၁ဝတန်းအောင်ရင် ဘာလုပ်ကြမလဲ အပိုင်း ၂
ပညာရေးအတွက် မိဘတွေက ဘယ်လောက်အတိုင်းအတာထိ ပံ့ပိုးဆောင်ရွက်နိုင်မလဲဆိုတဲ့ အချက်ကလည်း အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လို့ နေပြန်ပါသေးတယ်။
ဒါကြောင့် မေးမြန်းလာတဲ့အခါ ကလေးက ဘာဝါသနာပါသလဲ၊ ဘာလုပ်ဖို့ ရည်ရွယ်ထားသလဲ။ သူက ဘာဖြစ်ချင်တာလဲလို့ ပြန်မေး ရပါတယ်။ ဟုတ်ပြီး ရည်မှန်းထားတာရှိတယ်ဆိုရင် ဒီဘာသာရပ်အပေါ် ကိုယ်ကိုယ်တိုင် နိုင်နင်းစွာ သင်ကြားနိုင်မလား ဆိုတာကို အရင်ဆုံး လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ အဓိက ပြောချင်တာကတော့ ကိုယ် ရွေးချယ် သင်ယူတဲ့ လိုင်းက ကိုယ်ရဲ့ဘဝလမ်းကြောင်းမှာ အသုံးချဖို့ သင့် မသင့်နဲ့ ဝါသနာပါ မပါဆိုတာပါပဲ။ တစ်ချို့က မိဘတက်ဆိုလို့ တက်လိုက်တယ်။ ကျောင်းပြီး ဘွဲ့ရတဲ့သူရှိသလို လမ်းခရီး တစ်ဝက်မှ ဘာသာပြောင်းတက်တဲ့ သူတွေလည်း ရှိကြတယ်။ ဥပမာ အိမ်နားက ကလေးတစ်ယောက်ဆို ဆေးလိုင်းဝင်တော့ မိဘက ဆေးတက္ကသိုလ်တက်ခိုင်းတယ်။ အစပထမတော့ ကလေးက တက်လာ လိုက်တာ ဟော နောက်ဆုံးနှစ်လည်း ရောက်ရော သူ ဝါသနာမပါဘူး၊ စိတ်မဝင်စားဘူးဆိုပြီး ဘာသာရပ် ပြန်ပြောင်းယူပါလေရော။ ဒီတော့ မိဘက ပံ့ပိုးလာခဲ့တဲ့အရာတွေက သဲထဲ ရေသွန်ဖြစ်မနေဘူးလား။ သူ့အနေနဲ့လည်း အချိန်လည်းကုန်၊ ငွေလည်းကုန်၊ လူလည်း ပင်ပန်းဆိုသလို ဖြစ်သွားတော့တာပေါ့။ ဒီလိုလူတွေအပြင် ဘွဲ့ရပြီး အလုပ်မရှိတဲ့သူတွေလည်း ဒုနဲ့ ဒေး တောင်ပုံရာပုံ ဖြစ်နေတာကို မြင်တွေ့ကြ မှာပါပဲ။ ကျောင်းပြီးတာနဲ့ ဘာအလုပ်လုပ်မယ်၊ ဘာတွေ ပြင်ဆင်ထားရမယ်ဆိုတာ အရင်ဆုံး လေ့လာ သုံးသပ်ပြီး ပြင်ဆင်ထားမှသာ အလုပ်ခွင်ထဲ တန်းဝင်နိုင်မှာ ဖြစ်ပါတယ်။ သားသမီးကလည်း စိတ်အားထက်သန်၊ မိဘတွေကလည်း ထောက်ပံ့နိုင်တဲ့ ကလေးဆိုရင်တော့ သူ့ဘဝအတွက် အနာဂတ်ရဲ့ အတောက်ပဆုံး ကြယ်တစ်ပွင့်ဖြစ်လာမှာ အမှန်အကန်ပါပဲ။
မြန်မာအင်ဖိုတက် ဟောပြောပွဲတစ်ခုမှာ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဦးဟောပြောပွဲအတွင်းမှာ ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသားတစ်ဦး ထမေးဖူးပါတယ်။ ဘာလဲဆိုတော့ သူလည်း သူ့ခံစားချက်နဲ့သူပေါ့လေ။ ဆေးတက္ကသိုလ်နဲ့ အင်ဂျင်နီယာတက္ကသိုလ်က ဘွဲ့ရပြီးတဲ့သူတွေက အလုပ်ခွင်တန်းဝင်ကြပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းဆင်းဘွဲ့ရတွေကျတော့ ဘာကြောင့် အလုပ်တန်းမခန့်ကြတာ ပါလဲလို့ ရဲဝင့်စွာ မေးသံကြားရပါတယ်။ ဒီတော့ ဆရာ ဦးသိန်းဦးက ဒီလို ပြန်ဖြေပါတယ်။ ကွန်ပျူတာ တက္ကသိုလ် ဘွဲ့ရသူတွေကို ခုလည်း အလုပ်တန်းမခန့်သလို နောင် ၁ဝ နှစ်အကြာလည်း အလုပ်တန်းခန့်မှာ မဟုတ်ပါဘူးတဲ့။ သူပြောတာ မှန်နေပါတယ်။ ခုလည်း အလုပ်ဝင်ပြီဆိုရင် အရင်ဆုံး On Job Training