Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန်းဂဇက် ချစ်သူများ စာပေဆု

black chawJuly 5, 20121min157897

ဘလက်ချော မြွေဖမ်းမလို့ဗျ..။
ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး ဟိုလျှောက်ဖတ်ဒီလျှောက်ဖတ် ဟိုလျှောက်ရေး ဒီလျှောက်ရေး အဆင်လေးပြေနေတာကို
မနေတတ် မထိုင်တတ် နဲ့ အစတစ်ခုဆွဲထုတ်ဦးမလို့ ပါဗျာ။
ကဲ မပြောမပြီး မတီးမမြည်တဲ့။
ပြောမှပြီးမှာ မို့ ပြောခွင့်ပြုတော့ ကျောင်းအစ်မရယ်။
ဒီလိုရှိပါတယ် လူကြီးမင်းများခင်ဗျာ…။
ပြီးခဲ့တဲ့ ဇွန်လအတွင်း ပို့စ်တင်ခဲ့သူတွေထဲက
PERSON Of THE MONTH အဖြစ် ဖက်တီးကက် ကို ကျွန်တော် ရွေးခဲ့တာ အားလုံး အသိပါ။
ကျွန်တော်တစ်ယောက်တည်း ရွေးနေလို့တော့ ရွာသူရွာသားတွေအနေနဲ့ ရော
အရွေးခြယ်ခံ ပို့စ်တင်သူအနေနဲ့ရော ဖီလင်လာလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူးခင်ဗျာ…။
အဲဒီအတွက် ကျွန်တော်တို့ အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပါမယ်။
အဖွဲ့ဝင်တွေအားလုံး တက်လာသမျှ ပို့စ်တွေကို ဖတ်ကြပါမယ်။
လကုန်ရက် ရောက်လာတဲ့အခါ အဖွဲ့ဝင် တစ်ယောက်ကို
အကြိုက်ဆုံးပို့စ် အနည်းဆုံး ၃ ပို့စ် ရွေးပေးရပါမယ်။
အဖွဲ့ဝင်တွေအားလုံး တစ်ယောက်ခြင်းစီရွေးထားတဲ့ အကြိုက်ဆုံးပို့စ်တွေကို
စုပေါင်းပြီး ပြန်ဖတ်ကြပါမယ်။
အဲဒီထဲက အကြိုက်ဆုံး ပို့စ်တစ်ပုဒ်ကို ရွေးထုတ်ပြီး ဆုချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။
ဒီအဖွဲ့ထဲပါမယ့် လူတွေအနေနဲ့ ဆု မရနိုင်ဘူးဆိုတာ ကိုတော့ ကြိုပြောထားပါရစေ။
အဓိကရည်ရွယ်ချက်က ဗြဲလရမ်းကြီးဖြစ်နေတဲ့ ပို့စ် တွေကို
စံနစ်တကျ စုစည်းပေးချင်တဲ့ စေတနာပါ။
တချို့လတွေမှာ သိတ်ကြိုက်တဲ့ ပို့စ် တစ်ပုဒ်မက ထွက်လာနို်င်ပါသေးတယ်။
အဲဒီလို ဆိုရင်တော့ တစ်မျိုးစဉ်းစားကြမယ်ပေါ့။
ဒီလိုရွေးခြယ်ရာမှာ ကာတွန်းပို့စ်တွေ၊ ဓါတ်ပုံပို့စ်တွေ တော့ မပါပါဘူးခင်ဗျာ။
ဘာစည်းမျဉ်းစည်းကမ်းမှလည်း မရှိပါဘူး။
ရွာထဲကို တင်တဲ့ ပို့စ်မှန်သမျှ အကုန်ဖတ်ကြမှာ ဖြစ်ပါတယ်။
ဆုရတဲ့ ပို့စ်တင်သူကို အမှတ်တရ ဖြစ်စေမယ့် တစ်ခုခု ပေးနိုင်အောင် ကြိုးစားနေပါတယ်။
ကဲ လောလောဆယ် တစ်လအတွင်း အကောင်းဆုံးပို့စ် ရွေးခြယ်ပေးမယ့်
ဆုရွေးခြယ်ရေးအဖွဲ့ဝင် စာရင်းကို ဖေါ်ပြပေးပါမယ်။ တချို့လူတွေကို
သဘောတူညီချက်မတောင်းရသေးပဲ ထည့်သွင်းထားတာဖြစ်တဲ့အတွက်
ကွန်းမန့်ကပဲ ဖတ်ပေးမယ် မဖတ်ပေးဘူး ဆိုတာ အကြောင်းပြန်ပေးကြပါခင်ဗျာ။
ဆုရွေးခြယ်ရေးအတွက် ဝိုင်းကြဝန်းကြမယ့် ရွာသူားတွကတော့
၁။ Foreign Resident
၂။ ဦးဦး ပါလေရာ
၃။ ကိုပေါက် (မန်းန္တလး)
၄။ ကိုကြီးမိုက်
၅။ ကိုထူးဆန်း
၆။ ကိုနိုဇိုးမိ
၇။ ကိုလင်းဝေ
၈။ ကိုအင်ဇာဂီ
၉။ ဘလက်ချော

၁၀။ အရီးခင်လတ်
၁၁။ မပဒုမ္မာ
၁၂။ မမ
၁၃။ ဝေဝေ

တို့ဖြစ်ပါတယ်ခင်ဗျာ။ ဒီအထဲတော့ သူကြီး ကလည်း ကူညီပံ့ပိုးပေးလိမ့်မယ်လို့ မျှော်လင့်ရတာပါပဲခင်ဗျာ။
တတ်နိုင်သလောက် လူငယ်တွေ မပါအောင် ရွေးထားတာပါ။
လူငယ်တွေဆီကနေ ပို့စ်ကောင်းကောင်းလေးတွေ မျှော်လင့်လို့ပါ။
ဆိုတော့ တစ်လအတွင်း အကောင်းဆုံး ပို့စ် ဆု ကို ဒီလ ဇူလိုင်လကစပြီး
အဖွဲ့နဲ့ ရွေးခြယ်သွားပါမယ်။
ဆုနာမည်ကို ကျွန်တော် အကြမ်းရွေးထားတာက မန်းဂဇက် ချစ်သူများ စာပေဆု ဖြစ်ပါတယ်။
ရွာသူရွာသားတွေအနေနဲ့လည်း ဝိုင်း စဉ်းစားပေးကြစေချင်ပါတယ်။
ကဲ ဆွေးနွေးပေးကြပါဦး။
လေးစားခင်မင်တဲ့
ဘလက်…။
၅-၇-၂၀၁၂

