒွေကို တော်ကီညက်တဲ့ ဒေါ်စီဇက် လုံးဝ လုံးဝ မတွေ့စေရ….)

      • Khaing Khaing

        May 29, 2012 at 2:52 pm

        အမလေးတော်…….. နာတော့ဆွေးပြီ နာက တူ့ကိုတဘက်သတ်ကြိတ်ကြွေနေတာ တူက တားလေးချိတယ်တဲ့တော့ ….. တူ့တားက ၆ နှစ်ဆိုဒေ့ါ နာ့တမီးလေးထက် တူ့တားလေးကကြီးတယ် …. တဘောမတူဘူး အတက်ကြီးလို့ …… တောင်မမိဂီ နာချစ်ချစ်ကိုတော့ ကြောလိုက်တာရဇယာကိုချိဘူး ခုတော့တူက နာ့ချစ်ချစ်ထက်သာနေပါပေ့ါ လားနော် ……..

      • Khaing Khaing

        May 29, 2012 at 2:55 pm

        အမလေးတော်…….. နာတော့ဆွေးပြီ နာက တူ့ကိုတဘက်သတ်ကြိတ်ကြွေနေတာ တူက တားလေးချိတယ်တဲ့တော့ ….. တူ့တားက ၆ နှစ်ဆိုဒေ့ါ နာ့တမီးလေးထက် တူ့တားလေးကကြီးတယ် …. တဘောမတူဘူး အတက်ကြီးလို့ …… တောင်မမိဂီ နာချစ်ချစ်ကိုတော့ ကြောလိုက်တာရဇယာကိုချိဘူး ခုတော့တူက နာ့ချစ်ချစ်ထက်သာနေပါပေ့ါ လားနော် …….. တောင်မ ၂ဝ ကတည်းက ကလေးမွေးထားတယ် အမလေးနော် ….. အသားကုန်ကို ချဉ်ပါတယ် သွားတောင်ကြွေမရှိလောက်အောင်ကို ချဉ်တယ် ……….

        • Ch@vez

          May 29, 2012 at 2:58 pm

          ဒုက္ခော …
          ဘယ့်နှယ့် ကလေးရှိတယ်ပြောတိုင်း လိုရာ ဆွဲတွေးရတာတုန်းအေ..
          ချဉ်ထှာ …။
          :S

  • အရီး Khin Latt

    May 28, 2012 at 9:59 pm

    မင်း ကို တွေ့ပြီး ကျုပ်ခန့်မှန်းမိပါတယ်တော်။
    အမှန် က မင်းက အချည်ခံရ မစိုးလို့ တိုင်ပါတ်ပြေး နေမဲ့လူမျိုး။
    ဒါကို သနားအောင် ညည်းပြနေတာ။
    ဟုတ်?????

    အလင်းနက်မှာ ထဲက ဒေတာတွေ ကို Backup လုပ်ရင် dump လုပ်တယ်လို့ ခေါ်တဲ့ command (mysqldump) ရှိတယ်။
    အမှန်က safe side ရအောင်အပို ပွါးတာပေါ့။
    မင်းလဲ ဒီလို ဘဲ dump တွေ များ နေရင်း ကိုယ်တိုင် dump ဖြစ်နေသလား။ 😀

    • Ch@vez

      May 28, 2012 at 10:14 pm

      နောက်တာပါ ..အတည်ပြောပါ့မယ်…
      ဟုတ်ကဲ့ …၅နှစ်ရှိပြီဗျာ ….

      မိုးလင်း ရနာရီ ထိုးတာနဲ့ ထွက်သွား …
      ည ၁ဝနာရီမှ ပြန်လာ … တွေ့ကရာ တနေကုန်စား …
      တခြား ကိစ္စ တခုခု ကနေ ပိုက်ပိုက်လေး ရနေတော့ …
      လခ တပြားမှ မအပ် …. ရှိသမျှ အကုန်သုံး ….
      ကိုယ့်ကိုကိုယ် တိုက်ကြက်လေး မွေးသလို စာတွေသင်ပေး ….
      မိုးလင်းမိုးချုပ် ဘာကြောင့် အသက်ရှင်နေလဲ မသိအောင်နေ …

      အိမ်ဆိုတာ အိပ်ဖို့ သက်သက် ကျော တပြားစာ …..
      တချိန်က စာတွေ ရေးတဲ့ အဖေ နဲ့ အမေနဲ့ မတည့် ..
      သူတို့ကလည်း ပြောမနိုင်လို့ လွှတ်ထား …
      အသက် ၉၅ပြည့်တဲ့ အဘိုးကိုတော့ အားနာသားဗျာ. ..
      ဘေးမှာ တနေကုန်အောင် နေကြည့်မိချင်ရဲ့ …
      (အတွေးသက်သက်…)

