နေဝင်မှာ စိုးတယ်
မနေ့က အစ်မခင်လတ်က သူ့ ပထမဆုံးပို့စ်လေး ထဲက ကိုကြီးမိုက်ကြီး ပေးတဲ့ ကွန်းမန့်လေး နဲ့ ကျွန်တော်တို့ကို ရင်ခုန်ပျော်ရွှင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
အဲဒါနဲ့ ကျွန်တော်လည်း အစ်မလတ်ကို အားကျပြီး ကိုယ့်ဟစ်စထရီ ကိုယ်ပြန်လှန်လှောကြည့်ရှုပြီး ဘယ်လို အမှတ်တရပို့စ်ရေးလို့ရမလဲ ပေါ့လေ။
အကြံကြီး ကြံမိတဲ့အခါ………………..။
ကျွန်တော့် ရဲ့ ဂဇက်သမိုင်းမှာ ပထမဆုံးသော စတစ်ကီပို့စ် ဖြစ်ခဲ့ဘူးတဲ့ ရန်ကုန်တက္ကသိုလ်ကို ကယ်တင်ကြပါ ဆိုတဲ့ ပို့စ်လေး သွားတွေ့မိပါတယ်။
အံမယ် … သူကြီးကလည်း poll တောင်တွဲတင်ပေးထားသေးဗျာ။
သိတ်မကြာခင် ရက်တွေတုန်းကလည်း သမ္မတအကြံပေးအဖွဲ့ဝင် ဦးမြင့်ရဲ့ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ ပြည်သူသို့ အိတ်ဖွင့်ပေးစာ တစ်စောင်
တော်တော် ကြီး အသံကျယ်ကျယ်နဲ့ သတင်းဖြစ်ခဲ့ဘူးသေးတာကိုး။
အဲဒါနဲ့ ပို့စ်လေးကိုပြန်ဖွင့် ကွန်းမန့်လေးတွေ ပြန်ဖတ်၊ ဟိုတုန်းက အချိန်လေးတွေကို လွမ်းနေမိတယ်ပေါ့ဗျာ။
ကွန်းမန့်လေးတွေထဲက ကိုသစ်မင်း ပေးခဲ့တဲ့ ကွန်းမန့်လေးကို ပြန်ဖတ်ကြည့်ဖို့ ဖေါ်ပြပေးချင်ပါတယ်ဗျာ။
အလွမ်းပြေပေါ့။
thit min says:
တကယ် ~ လှပတဲ့ အရိပ်ကလေးမှာ ~ချစ်တဲ့သူများ~~ငြိမ်းချမ်းနေတယ်
အို~~~~~ခွဲရမဲ့ အဖြစ်နဲ့ ကြုံရင် ဘယ်သူ ရင်ထဲ ကောင်း မလဲကွယ်~~~
တနေ့လုံး ဘဲကွယ် ~~ဒီနေရာလေးမှာ ပူပင်စရာသောကများတွေ ကင်းဝေးလို့ရယ်~~
ချစ်သူချင်းတွေ ဒို့သူငယ်ချင်းတွေ ~~ဒီလိုသာ အမြဲတမ်း နေချင်တယ်~~~
အေးမြတဲ့ ကျောင်းအရိပ်ကို ခွဲရမဲ့အချိန် ~~~~တက္ကသိုလ်မြေ နေဝင်မှာကို စိုးတယ်~~~~~~~~~
(ကိုကိုင်ဇာရဲ့ တက္ကသိုလ်မြေ နေဝင်မှာကို စိုးတယ် ဆိုတဲ့ သီချင်းလေးပါ၊ သေသေခြာခြာဆိုမိရင် ဘယ်လိုဖြစ်မှာလဲစဉ်းစားကြည့်)
ဒါ ကိုသစ်မင်း ရဲ့ ရန်ကုန်တက္ကသိုလ် အတွက် ကွန်းမန့်လေးပါ။
သတိရတယ် ကိုသစ်ရေ။
တစ်ခါတစ်လေမျက်စိလည်လမ်းမှားပြီးများ ရွာဘက်ရောက်ခဲ့ရင်ဖြင့် သံချောင်းလေးခေါက်ခဲ့ပါဦးလို့။
နောက်ထပ် ကွန်းမန့်ရှင်တစ်ယောက်ကတော့ Mg Ni Tut ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါပဲ။
သူကတော့ ရန်ကုန်တက္ကသိုလ်ကို ကယ်တင်ကြပါ ဆိုတဲ့ အသုံးအနှုန်းအပေါ် မျက်စိစပါးမွှေး စူးတယ် ထင်ပါတယ်။
ဆန့်ကျင်ဖက်အမြင်တွေနဲ့ ကွန်းမန့်ပေးလာပါတယ်။ သူ့မှာလည်း ပေးခွင့်ရှိနေသကိုး။
Mg Ni Tut ရဲ့ ကွန်းမန့်တွေကို ချက်နဲ့ လက်နဲ့ ပြန်လည်ချေပပေးခဲ့ကြတဲ့ အမတ်မင်း၊ မမ၊ မပဒုမ္မာတို့ရဲ့ ကွန်းမန့်လေးတွေကိုပြန်ဖတ်ရင်း
ကျွန်တော် ပီတိဖြစ်နေမိပါတယ်ဗျာ။ ကျေးဇူးလည်း တင်နေမိပါတယ်။
အဲဒါနဲ့ ရန်ကုန်တက္ကသိုလ်ကြီးအတွက် အမှတ်တရတစ်ခုတော့ ရေးဦးမှဆိုပြီး အခုပို့စ်ကို ထရေးထည့်လိုက်တာပါပဲ ခင်ဗျာ။
ဒီပို့စ်မှာ ကိုသစ်မင်း ပေးခဲ့တဲ့ ကွန်းမန့်လေးက ကိုင်ဇာ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုခဲ့တဲ့ နေဝင်မှာ စိုးတယ် ဆိုတဲ့