97 comments

  • blackchaw

    July 6, 2012 at 12:10 pm

    @ etone ;
    ဒီဆုကိစ္စကြောင့်တော့ ဘာမှ အပြောင်းအလဲဖြစ်စရာ မရှိပါဘူး အီတုန်းရေ။
    မန်းဂဇက် မှာ တက်လာသမျှပို့စ်တွေကိုပဲ အားလုံးဝိုင်းဖတ်ကြမှာပါ။
    ဘာစည်းကမ်းမှလည်း မရှိပါဘူး။ ပြိုင်ပွဲလည်း မဟုတ်ပါဘူး။
    အသစ်တွေအနေနဲ့လည်း လက်မရဲစရာ အကြောင်းမရှိပါဘူး။
    အရင်ကလို ရေးချင်ရာကို ရေးတတ်သလောက် ရေးခွင့်ကြီးက ရှိနေပြီးသားပဲ။
    မန်းဂဇက်ပေါ် တက်လာသမျှပို့စ်ကို ဖတ်ပေးမယ်ဗျာ။
    ဒါပဲ…။ ဘာများ ခက်ခဲတာ ရှိနေပါသလဲ ဒေါ်အီတုန်းရေ…။
    :mrgreen:

  • blackchaw

    July 6, 2012 at 12:13 pm

    @ မိုက်ကယ်ဂျော်နီအောင်ပု ;
    ကိုပုတို့ ကိုကြောင်ကြီးတို့ပါ ဒီဆုကို ဝိုင်းဝန်းရွေးခြယ်ပေးမယ်ဆိုရင်ဖြင့်
    အင်မတန် တန်ဘိုးကြီးသော ဆုတစ်ဆု ဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။
    ဖတ်နိုင်သမျှဖတ်ပြီး ကြိုက်တာလေးတွေ ရွေးကြည့်ပေးဖို့ တောင်းဆိုပါရစေ ကိုပုရေ…။
    :mrgreen:

    • ချစ်စ/ဆရာ

      July 6, 2012 at 1:13 pm

      လိင်တူချစ်သူ ကြီးကလွဲရင်
      အားလုံးကို ထောက်ခံပါတယ် ဆရာကြီးဘလက်ခင်ဗျား

      • etone

        July 6, 2012 at 1:58 pm

        ကိုချစ်စ/ဆရာ က .. အဘပုကို အတော်ချစ်တာပဲနော် …
        ဘယ်အချိန်ကတည်းက ချောင်းနေလဲ မသိဘူး … ။ အဟိ … အလစ်ဆို ဝင်ဝင်နှက်တော့တာပဲ … ။
        ဟိုက ထန်းတောထဲဝင်သွားလို့ ငြိမ်နေတာ …. 😀

  • blackchaw

    July 6, 2012 at 12:20 pm

    @ ကိုထူးဆန်း ;

    ဘဘဘလက်ရေ ..
    ဘဘဘလက်တို့ ဘယ်လိုတွေးထားလို့လဲတော့ မသိဘူး ပေါ့ ။ စည်းမျဉ်းစည်းကမ်းမရှိဘူးဆိုတာတော့ မဖြစ်သင့်ဘူးထင်ပါတယ် ။ နောက်မှ စည်းကမ်းတွေ လိုက်သတ်မှတ်ရရင်လည်း မကောင်းပါဘူး ။ စည်းကမ်းလေးတွေတော့ အရင် ထုတ်သင့်ပါသည် ။ ကျွန်တော့် အဖြင်ပါ။
    ခုရှုပ်မှ နောင်ရှင်းဖြစ်ရန်ဖြစ်ပါသည် ။
    (၁) အနည်းဆုံး ကိုယ်တိုင်ရေး ဖြစ်ရန်တော့လိုမည်ဟုထင်ပါသည်.။
    (၂) ကိုယ်တိုင်ရေးဖြစ်သော်လည်း အခြားဆိုဒ်တွင်တင်ထားပြီးသားလာတင် လျှင်ကော လက်ခံမှာလား ။
    (၃) မှီထား ကိုးထားရင် မှီထားကိုးထားတာကိုဖော်ပြရန် လိုအပ်မှု့ (ဘာသာပြန် ၊ သုတ အစရှိသည်တို့ အတွက်)

    အော် ကိုယ်တွေတောင် အသက်တွေကရလာပြီဆိုတော့ ဘဘဘလက် တွေဘာတွေ ဖြစ်ကုန်ပြီပေါ့
    ကိုထူးဆန်းရေ..။
    :mrgreen:
    ဒီရွာကြီးမှာ နဂိုကတည်းက စည်းကမ်းချက်တွေက ရှိနေပြီးသားပါ။
    အဲဒီ စည်းကမ်းတွေ အတိုင်းပါပဲ။
    သေသေချာချာ ရှင်းရှင်းလင်းလင်း ကြီး နားလည်ထားစေချင်တာတစ်ခုက
    မန်းဂဇက်ပေါ် တက်လာတဲ့ ပို့စ်တွေအကုန်လုံးကို ဖတ်မှာပါ။
    တစ်ယောက်ခြင်းစီက သူတို့အကြိုက်သုံးပုဒ်စီကို တင်ပြကြမှာပါ။
    အဲဒီအထဲကမှ ထပ်ရွေးမယ်ပေါ့ဗျာ။

    နုတ်ထွက်ခွင့် ပြုတယ်ဆိုရင်တော့ အဖွဲ့ထဲ ကြိုးစားပါဝင်ကြည့်ပါမည်။

    အော် ကျောင်းဒကာရယ် စမှ မစရသေးဘူး
    နုှတ်ထွက်ခွင့် ပြုဖို့ဆိုတော့ …။
    နောက်များနေတာလားဟင်င်င်…။
    :mrgreen:

    • Moe Z

      July 6, 2012 at 1:13 pm

      အင်းလေ .. ခေါ်စရာလား ဒီအသက်အရွယ်နဲ့ ဘဘဘလက်လို့
      အဘချောဆိုတော်သေးတယ် 😀

  • blackchaw

    July 6, 2012 at 12:28 pm

    @ မောင်ပေ ;
    ကိုယ်တင်တဲ့ ပို့စ်မှာ ပေးထားတဲ့ ကွန်းမန့်တစ်ခုအနေနဲ့
    ပြန်ဆွေးနွေးပေးတာပါ။

    နဲနဲလောက်
    တိုးတိုးလေး
    မေးခွန်းလေး မေးပါရစေ
    ရေးချင်သလိုရေး
    ဂေဇက်စည်းကမ်းတော့လိုက်နာပါ ဆိုတဲ့
    ရွာကြီးဟာ
    စစ်တပ်ဖြစ်တော့မှာပါကလား
    နဲနဲလောက်ပဲ ဖြစ်ဖြစ် စဉ်းစားပေးကြပါဦး