ခြောက်လ အရင်ဆင်းပြီးမှသာ ပြန်လည်ရွေးချယ် ခန့်ကြတာများပါတယ်။ သဘောတရားကတော့ အလုပ်တစ်ခုရဖို့ ဘက်ပေါင်းစုံက ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ပညာသင်ကြားရေးဆိုတာမှာလည်း တက္ကသိုလ်မှာ ပညာသင်ကြားရုံသက်သက်နဲ့ ထိုက်တန်တဲ့ အဆင့်တစ်ခုကိုရဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ခုခေတ်ကျတော့ မိဘတွေကလည်း ထောက်ပံ့နိုင်တော့ သင်တန်းတွေသာ တစ်ခုပြီး တစ်ခုတက်ကြပြီး လက်မှတ်တွေ လက်ထဲ ကိုင်ပြီး အလုပ်မရှိတဲ့သူတွေ ပေါများနေကြတာ အများအပြား တွေ့ရှိနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝါသနာပါတာနဲ့ မကိုက်ညီကြတာလို့ မြင်မိပါတယ်။ ဒါတက်ပြီးရင် ဒါတက်ဆိုတဲ့ မိဘတွေရဲ့ပုံစံခွက်ထဲကနေ ကိုယ်ဖြစ်ချင်တာကို မိဘနဲ့ တိုင်ပင်ဆွေးနွေးပြီး လျှောက်လှမ်းရင် ပိုမိုကောင်းမွန်မှာ အမှန်ပဲ ဖြစ်ပါတယ်။
ခုချိန်ခါကတော့ နိုင်ငံတော်ကြီးလည်း ပြုပြင်ပြောင်းလဲလာတဲ့ အနေအထားကို ရောက်ရှိလို့ လာနေပါပြီ။ စီးပွားရေးလုပ်ငန်းတွေလည်း အများအပြား ပေါ်ပေါက်လာပြီး အားလုံးက မျက်စိပွင့် နားပွင့် ခေတ်အခြေအနေရောက်ရှိနေပြီ ဖြစ်ပါတယ်။ အစိုးရကျောင်းများအပြင် ပုဂ္ဂလိက ကျောင်းများလည်း နေရာ အနှံ့အပြားမှာ ဖွင့်လှစ်ခွင့်ရရှိနေကြပြီဆိုတော့ ရွေးချယ်ခွင့်တွေ အများအပြားလိုလာပါပြီ။ အတော်များများကတော့ ကိုယ့်သားသမီးကို နိုင်ငံခြားမှာ ကျောင်းထားမယ်ဆိုတဲ့ အတွေးတွေ တသီတတန်းကြီး ရှိနေကြသလို အစိုးရကျောင်းထွက်လည်း ဘာမှလုပ်စားလို့မရဘူးဆိုတဲ့ အတွေးအခေါ်တွေလည်း ရှိတဲ့ မိဘတွေ ရှိနေကြမယ်လို့ မြင်မိပါတယ်။ ဒါပေမယ့် မိဘများအနေနဲ့ သေချာ သုံးသပ်စဉ်းစားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းပြီးလို့ ပြည်တွင်းမှာ အလုပ်လုပ်မယ့်သူ ရှိသလို ပြည်ပထွက်ချင်သူတွေလည်း ရှိကြမှာပါပဲ။ အဲဒီတော့ ဘယ်လိုအချိန် သိသာသလဲဆိုရင်တော့ အစိုးရကျောင်းကို လစ်လျူရှုထားတဲ့ မိဘတွေအနေနဲ့ အပြင်ကျောင်းပဲ ထားပြီး စင်ကာပူလို နေရာမျိုးမှာ အလုပ်သွားလုပ်ခိုင်းမယ့် ကိုယ့်သားသမီး အတွက် တစ်ချက် စဉ်းစားရမှာကတော့ အစိုးရကျောင်းဘွဲ့ရနဲ့ မရကို သူတို့နိုင်ငံက ပိုင်းခြားသတ်မှတ်ထား လို့ပါပဲ။ ဘွဲ့ရ ကလေး တစ်ယောက်ဆို သူတို့နိုင်ငံမှာ Spass လို့ ခေါ်တဲ့ ဝင်ခွင့်နဲ့ သွားရောက် လုပ်ကိုင်ခွင့် ရသလို လစာလည်း ကောင်းပြီး လူလည်း ပင်ပန်းမှုကို လျှော့စေမှာ ဖြစ်ပြီး ဘွဲ့မရရင်တော့ Work Permit ဆိုတဲ့ အမည်ခံနဲ့ သွားရောက်လုပ်ကိုင်ရမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကွာခြားမှုကို မျက်မြင်တွေ့ရှိရမှာ ဖြစ်ပါတယ်ဆိုတာ သတိလေးထားသင့်တဲ့ အချက်လေးပဲ ဖြစ်ပါတယ်။ တကယ်လို့ ၁ဝ တန်းအောင်စာရင်း အမှတ်က နည်းနေ တယ်ဆိုရင်တော့ အဝေးသင်တက်ပြီး တစ်ဖက်တစ်လမ်းက ကိုယ်သန်ရာ ပရော်ဖက်ရှင်နယ် လိုင်း တစ်ခုကို ရွေးချယ်ပြီး အလုပ်ခွင်အတွက် ပြင်ဆင်ထားသင့်ပါတယ်။