သီချင်းထဲက အပိုဒ်လေး တစ်ပိုဒ်ပါ။
ကိုင်ဇာ ဟာ ရန်ကုန်တက္ကသိုလ် ရဲ့ ကျောင်းသားတစ်ယောက်ပီသစွာ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ သီချင်းပေါင်းမြောက်များစွာကို ရေးသားခဲ့သူတစ်ယောက်ပါ။
နေဝင်မှာစိုးတယ် ဆိုတဲ့ သီချင်းနဲ့ ပတ်သက်ပြီး ၁၉၈၂ ခုနှစ်အတွင်းက ထုတ်ဝေခဲ့တဲ့ ပေဖူးလွှာ မဂ္ဂဇင်းမှာ ဆရာ ဝင်းကိုကို နဲ့ ပြောခဲ့တဲ့ အမေးအဖြေလုပ်ခဲ့တာတွေထဲက နေဝင်မှာစိုးတယ် သီချင်းနဲ့ ပတ်သက်တဲ့ ဒိုင်ယာလော့ခ် တချို့ ကို အမှတ်တရ အဖြစ် ပြန်ဖေါ်ပြပေးလိုက်ပါတယ်။ ရှေးဖြစ်ဟောင်းအောက်မေ့ဘွယ်ပေါ့ခင်ဗျာ။
ဒီအမေးအဖြေလေးက နှစ်ပေါင်း ၃ဝ လောက်ကြာနေခဲ့ပြီဆိုတော့ ဒီဘက်ခေတ်လူငယ်တွေအတွက်လည်း ခံစားမှု တစ်ခုခုတော့ ပေးနိုင်ပါလိမ့်မယ်လို့….။
အသက်ကြီးကြီး ကျွန်တော်တို့လို လူတွေအတွက်လည်း အလွမ်းပြေပေါ့ဗျာ။ အလကားတော့ မဖြစ်တန်ကောင်းပါဘူးနော့။
ကဲ ဖတ်ကြည့်ကြမယ်ဗျာ။ မေးသူနေရာမှာ ဆရာဝင်းကိုကို၊ ဖြေသူနေရာမှာ ကိုင်ဇာ လို့ သိထားပေးပါဗျာ။
မေး – ဒီတစ်ခါ အစ်ကို ရွေးချင်တာက “နေဝင်မှာစိုးတယ်” ကိုရွေးချင်တယ်။
ဖြေ – ကျွန်တော်လဲ ဒီသီချင်းနဲ့ ပတ်သက်ပြီး ပြောချင်တာလေးတွေ ရှိပါတယ်။
မေး – ကိုင်ဇာ ကိုယ်တိုင်ရေးခဲ့တာ ဆိုတော့ ရေးတဲ့သူအနေနဲ့ရော ဆိုတဲ့သူအနေနဲ့ပါ ခံစားချက်ကို ပြောပြပါဦး။
ဖြေ – ကျောင်းသားဘဝဆိုတာ တကယ်ငြိမ်းချမ်းပါတယ် အစ်ကိုရာ။ အလုပ်တွေများတဲ့ကြားက ကျောင်းကို ခဏသွားမိရင် ခဏ ပျော်ခဲ့ရတယ်။ ဒီနှစ်ဆို ကျွန်တော်ကျောင်းတက်ရတာ အထီးကျန်ဆန်ပါတယ်။
မေး – နေဦး… နေဦး… မင်းက ဒီနှစ်ကျောင်းတက်ရတာ အထီးကျန်ဆန်ပါတယ်ဆိုတော့ မနှစ်တုန်းက အဖေါ် ရှိတယ်ပေါ့။
ဖြေ – သူငယ်ချင်းတွေ ပြောတာပါ အစ်ကိုရ၊ ဒေသ ပထမနှစ်တုန်းက အတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတချို့ ကျခဲ့ကြတော့ အခု ဒုတိယနှစ်မှာ ကျွန်တော်တစ်ယောက်တည်း တက်နေရလို့ အထီးကျန်ဆန်တယ်လို့ ပြောတာပါ။
မေး – ရှိပါစေတော့… ဆက်ပြောပါဦး။
ဖြေ – အဲဒီလို အထီးကျန် ဖြစ်နေပေမယ့် ကျောင်းအရိပ်အာဝါသမှာ အထီးကျန်ဆန်စွာ ခိုလှုံနေရတဲ့ အချိန်လေးတွေကိုပဲ နှစ်ခြိုက်ခုံမင်နေမိတယ်။ သူများစုံတွဲလေးတွေ ငြိမ်းချမ်းနေတာ မြင်ရရင် သူတို့ကိုကြည့်ပြီး ကျွန်တော်ပါ အလိုလိုငြိမ်းချမ်းလာမိတယ်။ ကျောင်းသားတွေ ရယ်မောပျော်ရွှင်တာကို ကြည့်ပြီး ကျွန်တော့်ရင်ထဲပါ ကူးစက်ပြီး ပျော်ရွှင်လာမိတယ်။ ကျွန်တော်တို့ ဒေသ (၂) ကျောင်းလမ်းက ခုံတန်းပြာလေးမှာ ကျောင်းဆင်းချိန်ဆို ကျွန်တော်သွားသွားထိုင်တတ်တယ်။ စည်ကားလှတဲ့ ကျောင်းဆင်းချိန်လေးကို လူကုန်တဲ့အထိ ငေးကြည့်ရတာကလည်း အရသာတစ်မျိုးပေါ့ အစ်ကိုရာ။
