အလွမ်းကုဋေ
မတွေ့တာကြာသမို့
မေ့များနေလားလို့
စိုးရိမ်စိတ်ပွားမိတယ်။
အချိန်တိုင်းသတိရ
သတိရတိုင်းလွမ်း
လွမ်းတိုင်းလည်း ငိုမိတယ်။
ပိုတယ်လို့တော့ မထင်ပါနဲ့
ရင်မှာခံစားရတာက
နွေတစ်ရာမကသလိုပါပဲ။
အခုတော့လည်း…
ကုဋေကုဋာအလွမ်းတွေကို
ရင်မှာပိုက်ထွေးရင်း
သက်ပြင်းတွေနဲ့မော…။ ။
17 comments
မောင်ပေ
June 16, 2012 at 3:52 pm
အလွမ်းတွေပိုနေသူလေး မမွန်ရေ
ကိုပေလဲ ဖတ်အပြီး လွမ်းမိသွားတာ သိပါစေ
ညလေး
June 16, 2012 at 3:59 pm
ဪ…..အလွမ်းအလွမ်း……….
မမွန်မွန်ေ၇..လမ်းမှာတွေ.ရင်ပြောပေးမယ်နော်……ကိုယ်ချင်းစာတယ်….
(အဲ.ဒါကြောင့် မန်းဂေဇက်ရွှာမှာ..မိုးမရွာဘဲ ရေတွေကြီးနေတာ…..
မမွန်မွန်….မျက်ရည်တွေကိုး…….)ချိတ်ချိုးနဲ.နော် မမ နောက်ထှာ…..
မွန်မွန်
June 16, 2012 at 4:02 pm
နည်းနည်းတော့ ငန်မယ်နော်… ဟီး…
aye.kk
June 16, 2012 at 4:06 pm
မွန်မွန်ေ၇..
ဒီကဗျာတွေကို..
စိတ်မှာပေါ့နော်…
တခါတုံးကဖတ်ခဲ့ဘူးသလိုလို..
တူတော့မတူ..
ကုဋေကတော့တူသလိုလို..။။။
မွန်မွန်
June 16, 2012 at 4:20 pm
ဟုတ်ကဲ့..ဒီကဗျာက မွန်မွန်ကိုယ်တိုင် ရေးထားတာပါ..မှတ်မှတ်ရရ ဆယ်ကျော်သက်အရွယ် (၂၀၀၄) ဝန်းကျင်လောက်ကပါ… ကဗျာခေါင်းစဉ်ကိုတော့ ခင်တဲ့ စာရေးဆရာ အစ်ကိုတစ်ယောက်က ပေးခဲ့တာပါ (မွန်မွန်က ခေါင်းစဉ်မပေးတတ်လို့ ကဗျာတွေအကုန် သူ့ဆီယူသွားပြီး ပေးဖတ်ခဲ့တာပါ)
ဟိုးအရင် အင်တာနက်သုံးခါစက planet မှာ တင်ထားခဲ့ပါတယ်။ အဲဒီမှာ တော်တော်များများတင်ထားပါတယ်။ facebook က မွန်မွန့်အကောင့်မှာလည်း တင်ထားပါတယ်။
မှတ်မိသမျှဆိုရင် တစ်ခါက ရွာထဲမှာ ဒီကဗျာနဲ့ ခပ်ဆင်ဆင် တစ်ပုဒ်ဖတ်ဖူးပါတယ်။ ဘယ်သူရေးတာလဲတော့ မမှတ်မိတော့ဘူး။ နည်းနည်းတော့ ကြာပြီထင်တယ်…
ဘဲဥ
June 16, 2012 at 8:18 pm
2004 ဝန်းကျင်လောက်က ဆယ်ကျော်သက်ဆိုတော့ အခုဆိုရင် ဟိဟိ
ဟဲဟဲ ဟီးဟီး
ကိုရင်စည်သူ
June 16, 2012 at 10:34 pm
အိုင်ပီဘဲဥရေ့… ၂၀၀၄ က ဆယ်ကျော်သက်.. ဆိုတော့ ၁ရ လောက်ပဲရှိမယ်ဆိုတော့
အခု ၂၀၁၂ ဆိုတော့ ၁ရ + ၈ = ၂၅ နှစ်လောက်ရှိပြီလို့ ထင်ရတယ်။ 🙄 🙄