တစ်ချို့ကျတော့ မိဘချမ်းသာတဲ့ အသိုင်းအဝိုင်းက သားသမီးတွေက အဆင်သင့် စားနိုင် သွားနိုင်တဲ့သူတွေကျတော့ အလုပ်ဆိုတာ မလုပ်လည်း ဖြစ်တယ် ဆိုတဲ့ အတွေးလည်း ရှိကောင်း ရှိနေမှာပါ။ ကျွန်မကတော့ ပညာရေးလည်း မပျက်ပဲ ဘဝတစ်လျှောက် ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ်ဝါသနာပါရာ လမ်းကို လျှောက်စေချင်ပါတယ်။ သူများပြောလို့ ခေါင်းညိတ် တာထက် ကိုယ်ပြောလို့ သူများ ခေါင်းညိတ်တာပဲ ဖြစ်စေချင်ပါတယ်။ ဒီတော့ ကျွန်မ ပြောချင်တာကတော့ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ၁ဝ တန်းဆိုတဲ့ တံတိုင်းကြီး ကနေ ကိုယ့်လမ်း ကိုယ်ဖောက် ကိုယ့်ခြေကိုယ်ရပ်ပြီး ဘဝ အားမာန်ကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်တဲ့ သားသမီးတွေ အများအပြား ပေါ်ထွန်းလာပြီး မိဘက ဘေးကနေ ပဲ့ကိုင် ထိန်းကျောင်းပြီး ပျော်ရွှင်တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ကြစေဖို့ ဘယ်လိုကျောင်းပဲတက်တက်၊ ဘယ်လို လုပ်ငန်းကိုပဲ လုပ်လုပ်၊ ရှောင်လွှဲလို့ မရတဲ့ အရေးကြီးတဲ့အချက် အနည်းငယ်တော့ ပြောလိုက်ပါရစေ။ ပထမဆုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ဘဝကို တည်ဆောက်ပါ။ မိဘတွေကို အားကိုးတာထက် ကိုယ်ခြေပေါ် ကိုယ်ရပ်ပြီး ကိုယ်တိုင် ကြိုးစားကြပါ။ ခုလို နည်းပညာခေတ် ဘဝလမ်းကို လျှောက်လှမ်းဖို့ မလွှဲမသွေ ပြင်ဆင်ရမှာကတော့ အင်္ဂလိပ်ဘာသာနဲ့ ပတ်သက်ပြီး အပြောအဆို၊ အရေးအသား ကျွမ်းကျင်ဖို့ လိုအပ်သလို၊ နည်းပညာခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်ဖို့ ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချ နိုင်ရမည့်အပြင် အခုဆိုရင် စီးပွားရေး ဈေးကွက်မှာ နိုင်ငံတကာက နယ်မြေတိုးချဲ့လာပြီ ဖြစ်တဲ့အတွက် တရုတ်ဘာသာစကားနှင့် ဂျပန်ဘာသာစကားကိုပါ တတ်ထားသင့်ပြီဆိုတာ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာ တဲ့ ခေတ်အခြေအနေကို မြင်တွေ့နေရင်းနဲ့ ကျွန်မ ပြောချင်ပါတော့တယ်။
ဲဇူလိုင် ၁ ရက်နေ့ မြန်မာအိုင်စီတီဂျာနယ်တွင် ဖော်ပြပါရှိပြီး ဖြစ်ပါသည်။
စာရေးသူ – မနောဖြူလေး
၂၅.၆.၂၀၀ရ (ည ၁ဝ နာရီ ၃၂ မိနစ်)
23 comments
ho leo
July 6, 2012 at 3:38 pm
10 တန်းမအောင်ခင် တက်ချင်ခဲ့တာက ရေကြောင်းတက္ကသိုလ်
ဒါပေမယ့်လည်း အကြောင်းမလှ အမှတ်က နည်း၊ အခုတော့လည်းကမ်းမမြင် လမ်းမမြင်နဲ့
တော်သေးတာပေါ့ ကိုယ်လိုလူတွေရှိသေးလို့။
အဓိက အရေးကြီးတာက အမှတ်ပေါင်းမဟုတ်ဘူး၊ ကျောင်းသားတစ်ယောက်ရဲ့ အရည်အချင်းက အဓိက။
ဒါတွေကိုပြောမယ်ဆိုရင်တော့…………………….
