သင်ခန်းစာ
ကျောဘက်ကဓား
အသွားထက်လိုက်တာ
အသည်းက ဟက်တက်ကွဲပေါ့။
ပက်စက်တဲ့အကြံ
နင်မို့လို့ နှံရက်တယ်။
ပြန်ပြောခွင့်လည်း မဆိုင်
ငါကမှ မပိုင်ခဲ့တာ။
ယိုင်ခဲ့တဲ့ သူ့စိတ်တွေလည်း
အထိတ်တလန့် အံ့ဩမိရဲ့။
ထိလွယ်တဲ့ ငါ့နှလုံသား
နင်သိသိကြီးနဲ့ဟာ..။
မတရားမရှိပါဘူး
ကျေနပ်လို့ချစ်မိကြတာ။
အပြစ်ဆိုလောက်အောင်လည်း
ဦးနှောက်က အလတ်ကြီးပဲ။
တကယ့်ကို ကြောက်မိပါတယ်
မထောက်ထားခဲ့တဲ့ နင့်စိတ်ဓာတ်
အကြီးအကျယ် သွေးပျက်မိပေါ့။
အေးဆေးပါ…
ဘဝပျက်မသွားပါဘူး။
တစ်ခုတော့ သတိထား…
အစွန်းဆုံးထိ အမုန်းတွေနဲ့
နင်တို့ကို စောင့်ကြည့်နေတယ်။ ။
18 comments
amatmin
July 12, 2012 at 2:36 pm
အဲ့လို နောက်ကထိုးတာတွေကို
အခုတလောကြောက်နေပါတယ်ဆိုမှ.. 😛
ဒေါ်မွန်မွန်ပုံရော.ကဗျာစာသားရောဖတ်ပီး..
ပိုတွေးသွားပါကြောင်းနှင့်…
တခါတလေမထင်ထားမိဘဲ..ကိုယ်တိုင်ကလည်းအပြစ်မရှိတဲ့
ဓါးကိုင်သူဘဝဖြစ်နေတတ်ပါကြောင်း 🙁
မွန်မွန်
July 12, 2012 at 3:17 pm
မွန်မွန်လည်း တကယ်ကို သင်ခန်းစာရသွားလို့ပါ။ 🙂
တွေးမိသွားတယ်ဆိုလို့ ဝမ်းသာပါတယ်။
လူတိုင်းကတော့ ကိုယ်မှန်တယ်ထင်လို့ လုပ်ကြတာပါပဲ။ နားလည်ပေးချင်ပေမယ့်လည်း တစ်ဖက်က လက်မခံနိုင်ဘူး ဖြစ်နေတယ်။
ကိုအမတ်မင်းပြောသလိုပဲ..တစ်ဖက်က ကြည့်ရင် ကိုယ်ကိုယ်တိုင်လည်း ဓားကိုင်သူ ဖြစ်နေမှာပါ။
Khaing Khaing
July 12, 2012 at 2:45 pm
ကောင်းလိုက်တဲ့ကဗျာလေးပါလား မမမွန်ရယ် ……. မမမွန်ရဲ့ခဲတံပို့စ်လေးက အခိုင့်ခေါင်းထဲမှာရော စိတ်ထဲ မှာရော အခုချိန်ထိစွဲနေပါတယ် ……. ကိုယ်ကိုတိုင်ရော သမီးလေးကိုရော တစ်ခြားလူတွေကို အားပေးဖို့ မှတ်ထားပါကြောင်း ……….
မွန်မွန်
July 12, 2012 at 3:27 pm
အားပေးတာ ကျေးဇူးတင်ပါတယ် မခိုင် .. (အလှူပုံမှာ မြင်ဖူးတယ်… အစ်မလို့ ခေါ်မယ်နော်.. 🙂 )
ခဲတံပို့စ်ကို အားပေးလက်စနဲ့လေ တောင်တက်နည်း ပို့စ်ကိုပါ ဖတ်ကြည့်ပေးပါလား… 🙂
မွန်မွန်လည်း အရမ်းကြိုက်လို့…
ခပ်မိုက်မိုက် ကောင်မလေး
July 12, 2012 at 2:50 pm
ကဗျာလေး အရမ်းကောင်းပါတယ်….
ဒါပေမယ့်…………..
အမုန်းဆိုတာတော့ မကောင်းဘူးနော်…
မမမွန်………..။
မွန်မွန်
July 12, 2012 at 3:38 pm
ကျေးဇူးနော် မိုက်လေး… မွန်မွန်လည်း အမုန်းကို မေ့နိုင်အောင် ကြိုးစားနေပါတယ်….
