Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၂၀၁၁-၂၀၁၂ ဇူလိုင် (စာသိမ်း)

မောင် ပေJuly 5, 20121min100927

မင်္ဂလာပါ ခင်ဗျား…။
ပြီးခဲ့တဲ့ နှစ်ရက်က တင်ခဲ့တဲ့ စာကို ဆုံးအောင် ဆက်ရေးပါမယ် ခင်ဗျား ။
“ ကိုယ်ဖြစ် ကိုယ်ခံ…. ” ဆိုတဲ့ စကားကို စာဖတ်သူများ သိပါတယ်။
ကိုယ်လုပ်တဲ့ ကိစ္စ ကိုယ့်မှာပဲ တာဝန်ရှိတာ …သိပ်မှန်တာပေါ့ဗျာ ။
နောက်ပြီး “ အပေါင်းကြောင့်ဂုဏ်တက် ၊ အပေါင်းကြောင့်ဂုဏ်ပျက် ” ဆိုတာကိုလဲ စာဖတ်သူများ သိပါတယ် ။
အပေါင်းအသင်းကြောင့် ကောင်းကျိုးချမ်းသာရာ ရနိုင်တာကို လူတွေက အမြဲသိနေကြပေမယ့် ၊ အပေါင်းအသင်းကြောင့်မို ့လဲ ပျက်စီးရာ ပျက်စီးကြောင်းတွေ ဖြစ်နိုင်တယ်ဆိုတာကို မေ့နေကြပါတယ် ။
နောက်ပြီး လောင်းကစားခြင်း နဲ ့ပတ်သက်ရင် ၊ လူအားလုံးနီးပါး လက်ခံထားတဲ့ ၊ လူအားလုံးနီးပါး သိထားတာကတော့ ဘဝပျက်မယ်ဆိုတာပါဘဲ ။ လောင်းကစားကြောင့်မို ့ချမ်းသာတယ် ၊ တိုးတက်တယ်ဆိုတာ ပုံပြင်ထဲမှာတို ့ဒဏ္ဍာရီထဲမှာတို ့လို ပဲ ကြားဖူးကြတာကိုး ။
ဒီလိုရှိပါတယ်ခင်ဗျား ။ ကျွန်တော့်ကိုယ်တွေ ့အရတော့ ဘောလုံး လောင်းကစားနဲ ့ကြီးပွားနေတဲ့သူတွေ အများကြီးရှိပါတယ် ။ ဒိုင်ခံမှ ၊ ဒိုင်လုပ်မှ ရယ်လို ့မဟုတ်ပါဘူး ။ အဲဒီလို ကြီးပွားနေတဲ့လူတွေဟာ မြို ့ကြီးတွေရဲ ့ရပ်ကွက်တွေတိုင်းမှာ လူအနဲစုအနေနဲ ့အမြဲတမ်းရှိနေပါတယ် ။ သူရို ့တွေဟာ ပိုက်ဆံတတ်နိုင်ကြပါတယ် ။ ဒါပေမယ့် ပိုက်ဆံတတ်နိုင်ကြောင်း ရှိကြောင်း လုံးဝ မဖော်ပြပဲ ၊ အေးအေးလူလူပဲ မရှိသလို ပုံစံမျိုးနဲ ့နေကြလို ့၊ သတိမထားမိကြတာပါ ။
အခု ဒီစာကို ရေးတဲ့ ကျွန်တော်ဟာ ဘယ်အပေါင်းအသင်း ၊ ဘယ်သူ ဘယ်ဝါ ကို မှ အပြစ်တင်လိုတဲ့ စိတ်နဲ ့ရေးလိုက်တာ မဟုတ်ကြောင်း ပြောပါရစေ။ လွန်စွာနေရခက် လက်ခံရခက်တဲ့ ကံဆိုးမှု ၊ အဖြစ်ဆိုးများကြားမှာ နေရတာအရမ်းဆိုးလွန်းလို ့ရင်ဖွင့်ပြလိုက်တဲ့ သဘောဖြစ်ကြောင်း ပြောပါရစေခင်ဗျား။
*******
၄သောင်း၈ထောင်နဲ ့၄သိန်း၈သောင်း မှားတယ်ဆိုတဲ့ ညမှာ ၊ ကျွန်တော် မောင်ပေ ဟာ သူငယ်ချင်း ၅ယောက် နဲ ့အတူ ဘောလုံးပွဲပြတဲ့ ဘီယာဆိုင်ကြီးတစ်ဆိုင်မှာ ၊ အရက်သောက်ရင်း ဘောလုံးပွဲကြည့်နေ ့ခဲ့ပါတယ် ။ ကျွန်တော်နဲ ့အတူထိုင်ခဲ့တဲ့ ၅ယောက်ထဲမှာ ၃ ယောက်ပဲ ၊ ကျွန်တော်နဲ ့အတူ အရက်သောက်ခဲ့ပြီး ၊ ကျန်၂ယောက်ကတော့ တစ်စက်မှ မသောက်ခဲ့ပါဘူး ။ နောက်ရက်မှာ ပြဿနာဖြစ်တော့ ၊ ရေနစ်သူတစ်ယောက်လို အကူအညီအသည်းအသန် ရှာကြည့်တော့ ၊ အတူထိုင်ဖြစ်ခဲ့တဲ့ အရက်မသောက်တဲ့ ၂ယောက် ကို ပြန်သွားမေးခဲ့ပါတယ် ။ ကျွန်တော် ဖုန်းဆက်ခဲ့တာ သူရို ့ရှေ ့မှာဆိုတော့ ၊ သူရို ့လဲ ကြားခဲ့တာ အတိအကျပဲမို ့၊ မေးလိုက်တဲ့အခါ ၊ ၄သောင်း၈ထောင်ပါဘဲ ။ ၄သိန်း၈သောင်း မဟုတ်ပါဘူး ။ သို ့သော်လည်း ကျွန်တော်က လျော်မယ်ဆိုတဲ့ စကားလွန်ခဲ့ပါပြီ ။ ဒိုင်ကလဲ မင်း အရက်မူးနေတဲ့ အသံကြီးနဲ ့တင်သွားတာလို ့၊ ဖောရှောရိုက်တာလဲပါတာကိုး ။
အမှန်ဆိုရင် ကျွန်တော် အရက်ကို မုန်းသင့်ပေမယ့် မမုန်းရက်နိုင်ပါဘူး…
အဲဒီတုန်းက ဖြတ်လဲ မဖြတ်နိုင်သေးတာနဲ ့၊ ကျွန်တော့်ကို ကျွန်တော် စည်းကမ်းသတ်မှတ်ချက် ထုတ်လိုက်ပါတယ် ။ ဘာလဲဆိုရင်..
“ ဘောလုံးပွဲ ရှိတဲ့ညတွေမှာ ဆိုရင် ၊ ကျွန်တော် အရက်မသောက်ဘူး ၊ သောက်ချင်တောင် လုံးဝ မသောက်ရဘူး ၊ ဘီယာလောက်တော့ သောက်မယ် ၊ ဒါပေမယ့် သောက်မယ့်အချိန်ဟာ ၊ ည ၁ဝ နာရီကျော်မှ ဖြစ်ရမယ် ” ဆိုပြီး ကိုယ့်ကိုကိုယ် အပြင်းအထန် ပြန်သတိပေး ၊ စည်းကမ်းထုတ်လိုက်ပါတယ် ။
ဘာလို ့၁ဝနာရီကျော်ရင်တော့ ဘီယာလောက်တော့ သောက်ချင်သောက် လို ့စည်းကမ်းချဖြစ်လဲ ဆိုတော့ ၊ ကျွန်တော် ကော်မရှင်စားဘဝမှာတုန်းက… ည၁ဝနာရီကျော်တာနဲ ့ကျွန်တော် အလုပ်မလုပ်တော့လို ပါဘဲ ။ ည၁ဝနာရီထိုးတာနဲ ့၊ ဘယ်သူလာပြီးလောင်းခိုင်းတာပဲဖြစ်ဖြစ် လုံးဝ လက်မခံတော့ပဲ ၊ စာရင်းပိတ်လိုက်ပါတယ် ။ အဲဒီနောက် ဘောလုံးပွဲပြတဲ့ ဘီယာဆိုင်တစ်ဆိုင်ဆိုင် မှာ ထိုင်ပြီး တိုက်ရိုက်ပြနေတဲ့ ဘောလုံးပွဲတစ်ပွဲကို ထိုင်ကြည့်ပါတယ် ။