ကျွန်တော်တို့ အမှားပါပဲလို့
ဆယ်တန်းမှာ ကြိုးစားခဲ့ရမှာလေ
နောင်မှတ တဲ့နောင်တပေါ့
manawphyulay
July 6, 2012 at 3:56 pm
ပြုပြင်လို့မရတဲ့ အမှားကို နောင်တရနေလို့လည်း မဖြစ်ပါဘူး ho leo ရေ…
ခုချိန်မှာ လမ်းမှန်သွားပြီး ဝါသနာနဲ့ အလုပ်နဲ့ အရည်အချင်းတွေကို ဖော်ထုတ်ဖို့ အသင့်ဆုံးပါပဲ။ ရောက်ရှိနေတဲ့နေရာကနေ ဆက်လက်ကြိုးစားဖို့ ပြောပါရစေရှင်။
ho leo
July 7, 2012 at 11:47 am
ဟုတ်ကဲ့ ကြိုစားနေပါတယ်
CTH မြန်မြန် ပြီးအောင် ကြိုးစားနေပါတယ်
ဒီလမ်းကတော့မှန်ပြီလို့တော့ထင်တယ်
fatty myat
July 6, 2012 at 8:15 pm
ဟုတ်တာပေါ့….မှန်တာပေါ့…
ho leo
July 7, 2012 at 11:53 am
အစ်မက အပြတ်အသတ်ပဲနော် ထောက်ခံထားတာ
အစ်မကော၁ဝတန်းအောင်ပြီးဘာတွေလုပ်ခဲ့လဲ
နောင်တပဲ ရခဲ့တာလား
snow white
July 6, 2012 at 3:55 pm
မမပြောတာ အမှန်တွေများကြီးပါပါတယ် ကိုယ့်က၁ဝတန်း အောင်ရင် ဘာမေဂျာရမလဲ ဘယ်ကျောင်းတက်ရမလဲ ဆိုတာ မသိဘူး အမှတ်စာရင်းပေါ်မူတည်ပြီးမှ တက်ရတာဆိုတော့ ၁ဝတန်းမှာကိုယ့်ကကြိုးစားမှသာ ကိုယ်တက်ချင် တဲ့ ဘာသာတွဲကိုလေ့လာသင်ယူလို့ရမယ် ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကိုရမယ် မမပြောသလိုပေါ့ မိဘဘက်ကလည်းဘယ်လောက်ထိသားသမီးကို ပေးနိုင်လည်းပေါ့ တစ်ချို့မိဘတွေဆို ချမ်းသာတယ် သားသမီးတွေကို ကျူရှင်တွေ guide တွေများကြီးနဲ့ ထားနိုင်တယ် ဒါပေမယ့်သားသမီးကအဲ့လောက် ဉာဏ်မမီဘူးသင်ချိန်များတယ် နားရမယ့် ချိန်နည်းတယ် မိဘ နဲ့သားသမီး ညှိယူတာကောင်းတယ် အမှတ်နည်းတဲ့ လို့ရိုးရိုးမေဂျာတက်မယ့်သူများကတော့ အကြံပေးကြည့်တာပေါ့နော် မိဘအဆင်ပြေသူများကတော့ dayတက်တာ ကောင်းပါတယ် အဆင်မပြေတဲ့သူdayမတက်ရဘူးလို့ မပြောပါဘူး ဘာလို့လည်းဆိုတော့ dayသမားတွေက အချိန် ကုန်စေတာနဲ့တူတယ် တနေ့ကျောင်းသွားလိုက် ကျောင်းကပြန်လာလိုက် နောက်နေ့ကျောင်းသွားလိုက် ကန်တင်းလေးမှာစကားလေးတွေ ပြောလိုက် ဝေလေလေတွေများတယ်လေ သူများကိုမပြောဘူးနော် ကိုယ့်တုန်းကလည်းအဲ့လိုနဲ့ကျောင်းပြီးခဲ့တာလေ ဒါကြောင့် အချိန်ကုန်စေမယ့်တူတူ အဝေးသင်လေး တက် လက်မှုပညာလေးသင် ဒါမှမဟုတ် ကိုယ် ဘာဘာသာစကားကို တက်ချင်လည်းတရုတ်စကားဆိုလည်းတရုတ်ဘာသာစကားကိုလေ့လာ ပြီးမြောက်အောင်တော့ တက်ဖို့လိုတယ် အင်္ဂလိပ် speaking ဆိုလည်း ဘာဘာသာစကားဘဲဖြစ်ဖြစ် စသင်ခါစတော့ အခက်ခဲတော့ ရှိမယ် ဒါပေမယ့် ပြီးမြောက်အောင်တော့တက်ကြည့်ရမယ် ဘာသာစကားထဲမှာမြန်မာစကားသာလျှင် လွယ်ဆုံးဘဲ ဒါကြောင့်လည်းမြန်မာလူမျိုးဖြစ်ရတာဂုဏ်ယူတယ် အကြံပေးချင်းသာဖြစ်ပါတယ် မိဘနဲ့သားသမီးသာလျှင် နားလည်မှုလေးတွေနဲ့ ကိုယ့်သားသမီး ၁ဝတန်းအောင် ရင် ငါ့သားသမီးကိုဘယ်လိုမျိုးအတက်ပညာတွေ အတန်းပညာတွေ ဆက်လျှက်အမွေ ပေးနိုင်မလည်းဆိုတာ မိဘများလည်း စဉ်းစားတွေးတောထားမှာပါ။
Moe Z
July 6, 2012 at 4:15 pm
(((ဘာသာစကားထဲမှာမြန်မာစကားသာလျှင် လွယ်ဆုံးဘဲ )))
စနိုးက မြန်မာဖြစ်နေလို့ပါကွယ်
နိုင်ငံခြားသားတစ်ယောက်အတွက်တော့ မြန်မာစာကတော်တော်
ခက်ခက်ခဲခဲသင်ယူရတဲ့ဘာသာရပ်ပါ ..
