Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူငယ်များအတွက် ကိုယ်ကျင့်တရားနှင့် စီးပွားရေးအတွေးအခေါ် အပိုင်း ၂

manawphyulayJuly 3, 20121min2955

ဟောပြောချက်လေးကို ပြန်လည် တင်ပြလိုက်ပါတယ်။ မှတ်မိသလောက်ပေါ့ရှင်။ ဗဟုသုတတိုးပွားကြပါစေ

Labor Market
– 2015 ခုနှစ်တွင် အာဆီယံဒေသတွင်း လုပ်သားများ လွတ်လပ်စွာ လုပ်ကိုင်နိုင်မည်။
– ထို့ကြောင့် လုပ်သားဈေးကွက် (Labor Market) အသက်ဝင်လာမည်။
– ပညာတတ် company ဝန်ထမ်းများ စုပြုံဝင်လာမည်။
ထို့ကြောင့် ပြည်တွင်းမှာ ရသည့် ဘွဲ့က နိုင်ငံတကာ အဆင့်မီဖို့လိုမည်။ နိုင်ငံတကာ အဆင့်မီသည့် ဘွဲ့၊ ဒီပလိုမာ၊ certificate ကို ရအောင်ယူထားဖို့ လိုပါမည်။ ဘွဲ့နှင့်ထိုက်တန်သော၊ တကယ့်အရည်အသွေးရှိရန် လိုပါမည်။ နိုင်ငံခြားပညာတော်သင် များများနဲ့ scholarship များများလွှတ်ဖို့ လိုပါမည်။
ပြိုင်ရင် ဘာဖြစ်မလဲ
စီးပွားရေးလုပ်ငန်းအောင်မြင်ရန် လိုအပ်ချက်မှာ
(က) ငွေ
(ခ) ကံ
(ဂ) ကောင်းမွန်သော အကြံဉာဏ်
(ဃ) အထက်ပါအားလုံး ဖြစ်သည်။

ကဲ ဒီလေးခုထဲက ဘယ်ဟာဖြစ်မလဲ။ ရွေးချယ်ပေးကြပါဦး။

စွန့်ဦးတီထွင် လုပ်ငန်းရှင်၏ `မရှိမဖြစ်´ အရည်အချင်းများ
၁။ မြင့်မားသော ရည်မှန်းချက်ရှိခြင်း။
၂။ တီထွင်မှု၊ ဖန်တီးမှုရှိခြင်း။
၃။ တွက်ချက်ပြီးမှ စွန့်စားတတ်ခြင်း။
၄။ ရည်မှန်းချက်ပန်းတိုင် ချထားခြင်း။
၅။ စီမံကိန်းချဆောင်ရွက်တတ်ခြင်း။
၆။ အလုပ်များများလုပ်တတ်ခြင်း။
၇။ ပြန်လည်သုံးသပ်တတ်ခြင်း။
၈။ အတွေ့အကြုံကို ပြန်လည်အသုံးချတတ်ခြင်း။

စွန့်ဦးတီထွင်လုပ်ငန်းရှင်၏ `လက်ရွေးစင်ကျွမ်းကျင်မှုများ´
၁။ အဖြစ်မှန်နှင့် ဒဏ္ဍာရီကို ခွဲခြားနိုင်စွမ်းရှိရမည်။ (ဥပမာ – ဒွေးဝင်စားတယ်ဆိုတဲ့အကြောင်းအရာလိုမျိုး)
၂။ ဖြစ်ရပ်မှန်ကို ဆန်းစစ်နိုင်စွမ်းရှိရမည်။
၃။ ဖန်တီးနိုင်စွမ်းရှိရမည်။
၄။ မရေရာမှုအပေါ် သည်းခံနိုင်စွမ်း ရှိရမည်။
၅။ အခွင့်အလမ်းကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိရမည်။
၆။ စီးပွားရေးလုပ်ငန်းကို စိစစ်သုံးသပ်နိုင်စွမ်းရှိရမည်။
၇။ စီးပွားရေးလုပ်ငန်းကို စတင်ဆောင်ရွက်နိုင်စွမ်းရှိရမည်။
၈။ စီးပွားရေးလုပ်ငန်း မဟာဗျူဟာပိုင်းဆိုင်ရာ ကျွမ်းကျင်ရမည်။
၉။ ဝန်ထမ်းအလုပ်သမားများအား အကဲဖြတ်နိုင်စွမ်းရှိရမည်။
၁၀။ ပတ်ဝန်းကျင်အခြေအနေများအား အကဲဖြတ်နိုင်စွမ်းရှိရမည်။
၁၁။ လောကနိတိ၊ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာ သုံးသပ်နိုင်စွမ်းရှိရမည်။
၁၂။ ဆက်ဆံရေးကောင်းမွန်နိုင်စွမ်း ရှိရမည်။
၁၃။ ဆက်သွယ်ရေးကွန်ရက် ဖြန့်ကြက်နိုင်စွမ်း ရှိရမည်။
၁၄။ ရလဒ်ကောင်းမွန်အောင် ဆောင်ရွက်နိုင်စွမ်း ရှိရမည်။