      တနေ့ ၁၆နာရီလောက် ဘာမှန်းမသိဘဲ လုံးပမ်း …
      အဲ ….မင်းနောက်လ အရှေ့ကျွန်း လိမ့်တော့ တဲ့ ….
      ကြားတဲ့အချိန်မှာ .. လက်ထဲမှာ ရယ်မီမာတင် ခေါင်းပေါ်မှာ ကောင်းဘွိုင်ဦးထုပ်
      လွယ်ထားတာ အိုဗေးရှင်းဂီတာ … လိုကေးရှင်းက ငပလီ…

      တခါတခါ လောကကြီးက ဟာသတွေ သိပ်ပြောသကိုး …..
      အိပ်ယာဝင် ဟာသ (ပုံပြင်မဟုတ်ခဲ့ပါ) နဲ့ ….
      ဘိုးတော်အပေါင်း သူတော်ကောင်းတွေ
      ကျုပ် အခန်းကို ရှက်ကီလာလာထု …

      သည်ကကောင်ကလည်း သမာဒိ ကမကောင်း…
      ခုလည်း မထူးပါဘူး …

      အသစ်တွေ အသစ်တွေနောက်ကို လိုက်ရင်း …
      တန်ဖိုးတစုံတရာ ပျောက်ရှလာရ …..
      သင်ရိုးညွှန်းတမ်းထဲက ဗမာ မပီတဲ့ ဗမာဖြစ်လာ …
      တခါတခါများ တွေးမိပါတယ်….

      ငါဘာများ ဝါသနာပါမိပါလိမ့် …
      ဘာများ …ခံစား နာယူမိပါလိမ့်လို့ …..

      ထားသွားခံထိဖူးတဲ့ အတွေ့အကြုံက များလှပြီ..
      ခုထိ မှတ်လား ဆို မမှတ်ဘူး ….
      ဖုန်း ချချပစ်တတ်တုန်း ….. လုပ်ချင်ရာ လုပ်ပြီး
      နေချင်သလိုနေတတ်တုန်း ….

      အနာဂါတ် ဆိုတာကို …..
      အသစ် ဆိုတာနဲ့ ထပ်တူပြုမိရဲ့ ….
      (သေဘီ ..ဖတ်လိုက်ရတဲ့ စာတွေဗျာ…)

      ဗေဒင်ကဟောတယ်.. မယုံပေမယ့်
      မှန်မယ်ဆိုတာ သိနေပါတယ်..
      ဇာတာရှင်ဟာ … တယောက်တည်းနေပြီး
      တယောက်တည်း သေရမှာတဲ့ …..

      အင်း ..မပုပ်မပွခင်တော့
      ရပ်ကွက်ကတွေ့စေချင်ကြောင်းပါဗျာ …

      တော်သေးဘီ
      ခင်တဲ့
      ဂီ

  • ရဲစည်

    May 29, 2012 at 3:56 am

    တော်တော်များများ အကြောင်းအရာတွေ တိုက်ဆိုင်နေပါသဖြင့် ထောက်ခံပါကြောင်း …….
    ထပ်တူထပ်မျှ ချဉ်ပါကြောင်း…….
    ဒါနဲ့ အကြောင်းမသိပုံများ ပြီးခဲ့တဲ့ အခေါက် ရန်ကုန်ရောက်တော့ မော်လမြိုင်က သူငယ်ချင်းက ချောင်းသာသွားမယ်ဆိုတော့ လိုက်ပီး ဂုန်းဆင်းလိုက်သေးတယ်
    ဘယ်ဟုတ်မလဲ ဒင်းတို့က ဇာတ်လမ်းနဲ့ လွန်ခဲ့တဲ့ ၅နှစ်လောက်က သူတို့ လင်မယားတွေ ချောင်းသာ လာပီးအပြန် တကောင်ကျတယ်။ အခုလည်း နောက်တကောင် ထပ်ကျလို့ အမှတ်တရ ထပ်လာတာတဲ့။
    တောက်………… 🙁
    ကျုပ်မှာတော့ ထိန်းလိုက်ရတဲ့ ကလေးတွေ (သူတို့သားနဲ့ တူ/တူမ ၅ယောက်ကို) စကီအလန်းလေးတွေကိုတောင် လိုက်မရှုအားဘူး ကလေးတွေနဲ့ ဖလပ်ဖလပ်ဖြစ်လို့…………
    ကိုယ့်ဘဝကြီးကိုရော ဒင်းတို့တွေကိုပါ အမှန်ချဉ်ပါတယ် အေရယ် 🙂

  • etone

    May 29, 2012 at 9:26 am

    ဟုတ်ပါရဲ့ ကိုဂီရယ် … အပြိုင်ဆိုင်များ ဆောင်နေလိုက်ကြတာ .. တစ်နေ့တည်း နှစ်ခုတိုက်နေတာလည်း ကြုံတတ်သေးတယ်… မုန်းထှာအေ … ။
    လာလိုက်တဲ့ ဖိပ်စာတွေ ….. ဘယ်မင်္ဂလာဆောင်ကမှ လက်ဆောင်ပေးခြင်း သည်းခံပါလို့ မရေးဘူး ဟွန့် … 👿