ဒါပေမယ့် ခဏတာအချိန်ပိုင်းအတွင်း ဆူညံမှုက ငြိမ်သက်မှုကို ပြောင်းသွားတာ၊ စည်ကားမှုတွေ ပျောက်ကွယ်သွားတာ မြင်ရတော့ ကျွန်တော့်ရင်ထဲမှာ မကောင်းဘူး။ တက္ကသိုလ်ကောလိပ်တွေမှာ တက်နေကြတဲ့ ကျောင်းသားတိုင်းဟာ ကျောထောက်နောက်ခံ ငွေရေးကြေးရေး အဆင်ပြေကြတဲ့ သူတွေချည်း မဟုတ်ဘူးဆိုတာ အစ်ကိုလည်း သိသားပဲ။ အဆင်မပြေတဲ့ မိသားစုက ပေါက်ဖွားလို့ စိတ်ညစ်စရာတွေ အများကြီးနဲ့ ရုန်းကန်နေရတဲ့ ကြားထဲက ပညာရအောင်ရှာဖို့ ကျောင်းလာတက်နေကြတဲ့ သူတွေ အများကြီးရှိပါတယ်။
သူတို့နေရာမှာ ဝင်နေကြည့်တော့ စိတ်ချမ်းမြေ့စရာ ကောင်းတဲ့ ကျောင်းတက်ချိန်လေးတွေကို ပိုပြီး ခုံမင်တွယ်တာတတ်လာတယ်။ တစ်နေကုန်လှပနေတဲ့ ကျောင်းနယ်မြေကလေး တိတ်ဆိတ်သွားမှာ စိုးရိမ်တတ်လာတယ်။ ဒီအတွေး ဒီခံစားချက်ကို အကြားအမြင်နဲ့တင် လူတိုင်းရင်းနှီးနေတဲ့ ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကို ရှုခင်းထားပြီး ဒီသီချင်းကလေး ကျွန်တော် ရေးဖြစ်ခဲ့တာပါ။
မေး – ကျောင်းသားဘဝ ခံစားချက်နဲ့ ရေးတာဆိုတော့ ဒီသီချင်းလည်း အောင်မြင်ပါတယ်။ ဆိုတဲ့ အပိုင်းမှာကော…။
ဖြေ – သီချင်းရှင်ကို ကြင်နာပါ စီးရီးထဲက ကိုင်ဇာအနေနဲ့ ဖန်တီးချက်တွေ ထဲမှာ ညီညီဆိုတဲ့ ကျောင်းသားဘဝအနေနဲ့ ခံစားမိရင် ဒီသီချင်းလေးကို ကျွန်တော် သိပ်ချစ်တာပဲ။ ဒါပေမယ့် အစ်ကို၊ ထွေထွေထူးထူး ပြောစရာတော့ မရှိပါဘူး။
မေး – ကျေးဇူးပဲကွာ။
အဲဒါလေးပါပဲ ဗျာ။
ဆရာ ဝင်းကိုကို နဲ့ အဲဒီအချိန်က ဆယ်ကျော်သက်တွေရဲ့ အသည်းစွဲအဆိုကျော် ကိုင်ဇာတို့ရဲ့ အမေးအဖြေလေးတွေကနေ တစ်ခုခုတော့ ရကောင်းပါရဲ့.။
နောက်ပြီး ဒီပို့စ်လေးနဲ့
ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်လာနဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေးအတွက်
ပြည်သူထံသို့ အိတ်ဖွင့်ပေးစာပေးခဲ့တဲ့ နိုင်ငံတော်သမတ္တအကြံပေး ဦးမြင့် ကို အပြည့်အဝထောက်ခံအားပေး နေတယ်ဆိုတဲ့အကြောင်း
လေးလေးစားစား တင်ပြလိုက်ပါတယ်ဗျာ။
ရန်ကုန်တက္ကသိုလ်နယ်မြေ နေဝင်မှာ စိုးတဲ့
ဘလက်။
နေဝင်မှာစိုးတယ် mp3 လေး လွမ်းသူတွေ နားထောင်ရအောင် အမှတ်တရ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။
36 comments
blackchaw
June 9, 2012 at 12:31 pm
လူမျိုးရေး ပဋိပက္ခ တွေကနေ
ခဏလေး မေ့မေ့ပျောက်ပျောက်ဖြစ်အောင်
ကြိုးစားကြည့်ပေးတဲ့ သဘောပါ။
မောင်ပေ
June 9, 2012 at 12:42 pm
မစိုးရိမ်ပါနဲ ့တော့ ဘဘလက်ရေ
ရခိုင်အရေးအေးချမ်းသွားရင် ၊ အားလုံး အိုခေ သွားမှာပါ ။
ရခိုင်သူား တွေ ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊ ဘေးမသီ ရန်မခ ပါစေနဲ ့
မြန်မာ့တပ်မတော် အမြန်ဆုံး အောင်ပွဲဆင်နိုင်ပါစေ ။
စိန်ဗိုက်ဗိုက်
June 9, 2012 at 12:47 pm
ကျုပ်တို့လို ဖလန်းဖလန်း ဆယ်ကျော်သက် ဆယ့်ခြောက်နှစ်သားလေးတွေအတွက် ဗဟုသုတဖြစ်စေသဗျာ
အူးလေးတို ့လို တက္ကသိုလ် စိမ်းဘတ်ချ် အဘိုးကြီးတွေအတွက်လဲ ငယ်ဘဝပြန်ရောက်ပြီး ငယ်မူပြန်နိုင်ကြသမို ့ လွှတ်ကောင်းပေါ့ဗျာ.
mayjuly
June 9, 2012 at 12:55 pm
ဦးဘလက်ရေ ..ဒီပိုစ်လေးကိုဖတ်မိတော့မှပဲ ဂျက်ဆင်ရယ် ၊ သစ်ပုတ်ပင်ရယ်ကို လွမ်းမိတယ်ဗျာ ..