အဲဒီလိုနဲ ့၄သိန်း၈သောင်း ကျပ် ပြဿနာကို ရှင်းပေးပြီးခဲ့တဲ့နောက်မှာတော့ ၊ အဲဒီဒိုင်နဲ ့လမ်းခွဲခဲ့ပါတယ် ။ နောက်ပိုင်းမှာ အေးအေးလူလူ ပုံမှန်လေး ကော်မရှင်စားလုပ်ရင်းနဲ ့အဆင်ပြေနေခဲ့ပါတယ် ။ လုပ်ရင်းနဲ ့၊ ဒိုင်တွေဖွင့်တဲ့ကြေးတွေ ကို အသေးစိတ်လေ့လာမိကာ ၊ ဘယ်ပွဲမှာ ဘယ်ဈေးဖွင့်ရင် အပေါ်အောင်မယ် ၊ အောက်အောင်မယ် ဆိုတာကို ၅ဝရာခိုင်နှုန်းလောက် မှန်တဲ့အထိ ၊ ကျွန်တော် ခန် ့မှန်းတတ်လာပါတယ် ။ လူတစ်ယောက်ရဲ ့ဘဝဟာ အမြဲတမ်း အကောင်းတိုင်း မသွားနိုင်ဘူးလို ့ကျွန်တော်ကတော့ ယူဆမိပါတယ် ။ အကြောင်းကတော့ နောက်ထပ်တွေ ့တဲ့ ဒိုင်နဲ ့ နောက်ထပ်ပြဿနာတစ်ခု ထပ်ကြုံရတာပါဘဲ ။ ဒီတစ်ခါလဲ ကျွန်တော်ပဲ ခံလိုက်ရပါတယ် ။
၂၀၁၀-၂၀၁၁ ဘောလုံးရာသီ သိမ်းခါနီးမှာပါ ။ ဘောလုံးရက်တွေဖြစ်တဲ့ စနေ တနင်္ဂနွေမှာ ၊ စနေ နေ ့မှာ ဘောလုံးပွဲတွေ လောင်းထားတာ ၊ အနိုင်ရရှိထားပါတယ် ။ ၁ဝသိန်း ထားပါတော့ ။ တနင်္ဂနွေနေ ့ကြတော့…
ဖုန်းမက်ဆေ့နဲ ့လှမ်းလောင်းတဲ့ ဖြစ်ရပ်မှာ ၊ မက်ဆေ့၃စောင်ပို ့လိုက်ပါတယ်။ ရှုံးမယ့်မက်ဆေ့ တစ်စောင်နဲ ့နိုင်မယ့် မက်ဆေ့ နှစ်စောင်ပါ ။ ဘယ်လိုဖြစ်လဲဆိုတော့ ၊ ဒိုင်ကပြောလာတယ် ၊ နိုင်မယ့် မက်ဆေ့နှစ်စောင်ကျတော့ မရောက်ဘူး ၊ ရှုံးမယ့်မက်ဆေ့ကျတော့ ရောက်တယ်တဲ့ ။
အဲဒီအချိန်တုန်းက ၊ ဖုန်းမက်ဆေ့သာ သုံးနေတာ ၊ “ delivery reports ” ဆိုတာကို သုံးရမှန်း မသိခဲ့သေးလို ့၊ လုံးဝမသုံးခဲ့တဲ့အချိန်ပါ ။ ဒိုင်က သူ ့မက်ဆေ့ အဝင်ကို ပြတော့ ရှုံးတဲ့ မက်ဆေ့ တစ်စောင်ကိုပဲ တွေ ့ရပါတယ် ။ နိုင်တဲ့ မက်ဆေ့ နှစ်စောင်ကိုကြ ဖျက်ထားရင်လဲ ရတာပေါ့ ။ ကျွန်တော်နဲ ့ဒိုင်နဲ ့စကားအများကြီး ပြောကြရပါတယ် ။ ကျွန်တော့်ဖုန်းထဲက sent messages ထဲမှာ သုံးစောင်လုံး ရှိပါတယ် ။ ဆိုတော့ဗျာ… အလျော်အစားလုပ်ဖို ့ပြောတဲ့အခါကြတော့ စနေနေ ့က နိုင်ထားတဲ့ ၁ဝသိန်းထဲကနေ ၊ တနင်္ဂနွေနေ ့အတွက်က ရှုံးတဲ့မက်ဆေ့ပဲ ရထားလို ့ဆိုပြီး ၊ နိုင်ထားတဲ့ စာရင်းထဲကနေ နုတ်ပြီး မဖြစ်စလောက် ကို လျော်ပေးသွားပါတယ် ။
ကျွန်တော် ပြဿနာ အကြီးအကျယ် တက်တာပေါ့ ။ တစ်ဘက်မှာ ကျွန်တော် လောင်းပေးရတဲ့ လူတွေရဲ ့နိုင်ကြေးက သိန်း၂ဝ ဆိုပါတော့ ၊ ဘယ်ကပိုက်ဆံနဲ ့ကျွန်တော်က လျော်နိုင်မှာလဲ ။ ဒိုင်နဲ ့ပြောဖြစ်တာ ၊ ဒီပြဿနာ ကို ဘယ်လိုရှင်းမလဲ ဆိုတော့ ၊ နောက်ဆုံးမှာ ဆက်သွယ်ရေးကနေ ၊ ကျွန်တော့်ဖုန်းနဲ ့သူ ့ဖုန်းဆီကို ပို ့တဲ့ မက်ဆေ့မှတ်တမ်း ကို ထုတ်ခဲ့ပါတဲ့ ။ တစ်ကယ်လို ့အဲဒီမှတ်တမ်းမှာ ၊ သူနဲ ့ကျွန်တော့်ကြားမှာ ပျောက်နေတဲ့ ၊ ကျွန်တော် နိုင်မယ့် မက်ဆေ့ ပါလာရင် သူ လျော်ပေးမယ်တဲ့ဗျာ ။
ဘောလုံးပွဲလောင်းနေပါတယ်ဆိုမှ ၊ ဘယ်ကမျက်နှာနဲ ့၊ အစိုးရရုံးကိုသွားပြီး အဲဒီမှတ်တမ်းတွေ ကို ထုတ်ရဲမှာလဲဗျာ ။ ကျွန်တော်မထုတ်ရဲဘူး ၊ သူ ထုတ်ပါဆိုတော့ ၊ ကြိုးစားကြည့်မယ်တဲ့ ။
အဲဒီအဖြစ်ပြီးမှာတော့ ၊ ကျွန်တော့် မိတ်ဆွေများကို လျော်ပေးနိုင်ဖို ့အတွက် ၊ ကျွန်တော့်မှာ ပိုက်ဆံရှာရပါတော့တယ် ။ ကျွန်တော်ကဘဲ.. စိုက်လျော်လိုက်ရပါတော့တယ် ။ ပိုက်ဆံချေးတဲ့အခါမှာ လျော်ပေးရမယ့် ပိုက်ဆံ ပမာဏအပြင် ၁ဝသိန်းပိုချေးလာခဲ့ပါတယ် ။ အားလုံး သိန်း၄ဝလောက်ရှိမှာပေါ့ ။
အဲဒီပြဿနာပြီးတဲ့နေ ့ကစပြီး ၊ “ကော်မရှင်စား” ဘဝ ကို ကျွန်တော် လုံးဝ စိတ်နာသွားခဲ့ပါတယ် ။
ကျွန်တော့်ဘဝဟာ ကော်မရှင်စား ဘဝကနေ “ ဖိုက်တာ ” ဘဝ ကို ပြောင်းသွားခဲ့ပါတယ် ။ ဖိုက်တာ ဆိုတာ လောင်းတဲ့သူ ကို သုံးတဲ့နာမည်ပါ ။
၂၀၁၁-၂၀၁၂ ဘောလုံးရာသီအစကနေပေါ့…
