ကလေးတွေကို မိဘများ ဂရုစိုက်သင့်ပြီ
ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး။ ဒီနေ့တော့ တစ်မြို့လုံး အေးချမ်းစွာနဲ့ လူသူတိတ်ဆိတ် ကင်းမဲ့နေတဲ့ မြို့လယ်ကောင်တွင် နားအေးပါးအေးနဲ့ အင်တာနက်လေးသုံးမယ်ဆိုပြီး ရတဲ့အချိန်လေးကို အင်တာနက်ဆိုင် လာထိုင်မိပါတယ်။ ဆိုင်ထဲရောက်တော့ လူအတော်ပြည့်နေတယ်။ အင်တာနက်သုံးတာတော့မဟုတ်ကြပါဘူး။ ဂိမ်းဆော့တဲ့သူတွေကြီးပါပဲ။ ဒါနဲ့ ရတဲ့စက်ကို ဝင်ထိုင်တဲ့အခါ အနားမှာ ထိုင်သုံးနေတဲ့သူတွေကြည့်လိုက်တော့ အလွန်ဆုံးရှိလှ ၁ဝ နှစ် ၁၁ နှစ်လောက်အရွယ်လေးတွေ ဂိမ်းဆော့နေကြတယ်။ တချို့ကျတော့ အဲဒီအရွယ် ကလေးတွေက မိဘက ကျောင်းမထားတာလား သူတို့ကပဲ မတက်ကြတာလားဆိုတာ မသိဘူး။ ဒီနေ့တွေ့တဲ့ကလေးတွေကတော့ ကျောင်းစိမ်းဝတ်စုံတွေနဲ့ အတော့်ကို စိတ်ထဲ မချမ်းမြေ့ဘူး။ ထမင်းချိုင့်တွေက ခြေထောက်အောက်ချလို့ ဆော့နေကြတယ်။တစ်ခါတလေ ကျောင်းမတက်ခင် လာဆော့ကြတာလို့ ထင်မိတာပဲ။ ဒါမှမဟုတ် ဒီအချိန်ကျတော့ ကျောင်းမတက်ခင်မဟုတ်တော့ဘူး။ ကျောင်းဆင်းချိန် ကျူရှင်တန်းသွားရမည့် အချိန်လို့ ထင်တာပဲ။ ဆော့တာက ဒီတိုင်းဆော့တာမဟုတ်ဘူးနော်။ ဂိမ်းဆိုင်တွေ သွားထိုင်ဖူးတဲ့သူတွေ သိကြမယ်။ ဂိမ်းဆိုင်မှာ ဆော့တဲ့သူတွေ ပါးစပ်က ဘယ်လိုရေရွတ်ဆော့ကြသလဲဆိုတာ… ခုလည်း ဒီကလေးတွေ ဆော့နေရင်း ပါးစပ်က ခရားရေလွှတ် တရစပ်ပဲ ကျောင်းစိမ်းဝတ်စုံတွေမှ အားမနာ မိဘတွေက မပြောဆိုထားတဲ့အတိုင်းပါပဲ။ ကန်တော့နော် ကိုယ်မှာ ရှိတာကော မရှိတာကော မိဘ အစ်မ နှမ အကုန်ပါတယ်။ စုံနေတာပဲ။ ကြာတော့ စိတ်ပေါက်လာပြီး ကျွန်မလည်း ပိတ်ဟောက်လိုက်တယ်။ ဟောက်လည်း ဟောက်လိုက်ရော ဟိုဘက်က ကလေးက ငြိမ်သွားတယ်။ ဒီဘက်က ကလေးက ဘာပြောတယ်မှတ်လဲ။ ခုပြောတာ ဘယ်သူလဲတဲ့လေ…. ကျွန်မကလည်း စိတ်တိုပြီး ပြောလိုက်တယ်။ ငါပဲ ဘာလုပ်မလို့လဲ လို့ ထပ်ပြောလိုက်တော့ ထကြည့်ပြီး ကန်တော့နော် မမတဲ့လေ… ဒါက တစ်ရက်တလေ မဟုတ်ဘူး။ ဟိုတစ်ခါလည်း ကျွန်မဘေးမှာ ထိုင်တဲ့ကလေးကို စိတ်မရှည်လို့ ခေါင်းပါ ခေါက်လိုက်မိတယ်။ နောက်တစ်ခါ လာဆော့တော့ ကျွန်မ လာသုံးတဲ့အချိန်ဆို