တကျော့ပြန် တက္ကသိုလ်ဆိုပီး စိတ်ကူးယဉ်ကြည့်ရင်ကောင်းမလားလို့ … 😛
dakara
June 9, 2012 at 3:53 pm
ကိုဘလက်ချောရေ
လူတိုင်းအတွက် သတိရစရာတွေပြည့်နေတဲ့နေရာတခုကို ခင်ဗျားရဲ့တူးဆွမှုအတွက်ကျေးဇူးပါ။
လူတိုင်းပါဝင်ကြိုးပမ်းသင့်တဲ့ (ကြိုးပမ်းခွင့်လဲ သာခဲ့ရင်နော်) ကိစ္စတခုအတွက်နှိုးဆော်ခြင်းအတွက်လည်းကျေးဇူးပါ။
အစိုးရစနစ်တခုလုံးရိုးသားစွာရပ်တည်နိုင်တဲ့ နေ့တနေ့မှာတော့ …. ဆိုတဲ့အတွေးမျိုးတွေးမိဖူးပါရဲ့။
အစိုးရစနစ်တခုကိုဝေဖန်မှုတွေ၊(စကားစစ်ထိုး)တိုက်ခိုက်မှုတွေ စတင်လေ့ရှိတဲ့ ဒီနေရာရဲ့ဖြစ်တည်မှုဟာ
“စနစ်” နဲ့ တိုက်ရိုက်ကြီးကိုအချိုးကျပါတယ်။
ရောင်နီတွေထွန်းလင်းနေတဲ့ ယနေ့ခေတ်မှာတော့ “Coming soon” ဆိုတဲ့ စကားလေးလို
ရိုက်ကူးပြီးသားရုပ်ရှင်တခုကို “ရုံတင်” တော့မဲ့ ရက်ကို “မျှော်” ဆိုတဲ့အနေအထားမျိုးဖြစ်လာစရာ
အခြေအနေတွေ တွေ့နေရသလိုပါဘဲ။
တို့တွေရဲ့မိခင် ရန်ကုန်တက္ကသိုလ်မြေ ဆိုတာ နဲတဲ့ ဘုန်းသမ္ဘာမှမဟုတ်တာနော်
လွယ်လွယ်နဲ့နေဝင်သွားရိုးလား………………………………
————————————-
ဒီလိုဆိုချင်သေးတယ်
ငယ်ကလဲငယ်သေးအရွယ်မှာပေါ့
အမှားအမှန်ဆိုတာထက်…လုပ်ချင်တာကိုဦးစားပေးကြတဲ့နေရာ၊
မိဘညီအကိုမောင်နှမထက်…အပေါင်းအသင်းကိုအလေးပေးတဲ့နေရာ၊
အပူအပင်ဆိုတာမျိုးကိုလည်းကြာကြာမတွေးကြတဲ့နေရာ၊
ဘဝရှေ့ရေး၊နောင်ရေးတွေထက် ..ခုတွေ့နေတဲ့ချစ်သူလေးကိုဦးစားပေးမိတဲ့နေရာ၊
ချစ်ခင်ခြင်းတွယ်တာခြင်း၊ရင်ခုံခြင်း၊မြတ်နိုးခြင်းတို့ကိုသင်ကြားပေးလိုက်တဲ့နေရာ၊
လွမ်းဆွတ်ခြင်း၊တမ်းတခြင်း၊မျှော်လင့်ခြင်းများစွာတို့ကိုလဲလေ့ကျင့်ပေးခဲ့တဲ့နေရာ၊
မရောက်ခင်ထဲကအသံကြားရုံနဲ့ကြည်နူးတမ်းတမိတဲ့နေရာ၊
လူအချင်းချင်းပေါင်းသင်းဆက်ဆံရေးကိုလဲလက်တွေ့သင်ကြားပေးရာနေရာ၊
တဖန်အသစ်အတွေ့အကြုံများစွာနဲ့ သက်တမ်း၁၆နှစ်ကျော်ပြီးသားလူလေးတယောက်
ကျနော့ကို၊ခင်ဗျားကို၊သင်တို့ကို၊အသက်၂ဝ ကျော်အတွက်အတွေးအခေါ်နဲ့
အတွေ့အကြုံလေးတွေပို့ချရင်း
“အသစ်မွေးဖွား”လူလားမြောက်စေခဲ့တဲ့
အို…..
မိခင်ရယ်
သားသမီးတို့က
လန်းဆန်းအလှဆင်
မယ့်ရုပ်သွင်ကို
အရင်လိုဘဝ
ပြန်လှပအောင်
ကြိုးစွမ်းဆောင်ရင်း
နောင်ခါအရှည်
တည်တံ့စေရေး
လုပ်အားပေးရင်း
ညီးခြင်းတေးသံ
မယ့်နားလျှံစေ
တက္ကသိုလ်မြေ နေဝင်မှာကို စိုးတယ်……………….. ။ဗျာ။
^^^^^
လေးနက်သောခင်မင်မှူဖြင့်(^^)
စိန်ဗိုက်ဗိုက်
June 9, 2012 at 3:57 pm
အူးလေးကို မာဆတ် တစ်ခုမှ မြင်ဖူးတယ်ဗျ 😆
dakara
June 9, 2012 at 4:11 pm
မာဆတ်ဆိုရင်တော့ ထီးမှာအနှိပ်သယ်လို့ရေးထားတဲ့ အဖိုးကြီးတယောက်ကိုတော့
ခေါ်ပြီး အညောင်းအညာဖြေဘူးပါရဲ့။
ကြားသာကြားဘူး မရောက်ဖူးသောမာဆတ်၊
နားသာထောင်ဖူး၊ မကြုံဘူးသောကေတီဗီ၊
မြင်သာမြင်ဘူးမဝင်ဘူးသော နိက်ကလပ်များ၊
အကြောင်း သင်ကိုယ်တိုင် ရေလည်အောင်ရှင်းပြပါတော့ အမောင် လူသား 😀
စိန်ဗိုက်ဗိုက်
June 9, 2012 at 4:24 pm
မီးတို ့ရေ..
ဧည့်သည် အတစ်ရောက်သကွဲ ့..
မဆတ် မရောက်ဖူးဘူးဆိုတော့…ဆတ်ပြီး ဆတ်ချင်သွားအောင် အစွမ်းကုန် ပြုစုပေးလိုက်ပါကွယ်..
