ဇရာအလှ
လူ့လောကထဲကို လူရယ်လို့ရောက်လာခဲ့ရင် တနေ့တော့ ဇရာဆိုတဲ့ အိုခြင်းတစ်ရားကို ရင်ဆိုင်ရစမြဲပါပဲ။ မိမိကိုယ်တိုင်လည်း ဘဝမှာဖြတ်သန်းရင်း တွေ့နေရတဲ့ အဘိုး/အဘွား
အရွယ်တွေ ဇရာကိုဘယ်လိုအန်တုနေသလဲဆိုတာကို အမြဲသတိထားလေ့လာနေမိပါတယ်။
တစ်ချို့တွေလည်း အင်မတန်မှ အိုဇာတာကောင်းပါတယ်။ တစ်ချို့ကျတော့လည်း သနားစရာ
ကောင်းလောက်အောင်ဘဝကိုရုန်းကန်နေရတုန်းပါပဲ။
ကျွန်မ သွားရင်းလာရင်းတွေ့နေရတဲ့ လမ်းမပေါ်ကအဘိုး/အဘွားတွေကတော့ ရုန်းကန်နေရ
ဆဲပေါ့။ ဗန္ဓုလလမ်းပေါ် ဆူးလေဘုရားနားက အသက်75 ကျော်လောက်ရှိတဲ့ အဘွားတစ်ဦးဆိုရင် မြေပဲလှော်ရောင်းပြီး အသက်မွေးနေရတုန်းပါ။ မနက် 8း30 လောက်ဆို
ရင် သူဈေးခင်းနေပါပြီ။ ဖြူဖျော့ဖျော့အသားအရေမှာ သနပ်ခါးဘဲကျားလေးလူးထားပါတယ်။ ဘေးနားမှာ ပီနံအိတ်/ကျွတ်ကျွတ်အိတ်နဲ့ထုတ်ထားတဲ့ သူ့ရဲ့ပစ္စည်း တွေကိုနေရာချ၊ မီးဖိုလေးနဲ့မီးမွှေး၊ ပြီးရင် ဒယ်အိုးတင်/ အိုးထဲကိုသဲထည့်ပြီး သဲူပူလာပြီဆို ရင် မြေထဲတွေထည့်ပြီးလှော်ပါတယ်။ ကျက်သွားတဲ့မြေပဲတွေကို စက္ကူကန်တော့လေးနဲ့ ထည့်ပြီး ဝယ်သူကိုမျှော်ရင်း အရည်တွန့်နေပြီဖြစ်တဲ့လက်တစ်စုံကလည်း မြေပဲအိုးကို မွှေနေ တုန်းပါပဲ။
“မြေပဲလှော်တွေရမယ် ” လို့ အော်ရောင်းဖို့လည်း အားအင်ချည့်နဲ့နေပါပြီ။ ကျွန်မဖြတ်သွားတိုင်း အော်ရောင်းတာတခါမှမတွေ့ပါဘူး။ လမ်းသွားလမ်းလာတွေကို လိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းမှာ မျှော်လင့်ချက်တွေနဲ့။ ဒါ သူ့ရဲ့တစ်နေ့တာ စားဝတ်နေရေးကို ရင်ဆိုင်ဖြေရှင်းနေတာပါ။တစ်နေကုန်နီးပါး ညနေကျွန်မတို့ရုံးဆင်းချိန် ထိပါပဲ။ သူ့ရဲ့ဝင်ငွေဘယ်လောက်ရတယ်တော့ မသိဘူးပေါ့နော်။
ကုန်သည်လမ်းပေါ်က အဘိုးအိုတစ်ဦးကတော့ ပလက်ဖောင်းပေါ်မှာ အခင်းလေးခင်းပြီး ပုတီးစိတ်တဲ့ Counter လေးတွေ၊ ကတ်ကြေး၊ပလာယာ စတာတွေရောင်းတာပါ။ အဝတ်အစားလေး တော့ သန့်သန့်ပြန့်ပြန့်လေးနဲ့ သူလည်း 80 နီးပါး
လောက်ရှိပါပြီ။ တရုတ်ပုံပေါက်ပါတယ်။ နေ့လည်စာစားချိန် ကျတော့လည်း
လမ်းဘေးလေးမှာပဲတုန်တန်ချိချိစားရပါတယ်။
နောက်အဘိုးတစ်ဦးကတော့ နိုတြီ၊ကွန်ပြူတာဆိုင်မှာ ဘာသာပြန်ဆရာကြီးပါ။ ဆိုင်ကို လာပြီး