ဒါဆို တားတားထက် အသက် ၉နှစ်တောင်ကြီးတာပေါ့…
ဒါဆို မမလို့ပဲ ခေါ်တော့မယ်… မမမွန်… 😳 😳
မွန်မွန်
June 18, 2012 at 9:23 am
ကိုရင်ရေ..နည်းနည်းမှားနေတယ်နော် (အသက်တွက်ထားတာကို ပြောပါတယ်)… 😛
စိန်ဗိုက်ဗိုက်
June 16, 2012 at 4:48 pm
ကုဋေကုဋာ လွမ်း
အာတကေမပါရင် ဂွမ်း
စောင်မပါရင် ချမ်း
ကိုရင်စည်သူ
June 16, 2012 at 7:13 pm
ကိုရင့်ကိုများ စောင်းရေးနေတာလား
မသိဘူး.. 😳 😳
ကိုရင်ထားခဲ့တဲ့ ၄ ယောက်မြောက်ရည်စားနာမည်ကလဲ
မွန်မွန်ပဲလေ။ ပုသိမ်က… အဲ့လာကြောင့်
ကဗျာလေးဖတ်လိုက်ရတော့ ရင်ထဲလှပ်ပြီး
ဖီလင်တွေ တက်ကုန်ဒါပါ… 🙄
အလွမ်းကုဋေ
အနမ်းဆွေ
လွမ်းမပြေ
ကုဋေကဋာခြားတွင်… 😉
YE YINT HLAING
June 17, 2012 at 1:26 am
မငိုပါနဲ့မွန်ရယ်၊၊၊ ကိုယ် လည်း ၊၊၊ တနေ့ မှ မေ့မရ ပါဘူးကွယ်၊၊၊ ဟဲဟဲ၊၊၊ နောက်တာနော်၊၊၊ စိတ်ဆိုးရဘူး၊၊၊,
ရွှေထီး
June 17, 2012 at 10:20 am
မွန်မွန်ရေ လွမ်းတယ်ဆိုတာ ကောင်းကျိုးမပေးဘူး….
အခုလောလောဆယ် ဥပမာပေးရမယ် ဆိုရင် လွမ်းတာဟာ တူးပြီးသားထမင်းအိုးလိုပဲ…စောင့်ကြည့်မနေနိုင်ရင် တူးတော့တာပဲ
နောက်ထပ်မတူးအောင် အိုးကိုခြစ်ချပေမယ့်လည်း မည်းတဲတဲတော့ကျန်တာပဲ..
အဲလိုပဲ လွမ်းတတ်တဲ့သူ လွမ်းဖူးသူတွေဟာလည်း စောင့်ကြည့်မနေနိုင်ရင် လွမ်းတာပဲဗျို့..
ကိုပေါက်(မန္တလေး)
June 17, 2012 at 1:05 pm
မွန်မွန်ရေ ဖေစ်ဘုတ်ကျနော့်အကောင့်ထဲ ကျေးဇူးပြုပြီတော့အက်ပေးပါလား။
စတော်ဘယ်ရီသီးပုံနဲ့ကိုပေါက်နာမယ်ကတော့ ko pauk လို့ပေါင်းထားပါတယ်။
မွန်မွန်ဝင်ကြည့်တော့ နာမယ်တူသူတွေမြင်ရတော့ လူမှားမှာစိုးလို့ပါ။
အလွမ်းကုဋေ
ပေးဝေထားခဲ့သူ။
မငြူစူရက်ပါဘု့
အခုထိသတိရနေမြဲ။
အလွမ်းဝေနေတဲ့
…………………………………………………….
မွန်မွန်
June 18, 2012 at 8:47 pm
အက်ထားတယ်နော် လေးပေါက်….
အလင်းဆက်
June 17, 2012 at 7:18 pm
ကောင်းမှကောင်း….
mamanoyar
June 21, 2012 at 4:23 pm
အချိန်တိုင်းသတိရ
သတိရတိုင်းလွမ်း
လွမ်းတိုင်းလည်း ငိုမိတယ်။
မခံစားဖူးပေမယ့် ကြိုက်တယ်
maung khinmin
June 21, 2012 at 7:56 pm
တိတ်ပါ…မွန်၂ရယ်…
ကျုပ်တောင် ငိုချင်လာပြီ ပ