လူငယ်များ စီးပွားရေးအတွေးအခေါ် `စ´ ပြီး ရှိလာဖို့
– နိုင်ငံတော်က အလယ်တန်းပညာအဆင့်(ပဉ္စမတန်း) ကတည်းက ဘောဂဗေဒကို အကြိုမိတ်ဆက်ထားဖို့ လိုပါမည်။
(ဥပမာ) ဟန်ဂေရီနိုင်ငံ – Entrepreneurship Education ကို အလယ်တန်းမှ စတင်သင်ပေးပါသည်။
ရိုမေးနီးယားနိုင်ငံ – Entrepreneurial study ကို အလယ်တန်းမှ စသင်ပေးပါသည်။

– ပညာတတ်ပြီး အတွေ့အကြုံကောင်းများရှိသော အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များက တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်း၊ အလယ်တန်းကျောင်းများတွင် ဟောပြောပေးဖို့ လိုပါမည်။
– ကျောင်းများ၊ စာကြည့်တိုက်များတွင် Entrepreneurship နှင့် ပတ်သက်သော စာအုပ်စာတမ်း မဂ္ဂဇင်း၊ ဂျာနယ်များ စုံလင်စွာ ထားပေးရန်လိုပါမည်။ (Ladder Series)
– စင်္ကာပူနိုင်ငံကျောင်းများတွင် သိပ္ပံနှင့် သင်္ချာကို အထူးအလေးပေး သင်ကြားသလို၊ မြန်မာနိုင်ငံတွင် စီးပွားရေးဘာသာရပ်ကို အလေးထား သင်ကြားပေးဖို့ လိုပါမည်။

ပြောပါသေးတယ်။ မြန်မာပြည် RIT ကျောင်းပြီးတစ်ယောက် နာမည်က ကိုနေလင်းဆိုတဲ့သူက နိုင်ငံခြားမှာ ပုံတစ်ပုံဆွဲရင် 1 မီလီယမ်ရပါတယ်တဲ့။ ဒီလိုလူမျိုးတွေကို မြန်မာပြည်ပြန်လာစေချင်တယ်ပေါ့လေ။ သူတို့ကလည်း စဉ်းစားပါတယ်။ မြန်မာပြည်ပြန်လာရင် နည်းပြရာထူးပဲ ရမှာဆိုတော့ ပြန်မလာချင်တော့တာ မစမ်းပါဘူးတဲ့လေ။