ကျွန်တော်ဟာ အချိန်အားတိုင်း အမြဲတမ်း အင်တာနက်ဆိုင်တစ်ဆိုင်မှာ သိသမျှ ဘောလုံးဝက်ဆိုက်တွေ အားလုံးကို လိုက်မွှေကြည့်ခဲ့ပါတယ် ။ ခန် ့မှန်းချက်ပေးတာတွေ ၊ လူစာရင်းတွေ ၊ ပွဲမတိုင်ခင် ၂၄နာရီအလိုမှာ ပေါက်တဲ့ဈေးတွေ ၊ ပွဲချိန်နားနီးမှ ပြောင်းသွားတဲ့ဈေးတွေ ၊ အကုန်လုံးကို သေချာမှတ်တမ်းလိုက်မှတ်ပါတယ် ။ ဘောလုံးပွဲတစ်ပွဲဟာ ပွဲချိန်နားနီးမှ ဈေးပြောင်းလဲမှု ထပ်ရှိခဲ့တယ်ဆိုရင် ၊ အဲဒီပွဲဟာ အထက်စားမလား အောက်စားမလား ဆိုတာ ခန် ့မှန်းဖို ့၅ဝ ရာနှုန်းကျော် လွယ်ပါတယ် ။ ကျွန်တော် ဟာ ဘောလုံးပွဲ ၅ ပွဲလောင်းရင် ၄ပွဲလောက် မှန်တဲ့ အထိ ကို အခြေအနေတွေ ကို လိုက်ကြည့်ပြီး ခန် ့မှန်းနိုင်ခဲ့တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ် ။ အဲဒီလို ခန် ့မှန်းနိုင်တယ် ဆိုတာကလဲ ၊ ရမ်းပြီး ရွေးခြယ်မှု မဟုတ်ပါဘူး ။ ဝက်ဆိုက်ပေါင်း ၁၅ခုလောက်ကို အမြဲတမ်း ကြည့်ပြီး ၊ ဈေးကွာတာလေးတွေ ကို လိုက်ထောက်ပြီးတော့မှ တွက်ချက်ပြီးမှ သိရတာပါ ။ အမြဲတမ်း မလွဲတမ်း ပြောနိုင်တဲ့ စကားကတော့ ဘောလုံးပွဲတွေဟာ အားလုံးနီးပါး စာရင်းချုပ်ကြည့်လိုက်ရင် အောက်ကြေးစားတာ များပါတယ် ။ တစ်ရာသီစာ ပွဲစေ့ အောက်ကြေးပွဲတိုင်းလိုက်လောင်းရင် ၊ ရာသီပြီးလို ့စာရင်းချုပ်လိုက်ရင် လုံးဝသေချာပေါက် မြတ်ပါတယ် ။ ဒါတွေကို သိရဲ ့နဲ ့၊ လူအများစုဟာ ဘာလို ့အထက်ကြေးပဲ လောင်းကြလဲ ၊ ကျွန်တော်ကော အထက်ကြေးဘာလို ့လောင်းလဲ ။
အထက်ကြေးပေါက်တဲ့အသင်းဟာ ပရိသတ်များ သိနေပြီး ၊ အကြိုက်များတဲ့ အသင်းကြီးတွေ ဖြစ်လို ့ပါဘဲ ။ လွန်ဆန်ဖို ့ခက်ပါတယ် ။ ဆန် ့ကျင်ဖို ့သတ္တိနဲစေပါတယ် ။ လောင်းတဲ့သူများဟာ အဲဒီလို အထက်ဈေးပေါက်တဲ့ အသင်းကြီးမျိုးကို လွန်ဆန် ဖို ့မလွယ်လို ့ပါ။ ဥပမာအနေနဲ ့တစ်ခု ပြောရရင် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီပြီးခါနီးမှာ ၊ ဘလက်ဘန်းအသင်းနဲ ့မန်ချက်စတာယူနိုက်တက် အသင်း တွေ ့ခဲ့ပါတယ် ။ အဲဒီအချိန်မှာ ဘလက်ဘန်းအသင်းဟာ တန်းဆင်းဇုန်မှာ ရှိနေခဲ့ပြီး ၊ မန်ချက်စတာယူနိုက်တက် အသင်းကတော့ မန်စီးတီး နဲ ့အဆင့်၁နေရာကို လုနေကြတဲ့အချိန် ။ မန်ချက်စတာယူနိုက်တက် နိုင်ပွဲလိုအပ်နေပါတယ် ။ အနိုင်ကန်နိုင်စွမ်းလဲ ရှိတယ်လို ့မန်ချက် ကို အားပေးသူများယူဆခဲ့ပါတယ် ။ တစ်ကယ်တမ်းကန်သွားတဲ့အခါကြ ခြေစွမ်းညံ့လှပါတယ်ဆိုတဲ့ ဘလက်ဘန်းအသင်းက မန်ချက် ကို အနိုင်ကန်သွားပါတယ် ။
ကျွန်တော် ဖိုက်တာဘဝ အစလောက်မှာ ၊ ကျွန်တော်နဲ ့ပေါင်းနေတဲ့ မိတ်ဆွေတွေထဲက ကျောက်စိမ်းလုပ်တဲ့တစ်ယောက်က ကျောက်ထအောင်ပါတယ် ။ ကျပ်သိန်းပေါင်း ၁သိန်း ပါ ။ အဲဒီမှာ ကျွန်တော် ကျောက်စိမ်းလိုင်းကို လုံးဝ စိတ်ဝင်စားသွားပြီး ၂၀၁၁ ၈လပိုင်းလောက်မှာ ကျောက်စိမ်းပညာကို ကျွန်တော် သင်ခဲ့ပါတယ် ။ ၂၀၁၁-၂၀၁၂ ဘောလုံး ရာသီလဲ စရော ၊ ဖိုက်တာမောင်ပေ တစ်ယောက် အောင်ပွဲတွေ ဆက်တိုက်ရခဲ့ပါပြီ ။ အကြွေးတင်နေခဲ့တဲ့ သိန်း၄ဝလဲ ကျေအောင် ဆပ်နိုင်ခဲ့ပါတယ် ။ ကျောက်စိမ်းပညာ သင်ပြီးတာနဲ ့ကျောက်စိမ်းလောကထဲကိုလဲ တစ်ခါထဲတန်းဝင်ခဲ့ပါတယ် ။ ဘောလုံးပွဲခန် ့မှန်းတာ နိုင်ထားတာလေးတွေကို ကျောက်စိမ်းထဲမှာ ရင်း ၊ အပတ်တိုင်း ဘောလုံးပွဲလေးတွေ ပုံမှန်ခန် ့မှန်းရင်းနဲ ့ဘဝဟာ တော်တော်ကြီး ပျော်ရွှင်သာယာခဲ့ရတာပါ ။ ကျောက်စိမ်းကလဲ ၃ကြိမ်မှာ ၁ကြိမ်လောက်ဘဲ အမြတ် မရတာဆိုတော့ လုပ်ပျော်ခဲ့ပါတယ် ။ တစ်နန်းဖြတ်တွေ ကို လိုက်ဝယ်ပြီး ကြိုက်ဈေးရတဲ့အချိန် ပြန်ရောင်းခဲ့တာပါ ။
ဒီလိုနဲ ့သာယာနေတဲ့ဘဝမှာ ၊ အလှူအတန်းလဲ မပြတ်ခဲ့ပါဘူး ။ ကျွန်တော် လုပ်သမျှဟာ ကံအကျိုးပေး ကံတိုက်လုပ်ရတဲ့အမျိုးတွေ ဆိုတော့ ၊ သီလ မစောင့်နိုင်ခဲ့ပေမယ့် ၊ ရသမျှ ဝင်ငွေထဲကတော့ လစဉ်အလှူမပြတ်ခဲ့ပါဘူး ။ ၂၀၁၁ တန်ဆောင်မုန်း မှာ ကျွန်တော့်ဘဝရဲ ့ကိုယ်ပိုင်ကထိန်အလှူကို ရသိန်းကျပ်ကျော် အထိ လှူဖြစ်ခဲ့ပါတယ် ။ လတိုင်းမှာလဲ အနဲဆုံး ၅သောင်းကျပ်နဲ ့အထက် လှူခဲ့တာပါဘဲ ။ ကျွန်တော့်အမေကိုလဲ တစ်လ ကို အနဲဆုံး ၁သိန်း အောက်ထစ် တော့ ပြန်ပြီး ပေးနိုင်ခဲ့ပါတယ် ။
““ လူဆိုတာ ကံအမြဲတမ်းမကောင်းနိုင်ဘူးဆိုတာ ၊ ကံဆိုးပြီ ဆိုရင် ဆက်တိုက် ””” ဆိုပြီး ပြောလေ့ပြောထ ရှိနေခဲ့တဲ့ စကားဟာ အရမ်းမှန်ပါတယ် ။
