ကြည်နူးရင်တုန် မြတ်ရွှေတိဂုံ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မရောက်တာကြာပြီဖြစ်တဲ့ ရွှေတိဂုံစေတီကို
မနက်စောစော သွားဖို့ မိသားစုတွေ တိုင်ပင်မိကြတယ်။
မနက်ပိုင်းမို့ ဘုရားကို ဆွမ်းတော်ကပ်ဖို့ စဉ်းစားလိုက်တဲ့အခါ
ဘုရားပေါ်မှာလည်း ဆွမ်းတော်ဗန်းတွေရောင်းတာမို့ အလွယ်တကူ ဝယ်ယူကပ်လှူနိုင်ပေမယ့်
သစ်သီးလေး အနည်းငယ်နဲ့ ပြီးစလွယ် ပြင်ဆင်ထားတာတွေမို့ မကပ်ချင်ပါဘူး။
အချိန်လည်းရတာမို့ ကိုယ်တိုင်ပဲ သစ်သီးနဲ့ ကိတ်မုန့်တွေသွားဝယ်ပြီး
ဆွမ်းတော်တင်တဲ့အခါမှာထည့်ဖို့ စတီးဗန်းတစ်ချပ်ပါ သယ်သွားလိုက်တယ်။
ဘုရားကိုရောက်တော့ မနက်စောစော လေနုအေးလေးနဲ့အတူ
ကောင်းကင်မှာလည်း မိုးသားတွေ ကင်းစင်လို့ ဘုရားဖူးတွေလည်း သိပ်မများတော့
စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်မယ့် အခွင့်အရေးကို ရရှိလိုက်ပါတယ်။
ဘုရားရင်ပြင်တော်ပေါ်မှာ အေးအေးဆေးဆေး ဘုရားရှိခိုးနိုင်မယ့်နေရာကိုရွေးပြီး
ညီအမတစ်တွေ ဘုရားကို ဆွမ်းတော်၊ သောက်တော်ရေကပ်ဖို့ ပြင်ဆင်ကြပါတယ်။
အဲဒီလိုပြင်ဆင်နေတဲ့အချိန်မှာ ဆင်းရဲနွမ်းပါးပုံပေါက်တဲ့ အမျိုးသမီးကြီးတစ်ဦးက
ဘေးနားမှာ တချိန်လုံးထိုင်စောင့်နေပါတယ်။
စိတ်ထဲကလည်း စားချင်နေရှာတယ်ထင်လို့
ဘုရားရှိခိုးပြီးလို့ ဆွမ်းတော်စွန့်ရင်တော့ ပေးလိုက်မယ်လို့ စိတ်ကူးမိပါတယ်။
သောက်တော်ရေကို ရေခွက်ထဲထည့်၊ သစ်သီးနဲ့ ကိတ်မုန့်တွေကို ပန်းကန်ပြားထဲထည့်ပြီး
အားလုံးကိုစုလို့ စတီးဗန်းပေါ်တင်၊ ဆွမ်းတော်ကပ်ပြီး ဘုရားရင်ပြင်ပေါ်မှာချလို့
အဲဒီနားမှာပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် မျက်စေ့မှိတ်လို့ အမျိုးမျိုး ရွတ်ကြဖတ်ကြပါတော့တယ်။
အလုပ်ပိတ်ရက်လည်းဖြစ်လို့ အေးအေးဆေးဆေး အချိန်ရတယ်ဆိုပြီး
ရွတ်ဖတ်နေလိုက်ကြတာ ဘေးနားကနေ လက်နဲ့ လာတို့လိုက်တော့
ဘာများဖြစ်ပါလိမ့်ဆိုပြီး မျက်စေ့ဖွင့်ကြည့်လိုက်မိပါတယ်။
ဘေးနားမှာ တချိန်လုံးထိုင်စောင့်နေတဲ့ အမျိုးသမီးကြီးက
ဆွမ်းတော်ဗန်းတင်ထားတဲ့နေရာကို လက်ညှိုးထိုးပြတော့
ဆွမ်းတော်ဗန်းရော၊ မုန့်တွေ သစ်သီးတွေရော ဘာမှ မရှိတော့ပါဘူး။
`ဟယ်-ဆွမ်းတော်ကပ်ထားတာ ဘယ်ရောက်သွားပါလိမ့်´ လို့
စိတ်တိုတိုနဲ့ ပြောမိတော့ အမတွေလည်း မျက်စေ့ပွင့်လာကြပါတော့တယ်။
စိတ်တိုင်းကျ ရွတ်ဖတ်ပူဇော်ပြီး ကြည်လင်နေတဲ့ စိတ်လည်း ဘယ်ပျောက်သွားမှန်း မသိတော့ပါဘူး။
ဘေးနားက အမျိုးသမီကြီးကပဲ ရှေ့နားရောက်နေပြီဖြစ်တဲ့
လက်တွန်းလှည်းကို လက်ညှိုးထိုးပြပြန်ပါတယ်။
အဲဒီလက်တွန်းလှည်းက ဘုရားပေါ်မှာ ရောင်းတဲ့ ဆွမ်းတော်ဗန်းတွေကို လိုက်သိမ်းနေတာပါ။
အဲဒါနဲ့ လက်တွန်းလှည်းနောက်ကို လိုက်သွားပြီး
`စောစောက ဆွမ်းတော်တင်ထားတာတွေ သိမ်းသွားလား´ လို့ မေးတော့
ကြောင်တောင်တောင်နဲ့ ပြန်ကြည့်ပါတယ်။
`မင်းတို့သိမ်းသွားတာကို တွေ့လိုက်တဲ့သူက ပြောတယ်´ လို့ ဆိုတော့မှ
`အော်- မှားသိမ်းမိတာထင်တယ်´ လို့ ပြောပြီး
လက်တွန်းလှည်းရဲ့ အောက်အကန့်မှာ ထည့်ထားတဲ့ ဗန်းကို ပြန်ပေးပါတယ်။
မုန့်တွေကတော့ တချို့တဝက်ပဲ ပြန်ပါလာပါတော့တယ်။
`မှားသိမ်းမိစရာလား။ ဗန်းလည်း မတူ၊ မုန့်လည်း မတူတဲ့ဟာကို´ လို့
အပြစ်တင်ပြောဆိုပြီး အမတွေဆီကို ပြန်လာလိုက်ပါတယ်။
ဘေးနားမှာ လို်ချင်လို့ ထိုင်စောင့်နေတဲ့ အမျိုးသမီးကြီး ရှိသေးလို့သာပါပဲ။
နို့မဟုတ်ရင် မုန့်ရော၊ ဗန်းပါ ပျောက်မယ့်ကိန်း ဆိုက်နေပါတယ်။
ပြန်ရလာတဲ့ မုန့်တွေကို အဲဒီအမျိုးသမီးကိုပေးပြီးတော့
အလစ်သုတ် ယူသွားတဲ့လူတွေကို စိတ်က မကျေချမ်းနိုင်သေးပဲ
`အဲဒါတမင်သက်သက် ယူသွားတာ။ စားချင်ရင် တောင်းရောပေ့ါ။
ခုတော့ လစ်ရင်ခိုးမယ်လို့ ဖြစ်နေပြီ။ ဘုရားဖူးရတာ စိတ်အနှောင့်အယှက်ဖြစ်တယ်။ ဂေါပကကိုသွားတိုင်မယ်´ လို့ ပြောပြီး ထွက်လာလိုက်ပါတယ်။
အမတွေကလည်း အကျယ်အကျယ်မငြိမ်းဖွယ် မဖြစ်ချင်တာနဲ့
`ကိုယ့်ပစ္စည်း ပြန်ရပြီမဟုတ်လား။ အလကား လျှောက်လုပ်မနေနဲ့´ ဆိုပြီး
အိမ်ပြန်ဖို့ လောဆော်တာနဲ့ ဗျစ်တောက်ဗျစ်တောက် လုပ်ပြီး ပြန်လာရပါတယ်။
အခုအပတ်လည်း တနင်္ဂနွေမနက်ကို ရွှေတိဂုံဘုရားသွားဖို့ စိတ်ကူးမိတော့
ပြီးခဲ့တဲ့ အပတ်ကဖြစ်ပုံက စိတ်ထဲ ရောက်လာပြီး စနိုးစနောင့် ဖြစ်နေရပါတယ်။
အခုလို အလစ်သုတ် ခိုးယူမှုတွေကို ဘုရားပေါ်မရှောင် လုပ်နေကြတာကိုလည်း အံ့ဩမိပါတယ်။
ဘုရားဖူးပြည်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အခုလို ဖြစ်ရပ်မျိုးတွေ
(ဝန်ထမ်းတွေလား၊ ခွင့်ပြုချက်ရ ဈေးသည်တွေလား၊ တင်ဒါစနစ်နဲ့ ရောင်းနေတာလား မသိ)
လုပ်ဆောင်နေတာကို သက်ဆိုင်ရာ ဂေါပက လူကြီးများက မသိလို့များလား။
သိလျှက်နဲ့ပဲ ခွင့်ပြုထားတာလား ဆိုတာကို သိချင်မိပါတယ်။
