Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အထူးခေတ်ကို တကယ်သာကြံကြပေါ့

သူရႆဝါJuly 11, 20121min81316

အထူးခေတ်ကို တကယ်သာကြံကြပေါ့

– သူရဿဝါ –

ခေတ်က အထူးခေတ် ဖြစ်လေသည်။ တစ်နှစ်တွင် (၁၂) လရှိသည်တွင် (၁၂) လလုံး အထူးလများ ဖြစ်၏။ ရိုးရိုးလ ဟူ၍ မရှိ။ ကုန်ပစ္စည်း အရောင်းအဝယ်၊ ကြော်ငြာရှင်များ အထူးနှင့် ပရိုမိုးရှင်းကို တွဲ၍ စပ်၍ ထည်လဲ သုံးနိုင်မှ အောင်မြင်သော အချိန်ဖြစ်သည်။ နည်းနည်းပဲ ထူးထူး၊ များများပဲ ထူးထူး တစ်နည်း မဟုတ် တစ်နည်း နှင့်တော့ ထူးမှကို ရမည် ဖြစ်သလို ပရိုမိုးရှင်း ဈေ းလျှော့ ရောင်းလျှင်လည်း နည်းနည်းပဲ လျှော့လျှော့ များများပဲ လျှော့လျှော့ တစ်နည်းနည်း နှင့်တော့ လျှော့သည် ဆိုမှပင် အဆင်ပြေ၏။

ဘာပစ္စည်းကို ရောင်းရောင်း၊ ဘာပစ္စည်းကို ဝယ်ဝယ် အထူးနေ့များ၊ ပရိုမိုးရှင်း နေ့များတွင် ဝယ်မှ ပို၍ အရသာရှိ၊ ပို၍ တန်ရာတန်ကြေးဖြစ် စသည်ဖြင့် ရောင်းသူ ဝယ်သူ အသံတူကာ နှစ်နှစ်ခြိုက်ခြိုက် ပျော်ပျော်ရွှင်ရွှင်ကြီး ဆင်နွှဲလျှက် ရှိရာ အထိမ်းအမှတ် အထူးနေ့ များနှင့် အထူး ကုန်ပစ္စည်းတို့ ဘယ်ပုံ ဘယ်နည်း အစပ်အဟပ် တည့်ကာ ထိပ်တိုက် တိုးလျှက် ရှိနေကြ သနည်း ဟူသည်ကို မောင်ဝါဝါ လက်တွေ့ ကွင်းဆင်း လေ့လာသည် ရှိသော် …

အထူးဈေ း

ဈေ းတစ်ခု၏ အတွင်းရှိ သားစိမ်း၊ ငါးစိမ်းများ ရောင်းချသော ဈေ းတန်း တစ်ခုသို့ မောင်ဝါဝါ ရောက်ရှိ၍ နေစဉ်တွင် ကြက်သား ရောင်းသော ဈေ းသည်က ဤသို့ အထူး ရောင်းချ နေလေသည်။

“ကြက် .. ကြက် .. အထူးကြက်နော်၊ လွပ်လပ်ရေးနေ့ အထိမ်းအမှတ် အထူး ကြက်ရောင်းပွဲကြီးပါ၊ မြန်မာ နိုင်ငံတော်ကြီးရဲ့ လွတ်လပ်ရေး အထိမ်းအမှတ် နေ့ကို ဂုဏ်ပြုသော အားဖြင့် စပယ်ရှယ် ပရိုမိုးရှင်းနဲ့ ရောင်းချတဲ့ ကြက်တွေ၊ ဂုဏ်ယူ ဝမ်းမြောက်စွာ စားသုံးကြပါ၊ ခါတိုင်း ရောင်းနေကျ ဈေ းထက် တွမ်တိပါဆန့် ဒစ်စကောင့် ချထားတဲ့ ကြက်တွေ …”