ဘေးမှာ ခုံလွှတ်နေလဲ အဲဒီကလေးက လာမထိုင်တော့ဘူး။ ကလေးတွေ နေ့တိုင်းလိုလိုဖြစ်နေတာလားဆိုတာ မိဘတွေကော သိကြရဲ့လား။ ကျောင်းပို့ကျောင်းကြိုမလုပ်ကြဘူးလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ ပျက်စီးနေကြမယ်ဆိုရင် နောင်အနာဂတ်မှာ ဒီကလေးတွေရဲ့ ရှေ့ရေးက အတော်မလွယ်ပဲ ကျွန်မ ဘေးကနေ ရင်မောနေမိပါတော့တယ်။
21 comments
laypai
June 15, 2012 at 4:14 pm
netgame တွေမှာ ဆော့ရင်း ဆဲ တာ လူလတ်ပိုင်း တွေ က စတာ ဗျ။ခလေး တွေ က လိုက်ပြီး အတု ယူ ဆဲ တာ။ လူ ကြီး ကျတော့ ပါးစပ် က မဆဲ တော့ ဘူး type ပြီး ဆဲတယ်။
ဂိမ်းဆော့ရင် အဆဲ လေ့ ကျင့် နေတာ မိဘတွေ ကို သိအောင် ပြောပြကြ ပေါ့။ အဲဒီ ဂိမ်း တွေ ကို ကျွမ်းကျွမ်း ကျင်ကျင် ဆော့ နိုင် တာ တော့ ချီးကျူးပါတယ်။
Thel Nu Aye
June 15, 2012 at 4:29 pm
မှန်ပါတယ်။ မနောရေ။ အင်တာနက်ဆိုင်သွားရင် အဲဒီဆဲသံတွေက ယဉ်ကျေးမှု့တခုလိုတောင်ဖြစ်နေတယ်။ ကိုယ့်ဘေးမှာကပ်ဆဲနေရင် ကိုယ့်ကိုဆဲတယ်လို့တောင်ခံစားမိပါတယ်။ တခါတလေများ မျက်နှာချင်း
ဆိုင်ဖြစ် နေလို့မျက်နှာမမြင်ရလို့ခုံပေါ်တက်ပြီး ဟိုဘက်ကိုလှမ်းဆဲနေတာများ။ မကြားဝံ့မနာသာပါ။ မနော ပြောသလိုပဲ ကိုယ့်ရှိတာရောမရှိတာရော အမေရော နှမရောအကုန်ပါတာပဲ။ လူကြီးတွေ စဆဲတော့ ကလေးတွေကပါလိုက်ဆဲ။ အမသွားတဲ့ဆိုင်ကဆို လာဆော့နေကျဖောက်သည်က ပဉ္ဇင်းခံပြီး မလာရမနေနိုင်လို့ နေ့ဆွမ်းဘုန်းပေးပြီးရင်ကြွလာရော။ သူကအဆဲသန်သူမို့ ဆိုင်ရှင်က အရှင်ဘုရား ထိုင်ပဲ ထိုင်ပါ မဆော့ပါနဲ့။ အရှင်ဘုရားဆော့ရင် ငရဲကြီးကုန်ပါမယ်ဆိုလျှောက်ရတာ။ အဲလောက်ထိဆဲကြတာ။ မိဘတွေကလဲသိသိကြီးနဲ့ မဟုတ်တာလုပ်တာထက်စာရင် ဂိမ်းကစားတာက မဟုတ်တာမလုပ်နိုင်တော့ စိတ်ချရတယ်။ နို့မို့ လျှောက်သွားပြီးမဖြစ်သင့်တာတွေဖြစ်မယ်ဆိုပြီးစိတ်ချလက်ချထားခဲ့တာပါ။ ညပြန်ချိန်မှ လာခေါ်တဲ့မိဘတွေတောင်ရှိသေးတယ်။ အဲတော့ဘယ်လိုလုပ်ကြမလဲ။
Myo Min Oo
June 15, 2012 at 4:30 pm
