Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗားရှင်းအဆင့်ဆင့် မြှင့်ကြလေကုန်သည် မှတ်ပေရော့

သူရႆဝါJune 1, 20122min4467

နည်းပညာများ တိုးတက်နေသည်။ ထို့အတူ နည်းပညာ များနောက် တကောက်ကောက် လိုက်ရရှာသော လူများလည်း တိုးတက် နေသည်မှာ အထင်အရှား။ အထူးသဖြင့်တော့ ကျွန်တော်တို့ မြန်မာတွေ။ ကျွန်တော်တို့ မြန်မာများ ဖြတ်ထိုးဉာဏ် ကောင်းသည်၊ ဖြစ်သလို လုပ်တတ်သည် ဆိုတာကို ကမ္ဘာသိ ဖြစ်၏။ အခု ကျွန်တော်တို့ တွင်တွင်ကျယ်ကျယ် သုံးကြသော ဇော်ဂျီကြီး ပေါ်မလာ ခင်တုန်းက တစ်ယောက်နှင့် တစ်ယောက် Chatting လုပ်ချင်လျှင် အင်္ဂလိပ်လို ပြောရင်ပြော၊ မဟုတ်လျှင် မြန်မာ အသံထွက်ကို အင်္ဂလိပ်လို ဖြစ်အောင် ပေါင်းပြီးပြော။ ဥပမာ – နေကောင်းလား ဆိုလျှင် Nay Kaung Lar ပေါ့။

အဲဒါကို ကျွန်တော်တို့ အလွယ်တကူ စွဲစွဲမြဲမြဲ ကျင့်သုံး ခဲ့ကြသည်။ အောင်မယ် .. တရားဝင် ဖြစ်သွားအောင် နာမည်တောင် ပေးလိုက် သေးသည်။ မြန်းဂလစ်ရှ် သို့မဟုတ် ဘားဂလစ်ရှ် ပါတဲ့။ ကျွန်တော်တို့၏ ဇော်ဂျီကြီး ပေါ်လာတော့ အချို့လည်း မြန်မာလို စာရိုက် ကျင့်၍ မြန်မာလိုသာ Type ကြတော့သည်။ အချို့ကတော့ မြန်းဂလစ်ရှ် နှင့်ပင် ဆက်လက် လှုပ်ရှား ကြသည်။ ကျွန်တော် ပြောသလို နည်းပညာ တိုးတက် လာသလို လူတွေလည်း တိုးတက် လာသည်ကို အဲဒီမှာ အထင်အရှား မြင်ရ လေတော့သည်။

ဆော့ဖ်ဝဲများ ဗားရှင်း မြှင့်သလို လူတို့ သည်လည်း ခါတိုင်း ပြောနေကျ ရိုက်နေကျ မြန်းဂလစ်ရှ်ကို လိုက်လံ၍ ဗားရှင်း မြှင့်ခြင်း အမှုကို ပြုလုပ်လိုက် ကြလေ၏။ ဘယ်လိုများ လုပ်ကြ ပါသနည်း။ မြန်မာ အသံထွက် များကို အင်္ဂလိပ် စာလုံးများဖြင့် ပေါင်းစည်း၍ တိုက်ရိုက် အသံ ဖလှယ်ရာမှ တစ်ဆင့် တက်ကာ တချို့ စာလုံး များကို မြန်မာ အသံထွက်အား အင်္ဂလိပ် အဓိပ္ပါယ်သို့ တိုက်ရိုက် ဖလှယ်ကာ တိုးမြှင့် သုံးစွဲ ကြသည် ဖြစ်လေ၏။ တလောက သူငယ်ချင်း ကောင်မလေး တစ်ဦးက သူ့အား အခြားသူ တစ်ဦးက အွန်လိုင်းတွင် Offline Message ပို့သွားသော စာကို ကျွန်တော့်အား သူမဖတ်တတ်ဘူး ဟုဆိုကာ လာပြလေ၏။ စာကို ကြည့်လေ မိတ်ဆွေ။

“ Yesterday Ka Nint Si Ko Phone Call Small Tal .. Nin Without Shi Buu … So, Sate Ma Tall Loh Message Send Lite Tar .. Tomorrow Meet Kya Mal Nor ” တဲ့။
ကျွန်တော် ကြိုးစား ပမ်းစား ဘာသာပြန် ပေးပါသည်။

