Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗေဒင်…..ယတြာ နှင့် ဗုဒ္ဓဘာသာ..

ကျနော် ခပ်ငယ်ငယ်က ဗေဒင်၊ လက္ခဏာ နဲ့ ရှေ့ဖြစ်ဟော တွေကို တော်တော်ကိုစိတ်ဝင်စားခဲ့ဖူးပါတယ်။ တော်တော်လဲလေ့လာခဲ့တယ်..။ လူတွေ ဗေဒင်မေးကြတယ်..။ မှန်တယ်လို့လဲဆိုကြတယ်။ ဒါကလည်း ဗေဒင်ဆိုတာ အခုမှမဟုတ်သလို ဟိုး ဘုရားရှင်လက်ထက်တော် ကတည်းက ရှိခဲ့တဲ့ ပညာရပ်တစ်ခုပါ။ ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး။ ဘာသာတိုင်းမှာ ရှေ့ဖြစ်ဟောတွေရှိပါတယ်။ တစ်ချို့ဗေဒင်တွေဟာ ပရလောကနဲ့လဲ ဆက်စပ်နေတာတွေရှိပါတယ်။ ဒါကလဲ နတ်အနိမ့်စားတွေရဲ့ ကူညီမှုလဲ ဖြစ်နိုင်ပါတယ်။ ခုခေတ်မှာ သိပ္ပံနည်းကျစွာနဲ့ လုပ်ဆောင်နေတာတွေလဲ ရှိကြပါတယ်။ ရှေ့ရေးကို ကြိုမြင်နိုင်တယ်ဆိုတာ ဖြစ်နိုင်သလို လက်ဖဝါးကိုကြည့်တာနဲ့ အားလုံးသိတယ်ဆိုတာလဲဖြစ်နိုင်ပါတယ်။ (ဥပမာ ကမ္ဘာကျော် လက္ခဏာဆရာကြီး ကိုင်ရို)။ ဒါကတော့ နှစ်ထောင်သောင်းမကလေ့လာခဲ့တဲ့ သိပ္ပံနည်းကျသင်ယူထားတဲ့ပညာတွေဖြစ်ပါတယ်..။ ဗေဒင်နဲ့ပတ်သတ်ပြီးတော့ ရှင်းရမှာတော့ တော်တော်ရှည်ပါတယ်။ သိပ္ပံနည်းကျပါတယ်ဆိုတာတွေလည်း ရှိနေလို့ဖြစ်ပါတယ်။ စိတ်တန်ခိုးပြင်းထန်၍ ရှေ့ဖြစ်တွေကိုကြိုမြင်သည်ထားဦး၊ ဗေဒင်တွေ မှန်သည်လို့ထားဦး ကဲ…သင်ဘာတွေများလုပ်နိုင်မည်နည်း…….။ အဲ …ဆိုးတာတွေကို ……….ဗျာ…….ဪ…ယတြာ ချေမယ်…ဟုတ်ကဲ့..။

ဗေဒင်တွေ ဘယ်လောက်မှန်မှန်၊ရှေ့ဖြစ်နောက်ဖြစ်တွေဘယ်လောက်မှန်မှန်(မှားချင်လဲမှားလိမ့်မယ်နော်) ဒါပေမယ့် ..ယတြာကို ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အလွန်အမင်းယုံကြည်လက်ခံသင့်ပါသလား။ (ယတြာကောင်းရင် မင်းလောင်းကြေတယ်)ဆိုတဲ့စကားပုံမျိုးကြားဖူးပေမယ့်ယတြာချေခြင်းဆိုသည်မှာ ဗုဒ္ဓဘာသာ အယူအဆအရတော့ လောဘ၊ ဒေါသ၊ မောဟ တွေကိုအခြေခံနေကြတယ်လို့ မြင်မိပါတယ်။ ကျနော်အမြင်..။ ( ဘုရားတောင် ဒေဝဒတ် ရန်ကအေးအောင် ယတြာမချေဖူးပါဘူး)။ :P…/