ဂိမ်းဆော့တာကောင်းတာလဲရှိပါတယ်၊ မကောင်းတာလဲရှိပါတယ်၊ အဓိက ကတော့ သက်ဆိုင်သူတွေက ထိန်းသိမ်းတတ်ဖို့ဘဲလိုပါတယ်၊ ကလေးကို ဂရုမစိုက်နိုင်တဲ့မိဘဆွေမျိုး တွေကိုဘဲ အပြစ်တင်ရမယ်၊ ဘာအတွက်ကြောင့်ဒီ ငယ်ရွယ်တဲ့ ကလေးတွေကို ပစ်ထားရတာလဲ၊ ဘာတွေက ကိုယ့်ကလေးထက်ပို အရေးကြီးလို့လဲ။ တကယ်တော့ ကလေးဆိုတာ ကိုယ်လိုရာကို ပုံသွင်းနိုင်တဲ့ ဖယောင်းလုံးလေးတွေလိုပါဘဲ။
Nyein Nyein
June 15, 2012 at 4:42 pm
အဲဒီ့လို ကလေးတွေနဲ့ ကြုံဖူးပါတယ် မမ မနောရေ။ မမ ကမှတော်ဦးမယ်။ ဘာမှပြန်မပြောတာ။ တစ်ချို့ကလေးတွေဆို လူကြီးတွေကို ပြန်တောင်ပြောတတ်ပါသေးတယ်။ မိဘတွေအနေနဲ့ကျတော့လည်း ပြောတော့ပြောကြမှာပါ။ လိုက်တော့မကြည့်နိုင်ကြဘူးထင်ပါတယ်။ စားဝတ်နေရေးက ရှိသေးတယ်လေ။ ဆရာ၊ ဆရာမတွေကော ဆွေမျိုးသားချင်းတွေကပါ ဝိုင်းဝန်းပြီး ထိန်းကျောင်းပေးနိုင်မှ တော်ကာကျမှာပါ။
ကိုမျိုးမင်းဦးပြောသလိုပါပဲ ” တကယ်တော့ ကလေးဆိုတာ ကိုယ်လိုရာကို ပုံသွင်းနိုင်တဲ့ ဖယောင်းလုံးလေးတွေပါ။ ”
ဒါပေသိ သို့သော် ကလေးဆိုတာက လူကြီးတွေပြောဆိုဆုံးမတာထက် လူကြီးတွေရဲ့ အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုတွေကို ကြည့်ပြီး အတုယူတတ်ကျတယ်လို့ ဖတ်ဖူး၊ မှတ်ဖူးတာပဲ။
mipukay
June 15, 2012 at 4:49 pm
အဲဒါများလွယ်လွယ်လေး-
အသံထွက်ဆော့သူများ ၁ နာရီ ၆၀ဝ ကျပ် (မှတ်ချက်။ ။ဆဲဆိုခန်းသီးသန် ့ဖွင့်ထားပါသည်။)
အသံတိတ်ဆော့သူများ ၁ နာရီ ၃၀ဝ ကျပ်
မိဘခွင့်ပြုချက်ကဒ်ပြားဖြင့် အသင်းဝင်ကြေးသွင်းပါက တစ်နာရီ ၁၅ဝ ကျပ်
ပုံ
အင်တာနက်ဂိမ်းဆိုင်
😛
Davit
June 15, 2012 at 5:45 pm
အမမနောရေ….ဂိမ်းဆိုင်မှာ ကျွန်တော့်သား လာဆော့တာနဲ့ကြုံရင်လည်း ခေါင်းခေါက်ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်ဗျာ။ 😀
ခုတော့ တစ်ဆယ် ရပြီ…. 😀
ရဲဘော် မောင်တူး
June 15, 2012 at 8:52 pm
မသိရင်တော့ ဟုတ်သလိုလို ထင်ရပါသည်။
မိဘတိုင်းဟာချမ်းသာကြွယ်ဝအဆင်ပြေနေကြရင်တော့ ၊ ဘယ်မိဘမှ ကိုယ့်ကလေးကိုကိုယ် ဂရုမစိုက်ရှိပါမလဲ။
manawphyulay
June 16, 2012 at 1:32 pm
မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမယ့် ကျောင်းနေတဲ့ ကလေးတွေ ကျောင်းဝတ်စုံနဲ့ လာဆော့နေတာတော့ မကောင်းဘူးလို့ထင်တာပဲ။ ပြောမယ်သာ ပြောရတာ မနော မောင်လေး အကြီးကောင် ငယ်ငယ်တုန်းကလဲ အဲဒီတိုင်းပဲ။ ထီးကျန်ခဲ့တယ်ဆိုပြီး ဂိမ်းဆိုင်က လာပေးမှ ဂိမ်းဆိုင်သွားတာ သိတာ။ နောက်ပိုင်း ကျောင်းပို့ကျောင်းကြိုလုပ်ရတော့တယ်။ နောက် အိမ်ရှေ့မှာ ဂိမ်းဆိုင်လာဖွင့်တုန်းကလည်း အဲလိုပဲ ပတ်ဝန်းကျင်က လက်မခံတော့လို့ ဂိမ်းဆိုင်တောင် ပြောင်းသွားရတဲ့အထိ ဖြစ်ဖူးတယ်။ အဲတုန်းကဆို မောင်လေးတွေ ဂိမ်းဆိုင်သွားမှာစိုးလို့ ခြံတံခါးကို သော့ခတ်ထားရတယ်။
fatty myat
June 17, 2012 at 1:57 pm
ကလေးတွေကလည်း ကလေးတွေပါပဲ။ လူကြီးတွေ မလစ်လိုက်နဲ့ လစ်လိုက်တာနဲ့ ဂိမ်းဆိုင်ရောက်နေကြရော..
cobra
June 17, 2012 at 5:59 pm
ဂိမ်းတော့တာနဲ့ဆဲတာဘာမှမဆိုင်ပါဘူး။
ကျွန်တော်ဆိုရန်ဖြစ်မှာစိုးလို့ dota ဆိုတဲ့ဂိမ်းကိုသင်လည်းမသင်ဘူး။
သူတို့ဆဲတာတွေကတရားလွန်တယ်။
ဘေးကလူတွေတောင်မခံနိုင်ဘူး။
ပီးတော့ ဆိုင်ဆိုတာကအလုံပိတ်တွေလေ နားလည်းတအားငြီးရတယ်။
ဒီရွာထဲမှာလည်းဂိမ်းဆော့တတ်တဲ့သူတွေရှိမှာပါ။
စေတနာနဲ့ပြောတာနော် ရန်မတွေ ့ကြနဲ ့
ဆော့တာတော့ဆော့ပေါ့ အရမ်းမဆဲကြဖို့ တိုက်တွန်းချင်ပါတယ်။
snow white
July 5, 2012 at 4:31 pm
စိတ်ရှည်ရှည်ထားပါ မမမနောကလည်းကလေးတွေလည်းစိတ်ဖိစီးလို့ ဂိမ်းဆိုင်လေးမှာ လာဖြေတာကို နားလည်ပေးလိုက်ပါ။။
manawphyulay
July 6, 2012 at 3:24 pm
စိတ်ကတော့ ရှည်ပါတယ် ညီမလေးရယ်…. ကြာလာတော့ နားက မခံနိုင်တော့ဘူး။ ဒီလိုမျိုး အသုံးအနှုန်းတွေက အစုံဆိုတော့ ကြားရဖန်များလာတော့ ဘယ်နေရာ ရောက်နေမှန်းတောင်မသိတော့ဘူး။
lazy boy
July 5, 2012 at 5:19 pm
ကလေးကတော့ဆော့မှာပေါ့ မမရယ်ကိုယ်ကလုူကြီးပဲ….ဟဲဟဲ
etone
July 6, 2012 at 3:54 pm
အပျိုဂျီးနော် .. ကလေးတွေအကြောင်းကို တော်တော်သိနေတယ် .. ဟုတ်စ … 😉
si tone
August 9, 2012 at 5:29 pm
ဆရာမ က စိတ်ကြီးတယ်နော်…. ဒါပေးမယ့်… ဆရာမရဲ့ အခုခေတ် ကလေးအားလုံးက ကျောင်းပြီးရင်
Game ဆိုင်ပဲ သွားကြတာပဲ……. အိမ်က ညီလဲ အဲဒီအတိုင်းပါပဲ…. ကယ်…. ဘယ်လိုလုပ်ရမလဲ..?