မပြောမရှိပါနှင့်။ အခြား ကြက်သား ဆိုင်များထက် ဝယ်သူ ပို၍ များလေသည်။ မောင်ဝါဝါ မှာတော့ တအံ့တဩ။ အော် … သူ့ဟာသူ နေတဲ့ လွတ်လပ်ရေး နေ့တောင် အထူးနေ့ ပရိုမိုးရှင်း စာရင်းထဲ ဆွဲအသွင်း ခံလိုက်ရပြီ။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးကြက် ပါတဲ့။

အထူးသင်တန်း

ကွန်ပျူတာ အသုံးပြု၍ လုပ်ကိုင် ရသော စာရင်းအင်း ပညာများ သင်ကြားသည့် သင်တန်း တစ်ခုကလည်း အားကျမခံ အထူးခေတ်၏ အားသာချက်ကို အသုံးပြု၍ ဤသို့ ခန့်ခန့်ငြားငြား ကြေငြာထား ပြန်လေ၏။

“နိုင်ငံပေါင်း လေးဆယ့်ရှစ် နိုင်ငံပြန် ဆရာကြီး ပရော်ဖက်ဆာ ဒေါက်တာ မလည်ရှုပ်မှ ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသား သင်ကြားမည့် ကွန်ပျူတာ အသုံးချ နိုင်ငံတကာ စာရင်းအင်း ပညာ သင်တန်းကြီး မကြာမှီ ဖွင့်မည်။ ဖေဖော်ဝါရီလ ဗယ်လင်တိုင်းဒေး အထိမ်းအမှတ် အထူးစပယ်ရှယ် ပရိုမိုးရှင်း သင်တန်းကြေး များကို သုံးရာ့ငါးဆယ် ကျပ်တိတိ လျှော့၍ လက်ခံ နေပါပြီ။ ဦးရာလူ စနစ်ဖြင့် ထိုင်ခုံပြည့်သာ သင်ကြားမည် ဖြစ်သဖြင့် အမြန်ဆုံး သင်တန်း လာရောက် အပ်နှံ ထားကြပါ။ ဖေဖော်ဝါရီလ ပန်းနုရောင် ဗယ်လင်တိုင်း ချစ်သူများနေ့မှာ ဆရာကြီး မလည်ရှုပ်ရဲ့ အထူး လက်ဆောင် ချောကလက် လေးတွေ စားရင်း ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြား ကြရအောင်နော် ..”

ကိုင်း .. မှတ်ကရော။ စာရင်းအင်း သင်တန်းနှင့် ဗယ်လင်တိုင်း ဒေးကို ဆိုင်ဆိုင် မဆိုင်ဆိုင် တွဲစပ်၍ အထူးဟု သတ်မှတ်ပြီး သင်တန်း ဖွင့်ပုံ။ ထိုသင်တန်းလည်း အထူး စာရင်းထဲ ပါသည် ဖြစ်သဖြင့် ထိုင်ခုံပြည့် ဖြစ်ပြန်၏။ မောင်ဝါဝါ မှာသာ တအံ့တဩ။ အော် .. ချစ်သူများနေ့မှာ ချောကလက် လေးတွေ အထူး လက်ဆောင် ကျွေးပြီး စာသင်မတဲ့။

အထူးရှိုး

လက်ရှိ နာမည်ကျော် နာမည်ကြီး နာမည်ရ အဆိုတော်ပေါင်း များစွာ ပါဝင်၍ သီဆို ဖျော်ဖြေမည့် အထူး ရှိုးပွဲ တစ်ပွဲ ရှိသည်ဟု သတင်း ကြားသဖြင့် လက်မှတ် ရောင်းသည့် နေရာသို့ သွားရောက် စုံစမ်းလေရာ ဤသို့ ထူးခြားသော လက်ကမ်း စာစောင် တစ်စောင်ကို လက်ခံရရှိ ဖတ်ရှုရ ပြန်၏။

