Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ Applause

padonmarMay 31, 20121min221344

မင်္ဂလာတရားတော်မှာ ပူဇာစ ပူဇနေယျာနံ (ချီးမြှောက်ထိုက်သူကို ချီးမြှောက်ခြင်းသည် မင်္ဂလာတစ်ပါး)လို့ ပါပါတယ်။

ကောင်းတဲ့ အမှုပြုနေကြတဲ့သူတွေကို အသိအမှတ်ပြုပေး ချီးကျူးပေးတာဟာ

နောင်ကိုလည်း ကောင်းတာတွေ ဆက်လုပ်ဖြစ်အောင် တွန်းအားပေးပေးသလိုပါပဲ။

ကဲဘယ်သူတွေကို (ကောင်းချီးပေး)ချီးမြှောက်ပေးရမှာပါလဲ။

အခုတလော သတင်းစာတွေမှာပါတဲ့ သတင်းလေးတွေ ကြော်ငြာလေးတွေကို သတိထားမိကြပါသလား။

ဖတ်ကြည့်ကြပါအုံး။

သတ္ထုတွင်းဝန်ကြီးဌာနရဲ့ ကြော်ငြာလေးပါ

သတ္ထုတွင်းဝန်ကြီးဌာနက သူတို့ရဲ့ မူဝါဒတွေ ပြင်ဆင်ဖို့

ပြည်သူတွေထံက အကြံဉာဏ်တောင်းတဲ့ ကြော်ငြာလေးပါ။

၂ရ မေလ ထုတ် မြန်မာ့အလင်းသတင်းစာ ကြော်ငြာ ကဏ္ဍမှာပါတာပါ။

ရွာထဲက ရွှေတူးရာမှာ အတွေ့အကြုံရှိတဲ့ ကိုဖုန်းကျော်တို့

ရွှေလုပ်ငန်းကျွမ်းကျင်တဲ့ ကိုဆာမိတို့

အကြံပေးနိုင်ကြပါပြီ။

ပေးတဲ့ အကြံတွေ သုံးမသုံးကတော့ ရှေ့ဆက်ကြည့်ပေါ့နော်။

ဒီလို တစ်သက်လုံး တစ်ခါမှ ပြည်သူ့ထံမှ အကြံဉာဏ်ဆိုတာ ယူခဲ့ခြင်းမရှိ

လိုအပ်သည်များကို သူတို့ကချည်း ညွှန်ကြားတာခံခဲ့ရတာဆိုတော့

ဒီကြော်ငြာလေးကို ကျွန်မကတော့ လက်ခုပ်တီးအားပေးလိုက်ပါတယ်။

ဆက်သွယ်ရေးရဲ့ ပြည်သူသို့ အသိပေးတင်ပြချက်

နောက်တစ်ခုက
၂၉ မေလ ထုတ် ကြေးမုံမှာတွေ့လိုက်တဲ့ CDMA ဖုန်းတွေကို စံနစ်ပြောင်းမှာဖြစ်တဲ့အတွက်

မေ ၃ဝ ည သန်းခေါင်ကနေ မိနစ်၂ဝ ဆက်သွယ်ရေးပြတ်တောက်မှာကို ပြည်သူသို့ အသိပေးတင်ပြချက်ပါ။

မကြာသေးမီက ဖြစ်ခဲ့တဲ့ 09-99 တွေ ဘာမပြောညာမပြောနဲ့ ခေါ်မရတော့မှ စနစ်ပြောင်းသွားတာ သိလိုက်ရပြီး

ဆက်သွယ်ရေးရုံးသွား နံပါတ်တွေပြောင်းဖို့ လုပ်လိုက်ရတဲ့ အဖြစ်နဲ့

နှိုင်းယှဉ်ကြည့်ရင် ကျွန်မတို့ လူလိုဆက်ဆံခံလာရတာ သိသာလာပါတယ်။

သတင်းလေးကနောက်ကျရက်လွန်နေပေမယ့် သတိထားမိအောင် ပြပေးလိုက်ပါတယ်။

(ဘေးက ချိတ်တွေအကြောင်း မပြောကြေးဟေ့၊ကိုယ်နဲ့မဆိုင်ဘူး)

ချောက်မြို့စည်ပင် နဲ့ ရေမီတာ အစီအစဉ်

၂ရ မေလ ထုတ် ကြေးမုံသတင်းစာ ပြည်သူ့ထံမှ ပေးစာ ကဏ္ဍမှာ ပါတဲ့

ချောက်မြို့ စည်ပင်က ရှေ့ဘဏ္ဍာနှစ်မှာ ရေမီတာခ လျှော့ကောက်ပေးပါမယ်လို့

ရှေ့လုပ်ငန်းစဉ်အကြောင်း မြို့လူထုကိုချပြပေးတဲ့ ရှင်းလင်းဖြေကြားချက်လေးကိုလည်း ဖတ်ကြည့်စေချင်ပါတယ်။

Visa on Arrival ပေးတဲ့ အကြောင်းကတော့ သူကြီးတင်ပေးပြီးဆိုတော့ အထူးမညွှန်းချင်တော့ပါဘူး။

ကျွန်မတို့တစ်သက်တာမှာ အစိုးရရဲ့ လုပ်ငန်းတွေမှာ ပြည်သူစစ်စစ်က အကြံပေးခွင့်ဆိုတာ တစ်ခါမှ မရခဲ့ဖူးသေးပါဘူး။

ပြည်သူတွေ ကသိကအောက်ဖြစ်နိုင်မယ့် အဆင်မပြေမှုတွေအတွက်

ကြိုတင် အသိပေးရှင်းပြခြင်း၊တောင်းပန်ခြင်းဆိုတာ

တီဗွီအစီအစဉ်ပြတ်တောက်သွားတဲ့အခါ ထိုးပြတဲ့ စာတမ်းတစ်နေရာပဲ တွေ့ခဲ့ဖူးတာပါ။

အစိုးရမဟုတ်ပေမယ့် အစိုးရနေတဲ့ စည်ပင်က

မြို့နေလူထုသက်သာချောင်ချိရေးအတွက် ယခုမစီစဉ်ပေးနိုင်ရသေးတဲ့ အကြောင်းနဲ့

ဘယ်ကာလမှာ စီစဉ်ပေးမယ်ဆိုတဲ့ အကြောင်းရှင်းလင်းတာလည်း ရန်ကုန်မြို့မှာတောင် ခုထိ မကြားရသေးပါဘူး။

ဒီအကြောင်းအရာ သေးသေးလေးတွေကနေကြည့်ပြီး ကျွန်မတို့ တိုင်းပြည် ဒီမိုကရေစီလမ်းပေါ် ခြေချစပြုပြီလို့ အကဲဖြတ်ချင်ပါတယ်။

ဒီမိုကရေစီဆိုတာနဲ့ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေလို ရေမီးစုံသား၊ကြာမျိုးငါးပါးနဲ့

ပြီးပြည့်စုံတဲ့ဘဝကို အပ်ချလောင်းဆိုပြီး ရောက်သွားမှာမဟုတ်ပါဘူး။

မကောင်းတာ မသင့်တာတွေကို ပြည်သူက ဝေဖန်ခွင့်ရတဲ့အတွက်

နောင်ကို ပြည်သူအများကောင်းဖို့ အများသဘောတူရာလမ်းကို

ရွေးချယ်လုပ်ခွင့်တွေရလာတာ ဒီမိုကရေစီ အနှစ်သာရလို့ဆိုချင်ပါတယ်။

မကောင်းတာတွေ မကောင်းဘူးလို့ ပြောခွင့်ရချင်သလို

ကောင်းတာတွေကိုလည်း ကောင်းပါတယ်လို့ ဖော်ထုတ်ချီးကျူးပေးရပါမယ်။

ဒါဟာ ပြည်သူတွေရဲ့ တာဝန်ပါ။

မတ်တပ်စမ်းရပ်ကာစ ကလေးကို ရပ်နိုင်ပေ့ရပ်နိုင်ပေ့ လို့

ဘေးက အားပေး လက်ခုပ်တီးကြရင် ကလေးဟာ အားရှိ ပြီး သူ့ခြေပေါ် ရဲရဲရပ် နိုင်လာပါမယ်။

ဒီကနေတဆင့် တစ်လှမ်းချင်းလျှှောက်လို့ တာတိုတာဝေးအပြေးသမားဘဝနဲ့ ပြေးပွဲတွေပါဆင်နွဲနိုင်လာပါလိမ့်မယ်။