ကြုံတုန်း ပြောရမယ်ဆိုရင် အလှူအတန်းလုပ်တဲ့အခါမှာ
ရပ်ထဲရွာထဲက ဝေယျာဝစ္စ ဝိုင်းလုပ်ကြသူတွေအနေနဲ့
အလှူပစ္စည်း၊ အလှူငွေကို အလွဲသုံးစားပြုတာမျိုးတွေဟာလည်း အကုသိုလ်များလှပါတယ်။
ဘာသာတရားတိုင်းမှာ လူတွေကို လိမ္မာယဉ်ကျေးအောင်ဆုံးမကြသလို
ဗုဒ္ဓဘာသာမှာလည်း ငါးပါးသီလဆိုတာ လူတိုင်း မဖြစ်မနေ စောင့်ထိန်းသင့်တဲ့ ကံတွေဖြစ်ပေမယ့်
စောင့်ထိန်းဖို့ မကြိုးစားကြတာ၊ အလွယ်တကူပဲ ချိုးဖောက်နေကြတာတွေဟာ
ဆင်းရဲရခြင်း အကြောင်းတရားတွေပဲလို့ တွေးမိပါတယ်။
ဘုရားဂေါပကအဖွဲ့ရဲ့ ရည်ရွယ်ချက်တွေထဲမှာ ဘုရားဖူးပြည်သူတွေ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ဖို့လည်း ပါဝင်ပါတယ်။
နောက်တခေါက် ဘုရားဖူးသွားတဲ့အခါ ပြီးခဲ့တဲ့အဖြစ်မျိုး ကြုံတွေ့ရမယ်ဆိုရင်တော့ ဒါ့ထက်ဆိုးတဲ့အဖြစ်တွေ (ဥပမာ- ခါးပိုက်နှိုက်တာမျိုး၊ ပစ္စည်းအလစ်သုတ်ထာမျိုး)
ဖြစ်မလာစေရန် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဂေါပကအဖွဲ့ကို အကြောင်းကြားမယ်လို့
စိတ်ကို ပိုင်းဖြတ်လိုက်မိပါတော့တယ်။
အားလုံးပဲ ရင်တုန်ကင်းဝေး စိတ်ငြိမ်းအေးစွာဖြင့် ဘုရားဖူးနိုင်ကြပါစေ။
58 comments
ဦးဦးပါလေရာ
July 4, 2012 at 6:30 am
အဲဒါကြောင့်ဖြစ်မယ်-
တစ်ခါက လူတစု တန်ဆောင်းတခုမှာ ဆွမ်းတော်ပွဲတွေခင်းပြီး ဆွမ်းတော်ိုကပ်ကြတော့
အဲဒီထဲကတယောက်က ဘုရားမရှိခိုးပဲ ဘေးမှာ ထိုင်ကြည့်နေတာ တွေ့ဖူးတယ်.. 🙁
ဘုရားတို့ ဘုန်းကြီးကျောင်း တို့ဆိုတာလဲ သူခိုးတွေ လုပ်စားနေကျ နေရာဖြစ်နေတာ ကြာပါပြီ..။
ဒီစာကို ရွေတိဂုံ ဂေါပကတွေ ဖတ်မိစေချင်လိုက်တာ..။
MaMa
July 4, 2012 at 7:13 am
အိမ်မှာ ဒီတခါ ဘုရားသွားရင် ဆွမ်းတော်ကပ်ပြီး တစ်ယောက်က ထိုင်စောင့်ကြည့်နေရမယ်လို့ ပြောမိရာကနေ ဒီပိုစ့်ကို ရေးဖြစ်သွားတာ။
kai
July 4, 2012 at 7:24 am
သဘာဝတရားက အလိုအလျှောက်ထိမ်းညှိဖို့ ကြိုးစားနေတယ်လို့ သဘောပေါက်မိတယ်..
တခုုခုတော့.. ဖြစ်လာတော့မယ်ထင်ပါတယ်..။
ဆိုတော့..
သစ်သီးနဲ့ ကိတ်မုန့်တွေသွားဝယ်ပြီး ဆွမ်းတော်တင်တဲ့ရည်ရွယ်ချက်လေး.. အဆင်ပြေရင်.. ပြောပြပါလားခင်ဗျာ..
MaMa
July 4, 2012 at 7:54 am
သဂျီးကပြောတော့မယ်ဆိုတာကို ကြိုမတွက်လိုက်မိဘူး။
အဲဒါကြောင့် မိုးပြာလည်းဖြစ်ဖူး မွတ်စလင်လည်းဖြစ်ဖူးတာ။ 👿
pooch
July 4, 2012 at 7:03 pm
အဲ့လိုပဲ ကိုင်ပေါက်ရတယ် မဟုတ်ရင် သူမေးတာတွေ ကိုယ်ပြန်ဖြေရင် သူက နောက်ထပ် အလုံးကြီးတွေနဲ့ ထပ်ထုတယ် ။ ပြီးရင် နှစ်တထောင်ကျိန်စာဆိုပြီး ထပ်ထုအုန်းမယ် ။ သိပြီးသား ကိုယ့်ချင်းကိုယ့်ချင်းတွေဆိုတော့ ..
အဲ… နေပါအုန်း လူသစ်မှတ်လို့ စနေတာ ကြယ်ကနှစ်ပွင့် . မဟုတ်မှ လွဲရော ဘယ်သူမှန်းတော့ မသိဘူး ဟီး… ထားလိုက်ပါတော့
မမရေ အတူတူပါပဲ။ မန္တလေးလည်း ။ တခါကပ်ပြီးကထဲက အကုသိုလ်တွေ ဝင်လာလို့ ကုသိုလ် တပဲ ငရဲ တပိသာ ဖြစ်မှာစိုးလို့ နောက်များ ဘုရားသွားရင် ပန်းပဲကပ်ပါတော့တယ်။
MaMa
July 4, 2012 at 7:24 pm
မယ်ပုရေ-
ကိုယ့်ချင်းကိုယ့်ချင်းတွေဆိုတော့ …
ကြယ်နှစ်လုံးနဲ့ ကွန်မန့် ၄၀၀ဝ နီးပါးနဲ့ ဝမ်းတွင်းရူးဆိုတဲ့ နာမည်သစ်ကတော့…. ဖြစ်နိုင်တယ်။
😀
ဝမ်းတွင်းရူး
July 4, 2012 at 6:44 pm
သူကြီးမေးရင် ဒါနဲ ့ဘဲကိုင်ပေါက်ကြတယ်နော်။
ဟီးးးး
aye.kk
July 4, 2012 at 7:31 am
မမရေ..
ဒီလိုမျိုးမြင်ရတွေ ့ရကြားရတာတွေက..
နားရောမျက်စေ့ရော၊မချမ်းသာလှပါတယ်။
ဘုရားဖူးတွေစိတ်ကြည်နှူးစရာရရှိဘို ့နဲ ့၊ဘေးအန္တရယ်ကင်းရှင်းလုံခြုံဘို ့
အတွက်က၊ဘုရားမှာတာဝန်ရှိတဲ့သူများ၊အစီအမံညံ့ဖျင်းတာလို ့ထင်မြင်မိပါတယ်။
MaMa
July 4, 2012 at 8:23 am
အရင်ကဆိုရင် ဘုရားမှာ ဒုစရိုက်မှုတွေ ဖြစ်လေ့မရှိဘူး။
အေးအေးဆေးဆေး ဘုရားရှိခိုးလို့ရတယ်။
အခုလို စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံလာတော့ နောင်ဆိုရင် ဒါ့ထက်ဆိုးတာတွေ ဖြစ်လာမှာစိုးရိမ်မိတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
July 4, 2012 at 8:37 am
မှတ်တမ်းတင်ထားပါတယ်
( ဘုရားဖူးတွေစိတ်ကြည်နှူးစရာရရှိဘို ့နဲ ့၊ဘေးအန္တရယ်ကင်းရှင်းလုံခြုံဘို ့
အတွက်က၊ဘုရားမှာတာဝန်ရှိတဲ့သူများ၊အစီအမံညံ့ဖျင်းတာလို ့ထင်မြင်မိပါတယ်။ )
ဆိုတာကို ဘုရားဒါယဂါဂျီးဂ အနီလာပြသွားပုံရတယ်
သတိ!!!!!!!!!!!!!!
ဂေဇက်ရွာတွင်း ဘုရားဒဂါမကောင်းကြောင်းမပြောရ
MaMa
July 4, 2012 at 1:48 pm
ဘပုအတွက် ဆန် ၁ အိတ် စာရင်းပေးထားပြီးပြီနော်။
အခုလို အားပေးလို့ ဗယာကြော် ငှက်ပျောကြော် စမူဆာ အီကြာကွေး အစုံ ကျွေးချင်ပါတယ်။ 🙂
ပစ်စလက်ခတ် မျက်ရည်
July 4, 2012 at 8:06 am
မာမားချင့် ..