snow white
July 6, 2012 at 4:29 pm
ဟုတ်လား ဟိုတစ်လောကစနိုး အားတဲ့ရက်တစ်ရက်မှာ ပေါ့ တီဗီကနေ ကြည့်လိုက်ရတယ် ကိုရီးယားလူမျိုးမြန်မာလိုပြောတယ် မေးတဲ့သူကလည်းမေးတယ် မြန်မာစကားကိုသင်ရတာ ခက်လားတဲ့ သင်ရတာပျော်ဖို့ကောင်းတယ် အတက်လည်းလွယ်ပါတယ်တဲ့ ကိုမ်ိုးဇက်ပြောတာလည်း မှန်မှာပါလေ စနိုးရေးတာလောသွားလို့နေမယ် ခွင့်လွတ်နော် ဘယ်ဘာသာစကားဖြစ်ဖြစ်ပါ နည်းနဲ့များတော့ ခက်မှာပါနော် ကိုမိုးဇက် ။။။
ho leo
July 7, 2012 at 12:04 pm
ဒါပေါ့ အစ်မရေးတာမှန်လိုက်တာ မိဘတွေနေနဲ့ သားသမီးတွေရဲ့ ဖြစ်ချင်တဲ့အရာကိုဦးစားပေးသင့်တယ်
မိဘတွေ က အနောက်ကနေsupport လုပ်ပေးရင်ရပြီ သားသမီးတွေကလည်းမိဘ အပေါ်နားလည်သင့်တယ်မိဘအခြေနေတွေကိုပေါ့
snow white
July 6, 2012 at 4:02 pm
့he leo လေးကရေကြောင်းတက္ကသိုလ်တက်ချင်တာ လား မောင်လေးရယ် အဖြစ်ဆိုးလိုက်တာ တက်ချင်တာကိုပေးမတက်ဘူးနော် သနားပါတယ် င့ါမောင်လေးအဆိုတော်တော့ လုပ်လို့ရပါတယ် ဘာကြောင့်လည်းဆိုတော့ ကြက်ဖ ထက်င့ါမောင်လေးကအသံလည်းကောင်းတယ် ရုပ်လည်းချောတယ် ဟီးးးးးးးးးးးမြှောက်ပြောကြည့်တာ မုန့်ဝယ်ကျွေးမယ်မဟုတ်လား ကမ်းမမြင် လမ်းမမြင် သီချင်းတောင်ဆိုတက်နေပြီဘဲ အဆိုတော်ကောမဖြစ်ချင်ဘူးလား…..
ho leo
July 7, 2012 at 11:36 am
အားပေးတာကျေးဇူးတင်ပါတယ် အစ်မ
အစ်မလည်း အလုပ်အသစ်ရပြီး အဆင်ပြေပါစေ
snow white လိုလည်းလှပါစေ
အဆိုတော်တော့ဖြစ်ချင်ပါတယ် ခက်တာက အသားအရေ
စင်ပေါ်ရောက်သွားရင်မမြင်ရမှာစိုးရတယ်
အရီးခင်လတ်
July 6, 2012 at 5:26 pm
မနောရေ
စိတ်ဝင်စားစရာ အကြောင်းလေးပါ။
ဂျာနယ်တွေ၊ သတင်းစာတွေ မှာ ပါနိုင်ရေးနိုင်လို့ ဂုဏ်ယူပါတယ် မနောရေ။
သူများနိုင်ငံ တွေမှာက ဘာသာရပ် ကို အမှတ် နဲ့ ဆုံးဖြတ်တာထက် နာမည်ကြီး တက္ကသိုလ် ကို ဝင်ဖို့ အမှတ်နဲ့ ဆုံးဖြတ်တာကို ခံရတာ။
အဲဒီ ကျောင်းတွေ ဝင်ခွင့် ရရင်တော့ ဝါသနာပါပြီး ကြိုက်တဲ့ ဘာသာ ယူလို့ ရသလားဘဲ။
( အသေအချာ မသိဘူး။ စုံစမ်းကြည့်လိုက်ဦးမယ်။)
သဘောကတော့ အဲဒီ ကျောင်းထွက် ဆိုရင် သက်ဆိုင်ရာ ဘယ်ဘာသာရပ် အတွက်မဆို အလုပ်တိုင်း က ခန့်ချင်လွန်းလို့။
ယူကေမှာ ဆိုရင် Oxford နဲ့ Cambridge က နာမည်ကြီး ပေါ့။
ဒီတော့ ဒီက ပရိုက်ဗိတ် အထက်တန်းကျောင်း တွေ ရဲ့ တာ့ကက် က သူတို့ ကလေးတွေကို OXBRIDGE (Oxford (သို့) Cambridge) ဝင်ခွင့် ရရေးပေါ့။
ဟိုကျောင်း တွေ ကလဲ တကဲ့ ကို အမှန်အကန် ဒိတ်ဒိတ်ကြဲ တော်မှ ဝင်ခွင့် ရတာကိုး။
ဘာသာစကားမှာတော့ အင်္ဂလိပ်စာက နိုင်ငံတကာသုံး ဖြစ်သင့်လို့ကိုဖြစ်နေတာပါ။
စာလုံး ၂၆ လုံး အခြေခံ သိရင် ပြီးတာကိုး။