မီးမီးလေးတို ့ကိုယုံတဲ့
မာမီဂေါင်းကြီး
ဦးဦးပါလေရာ
June 10, 2012 at 12:49 am
အဲဒါ ကျုပ်မဟုတ်ဘူးနော်….. 😀
ကြိုရှင်းထားရတာ…
စိန်ဗိုက်က ခပ်မွဲမွဲအဖိုးကြီးမြင်ရင် ကျုပ်လို့ချည်းထင်နေတာ…
ကျုပ်က ထီးမဆောင်းဘူး။ ခမောက်ပဲဆောင်းတယ်…. 😀 😀
ကိုရင်စည်သူ
June 10, 2012 at 3:34 pm
^^^^^
လေးနက်သောခင်မင်မှူဖြင့်(^^)
အဲ့ဒီ ရေးဟန်၊ လက်ကွက်တွေ၊ သင်္ကေတကတော့ ရွာထဲမှာဖြင့်
ပလော်ဖက်ဆာ ဦးသစ်မင်းလို့ပဲ မြင်ဒယ်… အိုင်ပီရေ့…။
ကျုပ်မှန်းတာမမှားရင် ဦးသစ်မင်းက ဂေဇက်ကို အကဲခတ်နေပုံရတယ်…
အစဆွဲထုတ်လိုက်တဲ့ အိုင်ပီကိုဘလက် တယ်လည်း သွားပေးတားကိုး…
စါးပုလင်းကိုရင်စီ
kai
June 9, 2012 at 4:15 pm
だから ဒီလိုရေးနည်းရေးဟန်… မြင်ဖူးနေပါတယ်မှတ်တာ..
မင်္ဂလာပါဗျာ…
dakara
June 9, 2012 at 4:41 pm
ဒါ့ကြောင့်လဲကျော်ကြားပေတာကိုး။ 😀
ဟုတ်ကဲ့ မင်္ဂလာပါ
သူကြီးမင်းခင်ဗျား။(^^)
မဟာရာဇာ အံစာတုံး
June 9, 2012 at 5:45 pm
ဘာကို ဆိုလိုတာတုန်းဗျ ..
အဲ့တာ ဘယ်သူကို ဆိုလိုတာတုန်း ..
သိအောင် ပြောပြပေးပါဦးဗျာ ..
ဟို နောက်က အမှတ်အသားလေးကိုတော့ ကျနော်သိတယ် ..
အဲဒါမျိုးက ဆရာသစ် ရေးတတ်တယ်
ဒါမျိုး … (^^) ….
အပေါ်က အူးလေးဂျီး dakara ဆိုတာ ဘယ်သူတုန်းဂျ ..
အနော့်ကို ပြောပြပါဦးနော့ …
amatmin
June 9, 2012 at 9:07 pm
တကယ်လို့သာ..ဆရာကိုသစ်မင်း
ကိုယ်ထင်ပြန်လာပြတယ်ဆိုရင်တော့..
မင်္ဂလာပါ အကို..ရေ 🙂
အရီး Khin Latt
June 9, 2012 at 9:50 pm
အသစ်ကလေး ကို ဒီလိုပြန် မြင် ရတာ ဝမ်းမြောက်မိပါ၏။
တူနှစ်ကိုယ်ဘဝ နဲ့ တူတစ်ကိုယ်ဘဝ ကွာခြားခြင်း ရှိ/မရှိ။
အင်တာဗျူး ရရင်ကောင်းမလားလို့။ 😉
pooch
June 9, 2012 at 11:51 pm
温かく帰っコThitを歓迎します。私は再びお会いできて本当にうれしいです。とあなたは素晴らしいハネムーンを持っていたと思います。
今、私たちはすべて実際にあなたが必要となります。
ティンザーウー
(pooch)
Azzurri
June 11, 2012 at 1:57 pm
အဟိ
သားဦး၊မြေးဦး
June 9, 2012 at 5:52 pm
ဆရာသစ်ပြန်ရောက်လာပီဘဲ။ကျနော် တဖွဖွမေးနေမိတာပါ ဆရာသစ်ရေ။
ဒါနဲ ့ဗျာ ဘာလို ့အဲ့လောက်အကြာကြီးခွဲပြီး ရွာကိုပစ်ထားတာလဲ။
အလင်းဆက်
June 9, 2012 at 7:39 pm
ကိုသစ်တစ်ယောက် ပျောက်ချက်သားကောင်းနေတာ.ကြာပြီပေါ့နော် ။
လူမျိုးရေးပြဿနာတွေကြောင့် စိတ်တွေ မောနေရချိန်မှာ..အမောဖြေ ပို ့စ်လေးတွေ..တင်ပေးနေကြလို ့ကျေးဇူးပါ။
amatmin
June 9, 2012 at 9:04 pm
ကိုဘလက်ရေ..
ရန်ကုန်တက္ကသိုလ်နေဝင်မှာ စိုးကြောက်သူတယောက်အနေနဲ့..