“နာမည်ကျော် အဆိုတော် တေးသံရှင် များစွာ ပါဝင် သီဆို ဖျော်ဖြေမည့် တောင်သူ လယ်သမားနေ့ အထိမ်း အမှတ် အထူး ရှိုးပွဲကြီးကို တောင်ဒဂုံ လယ်ကွင်းကြီး များထဲတွင် စည်စည်ကားကား မိုးယိုရေယို ကျင်းပမည် ဖြစ်ပါသဖြင့် လက်မှတ် များကို သမိုင်း လမ်းဆုံ ကွမ်းယာဆိုင်၊ ရှစ်မိုင် မီးပွိုင့်ဘေး၊ ဆူးလေ ကုန်းကျော်တံတား၊ လှည်းတန်းဈေ း ငါးပိဆိုင် စသည့် လက်မှတ် အရောင်းဋ္ဌာန ကြီးများတွင် အမြန်ဆုံး သွားရောက် ဝယ်ယူ နိုင်ပြီ ဖြစ်ပါကြောင်း ချစ်ပရိသတ် များအား အသိပေး အပ်ပါသည်။ စုံတွဲများ အတွက် သီးသန့် ကောက်ရိုးပုံ နေရာများ ကိုလည်း စီစဉ် ပေးထားတာ ဖြစ်တဲ့ အတွက် တောင်သူ လယ်သမားနေ့ အထိမ်းအမှတ် အထူး ရှိုးပွဲကြီးကို လာရောက် အားပေး ကြဖို့ မမေ့နဲ့နော် .. ကြားလား”

အောင်မယ် … မမေ့နဲ့နော် ကြားလားတဲ့။ လက်ကမ်း စာစောင်ထဲ ရေးထားသည့် စာ။ သူတို့လည်း တောင်သူ လယ်သမား နေ့ကို ဂုဏ်ပြုချင်လို့ စီစဉ် ထားတဲ့ ရှိုးပွဲကြီး ဖြစ်မည် ထင်သည်။ လယ်ကွင်း ထဲမှာတောင် ဆိုကြမတဲ့။ မောင်ဝါဝါမှာ ပါးစပ်လေး အဟောင်းသားနှင့်။

အထူးကွန်ပျူတာ

လူသိများ ထင်ရှားသည့် ကွန်ပျူတာ ကုမ္ပဏီ တစ်ခု၏ အထူး ပရိုမိုးရှင်း ကြော်ငြာ ဈေ းရောင်းပွဲ တစ်ခု အကြောင်းကို ဤသို့ ထူးထူးခြားခြား ကြားသိ ဖတ်မှတ်ရ ပြန်လေသည်။

“မြန်မာပြည်၏ တစ်ဦးတည်း မူပိုင် အတင်း အဓမ္မ ကိုယ်စားလှယ် နာမည်ကျော် ကွန်ပျူတာ ဘရန်းတစ်ခု ဖြစ်သည့် အိုမီဂါ ကွန်ပျူတာ ပစ္စည်း ရောင်းဝယ်ရေးမှ အမေများနေ့ အထိမ်းအမှတ် အထူး ပရိုမိုးရှင်း ဈေ းရောင်းပွဲ တစ်ခုကို ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ အားလုံးကို တစ်နေရာ တည်းတွင် ပျားသကာလို ချိုသာသော ဈေ းနှုန်းဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ပြီး ဝယ်ယူ အားပေးသည့် မိတ်ဟောင်း မိတ်သစ် များကို အမေများနေ့ အထိမ်းအမှတ် လက်ဆောင် များအဖြစ် နို့မှုန့်ဗူးများ၊ ကလေး အနှီးများ၊ ကလေး ကစားစရာ လက်ဆောင် ပစ္စည်းများကို ဖောဖောသီသီ ပေးသွားမည် ဖြစ်ပြီး အမေများနေ့ အထိမ်း အမှတ် ဖြစ်သဖြင့် “မားသားဘုတ်” ဝယ်ယူသူ များကို ပုံမှန်ထက် ဈေ းနှစ်ဆ တင်၍ .. အဲလေ . ဈေ းနှစ်ဆ လျှော့၍ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း”