ဘယ်ကနေစပြီးကံဆိုးလဲဆိုရင်..
အထက်မှာ ကျွန်တော် ရေးခဲ့သလိုပါဘဲ ။ ည၁ဝနာရီကျော်မှ သောက်တယ်ဆိုတဲ့ အကျင့်ကို ကျွန်တော် မွေးယူခဲ့တာကြာတော့ ၊ ညနေစောင်းတာတို ့၊ အစောပိုင်းတို ့ဆိုရင် ကျွန်တော် ဘယ်တော့မှ အရက်ဘီယာ မသောက်ဖြစ်ခဲ့ပါဘူး ။ ဘောလုံးပွဲရှိတဲ့နေ ့မျိုးဆိုရင် ပိုပြီး သတိထားပါတယ် ။ ဘာလို ့လဲ ဆိုတော့ ၊ သောက်စားပြီးရင် မူးတဲ့အချိန်မျိုးမှာဆိုရင် အမှားတွေဘဲ လုပ်တတ်တာကိုး ။ တစ်ရက်ကြတော့ ၊ လူအနည်းစုနဲ ့လုပ်တဲ့ ဒင်နာတစ်ခု ကျွန်တော် မတက်ချင်ဘဲ တက်ခဲ့ရပါတယ် ။ အတန်တန်ငြင်းပယ်ခဲ့ပေမယ့်လဲ ၊ ဖြစ်ချင်တော့ ဘောလုံးပွဲရှိတဲ့နေ ့ကလဲ ဖြစ် ၊ မသွားဖြစ်ဘူးဆိုရင်လဲ ကျွန်တော့်ကို ဘောလုံးဒိုင်လို ့အထင်လွဲပြီး ကျွန်တော် နာမည်ပျက်တော့မယ် ( အဲဒါကတော့ ကျွန်တော့် အထင်ပါ ) ၊ နောက်ဆုံး ခေါင်းကိုက်စွာနဲ ့ဘဲ ၊ ဒင်နာကို တက်ခဲ့လိုက်ပါတယ် ။ ဒင်နာရောက်တော့ ထုံးစံအတိုင်း အသောက်ကပါတော့တာပါဘဲ ။ ပိုပြီး ဆိုးချင်တော့ သောက်ရမယ့်လူကလဲ ကျွန်တော်နဲ ့နောက်တစ်ယောက်နဲ ့ဘဲ ရှိတာပါ ။
အဲဒီအချိန်မှာ မောင်ပေ့ကို မင်းဟာမင်း မသောက်လဲ ရနေတာဘဲ ၊ မင်းသောက်လို ့ဖြစ်တာလို ့ပြောလဲ ခံရမှာပါဘဲ ၊ ဒင်နာရောက်ပြီဆိုမှတော့ စားသောက်ဖြစ်ခဲ့ရပါတယ် ။ ဒါပေသည့် ဗျာ… ကံဆိုးပါတယ် ။ ဒင်နာကို သွားတဲ့အခါကြတော့ ၊ ကျွန်တော် ဘောလုံးပွဲတွေကို အသေးစိတ် မသိနိုင်တော့ပါဘူး ။ အဲဒီညမှာဘဲ စား ၊ သောက်ပြီးတော့ အခြေအနေကို အသေးစိတ် မသိ ၊ မူးနေတော့ ဘာကောင်းမှန်းလဲ မရှာနိုင်ဘဲ လောင်းတယ် ၊ ရှုံးတယ် ၊ လောင်းတယ် ရှုံးတယ် နဲ ့၊ အဲဒီည က ၄၅သိန်း ပလုံသွားပါတယ် ။ တနင်္ဂနွေညကြတော့ စနေညက အရှုံးကို ပြန်လိုက်ဆယ်တော့ ၊ စိတ်ဖိစီးမှု ဗျာများမှုတွေနဲ ့၊ အချက်အလက်တွေ ကို လဲ အာရုံမစိုက်နိုင်တော့ပါဘူး ။ သိန်း၉ဝပါ ။
အဲဒီပမာဏဟာ ကျွန်တော် တဖြည်းဖြည်းချင်း စုထားခဲ့တဲ့ ပိုက်ဆံအကုန်လုံးပါဘဲ ။
အဲဒီနောက်… လူက ဓါတ်ပျက်သွားပါပြီ ။ လိုက်လေမြုပ်လေ ၊ အရှုံးတွေကြားမှာ အမှန်ကို အရင်ရွေးနိုင်ခဲ့လဲ ၊ စိတ်က ဆောက်တည်ရာမရနဲ ့ကယောင်တွေဖြစ်ပြီး ရွေးပြီးသားအမှန်ကို ပယ် ၊ အမှားကိုရွေးရင်းနဲ ့…. ဘဝပျက်သွားပါတယ် ။
၂၀၁၁-၂၀၁၂ ဘောလုံးရာသီလဲ ပြီးရော စာရင်းချုပ် ၄၀ဝ လောက် ပလုံသွားပါတယ် ။ အကြွေးကို ၆ဝ လောက်ကျန်သေးပါတယ် ။ အခုလာမယ့် ၁၈ရက်နေ ့မှ လက်ကျန်အကြွေးတွေ အားလုံးကို ဆပ်နိုင်မှာပါ ။ ကျွန်တော်ဘဝ ၁ကနေပြန်စရပါတော့မယ် ။
အဲဒီဖြစ်ရပ်တွေကြောင့်မို ့၊ အခုစာရေးနေတဲ့အချိန်ထိ ၊ ကျွန်တော် တစ်ရက်မှ အိပ်ကောင်းခြင်း မအိပ်ရပါဘူး ။ စိုးရိမ်ပူပန်မှုတွေနဲ ့အမြဲတွေဝေနေခဲ့ရပါတယ် ။ ကျောက်စိမ်းလဲ လုပ်စရာ အရင်းမရှိတော့လို ့မလုပ်ဖြစ်ပါဘူး ။ အခုအကြွေးတွေဆပ်ပြီးချိန်မှသာ ဘဝကို ပြန်စရပါတော့မယ် ။
*******
အထက်က စာတွေကတော့ ၊ မောင်ပေ တစ်ယောက် သူချစ်ခင်ရာဂေဇက်မှာ သူ ့ဘဝကို ရင်ဖွင့်တယ်လို ့သဘောထားပေးကြပါ စာဖတ်သူတို ့ရယ် ။ ဖတ်လို ့ကောင်းမှာလဲ ဟုတ်ပါဘူး ။ နောက်ပြီး တစ်ကယ်ကို အရေမရ အဖတ်မရ ဖြစ်မှာပါ ။ အဲဒါအတွက် ကျေနပ်မှု မရှိခဲ့ပါဘူးဆိုရင်လဲ စာဖတ်အပြီးမှာ မောင်ပေ ဆိုတဲ့ကျွန်တော့် ကို သာ ဆဲကြပါ ။ လက်ခံပါတယ်။
အဖြစ်တစ်ခုကို ပြောရင်း စာကို ဆုံးသတ်လိုက်ပါမယ် ။
လူတစ်ယောက်ဟာ ဖြောင့်ဖြူးပြီး ရှင်းလင်းနေတဲ့ လမ်းမကြီးတစ်ခုမှာ စက်ဘီးစီးနေပါတယ် ။ သူ ့ဘာသာ သူ ပုံမှန်လေး နင်းနေတဲ့အချိန်မှာ ဘာပြဿနာ မှ မရှိဘဲ ဆက်ပြီး စီးနင်းသွားနေပါလိမ့်မယ် ။ ခရီးအဆုံးထိပေါ့ ။ အဲဒါကို အကြောင်းတစ်စုံတစ်ရာတစ်ခုက နင်းနေတဲ့ စက်ဘီးကို တစ်ခုခု ဝင်လုပ်လိုက်မယ်ဆိုရင်တော့ ၊ စက်ဘီးနင်းနေတဲ့ လူဟာ ခရီးတန် ့ခရီးရပ်သွားတတ်ပါတယ် ….. အဲဒါကတော့ မောင်ပေ့ သီအိုရီပါဘဲ ။
…………………
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