    စစ်တပ် က ဘယ်ကပါလာတာလဲဗျ…။
    အခု ဆုကိစ္စမှာ ဘာစည်းကမ်းတွေနဲ့ များ ချည်နှောင်ထားမိလို့လဲဗျ…။
    မန်းဂဇက်မှာ စာရေးရင်တော့ မန်းဂဇက် အယ်ဒီတာ အဖွဲ့ရဲ့ (သူကြီးတို့အဖွဲ့)
    စည်းကမ်းတွေကို လိုက်နာရမှာကတော့ လူတိုင်းသိကြမှာပါပဲ။
    ကျုပ်တို့ဟာ ဘယ်သူ့ကိုမှ အနှောက်အယှက်ပေးဖို့ ကြိုးစားနေကြတာမဟုတ်ပါဘူး။
    စည်းကမ်းမဲ့တင်နေကြတဲ့ ပို့စ်တင်သူတွေကို
    ဒီအဖွဲ့ကလူတွေက စောင့်ဖတ်နေကြတယ်ဆိုတာလေး သိစေချင်ရုံတစ်ခုပါ။
    ဒဲ့ဆွေးနွေးလို့ရပါတယ်။
    ဒါ အစည်းအဝေးသဘောပါပဲ…။
    ဖတ်သူတွေနားလည်အောင် ရေးပေးဆွေးနွေးပေးဖို့
    တောင်းဆိုလိုက်ပါတယ်ဗျာ။

  • char too lan

    July 6, 2012 at 12:36 pm

    အင်မတန်ကောင်း၏
    အလွန့်အလွန်ကောင်းပါ၏…..
    လူသစ်တွေ ရွာသူားသစ်တွေ ရွာအကြောင်းသိပ်အပတ်မလည်သေးသူတွေ
    လာဖတ်ကြပါ ကြိုးစားရေးကြပါလို့ဖိတ်ခေါ်ပါဒယ်
    ကြိုးစားပီးရေးထားကြတဲ့ပိုစ့်မှာ ရတဲ့မှတ်ချက်တွေလဲ ကြိုးစားပီးနားလည်ပေးကြပါ
    ပီးရင်ဒေါ့ဖြင့် စာစပင်ဒါက ဘာပုတယ် ညာပုတယ် ဘလာစီယာက ဘာပုတယ် ညာပုတယ် ဝိုင်းဆဲဒယ် မောင်းထုတ်ဒယ် ဝိုင်းကိုက်ဒယ် .. နဲဒယ် … များဒယ်… အသံတော်များမကြားဝံ့ဂျောင်းပါခည..
    ကျနော့်ရဲ့ ဆွေဒေါ်မျိုးဒေါ်များမှဒီလောက်မြေဒေါင်မြှောက်ပေးနေတာ စော်ဒဂါး မော်ဒဂါး ပြုလာရင်တော့ဖြင့်
    ညိမ်ခံနေမည်မဟုတ်ဂျောင်းးးးးးးးးးးး

    ပုံ/
    သီဟသူရချာတလာပေတူး (၉လုံးဂျီး) :mrgreen:

    • etone

      July 6, 2012 at 2:02 pm

      ချာတူးရယ် .. နီတော်တော် မျက်နှာပြောင်ပါလား .. ဒီနေ့တစ်နေ့ လုံး .. ဒီကော့မန့် ဖတ်ပြီးမှပဲ .. ဝါးလုံးကွဲ ထရယ်မိတာ .. အမှတ်တရပါပဲ …
      ဒါနဲ့ … ဟာသရေးပါလားချာတူးလေး.. ဟိဟိ 😀

  • htoosan

    July 6, 2012 at 12:41 pm

    ကိုရွှေတိုက်ပြောတာ .. ၄၂ နှစ် က ဘာ ဆိုလား .. အဟဲ .. အရင်ကတည်းက ဘဘ ဘလက်ဆိုရေးထားတာလေး နှုတ်ကျိုုးနေလို့ပါ … 😀

    စကြည့်ပြီး မှ အရည်အချင်းမမှီမှာ စိုးလို့ ကြိုပြောထားတာပါ .. ကွဲကုန်ကြပြီလို့ထင်တာ မျိုး မမြင်အောင် ကြိုပြောထားတာပါ ခင်ဗျ ….
    ကျွန်တော် အတွေးကြောင်တာနဲ့ မစနိုုင် ဖြစ်မှာလည်း စိုးမိပါတယ် ..တိုးတိုးတိတ်တိတ်ဘဲ နောက်မှ ဆွေးနွေးပါတော့မယ် .. 😀

  • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

    July 6, 2012 at 1:06 pm

    လေးစားရပါသော သဘာပတိအဖွဲ့ချုပ်ကြီးခင်ဗျား
    ဒီအစီစဉ်ဟာဆိုရင်ဖြင့်
    မန်းဂေဇက်အတွင်း ပေါက်လွှတ်ပဲစား ရေးခြင်ရာရေးသူများကို ပညာရှင်အဆင့်
    စတန်းတက်မြင့်မြင့် သုတ်သင်ရှင်းလင်း ခြေမှုန်း ရေးအစီစဉ်ဖြစ်တဲ့အတွက်
    ငခြောက်ကောင် မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့ လူ့အရိုင်းအစိုင်းကို
    ဘယ်လိုနည်းနှင့်မျှ ချဉ်းကပ်ခွင့်မပေးဘို့
    ဆိုင်ရာပိုင်ရာ အထက်ပုဂ္ဂိုလ်အောက်ပုဂ္ဂိုလ်များအားလုံးကို
    လေးစားစွာ တင်သွင်းအစီရင်ခံအပ်ပါတယ်ခင်ဗျ
    ဒီလူ လူ့အရိုင်းအစိုင်းကို အဖွဲ့ဝင်ထဲပါဝင်ခွင့်ပေးဘို့တောင်းဆိုသူများကိုလည်း
    အထက်လမ်းနည်း အောက်လမ်းနည်း အထက်မဟုတ်အောက်မဟုတ်နည်း
    နည်းနာနိဿရပေါင်းဆုံဖြင့် ကန့်ကွက်ပါတယ်
    ဒါဟာ အဖွဲ့ချုပ်ကို စာရေးသူတွေ ဝေဖန်စရာဖြစ်တယ်လို့ ရိုးသားစွာ ပြောလိုပါတယ်
    ပုံ
    ဂေဇက် ရထားလမ်း ကျူးကျော်တိုးချဲ့ရပ်ကွက် မန်နေဂျင်းဒါရိုက်တာ
    ကြက်ဖင် ( အကယ်ဒမီ )