ဒါမိုး စာတွေကို များများရေးပါချင့်
သည့်ထက် ပို ပြန့်ပွားအောင်လည်း …
ညန်မာ့အလင်း စာဖတ်သူပေးစာ လို ကဏ္ဍမျိုးကို
ပို့သင့်ပါတယ်ချင့်…
စောစောစီးစီး မာမား စာ ဖတ်ပီး ဘုရားခုတုံးလုပ် လုပ်စားသူတွေအကြောင်းသိရလို့…
စိတ်ထိခိယက်သွားပါတယ်ချင့်…
အော်…
မျက်ရည်တွေ ဝဲလာပြန်ဘီ…
MaMa
July 4, 2012 at 8:30 am
မျက်ရည်စမ်းစမ်းနဲ့မို့ မမြင်လိုက်ဘူးထင်တယ်။
အမှန်က သာသနာ ၂၆၀ဝ ပြည့်တုန်းက ရွှေတိဂုံသွားပြီး ဓာတ်ပုံရိုက်လာတာ ပုံ ၃၀ဝ ကျော် လောက်ရှိတယ်။
အဲဒါကို တင်မလို့ ရွာထဲမှာ အဲဒီအချိန်က ရွှေတိဂုံပုံတွေ တင်ထားတာ အများကြီးပဲမို့ မတင်ဖြစ်လိုက်တာ။
ခုမှ ကြုံတုန်း ကိုယ်ရိုက်ထားတာလေးလည်း ကြွားချင်တာနဲ့ ထည့်လိုက်တာ။
ပုံတွေက တော်တော်ကောင်းလို့ထင်တယ်။
ဘာသံမှကို မကြားရဘူး။
အင်းးးးးးးးး ကြွားရကျိုး မနပ်ပါလားကွယ် 🙁
surmi
July 4, 2012 at 8:46 am
ပုံထက် ဖြစ်ရပ်ကပိုလွှမ်းမိုးသွားလိုု ့ပါဗျာ
အခု ခရီးသွားနေရလို ့ ညမှအေးအေးဆေးဆေး ကြည် ့ပြီးမန် ့ပါဦးမယ်
ကိုပေါက်(မန္တလေး)
July 4, 2012 at 8:37 am
မမရေ ပထမဆုံးထန်းပင်ပုံတော့ ကျနော်လိုက်ကြိုက်လို့ အနေအထားများစွာ ပုံပေါင်းများစွာ
ရွှေတိဂုံရောက်တိုင်းရိုက်တာပါ။
အခုမမရိုက်တဲ့ပုံလဲ လှပါ၏။
ဘာလို့ဆွမ်းတင်လဲဆိုတော့ အလွယ်ဆုံးပြောရင် တင်ချင်စိတ်ရှိလို့ဘဲပြောရပါမယ်။
MaMa
July 4, 2012 at 2:52 pm
@ကိုပေါက်
ရွှေတိဂုံကို အဲဒီပုံရိုက်ဖြစ်အောင် အမွှာညီအမက လက်တို့ပေးပါတယ်။
ဓာတ်ပုံဆရာတွေ ရိုက်တဲ့ဗျူးလို့ပြောလို့ ဝမ်းလျားထိုးမတတ် ကင်မရာကို မြေကြီးကပ်ခါနီးအထိ အောက်ချပြီး ခက်ခက်ခဲခဲ ရိုက်ခဲ့ရတာ အမှတ်တရပါ။ 🙂
@surmi
ဓာတ်ပုံအတွက် ဖြည့်တွေးလေး တွေးပေးလို့ ကျေးဇူးတင်ပါတယ်။
ဒီအပတ်သွားရင်တော့ ဂေါပကရုံး ရောက်ရတော့မယ် ထင်ပါရဲ့။ 🙁
ကိုဆွာမိရဲ့ ဘုရားဖူးလုပ်ငန်း အတွေ ့အကြုံနဲ ့ အလွဲအချော်ဖြစ်ခဲ ့တာလေးတွေကိုလည်း ဖတ်ချင်ပါတယ်။
@ မောင်ပေ-
(အဲ့တုန်းက အဲဒီ ဗယုတ်လေးတွေ မတွေ့ခဲ့ရပါဘူး ဂေါပကတွေ ဂေဇက်ဖတ်မိပြီး ရှင်းလိုက်ပြီလို့ တွက်မိတယ်။)
အဲဒီလို ကောင်းအောင် ပြုပြင်နိုင်ရင် ဝမ်းသာစရာပေ့ါ။
တခါတလေကျရင် မသိလို့ မှားနေ ပျက်နေတာကို သိလိုက်တဲ့အခါမှာ ပြုပြင်လိုက်နိုင်တယ်ဆိုတာ တကယ့်ကို အားပေးစရာ၊ ကြိုဆိုစရာပါ။
@ ဝေဝေ-
ဘုရားဆွမ်းတော်ကပ်တာ ဘာကြောင့်လဲလို့ မေးလို့ကို မဖြေချင်တာ။
ပြီးရင် သုံးကိုယ်ခွဲတွေ၊ နှစ် ၁၀၀ဝ ကျိန်စာတွေ ပါလာမှာစိုးလို့။ 👿
@ the best
(MaMa လို ဘုရားဖူးတွေများလာရင် သူတို ့စီးပွါးထိခိုက်လာမှာစိုးလို ့ပညာပေးလိုက်တာလား။)
အဲဒါလည်း တွေးစရာတစ်ခုပဲနော်။ အဲဒီလိုတော့ မတွေးမိခဲ့ဘူး။
ကျိုက်ထီးရိုးဘုရားလို အလှူခံတွေကို လေလံပစ်ပြီး အတင်းရော ကာရော စိတ်အနှောင့်အယှက်ဖြစ်အောင် အလှူခံနေကြတာမျိုးတွေဆို ဘယ်လောက် ရုပ်ဆိုးလိုက်သလဲ။
ဘုရားပုံတွေက အရင်ရက်ကတည်းက ရိုက်ထားတာ။
စတီးဗန်းကို ရိုက်ဖို့ စိတ်ကူးမရှိပါဘူး။
စတီးဗန်းလို့ တကူးတက ရေးရတာက ပစ္စည်းသိမ်းတဲ့သူအနေနဲ့ မှားစရာ မဟုတ်တာကို မှားသွားတာကို ထောက်ပြချင်လို့ပါ။
@mamanoyar
ဟုတ်ပ့ါ မနိုရာ ရေ။ ပန်းတွေဆိုရင်လည်း ကိုယ်ကပ်ထားပြီးကာစ ရှိသေးတယ် လာသိမ်းသွားရော။
@ahnyartamar
(မြောက်ဖက်စောင်းတန်းကနေ ရိုက်ထားတဲ့ ပုံကတော့ တကယ်ကောင်းတယ်။)
အမှန်က အဲဒီအသံကို ကြားချင်နေတာ။
ကြည့်ရတာတော့ အပေါ်မှာ Hint ပေးထားလို့ အားနာပြောလေး ထင်ပါရဲ့။
@blackchaw
ဘုရားဖူးသွားတဲ့ ကျောင်းဒကာကိုလည်း ပြုထားတဲ့ ကုသိုလ်တွေကို အမျှဝေပါတယ်။
အဲ- အကုသိုလ်တွေတော့ မပါဘူးနော်။ 😛
@P chogyi
စိတ်လျှော့ စိတ်လျှော့ လို့ သတိပေးတာကို ကျေးဇူးတင်ပါတယ်။
အမှန်က သည်းခံဖို့ သူများတကာကို ပြောတတ်ပြီး ကိုယ်တိုင်လည်း သည်းခံတတ်ဖို့ ကြိုးစားနေတဲ့ အသံပါ။
(သည်းမခံတတ်တဲ့အချိန်က အသံများဆိုရင်တော့ သဘောပေါက် )
@နှင်းဆီငံ
ကုသိုလ်ပြုရာ အကုသိုလ်ပါ သွားလို့……
ကုသိုလ်တပဲ ငရဲတပိဿာ လို့တော့ မဖြစ်ချင်ဘူး။ 🙁
surmi
July 4, 2012 at 8:41 am
အန်တီမမကဂေါပကရုံးမရောက်ခဲ ့လို ့
နောက်တခါကြုံရင်သွားကြည် ့ဗျ အဲဒီမှာ ခိုးမှုတွေအလစ်သုပ်တာတွေနဲ ့
ပတ်သက်ပြီး မှတ်တမ်းဓတ်ပုံတွေနဲ ့ သေသေချာချာပြထားတယ်
ဆိုချင်တာက ပိုးစိုးပက်စက်အလစ်သုပ်တာတွေ များနေတာဘဲ
ကျနော်အကြိုက်ဆုံး ဂေါပကပအဖွဲ ့ကတော ့မကွေးမြသလွန်ဘုရားက
ဂေါပကဘဲဗျ စည်းကမ်းကောင်းတယ်
ကျနော်လည်း တစ်နေ ့ကျရင်ရေးချင်ပါတယ် ဘုရားဖူးလုပ်ငန်းရဲ ့
အတွေ ့အကြုံနဲ ့ အလွဲအချော်ဖြစ်ခဲ ့တာလေးတွေပေါ ့
မောင်ပေ
July 4, 2012 at 8:57 am
ရွှေတိဂုံ ဘုရား
ကျုပ် ရန်ကုန်ရောက်တိုင်း အချိန်ရ မရရ ရောက်အောင်သွားပြီး ရှိခိုးဖူးမျှော်ခဲ့ပါတယ်
ယခင်တစ်ခေါက်လာတုန်းက ဂေဇက်မှာဖတ်ခဲ့ဖူးတဲ့ ဖိနပ်ဇွတ်လိုက်ကိုင်ပေးတယ်ဆိုတဲ့ ကလေးတစ်သိုက် ဆိုတာကို ရှာကြည့်မိခဲ့တယ်
ကိုယ်ပါ ရိုက်စားလုပ်ခံရမှာ စိုးတာကိုး
အဲ့တုန်းက အဲဒီ ဗယုတ်လေးတွေ မတွေ့ခဲ့ရပါဘူး ဂေါပကတွေ ဂေဇက်ဖတ်မိပြီး ရှင်းလိုက်ပြီလို့ တွက်မိတယ်
အခုလဲ
အန်တီမမ စာကို ရွှေတိဂုံ ဂေါပကတွေ အမြန်ဆုံး ဖတ်ဖြစ်ပါစေ
weiwei
July 4, 2012 at 9:17 am
ရွှေတိဂုံဘုရားကို ဘာလို့သွားဖူးတာလဲ? ဆွမ်းကပ် ပန်းကပ် သောက်တော်ရေကပ်တွေ ဘာလို့လုပ်တာလဲလို့ တစ်ယောက်ချင်းစီကို အင်တာဗျူးလုပ်ရင် အဖြေအမျိုးမျိုးရမယ်ထင်တယ်နော် ….