“အင်း .. Yesterday (မနေ့) Ka (က) Nint (နင့်) Ko (ကို) Phone (ဖုန်း) Call (ခေါ်) .. မနေ့က နင့်ကိုဖုန်းခေါ် Small .. Small .. မနေ့က နင့်ကို ဖုန်းခေါ်စမောလ် .. အာ .. ဘယ်လိုကြီးပါလိမ့်”
ကျွန်တော် ခေါင်းကိုက် လေသည်။ ဒါနဲ့ သေချာ ပြန်တွေး ကြည့်ရသည်။ Small ဆိုတာ ငယ်တာ .. သေးတာ .. သေးတာ .. ဟား ဟုတ်ပြီ။ စမောလ် ဆိုတာ သေးတာကို ဆိုလိုခြင်း ဖြစ်ရမည်။

“မနေ့က နင့်ကိုငါ ဖုန်းခေါ်သေးတယ် .. Nin Without Shi Buu ဆိုတာ .. နင်မရှိဘူးလို့ ဆိုလိုတာ၊ So (ဒီတော့) Sate (စိတ်) Ma (မ) Tall .. အဲ .. စမောလ်က သေးတာ ဆိုတော့ တောလ် ဆိုတာ ရှည်တာကို ဆိုလိုတာ ဖြစ်မယ် .. ဒီတော့ Tall (ရှည်) Loh (လို့) .. အားလုံး ပေါင်းတော့ စိတ်မရှည်လို့ Message Send Lite Tar ဆိုတာက မက်ဆေ့ချ် ပို့လိုက်တာ၊ Tomorrow ဆိုတာက မနက်ဖြန် .. Meet Kya Mal Nor က တွေ့ကြမယ်နော် .. ဒီတော့ အားလုံးပေါင်းပြီး ဘာသာပြန် လိုက်ရင် မနေ့က နင့်ကို ဖုန်းခေါ်သေးတယ်၊ နင်မရှိဘူး၊ စိတ်မရှည်လို့ မက်ဆေ့ချ် ပို့လိုက်တာ လို့ ပြောတာ ဟေ့”

ကိုင်း … ဗားရှင်း မြှင့်ထားသော မြန်းဂလစ်ရှ်မှာ ပို၍ ပို၍ မရှင်း ပေဘူးလား၊ မလင်း ပေဘူးလား၊ မမြန် ပေဘူးလား၊ မတိကျ ပေဘူးလား။ သေး ဆိုတာကို တိုက်ရိုက် အင်္ဂလိပ် အဓိပ္ပါယ် Small ဟု ယူ၍ ဖုန်းခေါ်သေးတယ် ဆိုတာကို Phone Call Small Tal ဟူပေ၏။ ရှည် ဆိုတာကို အင်္ဂလိပ် အဓိပ္ပါယ် Tall ဟု တိုက်ရိုက် ယူ၍ စိတ်မရှည် ဆိုတာကို Sate Ma Tall ဟူပေ၏။ နောက်တစ်ခု ထပ်၍ ပြသ ပါဦးမည်။

“Nay Ma Kg Yin Medicine Drink Nor .. P Yin Saw Saw 8”
“နေမကောင်းရင် ဆေးသောက်နော်၊ ပြီးရင် စောစောအိပ်” တဲ့။ သူ့အတွေးနှင့် သူတော့ မှန်သည်။ Medicine ဆိုတာ ဆေး၊ Drink က သောက်တာ .. ဒီတော့ Medicine Drink ဆိုတာ ဆေးသောက်ဟု ပြောခြင်း ဖြစ်သည်။ Take Medicine လို့ စိတ် အပင်ပန်း ခံပြီး တွေးမနေတော့။ ပြီး ဆိုတာကို ပီးဟု အသံထွက်ပြီး P ကို သုံး၍ ရေးကာ အိပ်ဆိုတာကို Sleep ဟု မရေး တော့ဘဲ 8 ဟူ၍ တစ်လုံးတည်း ရေးချ ပစ်လိုက်သည်။ ကြည့်စမ်း ပါဦး … ဘယ်လောက်များ လွယ်ကူ သနည်း၊ ဘယ်လောက် ရှင်းလင်း သနည်း၊ ဘယ်လောက် အချိန်ကုန် သက်သာ သနည်း။ ၎င်းမှာ ကျွန်တော်တို့ မြန်မာ များ၏ ပါးလွှာသော ဖြတ်ထိုးဉာဏ်ကို အသုံးပြုကာ သူတို့ တီထွင် အပ်သော မြန်းဂလစ်ရှ် ကိုပင် ခေတ်နောက်ကျ မကျန် ရလေအောင် ဗားရှင်း အဆင့်ဆင့် မြင့်သထက် မြင့်အောင် မြှင့်ကြ လေပုံ အကြောင်းစုံ ဖြစ်လေ၏။ ရေသာခို အချောင်လိုက် သည်ဟု ကျွန်တော်တော့ မပြောရက်ပါ၊ ပြောလည်း မပြောရဲပါ။ ဟုတ်တယ်လေ .. ကိုယ်မှ သူတို့လို မထွင်နိုင် တာကိုး။

