မြန်မာ ့သမိုင်းတွင်ထင်ရှားကျန်ရစ်ခဲ ့သော…….မြို ့နာမည်များနှင် ့စေတီပုထိုးများ………….
သိန္နီမြို ့……….
ရှမ်းပြည်နယ်မြောက်ပိုင်းသိန္နီနယ်ကိုအုပ်ခူပ်ခဲ ့သောစော်ဘွားကြီးတစ်ဦးသည်…
မိုးညှင်း မိုးကောင်းတို ့ကိုပင်ပိုင်ဆိုင်သည်…။ကျောက်စိမ်းထွက်ရာဒေသများဖြစ်ကြသည်….
တရုတ်တို ့ကထိုဒေသကိုဆိုင်ဇိ(ကျောက်စိမ်းပြည်)ဟုခေါ်တွင်ခဲ ့သည်။
နောင်တွင်ဆိုင်ဇီမှဆိုင်စီဖြစ်လာသည်…။
စော်ဘွားရုံးစိုက်ရာမြို ့ကိုဝိုင်းဆိုင်စီဟုခေါ်သည်…။ဆိုင်စီသည်သိန္နီဖြစ်လာသည်။
သံဖြူဇရပ်(မြို ့)
ခရစ်နှစ်၁၉၀ဝကျော်ခန် ့ကမော်လမြိုင်..ထားဝယ်လမ်းဘေးတွင်ထောင် ့ရှစ်ထောင် ့ရှိပြီး
အောက်ခံအုတ်ခင်းအင်္ဂတေကိုင်ထားသောသွပ်မိုးဇရပ်(စရပ်)တစ်ထောင်ရှိခဲ ့သည်။
ထိုသံဖြူမိုးဇရပ်ကိုအစွဲပြုရွေ ့သံဖြူဇရပ်မြို ့ဟုခေါ်တွင်ခဲ ့သည်…။
သာယာဝတီမြို ့
သာယာဝတီသမိုင်းနှင် ့ခြေရာတစ်ထောင်မောင်မဲခေါင်ဇတ်လမ်းအရ…..
ရာဇဝင်သင် ့ရွေ ့တိုင်းပြည်မှအမတ်ကြီးထွက်ပြေးတိမ်းရှောင်သွားခဲ ့ရသည်။
အမတ်ကြီးကတော်မအောင်ဖြူသည်..ဖျာလိပ်ကိုပိုက်..ဒယ်အိုးကြီးကိုခေါင်းပေါ်အုပ်လျျှက်..
အမတ်ကြိးရှိရာသို ့လိုက်လာခဲ ့သည်..။
လမ်းတွင်မြို ့..တည်နေသည်နှင် ့သွားတိုးသည်….။တိုင်စိုက်မရရွေ ့မြို ့တည်နေသူများ
ဒုက္ခရောက်နေကြသည်။သံခမောက်စောင်း…တနွဂ်နွေသမီးကိုစတေးရန်စောင် ့မျှော်နေကြသည်။
မအောင်ဖြူကိုတွေ ့သောအခါ..ဖမ်းဆီးခူပ်နှောင်သတ်ဖြတ်ကြသည်။
တိုင်တွင်းကြီးထဲသို ့..မအောင်ဖြူကိုပစ်ချပြီးတိုင်ထူကြသည်..။
တိုင်ထိပ်သို ့သွေးများပန်းတတ်သည်..။ထိုစဉ်ကျီးတစ်ကောင်တိုင်ပေါ်လာနားသည်။
သာသာယာယာအော်မြည်သည်။ထို ့ကြောင် ့သာယာသောမြို ့(သာယာဝတီ)ဟု
အမည်ပေးခဲ ့သည်။
ဟုမ္မလင်း(မြို ့)
ရှမ်းဘာသာဝေါ်ဟာရဖြစ်သည်…။ညောင်ပိန္နဲဟုအဓိပါယ်ရသည်….။
ဝန်ခံချက်။ ။စာရေးဆရာမောင်ကြည်သန် ့၏မြန်မာ ့မြို ့ရွာဒေသဝေါ်ဟာရ(၂၀၀)မှပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်။
ဒီစာအုပ်ကိုပေးဖတ်ပါသောကျနော် ့၏သူငယ်ချင်း“သန် ့ဇော်အောင်”အားအထူးကျေးဇူးတင်ရှိပါသည်….။
အများကြီးကျန်ရှိနေသေးသည် ့အတွက်….ဆက်လက်ရေးသားပါဦးမည်……။
ရွာသူ..ရွာသားများလည်း…သိချင်တာများရှိရင်လည်းမေးမြန်းနိုင်ပါကြောင်း
သတင်းကောင်းပါးအပ်ပါသည်။
ချစ်ခြင်းမေတ္တာဖြင် ့
မိုးမင်းသား
9 comments
မဟာရာဇာ အံစာတုံး
June 5, 2012 at 7:23 pm
သာယာဝတီမြို့ကိုတော့ မကြိုက်ဘူးဗျာ ..