ပင်လယ် ပျော်
August 9, 2012 at 6:15 pm
ဒေါသလျှော့ပါဂျ…ဒေါသကြီးရင် ဆံပင်တွေဖြူမယ်ဂျ…
ko thae mg
August 9, 2012 at 11:37 pm
တစ်ခုတော.ရှိတယ် တဝက်ပေလို မတောင်နဲနော်………
game ဆိုတာ…………
အဲ…..connection ကလဲ
+-****=+***
ဘယ်သူမှာ အပြစ်ရှိ လဲဗျို.
pu ma
August 10, 2012 at 7:49 am
မနောရေ
အဲလိုကလေးတွေနောက်မဆဲအောင်ဂျိတ်ကြီးကြီးဆောင်ထား
ဆဲတဲ့ပါးစပ်ကိုဂျိတ်နဲ့ထိုးပြီးဆုံးမလိုက်…..သိလား
အမလဲဆဲသံကိုမုန်းတယ်….အမကလေးတွေဆိုမဆဲတတ်ဘူး
အဲဒိလိုလုပ်မယ်ဆိုပြီးပြထားတာ
aye.kk
August 10, 2012 at 8:39 am
မနောလေးရေ…။
မနောရေးလိုက်တဲ့postဖတ်ပြီး…
ပြောပြချင်မိတာပါ….။
အန်တီသား(၆)တန်းတက်တဲ့အချိန်တုန်းကပါ၊နည်းနည်းတော့ကြာပါပြီ။
အငယ်ဆုံးသားပါ၊သူကျောင်းကပြန်လာတိုင်းကျောင်းစာတွေပါမပါ။
ဆရာမရဲ ့သင်ကြားမှုအခြေနေတွေ။ကလေးရဲ ့သင်ခန်းစာလေ့ကျင့်ခန်းစာအုပ်ထဲ
အမှတ်ပေးမှု၊စာလုံးပေါင်းသတ်ပုံတွေအပေါ်ဂရုတစိုက်ရှိမရှိပြန်ကြည့်တတ်ပါတယ်။
အဲဒီမှာတပါတ်အတွင်းကလေးရဲ ့လေ့ကျင့်ခဏ်းစာအုပ်ထဲမှာ။
နေ ့စဉ်သင်ကြားပေးတဲ့အခြေအနေဟာတိုးတက်မှုမရှိတာကိုတွေ ့ရပါတယ်။
ကျောင်းကိုအထိလိုက်သွားပြီး၊စာသင်ချိန်မှာသားနဲ ့တွေ ့ချင်ကြောင်းခွင့်တောင်းမိပါတယ်။
အကြောင်းတခုပြပြီးတွေ ့ခွင့်ရဘို ့ခွင့်တောင်းခဲ့တာပါ။
ဆရာမကစာသင်ခန်းထဲမှာကလေးစာသင်နေကြောင်းပြောလို ့။
စာသင်ခန်းအပြင်ဘက်မှာခဏစောင့်နေခဲ့ပါတယ်။စာသင်တာသာပြီးသွားတယ်။
ကလေးကိုမတွေ ့ရတော့၊ဆရာမကိုမေးပါတယ်။ဆရာမကလည်းကလေးမရှိဘဲပျောက်နေတာကို
ရှိနေသယောင်ဖြေပါတယ်။စိတ်မရှည်လာလို ့အတန်းထဲအထိဝင်မေးတော့။
ကလေးကရေအိမ်တက်နေတယ်လို ့ပြောဆိုပြန်ပါတယ်။
အဲဒါနဲ ့ကလေးအဖေကိုပါအတူတူခေါ်လာခဲ့တာမို ့၊
မျက်နှာရိပ်မျက်နှာကဲပြပြီးကျောင်းဝင်းအပြင်ဖက်မှာသားကိုပတ်ရှာကြည့်မိခဲ့ကြပါတယ်။