လက်မထောင်ရင်း အားပေးသွားပါတယ်ဗျ. 🙂
တကယ်လို့များ ကိုဘလက်တပြင်လုံး စိမ်းပေးထားတာက
ဆရာကိုသစ်မင်းသာ ဖြစ်ခဲ့ရင်တော့
အတိုင်းထက်အလွန်ဝမ်းမြောက်မိပါရဲ့ဗျာ…
MaMa
June 9, 2012 at 9:39 pm
ကိုချောရေ-
ကိုယ်ကျောင်းတက်နေတုန်းက ကျောင်းသားဘဝဟာ ပျော်ရွှင်စရာအကောင်းဆုံးပဲလို့ ပြောတာကို ငြင်းခဲ့ဘူးတယ်။
ကျောင်းတက်တာ အပျော်တက်တာမှ မဟုတ်တာ။
စာသင်ရ၊ စာဖတ်ရ၊ လက်တွေ့လုပ်ရနဲ့ ကြိုးစားရတာပဲ။
စာမေးပွဲဖြေချိန်ဆို ဘယ်လောက်များ ပင်ပန်းလိုက်သလဲလို့ ပြောမိတယ်။
ဒါပေမယ့်-အခုတော့လည်း ကိုယ်ကိုယ်တိုင် ကျောင်းသားဘဝဟာ ပျော်ရွှင်စရာအကောင်းဆုံးပဲ ဆိုတဲ့ စကားကို မကြာခဏ ပြောမိပြန်ရော။ 🙂
padonmar
June 9, 2012 at 9:39 pm
ပဉ္စလက်ဆရာကြီး ကိုဘလက်
ကိုသစ်ကို ပြန်လည်ရှင်သန်အောင် ညှို့ယူလိုက်တာ ချီးကျူးပါတယ်။
ဝမ်းသာကြောင်းပြောရင်း လက်မကြီးကြီးထောင်ပါတယ်။
padonmar
June 9, 2012 at 9:43 pm
dakara ဆိုတော့လည်း dakara ပေါ့။
ရေးခိုင်းချင်တာ ဖတ်ချင်တာတွေ အများကြီးစုထားတယ်။
အတိုးနဲ့ ဆပ်ရမယ်။
MaMa
June 9, 2012 at 9:51 pm
(^^) လေးကို မြင်ဖူးသလိုပဲ။ 😉
ဝမ်းသာပါတယ်။
မင်္ဂလာပါ။
ရွာသားသစ် မိတ်ဆက်ခြင်း မလုပ်ပေမယ့် 😛
ကြိုဆိုပါတယ် dakara။
အရီး Khin Latt
June 9, 2012 at 9:59 pm
ကဘချော ရေ
ပြန်ခေါ်မျှားချက် က ထိတယ်ရှင့်။
ကျွန်မ တော့ ပြည်တော်ပြန်ရင် တစ်ခြားမရောက်ရင်နေမယ် ရန်ကုန်တက္ကသိုလ်မြေ ထဲကိုတော့ မရောက်မဖြစ် သွားမြဲ။
ကျောင်းထဲ ကို ဝင်လိုက်ရင်ဘဲ ဘာနဲ့မှမတူ တဲ့ လွမ်းချက် ကတော့ ပြောမရုံကြုံဘူးမှသိ။
ကျွန်မတို့ ရင်ထဲမှာ ဘယ်တော့မှ နေမဝင်တဲ့နယ်မြေ ပါဘဲ။
ဒီလို ပြန်လည်တမ်းတခြင်းလေး ဆိုရလို့ ကျေးဇူးပါဘဲ ကဘချောရေ။
အသစ်လေးကို လဲ ပြန်ခေါ်နိုင်ခဲ့လို့ပေါ့။ 😀
တကယ်တော့ စာကြောင်းတွေ မှာ “စကားဆက်” ဆိုတာ မရှိမဖြစ် အရေးကြီးတာနော်။
ခရီးသွား ကိုယ်တော် မောင်ဂီ ရော သိပြီလား မသိ။
တော်ကြာ ထက နေဦးမယ်။ 😆
blackchaw
June 9, 2012 at 10:10 pm
အစ်မတို့ရေ။
ကျွန်တော်လည်း တကယ်ကို ကျေနပ်ဝမ်းသာမိပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။
ကိုသစ် ပို့စ်တွေ ပြန်တင်လာဖို့
ကျွန်တော် ဒီနေရာကနေ အနူးအညွတ် တောင်းဆိုချင်ပါတယ်။
အဲဒါလေးပါဗျာ…။
pooch
June 9, 2012 at 11:56 pm
ကိုဘလက်ရေးတဲ့ စာတပုဒ်ကနေ ကိုသစ်ကို ပြန်ခေါ်နိုင်လို့ ဝမ်းသာတယ်။
အမိတက္ကသိုလ်ကြီးလည်း နေမဝင်ပါစေနဲ့ ။ မန္တလေး တက္ကသိုလ်ကြီးလည်းနေမဝင်ပါစေနဲ့လို့ ။
htoosan
June 9, 2012 at 10:55 pm
ဆရာသစ်က အပုဒ် ၉ဝ မှာ ရပ်မယ်ဆိုပြီးဖြတ် သွားတာမဟုတ်လား ဆိုတော့ ..
dakara က တစ်ကနေပြန်စလို့ ရပြီထင်ပါသည်။ မျှော်လင့်နေပါသည်။
surmi
June 10, 2012 at 12:16 am
တက္ကသိုလ် လို.ဆိုလိုက်ရင် ဘယ်အရွယ်ရောက်ရောက် ပြန်ငယ်သွားတယ် ..။
တကယ်တော.လဲ အမှတ်ရစရာတွေကများသားလေ ……
ကိုသစ်မင်း ပြန်လာရင်တော. သိပ်ကောင်းပါတယ် ။လူစုံသွားတာပေါ. ….။
ဦးဦးပါလေရာ
June 10, 2012 at 12:57 am
စာသင်ခန်းလေးတွေ ကူးပြောင်းသင်ကြားရင်း ပြည့်ဝလာခဲ့ရတဲ့…
စားသောက်ဆိုင်တန်းလေးတွေ ကူးပြောင်းထိုင်ရင်း ရင့်ကျက်လာခဲ့ရတဲ့…
အမိတက္ကသိုလ်ကြီးကို လွမ်းမိပါတယ် ကိုဘလက်ရေ….။
တနေ့ …
တက္ကသိုလ်မြေ ဆိုတဲ့အမည်နာမနဲ့ လိုက်ဖက်ညီညွတ်လာတဲ့တနေ့ …. ကိုလဲ..
စောင့်မျှော်နေမိပါသဗျာ….။
kyeemite
June 10, 2012 at 9:35 am
လွမ်းမောစရာတက္ကသိုလ်ကျောင်းသားဘဝ…
ဒီနေ့ခေတ်ကလေးတွေကို ကျုပ်တို့တုံးကလို
အေးချမ်းပျော်ရွှင်စွာ အမိတက္ကသိုလ်ရင်ခွင်မှာ
ပညာရင်နို့သောက်စို့ရင်း ကြည်နူးစွာသွားလာနေတဲ့
မြင်ကွင်းလေးတွေကို ခေါင်းဖြူစွယ်ကျိုး ကျုပ်လိုအဖိုးကြီးက
ပီတိအပြုံးလေးတွေနဲ့ ထိုင်ကြည့်ချင်နေမိပါတယ်..