မြန်မာစာ မှာတော့ အပိုအဆွဲ လေးတွေ မှ မပါရင် စာလုံးမရ ဖြစ်နေတာ။
မဟုတ်ရင် “မမ ဝဝ ထထ က” နဲ့တင်ပြီးမှာ။
မြန်မာစာ အခြေခံသင်ရတာ ကို စကားအတင်းစပ်ရရင်
မြန်မာစာမှာ စာလုံးရွတ် ရင်”မမ ဝဝ” ဆိုတာ နဲ့ စမှ။
ဝါကျဖွဲ့တာ ကို သင်ရင် “မောင်ဘ သည် ခွေး ကို ရိုက်သည်” နဲ့ နမူနာပြလို့။
နှစ်ခု လုံးမှာ သူများကို abuse လုပ်သလို ဖြစ်နေသလား လို့။ 😀
အရီးခင်လတ်
July 6, 2012 at 5:54 pm
သတိထပ်ရတာကို ဖြည့်ရရင် အဲဒီ Oxford နဲ့ Cambridge ဒိတ်ဒိတ်ကြဲ ကျောင်းတွေ ကို ဝင်ခွင့် ရတဲ့ ဒိတ်ဒိတ်ကြဲ အများစုဟာ ပရိုက်ဗိတ် အထက်တန်း ကျောင်းတွေက ဖြစ်တယ်။
အဲဒီ ပရိုက်ဗိတ် အထက်တန်း ကျောင်း တွေ ကို ဝင်ခွင့် ရဖို့ ကလဲ ပိုက်ဆံ ပေးနိုင်တိုင်း မရဘူး။
စာမေးပွဲ စစ်ပြီး ဝင်ခွင့် ရ မှ ဝင်လို့ရတယ်။
အဲလို ဝင်နိုင်ဖို့ ပရိုက်ဗိတ် မူလတန်း ကျောင်း တွေ က အသေအချာ လေ့ကျင့် ပေးတယ်။
ပိုက်ဆံ တော့ ရင်းရတာပေါ့။
ဒါဟာ ဒီနေ့ ယူကေ ပညာရေးစနစ်ပါဘဲ။
လောလောဆယ် အစိုးရကျောင်း တွေ မှာ ပညာသင်စနစ် ညံ့လာချိန် မှာ ပရိုက်ဗိတ် ကျောင်း ထွက် နဲ့ အစိုးရ ကျောင်းထွက် အရည်အချင်း ကွာဟ မှု ပိုများလာ နေပြီ။
ဒါဟာ စနစ်ကြောင့်လား။ လူကြောင့်လား။
စဉ်းစားနေဆဲ။ 🙄
ဝမ်းတွင်းရူး
July 6, 2012 at 5:59 pm
ကျနော်တို ့လဲ အလုပ်လုပ်ရကောင်းမှန်း အသိကြီးမဟုတ်ပေမယ့်လို ့
အနေအထိုင်ပေါ့ပျက်လှပါတယ်။ဆင်ခြင်မှပါ။
pan pan
July 7, 2012 at 2:53 am
အိမ်ကမောင်လေးတုန်းကတော့ ဆေးကျောင်းတက်ရမလား ရေကြောင်းသွားရမလား စဉ်းစားရတာပ
အဲ့ဒါ အမေကဆေးလိုင်းတက်စေချင်တာ
အမေမဆုံးခင်က မှာခဲ့တာဆိုတော့ ဆေးလိုင်းရွေးဖြစ်သွားတယ်
ဒါပေမယ့် ခင်နေတဲ့ ဆရာဝန်မမတစ်ယောက်ကတော့ပြောတယ်
ရှည်လျားပင်ပန်းတဲ့လမ်းကိုမှ ရွေးလေတယ်ကွယ်တဲ့
မောင်လေးကိုယ်တိုင်ကလည်း ခပ်အေးအေးဆိုတော့ ဆေးလိုင်းရွေးတာလည်း ပါပါတယ်လေ
ထားပါတော့
ကျမကတော့ ကွန်ပျူတာနဲ့ကျောင်းပြီးတဲ့နောက် အဲ့အပိုင်းပဲဆက်လုပ်ခဲ့တာပါ
ကျောင်းပြီးကတည်းကပေ့ါ
ကျောင်းတုန်းက တချို့သူငယ်ချင်းတွေက ကွန်ပျူတာနြဲ့ပီးပေမယ့် ခုတခြားဖက်တွေရောက်ကုန်တယ်
အလုပ်ထဲမှာတွေ့တဲ့ သူငယ်ချင်းတွေထဲမှာကျတော့လည်း ဆေးကျောင်းအောင်ပြီး ဆမလက်မှတ်တောင်ရပြီးပေမယ့် ဆေးမကုဘဲ ကွန်ပျူတာပိုင်းပဲလုပ်တယ်
(အဟဲ….လျှောက်ပြောနေတာ..ဆိုင်မဆိုင်တော့မသိ)
ဒါနဲ့ ထပ်ကလိုင်ချင်သေးလို့
များသောအားဖြင့်ပေါ့လေ
ဆေးလိုင်းပြီးတော့ ဆရာဝန်
ဂျီတီစီပြီးတော့ အင်ဂျင်နီယာ
စသဖြင့် သူ့ဟာသူပေ့ါ
အဲ့ Chem:, Phys:, Mathစသဖြင့် အဲ့လာတွေကျတော့ကော
ကမ်မက်စတွီကတော့ အဲ့အပိုင်းလုပ်စားတာရှိသေးတယ်