ဒါကြောင့် တစ်နှစ်နဲ့ တစ်လသားရှိပြီဖြစ်တဲ့ အစိုးရသစ်ရဲ့

ကောင်းတဲ့ အပြုအမူလေးတွေကို ရပ်နိုင်ပေ့ရပ်နိုင်ပေ့လို့

ကျွန်မတို့ ရွာသူရွာသားတွေက လက်ခုပ်တီးပေးကြရအောင်။

44 comments

  • Mလုလင်

    May 31, 2012 at 11:01 pm

    ကျွန်တော် လဲ အဲဒါ ထူးဆန်းနေတာ .. အပေါ်ဆုံး ပုံ ကိုတော့ သတင်းစာထဲ မြင်လိုက်တယ်။ ကဲ .. ဘေးထိုင် ဘုပြောမနေ ပဲ … အကြံဉာဏ်လေးတွေပေးလိုက်ရအောင်နော့် ….. ဒါပေမယ့် တစ်ခု ပြောချင်တာက … အကြံဉာဏ်တွေ ပေးကြပါ … အဲ့ဒီ့ အကြံဉာဏ်ကို သုံးဖြစ်ရင် ဘယ်လို မျိုး ဉာဏ်ပူဇော်ခ ပေးပါ့မယ် ဆိုတာ မပါ… ဘူးဗျ …
    အဟီး .. ဝင်ရှည်သွားတဲ့
    Mလုလင်

  • kotun winlatt

    May 31, 2012 at 11:09 pm

    လက်ခုတ်လက်ဝါးးတီးးးပြီးးးး
    ဟိုလူဂျီးးးးတွေပြောသလို ပြောကြည့်သွားးးတယ်….
    ဘရာကြော်…ဘရာကြော်…ဘရာကြော်ဘာ…..။

  • padonmar

    May 31, 2012 at 11:12 pm

    လုလင်ရဲ့
    အရင်က အကြံတောင်ပေးချင်တိုင်းပေးလို့မရပါဘူးဆို၊
    တော်က ပိုက်ပိုက်တောင်းချင်သေး။
    ဒီအကြံ ငါပေးတာကွလို့ ဂုဏ်ယူရတာ နည်းမှတ်လို့။
    (ဒီလို ပြောချင်ကြလို့ ပါးစပ်ဖွင့်ခွင့်ရတဲ့ ဂေဇက်ထဲရောက်နေကြတာမလား)

  • surmi

    June 1, 2012 at 1:20 am

    အစ်မပဒုမ္မာရေ …..
    ကျွမ်းကျင်လို.မဟုတ်ပေမဲ. နေ.စဉ်ကြုံတွေ.နေရတဲ.အဆင်မပြေတာလေးတွေတော. တင်ပြချင်
    ပါရဲ.ဗျာ …..ဒါပေမဲ. သူတို.လုပ်ထားတဲ.ဥပဒေက လိုရာဆွဲပြီး လူနားမလည်အောင်ရေးထားတာဆိုတော.
    ပြန်လေ.လာရဦးမယ်ဗျ ။ရွှေနဲ.ပါတ်သက်တဲ. အရောင်းအဝယ်ဆိုင်ရာသတ်မှတ်ချက်တွေ ဥပဒေတွေ
    တရားစီရင်ရေးတွေက အများကြီးလိုနေသေးတယ် ။ ကိုယ်ဝယ်မိတဲ. ရွှေက သတ်မှတ် ရွှေရည်မမှီရင်
    ဘယ်လိုတိုင်ချက်ဖွင်.ရမယ် ၊ ဘယ်လိုအရးယူမယ် ဘာညာပေါ.ဗျာ ။

    • ကိုရင်မောင်

      June 1, 2012 at 8:58 pm

      ကိုဆာမိရေ စကားအတင်းစပ်မေးပါရစေ
      ရွှေအလေးချိန်နဲ့ပါတ်သက်ပြီး
      တရုတ်ပြည်မှာသုံးတဲ့အလေးချိန်ကို
      တစ်ခက် နှစ်ခက် ဆိုပြီးသုံးနေတာတွေ့ရပါတယ်
      တခက် ကို ဘယ်နှစ်ကျပ်သားရှိလဲဆိုတာ
      သိယင်ပြောပြပေးပါလား..

  • အရီး Khin Latt

    June 1, 2012 at 3:36 am

    မီးပျက်နေတုန်း ဗြုန်းကနဲ မီးပြန်လာချိန်ကလေးတွေ အော်လိုက်သလို အော်မယ် အစ်မပဒုမ္မာရေ။
    ရေးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရးရး
    “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်” ဆိုတာ သီချင်းတောင်ရှိသေး။ (ဘယ်သူ ဆိုလဲတော့ မသိဘူး )
    ဝမ်းမြောက်အားတက်ဖွယ် သတင်းစကား လေးအတွက် ကျေးဇူးပါရှင်။ 🙂

    အစ်မပဒုမ္မာ
    {{{ (ဘေးက ချိတ်တွေအကြောင်း မပြောကြေးဟေ့၊ကိုယ်နဲ့မဆိုင်ဘူး) }}}
    ဟေ့အေး၊ ဟေ့အေး ပြောမှာဘဲ။ ပြောမှာဘဲ။
    တကဲ့ကို လှတဲ့ အဆင်တွေပါဘဲလားရှင့်။
    သူတို့ ဝတ်ထားတာကြည့်ပြီး အားကျပါဘိ။
    သို့ပင်သို့ငြား
    အဲဒီ ချိတ်ကြီး တွေ ကို ကို့ယို့ကားယား အလေးခံ ဝတ်မဲ့ အစား အေးအေးလူလူ ချည်ထည် အဆင်ရိုးရိုး လေးတွေ ဘဲ ဝတ်တော့ ဘာဖြစ်မှာတဲ့တုန်း။
    သို့ပင်သို့ငြား
    ကြိုက်လို့ ဝတ်တာဆိုလဲ ဝတ်ကြပါ။
    မဝေဖန်လိုတော့ပါဘူး။ 😀

  • htoosan

    June 1, 2012 at 6:01 am

    ဒီအကြံ ငါပေးတာကွလို့ ဂုဏ်ယူရတာ နည်းမှတ်လို့။
    (ဒီလို ပြောချင်ကြလို့ ပါးစပ်ဖွင့်ခွင့်ရတဲ့ ဂေဇက်ထဲရောက်နေကြတာမလား)

    အန်တီရေ .. ဒါကို အရင် လက်ခုတ်တီးပါရစေ..
    ရန်ကုန် လမ်းတွေလည်း အချို့နေရာတွေမှာ လမ်းပီပီသသ လေး ခင်းလာတာ တွေ့ရတာ ၊ ဦးဝိစာရလမ်း အပင်ခုတ်တာ ရှင်းတာ တွေ တွေ့ရတာလည်း လက်ခုတ်တီးပါတယ် ။

  • Ch@vez

    June 1, 2012 at 7:41 am

    ယုံလား မေးရင် ယုံဝူး ….
    ထောက်ခံလား မေးရင် ထောက်ခံသေးဝူး….