ဘာသာပြန်ဖို့အပ်တဲ့သူတွေကို ဘာသာပြန်ပေးရပါတယ်။ ဆိုင်က ကော်မရှင်ပြန်ခွဲပေးပါတယ်။ ဆိုင်ထဲမှာ လူတွေကရှုပ်၊ လူငယ်တွေတောင် အပူဒဏ်ကို ကြိတ်
မှိတ်ခံရင်း ချွေးတလုံးလုံးနဲ့ အလုပ်လုပ်နေရချိန်မှာ သူလည်းအတူတူပဲပေါ့။
အထက်ကဖော်ပြခဲ့တဲ့ အဘိုး/အဘွားတွေကိုကြည့်ပြီး သနားမိတယ်။ စိတ်ထဲမှာလည်း
“ ငါ့မိဘတွေက သူတို့ထက်ကံကောင်းပါသေးတယ်” လို့တွေးမိပါတယ်။ သူတို့ခမျာ နေ့ခင်း၊ နေ့လည် တရေးတမောအိပ်ဖို့အခွင့်အရေးဘယ်မှာလဲ ။ တစ်ရေးနိုးရင် ရေနွေးကြမ်းလေးနဲ့ မုန့်အစာပြေလေးစားပြီး အိမ်မှာနားနားနေနေ နေခွင့်မရှိကြရှာပါဘူး။ အော်.. ဘယ်လို ပဲဖြစ်ဖြစ်ဇရာဘဝတွေကို တတ်နိုင်သလောက်ခွန်အားတွေနဲ့ အလှဆင်နေကြတာပဲပေါ့။ ဘုရားဟောတဲ့အတိုင်း ဘဝပေးကုသိုလ်အကျိုးပေးအတိုင်း ရင်ဆိုင်ကြရတာပဲလေ။
ကျွန်မမှာလည်း ဖေေဖေပဲရှိတော့ပါတယ်။ မေမေကတော့ ဆယ်တန်းအောင်ပြီးကတည်းက ဆုံးသွားလို့ သိတတ်တဲ့အရွယ်ရောက်တော့ မလုပ်ကျွေးလိုက်ရဘူးလေ။ ဖေဖေက အရင်က
ကားမောင်းပြီး သားသမီးတွေကိုရှာဖွေကျွေးမွေးပေမယ့် ကျမ်းမာရေးမကောင်းတော့တဲ့အချိန်
ကစပြီး အိမ်မှာပဲနားနေပါတယ်။ သူအိမ်မှာနေပေမယ့် တချက်လေးမှအငြိမ်မနေပါဘူး။ အိမ်မှု
ကိစ္စအားလုံး- ပြင်ဆင်စရာလေးတွေ ထု/ရိုက်၊ ရေမောင်းတာကအစ အကုန်လုံးလုပ်ထားပါ
တယ်။ ဖေဖေရယ်-မလုပ်ပါနဲ့ပြောလည်းမရပါဘူး။ ဖေဖေ့မျက်နှာပေါ်မှာ-သားသမီးက သူ့အပေါ်မှာ ညိုညင်မှာစိုးရိမ်နေတဲ့ပုံပေါ်ပါတယ်။ ဖေ့ဖေ့ခံစားချက်ကို ကျွန်မသိနေပါတယ်။
အသက်ကြီးသွားတဲ့အခါမှာ သိမ်ငယ်တဲ့ခံစားချက်တွေဖြစ်ပေါ်လာတတ်ပါတယ်။ သားသမီးပေါ်ကိုပြန်မှီခိုနေရတယ်ဆိုပြီး အားငယ်စိတ်ဖြစ်နေတာပါ။ ဒါကြောင့် ဖေဖေကို လေသံမာမာနဲ့တောင်လုံးဝမပြောပါဘူး။ မိဘကို ပြန်လုပ်ကျွေးခွင့်ရတယ်လို့ ဂုဏ်ယူမိပါတယ်။ တခါတလေ အမြင်မတူရင်တောင် ဖေဖေ့ကို ခံမငြင်းမိပါဘူး။ အမှန်အတိုင်းဝန်ခံရရင်တော့ ဖေဖေ နောက်အိမ်ထောင် ပြုထားတာနဲ့ပတ်သတ်ပြီး စိတ်တိုင်းမကျတာတွေရှိပေမယ့် ဝမ်းထဲမှာမြိုသိပ် ထားလိုက်ပါတယ်။ သူစိမ်းဖက်လာတော့ ဖေဖေမျက်နှာမငယ်ရအောင် ကျွန်မမှာပိုပြီး ဂရုစိုက်ရပါတယ်။ တတ်နိုင်သလောက် ဖေဖေ့ကို ဂရုစိုက်ပါတယ်။ ဒါပေမယ့် ကလေးနဲ့ခင်ပွန်းအပေါ်မှာတော့ ပိုတယ်ဆိုတာကိုတော့ ဝန်ခံပါရစေ။ ကိုယ်တိုင်လည်း တစ်နေ့မှာအိုရဦးမှာဖြစ်တဲ့အတွက် “အိုဇာတာကောင်းပါ့မလား”လို့စိတ်ပူမိပါတယ်။