ဒါကတော့ တစ်မျိုးပေါ့။ အမေများနေ့ အထိမ်း အမှတ် ကွန်ပျူတာ ရောင်းသတဲ့။ မောင်ဝါဝါမှာ ဉာဏ်မမီ သဖြင့် တွေး၍ မရ။ အို .. ဘာပဲဖြစ်ဖြစ် အထူးနှင့် ပရိုမိုးရှင်း ပါလျှင် ကြိုက်ကြသည့် ကာစတန်မာ များကတော့ ကြိတ်ကြိတ်တိုး နေဦးမှာ မြင်ယောင် မိသေးသည်။

အထူးမောင်ဝါဝါ

အခုတော့ မောင်ဝါဝါ လည်း အတုယူ တတ်မြောက် သွားပြီ။ အရင်ကလို စာမူများကို ဒီအတိုင်း မရေးတော့။ ရေးပြီး ဂျာနယ်တိုက် များသို့ ပေးလျှင် ခေတ်မှီအောင်၊ လူရာ သူရာ ဝင်အောင် အထူးနှင့် ပရိုမိုးရှင်း နာမည်များ ဆိုင်ဆိုင် မဆိုင်ဆိုင် တပ်ကာ

“ကမ္ဘာ့ ဆေးလိပ် မသောက်ရနေ့ အထူး အချစ်ဝတ္ထု”

“အလုပ်သမားနေ့ ပရိုမိုးရှင်း အထူးကဗျာ”

“တပို့တွဲလ ထမနဲထိုး အထိမ်းအမှတ် အထူးသရော်စာ”

စသည်ဖြင့် ခပ်တည်တည် ပေးပို့ရေးသားကာ အထူး စပယ်ရှယ် ပရိုမိုးရှင်း စာရေးဆရာ အဖြစ်ကို ကျေကျေ နပ်နပ်ကြီး ခံယူလျက် နေလေပေတော့သည်။

၁၁ – ဇူလိုင် – ၂၀၁၂

TechSpace Journal

Volume (1), Issue (16)

16 comments

  • မောင်ပေ

    July 11, 2012 at 10:39 am

    ဟားးးးးး အရမ်းရယ်ရတယ်ဗျို့
    ကျုပ် အရမ်းကြိုက်တဲ့ ဆြာဂျက် လိုဘဲ
    သရော်ချက် အရမ်းကောင်းတယ်ဗျို့
    အခုစာတွေကို စုပြီး စာအုပ်ထုတ်ရင် ပြောပေးပါဦးနော
    အိမ်ကလူတွေကိုလဲ ဖတ်စေချင်လို့ပါ

    • Thu Ra Tha Wah

      July 11, 2012 at 10:42 am

      ဟုတ် .. အခုလောလောဆယ်
      အိုင်တီလောကနဲ့ပတ်သက်တဲ့ သရော်စာတွေချည်း တစ်အုပ်အရင် စုထုတ်ဖို့ လုပ်နေတယ်ခင်ဗျ

      • မောင်ပေ

        July 11, 2012 at 10:51 am

        အဲဒါထွက်ရင် ကိုပေါက် ကို ပြောပေးပါနော
        စကားမစပ်
        ခင်ဗျား ဂျီးဒေါ်တွေ ကျန်းမာ ချမ်းသာပါစေလို့
        ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်
        🙂

  • mamanoyar

    July 11, 2012 at 11:07 am

    တကယ်ပါပဲနော် အထူး အထူးတွေ များနေတယ်
    ဖတ်ပြီး တကယ့်ကို သဘောကျမိပါတယ်

  • cum min

    July 11, 2012 at 11:14 am

    မမကောထူး..တာကြိုက်လို့လာ…… ထူးတယ်နော်….ဟေး…ထူးတယ်…ဟေး

  • Wow

    July 11, 2012 at 11:16 am

    ဆြာဂျက်(ကွမ်းခြံကုန်း) နဲ့ဘာတော်လဲဟင်….

