ကျနော်တို့ကတော့ အကြမ်း …………သူတို့ကတော့အချော
“ကျနော်တို့က အကြမ်း သူတို့ကအချော”
2010 မှာရွှေလီကို ပထမဆုံးအကြိမ်ရောက်တော့ ကျယ်ဂေါင်ဘက်ကနေလာတဲ့တံတားထိပ်နားလေးက
မြေကွက်လပ်မှာ သစ်မြစ်ဆုံတွေ သစ်တုံးတွေအပုံလိုက်။
သူနဲ့မျက်နှာခြင်းဆိုင်မှာက ပန်းပုလုပ်တဲ့ အလုပ်ရုံ။
အခုတော့ ဟိုတယ်ကြီးဖြစ်နေပြီ။
(အဲဒီတုံးကလဲ ဓါတ်ပုံရိုက်တင်ခဲ့ပါသေးတယ်)
https://myanmargazette.net/wp-admin/post.php?action=edit&post=107899
အခု2012 ရောက်ပြန်တော့ အဲဒီသစ်ပုံကြီးက မကုန်သေးပါဘူး။
အဲဒီတံတားကနေ မြောက်ဘက်လမ်းကျယ်ဘက်ကွေ့လိုက်တော့ ကျောက်မျက်ဈေးတန်း
အရောက်ကြီးမားတဲ့သစ်သားခြင်္သေကြီးကိုတွေ့လိုက်ရပါတယ်.
အားလုံးနှစ်ကောင်။
ဟိုမြောက်ဘက် အတော်ဝေးဝေးမှာတော့ထုလက်စ တစ်ကောင်။
နောက်ဆိုင်တစ်ခုရဲ့အဝင်ဝမှာ ဟိုတယ်အဝင်ဝမှာ ဆင်ရုပ်ကလေးတွေ။
သိတာပေါ့ သူတိုကို မန်းလေးမြိုတောင်ဘက်ကပ်ကျော်ကွေ့ကနေအရှေ့တက်ရင်
ရွှေကွန်အုပ်ဘုရားကို မရောက်ခင်အိမ်ကြီးမှာ ဆင်ရုပ်တွေထုနေတာ ကိုး။
ကျနော်သွားလေရာမှာ သစ်ပင်နဲ့ထုထားတဲ့ပန်းပုရုပ်မြင်တိုင်း ငါတို့ဟာတွေလို့
အတ္တစိတ်နဲ့ တွေးမိပါတယ်။
သူတို့ရဲ့အတတ်ပညာနဲ့လှပအောင် ချောအောင်ပြန်ပြုပြင်တာကတော့လေးစားစရာ။
ကျနော်တို့ က အမြဲတမ်းကုန်ကြမ်းအဆင့်မှာဘဲရပ်တည်ကြတော့မှာလားဆိုတဲ့မေးခွန်းကလဲ
ရင်ထဲမှာပဲ့တင်ထပ်။
ငယ်ငယ်တုံးက အကိုကြီးတစ်ယောက်ပြောခဲ့တာကို ပြန်သတိရမိတယ်။
“ငါတို့တောသူတောင်သားတွေက မြေကိုထွန်ယက်ပြီး ပြောင်းဖူးစိုက်
နိုင်ငံခြားကို ဈေးပေါပေါနဲ့ရောင်း။
မြိုကသူဌေးတွေက ငါတို့ပြောင်းဖူးနဲ့လုပ်တဲ့ နိုင်ငံခြားမုန့်ကို ဈေးကြီးပေးပြီးဝယ်စား”
အဲတော့ ဒီအတိုင်းဆက်သွားနေရင် ကျနော်တို့ ဆင်းရဲတွင်းထဲက မတက်နို်င်ဘူးထင်ပါတယ်။
ကဲဘယ်လိုသဘောရကြပါသလဲ၊
ကိုပေါက်လမ်းသလားနေသည်
(18-6-2012)
13 comments
ကြောင်ကြီး
June 20, 2012 at 9:26 am
ကြောင်အကြီးကြီးရုပ်တုများရော တွေ့ဃဲ့ဗူးလားဗြ..။ အဲလို ခွဲဂျားခွဲဂျား လုပ်ပါနဲ့..။ ကျုပ်တို့လည်း မြန်မာထီးကြမ်းပို့ပီး တရုတ်မချော ပျံယူဂျစို့… ယူကွာ တယောက်လေးယောက်နှုန်း…။ လေးယောက်ပြည့်မှ ဘာသာပျံပျောင်းဂျ..။
ကိုပေါက်(မန္တလေး)
June 20, 2012 at 9:38 am
ကြောင်ကြီးရေ စဉ်းစားပါကွယ် မင်းနစ်နာနေပါအုံးမယ်။
မင်းဝင်လာရင်လေ အတည်ရေးတဲ့ရည်ရွယ်ချက်တွေပျောက်ပျောက်သွားတယ်။
ညလေး
June 20, 2012 at 10:18 am
လေးပေါက်……
သူတို.ခြင်္သေ့ရုပ်ထုက….
အထီးအမ ခွဲထားသေးတယ်နော်….
ကြည့်မိလား နော်လေးပေါက်…….