    • ချစ်စ/ဆရာ

      July 6, 2012 at 1:11 pm

      မှန်ပါတယ် ကို ကြက်ဖင် ( အကယ်ဒမီ ) ရေ
      ထောက်ခံအားပေးသွားပါတယ်ဗျာ
      ကျနော်လည်း ပထမဆုကြီးကို ဆွတ်ခူးရရှိဘို့
      မီးကုန်ရမ်းကုန်
      ကုန်ခြင်ရာကုန် ကြိုးစားအားထုတ်ပါမယ်ဗျာ

  • မောင်ပေ

    July 6, 2012 at 2:29 pm

    ကျွန်တော် ဒီည ပို ့စ်တစ်ခုတင်ပြီး ပြန်ရှင်းပါမယ်
    *** လောလောဆယ် ဒီကွန်မင့်ပါတွေကတော့ အမြည်းပေါ့ဗျာ ***
    အရင်တုန်းက ရှေးတုန်းက
    ကျွန်တော် မှီခဲ့ထိသလောက်တော့
    အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ်
    ကြီးသူကို ရိုသေ ၊ ငယ်သူကို လေးစား ဆိုတာမျိုးနဲ ့ဘဲ
    ရွာသူားအချင်းချင်းဟာ တစ်ယောက်နဲ ့တစ်ယောက် ဆက်ဆံ ခဲ့ကြတာပါ

    မင်းက အသစ်မို ့ငါက အရင်ရောက်လို ့ဆိုတာမျိုးလဲ မရှိခဲ့ပါဘူး
    ကျား/မ မှားနေတာမျိုးကို ဝင်တည့်ပေးတာမျိုးနဲ ့
    ကြီးမှန်းမသိ ငယ်မှန်းမသိ ဖြစ်နေတာမျိုးကို ဝင်ပြောပေးတာမျိုး ဘဲ ရှိခဲ့ပါတယ် ။
    စာကို လက်လွတ်စပယ်ရေးနေတဲ့သူတွေဟာလည်း
    ဒီလိုရေးတာဟာ မကောင်းပါလား လို ့သိသွားတဲ့အချိန်ကြရင်
    ကိုယ့်အသိစိတ်နဲ ့ကိုယ် ဆင်ခြင်သွားကြတာပါဘဲ
    ပထမဆုံးအကြိမ်မှာတော့ ဘယ်သူမဆို မှားတတ်ကြတာပါဘဲ
    အခုပို ့စ်ကို ဖတ်အပြီး ၊ ပထမဆုံးဖြစ်မိတဲ့ ခံစားချက်ကတော့
    ပို ့စ်တင်ချင်စိတ် ပျောက်သွားတာပါဘဲ
    ကျွန်တော် မောင်ပေ ဆိုရင် စာကိုရေးချင်တဲ့အကြောင်းရေးခဲ့တာဆိုပေမယ့်
    ကျွန်တော့် စာကိုဖတ်မယ့်သူတိုင်းအတွက် ကျွန်တော် စေတနာ တစ်ခါမှ မမဲ့ခဲ့ဖူးပါဘူး
    အခုခံစားမိတာကတော့
    ဘယ်သူဖြစ်ဖြစ် စာရေးရင်
    ဒီလိုပဲ ရေးရမယ်လို ့ဘောင်သတ်မှတ်လိုက်သလိုပါဘဲ
    ဘောင်တွေနဲ ့ရေးရမယ်ဆိုရင်
    ဂေဇက်ဘယ်လာရေးတော့မလဲ
    အပြင်စာပေအနုပညာလောက ထဲမှာ သွားရေးတော့မှာပေါ့
    လူတိုင်းကတော့ စာကောင်းကောင်းကိုဘဲ ဖတ်ချင်တာကို နားလည်ပါတယ်
    ဒါပေမယ့် ဒီဆိုက်က ဒီမိုဆိုက်ဆိုတာကို လဲ မေ ့နေကြပြီ ထင်ပါရဲ ့
    ဂေဇက်ကို ဝင်တယ် စာရေးတယ်ဆိုတာက
    ကိုယ့်ခံစားချက်လေးတွေ ကိုယ့်အတွေ ့အကြုံလေးတွေ ကို ကိုယ်တတ်သလောက် မှတ်သလောက် အရေးအသားလေးနဲ ့ပြန်လည်ဝေမျှပေးနေတဲ့သဘောပါဘဲ ။
    ဒီမှာလာရေးနေတဲ့အထဲမှာ ပြင်ပလောက က စာရေးဆရာတွေ အရင်ကတဲက ရှိနေပေမယ့် ၊ ဘယ်သူကမှ ဘယ်သို ့ဘယ်ပုံ လို ့မပြောခဲ့ဖူးပါဘူး
    ဒီကွန်မင့်ကတော့ အမြည်းပါဘဲ
    ညကြမှ ပို ့စ်တစ်ခုနဲ ့ပျော်ပျော်ပါးပါး ဖြစ်အောင် တင်ဆက်ပါဦးမယ် ( တင်ဆက် သည် ဆိုသည့်နေရာမှာ ကျွန်တော့် တင်ပါး ကို ဆက်မည်ဟု ပြောခြင်း မဟုတ်သလို ၊ မည်သူ ့တင်ပါးကိုမှ လဲ ဆက်မည် ဟု ပြောခြင်းမဟုတ်ပါ )

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 6, 2012 at 2:39 pm

      ( စာကို လက်လွတ်စပယ်ရေးနေတဲ့သူတွေဟာလည်း
      ဒီလိုရေးတာဟာ မကောင်းပါလား လို ့သိသွားတဲ့အချိန်ကြရင်
      ကိုယ့်အသိစိတ်နဲ ့ကိုယ် ဆင်ခြင်သွားကြတာပါဘဲ )
      ဆပ်ပို့ပါတယ်ဗျာ

      • မောင်ပေ

        July 6, 2012 at 3:12 pm

        ပထမဆုံး ဘီယာဆိုင်သွားမယ်
        ဒုတိယ က ကေတီဗီ
        တတိယ က မာဆတ်
        မပို ့လို ့ကတော့ ၊ မချစ်ဘဲနေပစ်လိုက်မှာနော်
        ညှင်းညှင်း ပွေးပွေး ဝဲဝဲ ဒက်ဒက်….
        ဟီဟိ