တခြားဟာကျတော့ ဘွဲ့က အမြီးရှည်ဖို့ပဲရှိသလိုလို 🙄
Foreign Resident
July 7, 2012 at 9:42 am
” ခင်နေတဲ့ ဆရာဝန်မမတစ်ယောက်ကတော့ပြောတယ်
ရှည်လျားပင်ပန်းတဲ့လမ်းကိုမှ ရွေးလေတယ်ကွယ်တဲ့ ”
ပန်ပန် ရဲ့
ရေကြောင်းလည်း ရှည်လျားပင်ပန်း တာပါပဲကွယ် ။
ရေကြောင်း တက္ကသိုလ်က ဘွဲ့ရပြီးရင် ၊
အရာရှိမဖြစ်သေးဘဲ ရိုးရိုး သင်္ဘောသား ဘဝ နှင့်
Sea Service ယူရအုန်းမယ် ။
( ဆရာဝန် ကမှ တန်း အရာရှိဖြစ်သေးတယ် )
ပြီးရင် ဆက်ဖြေစရာ စာမေးပွဲတွေမှ အများကြီး ။
2nd Mate ( O O W )
Chief Mate ( Class II )
Master ( Class I )
ဒါတောင် အဓိက Certificate of Competency ပဲရွတ်တာ ။
အဲဒီ စာမေးပွဲ တစ်ခုစီတိုင်းဟာ ၊
ကုန်းပေါ်မှာ အနဲဆုံး တစ်နှစ်ခွဲလောက်နေပြီး ၊
အသေအကျေ ( အသေအကျေ ) ကြိုးစားပြီး ဖြေရတာ ။
ခက်သလားလဲ မမေးနှင့် ၊
စာမေးပွဲ စစ်တဲ့ ရေကြောင်းဦးစီး ဌာန ရဲ့ ညွှန်ချုပ် DG ရဲ့
ယောက်ဖ တို့ ၊ တူ တို့ကိုပါ စာမေးပွဲ ချပြစ်လို့ ။
တစ်ယောက်ဆို စိတ်နာပြီး သင်္ဘော ပါ မလိုက်တော့ဘူး ။
တခြား မရှိမဖြစ် လိုအပ်တဲ့ သင်တန်းတွေလည်း အများကြီး တက်ရအုန်းမှာ ။
ဥပမာ ။ ။ Global Maritime Distress & Safety Satellite System ( GMDSS )
Advance Fire Fighting, Advance Medical Care ( First Aids ထက် မြင့်တယ် )
သင်တန်းတစ်ခု တက်ပြီး အောင်ပြီးလို့ ပြီးပြီမထင်နှင့် ၊
၅ နှစ်တစ်ခါလောက် နည်းပညာ အယူအဆတွေ ပြောင်းနေလို့ ၊
Up Grading Course တွေ ပြန်ပြန်တက်နေရတယ် ။
ယုံလားတော့ မသိဘူး ၊ အဘ ဆီမှာ သင်တန်းဆင်း Certificates ၃ဝ လောက် ရှိတယ် ။
အဲဒီလို သင်တန်းဆင်း Certificates ၃ဝ လောက် မ ရှိရင်လည်း Captain လုပ်လို့ကို မရဘူး ။
နိုင်ငံတကာ မှာ အလုပ်လုပ် နေရတဲ့ Profession တွေအနေနှင့်ကတော့ ၊
နိုင်ငံတကာ ရဲ့ Continuous Learning Practice အရ ၊
အမြဲတန်း ( အမြဲတန်း ) သင်ယူနေရတာပါပဲ ။
အဘတောင် ဒီတစ်ခေါက် ရန်ကုန်ပြန်ရောက်ရင် ၊
သင်တန်းတွေ တက်ရအုန်းမယ် ။
မိုက်ကယ်ဂျော်နီအောင်ပု
July 7, 2012 at 3:17 am
ငွေကြေးချမ်းသာတဲ့လူတွေကတော့တစ်မျိုးပေါ့ဗျာ
တစ်လောကတောင်အသိတစ်ယောက်ပြောနေသေးတယ်
သူ့သမီးလေး အမှတ်ကောင်းကောင်းနဲ့အောင်သတဲ့
ဆေးကျောင်းမထားနိုင်လို့ ဝမ်းဆွဲသင်တန်းဘဲ တက်ခိုင်းတော့မယ်တဲ့
ဘာမှတော့မဆိုင်ပါဘူးဗျာ
ဒီလိုအတန်းကျောင်းတွေအောင်ကြတဲ့အကြောင်းတွေပြောရင်
ကျုပ်အဘနဲ့ သူ့မိန်းမ ကျုပ်အမေကိုသတိရတယ်ဗျာ
အဖိုးကြီးနဲ့အဖွားကြီးက ကျုပ်ကို တော်တော်ပညာတတ်ကြီးဖြစ်စေခြင်တာ
ဒါပေမယ့် ကျုပ်က ခြောက်တန်းဘဲအောင်တယ်