    ရေတဝက်ပဲရှိတဲ့ ဖန်ခွက်ကို
    အကောင်းမြင်သမားက တဝက်တောင် ရှိတယ် မြင်သတဲ့..
    အဆိုးမြင်သမားကတော့ တဝက်ပဲ ရှိတယ် မြင်တယ်..
    အဲ့..
    မားကတ္တင်း ပရို ကတော့ ခွက်ကို re-size လုပ်ရမယ် လို့ မြင်တယ်..
    ဒီသဘောပါပဲ ….

    သက်ဆိုင်ရာ ပညာရှင်မျိုး ဝန်ဂျီးဖြစ်လာတဲ့နေ့ ယုံမယ်…
    ဒါပေသိ …သက်ဆိုင်ရာ ပညာမှာ တော်ချင်တော်မယ်… showmanship မရှိတဲ့
    တိုင်းပြည်နာမည်ကို ဒေါင်လိုက် ထောင်တဲ့ ပညာရှင်မျိုး ဆိုရင်တော့ ချဉ်တယ်…
    ဇဂါး မဟားဒယား စပ်လို့
    (အဲ့ ဝန်ဂျီး ကို ပြော့စ် ပေးပါဂျာ …အလုပ်ထွက်ရင် ဝက်သားဒုတ်ထိုး ရောင်းမစားနဲ့လို့ …
    အထူအပါး နားမလည်လို့ ….)

    ထားပါဗျာ လိုရင်းသွားရရင်
    ခု ဒါဒွေ ပျော့ပြောင်းပြနေတာဟာ ဖောင်းပလေးဒွေများထားလို့
    ပီအာရ် ပြန်လုပ်ပြနေတယ် … ထွက်ပေး ရမှာ ဖယ်ပေးရမှာ
    ကြောက်တာလည်း ပါတယ် လို့ပဲ မြင်တယ်…

    ပိုလို့ ရောင်းတဲ့လူဒွေ … မီဒီယာကို တရားဆွဲမယ် ပြောတဲ့လူဒွေ..
    မနော့ပလီ ဆော့ကောင်းနေသေးတဲ့လူဒွေ
    လက်ညှိုးထောင် ခေါင်းညှိမ့် ဆိုတဲ့ လူဒွေ ..
    ထွက်ပေးလိုက် … အနူယား အဲ့အဲ့ အနားယူလိုက်…
    အဲ့ဒါဆို နည်းနည်း ယုံချင်သေးဒယ်…
    အဲ့လို မလုပ်ချင် မလုပ်နိုင်လို့ …အပျော့ဆွဲ ဆွဲတယ်ပဲ မြင်မိပါတော့တယ်…

    အန်ကယ်ဒုံရေ …
    အဲ့ဘဲဒွေက ယုံရတာ မဟုတ်ဝူးခည …သများတော့ ယုံဝူး…
    (ဒို့ ဘဂျီးစိန် မပါပါ…ဒါပေသိ ..ဒို့ဘဂျီးကိုလည်း ဒို့ကြီးမေ လောက်မချစ်ပါ..)

    • Ma Ei

      June 1, 2012 at 11:07 am

      (ဒို့ ဘဂျီးစိန် မပါပါ…ဒါပေသိ ..ဒို့ဘဂျီးကိုလည်း ဒို့ကြီးမေ လောက်မချစ်ပါ..)
      မောင်ဂီ…ပြောချင်တာပြော
      ရေးချင်တာရေး နေတဲ့ထဲမှာ…
      အဲ့ စာ အကြိုက်ဆုံးဘဲ…

  • ဦးဦးပါလေရာ

    June 1, 2012 at 9:19 am

    အပေါ်ဆုံးက အကြံပြုချက်ဖိတ်ခေါ်တာမျိုး ကဏ္ဍစုံအတွက် လိုအပ်ပါတယ်။
    အဲဒီအကြံပြုချက်တွေကို ဘယ်သူက ဖတ်မယ်နားထောင်မယ်ဆိုတာလဲ ရှိပါသေးတယ်။

    ကျုပ်တက္ကသိုလ် တတိယနှစ်တုန်းက-
    ကဗျာတပုဒ်ကို မြန်မာစာသင်တဲ့ဆရာက ဖွင့်ဆိုရှင်းပြရာမှာ
    ကျုပ်နဲ့ သဘောမတူဘူး၊ မတိုက်ဆိုင်ဘူး…
    အဲဒါနဲ့ အတန်းထဲမှာတင် ပြန်ကန့်ကွက်ဆွေးနွေးမိတော့
    (တောင်ငူဆောင်ဟောတွေက ရှည်တော့ နောက်ဆုံးတန်းကကျောင်းသားက ရှေ့ဆုံးကဆရာကို ဆွေးနွေးတာ နဲနဲတော့ အော်ပြောရတာပေါ့နော…)
    မျက်နှာကြီးနီ ဒေါသတွေဖြစ်သွားတဲ့ဆရာက
    သူပြောတာပဲအမှန်လို့ မျက်စိမှိတ်ဖင်ပိတ်ငြင်းတဲ့အပြင်
    မင်းတို့မေဂျာကကောင်တွေ မြန်မာစာ မြန်မာကဗျာကို ဘယ်လောက်နားလည်လို့လဲ..
    တတ်တယ်ထင်ရင် မဲဇာတောင်ခြေရတုကို အသံမှန်အောင် ဖတ်ပြစမ်း…လို့ မဲတယ်..။
    ကျုပ်က ကျန်တဲ့ကျောင်းသားတွေ ဆက်အမဲခံရမှာစိုးလို့ အလျှော့ပေးပြီး အတန်းထဲကထွက်သွားလိုက်ပါတယ်။
    အဲဒါဟာ ကျုပ်ဘဝမှာနောက်ဆုံးတက်ခဲ့တဲ့ မြန်မာစာအတန်းပါပဲ…။

    ဒီမှာ ပြောချင်တာကတော့ ပြည်သူ့အသံကို ဘယ်လိုနားမျိုးနဲ့နားထောင်မှာလဲ ??
    အဲဒါလေးလဲ ထည့်စဉ်းစားကြပါ လူကြီးမင်းတို့ခင်ဗျား….

    ဘာပဲဖြစ်ဖြစ် လက်ရှိအပြောင်းအလဲလေးတွေကိုတော့ လက်ခုပ်တီးပေးလိုက်ပါတယ်။

    ရပ်နိုင်ပေ့ …. ရပ်နိုင်ပေ့ ….
    ဖြောင်း… ဖြောင်း… ဖြောင်း…

  • windtalker

    June 1, 2012 at 9:30 am

    အင်မတန်ကို မင်္ဂလာ ကျက်သရေအပေါင်းနဲ့ပြည့်စုံလှသော သတင်း ကောင်းလေးတွေပါ။ ပြီးပြည့်စုံတဲ့ ဒီမိုနိုင်ငံတော်ဖြစ်ဖို့ နိုင်ငံသူားများဘက်ကလဲ ဝိုင်းဝန်း ပါဝင်ကြရမှာပေါ့ဗျာ။

  • kyeemite

    June 1, 2012 at 9:52 am

    မကောင်းတာတွေ မကောင်းဘူးလို့ ပြောခွင့်ရချင်သလို
    ကောင်းတာတွေကိုလည်း ကောင်းပါတယ်လို့ ဖော်ထုတ်ချီးကျူးပေးရပါမယ်။
    ဒါဟာ ပြည်သူတွေရဲ့ တာဝန်ပါ။
    မတ်တပ်စမ်းရပ်ကာစ ကလေးကို ရပ်နိုင်ပေ့ရပ်နိုင်ပေ့ လို့
    ဘေးက အားပေး လက်ခုပ်တီးကြရင် ကလေးဟာ အားရှိ ပြီး သူ့ခြေပေါ် ရဲရဲရပ် နိုင်လာပါမယ်။

    ဒီအချက်ကိုတော့ အပြည့်အဝသဘောတူပါတယ်ဗျို့…
    ဦးပုဒုံမာခေါင်းစဉ်ပေးပုံလေးတော့ တစ်ကယ်နှစ်သက်မိပါတယ်..
    ပြည်သူတွေရဲ့တာဝန် ကိုကြေအောင်ထမ်းဆောင်ကြပါစို့…

  • eipu

    June 1, 2012 at 10:20 am

    ရေရှည်တည်တံ့ခို်င်မြဲပါစေ…..