တကယ်တော့ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့ … ဘုရားအရိပ်လွှမ်းမိုးနေတဲ့နေရာမှာ ကုသိုလ်လုပ်ရင် ကုသိုလ်ပိုရလိမ့်မယ်လို့ထင်လို့ (အထင်) …
ရွှေတိဂုံဘုရားကတော့ အဝေးကပဲကြည့်ကြည့် အနီးကပဲကြည့်ကြည့် အလွန်ကြည်နူးစေတာတော့ အမှန်ပဲ …
the best
July 4, 2012 at 9:33 am
MaMa ရဲ့ စတီးဆွမ်းဗန်းပုံကို ရိုက်ပြပါလား။ဖတ်ရတာပိုပြည့်စုံအောင်လို ့ပါ။
ရွှေတိဂုံစေတီရဲ့ အံ့ဖွယ်တစ်ပါးတိုးလာတာလို ့ ဂေါပကကို မှတ်တမ်းတင်ခိုင်းရမယ်။
ဒီလိုကိစ္စကလုံးဝမဖြစ်သင့်ဘူး။
ဂေါပကပအဖွဲ ့ကို အသိပေးပြီးအရေးယူဖို ့ဆောင်ရွက်သင့်တယ်။
နောက်ထပ် ဘုရားဖူးတွေ မကြုံရအောင် လုပ်တာ ကုသိုလ်ရပါတယ်။
ဘုရားပေါ်မှာလည်း ဆွမ်းတော်ဗန်းတွေရောင်းတာ အလွယ်တကူ ဝယ်ယူကပ်လှူနိုင်ရဲ့သားနဲ ့
ကိုယ်တိုင် သစ်သီးနဲ့ ကိတ်မုန့်တွေကို စတီးဗန်းတစ်ချပ်မှာထည့်ဆွမ်းတော်တင်တဲ့
MaMa လို ဘုရားဖူးတွေများလာရင် သူတို ့စီးပွါးထိခိုက်လာမှာစိုးလို ့ပညာပေးလိုက်တာလား။
ရွှေတိဂုံစေတီရဲ့ ဂုဏ်တော်မညှိုးစေဖို ့၊ဘုရားဖူးတွေ စိတ်အနှောင့်အယှက်မဖြစ်ဖို ့
ဂေါပကပအဖွဲ ့က ချက်ချင်းဆောင်ရွက်စေလိုပါတယ်။
mamanoyar
July 4, 2012 at 10:16 am
ကိုယ်မလှူချင်နေပါ
သူများလှူတာကိုတော့ ဒီလိုမလုပ်သင့်ပါဘူး
ကျမသာဆိုလဲ ဒီလိုသိမ်းသွားတဲ့လူကို စိတ်တိုမိမှာအမှန်ပါပဲ
နိုရာအထင်တော့ အဲဒီလူတွေက သစ်သီးဗန်းနဲ့ရောင်းတဲ့သူတွေဖြစ်ပြီး
အဏကြာရင် ပြန်လာသိမ်းပြီး ပြန်ရောင်းကြတယ်ထင်တာပဲ
ဒီလိုတော့မလုပ်သင့်ဘူးထင်ပါတယ်
ahnyartamar
July 4, 2012 at 11:30 am
မြောက်ဖက်စောင်းတန်းကနေ ရိုက်ထားတဲ့ ပုံကတော့ တကယ်ကောင်းတယ်။
ဖူးမျှော်သွားပါ၏။
blackchaw
July 4, 2012 at 11:31 am
ဓါတ်ပုံတွေပဲ အရင်ကြည့်ပြီး မန့်ရရင်
ကိုယ်တိုင်ရိုက်ထားတဲ့ ပုံလေးက
တော်တော် လက်တက်လာတယ်ဆိုတာကို ဖေါ်ပြနေပါတယ်။
သာဓု သာဓု သာဓုပါ ကျောင်းအစ်မရေ…။
ဘုရား ပေါ်မရောက်တာကြာနေလို့
ဘုရားဖူးသွားပါတယ်…။
P chogyi
July 4, 2012 at 12:15 pm
ကုသိုလ်ရချင်လို့၊ ဒါနမြောက်ချင်လို့ လှူပါတယ်
အခုလို့ဖြစ်တော့ ဒေါသထွက်ရပြီး ကုသိုလ်မရဘဲ၊ အကုသိုလ်ဖြစ်သွားတာပေါ့နော်
လူကြီးတွေပြောတာ ကြားဖူးတယ်
လှူဖွယ်ပစ်စည်း၊ အလှူခံပုဂိုလ်၊ လှူချင်တဲ့စိတ် သုံးခုပြည့်စုံရင်
အလှူဒါနမြောက်တယ်တဲ့၊
မရှိလို့၊ ယူချင်လို့ ယူသွားတာကို
လှူချင်တဲ့စိတ်(ဒါနစိတ်)လေးထားပြီး ရေစက်ချလိုက်ရင်
စိတ်ဆုံးဖြတ်လိုက်ရင်
ကုသိုလ်ပိုရသွားမှာ
စိတ်လျော့…..စိတ်လျော့
နှင်းဆီ ငုံ
July 4, 2012 at 1:34 pm
မမ ကုသိုလ်တစ်ပဲ ငရဲတပိဿာဖြစ်လာရတယ်ဆိုပါတော့…
awra-cho
July 4, 2012 at 2:23 pm
ဘာလို့ ရင်တုန်ပါလိမ့် ထင်နေတာ ဖတ်ကြည့်မှပဲ သဘောပေါက်တွားတယ်။ သူကြီးက ဘာပြောချင်တာလဲ မတိ။ ဘာဖြစ်မှာ အာရုံရနေလဲလို့ အရိပ်အမြွက်လေး ပြောပြပါ အုံးလား တားတို့ သိရတာပေါ့ဂျာ။
MaMa
July 4, 2012 at 6:52 pm
သဂျီးနဲ့ ရွာသူားတွေကြားထဲမှာ ရာဇဝင်ကြွေးကလေးတွေ ရှိတယ်။
ရွာသက်ကြာလာတာနဲ့အမျှ သူ့အလိုလို သိလာပါလိမ့်မယ်။
Novy
July 4, 2012 at 4:18 pm
မမရေ..
နိုဗွီလည်းကြုံဘူးတယ် ရွှေတိဂုံစေတီရဲ့ ကိုယ့်မွေးနံဒေါင့်မှာ
ပန်းတွေလှူပြီ မျက်စိလေးမှိတ်ပြီး ဘုရားရှိခိုးနေတာ
မျက်စိလည်းပြန်ဖွင့်ကော ပန်းတွေမရှိတော့ဘူး
မျက်လှည့်ပြသလိုပါပဲ
အော်.. အနိစ္စ
MaMa
July 4, 2012 at 6:56 pm
မနိုရေ-
ပွားတတ်ရင် ဘာဝနာ ဆိုသလိုပဲ…
အနိစ္စ ဒုက္ခ အနတ္တ …..
ဒန် တန် တန်
(ခွက်တစ်တူ သဂျီး) 😀
တညင်သား
July 4, 2012 at 4:26 pm
ဒီပို့စ်မှာ မန်းလိုက်တာ တခြားပို့စ် ရောက်သွားတယ် ..မကျေနပ်ဘူး ထပ်မန်းမယ် လုံခြုံရေးအရပါ စီစီတီဗီ များများတပ်သင့်ပြီလို့..
:(:(:(
ခပ်မိုက်မိုက် ကောင်မလေး
July 4, 2012 at 4:40 pm
လက်စွမ်းပြထားတာလေးတွေလည်း
အရမ်းမိုက်ပါတယ်….
မိုက်လေး..ကတော့မြတ်ရွှေတိဂုံကို…
MaMa..တင်ထားလို့ပဲ ပုံထဲကနေပဲ…
ဖူးသွားတယ်နော်…..
အေးချမ်းပါစေ……….။
ပစ်စလက်ခတ် မျက်ရည်
July 4, 2012 at 5:08 pm
မိုက်တာကြည့်မိုက်အေ
တင်ထားတာ ဘုရားပုံ
Crystalline
July 4, 2012 at 6:22 pm
မျက်ရည်တွေကြားထဲကတောင် သူများအမှား တော့မြင်တတ်သားပဲ..