  • aye.kk

    July 6, 2012 at 2:43 pm

    ကိုပေ…
    ပြောတဲ့အချက်လေးထဲက..
    ဂေဇက်ကို ဝင်တယ် စာရေးတယ်ဆိုတာက
    ကိုယ့်ခံစားချက်လေးတွေ ကိုယ့်အတွေ ့အကြုံလေးတွေ ကို ကိုယ်တတ်သလောက် မှတ်သလောက် အရေးအသားလေးနဲ ့ပြန်လည်ဝေမျှပေးနေတဲ့သဘောပါဘဲ ။
    ဆိုတဲ့စာသားလေးကိုအပြည့်အဝထောက်ခံလိုက်ပါတယ်လို ့ပြောလိုက်ပါရစေ…။။

  • manawphyulay

    July 6, 2012 at 3:28 pm

    ရွေးချယ်ထားတာတွေကိုလည်း သဘောကျပါတယ်။ နောက်ထပ် လူကြီးပိုင်းလေးတွေလည်း ရှိဦးမယ်ထင်ပါတယ်ရှင်။ လေးဖက်တီးတစ်ယောက်တော့ မပေါ်လာ အတော်ကြာနေပြီနော်။ အားလုံး သတိများ ရကြသေးရဲ့လားဟင်… နည်းနည်းလောက် စုံစမ်းကြည့်ပါဦး။ ဘယ်တွေများ ရောက်နေပါလိမ့်မယ်ဆိုတာ သိချင်လို့ပါရှင်။ ဒါနဲ့ အသက်ကြီးတဲ့သူ ရွေးချယ်ထားတယ်လည်းဆိုသေးတယ် ဦးဦးဘဘအဘိုးလေး အင်ဇာဂီတစ်ယောက်လည်း ပါနေပါလားနော်။ ….

  • မောင်ပေ

    July 7, 2012 at 1:11 am

    sitee စည်းကမ်းအတိုင်းသာ အတိအကျ လုပ်ခဲ့ရင်
    windtalker ဆိုတဲ့ ကျုပ် မောင်ပေ
    ဂေဇက်ရောက်ပြီးပြီးချင်း ပြန်ထွက်ခဲ့ရတာကြာပြီ
    ကျုပ်သိထားတဲ့ စာရေးဆရာများရဲ့သဘောထားကတော့
    ကိုယ်တိုင် စဉ်းစားတွေးခေါ်ရေးသားထားတဲ့ စာကို အားပေးကြရင် အရမ်းဝမ်းသာ ပီတိဖြစ်ကြတာပါ
    ကျုပ်ကိုယ်တိုင် ဂေဇက်စာရေးသူများအတွက် ဆု တစ်ခုကို အဖွဲ့တစ်ခု လုပ်ပြီး ပေးပါဦးမယ်
    စီးပွားမကောင်းတဲ့အခါမို့ ဆုက နဲပါမယ်
    ကျုပ်မောင်ပေ ဂေဇက်ဆိုက်ကို ဘယ်လောက်တန်ဖိုးထား မြတ်နိုးလဲဆိုတာ ဦးခိုင် သိပြီးသားမို့ ကိုဘလက်ကို အသေးစိတ် မရှင်းပြတော့ပါ

    • htoosan

      July 7, 2012 at 8:22 am

      အှုးပေ .. အူးပေ .. ဘောခန့်မှန်းတာတွေ မှန်ပေမဲ့ .ဒီတခါတော့ မှားပြီလား မသိ .. 😀 😀 တစ်ခုခုတော့ လွဲနေသလားလို့ .. ပွင့်ပွင့်လင်းလင်း ပြောပြပါလား အှုးပေရယ် .. ကျွန်တော်တို့ သိသင့်လို့ ပြင်သင့်တယ် ထင်ရင်လည်း ပြင်ရတာပေါ့ ..
      အူးပေ ပြောဘူးတဲ့ စေတနာ အမှားဖြစ်နေရင် ဘယ်လိုလုပ်မလဲ ..
      အခုလည်း ဦးဘလက် လုပ်တဲ့ ရည်ရွယ်ချက်က ဦးပေပြောတဲ့ စာရေးဆရာများ စဉ်းစားတွေးခေါ်ရေးထားတာကို ပိုမိုအားပေးဖို့ လို့ ဟုတ်ဘူးလားဟင် ..
      ဦးပေ ဘယ်လိုများတွေးမိလို့လဲ .. ဦးပေစိတ်ထဲ ရှိတာပွင့်ပွင့်လင်းလင်းပြောလိုက်ပါ ဦပေရဲ့။

      ရေးချင်သလိုရေး
      ဂေဇက်စည်းကမ်းတော့လိုက်နာပါ ဆိုတဲ့

      အတိုင်းရေးချင်သလိုရေးကြပြီး အဲ့ဒီ့ အထဲကမှ အကြိုက်ဆုံး တွေရွေးပြီး ပေးမှာ ဟုတ်ဘူးလား …အများစုရဲ့ အကြိုက်ရွေးလို့ မရလို့လား ..
      ဒါဆိုဒီလို ဆိုရင်ကော ..ဒီအဖွဲ့ ကရွေးတဲ့ အကြိုက်ဆုံး သုံးပုဒ် (သို့) ငါးပုဒ် ကို ပြန်တင်ပြပြီး ရွာသူားများက မဲခွဲ … အဲ့ဒီလိုဖြစ်စေချင်တာလားဟင် ..
      ဆြာပေ့စိတ်ထဲ ကဗျာ တွေ ရသတွေ ကျန်ရစ်ပြီး နိုင်ငံရေး အတွေးအခေါ် ဘက်အားသန်တာတွေ ဖြစ်သွားမှာ စိုးလို့လား ..
      ဦးပေ မနေ့ ညက ပိုစ် အသစ်တင်မယ်ဆိုလို့ စောင့်မျှော်နေတာ..
      မရှင်းတော့ဘူးတော့ မလုပ်ပါနဲ့ .. ရင်ဘတ်ကြီးထဲရှိတာတွေ ပြောပစ်လိုက်စမ်းပါ.. :mrgreen:

      ကျွန်တော်တို့အားလုံး ပျော်ပျော်ပါးပါး နဲ့ မန္တလေးဂေဇက်ကြီး ရေရှည်တည်တံ့အောင် ကြိုးစားကြရအောင်ပါ… 😀 😀

      (ဒီနေ့ July 7 ဆိုတော့ ဒေါက်တာမောင်မောင်ပြောတဲ့ ကျွန်တော်တို့ အားလုံး ပျော်ပျော်ပါးပါးအုတ်မြစ်ချကြတာပေါ့ ဆိုတာလေးကို ကူးတာပါ ။ :mrgreen: )