  • ahnyartamar

    June 1, 2012 at 10:24 am

    ဒီမိုကရေစီဆိုတာနဲ့ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေလို ရေမီးစုံသား၊ကြာမျိုးငါးပါးနဲ့
    ပြီးပြည့်စုံတဲ့ဘဝကို အပ်ချလောင်းဆိုပြီး ရောက်သွားမှာမဟုတ်ပါဘူး။
    မကောင်းတာ မသင့်တာတွေကို ပြည်သူက ဝေဖန်ခွင့်ရတဲ့အတွက်
    နောင်ကို ပြည်သူအများကောင်းဖို့ အများသဘောတူရာလမ်းကို
    ရွေးချယ်လုပ်ခွင့်တွေရလာတာ ဒီမိုကရေစီ အနှစ်သာရလို့ဆိုချင်ပါတယ်။
    မကောင်းတာတွေ မကောင်းဘူးလို့ ပြောခွင့်ရချင်သလို
    ကောင်းတာတွေကိုလည်း ကောင်းပါတယ်လို့ ဖော်ထုတ်ချီးကျူးပေးရပါမယ်။
    ဒါဟာ ပြည်သူတွေရဲ့ တာဝန်ပါ။
    မတ်တပ်စမ်းရပ်ကာစ ကလေးကို ရပ်နိုင်ပေ့ရပ်နိုင်ပေ့ လို့
    ဘေးက အားပေး လက်ခုပ်တီးကြရင် ကလေးဟာ အားရှိ ပြီး သူ့ခြေပေါ် ရဲရဲရပ် နိုင်လာပါမယ်။
    ဒီကနေတဆင့် တစ်လှမ်းချင်းလျှှောက်လို့ တာတိုတာဝေးအပြေးသမားဘဝနဲ့ ပြေးပွဲတွေပါဆင်နွဲနိုင်လာပါလိမ့်မယ်။
    ဒါကြောင့် တစ်နှစ်နဲ့ တစ်လသားရှိပြီဖြစ်တဲ့ အစိုးရသစ်ရဲ့
    ကောင်းတဲ့ အပြုအမူလေးတွေကို ရပ်နိုင်ပေ့ရပ်နိုင်ပေ့လို့
    ကျွန်မတို့ ရွာသူရွာသားတွေက လက်ခုပ်တီးပေးကြရအောင်။

    ဟုတ်ပါတယ် အစ်မကြီးရေ…ကျတော်တော့ စည်းချက်ညီညီ လက်ခုပ်တီးလိုက်ပါပြီ။

  • Ma Ei

    June 1, 2012 at 11:02 am

    ပဒုမ္မာရေ …
    ဖိတ်ခေါ်တာက ဖိတ်ခေါ်တာပါဘဲ…
    ထမီဝတ်တဲ့ ယောက်ျားတွေရဲ့ စကား ဆိုတော့လေ…

  • nozomi

    June 1, 2012 at 12:21 pm

    အစိုးရကိုလဲ ချစ်တယ်
    အန်တီလေး ပဒုမ္မာကိုလဲ ချစ်တယ်
    ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • မမေးတာထက်စာရင် မေးတာက တော်သေးတာပေါ့။
    အသိမပေးတာထက်စာရင် အသိပေးတာက ခံသာတာပေါ့။
    ဒီလိုဘဲကောင်းတဲ့ဘက်ကလှည့်တွေးပါတယ်။
    နောင်ဆိုရင်ပြောခွင့်ရမှာပေါ့နော်။.

  • blackchaw

    June 1, 2012 at 12:41 pm

    အစ်မရေ။
    ပြောင်းလဲလာတာတွေကိုတော့ မသိချင်ယောင်ဆောင်ပြီး
    မပြောင်းလဲ နိုင် သေးတာတွေကိုပဲ ထောက်ပြဝေဖန်နေကြတာ မတရားဘူးလို့
    ကျွန်တော်လည်း ယူဆပါတယ်။
    အရင်တုန်းက ဖန်ခွက်ထဲမှာ ရေတစ်စက်မှ မရှိရာကနေ
    အခု ဖန်ခွက်ထဲမှာ ရေတစ်ဝက်လောက် ရှိလာခဲ့ပြီပေါ့..။
    ချက်ခြင်းကြီး မပြည့်လို့ ဝိုင်းပြီး အပြစ်ပြောနေတဲ့ အဆိုးမြင်သမား အဖြစ်ခံကြမလား…။
    ကျွန်တော်ပြောချင်တာက
    ပြည့်ဖို့ အရင်ကထက် နီးလာတယ် ဆိုပြီး အကောင်းမြင်ကြပါစို့ဗျာ။
    ဒီပို့စ်လေးက ကျွန်တော် ပြောချင်နေတာတွေနဲ့ တစ်ထပ်တည်းပါပဲ ဗျာ။

  • ဓါးငမိုး

    June 1, 2012 at 12:48 pm

    ဟုတ်ပါတယ် အန်တီရေ ..
    ကျနော်တို့ မြန်မာပြည်ကြီးက ဒီမိုကရေစီဆိုတဲ့ မြေပြင်ကြီးပေါ်မှာ
    မတ်တပ်ရပ်နိုင်ကာစ ကလေးငယ် လိုပါပဲ ..
    ခုလည်း လက်တွေ့ကျကျ လုပ်နေတာတွေကို မြင်တွေ့ရတော့
    ဝမ်းလည်း သာမိတယ်ဗျာ ..

    အန်တီ ပြောသလိုပဲ ..
    ဘေးကနေ လက်ခုပ်လက်ဝါးတီးပြီး အားပေးပါတယ် ..
    ဒီအတိုင်းသာ ဆက်သွားရင်တော့ ကျနော်အနေနဲ့ ပြောရရင်
    မအိုခင်မှာ ဒီမိုကရေစီ စစ်စစ်၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး
    ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေတဲ့ မြန်မာပြည်ကြီးကို မျက်ဝါးထင်ထင် မြင်သွားနိုင်လောက်ပါတယ် …

    ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ Applause ပါ …
    ဒီမိုကရေစီ အစိုးရ အဖွဲ့ကြီးခင်ဗျာ ….

  • Ch@vez

    June 1, 2012 at 1:02 pm

    ပြောချင်လို့ တည်ထားခဲ့ဖန်ခွက်ကိစ္စလေး
    ဆက်စပ်လို့
    ဘဘဘလက် လည်း လာပြီဆိုတော့ ပြောကြည့်ရအောင်နော…

    ကျနော်ပြောတဲ့ ခွက်ကို re-shape / resize လုပ်ရမယ်ဆိုတာ…
    ကျနော်တို့ ပြောင်းဖို့ လိုတယ် ပြောချင်တာပါ…။
    ဟုတ်ကဲ့ ရေတော့ ရှိလာပါပြီ ….။

    ခွက် က ဘယ်လောက်ထည့်ထည့် မပြည့်တဲ့ ခွက် ဖြစ်နေလို့မရပါဘူး..
    လိုက်လျောညီထွေ ဖြစ်တဲ့ ခွက် ဆိုက်ဇ် ဖြစ်ရပါမယ်။ နေရာတကာ
    ၁၀၀% ဖြစ်ရေး အော်နေရင် နက်ဖြန် ယပက်လက်ကိုကျော်တက်
    သဘက်ခါ စလုံးနဲ့ တန်းတူ လို့ ထင်နေ လုပ်နေ မျှော်နေရင်တော့ ….