27 comments

  • pooch

    July 5, 2012 at 10:58 pm

    ကပေရေ အနိုင်ရမှာသာ သတိ္တရှိတယ် မခေါ်ပါဘူး။
    တခါတရံမှာ ပကတိအရှိတရားကို လက်သင့်ခံပြီး အဆုံးအရှုံးခံနိုင်ဖို့ ဆိုတာလည်း သတိ္တလိုပါတယ်။

    ကြုံလာသမျှကို သတိ္တရှိရှိ ရင်ဆိုင်နိုင်တာ ထွက်မပြေးခဲ့တာတွေက ရှေ့လျှောက် ဘယ်လိုအကြောင်းအရာတွေနဲ့ ပဲ ထပ်တွေ့တွေ့ ကိုယ့်ကိုယ့်ကိုယ် ယုံကြည့်မှုဖြစ်စေတဲ့ စိတ်ခွန်အားလေးတော့ ဖြစ်လာမှာပါ။

    မှားခဲ့တဲ့ အထဲက နောက်ထပ် မမြင်နိုင်သေးတဲ့ အမှားတခုကို အမုန်းခံပြီး ထပ်ထောက်ပါရစေ။ ဘယ်သူမပြုမိမိ အမှုပါ။ တိုက်ဆိုင်မှုရှိတဲ့ အခါ ကိုယ်က ကိုယ့်ကိုယ်ကို ဖော့တွေးပြီး ဒင်နာသွားမိလို့ ဆိုတာထက် ငါသောက်မိလို့ ဆိုတဲ့ ကိုယ့်အမှားကို ပြန်ပြီး ဆင်ခြင်နိုင်ပါစေလို့ပါ။

    ကိုယ်လုပ်ရမဲ့ အလုပ်ကို ကိုယ့်ထက် ပိုပြီး ဘယ်သူမှ မသိနိုင်ပါဘူး။ ကိုယ့်ဆင်ခြင်နိုင်စွမ်း နဲ့ လူမှုရေးဘက်မှာ အားနာတတ်ခဲ့တာကို ဆင်ခြင်ပါ။ ပြတ်သားသင့်တဲ့နေရာတွေမှာ ပြတ်သားပါ။

    အဲ့လို မပြတ်သားလို့လဲ နင်ခုလိုမိန်းမ ၄ ယောက်အဖတ်တင်နေတာမလားဟင်င်င်….. :mrgreen:

    ဘဝသစ်ကို စမယ်ဆိုရင် အရှုံးထဲက သင်ခန်းစာတွေယူပြီး ဒီလိုအမှားတွေ ထပ်မဖြစ်အောင် သတိလေးကပ်ပြီး သွားပါလို့သာ။ ဘဝဆိုတာ ဘယ်သူ့အတွက်မှ လွယ်ကူချောမွေ့တယ်ရယ်လို့ မရှိပါဘူး။ ဒီလိုပဲ ခပ်ကြမ်းကြမ်းလေး ဖြတ်ပြီးမှသာ လမ်းကောင်းတွေကို ရောက်ရတာပါ။

    ကိုယ်တိုင်ကတော့ ခုမှ လမ်းဖောက်ဖို့ စဉ်းစားတုန်း ။ လမ်းကြမ်းတောင် မရောက်သေးဘူး။ 🙁

  • htoosan

    July 5, 2012 at 11:26 pm

    ကျွန်တော့် အသိတစ်ယောက်လည်း ပြောဘူးတယ် ။ သူ အောက်ကြေးကဘဲ အမြဲလောင်းတယ်တဲ့။ ရာသီပြီးရင် သူ အမြဲနိုင်တယ် ပြောဖူးတယ် ။

  • မောင်ပေ

    July 5, 2012 at 11:29 pm

    ဦးဦးဖျားဖျား သေချာဖတ်ပေးပြီး ကောင်းရာအတွက် ကော်မန့်ဖြင့် လမ်းညွှန်ပေးခဲ့လို့ကျေးဇူးအရမ်းတင်ပါတယ်
    မိန်းမ၄ယောက်တော့မရသေးဘူး
    ၂၀ဝ ဆိုရင် လန်းမှာပါ
    ဟီဟိ

  • အရီးခင်လတ်

    July 6, 2012 at 4:51 am

    မောင်ပေ ရေ
    အဲဒါ တကယ် ဖြစ်ခဲ့တာ ဆိုရင် စိတ်မကောင်းပါဘူး။
    မဟုတ်ရင်တော့ တကဲ့ အဖြစ်မှန် လို ရေးနိုင်တာ ကို ချီးကျူးပါတယ်။
    မဟုတ်ပါစေ နဲ့ လို့ ဆုတောင်းပါတယ်။
    တကယ်များဖြစ် ခဲ့ရင်လည်း လူမသေ ငွေမရှားပါ။
    ပြန်ရှာလို့ ရပါတယ်။
    ဒါပေမဲ့ လောင်းကစား စွဲ တာ ဖြတ်ဖို့ ခက် တာ ကို သတိလေးထားစေချင်တယ်။

    ဆက်ရေးလာမဲ့ ကံကြမ္မာအကောင်း လေးတွေ အကြောင်းကိုလဲ ဆက်ဖတ်ချင်ပါတယ်။ 🙂

  • kai

    July 6, 2012 at 6:25 am

    ဖတ်ကြည့်တော့.. အရက်ကိုအပြစ်တင်တာများနေတာလို့..ထင်မိတယ်..
    အခုအဖြစ်တွေမှာ.. တကယ့်ပြဿနာကောင်က.. လောင်းကစားလို့ထင်မိပါတယ်..။

    ဆိုတော့…
    အရက်ကို.. ကောင်းကောင်းသောက်ပါ…။ သဘာဝပေးတဲ့..လက်ဆောင်အနေနဲ့.ဇိမ်ယူသောက်ပါ..
    ကျမ်းမာရေးမထိခိုက်အောင်..အမျိုးအစား ကောင်းကောင်းကို.. နည်းနည်းသောက်ပါ..။

    လောင်းကစားကိုတော့.. အပြတ်ဖြတ်ပါ…
    အဲလိုပြောချင်မိတယ်.

    ကိုရင့်ကို.. လတ်စ်ဗေးဂတ်ပို့ထားလိုက်ရင်.. ဘာတွေဖြစ်သွားမလည်း..
    တွေးရင်းတောင်.. ကျောချမ်းတယ်..။ 😕

    ပုဂ္ဂလိကလွတ်လပ်ခွင့်ကို.. ဝင်ဆရာလုပ်တာမဟုတ်ရပါဘူးနော..။
    စိတ်အနှောက်အယှက်ဖြစ်သွားရင်.. ဆောရီး.. 🙂

    • မောင်ပေ

      July 6, 2012 at 9:01 am

      သဂျီး ပတ်စပို့လုပ်ပြီးပြီဗျ
      နို့…. ဘယ်နိုင်ငံမှတော့ မသွားဖူးသေးဘူး
      လတ်စ်ဗေးဂတ်ကို မြန်မြန်ခေါ်ပေးပါ ခင်ဗျ
      🙂

  • Crystalline

    July 6, 2012 at 7:34 am

    ကိုပေရေ..ကျမလည်း အခုရက်ပိုင်းအတွင်းက အမျိုးမျိုးပြောင်းလဲနေတဲ့ဥပဒေ တွေကြောင့်တခါ.. ကိုယ်ရဲ့ပေါ့ဆမှု့ကြောင့်ပဲလားကံကြောင့်ပဲလားအခုထိ အဖြေရှာမရသေးတဲ့အကြောင်းကြောင့်တခါ ဆုံးရှုံးမှု့နှစ်ကြိမ် ဖြစ်ထားတာပါ.. အဖြစ်အပျက်ခြင်းမတူပေမယ့် စာနာမိပါတယ်… စေတနာနဲ့တိုက်တွန်းချင်တာ ကတော့ ဘောလုံးပွဲကိုဝါသနာပါ ရင်ကြည့်ပဲကြည့်ပါ..မလောင်းပါနဲ့..ဘယ်လို မှအနိုင်အရှုံးဆိုတာဖော်မြူလာထားတွက်ချက်လို့မရတဲ့ စီးပွားရေးအနေနဲ့ မလုပ်သင့်တဲ့အလုပ်တခုပါ.. ကျမတွေ့ဖူးကြားဖူးတာတွေအားလုံးလိုလို ကတော့ အဲလိုကော်မရှင်စားပြီး ရတာနဲ့မတင်းတိမ်နိုင်တော့ ကိုယ့်မှာရှိပြီးသားလေးတွေပါသွားတာ ပဲတွေ့ဖူးတယ်.. ကော်မရှင်စားသက်သက်လုပ်မယ်ဆိုရင်တော့ နည်းနည်းတော်သေးတယ်ဆိုတာတောင် ဒိုင်ကမလျှော်ရင် ကိုယ်ဖြေရှင်းနိုင်ပါမှ.. ကိုပေရေ..အဖြေမှန်ရှာနိုင်ပါစေ