အဲလိုသာထိုင်ကြည့်ခွင့်ပြန်ရရင်…ကျုပ်ရဲ့ ဇရာဘဝဟာ လှပလိမ့်မယ်ဆိုတာယုံကြည်ရင်း…
ပြန်လည်တူးဆွသူ ရဲဘော်ဘလက်ကို ကျေးဇူးတင်ပါဂျောင်း….
—————————–
ဆရာသစ်(dakara) ခင်ဗျား မင်္ဂလာပါ…ပြန်တွေ့ရတာဝမ်းသာသဗျာ..
thit min
June 11, 2012 at 7:39 am
ကျနော့ကိုသတိတရ ဝမ်းပန်းတသာဝိုင်းဝန်း၊နှုတ်ဆက်ကြသောကျနော့ချစ်မိတ်ဆွေများအားလုံးကို
ကျေးဇူးတင်ပါတယ် …….
ချစ်မိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ပါးရွှင်လမ်းချမ်းမြေ့ကြပါစေလို့လို့ပထမဦးစွာပြောပါရစေ။
(^^)သူကြီးဦးခိုင်အားလည်းနှုတ်ခွန်းဆက်ပါတယ်။ရန်ကုန်ရောက်တယ်ဆိုလို့ လေ “သူကြီးအမြင် ရန်ကုန်တခွင်လှည့်လည်စဉ်”ဆိုတဲ့ဆောင်းပါး တက်လာရင် ပြောအုန်းလို့မှာထားရတယ်။
(^^)ညီလေးစိန်ပေါက်ပေါက်ကချက်ချင်းကြီးကိုသိလိုက်ပုံပါဘဲနော်။နောက်မှစစ်ဆေးရအုန်းမယ်။(စ တာနော်)
(^^)ကိုအံဇာတုံးကိုလည်းသတိရလျှက်ပါ။ဂေဇက်ရဲ့၆ မျက်နှာရှိသူဆိုတော့မျက်နှာပွင့်မယ်ပေါ့နော်။
(^^)ကိုသန်းထွတ်ဦးရေ ကျန်းမာချမ်းသာပါစေဗျာ။ ဘေးဘယာကင်းဝေးပါစေဗျာ။
ကျနော်အလုပ်များလွန်းလို့မလာတာပါခင်ဗျာ။
(^^)အစ်မလတ်ရေ ဗျူးဘို့အတွက်အချက်အလက်မစုံသေးဘူးထင်မိပါတယ်။
စ လုံးနဲ့ ဂျပန် အပြန်အလှန်သွား ၂ ယောက်သား တွေ့လိုက်မတွေ့လိုက်ဆိုတော့လေ။
(^^)ညီလေးအမတ်မင်းရေ အကိုလဲငါ့ညီကိုသတိရနေပါတယ်ကွာ။
ပျက်ကွက်မှုရှိခဲ့တယ်ဆိုရင်တောင်းပန်တယ်နော် ညီရေ့။ ညီလေးချမ်းမြေ့ပါစေ။
(^^)ကိုအလင်းဆက်ရေမအားလပ်လို့ကိုအလင်းဆက်ရဲ့တိမ်ယံကြားမှာကော်မန့်များမထားနိုင်တာခွင့်လွှတ်ပါအုန်း။
ပြောင်မြောက်သောအနုပညာများကိုလဲအလင်းရောင်လက်သလိုဆက်ခါဆက်ခါ ဖန်တီးနိုင်ပါစေလို့။
(^^)မpadonmar ရေကျနော် အချိန်ယူစာမရေးနိုင်သေးလို့ ဂေဇက်ကိုတခါတရံဝင်ကြည့်ဖြစ်ရုံလောက်
ဘဲရှိနေပါတယ်။ ခွင့်လွှတ်ပါအုန်းနော်။(ရေးခိုင်းမယ်ဆိုတာချည်းဘဲ၊ အယ်ဒီတာလုပ်ရမှာနော်):D
(^^)မမရေ ပြုံးပြနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ။ပန်းတနော်ဆိုတာနဲ့ တွဲပြီးတော့ကိုမှတ်မိအောင်လုပ်တတ်ပါပေ့ရဲ့နော်။ ရွှင်လန်းချမ်းမြေ့ပါစေနော်။
(^^)မpoochရေ ဂျပန်လိုနှုတ်ခွန်းဆက်သတာလေးကိုကျေးဇူးပါ။ကျနော်လဲဝမ်းသာပါတယ်။
မpooch လို့တွေ့လိုက်ရင်တီချယ်ကြီးအန်တီနုကိုပါတွေးလိုက်မိတာမို့သတိရကြောင်းလက်ဆင့်ကမ်းပါနော်။
(^^)ကိုထူးဆန်းကြီးကိုလည်းလွန်စွာသတိရကြောင်းပါခင်ဗျ။၉၁ တော့ မလုပ်ပါရစေနဲ့အုန်းခင်ဗျာ။နောင်များမှပေါ့နော်။
(^^)ကိုဆာမိရေ သတိရလျှက်ပါမိတ်ဆွေကြီးရေ။ဆုံဆည်းကြဖို့မျှော်လင့်ပါတယ်။
(^^)ကိုပါလေရာကြီးကောကျန်းမာပါရဲ့လား၊သတိရလျှက်ပါ။
(^^)ကိုkyeemite ရေ မင်္ဂလာပါဗျာ။ သတိတရရှိလျှက်ပါလို့။ကျနော်လဲဝမ်းသာပါတယ်။
(^^)ညီလေးကိုရင်စည်ရေ ဂေဇက်ကိုကိုယ့်ရဲ့ ပြည်ထဲရေးဝန်ကြီးကစောင့်ကြည့်ပါတယ်။
သူကတဆင့်ပြန်ကြားရပါတယ်။တခါတခါတော့ကိုယ်တိုင်လဲဝင်ကြည့်ပါတယ်။