    • Mလုလင်

      May 29, 2012 at 11:01 am

      မကျေနပ် ရင် မြန်မြန်သာ ဂလဲ့စား ချေပါဗျို ့ ……။

  • ညလေး

    May 29, 2012 at 9:50 am

    ချဉ်လိုက်ပုံများ..ဦးဦးဂီရာ…..
    အင်းချဉ်မှာပေါ့လေ….
    ဖတ်ရင်းနဲ.တောင်အချဉ်မိသွားပြီ…….
    အဟိဟိ………ရွာထဲမှာ……လူပျိုကြီးဂုဏ်းထောင်ဖို.သင့်နေပြီဗျိုု……..

  • Khaing Khaing

    May 29, 2012 at 12:14 pm

    လူဒွေများချဉ်တယ် ချဉ်တယ်နဲ့ တူတို့တွေလည်း ဒီအချိန်ရောက်ရင်ဒီလိုပဲ ဟိုဟာပြုကြမှာ အလကားနေ သူများကောင်းစားတာမနာလိုဖစ်နေတယ် ……. မိဂီတို့များ လူကြည့်တော့ ရိုးပုံရိုးအနဲ့ မနာလိုစိတ်က အပြည့်အဝရှိဒယ် ……… ညည်းအသက် ၃၆ နှစ်ထိအောင်အသက်ရှည်ပါစေဦး တော်ကြာ ၃၆ နှစ်မပြည့်ခင် ဂိနေလို့ ဘဝနဲ့အနှစ်အရသာလေးမခံစားလိုက်ဘဲနေဦးမယ် ……. သူများတွေကို ပြောလိုက်တာ ပြောလိုက်တာ သူ့ရဲ့ မဟာမဟာ့ ဖေ့ဘုတ်မှာကျတော့ တောင်မလေးပုံတွေများ ပွစိတက်နေတာပဲ ……. နာလည်းချဉ်ပါတယ်အေ ……… မနာလိုသူတွေ များများလေးမနာလိုနိုင်ကြပါစေ ………

    • Ch@vez

      May 29, 2012 at 12:37 pm

      ဘာာာာာ….
      ဟိုဟာ ပြုတယ်ဒွေ ရော
      ကောင်းဇားတယ်တွေရော…
      ဘွရဲ့ အနှစ်သာရဒွေရော…

      ညည်းနော် အတော် ညှီအောင် ရေး ….။
      ယူတာ ကိုမပြောပါဘူး ..
      ယူပီးကာစ ယင်းထသောအခါ
      ဆိုတဲ့ ရောဂါ ကိုပဲ ပြောတာပါအေ…။

      ဇဂါးမစပ် …နာ့ဟာနာ ဘာတင်တင် ညည်းအပူလား ..
      ညည်းတို့ကို ထိခိုက်လို့လား … လှည့်ပတ် ကြွားဝါ
      တိုက်ခိုက် ခလုပ်တိုက် နေလို့လား..
      ဂယ်ပဲ …
      လေဘာဒယ်အေ. ..

      • Khaing Khaing

        May 29, 2012 at 3:04 pm

        ယင်းထတော့ဘာပြုလဲအေ ….. ယူကာစလေးပဲထရတာ နောက်ဆိုထရတော့ဘူး …….. ညည်းတောင်ယင်းထချင်တာ ထစရာမရှိလု့ိ မရှိရှိတာလေးဂိုထနေတယ်မှတ်လား …….. ခစ်ခစ်ခစ် ……..

        • Ch@vez

          May 29, 2012 at 3:06 pm

          ပိန်းလည်း ပိန်း စွာလည်း စွာထှာ ..အေ..
          အဲ့ဒါကြောင့် ပထဝီတကြောလွတ်တဲ့ ကောင်နဲ့ ညားတာ ..
          ဟီဟိ..

          😀

  • sorrow weaver

    May 29, 2012 at 3:17 pm

    ဘူတွေဘာပြောပြော….တားကတော့ယူမှာပဲ…တားတားကိုယူဖို့ ဟိုကချင်မလေးက လေယာဉ်မယ်တောင်လုပ်တော့ဝူး….အဟီး..( အလွတ်ဝင်ကြွားတာ…ဘာတတ်နိုင်သေးသတုန်း…) အာဟိ..

  • ကြောင်ကြီး

    May 31, 2012 at 10:13 am

    အားဂျီးချဉ်
    နွားမီးကင်
    ကျားစီးရှင်
    ဝါးတီးလျင်
    ပျားထီးဝင်
    လားမြည်းဖင်
    ဟားပြီးရွှင်
    နားငြီးခင်..။

Leave a Reply