  • pan pan

    July 6, 2012 at 8:52 am

    လောင်းကစားလျှော့ပါတော့ကိုပေရယ်
    လုံးဝမကောင်းဘူးဆိုတာလည်း လူတိုင်းသိကြပါတယ်
    အရက်သောက်တာထက်စာရင် လောင်းကစားက ချက်ချင်းဘဝပျက်တာနော်
    အဲ့ဒါကို စီးပွားရေးအနေနဲ့လုပ်တဲ့လူတွေ အရမ်းချမ်းသာကြပေမယ့်
    လူနည်းစုပါဗျာ….. 😐

  • လူ ဟား

    July 6, 2012 at 9:07 am

    ကိုရင်ငပေရေ… စိတ်ဓါတ်မကျနဲ့.. ဆက်လုပ်ပါ… ကိုယ်ကျွမ်းကျင်တဲ့ အလုပ်ကိုပဲဆက်လုပ်ပါ.. euro2012 ပွဲကြိုခန့်မှန်းတွေကို လေ့လာကတည်းက ကိုရင့်ကို အထင်ကြီးခဲ့ပါတယ်..။ ခုဆိုပိုပြီး အထင်ကြီးသွားပါဘီ..။
    အဓိက ကတော့ ကိုယ့်ရဲ့စည်းကမ်း၊ ကိုယ့်ကိုယ်ကို ပေးထားတဲ့ ဂတိတွေကို ချိုးဖေါက်ခဲ့လို့ပါပဲ..။ ဒင်နာသွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ.. အရက်သောက်သည်ဖြစ်စေ မသောက်သည်ဖြစ်စေ..
    ၁။ အရက်မူးနေပြီး လောင်းကစားတယ်.. (မသောက်ပါဘူးလို့ပေးထားတဲ့ ဂတိကို ချိုးဖေါက်ခြင်း)
    ၂။ သေချာလေ့လာမှုမရှိဘဲနဲ့ ရှုံးမဲ မဲပြီးဆက်လောင်းတယ် ..( ဒီနေရာမှာလည်း ငါဘယ်လောက်ရှုံးရင် ရပ်မယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ထားမယ်လို့ ထင်ပါတယ်.. သို့သော်.. ဆက်လောင်းတယ်..) နောက်ရက်လည်း ဆက်လုပ်တယ်..။
    ကဲ … ပြီးခဲ့တာတွေ ပြီးပါစေတော့…
    တစ်ကနေဘဲ ပြန်စစ .. သုံညကနေဘဲ ပြန်စစ… ပြုခဲ့ဖူးတဲ့ ကုသိုလ်တွေ အထူးသဖြင့် မိခင်ကို ပြုစုခဲ့တာတွေကနေပြီး မကြာခင် ကိုရင့်ဆီကို ပြန်လာပါလိမ့်မယ်… လုံးဝ စိတ်ချပြီး ကိုယ်ကျွမ်းကျင်တဲ့ အလုပ်ကိုသာ စည်းကမ်းရှိရှိနဲ့ ကိုယ့်ကိုယ်ကို ဂတိတည်ပြီး ဆက်လုပ်ပါ.. “ဝုန်း” ဆိုပြီး အရင်နေရာကိုပြန်ရောက်လာပါလိမ့်မယ်… နောက်မဆုတ်ပါနဲ့..။
    ” ကိုယ်မိဘကို ကျေးဇူးသိသောသူသည် ပြည်တော်၌ ကောင်းစားရလတံ့”

  • Shwe Tike Soe

    July 6, 2012 at 9:09 am

    ကိုပေ့ဘဝ တစ်စိတ်တပိုင်းကို မြင်လိုက်ရပါတယ်…ဒီလိုပါပဲကိုပေ ရေ ငွေနဲနဲလေးနဲတောင် လူတွေ လိမ်နေကြတာ…amount အများကြီးဆိုရင်တော့ ပြောကိုမနေနဲ.တော့…
    ဘဝ သစ်စမယ်ဆိုတော့ ဒီလောင်ကစားကြီးနဲ.တော့ မစစေချင်ဘူး ခင်ဗျ…(ဆရာလုပ်တာမဟုတ်ပါဘူး)..

    ဘဝ သစ်စချိန်မှာ လူလိမ်လူကောက်တွေနဲ. ကင်းဝေးနိုင်ပါစေ လို. ကျွန်တော် ဆုတောင်းပေးပါတယ်ဗျာ……… 😀

  • ငပွကြီး

    July 6, 2012 at 9:17 am

    ကျုပ်အမြင်ပြောရရင် ကိုပေ ကော်မရှင်စားဘဲလုပ်စေချင်တယ် ကိုယ်က နားလည်ကျွမ်းကျင်ပြီးသားလဲဖြစ်တော့ ကြားက ဈေးအဟကိုလဲစား ကော်လဲစား အကွက်ဝင်ရင် ဝင်ငွေမနဲလောက်ပါဘူး
    စာရင်းမမှားအောင်လို့ကတော့ ဖုံးနဲ့ဘဲအလုပ်လုပ်ပြီး ဖုံးမှာ ရီကောဒင်းကို အဝင်ရော အတင်ရောအသံဖမ်းထားပါ စာရင်းအားလုံးမှန်တော့မှ ပြန်ဖျက်လိုက်ပေါ့ဗျာ….
    အကြံပြုရုံသက်သက်ပါ….

  • kyeemite

    July 6, 2012 at 9:17 am

    ကျုပ်ကလဲ လောင်းကစားအတော်ခုံမင်ခဲ့ဖူးပါတယ်..
    အထူးသဖြင့် “ရှိုး” ရိုက်တာတော်တော်စွဲခဲ့သေးတယ်..
    နိုင်တာရှုံးတာထက် ရိုက်ရရင်ကို ပျော်နေတတ်တာ..
    နှစ်လုံး သုံးလုံးလည်း အကြီးအကျယ် လောင်းဖူးပါရဲ့..
    အားလုံး ပြန်တွက်ကြည့်လိုက်တော့..ကုန်ခဲ့တဲ့ငွေတွေ
    နှမြောလိုက်တာ..ခုတော့ တစ်ခုမှမလုပ်တော့ပါဘူး..
    လုပ်လို့ ဝသွားပီလို့ စိတ်မှာမှတ်ပါတယ်…
    ဘောလုံးကျတော့ ဝါသနာကိုမပါတာဗျို့…

  • ကြောင်ကြီး

    July 6, 2012 at 9:39 am

    လောင်းကစားဆိုတာ နိုင်ရင်သာ မသိသာဒါ ရှုံးတဲ့အခါ နင့်နေအောင် ခံရဒယ်… အကျင့်မလုပ်တာ အကောင်းဆုံးဗာဗျာ..။ ဘဝဆိုဒါ အတက်အကျများစွာနဲ့ ဖွဲ့စည်းထားတဲ့ လမ်းဂျောင်းဖြစ်တာမို့ စိတ်ပျက်အားငယ်ရန် မရှိဗာဂျောင်း…။ လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့ ကပေ့စိတ်ဓာတ်ကိုလည်း စာထဲမှာ တွေ့နေရလို့ ရှေ့ခုန်အုပ်မည့်ကျား နောက်တလှမ်းဆုတ် အားယူချင်းသာ ဖြစ်ပါဂျောင်း အကြံပေးပါသည်။

  • mg htoo

    July 6, 2012 at 9:49 am

    ကိုပေရေးတဲ့စာက သင်ခန်းစာယူစရာတွေ ပါတယ်။ လူဟားပြောတာကို ထောက်ခံပါတယ်။ လောင်းကစားမှာ လုပ်စားတတ်ရင် ကိုယ့်အတွက် ကျန်ပါတယ်။ စည်းရှိရင်ပေါ့လေ။ (ဆရာလုပ်တာမဟုတ်ပါ)