မမရေ ဓာတ်ပုံလေးတွေက ပညာရှင်တွေကို ယှဉ်နိုင်ပါတယ်နော့.. ဆွမ်းပွဲပြင်ထားတာလည်းတကယ့်ကို သပ်သပ်ရပ်ရပ်လေးနဲ့ ကြည်နူးစရာလေး..
MaMa
July 4, 2012 at 7:04 pm
@ တညင်သား
ဒီပိုစ့်မှာ ထပ်မန့်လို့ ကျေနပ်တယ်။ ၂ကျပ်ရလို့ 😛
@ မိုက်လေး-
ပေးတဲ့ဆုနဲ့ ပြည့်ပါစေနော်။ 🙂
@မောင်ဂီ
ခေတ်စကားလို့ပဲ ယူဆပြီး မိုက်လိုက်ပါတော့။
@Crystalline
(မမရေ ဓာတ်ပုံလေးတွေက ပညာရှင်တွေကို ယှဉ်နိုင်ပါတယ်နော့.)
မမြှောက်ခင်ကတည်းက မြောက်ချင်နေတာနော်။
အခုလို အမှန်အတိုင်းပြောတော့လည်း မြောက်ရတာပေ့ါ။ 😀
စိန်ဗိုက်ဗိုက်
July 4, 2012 at 7:31 pm
ဪ..
ငရဲရောတဲ့ အလှူဆိုတာ ဒါဂိုပေါတာထင်ပါ..
ပထမဆုံး လက်မက ကျော့်လက်မ ပါနော်..
အင်္ဂုလိမာလကိုတော့ သွားမပြောနဲ ့ဦး.. ဂိန်..
MaMa
July 4, 2012 at 7:45 pm
ဗိုလ်စိန်ဗိုက် ပေါမှပဲ အဲ- ပြောမှပဲ 😀
ပထမဦးဆုံးလက်မက ဂဏန်းလက်မ မဟုတ်ဘူးလား။
တစ်ခုတည်းသော လက်မမို့ ကျေးဇူးအထူးတင်ပါတယ်။
အင်္ဂုလိမာလကို သွားပြောတော့ လက်မ မဟုတ်ဘူး။
လက်ညှိုးမှ ယူမှာတဲ့ 😆
Mလုလင်
July 4, 2012 at 7:51 pm
ကန်ထရိုက် ပေးတဲ့ အကျိုးတရား ကြောင့် ဖြစ်လာတဲ့ အကြောင်းတရား တွေပါ။ ရွှေတိဂုံ စေတီ တော်မြတ် မှာ လက်ရှိခန့်ထားတဲ့ ဝန်ထမ်း တွေ အတွက် ထမင်းကျွေးဖို့ ဆိုတာ နဲ့ အဖက်ဖက် က ပြုပြင် မွန်းမံထိမ်းသိမ်း ဖို့ အတွက် ပိုက်ဆံ လိုပါတယ်။ အလှူငွေ ကိုစောင့်နေရရင် .. ခရီး မတွင်တာ မို့ ကန်ထရိုက် ပေးရပါတော့တယ်။ ဆီမီး၊ ဆွမ်းတော်ဗန်း၊ အလှူခံပုံး၊ အုန်း ငှက်ပျော ပွဲ၊ ဖိနပ် အပ် ကနေ ငှက်ချီး (လင်းနို့ချီး) အထိ ကန်ထရိုက် ပေးရတယ် လို့ကြားပါတယ်။ (ဟုတ်ချင် ဟုတ်မယ် .. မဟုတ်ချင်မဟုတ်ဘူး။)
လိုအပ်ချက် တစ်ခုကြောင့် ဖြစ်လာရတာမို့ ဘာမှ မပြောချင်ပေမယ့် ပေမယ့် ကန်ထရိုက် ရတဲ့ သူတွေကလဲ လောဘ တစ်ခု အတွက် နဲ့ ဆိုတော့ .. ဗန်းတွေကို မြန်မြန် ပြန်သိမ်း နောက်ပွဲ မှာ ပြန်ထည့် နဲ့ တွက် ခြေကိုက်အောင် လုပ်ကြတယ် နဲ့ တူပါတယ်။ ဆိုတော့ ဂေါပက တွေ လဲ ပြောရခက် တယ် နဲ့တူပါတယ်။ ကန်ထရိုက် ကပဲ တွက်ခြေကိုက် အောင် လုပ်ခိုင်းသလား .. ဝန်ထမ်း ကပဲ အောက်ဆိုက် ရအောင် လုပ်သလားတော့ မသိဘူး။
အတွေ့အကြုံ ဆန်းဆန်း အတွက် တီတီ မမ ကို ကျေးဇူးပါနော်။ သက်ဆိုင် ရာ တာဝန်ရှိတဲ့ သူတွေ အချိန်မှီ သိရှိ နားလည် ထိန်းသိမ်း လုပ်ဆောင် နိုင်ပါစေ လို့ ဆုတောင်းရင်း ……….
လေးစားစွာဖြင့်
Mလုလင်
MaMa
July 4, 2012 at 8:19 pm
လုင်ရေ-
ဘုရားပေါ်မှာမို့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ မဖြစ်စေချင်ပါဘူး။
အရင်ကဆိုရင် ဘုရားပေါ်မှာ ဒီလို အဖြစ်မျိုးတွေ တခါမှ မဖြစ်ဖူးဘူး။
တာဝန်ရှိသူတွေ အနေနဲ့ ဒါ့ထက်မဆိုးခင် အချိန်မီ တားဆီးနိုင်အောင်လို့ အသိပေးချင်တာပါ။
may flowers
July 4, 2012 at 8:18 pm
တို့ဦးလေးတစ်ယောက်ဒီထက်ဆိုးပါကောလား…………..အရှေ့မှာဘုရားရှစ်ခိုးနေတုန်း
ဘယ်အချိန်က ဖိနပ်လဲသွားလဲမသိလိုက်လို့တဲ့ …ဟီးးးးးးးးးးးသူပါသွားက နှစ်ခါလောက်ပဲစီးရသေးတဲ့
မြမာလာ ပြန်ထားခဲ့တာက စုပ်ပြတ်နေတဲ့ဖိနပ်စုပ်ကြီး…………သူကတော့အကောင်းမြင်ရှာပါတယ်
လဲသွားတဲ့သူကို တော်သေးတာပေါ့တဲ့ ဖိနပ်စုပ်လေးပြန်ထားခဲ့လို့တဲ့ နို့မို့ဆိုခြေပြောင်ကြီးနဲ့ပြန်လာရမှာ
တဲ့……..ဖိနပ်သစ်လေးမို့ပျောက်မှာ မှားမှာစိုးလို့မအပ်ခဲ့ပဲ ယူသွားခဲ့မိတာသူ့အမှားတဲ့………ကြာတော့
.ကြာပေါ့ ခုသတိရလာလို့ ဝင်ပြောတာပါ။
MaMa
July 4, 2012 at 9:13 pm
မေဖလားဝါးဦးလေးရဲ့ အကောင်းမြင်တတ်တဲ့ စိတ်ကလေးကတော့ အတုယူစရာပါပဲ။ 🙂
padonmar
July 4, 2012 at 10:17 pm
လွန်ခဲ့တဲ့ ၂နှစ်လောက်က forward mail ကရတဲ့ စာလေးသတိရမိပါတယ်။
ရွှေတိဂုံပေါါ်က အလှူခံပုံးတွေကို ကန်ထရိုက်ပေးထားတဲ့အကြောင်း။
ဖတ်ပြီး တော်တော် စိတ်ဆင်းရဲမိတယ်။
ခုလည်း….