“ လူ့ဘဝတွင် ကြုံမည်မလွဲ ၊
အိုနာသေခြင်း
မရဏတွင်းသို့
မသက်ဆင်းခင်
ဇရာအလှနှင့်
တင့်တယ်နိုင်ကြပါစေ ”
ဆိုတဲ့ ကဗျာလေးနဲ့လူသားအားလုံး၏ မလွန်ဆန်နိုင်တဲ့ဇရာကို အလှဆင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
20 comments
ညလေး
May 29, 2012 at 4:17 pm
မမဖောင်းဖောင်းရယ်……..အရမ်းကောင်းတဲ.ပိုစ့်လေးပါ…
ဒီပိုစ့်ဖတ်အပြီးမှာတော့…ကိုယ့်ကိုကိုယ်ပြန်မေးမိတယ်မမရယ်
ငါကကော……..ငါ့မိဘတွေကို……….
Khaing Khaing
May 29, 2012 at 4:20 pm
“ဗန္ဓုလလမ်းပေါ် ဆူးလေဘုရားနားက အသက်75 ကျော်လောက်ရှိတဲ့ အဘွားတစ်ဦးဆိုရင် မြေပဲလှော်ရောင်းပြီး အသက်မွေးနေရတုန်းပါ။” ဖောင်းဖောင်းရေ အဲဒီအဖွားအိုကို အမလည်းချီးကျူးတယ် အသက်သာကြီးတာ သူ့ဘဝကိုသူ့ရုန်းကန်ရှာဖွေစားသောက်တယ် သူများတွေလို လိုက်မတောင်းစားဘူး အမဆို အဲနားရောက်တိုင်း အဖွားဆီက မြေပဲဝယ်စားနေကျပါ …….. အခုဆိုအဖွားနဲ့မတွေ့တာ နှစ်တွေကြာပြီကွယ် အခုချိန်ထိရှိနေဆဲပဲလား ……..
Phaung Phaung
May 29, 2012 at 4:37 pm
ရှိတယ် မမခိုင်ရေ…. တယ်လီဖုန်းရုံးမရောက်ခင် ဗန္ဓုလလမ်းနဲ့32လမ်းထောင့် ပလက်ဖောင်းပေါ်ကလေ။
Moe Z
May 29, 2012 at 4:46 pm
မphaung phaung ရေ ..
မိဘအပေါ် သိတတ်နားလည်တဲ့အတွက် လေးစားဂုဏ်ယူပါတယ်နော် ..
ကိုယ်လည်း အိုဇာတာကောင်းပါ့မလားလို့ တွေးပူမနေပဲ
ကြိုပြီးပြင်ဆင်ထားတာပိုကောင်းမယ်လို့ ထင်ပါတယ်
အခုငယ်သေးတဲ့အချိန်မှာ တတ်နိုင်သလောက်စီးပွားရှာပြီး အိုစာမင်းစာအတွက်စုဆောင်း၊
ကျန်းမာရေးကောင်းအောင် ဂရုစိုက်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စုပေါင်းပြီးလူမှုရေး လုပ်ငန်းလေးတွေလုပ်တာမျိုး၊ ဘာသာတရားလိုက်စားတာမျိုး လေးတွေလေ ..
သားသမီးအပေါ်တော့ မျှော်လင့်ချက်သိပ်မထားနဲ့ပေါ့နော် ..
ကိုရင်စည်သူ
May 29, 2012 at 5:11 pm
အင်း စိတ်ထားလေးတွေက တယ်ကောင်းလိုက်ကြတာ..