  • ahnyartamar

    July 6, 2012 at 9:56 am

    ကိုပေရဲ့ (၂၀၁၁-၂၀၁၂) ဇူလိုင် ဘဝထဲကို ထဲထဲဝင်သိရတော့ နဲနဲပြောပါရစေဗျား…..
    ကိုပေရေ…လူတော်တော်များများဟာ မကောင်းမူမှာမြွေ့ပျော်ကျတယ်။ ကျတော်အပါအဝင်ပေါ့။
    အဓိက ကျတော့ရဲ့ လောင်းကစားဝါသနာကလည်း ဒီ တလုံးလောင်းခြင်းပါ။ ပထမတော့ ဘောလုံးပွဲကိုကြည့်ရတာပဲဝါသနာပါတာ၊ နောက်တော့ လောင်းထားမှ ကြည့်လို့ကောင်းတာဆိုပြီး လောင်းရင်း လောင်းရင်း နယ်ကျွံနေတာပေါ့၊ အထူးသဖြင့် စနေ၊ တနင်္ဂနွေဆိုရင် ထမင်းမေ့ ဟင်းမေ့ပေါ့၊ ကြားရက်တွေမှာ ကန်တဲ့ပွဲတွေလည်း မလွှတ်တမ်းပေါ့။ တစ်ရာသီ၊ တစ်ရာသီ၊ စာရင်းချုပ်ရင် (-) ပဲထွက်တယ်။
    ဒါကြောင့် ကိုပေရေ…ကိုပေမှာ အဖော်တွေ အများကြီးနဲ့ပါ။ ဘောလုံးပွဲမှာ ဆရာမရှိဘူးလို့တော့ထင်တယ်။ ဂရုစိုက်ပြီး လှူပ်ရှားပေတော့ဗျို့။
    ခင်သော ဝါသနာတူ…..ပါ။

  • ရာဇဝင်လူဆိုး

    July 6, 2012 at 10:04 am

    ကိုပေရေ….. စိတ်ဓာတ်မကျနဲ့ဗျား..။ လောင်းကစားက မလုပ်ရင်တော့ အကောင်းဆုံးပေါ့..။ ကျနော်လဲ ဘောလုံးပွဲကို အိမ်က နှင်ချတဲ့ အထိကို လောင်းခဲ့ဖူးတာ…။ ရှုုံးတာကလဲ ခွက်ခွက်လန်ဗျာ..။ ဘာပဲဖြစ်ဖြစ် ကိုယ့်အိပ်ထဲက မပါဖို့ကို နဲနဲအားရုံစိုက်ပြီးလောင်း..ကိုပေရေ…

  • စိန်ဗိုက်ဗိုက်

    July 6, 2012 at 10:08 am

    အဓိက ကတော့ လောင်းကစားပါ.
    လောင်းကစားလောကမှာ သစ္စာမရှိတာ များတယ်..
    ထိုးသားက ကလိန်ဂကျစ်..ဒိုင်က ကလိန်ဂကျစ်….ကော်စားက ကလိန်ဂကျစ်..များကြီးပဲ..
    ကိုယ်တစ်ယောက်ထဲ ကောင်းနေ..သစ္စာရှိနေလို ့ မကြီးပွားပါဘူး..
    ကြီးပွားတာက လိုင်းကြေးပုံမှန်ကောက်တဲ့ ရဲတွေပါ..
    ဂိန်..
    မောင်မင်း..မောင်ပိန်..
    ကျောက်သာ အေးဆေး ရောင်းဝယ်ဖောက်ကားပါ..
    သို ့မဟုတ်..
    ဘီအီးဆို်င် ကောင်းကောင်း ဖွင့်လိုက်ပါ.
    ကျော် ..
    လာအားပေးပါ့မယ်..
    ဂိန်..

    • မောင်ပေ

      July 6, 2012 at 2:54 pm

      ဘီအီးဆိုင်ဖွင့်ဘူး
      လုံးဝ ဖွင့်ဘူးနော
      ပေါက်ဖော်နဲ ့ကျုပ်နဲ ့၂ယောက်သောက်တာနဲ ့တင်
      ရောင်းစရာ ကျန်မှာ မဟုတ်လို ့

  • mamanoyar

    July 6, 2012 at 11:38 am

    ဦးပေရေ
    ဦးပေရဲ့စာကို စိတ်ဝင်တစားနဲ့အဆုံးထိသေချာဖတ်ဖြစ်ပါတယ်
    နိုရာ့အထင်တော့ လောင်းကစားလုပ်တာဟာ
    မကောင်းဘူးလို့ထင်ပါတယ် လူကြီးတွေပြောဖူးတယ်
    လောင်းကစားနဲ့ ချမ်းသာတဲ့သူဟာ မမြဲဘူးတဲ့
    တစ်နေ့သူဌေးဖြစ်၊ တစ်နေ့ခွေးဖြစ်တဲ့
    နိုရာကြားဖူးတာကိုပြောပြတာပါနော် ဦးပေစိတ်မဆိုးနဲ့
    ဒီတစ်ခါ ဦးပေဘဝ တစ်ကပြန်စရင် လောင်းကစား မဟုတ်တဲ့
    လွတ်လပ်တဲ့ ကိုယ်ပိုင်စီးပွားရေးမျိုးနဲ့ ပြန်စနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်

  • Ma Ei

    July 6, 2012 at 11:41 am

    မောင်ပေ…
    ဝါသနာဆိုတာ ဖျောက်နိုင်ခဲသတဲ့…
    ဘာ မြီးကောက် ကျည်တောက်စွပ် ဆိုလား…
    အဲ့လို မဖြစ်စေနဲ့…
    ရှုံးမဲ့ အခေါက် တားမိရင် တော်သေး
    နိုင်မဲ့ အခေါက်တားမိရင်တော့
    အမ တို့ကြောင့် ရမဲ့ ငွေ မရတော့ဘူးပြောခံထိမှာဆိုတော့…
    တားမရလို့ ကစားမယ်ဆိုလဲ ရှိတာထက် ပိုမသုံးဘဲ
    နိုင်တဲ့ Amount ထက်မကျော်စေနဲ့နော်…

  • Foreign Resident

    July 6, 2012 at 12:26 pm

    ကိုပေရေ ၊

    အဘ ၂၄ နှစ်အရွယ် ( 2nd Mate ) ဖြေနေတုန်း အချိန်မှာ ၊
    လောင်းကစား ( ရှိုး ) အလုပ်ကောင်းလို့ ၊
    ကားတစ်စီးစာ ကုန်ပြီး လုံးဝ သုည ဘဝ ရောက်ဘူးတယ် ။
    မိဘ အိမ်မှာကပ်စား ၊ သူငယ်ချင်းဆီက ငွေချေးပြီး ၊
    သင်္ဘောပြန်တက်ပြီး ၊ ဘဝ ပြန်စခဲ့ရတယ် ။

    ဒါပေမယ့် ၊ အဘ အမြတ် နှစ်ခု ရခဲ့တယ် ။
    ၁ ။ အဘ တစ်သက်လုံး လောင်းကစား လုံးဝ မလုပ်ဖြစ်တော့ဘူး ။
    ၂ ။ ဗေဒင် သဘောအရ ၊ ငယ်ရွယ်ချိန်မှာ ဒုက္ခ အကြီးအကျယ် ခံခဲ့ရသူတွေဟာ ၊
    ငယ် ဇာတာ ညံ့တဲ့ အတွက် ၊ ” အိုဇာတာ မညံ့ တတ်ဘူး ” ။

    အဘတော့ ငယ်ရွယ်ချိန်မှာ ဒုက္ခ အကြီးအကျယ် ခံခဲ့ရတာကို
    အရမ်း ( အရမ်း ) သဘောကျတယ် ။
    ၁ ။ ပြန်ထ / ထောင် ဘို့ အား နှင့် အချိန် ရှိသေးလို့ ။
    ၂ ။ နောင်တရပြီး ရှေ့ရှောက် ဆင်ဆင်ခြင်ခြင် နေဖြစ်တော့မှာမို့လို့ ။
    ၃ ။ ဗေဒင် သဘောအရ ၊ အညံ့ပိုင်း အချိန်ကို ခံပြီးပြီဖြစ်တဲ့ အတွက် ၊
    ရှေ့ရှောက် အကောင်းပိုင်းတွေ လာတော့မှာလေ ။

    ကံကောင်းလိုက်တဲ့ ကိုပေ ။

    စကားမစပ် ၊ လူမှာ ကံ ညံ့ / ကျတဲ့ အချိန်တွေ ရှိတယ် ။
    အဘ ကတော့ အဲဒီအချိန်မှာ ကိုယ့်စိတ်ကြိုက်ပုံစံလေးနှင့် ညံ့အောင်ကြိုးစားတယ် ။