MaMa
July 5, 2012 at 7:10 pm
အခုဆိုရင် ရွှေသင်္ကန်းရောင်းတာလည်း ကန်ထရိုက်ပေးထားတယ်လို့ ပြောကြတယ်။
ဒါပေမယ့် အဲဒီဆိုင်လေးတွေကတော့ ရင်ပြင်တော်ပေါ်မှာ ဘုရားဖူးတွေ စိတ်အနှောင့်အယှက်ဖြစ်တဲ့အထိတော့ မရောင်းကြပါဘူး။
စဉ်းစားမိတာ တစ်ခုက ကန်ထရိုက်ပေးထားလို့ မလှူဘူးဆိုရင် ကန်ထရိုက်ရဲ့ စီးပွားရေးကို ပိတ်ပင်ရာကျမယ်။
လှူလိုက်ရင်လည်း ဘုရားကို လှူသလို ဖြစ်ပါ့မလား။
ကျိုက်ထီးရိုးမှာဆိုရင် ဘုရားဖူးတွေကိုု အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်အောင် အလှူခံနေကြတာ စိတ်ပျက်စရာ။
နောက်ဆုံးတော့လည်း ဘာသာရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကန်ထရိုက်မပေးသင့်ဘူး ထင်တာပဲ။
အရီးခင်လတ်
July 5, 2012 at 5:14 am
မမ ရေ
မမ စာကို ဖတ်ပြီး ရီရမလို ငိုရမလို ဖြစ်သွားတယ်။
ရီရမလိုက မမတစ်ယောက် ကြည်ကြည်နူးနူး နဲ့ ဘုရားဝတ်ပြုနေတာ ဟတ်ဖ်ဖီး ဖြစ်သွားရပုံ ကို သရုပ်ဖော် အရေးကောင်းလို့ ပြုံးမိသွားတာ။
ငိုရမလိုကတော့ သူများ ကုသိုလ်ပြုနေချိန် မှာ အနှောက်အယှက် မပြုသင့် ဘူး ဆိုတဲ့ သတိလေး နဲနဲတောင် မရှိအောင် တရားပျက် နေတဲ့ စိတ်ဓာတ်တွေ ကို သိလိုက်ရလို့။
ဒါက ငတ်နေလို့လုပ်တာ ထက် ဒီလို လုပ်တာ အချောင်ရလွယ်လို့ လုပ်နေတဲ့ သဘောမို့ ပိုပြီး စိတ်မကောင်း ဖြစ်ရပါတယ်။
ဘုရားဂေါပက ကလဲ မသိနိုင်စရာမရှိပါ။
တမင်များလွှတ်ထားသလား။
ဒါပေမဲ့ ကြုံရင် အကျိုးအကြောင်း ပြောသင့်ပါတယ် လို့ ထင်ပါတယ် မမ ရေ။
ဒါမှ သတိလေးဘာလေး ပေးခဲ့ရင် နောက်ဒါမျိုး မကျူးလွန်မှာ။
ဘုရား ဖြောင့်ဖြောင့် ရှိခိုးလို့ ရအောင် သတင်းပေးကုသိုလ်ယူသင့် ပါကြောင်း ချွန်ပေးပါသည်။
ရိုက်ထား တဲ့ ပုံတွေ က တော့ မာမား က သာသား လေး လက်ရာ မှီလာပြီ။
ဝမ်းလျားထိုးမတတ် ရိုက်နေတဲ့ ပုံကိုလဲ ပုံဖော်ကြည့်သွားပါတယ်။
အခု လာမှာ ကတော့ မဟာ့မဟာ သူကြီးမင်း အတွက် အလှည့် 😛
သူကြီးမင်း မေးခွန်း
{သစ်သီးနဲ့ ကိတ်မုန့်တွေသွားဝယ်ပြီး ဆွမ်းတော်တင်တဲ့ ရည်ရွယ်ချက်လေး..}
ကို ဖြေကြည့်ပါမည်။
နားစိုက်ထောင် ပါလော့။
ကျွန်မ ရဲ့ စိတ်ခံစားချက် သက်သက် ကို ပြောမှာပါ။
သဘောထား ကွဲနိုင်ကြပါတယ်။
ကျွန်မ လဲ ဘုရားစင် ရှိပါတယ်။
ပန်း (အစစ်တော့ မဟုတ်ပါ)၊ ရေချမ်း၊ ဆီမီး၊ သစ်သီး နဲ့ မုန့်ဆွမ်း အမြဲကပ်ပါတယ်။
အဲလို ကပ်တာ မိရိုးဖလာထုံးတမ်း ကို လိုက်လုပ် တာ မှန်ပါတယ်။
အမှန်တော့ ကျွန်မ ပင်ကိုယ်စိတ်မှာ ဘုရားစင် ရှိခြင်း/ မရှိခြင်း က အကြောင်းမဟုတ်ပါဘူး။
ပန်း၊ ရေချမ်း၊ ဆွမ်း ကပ်ခြင်းက အကြောင်း မဟုတ်ပါဘူး။
ဒါပေမဲ့ အဲဒါကို ကျွန်မ လုပ်ပါတယ်။
ဘာကြောင့် လုပ်တာလဲ ဆိုတဲ့ မေးခွန်း ကိုယ့်ကိုယ်ကို မေးဘူးပါတယ်။
အဲဒီ အတွက် ကျွန်မ မှာ အဖြေ အသင့်ရှိပါတယ်။
ကျွန်မ ဗုဒ္ဓရဲ့ အဆုံးအမ တရားတော် ကို အမှန်တကယ် စိတ်ထဲ က ယုံကြည်ပါတယ်။
ဒါပေမဲ့ ကျွန်မ အများကြီး သိလို့၊ နားလည် လို့ မဟုတ်ပါဘူး။
ကျွန်မ သက်ဝင် ယုံကြည် တာ အချက် နဲနဲ ဘဲ ရှိပါတယ်။
ခန္တာရဲ့ နာခြင်း၊ အိုခြင်း၊ သေခြင်း ဒုက္ခ တွေ ဆိုတာက မရှောင်လွဲ နိုင်တဲ့ အရာတွေပါ။
ဖြစ်လာမှတော့ ဘယ်လိုမှ ရှောင်မရပါဘူး။
ဒါပေမဲ့ ခန္တာ ပိုင်ဆိုင် ရခြင်း ရဲ့ နောက်က ဖြစ်လာတဲ့ လောဘ၊ ဒေါသ၊ မောဟ ကိလေသာ တွေ က ကိုယ့်စိတ်နဲ့ မြင်နိုင်၊ ဖြတ်နိုင် တာမို့ ရှောင်လို့ ရပါတယ်။
အဲဒီလို စိတ်တွေ ကို ပယ်နိုင်ခြင်း ဟာ စိတ် ရဲ့ အေးချမ်းခြင်း ကို တကယ်ရောက်စေပါတယ်။
အဲဒီစိတ် တွေပြတ် လို့ နောင်ဘဝ မဖြစ်တော့ လဲ မဖြစ်တာ နောက်မှ။
ဒါပေမဲ့ လက်ရှိ မျက်မှောက်မှာတော့ အဲဒါတွေ ကင်းရင် ကင်း သလို စိတ်အေးချမ်း တာပါဘဲ။
တစ်ခြားဘာသာ တွေမှာ ဒီ အသိ ပေးချက်က အဓိက ဟုတ်/မဟုတ် မသိပါဘူး။
ဗုဒ္ဓ ရဲ့ တရားတွေ ထဲ မှာ ကိုယ်စိတ်ကို ကိုယ်ကသာ အေးချမ်းအောင် လုပ်နိုင် တဲ့ အနှစ် ကို ကိုယ့်ဖာကိုယ် ထုတ်ယူထားပါတယ်။
ဒါကြောင့် ဗုဒ္ဓ ဟောကြားသော တရား အတိုင်း လိုက်နာသူ ကို ဗုဒ္ဓဘာသာ ဆိုရင်တော့ ကျွန်မ “ဗုဒ္ဓ ဘာသာ” ပါဘဲ။
ဒီတော့ ဘုရားစင် ရှိမှ၊ ဆွမ်း ရေချမ်း ကပ်မှ၊ သေရင် သရဏဂုံ တည်မှ၊ အမျှဝေမှ၊ ရက်လည်ဆွမ်းကပ်မှ ဆိုတာ တွေ ဟာ ကျွန်မ နဲ့ လုံးဝ ကို မဆိုင်ဘဲ ထားလို့ ရပါတယ်။
ဒါပေမဲ့ ဆွမ်းကပ် ရခြင်း အကြောင်း ရှိပါတယ်။
ဒါက တော့ ဘာသာ ရေး အရ လုပ်တာ ထက် ကိုယ့်ရဲ့ စိတ်ခံစားချက်ကြောင့် လုပ်ပါတယ်။
သဘောကတော့ ကိုယ့် ကျေးဇူးရှင် အမိအဖ တွေ ကို လုပ်ကျွေး သလို မျိုးစိတ် ပါ။
ကျွန်မ တို့ မိဘ များ ကို အနီးကပ် မပြုစုနိုင်ပါဘူး။
ဒါပေမဲ့ မိဘ တွေ ရဲ့ စားဖို့ အတွက် တတ်နိုင်သလောက် ကုသိုလ်ယူပါတယ်။
ကိုယ် ထမင်း စားချိန်မှာ ကိုယ်စားသလို ကိုယ့်မိဘများ စားနေနိုင်တာ ကို တွေးပြီး ပီတိ ကို ယူပါတယ်။
ဘုရားမှာ ဆွမ်းကပ်ခြင်း ကလဲ ဒီလို ရည်ရွယ်ချက်ပါဘဲ။
ဘဝ မှာ နေပျော်အောင် သူ့တစ်ကိုယ် ဘဲ ကိုယ်လွတ်ရုန်း မသွားဘဲ ကျန်တဲ့သူ လဲ အသိတရား ရအောင်၊ ကိလေသာ ဆင်းရဲ ခြင်း တွေ ကို မြင်လာအောင် ဟော ပြ ခဲ့ တဲ့ ကျေးဇူးတော်အနန္တ ကို ရည်မှန်းပြီး ကိုယ်ပြုနိုင်တဲ့ ကုသိုလ် ကို ယူပါတယ်။
ဒီလို မိဘ ကို ကျွေးမွေးခြင်း၊ ဘုရား ဆွမ်းကပ်ခြင်းကြောင့် ငါတော့ ဘာရစေ ဆိုတဲ့ စိတ် မပါအောင်ကြိုးစား ပြီး သတိထားပါတယ်။
သူတို့ ရဲ့ ကျေးဇူးတွေ ကိုသိလို့ အလုပ်အကျွေးပြု ရို့ကျိုး ပေးခြင်း သာဖြစ်ပါတယ်။
အဲဒီအချိန် တွေမှာ ငါ ဆိုတဲ့ မာန် ကင်းပါတယ်။
ဒါကြောင့် တစ်နေ့တစ်ခါ ဆွမ်းကပ် တော့ တစ်နေ့တစ်ခါတော့ ငါစွဲ မာန်ကင်းတာပေါ့ သူကြီး မင်းရယ်။
ဆိုတော့ကာ …..