ညည… ခိုင်ခိုင်… ဖောင်းဖောင်း… မိုးမိုး… တို့အားလုံး
အိုဇာတာကံကောင်းမယ်လို့ အဘကိုရင်က တချက်တည်းနဲ့
အပြတ်ဟောပေးလိုက်ပါတယ်ကွဲ့…။ ကိုယ့် ညလေးတွေအတွက်
နောက်ပိုင်းတော့ မိဘနဲ့ ဆရာသမားတွေအပေါ် စော်ကားမိတာရှိရင်
ခွင့်လွှတ်ပေးဖို့ ခင်ပွန်းကြီး (၁၀)ပါး ကန်တော့နည်းကို
ဒီက အတိုကြီးက စေတနာကောင်းနဲ့ ရေးပေးမလာလို့တောင်
စဉ်းစားမိသွားတယ်… အိုဇာတာ ကောင်းတဲ့လူတွေရဲ့ လက္ခဏာပါ
တွဲတင်ပေးမလားလို့…။ 🙄
windtalker
May 29, 2012 at 8:05 pm
ဖောင်းဖောင်းလေး တစ်ယောက် သစ်ပင်ကောင်းကြီးတစ်ပင်လို ငှက်တစ်သောင်းမက ပေးနားနိုင်တဲ့ ဘဝမျိုး အမြန်ဆုံး ဖြစ်နိုင်ပါစေ လို ့ဆုတောင်းပေးခဲ့ပါ၏ ။
မဟာရာဇာ အံစာတုံး
May 29, 2012 at 8:20 pm
မဖောင်းဖောင်း ပြောတဲ့
အဘိုး၊ အဘွားတွေအတွက် စိတ်မကောင်း ဖြစ်မိပါတယ်ဗျာ …
အိုမင်း မစွမ်းတဲ့အချိန်မှာ အေးအေးလူလူနဲ့ နေဖို့သင့်တာပေါ့
ခုတော့ .. အိုကြီးမင်းကြီး ကိုယ့်ဝမ်းစာ ကိုယ်ရှာစားနေရတဲ့ဘဝ …
တချို့ဆို ရှိသေးတယ်ဗျ …
သားသမီးက အဖေအိုကြီးကို ပြန်ခိုင်းစားတာ …
ပွင့်ပွင့်လင်းလင်း ပြောရရင် တောင်းစားခိုင်းတာပေါ့ ..
အဖေအိုကြီး လမ်းဘေးမှာ တောင်းလို့ ရလာတဲ့ ပိုက်ဆံနဲ့
သားသမီးတွေက ထိုင်စားနေကြတဲ့ အဖြစ် …
ဒါတွေ ထားပါတော့ …
မိဘကို မငြိုငြင်ရအောင် ထားတဲ့ မဖောင်းဖောင်း တစ်ယောက်လည်း
ဇရာဆိုတဲ့ အရွယ်ကို ရောက်တဲ့အခါ …
အေးအေးလူလူနဲ့ နေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ …
Uncle Myo
May 29, 2012 at 10:58 pm
မိဘကျေးှဇူးသိတတ်သူဟာဘယ်တော့မဆင်းရဲဘူး
သာဓု၊သာဓု၊သာဓုပါဗျာ
ကြည်ညိုလေးစားပါတယ်
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 29, 2012 at 11:02 pm
(၁)ဇာတိ(၂)ဇရာ(၃)ဗျတိ(၄)မရဏ
မည်သူမျှ မလွန်ဆန်နိုင်ပါ
kai
May 30, 2012 at 9:35 am
ယူအက်စ်ကျတော့.. အသက်ကြီးသူတွေက.. အလုပ်ရှာကြံလုပ်နေကြတာတွေ့ဖူးတယ်..
စီနီယာစစ်ဒဇင်တွေမို့.. အစိုးရက..ကျမ်းမာရေး..ငွေကြေး..နေစရာ..စသဖြင့် အကုန်လိုလိုတာဝန်ယူထားတာပါ..။
ဒါပေမဲ့.. အလုပ်ရှာကြံလုပ်ကြတာပဲ..
အလုပ်မလုပ်နေရင်.. မြန်မြန်သေသတဲ့လေ..
အဲဒီအတွေးကြောင့်.. တချို့ပင်စင်စားအသက်တွေ.. ပင်စင်မစားပဲ.. အတင်းကို.. အလုပ်သွား..ကူလူပ်ပေးနေတာလည်းမြင်ဖူးတယ်..
အာအိုင်တီက.. စစ်လ်ဗဲလ်ပါမောက္ခဟောင်း.. ဦးမင်းဝဏ်လည်း.. အဲလိုလူစားပဲ..
(လွန်ခဲ့တဲ့.. ၃-၄နစ်အထိ. )အသက်၈၀ဝန်းကျင်မှာလည်း.. အလုပ်သွားကူလုပ်ပေးနေတတ်တာ ကြားဖူးတယ်..