မောင်ပေ
July 12, 2012 at 3:02 pm
နင်တို့ကိုစောင့်ကြည့်နေတယ်ဆိုတော့
နင်တို့=၁ယောက်ထက်များသည်။
ဟီဟိ
Shwe Ei
July 12, 2012 at 3:17 pm
မွန်မွန်ရေ ကိုယ်ပိုင်ဘဝကိုတော့ သူများအတွက်အမုန်းထားရင်း အဆုံးမသတ်စေပါနဲ့။ မေတ္တာစစ်ပေးနိုင်သူနဲ့ တွေ့ပါစေလို့လဲ ဆုတောင်းပေးပါတယ်။
ခင်တဲ့
Shwe Ei
အရင့်ရောင်
July 12, 2012 at 3:18 pm
သွေးပျက်တာတောင်မှ အကြီးအကျယ်ပျက်တယ်နော်
ညွှန်းချက်ကတော့ ကောင်းတယ်ဟေ့……….
မွန်မွန်
July 12, 2012 at 3:41 pm
@ကိုပေ..
နာမ်စား(၃)ခု ရှိတယ်လေ။ နင်၊ သူ၊ ငါ… နင်တို့ = နင်+သူ … 🙂
@Shwe Ei…
အားပေးတာ ကျေးဇူးတင်ပါတယ်ရှင်။ ကြိုးစားနေပါတယ်။
@အရင့်ရောင်…
ပထမဆုံးသွေးပျက်ဖူးတာမို့လို့ နားလည်ပေးပါ။ 🙂
snow white
July 12, 2012 at 3:54 pm
မမမွန်ပုံလေးနဲ့ကဗျာကကွက်တိပါလား ရေးချက်ကတော့ မိုက်တီးတောင် ထိုင်ငိုလောက်တယ် တို့မမနောက်ကျောကိုကော ဘယ်သူထိုးပြီးသွားပြီလည်း ပြောပြချင်ရင်ပြန်ပြောပြနော် ပြန်လာဖတ်အုံးမယ် ခင်မင်လျှက်စနိုး။။။
မွန်မွန်
July 12, 2012 at 5:57 pm
မထင်ထားတဲ့လူပေါ့ စနိုးရယ်။ ကိုယ့်စိတ်နဲ့ နှိုင်းကြည့်ရင်တောင် မယုံကြည်နိုင်ဘူး ဖြစ်နေတုန်း… 🙂
snow white
July 12, 2012 at 6:50 pm
ဟုတ်ကဲ့ပါ မမ မမမွန်ပြန်ဖြေမယ့်အဖြေလေးကိုစောင့်နေတာပါ မမ မမပြန်ဖြေပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။။။
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 12, 2012 at 7:37 pm
အမုနးမျက်လုံးကြီးတွေနဲ ့ကြည့်ပါနဲ ့လားကွယ်
TheWinner
July 13, 2012 at 12:11 pm
မမွန်ရေ၊
ကဗျာလေးက အရမ်းကောင်းပါတယ်။ ဒီအပိုဒ်လေးရဲ့ မာနနဲ့ မခံချင်စိတ်လေးကို ခံစားပေးလို့ ရပါတယ်။ ဒါပေမယ့် ပြောင်းလဲ ခံစားကြည့်ပါ။ ဒီကဗျာလေးထဲက ချစ်တတ်သူလေးရဲ့ အချစ်နဲ့ မထိုက်တန်လို့ ဆိုတာကိုပါ။ လစ်လျူရှုနိုင်ခြင်းဟာ အကောင်းဆုံးပေးတဲ့ သင်ခန်းစာပါပဲ။ မုန်းတဲ့ အမုန်းစိတ်ကို မိနစ်ပိုင်းတောင် အဝင်မခံပါနဲ့။ အမြန်ပြန်မောင်းထုတ်လိုက်ပါ။
အေးဆေးပါ…
ဘဝပျက်မသွားပါဘူး။
တစ်ခုတော့ သတိထား…
အစွန်းဆုံးထိ အမုန်းတွေနဲ့
နင်တို့ကို စောင့်ကြည့်နေတယ်။ ။
မွန်မွန်
July 14, 2012 at 1:31 pm
အားပေးတာ ကျေးဇူးတင်ပါတယ် အစ်မ…
မုန်းမိတာ ရှုံးတာဆိုတာ သိပါတယ်… မောင်းထုတ်ပစ်ဖို့ ကြိုးစားနေပါတယ် အစ်မ…
လုံမလေးမွန်မွန်
November 11, 2016 at 4:48 pm
အခုထိ မုန်းတုန်းပဲ… လမ်းမှာတွေ့ရင် ဟန်ဆောင်ပြုံးပြဖို့တောင် ရွံလို့ မတွေ့ချင်ဘူး
ကိုပေါက်(မန္တလေး)
November 16, 2016 at 5:42 am
ဖတ်ပြီးအထိတ်တလန့်ဖြစ်သွာ
ရက်စွဲဖတ်မိမှ
စိတ်သက်သာရာ
ရသွား