လူငယ်များ လမ်းကြောင်းမှန်ရောက်ဖို့…
၁။ ပညာကို တန်ဖိုးထားတတ်ဖို့ မွေးကတည်းက သင်ရန် လိုသည်။
၂။ မည်သည့်တက္ကသိုလ်၊ မည်သည့်ပညာရပ်သင်ရမည်ကို နားလည်တတ်သိသူနှင့် ဆွေးနွေးမေးမြန်းဖို့ လိုပါသည်။
၃။ ရောက်သည့်နေရာတွင် ထူးချွန်အောင် ကြိုးစားဖို့ လိုပါသည်။
၄။ ပညာသင်ဆုရအောင် နည်းမျိုးစုံနှင့် ကြိုးစားဖို့ လိုပါသည်။
၅။ နိုင်ငံခြားတွင် အလုပ်လုပ်၊ ပိုက်ဆံစု၊ ပညာစု၊ အဆက်အသွယ်ရှာပြန်လာဖို့ လိုပါသည်။ (Brain Gain)
၆။ အစိုးရကလည်း ဖိတ်ခေါ်၊ ပြန်လာလျှင်လည်း ထိုက်တန်စွာ နေရာပေးဖို့ လိုပါသည်။
၇။ အင်္ဂလိပ်စာနှင့် တရုတ်စာ ရအောင် လုပ်ထားဖို့ လိုပါသည်။
၈။ တိုးတက်နေသော အနီးနိုင်ငံ၊ အဝေးနိုင်ငံတို့၏ အခြေအနေကို မျက်ခြေမပြတ်ဖို့ လိုပါသည်။
၉။ စာများများဖတ်ကြဖို့ လိုပါသည်။
၁၀။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများမှ နည်းစဉ်များကို Adaptation လုပ်ဖို့ လိုပါသည်။
၁၁။ Foreign Exposure များများရအောင် လုပ်ဖို့ လိုပါသည်။
၁၂။ လူကောင်းလူတော်ဖြစ်ဖို့ လိုပါသည်။
၁၃။ High Aspiration ရှိဖို့ လိုပါမည်။
၁၄။ အစိုးရမှ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများမှ အသိပညာရှင် အတတ်ပညာရှင်များကို ဖိတ်ခေါ်ကာ Seminer Workshop များ ကျင်းပပေးဖို့ လိုသည်။
ပြောတာတွေကတော့ အများကြီးပါပဲ။ ၅ နာရီဆိုပေမယ့် အချိန်က မလောက်တော့ ၅ နာရီခွဲသွားပါတယ်။ နောက်ဆုံးပြောသွားတာကတော့ တိုင်းပြည်တစ်ပြည်ရဲ့ ကျက်သရေက စာကြည့်တိုက်ဖြစ်ပြီး အိမ်တစ်အိမ်ရဲ့ ကျက်သရေကတော့ စာအုပ်စင်ပါပဲ။ အဓိကကတော့ အစိုးရက ဖွံ့ဖြိုးတိုးတက်အောင် အများကြီး လုပ်ဆောင်သင့်တာပါပဲ။
လူငယ်များ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး မှန်ကန်သော စီးပွားရေးအတွေးအခေါ်များနှင့် မှန်ကန်သော ဘဝလမ်းကြောင်းအပေါ် လျှောက်လှမ်းနိုင်ပါစေ။
ရဲမြင့် (စွန့်ဦးတီထွင်)
၂၀၁၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်

5 comments

  • ကိုရင်မောင်

    July 3, 2012 at 12:28 pm

    တော်တော်ကောင်းတဲ့အကြံ အဉာဏ်ပေးတဲ့ ဟောပြောပွဲပါဘဲ..
    မှတ်သားသွားပါတယ် မနောဖြူလေးရေ…
    ကျေးကျေးပါ…

  • ရဲစည်

    July 3, 2012 at 1:05 pm

    လောလောဆယ် ဖတ်သွားတယ်ဗျို့
    ရှေ့က အပိုင်း(၁) မဖတ်ရသေးလို့ ပြန်ဖတ်ပီးမှ ပြန်လာမန့်မယ်

    • ပစ်စလက်ခတ် မျက်ရည်

      July 3, 2012 at 1:06 pm

      ၁၅ကျပ်လာ မရင် မတယ်ပေါ့ ..ဘယ့်နှယ့်
      😀

      အင့် ..
      မပိစိ ..
      ဝင်ကြေး ၂ကျပ်

  • Wai Phyoe

    July 3, 2012 at 1:26 pm

    အင်းငါတို့တော့ ၁ဝယူပြီး လမ်းကြောင်းမှန်သွားတော့မယ်

  • မိုး ချစ်သူ

    July 5, 2012 at 9:41 pm

    စွန့်ဦးတီထွင် ဆိုတဲ့စကားလုံးလေးကိုစကြားဖူးတော့ထူးဆန်းဲပြီးသဘောကျနေတာ။
    စီးပွားရေးနဲ့ပတ်သက်တော့ပိုသဘောကျမိပါတယ်—-
    စီးပွားရေးလုပ်ငန်းအောင်မြင်ရန်အချက်လေးချက်ထဲမှာ (၄)အချက်ကိုရွေးချယ်ပါတယ်ရှင်။
    ဟောပြောပွဲမှာပြောသွားတဲ့အကြောင်းအရာတွေအားလုံးကိုဖတ်ရတဲ့အတွက်
    ဗဟုသုတမျှဝေပေးတဲ့မမ မနောဖြူကိုကျေးဇူးတင်ပါတယ်—–

Leave a Reply