ဘယ်လိုထင်တုန်း။
စကား အတင်းစပ်လို့
သူကြီး ရဲ့ ကျေးဇူး နဲ့ ကိုယ်ပြောချင်တာတွေ ရင်ဖွင့်လို့ ရတဲ့ နေရာ လေးရနေတာမို့ သူကြီး ဆီ ကို လဲ ကြုံ ရင် ကြုံ သလို အစားအစာ လေးများ ပို့ ပေးကြ ရင် သူကြီး များ စိတ်ဆိုးမလား မသိ။ 🙄
😉
nozomi
July 5, 2012 at 10:33 am
မမ ရေ ပုံလေးတွေက လက်ရာတော်တော်ကောင်းပါတယ်
စိတ်ချမ်းသာအောင် ပြောတာ မဟုတ်ပါဘူး တကယ်ကောင်းလို့ ကောင်းတယ် ပြောတာပါ
မဖြစ်သင့်တဲ့ ကိစ္စတွေ တွေ့ရင် အများတွေးသလို သက်ဆိုင်တဲ့ သူတွေကို မတိုင်ပါနဲ့ သည်းခံလိုက်ပါ ဆိုတာမျိုးက နောက်တစ်ခါ ထပ်ဖြစ်ဘို့ အားပေးသလိုဖြစ်တာမို့ သက်ဆိုင်တဲ့ သူကို တိုင်တာ အသိပေးတာမျိုး အခုလို ရွာထဲ ရေးပြီး အများသိအောင် လုပ်တာမျိုး တစ်ခုခုတော့ လုပ်သင့်ပါတယ် ပို့စ် အတွက် ဘရာကြော်ပါနော
အရီးလတ် မန့်တာလေးဖတ်မိပြီး …..
ကျွန်တော်လဲ ဘုရားရှစ်ခိုး အလှူတစ်ခုခု လုပ်ရင် ဘာဖြစ်ရပါလို ၏ ဘာ ရ ရပါလို ၏
ဆိုတာမျိုး ဆုမတောင်း ဖြစ်အောင် ကြိုးစားတယ်
ကိုယ် တကယ် ရိုသေလို့ ကြည်ညိုလို့ လှူတန်း ၊ရှစ်ခိုးတာမို့ လုပ်ချင်လို့ လုပ်တာ
တစ်ခုခု လိုချင် ရချင်လို့ ကြောက်လို့ လုပ်ရတာမျိုး မှ မဟုတ်ပဲ နော
MaMa
July 5, 2012 at 7:51 pm
ကိုမှိုရဲ့ ရှားရှားပါးပါး ကွန်မန့်လေး တွေ့ရလို့ ဝမ်းသာသွားတယ်။
ဓာတ်ပုံလေးကို အားပေးတာလည်း ကျေးဇူးပါ။
ငယ်ငယ်က သော်တာဆွေရဲ့ မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း စာကိုဖတ်ပြီး မဟုတ်မခံ ဇတ်ဇတ်ကြဲစရိုက်ကို အသက်အရွယ်ရလာတာနဲ့အမျှ အဲဒီစရိုက်ကြောင့် ရရှိခဲ့တဲ့ ခါးသီးတဲ့ ဘဝအတွေ့အကြုံတွေကို နမူနာယူပြီး သည်းခံနိုင်အောင် ကြိုးစားနေရတာ။
အခုဒီရွာထဲရောက်မှ သဂျီးရဲ့ထိန်းကျောင်းမှုနဲ့ အမှန်ကို ဖော်ထုတ်တတ်အောင် ပြန်ကြိုးစားနေမိပြန်ပါရော။
တွေ့ကြုံရတဲ့ အဖြစ်အပျက်တခုကို စိတ်က အမြဲတမ်း နှစ်ခွဖြစ်နေတတ်တယ်။
ကိုယ့်ဘာသာကို ကြည်ညိုတာ၊ လှူဒါန်းတာ၊ ပူဇော်တာ ကွန်ဆာဗေးတစ်ဖြစ်ရင်လည်း ဖြစ်ပါစေတော့။
MaMa
July 5, 2012 at 7:32 pm
မလတ်ရေ-
ဝိုင်းဖြေရှင်းပေးလို့ ကျေးဇူးတင်တယ်။
ဘုရားရင်ပြင်မှာ အဖွားကြီးတွေ ပွစိပွစိနဲ့ ဘုရားအာရုံပြုနေရာက ဗရုတ်ဗရက် ဖြစ်သွားတာ ရီစရာ ဖြစ်နေမှာပဲ။ 😀
ဓာတ်ပုံလက်ရာ တိုးတက်လာပြီလို့ ချီးကျူးပေးလို့ ဝမ်းသာသွားတယ်။
ဒါပေမယ့် သားသားလေး (မီးမီးလား မသိ- သများလို့လည်းပြော၊ ချင့် တွေလည်း သုံးဆိုတော့) ရဲ့ လက်ရာကိုတော့ မမှီနိုင်ပါဘူး။
ကိုယ့်အပေါ်ကျေးဇူးရှိသူတွေကို တတ်နိုင်သလောက် လူအား စိတ်အား ငွေအားဖြင့် ကျေးဇူးဆပ်ချင်ပါတယ်။
ဒီကလူတွေက အမေလိကန်ကို နတ်ပြည်နဲ့ တင်စားကြတယ်။
အဲဒါကြောင့် နတ်ပြည်ရောက် အမေလိကန်သဂျီးကိုတော့ ပြီးပြည့်စုံနေသူလို့ ယူဆလို့ သူ့ဆီကပဲ ယူရမယ်။
kai
July 6, 2012 at 4:25 am
စိတ်မဆိုးပါဘူး.. သာဓုခေါ်မှာပါ..။ ကျေးဇူးတင်ကြောင်းလည်းပြန်ပြောမယ်..
ဒါပေမဲ့.. ကျုပ်သေပြီးမှပို့မယ်ဆိုရင်တော့.. ကြ်ိုပြီးစိတ်ဆိုးလိုက်မယ်..
သေပြိးရင်တော့.. ကျုပ်ဆီပို့မယ့်အစား.. လမ်းဘေးမှာငတ်နေတဲ့ကလေးတယောက်ကို.. ကြွေးလိုက်ပါလို့… 🙂
.. အဟာရချို့တဲ့ရှာတဲ့ ကလေးတွေ အပေါသားမဟုတ်လား..