သူတစ်ပါး အသက်ကို စတေးပြီးမှ တည်တဲ့မြို့ …
ကျုပ်ကတော့ မကောင်းဘူး ထင်တာပဲ …
မအောင်ဖြူလေးတော့ သနားပါတယ် …
အမျှ .. အမျှ .. အမျှ ….
ahnyartamar
June 5, 2012 at 7:59 pm
ဗဟုသုတရပါ၏။
ကိုရင်မောင်
June 5, 2012 at 9:23 pm
မုတ္တမမြို့နာမည်လေးလဲသိယင်လုပ်ပါအုံး…..
သားဦး၊မြေးဦး
June 5, 2012 at 10:57 pm
သာယာဝတီကို ဆရာစံမြို ့၊ဒါမှမဟုတ်ရင် နိုင်ငံရေးအကျဉ်းသားတွေပို ့လေ့ရှိတဲ့
မြို ့လို ့သိထားတာဗျာ။ခုမှ အမှန်ကိုသိရတော့တယ်။ကျေးဇူးတင်ပါတယ်။ဒါပေ
မယ့် မြို ့တည်ပုံတော့ မကြိုက်လှဘူးဗျာ။
“”သာယာဝတီမြို ့””
သာယာဝတီသမိုင်းနှင် ့ခြေရာတစ်ထောင်မောင်မဲခေါင်ဇတ်လမ်းအရ…..
ရာဇဝင်သင် ့ရွေ ့တိုင်းပြည်မှအမတ်ကြီးထွက်ပြေးတိမ်းရှောင်သွားခဲ ့ရသည်။
အမတ်ကြီးကတော်မအောင်ဖြူသည်..ဖျာလိပ်ကိုပိုက်..ဒယ်အိုးကြီးကိုခေါင်းပေါ်အုပ်လျျှက်..
အမတ်ကြိးရှိရာသို ့လိုက်လာခဲ ့သည်..။
လမ်းတွင်မြို ့..တည်နေသည်နှင် ့သွားတိုးသည်….။တိုင်စိုက်မရရွေ ့မြို ့တည်နေသူများ
ဒုက္ခရောက်နေကြသည်။သံခမောက်စောင်း…တနွဂ်နွေသမီးကိုစတေးရန်စောင် ့မျှော်နေကြသည်။
မအောင်ဖြူကိုတွေ ့သောအခါ..ဖမ်းဆီးခူပ်နှောင်သတ်ဖြတ်ကြသည်။
တိုင်တွင်းကြီးထဲသို ့..မအောင်ဖြူကိုပစ်ချပြီးတိုင်ထူကြသည်..။
တိုင်ထိပ်သို ့သွေးများပန်းတတ်သည်..။ထိုစဉ်ကျီးတစ်ကောင်တိုင်ပေါ်လာနားသည်။
သာသာယာယာအော်မြည်သည်။ထို ့ကြောင် ့သာယာသောမြို ့(သာယာဝတီ)ဟု
အမည်ပေးခဲ ့သည်။
marblecommet
June 6, 2012 at 2:26 am
မြို့စီးရီးတွေ ဆက်လက်
စောင့်မျှော်နေပါတယ်ဗျို့…
ဇောက် ထိုး
June 6, 2012 at 7:01 am
သူ့ခေတ် သူ့အခါ နဲ့. သူ့ဘာသာနဲ့ သူ့တို့ယုံကြည်မှု.. ကြောက်စရာတော့ ကောင်းသားနော်။ သယာဝတီမြို့ အကြောင်းလေးဖတ်ရလို့ပါ။
ဒါပေမယ့် ဒီနေ့တော့ ခေတ်ပြောင်းသွားပြီးထင်ပါတယ်နော်။
kyeemite
June 6, 2012 at 11:16 am
ဗဟုသုတရတာပေါ့ဗျာ..ဆက်လုပ်ပါ
အလင်းဆက်
June 6, 2012 at 12:25 pm
မြို ့တွေ ပြီးရင်…ရက်ကွက်တွေနဲ ့ တခြား မရှင်းမလင်းဖြစ်နေတာလေးတွေ ဆက်ရှင်းပြပါဦးနော်။
ဥပမာ…တောင်သူကုန်း ရပ်ကွက်…။ တောင်တွင်းကြီး..မြို ့…
အဲဒါမျိုးတွေပေါ ့ ။
အဟိ ။
moe minthar
June 6, 2012 at 6:09 pm
အားလုံးကိုကျေးဇူးအရင်ဆုံးတင်ပါရစေ………
ကိုရင်မောင်ရေ…“မုတ္တမ”မြို ့အကြောင်းတင်ပြပါဦးမယ်လေ…..။
သားဦးမြေးဦးရေကျေးကျေး………….။
အလင်းဆက်…..အပြင်းမဖတ်စမ်းပါနဲ ့ရှင်……..
ကြီးမိုက်
ဇောက်ထိုး
marblecommet
ahnyartanar
thank you….နော်
ချစ်ခြင်းမေတ္တာဖြင် ့
မိုးမင်းသား