  • မဂွတ် ထော်

    July 11, 2012 at 11:17 am

    သဘောကျလို့ ရယ်သွားတယ်ဗျာ
    အဟီးးးးးးးးးးးးးးးးးးးးးး

  • လတ်လတ်

    July 11, 2012 at 12:35 pm

    လာဘီ လာဘီ အထူးခေတ်ကိုဂုဏ်ပြုသောအားဖြင့် လတ်လတ်ရဲ.အထူးကွန်မန်.လာဘီ….
    ကြည့်လော့ ရှုလော့….အထူးခေတ်နှင့်အတူ ၁၅ ကျပ်တန် ပလိုမိုးရှင်းလည်းစတင်လေဘီ…..ဒီဒီ့ဒီ…… 😀

  • may flowers

    July 11, 2012 at 12:37 pm

    အထူး..အထူး…အထူး ပြောလည်းပြောချင်စရာ ဘယ်ကြည့်ကြည့်အထူးတွေချည်းပဲ တကယ်ထူးတာ

    မထူးတာတော့မသိဘူး…..အထူးလေးတပ်လိုက်ရမှဂုဏ်ရှိသလိုလို…လိုင်းကားတွေကအစ အထူးကားတဲ့..

    ကျန်တဲ့ အထူးတွေလည်းများပါ့။

  • တောသားလေး

    July 11, 2012 at 12:46 pm

    ရယ်စရာကောင်းလို့ ရယ်ရတယ်ဗျိ့………….း)

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 11, 2012 at 1:20 pm

    ထူးရင်ထူး မထူးရင် ရူးသွားမှာပေါ့ ….

  • P chogyi

    July 11, 2012 at 1:37 pm

    ကျွန်တော်ကြည့်လိုက်ရတဲ့
    ကြော်ငြာတစ်ခုအကြောင်းပြောချင်လာပြီ
    နာမည်ကြီးမင်းသားပဲ
    အမေများနေ့ကို ဂုဏ်ပြုတာတဲ့
    သူငယ်ငယ်ကနေ အခုထိ သူ့အမေက
    အဲဒီဆပ်ပြာမှုန့်နဲ့အဝတ်တွေလျှော်ပေးတာတဲ့
    အဲဒီဆပ်ပြာမှုန်ပေါ်တာ(မြန်မာနိုင်ငံမှာ) မကြာသေးပါဘူး

  • laypai

    July 11, 2012 at 1:49 pm

    သူ ရ ဿ ဝါ ရဲ့ သရော် စာ ပို့ တွေ အချိန်မရ လို့ မဖတ်မိတာ ကြာ ပြီ။
    ဒီတခါတော့ ကျနော် လည်း ဖတ်ရင်း ပြုံး သွားပါကြောင်း။

  • အထူးဝါဝါ
    အထူးပို့စ်တွေရေးပြီး
    အထူးကောင်မလေးနဲ့
    အထူးမင်္ဂလာဆောင်ရပါစေ

    အထူးကိုပေါက်

  • ကြောင်လေး

    July 11, 2012 at 10:16 pm

    အထူးကြော်ညာတွေထဲက စိတ်ဝင်စားစရာအကောင်းဆုံးကတော့………
    စုံတွဲများ အတွက် သီးသန့် ကောက်ရိုးပုံ နေရာများ ကိုလည်း စီစဉ် ပေးထားတာ ဖြစ်တဲ့ အတွက် တောင်သူ လယ်သမားနေ့ အထိမ်းအမှတ် အထူး ရှိုးပွဲကြီးကို လာရောက် အားပေး ကြဖို့ မမေ့နဲ့နော် .. ကြားလား”
    အတွဲချောင်းဖို့အတွက် သွားကြည့်ဦးမှ ဟိဟိ…

Leave a Reply