အရီးခင်လတ်
July 6, 2012 at 4:36 am
မမ လဲ အဲဒီအတိုင်းဘဲ ကျင့်တာလေ သူကြီး ရဲ့။
ဘေးက လာတောင်း တဲ့ အဖွားကြီး ကို ပေးလိုက်တာဘဲ၊
မဟုတ်လား။ 🙂
nature
July 5, 2012 at 6:32 am
အမခင်လတ်ရေ-
သတိမမူဂူမမြင်ဖြစ်နေတာလေတွေကို အကြံလေး တခုလောက်ပေးချင်တယ်။ မိရိုးဖလာလွယ်လွယ်နဲ့ ဘုရားစင်လို့ ခေါ်ဝေါ်သုံးစွဲတာတွေကို ဘုရားကျောင်းဆောင်လို့ သုံးရင်ပိုသင့်တော်မယ်ထင်မိတယ်။
ကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုပေးတယ်။ ကောင်းမှုကုသိုလ်ပွားများချင်လို့ ဘုရားသွားတယ် ဆွမ်းတော်ကပ်တယ် ။ စိတ်ကလေးက ကောင်းမှုကုသိုလ်စိတ်ဖြစ်နေလို့ ကုသိုလ်ရပါတယ်။
အဲဒီလိုဖြစ်တော့ကုသိုလ်စိတ်က ဒေါသစိတ်နဲ့ပူပန်မူဆိုတဲ့အကုသိုလ်စိတ်တွေအဖြစ်ပြောင်းသွားတဲ့အတွက် အကုသိုလ်ရပါတယ်။ ဘုရားသွားပြီးကုသိုလ်စိတ်ပြည့်ပြည့်ဝဝမရတဲ့အတွက် ဘုရားသွားရကျိုးမနပ်ဘူးလို့မြင်မိတယ်။
ဆွမ်းတော်ကပ်ချိန်မှာ သက်တော်ထင်ရှားမြတ်စွာဘုရားကို အာရုံပြုပြီးကပ်တဲ့အတွက် ကုသိုလ်စိတ်ဖြစ်နေတဲ့အတွက်ကုသိုလ်ရပါတယ်။ ဘုရားတရားတော်နဲ့ညီတဲ့ကုသိုလ်မျိုးဖြစ်နေရင်တော့ ကောင်းကျိုးချမ်းသာရရှိတတ်ပါတယ်။
ဒီနေရာမှာကြုံလို့ပြောချင်တာက ဘုရားကိုရှိခိုးတာအုတ်ပုံကို ရှိခိုးတယ်လို့ အယူရှိသူတွေတချို့ရှိတယ်။
မြေကြီးဘဝကမီးဖုတ်လိုက်တော့အုတ်လို့ပညတ်ကြပါတယ်။ အဲဒီအုတ်တွေကို တိုက်ဆောက်ရင်တိုက် အုတ်ဂူဆောက်ရင်အုတ်ဂူ ဘုရားတည်ရင်ဘုရားလိုပညတ်ခေါ်ဝေါ်ကြပါတယ်။ တိုက်ထဲမှာနေတဲ့သူကိုအုတ်ပုံကြားထဲနေတဲ့သူလို့စိတ်မူမှန်သူများပြောတာမကြားဖူးပါဘူး။ ထို့အတူ အုတ်ပုံနားမှာရှုရှုးပေါက်တတ်ပေမဲ့ ဘုရားနားမှာ တော့ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အုတ်ပုံကြီးပဲဆိုပြီး မည်သူမျှရှုရှုးမပေါက်ရဲကြပါဘူး။
ဘုရားကိုအုတ်ပုံကြီးလို့ပြောတာကတော့ပညတ်သဘော ပရမတ်သဘော ကို ရှင်းလင်းစွာနားမလည်လို့ဖြစ်ပါတယ်။
MaMa
July 5, 2012 at 8:04 pm
ကျောင်းကိုရောက်တော့ ကျောင်းစိတ်။
အိမ်မှာနေတော့ အိမ်စိတ်မို့
ဘုရားကို ရောက်တော့လည်း ဘုရားဖူးရတာ ပိုကြည်ညိုစရာလို့ ခံစားမိတယ်။
ဘာမှမလုပ်တာနဲ့စာရင်တော့လည်း ဘုရားရောက်ရတာ၊ ဘုရားဖူးရတာ တော်သေးတယ်လို့ ကိုယ့်ကိုယ်ကို ဖြည့်တွေးလိုက်တယ်။
(ကိုယ့်ကိုယ်ကို ညှာတာတာ)
ဟိုးးး အရင်က ဒီလိုမျိုးတွေ မဖြစ်ဖူးတော့ မုန့်တွေကို ဆွမ်းတော်စွန့်ရင် ကြုံတဲ့လူကို လှူလိုက်ဖို့ စိတ်ပိုင်းဖြတ်ပြီးသားပေမယ့် စတီးဗန်းကိုတော့ စိတ်က မပြတ်သေးဘူး။
အရီးခင်လတ်
July 6, 2012 at 3:56 am
ဒီလို ထောက်ပြပေးလို့ ကျေးဇူးပါ ကနေးချား ရယ်။
အစ်မ ဆိုတော့ ကျွန်မ က ကြီး တဲ့ သဘောပေါ့နော်။
(ငိုသံပါကြီး ဖြင့် ပြောသည်)
(မျက်ရည် များ မဆည် နိုင်တော့ အိ အိ အိ) 😥 😥
(မောင်ဂီ ဆီက ဓာတ် ကူးသွားသည်)
nature
July 5, 2012 at 6:46 am
နောက်တခုအကြံပေးချင်တာက-
နောက်တခါဘုရားသွားဆွမ်းတော်ကပ်မယ်ဆိုရင် တခါသုံးဘမ်းတွေနဲ့ကပ်ပြီးစိတ်ကိုဖြတ်ပါ။ ဘေးမှာလိုချင်လို့စောင့်နေသူကိုစောင့်ဖို့ တါဝန်ပေး။ ဆွမ်းတော်ကပ်ပြီး ရင်ပြန်လာရုံပဲ။ ရွှေတိဂုံဘုရားကအိမ်ကဘုရားထက် ပိုတန်ခိုးကြီးတယ်လို့ယူဆပုံရတယ်။ 🙂
ဒါပေမဲ့ ဘုရားရောက်ရင်ကုသိုလ်စိတ် သဒ္ဒါတရားပိုမိုပွားများဖြစ်ပေါ်တတ်လို့ ပိုကုသိုလ်ရတတ်ပါတယ်။
Ma Ei
July 5, 2012 at 10:45 am
မမရေ…
ထန်းပင်လေးနဲ့ ရွှေတိဂုံပုံတော်ကတော့
အတော်ကို ကြည်ညိုဖွယ်ရာကောင်းပါတယ်…
ဆွမ်းတော်ပွဲ အကြောင်းဖတ်မိတော့
ရွှေစက်တော်မှာ ဆွမ်းတော်ပွဲ ဝယ်ကပ်တဲ့အကြောင်းသတိရသွားတယ်…
ဆွမ်းတော်ကပ် ဘုရားရှိခိုးပြီး ထိုင်နေတုံးမှာဘဲ ဆွမ်းတော်ပွဲလာသိမ်းလို့
ကြည့်နေတာနောက်တစ်ယောက်ကို သွားရောင်းတာ တွေ့လိုက်ရတယ်…
ကိုယ်လဲ သူများကပ်ပြီးသား ကပ်မိပြီ ဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ရဘူးတယ်…
မလုပ်သင့်တာတွေနော်…
MaMa
July 5, 2012 at 11:23 pm
မအိရေ-
အမွှာညီအမနဲ့ နှစ်ယောက်သား မနက်စောစော လမ်းလျှောက်သွားပြီး အားရပါးရ ရိုက်လာခဲ့ကြတာ။
အဲဒီဗျူးလေးက သူ့ကြောင့်ရခဲ့တာပေ့ါ။
ကုသိုလ်ပြုရာမှာ မကောင်းတဲ့စိတ်မဝင်အောင် (လောဘ၊ ဒေါသ၊ မောဟ) ကြိုးစားရင်းနဲ့ပဲ ဒါမျိုးတွေ ကြုံနေရတယ်။ 🙁
snow white
July 5, 2012 at 6:22 pm
စနိုးတို့ကတော့ဒီဖြစ်မျိုးကိုကျိုက်ထီးရိုးဘုရားမှာ ကြုံဖူးတာပါ ဘုရားရှိခိုးပြီးတော့ ကိုကပ်ထားတဲ့ သစ်သီးတွေ ရှိတော့ဘူး အယ်ဘယ်သူများယူသွားတာလည်းလို့ စိတ် ကထင်လိုက်မိတယ်
ကန်တော့တဲ့နားမှာဘဲ ခဏနေမိလိုက်တဲ့ချိန်မှာဘဲ ရောင်းတဲ့ဈေးသည်တွေဘဲ ပြန်ယူလိုက်ရောင်းလိုက်လုပ်နေတာပါဘဲ….
MaMa
July 5, 2012 at 11:30 pm
စနိုးရေ-
ကျိုက်ထီးရိုးမှာတော့ အဲလိုတွေဖြစ်နေကျဆိုတော့ ဆွမ်းတော်တင်ကတည်းက ပန်းကန်ရော၊ မုန့်တွေရော စိတ်ဖြတ်ပြီး စွန့်ပြီးသား။
ရွှေတိဂုံမှာတော့ အခုလိုမျိုး မဖြစ်ဖူးတော့ စိတ်က ဖြတ်မထားဘူးလေ။
နောက်ပြီး မုန့်လောက်သိမ်းသွားတာ ဆိုရင်လည်း ပြောဖြစ်မှာ မဟုတ်ဘူး။
အခုက ဗန်းပါ သိမ်းသွားတာဆိုတော့ 🙁
mayjuly
July 6, 2012 at 11:21 am
ဟုတ်ပါတယ် အန်တီမမရယ်…
ကျမတို့လည်း ဘုရားသွားရင် မနက် ၅ နာရီလောက်ပဲ သွားဖြစ်တာများတယ်…
လူလည်းရှင်း ဘုရားဖူးရတာ အေးလဲ အေးချမ်းလို့လေ…
ဒါပေမယ့် ဆွမ်းတော်ကပ်တာတော့ ထိပေါင်းများနေပီဆိုတော့ ကိုယ်ကပ်ချင်တဲ့ မုန့် တို့ သစ်သီးတို့ကို အိမ်က ယူသွားပီး
ဘုရားမှာရောင်းတဲ့ ဆွမ်းတော်ဗန်းထဲ ထည့်ကပ်လိုက်တာပဲ ..ဆွမ်းကပ်ပီးလို့ ထသွားရင်တော့ လှည့်ကိုမကြည့်တော့ဘူး..
ကုသိုလ်စိတ်လေးဖြစ်ပြီးတော့မှ အကုသိုလ်စိတ်တွေမပွားမိအောင် ရှောင်ထွက်နေလိုက်ရတယ်…
ကိုပေါက်(မန္တလေး)
July 6, 2012 at 9:56 am
မမရေ
ဒီရွှေတိဂုံနဲ့ထန်းပင်လေးကို ရောက်တိုင်းရိုက်တာလေးတင်ပေးဘို့ပြန်စုလိုက်အုံးမယ်။
မမပြောသလို ဝမ်းလျားထိုးရိုက်ချင်တောဘုရားလူရှင်းတုံးရောက်ချင်တော့ မနက်ငါးနာရီအိမ်ကထွက်လို့ ညီမတော်ဆူတာခံရခဲ့ပါသေး၏။
ခဏလေးလာတာ အိမ်မကပ်လို့တဲ့။