သူက.. ကယ်လီဖိုးနီးယားပြည်နယ်အစိုးရအလုပ်မှာလုပ်တာလေ…
Gipsy
May 30, 2012 at 9:51 am
အရွယ်ထောက်လာလို့ လုပ်နေကြအလုပ်တွေ နားလိုက်တဲ့အခါ ခံစားရတဲ့
အထီးကျန်မှုတွေကို သိတဲ့သူသိကြမှာပါ …
တတ်နိုင်သလောက် အလုပ်ကုို လုပ်ကိုင်ရင်း ဇရာဘဝ ကို ကုန်ဆုံးစေနိုင်ရင်
အကောင်းဆုံးပါ….
ငါဖြင့် အသက်ကြီးလာပြီ .. အနားယူတော့မယ်လို့ ဘယ်တော့မှ မဆုံးဖြတ်မိပါစေနဲ့…
Phaung Phaung
May 30, 2012 at 10:07 am
@Moe Z အကြံပေးတာလေးတွေ အရမ်းကောင်းပါတယ်။ တခုတော့အားနည်းချက်ရှိတယ်။ အမမှာ မိတ်ဆွေ
သူငယ်ချင်းသိပ်မရှိဘူး။ အဲဒီအားနည်းချက်က အသက်ကြီးလာရင်ပိုအထီးကျန်မယ်ထင်တယ်နော်…။
@အံစာတုံးရေ … ပေးတဲ့ဆုနဲ့ပြည့်ပါစေ။
@Uncle Myo ……ချီးကျူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
@ သူကြီး …….. ပြောတာလည်းအရမ်းမှန်ပါတယ်။ အသက်ကြီးတဲ့သူတွေ အလုပ်လုပ်ရင် စိတ်ဓါတ်ပိုကျမ်း
မာတာတော့ အတိအကျပါပဲ။
@Gipsy ……. ဟုတ်ပါတယ်။တစ်သက်လုံးအလုပ်လုပ်လာပြီးမှ နားလိုက်ရတဲ့ခံစားချက်ကြောင့် အိပ်ရာထဲလဲသွားတဲ့သူတွေအများကြီးပါ။ ကျွန်မလည်း အသက်ကြီးလာရင်ဘယ်လိုနေထိုင်ရမလဲဆိုတာ
သေသေချာချာ အစီအစဉ်ချရင် ပိုကောင်းမယ်လို့ယူဆမိပါတယ်။
Khin Kha
May 30, 2012 at 12:21 pm
မဖောင်းဖောင်းက မိဘ(လက်ရှိအဖေ)အပေါ် သိတတ်တော့ အိုဇာတာကောင်းမှာပါ။
လူကြီးတွေပြောကြတာရှိတယ် မိဘကိုသိတတ်တဲ့ သားသမီး အိုတောင်မဆင်ရဲဘူးလို့လေ။
လူတိုင်းဘဝနေရေးကို တစ်ချို့လည်း ပြည်စုံကံကောင်းစွာဖြတ်သန်ရပြီး တစ်ချို့ကတော့ ပင်ပန်းစွာ ရှာရပါတယ်။ ဘာဘဲဖြစ်ဖြစ် ဘဝတွေအဆင်ပြေစွာ နေနိုင်ကြစေချင်ပါတယ်။
Shwe Tike Soe
May 30, 2012 at 12:48 pm
အားပေးနေပါတယ် ဖောင်းဖောင်းရေ…. အရမ်းအဓိပ္ပာယ်ရှိတဲ့ပို.စ်လေးပါပဲ… ဇရာဆိုတာ လူတိုင်းကြုံကြရမယ်…. အခြေအနေပါပဲ
may flowers
May 30, 2012 at 2:30 pm
ဖောင်းဖောင်းရဲ့ ပိုစ့်လေးကိုဖတ်ပြီး ငါလည်းအိုလာရင်ဆိုတဲ့အတွေးတွေ……..နဲ့။
etone