လူဆိုတာ ဘေးဒုက္ခဆိုးကျိုးကြုံလာရင် အကြောက်တရားကြောင့် တစ်ခုခုကို ဆွဲကိုင်အားကိုးချင်ကြတယ်။ အနီးဆုံး ဆုတောင်းကြတယ်။ ပြီးရင် ဗေဒင်မေး ယတြာချေပေါ့။ အကြောက်တရားတွေ လွန်ကဲလာတဲ့အခါ အမှန်အမှားမြင်၊ အမှားအမှန်မြင်ပေါ့။ ဒီလိုဖြစ်နေတာတွေဟာ ကြောက်စိတ်။ ကြောက်စိတ်ဆိုတာ ဆုံးရှုံးရမှာကြောက်တဲ့ လောဘလဲဖြစ်ပါတယ်။ ဥပမာ..ကျနော်တူတစ်ယောက် ၁ဝ တန်းဖြေတာ စာမေးပွဲကျမှာစိုးလို့(အောင်ချင်တဲ့ လောဘ) ယတြာတွေချေ၊ ဘယ်နေ့နံ ဘယ်အသားကို ယူသွား။ စာမေးပွဲခန်းထဲမှာ စာတွေမရရင် ၊ မေ့နေရင် နားထင်ကို အသားနဲ့ထောက်ပြီး စဉ်းစား။ စာမေးပွဲခန်းကလဲထွက်လာရော ကလေးနားထင်မှာ သွေးတောင်စို့နေပါကရောလား..။ ဒါပေမယ့် စာမရတော့ စာမေးပွဲကတော့ ဘုန်းကနဲ ကျရောဗျာ။ နောက်တစ်ခုက မိတ်ဆွေတစ်ယောက်ရဲ့အမေဆိုရင် သူ့သား နိုင်ငံခြားမှာ အလုပ်လုပ်တာ အဆင်ပြေအောင်ဆိုပြီး ချေလိုက်ရတဲ့ ယတြာတွေ မျိုးစုံပါပဲ..။တကယ်လဲ သူ့သားအဆင်ပြေတယ်ဗျ။ ပြေမှာပေါ့ ..ပညာကလဲတတ်၊ အလုပ်ကိုလဲ ကြိုးစား၊ ပေါင်းသင်းဆက်ဆံရေးကလဲ ကောင်းဆိုတော့ ရာထူးပါတက်နေရော။ ဒါပေမယ် သူ့အမေကတော့ သူယတြာကောင်းလို့တဲ့ဗျား။ ..အဲ..ကျန်နေသးလို့နောက်တစ်ခု ..။ ဟိုတလောက သူငယ်ချင်းကောင်မလေးတစ်ယောက် စင်ကာပူသွားဖို့လုပ်တယ်။ မသွားခင် တကယ်နာမည်ကြီး ဗေဒင်ဆရာ ၅ ယောက်လောက်ဆီကိုသွားမေးတော့ သေချာကိုသွားရလိမ့်မယ်ကို ပြောကြတာချည်းပဲ။ အလုပ်လဲအဆင်ပြေမယ်။ သူတို့ပေးတဲ့ ယတြာကိုပဲလုပ် နိုင်ငံသားခံယူရလိမ့်မယ်ကိုပြောကြတာ။ မှန်လိုက်လေခြင်းဗျား။ တကယ်ကို စင်ကာပူကို သွားရပါတယ်။ သူဌေးကလဲ အလုပ်ခန့်ပါတယ်။ ဒါပေမယ့် Spass မရလို့ပြန်လာခဲ့ရတယ်..။ ခုတော့ ယောက်ကျားတောင်ရနေပြီ..။ ယတြာ အစွမ်းလေ…..။