    အလားတူပဲ
    ရှိတဲ့ အနေအထားကိုလည်း ကျေနပ် နှစ်သိမ့်မနေဘဲ …
    ခွက်ဆိုက်ဇ်ကို game theory နဲ့ တဆင့်ချင်းစီ တက်ယူရမယ် လို့လည်း
    မြင်ပါတယ် … ပျော့ပြောင်းရပါမယ်။

    ခွက် က ရေ ကို မယုံရဲသေးသလို ရေကလည်း ဒီခွက် ငါနဲ့ တန်ရဲ့လား
    တွေးမှာအမှန်ပါ …။

    တဆင့်ချင်းစီ သွားရမှာ ဖြစ်သလို နှေးကွေးလေးလံနေလို့လည်း မရပြန်ပါဘူး
    ဘာလို့လဲ ဆို ကမာ္ဘ ပြားနေလို့ပါ။

    ဘာလို့ ကမာ္ဘပြားလဲ ဆို
    မသိပါဘူး ..သဂျီးပြောလို့ လိုက်ပြောကြည့်တာပါ..
    အာ..ဟိ

    ခင်တဲ့
    ဂီ

  • pooch

    June 1, 2012 at 1:09 pm

    ဝမ်းသာပါတယ်ဒေါ်ဒေါ် ။ ကျမလည်း ဖတ်လိုက်ရပါတယ်။

    အတွေးစိတ်ကူးတွေကို စကားလုံးတွေ ဖြစ်အောင် ဖန်တီး၊ ပြီးရင် action ဖြစ်အောင် အသက်သွင်းရမယ်လို့ မာဂရက်သက်ချာရဲ့ ကားကိုု ကြည့်တုန်းက ကြားခဲ့ပါတယ်။ အခုတော့ အတွေးတွေကို စကားလုံးတွေ ဖြစ်အောင် လုပ်နေပြီ ။ အသက်ဝင်မဝင်ကတော့ စောင့်ကြည့်ရအုန်းမှာပေါ့နော်။

    သို့သော် လမ်းကြောင်းမှန်တခုပေါ် ခြေချလာတဲ့အတွက် အလွန်ဝမ်းသာပါကြောင်းနဲ့ လက်ခုပ်လက်ဝါးတီး အားပေးထောက်ခံပါတယ်။ ရှေ့ဆက်ဒီအတိုင်းပဲ တလှမ်းချင်း ချီတက်စေချင်ပါတယ်။

    ဘဘကြီးလည်း ကျန်းမာပါစေ ။ အမေစုလည်း ကျန်းမာပါစေ။

    • Azzurri

      June 1, 2012 at 1:16 pm

      လုပ်သင့်တာကို ဖြစ်အောင်လုပ်ရမယ် အပြောင်းအလဲ ကို လိုက်လျောညီထွေ ပြုရမယ်လို့
      ဝင်စတန်ချာချီရဲ့ ကား ကြည့်တုန်းက ကြားခဲ့ပါတယ်။ အခုတော့ အပြောင်းအလဲတွေ ဖြစ်အောင် လုပ်နေပြီ ။
      အသက်ဝင်မဝင်ကတော့ စောင့်ကြည့်ရအုန်းမှာပေါ့နော်။

      သို့သော် လမ်းကြောင်းမှန်တခုပေါ် ခြေချလာတဲ့အတွက် အလွန်ဝမ်းသာပါကြောင်းနဲ့ လက်ခုပ်လက်ဝါးတီး ဖို့ လက်ဖွား ပွတ်ရင်း စောင့်ကြည့်အနေအထားနဲ့ အားပေးထောက်ခံပါတယ်။ ရှေ့ဆက်ဒီအတိုင်းပဲ တလှမ်းချင်း
      ချီတက်စေချင်ပါတယ်။

      ဒို့ဘကြီးစိန်လည်း ကျန်းမာပါစေ ။ ဒို့ကြီးမေလည်း ကျန်းမာပါစေ

      :mrgreen:

      • pooch

        June 1, 2012 at 2:18 pm

        ဘာဖြစ်နေတာလဲ မစ္စတာချီးဖတ် ခေါ် ချဉ်ဖတ် ။ အတော်ဂျိုကြွနေပါလား ။ နည်းနည်းလေးမှ ကြည့်လို့မရတော့ဘူး ။ 👿

        ခွင့်လွှတ်ပါဒေါ်ဒေါ်။ ဒင်းက တွေ့တဲ့ေ နရာလိုက်ရန်စနေလို့ပါ။

        • Azzurri

          June 1, 2012 at 2:23 pm

          သများ တကယ်ကျိခဲ့တဲ့ ကားပါအေ …
          http://en.wikipedia.org/wiki/Into_the_Storm_(film)

          အန်ကယ်ဒုံရေ အဲ့ဒါသာကြည့် …
          တူလည်း အင်ဂလိကန် ဝံဂျီးဂျုပ်ဟောင်း ပြောတာကို ရီဖားလုပ်တယ်..
          သများလည်း အင်ဂလိကန် ဝံဂျီးဂျုပ်ဟောင်း ပြောတာကို ရီဖားလုပ်တယ်..

          ဘယ်မှာ ရန်စလို့တုန်းရယ်…

  • blackchaw

    June 1, 2012 at 2:24 pm

    ညီလေးဂီရေ။
    ဖန်ခွက်ထဲက ရေတစ်ဝက် နဲ့ ပတ်သက်တဲ့
    အကောင်းမြင် အဆိုးမြင် ကိစ္စကတော့
    ကိုယ်တို့လို လူအိုကြီးတွေရဲ့ အမြင်ဟောင်းလေးပေါ့ကွာ…။
    အဲဒါနဲ့ပတ်သက်လို့ အမြင်သစ်တစ်ခုလည်း ရှိနေပြန်တယ်ဗျ…။
    နည်းနည်းလေး ရေးပြခွင့်ပြုဗျာ…။
    ဖန်ခွက်ထဲမှာရှိတဲ့ ရေတစ်ဝက်ကို မြင်ကြတဲ့ လူနှစ်ယောက်ရှိတယ်…။
    အိုကေ.. အဲဒါက ဘာမှ မဆန်းဘူး…။
    အဆိုးမြင်နဲ့ အကောင်းမြင် … ၂ ယောက်ပေါ့။
    ဒါပေမယ့် အဲဒီဖန်ခွက်ထဲကို ရေဖြည့်ဖို့ တာဝန်ယူထားတယ်ဆိုတဲ့လူတစ်ယောက်
    ရှိနေခဲ့မယ်ဆိုရင်တော့ အခြေအနေက တစ်မျိုးဖြစ်သွားပြီဗျာ။
    ရေပြည့်အောင်ဖြည့် ဖို့ တာဝန်ယူထားပါလျက်နဲ့
    ဖြည့်နိုင်လောက်အောင် အရည်အချင်းက မရှိ၊
    ဖြည့်နိုင်လောက်တဲ့လူကို တာဝန်လွှဲပြောင်းပြီးလည်း မပေးချင်၊
    (တနည်းပြောရရင် နေရာမဖယ်ပေးချင်တာပေါ့ခင်ဗျာ)
    အဲဒီလို အခြေအနေဖြစ်လာပြီဆိုရင် တာဝန်ရှိသူဟာ
    အကောင်းမြင်သမားကို မြှောက်ပင့်ပေးမယ်…။
    အဆိုးမြင်သမားကို နှိပ်ကွပ် မယ်…။
    တာဝန်ရှိတဲ့လူက သူ့အားနည်းချက်ကို ကာကွယ်မယ်…။
    ဟုတ်ပါပြီ…။
    အခု တာဝန်ရှိတဲ့ အစိုးရရယ်
    အကောင်းမြင်ပြည်သူရယ်
    အဆိုးမြင်ပြည်သူရယ်
    ဘက် ၃ ဘက် ရှိနေပြီဗျာ…။
    ကျန်တာကတော့ ကိုယ့် အတွေးနဲ့ ကိုယ်ပါပဲ…။
    ဒါ ကျွန်တော့်ရဲ့ ကို်ယ်ပိုင်အမြင်တော့ မဟုတ်ပါဘူး။
    ဦးနှောက်သေးသေးလေးနဲ့ ဟိုလျှောက်ဖတ် ဒီလျှောက်ဖတ် လျှောက်ဖတ်ထားတာလေးတွေ
    လူအထင်ကြီးအောင် ဝင်ပွားနေတာပါ…။
    ဘယ်လိုပဲဖြစ်ဖြစ်
    ညီလေးရဲ့ အမြင်လေးကိုလည်း
    လေးစားစွာနဲ့ ကြိုက်နှစ်သက်သွားပါတယ်ဆိုတဲ့ အကြောင်း…။
    လေးလေးစားစား ခင်ခင်မင်မင်
    ဘဘဘလက်။
    အစ်မပဒုမ္မာရေ… ပို့စ်လေးကို နှောက်ယှက်သလိုဖြစ်သွားရင် ခွင့်လွှတ်ပါ ခင်ဗျ…။