May 30, 2012 at 3:22 pm
Phaung Phaungရေ ဖတ်ပြီး ကရုဏာဖြစ်မိပါတယ် … ။ ကျွန်မလည်း စိတ်သိပ်မခိုင်လို့လား မသိဘူး … လမ်းမှာ အဖိုးအရွယ်တွေ ၊ အဖွားအရွယ်တွေ ပင်ပန်းစွာ လုပ်ကိုင်စားသောက်နေရလျှင် ၊ အလိုလိုနေရင်း သနားစိတ်ဖြစ်လာတယ် … ။ သူတို့ ရောင်းတဲ့ ပစ္စည်းဆို ဈေးမစစ်ပဲနဲ့ ဝယ်တတ်တဲ့ အကျင့်လည်း ရှိလာခဲ့တယ် ။ သူတို့ကို မြင်တိုင်း …ကိုယ့်ရဲ့ အဖိုးဖွားတွေသာဆိုတဲ့ .. အတွေးမျိုးဖြစ်မိပြီး …. စိတ်မကောင်းဖြစ်ရပါတယ် ။ လက်ရှိအဖိုးဖွားတွေကိုလည်း အသက်ရှင်စဉ်ပိုဂရုစိုက်ရမယ်ဆိုတဲ့ စိတ်မျိုးလည်း ဖြစ်မိတယ် … ။
အိုဇာတာမကောင်းလို့ပဲ ဖြစ်ဖြစ် ၊ ကျောထောက်နောက်ခံ သားသမီးမရှိလို့ပဲ ဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် သူတို့ အသက်ရွယ် အရ သူတို့ လုပ်စားနိုင်သလောက် သမ္မာအာဇီဝလေးရင်းပြီး လုပ်စားတာ သဘောကျမိပါတယ် ။ တောင်းရမ်းစားသောက်တာထက်စာလျှင် ဒီလို လုပ်နိုင်သလောက်လေး လုပ်ပြီး ပ ိုက်ဆံ ရှာတဲ့ အဖိုးဖွားတွေကို ချီးကျူးမိပါတယ် ။
တခြားနိုင်ငံတွေမှာဆို အစိုးရက လူအိုတွေအတွက် ခံစားခွင့်ပေးထားတာမျိုးရှိတယ်လို့ ကျွန်မဧည့်သည်လာလည်တုန်းက ပြောခဲ့ဖူးတယ် ။ နောက်ပြီး ..သူတို့နိုင်ငံမှာ အာမခံလုပ်ငန်းလိုမျိုးတွေလည်း ထားပေးပြီး .. အရွယ်ကောင်းလို့အလုပ်လုပ်နေစဉ်ကာလအတွင်းမှာ … ရတဲ့ ပိုက်ဆံကို ဖဲ့သွင်းရပါသတဲ့ … အသက်ကြီးလို့ အိုမင်းမစွမ်းဖြစ်လာချိန်မှာတော့ … အဲ့ဒီငွေနဲ့ အစိုးရက ပြန်ပြီး စောင့်ရှောက်မှုပေးတာ မသေမချင်းပါတဲ့ …. ။ ကောင်းလိုက်တဲ့ စနစ်နော်… ဒီနိုင်ငံမှာလည်း ရှိဖို့ကောင်းတယ် … ။
ဒီလို သက်ကြီးရွယ်အိုအရွယ်တွေဟာ ဘာသာရေးနဲ့ မွေ့လျော်ပြီး ၊ အိမ်ဦးခန်းမှာ ထိုင်နေရမယ့် အရွယ်မျိုးပါ ။ အခုလို ဈေးရောင်းရတာမျိုး ၊ ပိုက်ဆံရှာရတာမျိုးက လူကုန်ထံ အဖိုးဖွားတွေမှာ မကြုံရပေမယ့် … သူတို့လည်း သူတို့ ဒုက္ခနဲ့သူတို့ပါ ။ ပိုက်ဆံချမ်းသာလို့ အိမ်ဦးခန်း ကိုးကွယ်မလားမှတ်တယ် ….. ။ အိုလာလို့ မ ရှာနိုင်တဲ့အခါတော့ အပယ်ခံ လူသားလို ဆက်ဆံခံရတဲ့ အဖိုးဖွားတွေလည်း ဒုနဲ့ဒေးပါပဲ … ။ သန်စဉ်တုန်းကတော့ ကိုယ်ကရှာဖွေထားခဲ့တဲ့ ဥစ္စာဓနတွေနဲ့ .. သားသမီးတွေ တရုန်းရုန်း ပျော်မဆုံးအောင်ဖြစ်ခဲ့ပြီး ၊ နည်းနည်းကျလာချိန်တော့… ကိုယ့်အိမ်ကိစ္စကူလုပ်ခိုင်းတာမျိုး ၊မြေးထိန်းခိုင်းတာမျိုးနဲ့ ရသလောက် အသုံးချ ခိုင်းခဲ့ကြသေးတယ် … တကယ်တမ်း(အဖိုးဖွားတို့ရဲ) ကိုယ့်ရဲ့ အကျချိန်လည်းရောက်ရော … ကိုယ်အိမ်မှာရှိနေတာကိုက .. သူတို့အတွက် ကျက်သရေယုတ်တဲ့ ကိစ္စလိုလို ၊ ရှက်စရာကိစ္စလိုလိုတွေးမြင်တတ်ကြပါတယ် …. ။ ဆင်းရဲတဲ့လူလည်း ဆင်းရဲတဲ့အလျှောက် ၊ ချမ်းသာတဲ့ လူလည်း ချမ်းသာတဲ့အလျှောက် လူအိုဖြစ်တာနဲ့တင် …(အများစုက) အပယ်ခံဖြစ်ကြရပါတယ် ။
တစ်ချို့ဆို … ကိုယ့်မိဘ ၊ ဘိုးဘွားပေမယ့် အိုမင်းလာလို့ ကိုယ့်လက်ကိုယ့်ခြေမသယ်နိုင်တဲ့အခါ လူမဆန်စွာ လာစွန့် ပစ်တာတွေ ရှိတယ် … ။ ဒါကြောင့်လည်း ကိုယ်ချင်းစာစိတ်ရှိပြီး ၊ နှလုံးလှတဲ့ ဆရာမ ဒေါ်သန်းမြင့်အောင်တို့ရဲ့ ဆည်းဆာရိပ်ဆိုတဲ့ လူအိုရုံလေး ပေါ်လာတာပေါ့လေ … ။
လူအိုတို့ရဲ့ မီးစာကုန် ဆီခမ်းခါနီး အချိန်လေးမှာ … သက်သက်ငြိမ်ငြိမ် အေးအေးချမ်းချမ်းလေးပဲ … နေသွားစေချင်ပါတယ် ။ 🙄
jujuma
May 30, 2012 at 4:56 pm
စိတ်သာရှင်စော ဘုရားဟော တဲ့ …
အဓိကကတော့ လူတစ်ယောက်ရဲ့ စိတ်ဓါတ်ပဲလို့ထင်တယ်…
မြတ်စွာဘုရားကလဲ အဲလိုပဲ ဟောခဲ့တယ်….
ဆိုတော့
ငယ်စဉ် အခါတည်းက စိတ်ထားကောင်းရမယ်..သူတစ်ပါးကို မဟုတ်တာ မလုပ်ရဘူး…
နိုင့်ထက်စီးနင်း မလုပ်ဆောင်ရဘူး …တစ်နည်းပြောရရင် မမောက်မာ ရဘူးေ့ပါ့ နော် ..
အဲလိုမျိုးတွေ လုပ်ခဲ့မယ်ဆိုရင် ဝဋ်ဆို တာ နောင်ဘဝမကူးဘူးဆိုတာလိုပေါ့ …
ယခုဘဝမှာတင် ခံစားရတော့မှာ အမှန်ပဲ ….
များသောအာဖြင့် ခုတွေကနေရတဲ့ အိုဇာတာ မကောင်းဘူးဆိုတဲ့ သူတော်တော်များများဟာ အဲ လို မျိုးတွေ ကျင့်ကြံ ခဲ့တာတွေ တွေ့ရပါတယ်..
ဒါကလည်းအကုန်လုံးနီးပါးတော့မဟုတ်ပါဘူး….