အရင်လိုအချိန်ယူပြီးတော့မကြည့်နိုင်တော့တာတော့လက်ရှိအနေအထား
ရဲ့အခြေအနေပါ။ညီလေးကို အကိုသတိရနေတယ်လို့ဆိုတာညီလေးသိမှာပါကွာ။
(^^)ပို့စ်ပိုင်ရှင် မိတ်ဆွေကြီးကိုဘလက်ရေ…
ခင်ဗျားရဲ့ ပို့စ် မှာကျနော့ကိုယ်ရေးကိုယ်တာဆန်ဆန်ဖြစ်သွားရင်ခွင့်လွှတ်မယ်လို့ယုံကြည်ပါတယ်ဗျာ။
ကျနော် စာ(ပို့စ်)ပြန်ရေးဖို့ဆိုတာကတော့ သီးခံပါအုန်းခင်ဗျာ။ ကျနော်ကြိုးစားကြည့်ပါအုန်းမယ်။
ကတိတော့မပေးသေးဘူးဗျာ။
^^^^^^—–^^^^^^
ကျန်အားလုံးသောဂေဇက်မိတ်ဆွေများလည်း ကိုယ်စိတ်နှစ်ဖြာချမ်းသာ လိုရာပြည့်ဝချမ်းမြေ့ကြပါစေလို့
ဆုတောင်းရင်းအားလုံးကိုနှုတ်ခွန်းဆက်သပါတယ်။
လောလောဆယ်ဂေဇက်ကိုအားမစိုက်နိုင်သေးတာကိုနားလည်ခွင့်လွှတ်ပေးကြပါအုန်းနော်။
အားလုံးကိုလေးစားခင်မင်စွာဖြင့်
သစ်မင်း(^^)
blackchaw
June 11, 2012 at 8:11 am
ကျွန်တော် အများကြီး ဂုဏ်ယူမိပါတယ် ကိုသစ် ရေ။
ကိုသစ်ကို ချစ်ခင်ကြသူတွေ ကိုသစ်ကို မျှော် နေကြသူတွေ အများကြီးရှိသေးတယ် ဆိုတာရယ်
ဒါ အကုန်လုံးမဟုတ်သေးဘူးဆိုတာရယ် သိစေချင်ပါတယ်။
အခုလို အချိန်က ညီကိုမောင်နှမတွေအားလုံး
ရွာမှာ ရှိနေသင့်တဲ့ အချိန်လို့ ယူဆမိပါတယ်။
စည်းလုံးမှု ညီညွတ်မှုကို စည်းကမ်းတကျ ပြသရမယ့်အချိန်မျိုးလို့လည်း ထင်ပါတယ်။
ပို့စ်မတင်နိုင်သေးရင်တောင် စိတ်ဝင်စားတဲ့ ပို့စ်လေးတွေမှာ
ကွန်းမန့်လေးတွေ ချီးမြှင့်ပေးဖို့ လေးလေးစားစား တောင်းဆိုပါတယ်ဗျာ။
MG က ကွန်းမန့်တွေနဲ့ တည်ဆောက်ထားတဲ့ ရွာလေးတစ်ရွာမို့
ကွန်းမန့်တွေကိုတော့ မျှော်ပါရစေ ကိုသစ်ရေ။
လေးစားချစ်ခင်စွာ
ဘလက်။
aye.kk
June 11, 2012 at 9:48 am
ကိုဘလက်…
နေဝင်မှာစိုးတယ်…..
အားလုံးရဲ ့ရင်ထဲမှာနေဝင်မှာစိုးတယ်…
ရောင်နီကပြပြလေးသာမြင်နေရတုံး…
အလင်းဆိုတာလူတိုင်းခံစားချင်တာ….
မခံစားရသေးတဲ့အချိန်…
ရခိုင်အရေးကြောင့်စိတ်တွေလေးပြီးနေတာ….
ဒီအချိန်ကိုဘလက်ရေးတဲ့စာလေးကိုဖတ်ပြီး…
စိတ်ထဲမှာကျေးဇူးတင်မဆုံးဖြစ်ရပါတယ်…
ကိုသစ်ပြန်ပေါ်လာတာလည်း…
ရေငတ်သူရေတွင်းထဲကျဆိုသလို…
ပျော်သွားရပါတယ်…။
ု့အမှောင်(တံခါးပိတ်ဝါဒ)အုပ်ချုပ်မှုအောက်မှာနှစ်(၅၀)ခံစားခဲ့ရတာ…
နေဝင်တဲ့အရသာဘယ်လိုလည်းဆိုတာကြုံခဲ့ကြရတာ…။
နေဘယ်တော့ပြန်မဝင်နိုင်တဲ့နေမဝင်အင်ပါယာမြန်မာနိုင်ငံကြီးပဲဖြစ်ချင်ပါတော့တယ်..
ကိုဘလက်ရေ…
ကျေးဖူးတင်စွာဖြင့်….
ခင်တဲ့အစ်မအေး..။။။
မှော်ဆရာ
June 11, 2012 at 10:06 am
ဦးသစ်ရေ .. လွမ်းတယ်ဗျာ …
ဦးဘလက်ရေ … ကျေးဇူးပဲနော ။။
ကြောင်ကြီး
June 11, 2012 at 10:22 am
ဆြာဗလရေ…. ကျောင်းဂျီးများ လွမ်းဘောင်ဗျာ…။ 🙄
ဆြာသစ်ရေ… ကြေးမုံဂျီးဆိုတဲ့ တရုတ်ကူမြူနစ်ကေဒါတယောက် ရွာထဲမှာ သောင်းကျန်းနေဒယ်။ လစ်ဘရယ်သဂျီးတောင် ကူမြူနစ်စိတ်ပေါက်ပီး မြစ်ဆုံရေကာတာ ဆောက်မယ်ဖြစ်သွားပီ။ အမြန်ဆုံးလာရောက်ကယ်တင်ဘာ..။ တရုတ်ကြီးကို အပြုတ်တီးမည့် ကြောင်ကြီး 😡