    ဥပမာ ။ ။ ဒီ ၃ / ၄ နှစ် ကံ ညံ့ မယ်လို့ ကြိုသိရရင် ။
    ကိုယ့်စိတ်ကြိုက်ပုံစံလေးနှင့် ညံ့အောင် ကြိုလုပ်တယ် ။
    သင်္ဘော မလိုက်ပဲ စာမေးပွဲ ဆင်းဖြေလိုက်တယ် ။
    အိမ် ဆောက်ပြစ်လိုက်တယ် ။
    အဲဒီတော့ကာ ဝင်ငွေ မရှိပဲ ထွက်ငွေများပြီး ၊
    အကြွေးတွေတင် ၊ စိတ်တွေညစ် / ဆင်းရဲပေါ့ ။
    ဒါပေမယ့် ၊ အဲဒါ Controlled Landing လေ ။
    ကိုယ့် စိတ်ကြိုက်ပုံစံ နှင့် ဆင်းတာလို့ခေါ်တယ် ။

    နိုင်ငံတကာ ကုမ္ပဏီကြီးတွေလည်း အဲလိုလုပ်ကြတယ် ။

    • မောင်ပေ

      July 6, 2012 at 2:06 pm

      မှန်လိုက်တာ ဦးဖောရိန်းကြီး ရာ…
      ကျွန်တော်လဲ လူပေါင်းများ အပေါင်းအသင်းကောင်းတွေကြောင့် လုပ်ငန်းကြီးတွေရဲ ့လုပ်ထုံး လုပ်နည်းတွေကိုပါ နဲနဲသိလာရတယ် ။
      ကံ အနိမ့်အမြင့် တွက်ချက်ပြီးမှ ၊ လုပ်ငန်းကြီးတစ်ခုကို စလုပ်မယ်ဆိုရင် လုပ်ဖို ့အတွက် အဆောင်အယောင်တွေ ဓါတ်သဘောတွေနဲ ့ပါ ယုံယုံကြည်ကြည် လုပ်နေကြတာကလားဗျ။
      ကျွန်တော့်အဖြစ်ကတော့
      ကျွန်တော့်ဘဝတစ်လျှောက်လုံးမှ ခဏတာကျင်လည်ခဲ့ရတဲ့ ဇါတ်ရုပ် တစ်ရုပ်လို ့ဘဲ သဘောထားပါတယ် ဗျို ့။

  • မောင်ပေ

    July 6, 2012 at 2:45 pm

    ကိုထူးဆန်းရေ… မလောင်းဘဲနေတာအကောင်းဆုံး ၊ လောင်းပြီဟေ့ဆိုရင် ပွဲစေ့အောက်ကြေး ပါလို ့
    အရီးခင်လတ်ရေ… တစ်ကယ့်အဖြစ်အပျက်ကိုဘဲ ချုံ ့ရေးခဲ့လိုက်မိပါတယ် ခင်ဗျား
    ခရစ်စတယ်လိုင်းရေ… အိပ်မက်ဆိုးတွေကတော့ လွန်မြောက်ခဲ့ပါပြီ
    ပန်ပန်လေးရေ… စေတနာနဲ ့သတိပေးမှု ကို ကျေးကျေးပါနော ။
    ကိုလူဟားရဲ ့အားပေးစကားတွေကို ဖတ်ရတာ တစ်ကယ်အားဖြစ်မိပါတယ်ခင်ဗျ ။ ကျေးဇူးပါနော
    ကိုရွှေရေ… လူလိမ်နဲ ့တော့ မတွေ ့ဖြစ်တော့ပါဘူးဗျာ ။ ဒီအသက်အရွယ်မှ အလိမ်ခံရမယ်ဆိုရင်လဲ ကျော်မကောင်းကြားမကောင်းပေါ့နော
    ကိုငပွကြီးရေ… ကျွန်တော် အဲဒီအလုပ်ကို စိတ်နာလွန်းလို ့နားခဲ့တာ ၂ နှစ် ပြည့်ပါတော့မယ်ခင်ဗျား ။ သို ့သော် စေတနာထားတဲ့အတွက် လေးစားကျေးဇူးတင်ပါတယ်ခင်ဗျ
    ကိုကြီးမိုက်ရေ… မှန်လိုက်တာခင်ဗျာ ။ နောင်တဆိုတဲ့အမျိုးဟာ နောင်မှတရတာပါဘဲခင်ဗျား ။ မောင်ပေသည် နောင်တအပြည့်နဲ ့ပါခင်ဗျား။
    ကိုမောင်ထူးရေ … သင်ခန်းစာရတယ်ဆိုတဲ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်ခင်ဗျ ။ ကျေးဇူးပါနော
    ဝါသနာတူတဲ့ မိတ်ဆွေ အညာတမာရေ ၊ ကျွန်တော့်ပို ့စ်လေးတွေကို အမြဲတမ်းဖတ်ပြီး ကွန်မင့်အမြဲ ပေးခဲ့လို ့လေးစားကျေးဇူးတင်ပါတယ်ခင်ဗျ
    ကိုရာဇဝင်လူဆိုးရေ… အားပေးစကားဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ
    နိုရာလေးရေ… ပို ့စ်ကိုဖတ်ပေး ၊ ဆုတောင်းပေးလို ့အရမ်းဝမ်းသာမိတယ် သိလား ။ ဂျစ်မယ်နော ဟီဟိ
    မအိရေ… စေတနာနဲ ့သတိပေးလမ်းညွှန်ချက်လေးကို လေးစားကျေးဇူးတင်ပါတယ်ဗျို ့
    *******
    ကျွန်တော့် ပို ့စ်ကို ဝင်ဖတ်ပေးသွားသော စာဖတ်သူအားလုံးကိုလဲ လေးစားကျေးဇူးတင်ရှိပါတယ်ခင်ဗျား

  • shwe kyi

    July 6, 2012 at 3:48 pm

    အူးဗိုက်ကိုလုံးဝထောက်ခံပါတယ်။ ကိုပေက ဘာကိုပဲလုပ်လုပ်သေချာလေ့လာပြီးမှလုပ်တတ်တဲ့ အကျင့်ကောင်းလေးရှိနေတယ် အဲဒါကိုက ကိုပေရဲ့ ကြီးပွားကြောင်းပါပဲ ဒါပေမယ့် အူးဗိုက်ပြောသလိုကိုယ်တယောက်တည်း မှန်နေလို့ သစ္စာရှိနေလို့ကတော့ မကြီးပွားပါဘူး အဲဒီလောကမှာကလူလိမ်တွေများတယ်လေ။

    • မောင်ပေ

      July 6, 2012 at 8:29 pm

      ဟုတ်ကဲ့ မ/ကို shwe kyi ပြောတာ မှန်ပါတယ် ခင်ဗျား…
      ၁၀ဝမှာ ၅ဝလောက်က အလိမ်အညာတွေများပါတယ် ခင်ဗျ
      ဖတ်ရှုအားပေးတဲ့အတွက် လေးစားကျေးဇူးတင်ပါတယ် ခင်ဗျ

  • MaMa

    July 6, 2012 at 5:36 pm

    ဘဝအတွက်သင်ခန်းစာကို အခုလို ချပြတော့ ကျန်တဲ့သူတွေလည်း ဗဟုသုတရလိုက်တာပေ့ါ။
    အမှန်က စိတ် ပါပဲ
    စိတ်ကို ထိန်းနိုင်ဖို့ဆိုတာ အင်မတန်ခဲယဉ်းတယ်။
    အရက်သောက်တယ်ဆိုတာကို အပြစ်လို့ ပြောမရပေမယ့် အလွန်အကျွံမဖြစ်အောင် ထိန်းနိုင်ရဲ့လား။
    လောင်းကစားလည်း ဒီအတိုင်းပဲ။
    လုံးဝ ကင်းအောင် နေရမယ်လို့ မဆိုလိုဘူး။
    ဒါပေမယ့် ကိုယ့်အတိုင်းအတာနဲ့ကိုယ် ရပ်သင့်တဲ့ အချိန်မှာ ရပ်နိုင်ရင် လူတော်ပဲ။

    • မောင်ပေ

      July 6, 2012 at 8:32 pm

      ဘယ်အလုပ်ဘဲလုပ်လုပ် ၊ ကိုယ့်အလုပ်အခြေအနေ အတိုးအဆုတ် ကို အမြဲတမ်း ပြန်သုံးသပ်နေသင့်တယ်လို ့ထင်မိတာပါဘဲ အန်တီမရေ။

Leave a Reply