တချို့ကြတော့လည်း ဟိုဘဝက မကောင်းတဲ့အတိတ်ကံကြောင့် ဒီဘဝမှာ ခံစားရတော့တာပဲလို့ ဆိုပါတယ်…
အဲဒီတော့ ငယ်စဉ်အခါတည်းက တရားအားထုတ်မယ်..ကောင်းမှုတွေလုပ်မယ်ဆိုရင် … အသက်အရွယ်ကြီးလာတဲ့အခါ ဆိုးရွားတဲ့ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ဖို့ ခဲယဉ်းသွားမှာပါ …
အရီး Khin Latt
May 30, 2012 at 10:12 pm
ဖောင်းဖောင်းရေ
စာနာတတ်တဲ့ နှလုံးသားလှလှ လေးနဲ့ ရေးဖွဲ့ထားတာလေးမို့ တလေးတစားဖတ်သွားပါတယ်ကွယ်။
တစ်ခါတစ်လေ စဉ်းစားမိတယ်။
သူကြီးပြောသလို အနောက်တိုင်းမှာ လူကြီးတွေ က အေးအေးထိုင်စား နေလို့ ရပေမဲ့ အလုပ်ကို ရှာလုပ်တယ်။
အရီးတို့ မြန်မာပြည်မှာ က အသက်၆ဝ မတိုင်ခင်မှာတင် ကိုယ့်ကိုယ်ကို အိုပြီ၊ ဘာမှ လုပ်ဖို့ အစွမ်းမရှိတော့ဘူး ဆိုတဲ့ စိတ်ရှိကြတယ် ထင်ရဲ့။
ဒါနဲ့ ၆ဝကျော်တာနဲ့ အတော်များများ သားသမီး ကို အားကိုးစဟာဖို့ ကြိုးစားကြတယ်။
တစ်ချို့ လဲ ဇရာ အလှ ဆိုတာ ကို “စိတ်ပုတီးဆွဲပြီး တရားအလုပ်လုပ် နေတာ” လို့ တင်စားကြသလားဘဲ။
သားသမီးထောက်ပံ့ မဲ့ သူ မရှိတော့ “ငါတို့ အိုကံ မကောင်းဘူး” လို့ ညည်းညူ တတ်ကြတယ်။
အမှန်က ငါတို့ အလုပ်လုပ်နိုင်သေးတယ် လို့ အားမွေးထားရမှာ။
ပြောသာပြော တယ်။
ကိုယ့်ပြည်မှာရော အဲလို အလုပ်လုပ်ချင် နေဦးမဲ့ လူကြီး တွေ အတွက် ဘယ်မှာ လုပ်ခိုင်းရပါ့မလဲ။
ဒါနဲ့
အရီး တို့ ဆီမှာ ၇ဝကျော်အထိ နေရာယူမြဲ၊ အလုပ်လုပ်မြဲ လူတွေ ရှိသေးတာ ကို မေ့သွားလို့။
သူတို့ ကတော့ အနားယူသင့်ပါပြီ။ 😉
(ဒီ အရီးလတ် ကလဲ စကားကို အမျိုးမျိုးဘဲ နော် 😆 )
kyeemite
May 31, 2012 at 8:48 am
မိဘကိုလုပ်ကျွေးပြုစုနေတာကို လေးစားပါ၏။
အသက်ကြီးသော်လည်း ခွန်အားရှိသေးသမျှ
အလုပ်တစ်ခုခုမှာ အာရုံနှစ်ထားလျှင် ပိုမိုနုပျို
ကျန်းမာသည်မှာမှန်ပါ၏။ ကြီးမိုက်၏ဖခင်ကြီးမှာ
အသက်၈ဝကျော်ထိ အိမ်လုပ်ငန်းများရှာကြံလုပ်ကိုင်
နေပါသေးသည်..ထို့ကြောင့် ကျန်းမာနေဆဲပါ..
ဦးဦးပါလေရာ
May 31, 2012 at 10:47 am
အပေါ်မှာ သူကြီးက
(ယူအက်စ်ကျတော့.. အသက်ကြီးသူတွေက.. အလုပ်ရှာကြံလုပ်နေကြတာတွေ့ဖူးတယ်..)
လို့ ဆိုထားတယ်…။
တကယ်တော့ မြန်မာပြည်မှာလဲ အသက်ကြီးသူတွေတော်တော်များများဟာ မလုပ်မဖြစ်မဟုတ်ပါပဲနဲ့ စီးပွားရေး လူမှု့ရေး တခုခုကို ရှာကြံလုပ်ကြပါတယ်။
ကျုပ်သတိထားမိတာလဲ လူအိုတွေ အိမ်မှာထိုင်နားရင် မြန်မြန်သေပါတယ်…။
အခုရန်ကုန်မှာ ဂျာနယ်ထိုင်ရောင်းတဲ့၊ ယပ်တောင်ထိုင်ရောင်းတဲ့၊ တရုတ်တန်းမှာ ခေါက်မုန့်လည်ရောင်းတဲ့၊ ကျူလယာပစ္စည်းတွေ ထိုင်ရောင်းတဲ့ လူအိုတွေထဲကတော်တော်များများဟာ စားဝတ်နေရေးကြောင့်မဟုတ်ပဲ လုပ်ချင်လို့ကိုလုပ်နေကြတာတွေရှိပါတယ်။
အဲဒါမှန်ကန်တဲ့နည်းလမ်းဖြစ်ပြီး သူတို့ကိုလဲ ချီးကျူးပါတယ်။
ကျုပ်လဲ အိုလာရင် တတ်နိုင်သမျှ မနားဖို့ ဆုံးဖြတ်ထားတယ်။