သူငယ်ချင်းတစုနဲ ့ဆော့နေတာကိုကိုယ်တိုင်မြင်လိုက်ရပါတယ်။စာသင်ချိန်မှာတောင်အတန်းထဲမှာပျောက်လို ့ပျောက်နေမှန်းမသိတဲ့၊ဂရုမစိုက်တဲ့၊မရှိတာကိုရှိနေသယောင်ပြောတဲ့ဆရာမကို
ဖြေရှင်းချက်ပေးနိုင်ဘို ့အတွက်ကျောင်းအုပ်ဆရာကြီးဆီသတင်းပို ့ပြီးတိုင်တန်းတဲ့အခါကျမှ
ဆရာမဟာအတော်တုန်လှုပ်သွားပြီး၊ကျောင်းအုပ်ဆရာကြီးကိုတောင်းပန်ပါတယ်။
ကျမကိုလည်းတောင်းပန်ပါတယ်။ကျမလုံးဝလက်မခံပါဘူး။
သားရဲ ့လေ့ကျင့်ခဏ်းစာအုပ်ကိုပုံမှန်စစ်နေခဲ့တာမို ့ဒီလိုပေါ့လျော့လှတဲ့
ဆရာမအတန်းကနေအခြားအခန်းတခုကိုချက်ခြင်းပြောင်းပေးဘို ့အတွက်တောင်းဆိုမိပါတယ်။
ကျောင်းအုပ်ဆရာကြီးကတော့ဆရာမကိုထိုက်သင့်တဲ့အပြစ်ပေးပါ့မယ်လို ့ကျောင်းသားမိဘဖြစ်တဲ့ကျမကိုကျောင်းအုပ်ဆရာကြီးကိုယ်တိုင်တောင်းပန်ခဲ့ရပါတယ်။
ဆရာမကိုအလုပ်မှထုတ်ပါယ်ဘို ့အထိတောင်ဖြစ်သွားပါတယ်။
ဆရာမကအိမ်ထိလိုက်လာပြီး။သူမှားပါတယ်ဆိုတဲ့အကြောင်း။ကျမကိုတောင်းပန်ခဲ့ရပါတယ်။
ကျောင်းဆင်းချိန်၊ကျောင်းတက်ချိန်မှာသားကအိမ်ကိုတန်းပြန်ပါတယ်။ မပြန်ရင်ကျမကလက်မခံတာအပြစ်ပေးတာကလေးကသိနေပါတယ်။မိဘကအလစ်မပေးတော့။
ကျောင်းစာသင်ချိန်မှာ။ရေအိမ်တက်ရာကနေလစ်ထွက်ပြီးဆော့တော့တာပါ။
ဆရာမလည်းကျမကိုအတော်လေးလန် ့သွားခဲ့ပါတော့တယ်။။။
manawphyulay
August 10, 2012 at 10:09 am
ခုလည်း အန်တီရေ… အန်တီ့သားလိုအဖြစ်က အိမ်က မောင်လေး ဖြစ်နေလို့ တစ်အိမ်လုံးမနေရဘူး လျှောက်လိုက်နေရတယ်။
ဆူး
August 10, 2012 at 9:53 am
မိဘ နဲ့ ဆရာမ ပူးပေါင်း မှ ကျောင်းသားတွေ စာသင်ခန်းထဲမှာ မှန်မှန် ကန်ကန် ရှိမှာပါလားနော်.. ကွန်မန်းတွေ ဖတ်ရတာတွေက အစ စိတ်ပျက်လာမိတယ်။ ဘာတွေမှန်းကို မသိဘူး.. အဆိုးဆုံးက ဘယ်သူမှ တာဝန်ယူတဲ့ စိတ်ကို မရှိကြတာပဲလား။