အဲ့သည်တုန်းက ကျုပ်က နွားကျောင်းတာဘဲဝါသနာပါတယ်
ကျုပ်ဝမ်းနည်းတယ်ဗျာ
လစ်တော့မယ်
အရီးခင်လတ်
July 7, 2012 at 3:46 am
လောကကြီး ရဲ့ မတရားတဲ့ အမှန်တရား တွေ ထဲ မှာ ဒါကလဲ တစ်ခုပါဘဲ ဘပုရယ်။
ဉာဏ်ချင်းတူ ၊ ကြိုးစားချင်စိတ်တူ လို့ ကတော့ ပိုက်ဆံ ရှိ ပညာတတ် တဲ့ မိဘ ရဲ့ ကလေး တွေ က ရှေ့မှာ ရောက်နေတာ နေရာတိုင်းမှာပါဘဲ။
Foreign Resident
July 7, 2012 at 9:09 am
” အစိုးရကျောင်းကို လစ်လျူရှုထားတဲ့ မိဘတွေအနေနဲ့
အပြင်ကျောင်းပဲ ထားပြီး စင်ကာပူလို နေရာမျိုးမှာ
အလုပ်သွားလုပ်ခိုင်းမယ့် ကိုယ့်သားသမီး အတွက် ”
” ဘွဲ့ရ နဲ့ မရကို သူတို့နိုင်ငံက ပိုင်းခြားသတ်မှတ်ထား လို့ပါပဲ။
ဘွဲ့ရ = Spass လို့ ၊ ဘွဲ့မရ = Work Permit ”
ဒါလေးတစ်ခုတော့ ထောက်ပြ ခွင့်ပြုပါကွယ် ။
အဘ အသိုင်း အဝိုင်း ၇၅ % လောက် ရဲ့ ၊
ကလေးတွေ အစိုးရကျောင်း မနေတော့ပါဘူး ။
ဒါပေမယ့် ၊ မိဘတွေ ကလည်း ၊
ကလေးတွေကို အစိုးရကျောင်း မထားဘူးလို့ ဆုံးဖြတ် ကတည်းက ၊
နိုင်ငံခြားမှာ ဘွဲ့ရတဲ့အထိထားဖို့ ၊
စိတ် ဆုံးဖြတ်ပြီး / ငွေ ဖယ်ထားပြီးသားပါ ။
GCE ၊ “O” Level ၊ “A” Level လောက်နှင့် ၊
သူတို့သားသမီးကို စင်္ကာပူမှာ အလုပ်လုပ်ခိုင်းဖို့ ၊
အစီအစဉ် မရှိကြပါဘူး ။
lynn lynn
July 7, 2012 at 11:43 am
မ မနော မနေ့က လိုင်း မကောင်းလို့ ဒီနေ့မှ ဝင့်မန့်ရတယ်။ အပိုင်း(1) ကော အပိုင်း(2)ကော ဖတ်ရှု့သွားပါတယ်။ ကလေးတွေလည်း မှန်ကန်တဲ့ လိုင်းကျောင်းကို ရွေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ကလေးတွေကို ကိုယ့်အားကိုယ် ကိုးစေချင်တယ်။ အခုခေတ်မှာ မိဘတွေက ကလေးကို ဂရုစိုက်တာကို အပြိုင်အဆိုင်လို သဘောထားနေတာကို စိတ်မကောင်းဘူး။ ကလေးတွေရဲ့ စိတ်ဓါတ်နဲ့တိုးတက်ရေးကို ထိခိုက်တယ်လို့ ခံစားမိတယ်။ ကိုယ့်ကျရင်လည်း ဒီလိုမဖြစ်အောင် ဂရုစိုက်ပါမယ်။
shwe kyi
July 7, 2012 at 4:31 pm
အစ်မရေအစ်မပြောသွားတာထောင့်စေ့ပါရဲ့ မြန်မာပြည်မှာဖြစ်နေတာတွေကိုချပြဆွေးနွေးသွားတာကောင်းလိုက်တာ။ အိုင်စီတီဂျာနယ်မှာရေးတယ်ဆိုတာသိရလို့ ဂုဏ်ယူပါတယ်အစ်မရေ။
နောင်လာနောင်သားတွေ ဗဟုသုတရှိဖို့ လိုကြမယ်ထင်တယ်နော်။
dar lin
July 8, 2012 at 5:48 pm
ကျမက ဘွဲ့ရတာ စိုက်ပျိုးရေး အခုတော့ Receptionist လုပ်နေရတယ် စိုက်ပျိုးရေးကြီးက လျှောက်လွာခေါ်တော့ ယောကျာ်းလေးရော မိန်းကလေးရောခေါ်ပြီး အလုပ်ကျတော့မိန်းကလေးမခေါ်ဘူး ကျမကဘာလုပ်ရမလဲ။
မမလေး
October 27, 2012 at 3:59 pm
၁ဝ တန်းပြီရင် မြို့စွန်မြို့ဖျားမှာ ပျက်စီးကြမယ်လေ … အိမ်နဲ့ဝေးတော့ ရည်းစားလည်း မြန်မြန်ရတာပေါ့ …