  • ဦးဦးပါလေရာ

    July 7, 2012 at 7:02 am

    အင်း….
    ကျုပ်နားလည်ထားတာက တမျိုးပါ..
    ဒီမှာ တချို့ထင်မြင်ကြတာက အခုဖွဲ့မယ့်အဖွဲ့က ပိုစ့်တွေကို
    စည်းကမ်းတွေသတ်မှတ် ၊ စည်းကမ်းနဲ့မညီတာကို ဝိုင်းရှုတ်ချကြ မယ်လို့ ထင်ကြပုံရပါတယ်။

    အဲဒါ မဟုတ်ပါဘူး
    ဖတ်မိတဲ့ပိုစ့်တွေထဲက
    ကိုယ်ကြိုက်တာလေးတွေ ရွေးပြရုံပါ..။

    အထင်မမှားကြအောင် ဝင်ပြေပြတာပါနော…

  • နေဝန်းနီ

    July 7, 2012 at 12:05 pm

    ကိုချောရေ……. စာအုပ်အဖြစ်ထုတ်ဖို့ ကော အစီအစဉ်မရှိဘူးလား…။

  • R Ga

    July 7, 2012 at 2:47 pm

    av;bvuf uAsmawGudka&m a&G;cs,fzdkU pdul;r&Sdbl;vm; qdkwmodyg&ap…/ cifrif;aom tm*

    လေးဘက်လက် ရေး ကာတွန်းတို့ ဓာတ်ပုံတို့ မပါဘူးဆိုတော့ ကဗျာလေးတွေရော ရွေးချယ်ပေးမလားဆိုတာ သိခွင့်ရှိရင် သိပါရစေ။

    ချစ်ညီလေး အာဂ

  • blackchaw

    July 7, 2012 at 5:46 pm

    ညီလေးအာဂ ရေ…။
    အမှန်တော့ ကဗျာနားလည်ခံစားတတ်သူ ကဗျာသမားတွေအနေနဲ့လည်း
    ဒီလို ဆုပေးတဲ့ အစီအစဉ်လေးတွေ လုပ်ကြစေချင်ပါတယ်…။
    ကဗျာကို ကိုယ်လည်း အနည်းငယ်တော့ ခံစားတတ်ပေမယ့်
    တကယ့်ကဗျာသမားကြီးတွေဖြစ်ကြတဲ့ ကိုနေကြီးတို့ ဆရာထက်တို့
    ကိုယ့်ညီအာဂတို့ ကမ်းဝေးတို့လို ကဗျာသမားတွေက ဦးစီးသင့်ပါတယ်။
    ဆုချီးမြှင့်ဖို့လိုအပ်တာတွေကို ကိုယ်တို့ ကိုပါလေရာတို့ ဝိုင်းကြဝန်းကြပါမယ်…။
    ဓါတ်ပုံကတော့ ပြိုင်ပွဲအစီအစဉ်ရှိပြီးသားမို့ ထပ်မလိုတော့ပါဘူး။
    ကာတွန်းကလည်း တင်တဲ့သူနည်းသေးတော့ မလိုအပ်သေးပါဘူး။
    @ ချစ်ခင်လေးစားရပါသော ရွာသူရွာသား ညီကို မောင်နှမများခင်ဗျာ…
    (ဖေါက်လာပြန်ပြီ ဗျို့)
    ဒီဆုပေးတဲ့အစီအစဉ်လေးက
    ဘလက်ချော ခပ်ငယ်ငယ်က မဂ္ဂဇင်းတွေမှာဖတ်ခဲ့ဘူးတဲ့
    ဖြူးမိတ်ဆွေများ စာပေဆု ရဲ့ လွှမ်းမိုးမှု ပါတယ်ဆိုတာ ဝန်ခံထားပါရစေ။
    ဒီလိုပါ…။
    ဖြူးမြို့မှာ မိတ်ဆွေများစာကြည့်အသင်း ဆိုတာရှိခဲ့ပါတယ်။
    အခုထိရှိနေသေးလားဆိုတာတော့ သိတ်မသေချာတော့ပါဘူး။
    အခု အားကစားဂျာနယ်တွေမှာ နာမည်ကြီးကလောင်ရှင်တစ်ယောက်ဖြစ်နေတဲ့
    ဆရာ Nကြယ်မင်း ဟာ အဲဒီဖြူးမြို့က မိတ်ဆွေများစာကြည့်အသင်းက
    ဆရာ မိုးအောင်သန်းဌေးပါ ပဲ ခင်ဗျာ…။
    သူတို့က တစ်လအတွင်း ထွက်သမျှ မဂ္ဂဇင်းတွေထဲက
    သူတို့အကြိုက်ဆုံး ဝတ္ထုတို၊ အက်ဆေး၊ ကဗျာ စသည်ဖြင့်ပေါ့
    ရွေးခြယ်ပြီးဆုပေးလေ့ရှိပါတယ်။
    အဲဒီအတွက် ပုံမှန်ထွက်နေကြတဲ့ မဂ္ဂဇင်းတွေထဲက စာရေးသူတွေအတွက်
    ဘယ်လို အနှောင့်အယှက်မျိုးမှ မရှိကြပါဘူး။
    မဂ္ဂဇင်းထဲမှာ စာမူပါတာမပါတာဟာ အယ်ဒီတာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပါ။
    မဂ္ဂဇင်းထဲ ပါလာတဲ့ စာမူကိုမှ ဆုရွေးခြယ်ပေးမယ့် အဖွဲ့ ဖတ်ကြတာပါ။
    ဘယ်သူ့ကိုမှ အနှောင့်အယှက် ဖြစ်စရာ မရှိဘူးပေါ့ဗျာ။
    အခုလည်း အဲဒီလိုပါပဲ။
    ကျွန်တော်တို့အဖွဲ့က မန်းဂဇက်ထဲမှာ တက်လာတဲ့ စာတွေထဲက
    အကြိုက်ဆုံး ပို့စ်ကို ရွေးကြမှာပါ။
    ဆုနာမည်က မန်းဂဇက်ချစ်သူများ စာပေဆု တဲ့။
    အဲဒီလိုပဲ ကျန်တဲ့ ရွာသူရွာသားတွေအနေနဲ့လည်း
    မန်းဂဇက်မှာတက်လာတဲ့ ပို့စ်တွေထဲက ရွေးခြယ်ပြီး
    ဆုချီးမြှင့်ပေးကြမယ်ဆိုလည်း ဝမ်းပန်းတသာ ကြိုဆိုမှာပါ။
    ကိုရဲစည်တို့ ရွေးမယ့် ရသစာပေဆု ကိုလည်း ကြိုဆိုပါတယ်။
    မန်းဂဇက် က ရွာသူရွာသားအားလုံးနဲ့ ဆိုင်ပါတယ်။
    ရွာသူရွာသားအားလုံး တိုးတက်ရာ တိုးတက်ကြောင်းလုပ်ခွင့်ရှိပါတယ်။
    အဲဒါလေးပါ…။
    (စာကြွင်း – ဆုရွေးခြယ်မယ့်အဖွဲ့ဝင်တွေ အကုန်လုံးနီးပါး (အကုန်တော့ မဟုတ်ဘူးနော်)
    ကို ကျွန်တော် ခွင့်တောင်းပြီးသားပါ။ ဒါပေမယ့် ကွန်းမန့်ကနေပြီး နည်းနည်းလေး အချက်ပြပေး
    ကြဖို့ တောင်းဆိုပါရစေ…။ သဘောတူတယ် မတူဘူးဆိုတာလေးကိုပေါ့ဗျာ။)
    :mrgreen:

  • shwe kyi

    July 7, 2012 at 6:14 pm

    ဦးဘလက်အစီအစဉ်ကောင်းပါတယ်။ ဒီမှာရေးနေရင်းကနေ ပရိုတန်းဝင်သွားအောင်လေ့ကျင့်ပေးသလိုပါပဲ။
    ကိုယ်ရေးတဲ့စာဘယ်အဆင့်မှာရှိတယ်ဆိုတာသိနိုင်တာပေါ့။ ကျန်တဲ့သူတွေလည်းဘာရေးရေးရတာပဲကွယ်တို့။ စေတနာကိုဝေဒနာမမြင်ကြပါစေနဲ့လို့။

  • akswe

    July 7, 2012 at 7:48 pm

    Ko Black Chaw Yay,
    Please kindly count me in as one of the fund raiser.
    I cordially would like to donate hundred thousand kyats per year for the (မန်းဂဇက်ချစ်သူများ စာပေဆု )prize winner.
    kind regards,
    ba swe

  • padonmar

    July 7, 2012 at 9:15 pm

    အဘဆွေရေ သာဓုပါ။
    …………….
    မောင်ပေဘာတွေ နားလည်မှုလွဲနေလဲမသိဘူး။

  • padonmar

    July 7, 2012 at 9:16 pm

    Hits တွေပျောက်နေတယ်။ဘာဖြစ်တာလဲ။

    • အရီးခင်လတ်

      July 8, 2012 at 5:53 am

      ကွန်မန့် အဟောင်း ဆက်ရှင် ကို ခွဲလိုက် ပြီး နောက်ပိုင်း အဲဒီလို ဖြစ်သွားသလား မသိ။
      အထင်ပြောတာ။ 😯

      • ကြောင်ကြီး

        July 8, 2012 at 9:38 am

        ဆိုက်သိပ်လေးနေလို့ တမင်ဖြုတ်ထားတာပါ။ ဝိတ်တတ်နိုင်သလောက် လျှော့နေပုံရတယ်။ သဂျီးလည်း ပြောထားတယ်လေ ဂုတလော မသမာသူတွေရဲ့ အတိုက်အခိုက် ခံနေရတယ်လို့…။ သဂျီး မက္ကာမြို့က ပြန်လာပြီးခထဲက ဖြစ်နေတာ….

  • blackchaw

    July 8, 2012 at 8:43 pm

    အဘဆွေရေ။
    အခုလို ဝင်အားပေးတာ ကျေးဇူးပါ ခင်ဗျာ။
    အဘဆွေ ရဲ့ ပါဝင်အားဖြည့်မှုက ဒီဆုအတွက်
    စိတ်ဓါတ်ခွန်အားတွေ အများကြီးရခဲ့ပါတယ် ဆိုတာလေး
    လေးလေးစားစား ပြောပါရစေခင်ဗျာ။
    ကျေးဇူးတင်နေတဲ့
    ဘလက်။

  • blackchaw

    July 8, 2012 at 9:44 pm

    ထူးခြားတာလေးတစ်ခု တင်ပြချင်လို့ပါခင်ဗျာ။
    ဇူလိုင်လ ၂ ရက်နေ့က တင်ခဲ့တဲ့
    ရဲစည် ရဲ့ ရသစာပေ စာမူပို့စ်များ ဖိတ်ခေါ်ခြင်း
    http://myanmargazette.net/135130/arts-humanities
    ဆိုတဲ့ ပို့စ်မှာ ပါခဲ့တဲ့ တစ်လလျှင် သုံးပုဒ်နှုန်း ရွေးခြယ်မည်ဆိုတဲ့
    အစီအစဉ်အတွက်လည်း
    စာမူများရွေးခြယ်ပေးဖို့ ဒီအဖွဲ့ကပဲ တာဝန်ယူပေးဖို့
    ကိုရဲစည်က တရားဝင်တောင်းဆိုလာတဲ့အတွက်
    ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီရွေးခြယ်ပေးသွားမှာ ဖြစ်ပါတယ်
    ဆိုတဲ့ အကြောင်း……….။

  • MaMa

    July 8, 2012 at 10:05 pm

    ဝမ်းသာပါတယ် ကိုဘလက်ရေ။
    များများ ရွေးနိုင်မယ်၊ ဆုပေးနိုင်မယ်ဆိုရင် ရေးရတဲ့သူတွေလည်း အားရှိတာပေ့ါ။
    ပိုပြီးတော့လည်း ကြိုးစားချင်လာကြမယ်လို့ ထင်ပါတယ်။
    မကောင်းတာကို ပြစ်တင်ရှုံ့ချဖို့ မဟုတ်ပဲ
    ကောင်းတာကို မြှင့်တင်ပေးကြဖို့ ဖြစ်တာမို့ အကျိုးများဖို့ပဲ ဖြစ်လာမှာပါ။ 🙂
    ဒါပေမယ့် ကိုယ်တိုင်ကတော့ ဆုရွေးချယ်ပေးရအောင် ဘယ်လောက်များတော်နေ တတ်နေလို့လဲလို့ စဉ်းစားမိပြီး နောက်ကျော မလုံပါကြောင်းးးးးးးးးးးးးးးးးး 😛

  • htoosan

    July 8, 2012 at 10:46 pm

    ကျွန်တော်က ရှေ့ကော နောက်ကော မလုံတာ.. 😳 ရေးသမျှတော်တော်များများကြိုက်နေတော့ နံကြားထောက်ရမလိုဖြစ်နေတယ် 😛

  • nozomi

    July 10, 2012 at 6:09 pm

    ကိုချောက တစ်ရက် ကျွန်တော့်ဆီ ဖုံးဆက်တယ်
    သူနဲ့ ဦးပါ တို့ တိုင်ပင်ပြီး စီစဉ်နေတဲ့ အဖွဲ့လေး အကြောင်း အဲဒီမှာ ပါဘို့ အကြောင်း ပြောတယ်