နောင်ဆိုလျှင် သူတို့တွေ မြန်းဂလစ်ရှ် ဘာသာ စကားကို နိုင်ငံတကာသုံး ဘာသာစကား ဖြစ်လာသည် အထိပင် တိုးချဲ့ နိုင်ကြမလား၊ Myanglish Dictionary ဟူ၍ အဘိဓါန် စာအုပ်ကြီးများ၊ အိတ်ဆောင် အဘိဓါန်များ ထုတ်ဝေ လာကြ မလား၊ International Myanglish Training Centre ဆိုတာ တွေများ ကြီးမား ခံ့ညား ဖွင့်လှစ် လာကြမလား။ မဖြစ်ဘူးဟု ဘယ်သူမှ မပြောနိုင်ပါ။ ဒီအဆင့်ထိ ရောက်အောင်ပင် ကြိုးစား ပမ်းစား တီထွင် လာနိုင် ကြပြီပဲ မဟုတ်ပါလား။ ကျွန်တော် ကတော့ ကျေနပ်ပါသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘာမှ မလုပ်တာနှင့် စာလျှင် ယခုလို တစ်ခုခု လုပ်နေတာက ပို၍ ကောင်းပေ သေးသည် ဟူ၍ လေးစား ဂုဏ်ယူစွာ တွေး၍ သူများဟာကို ကိုယ့်ဟာ ဖြစ်အောင် လုပ်ယူ တတ်ကြ၊ လုပ်ယူ နိုင်ကြသော အာဂ မြန်မာများ၏ စွမ်းပကားကို ကျေနပ် နှစ်သိမ့်စွာ တစိမ့်စိမ့် တွေး၍သာ ဖရဏာ ပီတိ ဂွမ်းဆီထိ၍ နေလေတော့ သတည်း။

(အထက်ပါ ဆောင်းပါးကို Techspace Journal တွင် ပုံနှိပ်ဖော်ပြခဲ့ပြီးဖြစ်ပါသည်)

သူရဿဝါ
၁ – ဇွန် – ၂၀၁၂

7 comments

  • Moe Z

    June 1, 2012 at 11:46 am

    တယ်လီပသီနဲ့ပြောလို့ရတဲ့ဖုန်းပေါ်လာရင် ဘာသာစကားတွေမလိုတော့ဘူးနော့ :mrgreen:

  • windtalker

    June 1, 2012 at 1:29 pm

    မြန်းဂလစ် အူးနီ တွေ ပေါ်ထွန်းလာတဲ့အခါကြတော့လဲ “သူရဿဝါ” ကို ကျောင်းအုပ်ကြီးအဖြစ် မြင်ရသေးတာပ ။

  • ဓါးငမိုး

    June 1, 2012 at 1:54 pm

    အဟဲ ..
    သူများတွေတော့ မသိဘူးဗျာ ..
    ကျုပ်တော့ အဲဒီလို မြန်းဂလိရှစ်တွေ ဖတ်ရရင် မူးနောက်သွားတာပဲ …
    ဟိုကတော့ တစ်ကြောင်းပြီးတစ်ကြောင်း လွှတ်ပို့နေတယ် ..
    ကျုပ်မှာတော့ ဘာသာပြန်လို့ကို မဆုံးနိုင်တော့ဘူး ..
    အင်း … ကျုပ်လည်း မြန်းဂလိရှစ်ကို အတော် သင်ရဦးမယ်ဗျ ..
    တော်ကြာနေ International Language ဖြစ်သွားမှဖြင့် … 😀

  • eipu

    June 1, 2012 at 3:09 pm

    သင်ထားရမယ်ထင်တယ်

  • ကြောင်လေး

    June 1, 2012 at 4:14 pm

    green car yet tar larး ko ko. shop ko why lo့ ma come top tar leဲ?

    အဲဒါလေး ဘာသာပြန်ပေးပါဦး အကို။

Leave a Reply