  • ငပွကြီး

    June 1, 2012 at 4:20 pm

    မကောင်းမြင်တယ်လို့ပြောလဲ ခံရမှာပဲ…CDMA ဖုံးတွေ ညသန်းခေါင် မိနစ် ၂ဝ လောက်ပျက်မယ့်အကြောင်းကြေငြာတာကိုတော့ ကြီးကြီးကျယ်ကျယ် ဟန်ရေးပြ ဖင်ခေါင်းကျယ်တာလို့ဘဲမြင်တယ်
    ကျနော်တို့က နယ်မှာနေတာ မိုးလေးနဲနဲလောက်ချုန်းလိုက်ရင် ရှိသမျှ ဖုံးအကုန်လုံး ပိတ်ပိတ်သွားတာ ခဏခဏဘဲ ၁နှစ်ကိုအကြိမ်ပေါင်း၂ဝ မက ဖြစ်နေတာ…ဖုံးပျက်တာများ..ရိုးးးးဟိုးးးးဟိုးးးးနေပြီ
    ဒီနေ့နေလည်က့တောင် CDMA 450 တွေ ၁၅ မိနစ်လောက်ပျက်သွားသေးတယ်…

  • may flowers

    June 1, 2012 at 4:28 pm

    အမှန်တော့သတင်းစာတွေကို မဖတ်တာကြာပေါ့။ ဒီလိုမျိုးပြည်သူတွေကို ရှေ့တန်းတင်ပြီး ဖော်ပြ

    ချက်တွေ ရှိလာတာတော့ဝမ်းသာစရာပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 1, 2012 at 6:49 pm

    နောက်ကြောင်းတွေရှိခဲ့ဘူးတော့ လူယုံကြည်နည်းကြတာလားမပြောတတ်
    သက်ဆိုင်သူတွေအနေနှင့် တစ်စုံတစ်ယောက်ရဲ့အကြံပေးချက်ကို
    ပုဂ္ဂိုလ်အမည်တွေ ဖေါ်ပြပြီး အမှန်တကယ်လုပ်ပြတဲ့အကြောင်း
    သက်သေပြမယ်ဆိုရင်တော့ တစ်မျိုးတမည်ဖြစ်လာမလားဘဲ
    တစ်ခါတစ်လေကြတော့လည်း ဒီလူတွေက အသံကောင်းဟစ်တတ်တယ်
    ဒီလိုပြောလာတော့လည်း ဆြာကြီးလုပ်ပြခြင်သူတွေလည်းရှိသပေါ့
    ကျုပ်ကတော့ဘာမှမပြောတတ်ဘူး
    ဂေဇက်ထဲကမန်ဘာတွေ ကျုပ်ကို တစ်ယောက်ဆန်တစ်ပြည်ပေး ကျုပ်ရွာပြန်မယ် 😀 😀 😀

    • အရီး Khin Latt

      June 2, 2012 at 7:00 am

      အကယ်လား ။ နောက်တာလား။ အတည်ယူမှာနော်။
      လိပ်စာပေး။ ဆန်တစ်အိတ် ပို့လိုက်မယ်။ 😉

    • MaMa

      June 2, 2012 at 8:14 am

      ဦးကြီးပုရေ-
      ဆန်အိတ်စာရင်းထဲမှာ နောက်တစ်အိတ် တိုးထားလိုက်ပါ။ 🙂
      (ပို့ပေးမယ်ဆိုရင် မယုံမှာစိုးလို့ လာယူရမယ့်လိပ်စာပါ ရေးပေးမယ်။)
      ဆန်ဈေးတွေ ကျနေလို့ အရောင်းမြှင့်တင်ရေးလုပ်နေတာလား မသိပါဘူး။ 😉

  • MaMa

    June 2, 2012 at 6:54 am

    အပြစ်ပြောဖို့ လက်မနှေးတတ်တာ..
    ချီးကျူးဖို့ မေ့လျော့နေတတ်တာ…….. တွေကို သတိထားပြီး ပြုပြင်ရမယ်လို့ တွေးမိတယ်။
    ဘတ်ထ ဒီလောက်နဲ့တော့ လက်ခုပ်မတီးချင်သေးဘူး။

  • အရီး Khin Latt

    June 2, 2012 at 6:59 am

    နဲနဲ ဝင်ကွန့်ချင်သေး။
    တစ်ချို့ ကလေးတွေ က “ရပ်နိုင်ပေ့” “ရပ်နိုင်ပေ့” လို့ အားပေးကာမှ ဝါးကနဲ ငိုပြီး ထိုင်ချပါလေရော။
    နောက်တာနော်။
    အဲလို လုပ်နဲ့။ 😉

  • ကြောင်ကြီး

    June 2, 2012 at 8:28 am

    သက်ထုဒွင်းဝန်ကြီးဌာနကြေငြာချက်မှာ ဘော်ထည်ကုလား ဒန်အိုးဒန်ခွက်အစုတ်ဝယ်ဒဲ့ သူတွေဂို ဘာလို့ချန်ထားရသလဲ…သူတို့ဂမှ ဒဂဲ့အကြံဂေါင်း ပေးနိုင်မှာ… 🙄

  • thar ag

    June 2, 2012 at 8:42 pm

    သံတွဲမြို့ျမှ ာ ရေမီတာ တပ်ပေး ထားပြီးတော ရေမီတာ မကြည့်ဘဲ တလ ၁၅၀ဝ ကောက်နေတာ ကြာပါပြီ ရေများများ သုံသူတွေကျတော့ ျမီတာ ကြည့်ပြီးကောက်ပါတယ် ဘယ် လို လုပ်ကြမလဲ