    ကျွန်တော်တွေးလိုက်မိတာက ကောင်းတဲ့ ပို့စ် ကို ရွေးပေးရမယ် ဆိုတာမျိုး ထင်လို့
    ကျွန်တော်ကိုယ်တိုင်တောင် အခြေအနေမပေးလို့ ရွာထဲ အားတဲ့ အချိန်လေး ဝင် ဖတ် နေရတယ် ၊ ပို့စ် မတင်ဖြစ်တာ မမန့်ဖြစ်တာတောင်ကြာပြီ ၊ သူများကို ရွေးရလောက်အောင် တော်တဲ့ တတ်တဲ့ သူလဲ မဟုတ်၊ အားလုံးကိုဖတ်နိုင်ဘို့ အခြေအနေကလဲ မပေး၊ ကျွန်တော့်ထက် ပိုသင့်တော်တဲ့ သူတွေ ရွာထဲမှာ အများကြီး ရှိတာမို့ မထည့်ဘို့ ငြင်းပါတယ် ..

    ကိုချောက အခုဟာ ကောင်းတဲ့ပို့စ် အနေနဲ့ သတ်မှတ် ရွေးတာမျိုး မဟုတ်ဘူး
    ရွာ့စည်းကမ်း နဲ့ အညီ တင်လာတဲ့ ပို့စ် ထဲကမှ ( ဘယ်သူပဲ တင်တင် ၊ ဘာအကြောင်းအရာ ပဲ တင်တင်)
    ကိုယ်ဖတ်မိသလောက်ထဲကမှ ကိုယ်ကြိုက်တာလေး သုံးပုဒ် ရွေးပေးပါ ၊ အဖွဲ့ထဲမှာ တချို့လူတွေကိုတော့ ထည့်သင့်ပေမဲ့ သူတို့ ဆီက ပို့စ် ကောင်းကောင်းတွေ မျှော်လင့်လို့ သူတို့ကို ချန်ထားခဲ့ရတယ်၊ နောက် ဒီအစီအစဉ်လေး ပေါ်ပေါက်လာခြင်းအားဖြင့် ရေးတဲ့ သူတွေ အတွက် အားတစ်ခု ရမယ်၊ အသိအမှတ်ပြုမှုလေး တစ်ခုရမယ် ၊ကျွန်တော်တို့ လုပ်ပေးနိုင်သလောက် ရွာအတွက် လုပ်ကြမယ် ဆိုတော့ နဲနဲ စိတ်ဝင်စားသွားပါတယ် …

    ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က စင်ပေါ်တက်၊ လူရှေ့ထွက်ရတာမျိုး မလုပ်ချင်ပဲ နောက်ကွယ်ကနေရင်း တတ်နိုင်သလောက် လုပ်ပေးချင်တာမျိုးမို့ မလုပ်ဘို့ ထပ်ငြင်းတာကို ကိုချောထပ်ပြောတဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော့်မှာ မငြင်းနိုင်ပဲ ခေါင့်ငြိမ့်လိုက်ရတာပါ…..

    အခု အဖွဲ့ဝင်ဆိုတာတွေရဲ့ စေတနာ အချိန်ပေးနိုင်မှု သူတို့မှာ ရှိတဲ့ အခံ ဆိုတာတွေကြောင့် အရွေးခံရတဲ့ ပို့စ် က ခပ်ညံ့ညံ့ မဟုတ်မှာတော့ သေချာပါတယ် ၊ ဒါပေမဲ့ ရွာထဲ တင်သမျှထဲက အတော်ဆုံး အကောင်းဆုံး ဆိုတာမျိုး တော့ မဟုတ်ပါဘူး ၊ ဒီလူတွေ ဖတ်မိသမျှထဲက သူတို့ အကြိုက်ဆုံး ပို့စ် လိုပဲ ပြောလို့ ရမှာပါ..

    နောက်ပိုင်း စိတ်ဝင်စားတဲ့ သူတွေက ကိုယ့်အကြိုက် ကိုယ့်ဘာသာရွေး ၊ ဆု ပေးတာမျိုးလုပ်လာကြလို့ ရွာအတွက် အကျိုးရှိတဲ့ ပို့စ် တွေ များများပေါ်လာလေ များများကောင်းလေပေါ့

    အပေါ်က ကွန်မန့်တွေ ဖတ်မိတာ ဒီ အစီအစဉ်အပေါ် သဘောတူသူလဲ ရှိ၊ သဘောမတူသူလဲ ရှိတာတွေ့တယ် ကျွန်တော်တစ်ယောက်ထဲ ရဲ့ အမြင်ကတော့ ဒါ ကောင်းတဲ့ လက္ခဏာလို့ မြင်မိတယ်
    ကိုယ်တိုင်မယုံကြည်ပဲ ကောင်းပါတယ် ထောက်ခံပါတယ် လို့ ပြောတာထက် အခုလို ပွင့်ပွင့်လင်းလင်း ပြောကြ ဆွေးနွေးငြင်းခုန်ကြတာက လက်တွေ့ကျပြီး ပို အကျိုးရှိတဲ့ လုပ်ဆောင်မှု တစ်ခုကို နီးစပ်နိုင်ပါတယ် ဒီ အလေ့အထ တွေ ရလာတာ ရွာအတွက်ရော ပြင်ပက လက်တွေ့ဘဝ တွေ အတွက်ရော အများကြီး အကျိုးရှိနိုင်ပါတယ်…

    ကျွန်တော်တတ်နိုင်သလောက် ပါဝင် ဆောင်ရွက်သွားပါမယ်..

    အဲ ကိုချော ကျွန်တော့်ကိုပြောတာ ခင်ဗျား ရွာကိုမချစ်ဘူးလား၊ ရွာအတွက် အကျိုးရှိအောင် တတ်နိုင်တဲ့ နေရာက မလုပ်ချင်ဘူးလား တဲ့ ထပ်ငြင်းလိုက်ရင် ရွာကိုမချစ်တဲ့သူကြီး ၊ ရွာကို အကျိုးမရှိစေချင်သူကြီး ဖြစ်မှာစိုးလို့ ထပ်မငြင်းရဲတာ့ဘူး 😀 😀

    သူ့ကို ပြန်ပြောဘို့ ကျန်သွားတာက ရွာကို လဲ ချစ်ပါတယ် ရွာသူလေးတွေလဲ ချစ်ပါတယ် လို့ …..

    (ကဲ ကိုချောရေ ကိုယ် ထင်ပြပေးပါဦး ဆိုတာလေး ကွန်နက်ရှင်ကြောင့် နောက်ကျသွားတာ ဆောရီးပါ)

Leave a Reply