***…စိတ်မှောက်ခြင်း…***
ခဏ ခဏ ကျပျောက်တတ်တဲ့….ကိုယ်ကျင့်
အသိခေါက်ခက်…အဝင်နက်လို ့…
မချစ်မှစ်သက်တော့တဲ့…အတိတ်ခါးကို
စဉ်းစားမိတိုင်း…
စိတ်သွားတိုင်း….ကိုယ်မပါတော့….၊
အဲလိုနဲ ့….
ခြစားနေတဲ့..အိမ်ထဲ
လိမ်ဖယ် လိမ်ဖယ်နဲ ့…
ငါ့မျက်လုံးတွေ…တိမ်ကွယ်ခဲ့တာ ပ….၊
စိန်မခေါ် ရဲဘူး..
အလိမ် ပေါ်မှာ စိုးတယ်
ရှေ့ဆက်ပြီး…အစာအိမ် ကို
ရွှေရည်စိမ်…အတုတွေနဲ ့လည်း…
မထုံ မွှမ်းချင်တော့….
ကိုယ့်အညစ်အကြေး ကိုယ်ပြန်စစ်ဆေးပြီး..
ငါ……သူတို ့နဲ ့
တဖြည်းဖြည်း…..ဝေးပစ်လိုက်တယ်…..၊
တွေးလိုက်တိုင်း…..
ရင့်မှည့်လွယ်လွန်းစွာနဲ ့…ကိုယ့်နောင်တ ကိုယ်
ပြန်ပြန် မြိုချ နေမိတယ်…
ထာဝရ မဟုတ်တဲ့….ဈာပန ပွဲတွေကနေ
သံဝေဂ ကို….ထမ်းခေါ်ခဲ့ဘူးတယ်….
လမ်းပေါ်က ဘဝဆက်ထုံး တွေကို
ပလက်ဖောင်း…ခေါင်းအုံးရင်း
ရိုးသားခြင်းကို ထောင်ဖမ်း ရဦးမယ်လေ…၊
မှောင်နေ ခဲ့ဘူးတယ်….
သန်းခေါင် ထက်နက်တဲ့…ညတွေထဲ
ယောင်နေခဲ ့ ဘူးတယ်…
စုတ်ပြတ် နေတဲ့..ဒဏ်ရာများစွာ နဲ ့….
သူမတူအောင် ချျွန်ထွက်မလာဘဲ…
နွံ မှာနစ်မြဲ…
တစ်ကယ်ဆို…..ငါ ဟာ
ငါအစစ် မှ….ဟုတ်ပါရဲ့လားလို ့…
သံသယ ထောင်ထဲ…ငါ့ကိုယ် ငါ
စွဲချက်တင် ပြီး….
ငါ့ ကိုယ် ငါ ဘဲ..
အမိန် ့ချ လိုက် တယ်..။။။
5 comments
mamanoyar
July 4, 2012 at 12:02 pm
ဘာအမိန့်ချလိုက်တာလဲဟင်………………
maung khinmin
July 4, 2012 at 12:23 pm
မပြောပြဘူး
မောင်ပေ
July 4, 2012 at 1:30 pm
ဆြာခင်ရဲ ့ကဗျာကို ဖတ်အပြီးမှာ…
ကိုငှက်ရဲ ့သီချင်းစာသားလေးကို ဆိုခဲ့ပါတယ်ဗျား
“ ဒါဟာ..ငါ မဟုတ်ဘူး… ဒါဟာ..ငါ့အရိပ်တွေ ”
(အမှန်က တစ်ပုဒ်လုံးမရလို ့…. ဟီဟိ)
ဝမ်းတွင်းရူး
July 4, 2012 at 3:00 pm
စိန်မခေါ် ရဲဘူး..
အလိမ် ပေါ်မှာ စိုးတယ်
ရှေ့ဆက်ပြီး…အစာအိမ် ကို
ရွှေရည်စိမ်…အတုတွေနဲ ့လည်း…
မထုံ မွှမ်းချင်တော့….
ကိုယ့်အညစ်အကြေး ကိုယ်ပြန်စစ်ဆေးပြီး..
ငါ……သူတို ့နဲ ့
တဖြည်းဖြည်း…..ဝေးပစ်လိုက်တယ်…..၊
——-
ရွှေရည်စိမ် အတုဆိုတာက အရက်ကိုပြောတာလားဗျာ။
ဝီစကီပေါ့နော်။
Wow
July 4, 2012 at 3:35 pm
ကိုယ့်ကိုကိုယ် သေစားသေစေ အမိန့်မချခင် တစ်ဝကြီး ရိုးသားလိုက်စမ်းဘာာာာာ……
ရိုးသားလို့သေတဲ့မသာ မကြားဘူးဘူး….
ဟီဟိ… ထင်ရာမြင်ရာ ဝင်ပြောသွားပါသီ…