  • တညင်သား

    June 2, 2012 at 10:06 pm

    ကြိုဆိုရမှာပါ သတ္တုတွင်း ဝန်းကြီးဌာနကစလို့ ဝန်ကြီးဌာန အားလုံး ဒီလိုပဲ ဆွေးနွေး ညှိနိင်း အကြံဉာဏ် ယူရမှာပဲ …ကောင်းမယ်ဆိုရင်လုပ်မယ် မကောင်းဘူးဆိုရင် ပယ်မှာပေါ့..နိင်ငံတော်ကြီး တိုးတက်ဖို့ အတွက်ပါ နာမည်ကြီးဖို့ မဟုတ်ပါဘူး..ဖယောင်းတိုင်ထွန်း ခံထားရတဲ့ ဝန်ကြီးလဲ ပြောဘူးတယ်ထင်ပါ့ ပညာရှင်ချင်း ဆွေးနွေးဖို့ကို …
    ဆိုတော့ကောင်းမွန်တဲ့ အလားအလာလို့ယူဆ မိပါတယ်..မယုံကြည်ဘူး ယုံကြည်တယ်ဆိုတာ ခေတ်စားနေတဲ့ စကားလုံး တခုမျှသာပါပဲ.. ကိုယ်တိုင်လဲ မ က တက် သူများကတော့လဲ ပတ်မ ကြီး ထိုးမဖောက်ချင်ကြပါနဲ့..
    ကြုံတုံးလေး… တူမလေးနေကောင်လား…:)

  • nature

    June 3, 2012 at 10:48 pm

    ကောင်းတဲ့လမ်းကိုလျှောက်ဖို့ဆန္ဒရှိသူတွေကိုကိုယ်သိလောက် အကြံပေးခြင်းဖြင့် ဝိုင်းဝန်းကူညီကြရင် အေးချမ်းသာယာတဲ့အနာဂတ်ကို ပိုင်ဆိုင်လာလိမ့်မယ်လို့ထင်မြင်မိပါတယ်။ အပြစ်တွေ ဝိုင်းတင်နေမဲ့အစား ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အဖြေကို စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းရှာဖွေအကြံပေးဖြေရှင်းကြရင် ပိုကောင်းမယ်လို့ထင်ပါတယ်။

  • အလင်းဆက်

    June 4, 2012 at 8:29 pm

    လက်ခုပ်တော့တီးချင်ပါတယ် ။

    တီးဖို ့ လက်တွေ ပျောက်နေတယ် ။

    တီးလိုက်ရင်လည်း…အသံတွေ ပျောက်သွားမယ် နဲ ့ တူပါတယ်လေ.။

  • padonmar

    June 4, 2012 at 9:34 pm

    အားရပါးရကချင်ပါသော်လည်း ကျန်းမာရေးကမကောင်းလို့ နေချားက ပြောသွားဖူးပါတယ်။
    အဲသလိုပဲ ကွန်မကောင်းတော့ပြန်မဆွေးနွေးနိုင်တော့ဘူး။

    ချစ်လှစွာသော သဂျီး မိန့်ဖူးသလို ငြင်းခုန်ခြင်းအနုပညာပါ။
    လွတ်လပ်စွာ ကွဲလွဲကြပါ။

    ဒီထဲရန်လာဖြစ်တဲ့ကလေး ၂ယောက်လည်း ပြန်ချစ်ကြပါ။
    ဘဘကြီးကိုလည်းချစ်ပါ ကြီးမေကိုလည်းချစ်ပါ။

    ဆန်တစ်ပြည်စီလည်း ဘပုအတွက် ကောက်နေပါတယ်။

    တူမလေးလည်း နေကောင်းပါတယ်။ချိုမိုင်မိုင် ဆော့နေပါတယ်။

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 4, 2012 at 10:48 pm

      ဒီလိုမှန်းသိရင် ဘုရားတည်ဘို့ ဆော်ဩဘာဒယ် အဒေါ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 4, 2012 at 10:47 pm

    မတူညီသော ဆိုလို့ပါ
    တစ်ခါတစ်လေ ဒီလိုအကြောင်းတွေမှာ ကိုယ်ဖိရင်ဖိပြောကြည့်ခြင်ပါသော်လည်း
    မိမိအနေနှင့် လူတို့သဘောအရ ဘာအဆင့်မှမရှိသူတစ်ဦးဖြစ်နေသည့်အတွက်
    သူများပြောတာတွေကိုသာ ဖတ်ရှု့မှတ်သားမိပါတယ်
    ဒါပေမယ့် ကိုယ်ကဉာဏ်ပညာနည်းလေတော့ ဆိုခဲ့ပြီးသလို ဒီအကြောင်းမှာ
    ကျုပ်သာ နည်းနည်းလေးပြာခွင့်ရခဲ့မယ်ဆိုရင်
    လူကြီးပိုင်းလို့ခေါ်မလား အစိုးရပိုင်းလို့ခေါ်မလား
    အဲ့သည်ပုဂ္ဂိုလ်တွေအနေနှင့် ယ္ခုလိုစကားတွေပြောလာတာ တော်တော်ဝမ်းသာစရာပါ လို့ပြောနိုင်ပါတယ်
    သို့သော်
    ( လွှတ်တော် ဆိုတာကြီးကို ကျော်ပြီး ဒီစကားတွေကို ပြောနေတာ )
    ဘယ်လိုမှတော့ သဘောမထားကြပါနဲ့ ဒီလောက်ဘဲတွေးနိုင်လို့ပါ

  • padonmar

    June 7, 2012 at 11:25 pm

    comment တွေထဲမှာ ဖနခွက်ထဲက ရေတစ်ဝက်အကြောင်းပါတော့ တိုက်တိုက်ဆိုင်ဆိုင်
    သူငယ်ချင်းဒေါက်တာစိုးမင်း (ဒီတစ်ယောက်က နိုင်ငံရေးသမားကြီး မဟုတ်ပါဘူး၊နာမည်ကျော် ငွေစန်းရောင်ခေါ် အမ်းမြို့က ဒေါက်တာစိုးမင်းလည်း မဟုတ်ပါဘူး) သူ့ရဲ့ မွေးနေ့အမှတ်တရရေးထားတဲ့ ကဗျာလေး ကောင်းလို့ မျှဝေပေးချင်ပါတယ်။ ရှည်လွန်းပေမယ့် သူများစာကို ဖတ်စေချင်ရုံနဲ့ post တစ်ခု မတင်ချင်လို့ပါ။ခံစားကြည့်ကြပါ။

    “ဖန်ခွက်ထဲက ရေ နှင့် တစ်ပို်င်းတစ်စ အတွေးများ”
    by Soe Min on Wednesday, June 6, 2012 at 7:15am ·