Ma Ei
June 20, 2012 at 10:23 am
ခြင်္သေကြီးပုံက အတော်လှတာဘဲနော်…
ဒီလိုလက်ရာမျိုး မြန်မာပြည်မှာ ရှိဦးတော့
အဲ့လိုအလှထားကြပါ့မလား… ဝယ်သူရှိပါ့မလား…
…
ထင်းမဖြစ်သွားတာ တော်သေးလို့ ဆိုရတော့မယ်…
ကိုပေါက်ရေ…
အမြဲတမ်းကုန်ကြမ်းအဆင့်မှာဘဲရပ်တည်ကြတော့မှာလား…
အမေးကိုတော့…အဖြေခက်ပါတယ်…
Mလုလင်
June 20, 2012 at 11:51 am
အဲ့လောက် တော့ မကြီးဘူး .. ရှိပါတယ် .. နာဂစ်အလွန် ဆိုပြီး .. ဆရာစံ လမ်း နဲ့ တက္ကသိုလ် ရိပ်သာလမ်းသစ် ထောင့် မှာ ဂိုထောင် နဲ့ လဲ ထားတယ် လမ်းပေါ် မှာလဲ ထားတယ် .. အဲ့ .. ပွင့်ပွင့်လင်းလင်း ပြောရရင် . လက်ရာကတော့ နဲနဲ ကွာတယ်ဗျ …
Thel Nu Aye
June 20, 2012 at 10:32 am
ဦးကြီးက ပေါက်ဖော်ကြီးကို မန်ကျီးသီးတပိသာ ၅၀ဝ ကျပ် နဲ့ရောင်း။ ပေါက်ဖော်ကြီးက မန်ကျီးသီး တပိသာကို မန်ကျီးဖျော်ရည်ဘူး ၅၀ဝ ထွက်အောင်ပြုပြင်။ တဘူး ၅၀ဝ ကျပ် နဲ့ပြန်ရောင်း။ ပေါက်ဖော်ကြီး ထုပ်တဲ့ မန်ကျီးဖျော် ရည်ဘူးကို ဦးကြီးက ၅၀ဝ ကျပ် နဲ့ပြန်ဝယ်သောက်။ အဲလိုဖြစ်နေပြီလေးပေါက်ရေ။ ကြားဖူးတဲ့ဟာသလေးပါ။
pan pan
June 20, 2012 at 10:38 am
ဟုတ်တယ်လေးလေးပေါက်ရေ
အဲဒီကိစ္စ ဆရာအော်ပီကျယ်လည်း စာပေဟောပြောပွဲတွေမှာ ထည့်ထည့်ပြောတယ်
အသိပညာနဲ့ပတ်သက်ပြီးပဲပြောတာပါ
အသိပညာပေါင်းလိုက်တော့ တန်ဖိုးက အသိပညာကိုလိုက်ပြီး ပြောင်းသွားတာမျိုးပေ့ါ
ဆရာကြီးဦးအောင်သင်းကလည်းပြောပါတယ် (သဘာဝ + လုပ်အား = တန်ဖိုး)တဲ့
ဒါနဲ့ ခြင်္သေ့ရုပ်ထုတားတဲ့ သစ်ပင်ကြီးဆို တော်တော်ကြီးမှာနော်
ဒီမှာတောင်မတွေ့ဖူးသေးဘူး 🙁
mocho
June 20, 2012 at 10:51 am
လေးပေါက်ရေ
သစ်မြစ် ကြီးတွေ ကြည့် ပြီး ဘာ ကို နှ မြောမှန်းမသိ နှမြောနေတယ်။ ကိုယ့် နိုင်ငံက ဆုံးရှုံးသွားတဲ့ အရင်း အမြစ်တွေ အတွက်လား၊ သူတို့ တွေလို တန်ရာတန်ဘိုးရ တဲ့ အထိ မစောင့် နိုင်၊ မဖန်တီး နိုင်တဲ့ အခြေအနေ တွေကိုလား ဝေခွဲမရ။ ကိုယ့် လူတွေ ကလည်း သေပြီးအပင်ရဲ ့ အမြစ် မပြော နဲ့ စိမ်းစို ရှင်သန်နေ တဲ့ အပင် တောင် အမြစ်က နှုတ်ပြီး ရောင်း ကြ တာကိုး။
water-melon
June 20, 2012 at 11:11 am
ခြင်္သေ့ကြီးကတော့ ရေလည်မိုက်တယ်ဗျာ
လိုချင်စရာကြီး ဈေးကတော့ ❓
စိန်ဗိုက်ဗိုက်
June 20, 2012 at 12:06 pm
ဟယ်တော့..
ခြင်္သေ့ကြီးက အထီးကြီး.
ကြီးကြီးပဲ.
ခစ်ခစ်ဗျစ်..
ကိုပေါက်(မန္တလေး)
June 20, 2012 at 12:06 pm
ဈေးကတော့ မမေးရဲဘူးမောင် ။
မင်းလိုချင်ရင်သွားလိုက် တစ်ရုပ်ထုလက်စကျန်သေးတယ်။.
မောင်ပေ
June 20, 2012 at 12:30 pm
နံပါတ်၁၂ပုံ မြင်ကွင်းကိုတော့
ဒီထက်ပို ချဲ ့ကြည့်ချင်မိသား
ဖြစ်နိုင်ရင် တင်ပေးဗျာ
အရမ်းစိတ်ဝင်စားနေလို ့ဘာ။
ကိုပေါက်(မန္တလေး)
June 20, 2012 at 1:12 pm
မောင်ပေ ချဲ့ကြည့်ချင်လို့ မရဘူး ။.
သူတို့က အိမ်ထဲမှာ ဖဲရိုက်နေကြတာ။