    ဖန်ခွက်ထဲက …
    ကြည့်ရခက်ပါဘိ…
    တစ်ဝက် တိတိ လျော့နေတာ…၊
    ဘာဖြစ်လို့ပါလိမ့်…၊
    တစိမ့်စိမ့်တွေး…။
    ……
    ဒါကတော့…၊
    မကောင်းမြင်သမားရဲ့ အတွေး နဲ့ အမြင်…။
    ……
    ပြင် တွေးလိုက်ပါ သူငယ်ချင်း…၊
    မင်း မြင်ရတဲ့…၊
    ဖန်ခွက်ထဲက ရေ…၊
    သေသေချာချာကြည့်…၊
    တစ်ဝက် တိတိ ရှိနေသေးတာပဲတဲ့…၊
    ခနဲ့တဲ့တဲ့ မတွေးပါနဲ့…၊
    တည့်တည့်တွေးရင်…၊
    တည့်တည့်လေး မြင်ပါတယ်တဲ့…။
    ဒီလို တွေးတတ်ပါစေ…၊
    ဒီလို မြင်တတ်ပါစေတဲ့…။
    ……
    ဒါကတော့…၊
    အကောင်းမြင်သမားရဲ့ အတွေး နဲ့ အမြင်…။
    ……
    မင်းတို့ မှားတယ်…၊
    သေသေချာချာတွက်…၊
    ရေ တစ်ဝက်…၊
    လေ တစ်ဝက်…၊
    ဖန်ခွက်ထဲမှာ…၊
    အခြေမပျက်ပါ…၊
    ဒါကတော့…၊
    ပကတိ အရှိအတိုင်းလက်ခံတတ်သူရဲ့ အတွေး နဲ့ အမြင်…။
    ……
    သူငယ်ချင်းတို့ (ရဲ့) ရေ…၊
    တစ်ဝက်လျော့…၊
    တစ်ဝက်ကျန်…၊
    ……၊
    ဘယ်ဟာမှန်သလဲ…၊
    အဖြေ ဆွဲလို့ မပြတ်…၊
    ဝေခွဲလို့ မတတ်…ဖြစ်နေတာလား…။
    ……
    သူငယ်ချင်းတို့ (ရဲ့) ရေ…၊
    လျော့ နေ…၊
    ကျန် နေ…၊
    ဘယ်ဟာမှန်လေသလဲ…၊
    ကိုယ် တော့ မဝေခွဲတတ်တာ အမှ…။
    ဝေဖန်ရင်လဲ…ခံဖို့ အသင့်ပါ…။
    ……
    ဒါပေမဲ့…
    သူငယ်ချင်းတို့ (ရဲ့) ရေ…
    သေချာပြန်ကြည့်၊
    ကျန်ရှိ နေသေးရဲ့လား…၊
    ဘယ်ရောက်သွားသလဲ…၊
    ……
    ……
    ဆိုပါရစေ…?
    ကိုယ် ကလေ…?
    ညှိုးငယ်၊ ငြိုညင်…၊
    အဆိုးမြင်သမား တစ်ယောက် ရယ်လို့လည်း မခံယူထားပါ…၊
    ကိုယ်ကလေ…
    အကျိုး အကြောင်း ဆင်ခြင်…၊
    အကောင်းမြင်သမားလည်း မဟုတ်တန်လောက်ပါ…၊
    ……
    ……
    ဆိုပါရစေတော့…၊
    ကိုယ်ကလေ…
    ရေ တစ်ဝက်လျော့…၊
    ရေ တစ်ဝက်ကျန်…၊
    ဝေခွဲရန် မတတ်သာ…၊
    ……
    သို့ပါသော်လည်း…
    တစ်ကိုယ်တည်း အတွေးက…
    ကိုယ် တတ်ထားတာ လေးတွေတော့ရှိပါရဲ့၊
    အဲဒါကတော့…
    ……
    ပေါင်း ပြီး စားရမလား…၊
    ချောင်း ပြီး စားရမလား…၊
    တောင်း ပြီး စားရမလား…၊
    ထောင်း ပြီး စားရမလား…။
    ……
    ဟောက် ပြီး စားရမလား…၊
    ချောက် ပြီး စားရမလား…၊
    မြှောက် ပြီး စားရမလား…၊
    ထောက် ပြီး စားရမလား…။
    ……
    ကွက် ပြီး စားရမလား…၊
    တွက် ပြီး စားရမလား…၊
    ဖွက် ပြီး စားရမလား…၊
    ဖျက် ပြီး စားရမလား…။
    ……
    ဖြီး ပြီး စားရမလား…၊
    ရွှီး ပြီး စားရမလား…၊
    စီး ပြီး စားရမလား…၊
    အပြီး အစီး စားရမလား…။
    ……
    ဟန့် ပြီး စားရမလား…၊
    လှန့် ပြီး စားရမလား…၊
    ကန့် ပြီး စားရမလား…၊
    ဖြန့် ပြီး စားရမလား…။
    ……
    တွဲ ပြီး စားရမလား…၊
    ခွဲ ပြီး စားရမလား…၊
    ဆွဲ ပြီး စားရမလား…၊
    လွှဲ ပြီး စားရမလား…။
    ……
    စု ပြီး စားရမလား…၊
    လု ပြီး စားရမလား…၊
    ခု ပြီး စားရမလား…၊
    ညု ပြီး စားရမလား…။
    ……
    အတူ စည်း စားရမလား…၊
    ယူ ပြီး စားရမလား…၊
    ချူ ပြီး စားရမလား…၊
    မြူ ပြီး စားရမလား…။
    ……
    မလှုပ်၊ မနိုင်၊ လင့် နေရသူတွေကို…
    ချုပ် ကိုင် ဆင့် မွှေ ပြီး…
    လုပ်ပိုင်ခွင့် တွေနဲ့ စားရမလား…။
    ……
    ထားပါတော့လေ…
    ကိုယ်ဟာ…၊
    မတွေ့ ရင် ဖွေရှာ…၊
    တွေ့တာကိုပါ မလွှတ်တဲ့အပြင်…၊
    ဘာကိုမှ မငဲ့ မလင့်…၊
    အသင့်ပေးထား ရင်…၊
    မချင့် မတွေး…၊
    မဖင့် မနှေး စားတတ်တဲ့…၊
    အခွင့်အရေးသမား တစ်ယောက်ရယ်ပါ…။
    ……
    ဆွေး…နေ…၊
    မေး…နေ…၊
    တွေး…နေ တဲ့…၊
    သူငယ်ချင်းတို့ ရေ…
    ဘာပဲ ဖြစ်ဖြစ်လေ…၊
    အတွေးထူး တွေ နဲ့ အတူ…၊
    အဲဒီ ရေ တစ်ဝက် အတွက်…၊
    ကျေးဇူး…ပါ။
    ……
    ……
    တစ်လက်စ တစ်ခါတည်း…
    အထဲမှာ ရေ မကျန်တော့တဲ့အတွက်…
    မချန်ရက်တဲ့ အတွေးနဲ့…
    ဖန်ခွက်လေးပါ ယူသွားလိုက်ပါတယ်…။

    စိုးမင်း

    ၆-၆-၂၀၁၂

    အင်တာနက်မှ ရသော ဓါတ်ပုံမှတစ်ဆင့် စိ်တ်ကူးပုံဖော်ပါသည်။

  • အရီး Khin Latt

    June 8, 2012 at 3:04 am

    ကောင်းလိုက်တဲ့ အတွေးကဗျာ ပါဘဲ အစ်မရေ။

    ကိုယ့်ဟာကိုယ်တွေးနေမိတာက
    {{ ဖြီး ပြီး စားရမလား…၊
    ရွှီး ပြီး စားရမလား…၊
    စီး ပြီး စားရမလား…၊
    အပြီး အစီး စားရမလား…။}}}

    အကြိုက်ဆုံးက နောက်ဆုံးစာကြောင်း က “ဖန်ခွက်လေးပါ ယူသွားလိုက်ပါတယ်” ဆိုတာဘဲ။

    အဲဒီတော့
    ကိုယ့်စိတ်ကြိုက် တစ်ဝက်ဖြည့်လဲရ၊ အပြည့်ဖြည့်လဲရ။ (အကောင်းမြင်)
    ရေမရှိတော့ရင် ဘယ်လို ဖြည့်လို့ ရတော့မှာလဲ။ (အဆိုးမြင်)
    ရှိရင်ဖြည့်လိုက်၊ မရှိရင်ဒီအတိုင်း ကိုင်ထား။ (ပကတိ အမြင်) 😆

  • padonmar

    October 10, 2012 at 9:20 pm

    ဒို့ ဘကြီးစိန် နိုဘယ်ဆု ဆန်ကာတင် ၅ယောက်ထဲပါတယ်ဆိုလို့ လက်ခုပ်တီး အားပေးစရာရှာတော့ ကိုယ်ရေးထားတာပဲ အလွယ်တကူတွေ့လို့ တူးဆွလိုက်ပါတယ်။

    ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ရဲ့ လုပ်ဆောင်ချက်တွေကလည်း အားရစရာပါပဲ။

    ဒို့တိုင်းပြည်ကြီး ရောင်နီတွေ လင်းလက်လာပါပြီ။

Leave a Reply