တစ်ခုခုကို ဆုံးရှုုံးရမှာကြောက်နေကြတာနဲ့ ယတြာတွေချေရုံပြီးပါ့မလား တွေးမိတယ်။ အချို့ကကြတော့ ဘဝအေးချမ်းအဆင်ပြေနေရင်တောင်။ ဝါသနာမဖြတ်နိုင်လို့ ဗေဒင်မေးပါတယ်။ ဒီထက်ပိုချမ်းသာမလား။ ယောင်္ကျားဖောက်ပြန်ကိန်းရှိမလား။ ငွေရှုံးနိုင်သလား။ ယတြာချေတယ်။ အားလုံးအားလုံး ကိလေသာတွေနဲ့ ထူပြောနေပါတယ်။ ကံကြမ္မာကို ပြုပြင်လို့ရတယ်အမှတ်နဲ့ ကြိုးစားပြုပြင်နေကြပါတယ်။

ဗေဒင်ဆရာက သင် သေနိုင်ကိန်းရှိတယ်။ ဘုရားသွား စနေထောင့်မှာ ပန်းနဲ့ ဆီမီးကပ်ပါလို့ ညွန်ရင်သွားကြပါတယ်။ အချိန်ကအစတိကျတာတွေလုပ်ပါတယ်။
ဒါဆို ယင်းကဲ့သို့ လုပ်သူက ဘာကြောင့်လုပ်တာလဲ။ ဟုတ်ပါတယ်။ သေရမည်ဟူသော မရဏတရားကို ကြောက်လန့်သော စိတ် (ကိလေသာလောဘ) ကြောင့်၊ ဘဝကို စွဲလမ်းသော (လောဘ)ကြောင့် အမှန်ပင် ပန်းနှင့် ဆီမီးသွားကပ် ပါသည်။ လူမှန်လျှင် ကံမှန်လျှင်၊ သေနေ့စေ့လျှင် သေရမည်။ ဒုက္ခတွေ့ရမည့် ကံတွေ့လျှင် တွေ့ကိုတွေ့မည်။ မည်သို့ပင်မှန်မှန် ဗေဒင်ယတြာဖြင့် ဘဝကံကို ပြုပြင်ယူလို့မရပါ။
သို့သော် နည်းသွားအောင်။ ပါးသွားအောင်။ ကားတိုက်သေရမည့် ကိန်းမှ ခြေထောက်ကျိုးသည်လောက်ပဲ ကြုံအောင်၊ သိန်း ၂ဝ ထီပေါက်ရမဲ့ ကံကနေ သိန်း တစ်ထောင် ပေါက်ရသည့် ကံအထိ ရောက်သွားအောင် တော့ ပြုပြင်လို့ရပါတယ်။ သို့ပေမဲ့ အဲဒီလိုတွေပြုပြင်လို့ရတာ ဗေဒင်က ပေးတဲ့ ယတြာ မဟုတ်ပါဘူး။ သေချာပါတယ်။ ဘုရားဆီးမီးကပ်ဆိုလို့သွားကပ်တယ်။ ကိုယ့်မှာ သေရမှာကြောက်တဲ့စိတ် (ဘဝမက် လောဘ)နဲ့။ ထီပေါက်လိုတဲ့ ကိလေသာ လောဘနဲ့ ကိုးကွယ်ကြတယ၊်ပူဇော်ကြတယ်။ လှူကြတယ်။ လုံးဝလုံးဝ အကျိုးမပေးပါ။ ဒေါသနဲ့ လောဘအခြေခံတဲ့ ယင်းကဲ့သို့ ကုသိုလ်ဟာ အင်မတန်ညံ့ဖျင်းပါတယ်။ စိတ်မထားတတ်လျှင် အကုသိုလ်ပင် ဖြစ်အုံးမယ်။ ကုသိုလ်ကံက သာ ယင်းတို့ကို ပြုပြင်စီရင်ပေးပါတယ်။ ဒါကလည်း ပြုပြင်စီရင်ခံရမဲ့ ကံပါမှ ဖြစ်ပါတယ်။ သေချာတာကတော့ ကံ၊ကံ၏အကျိုးပါ။ ကုသိုလ်ဖိလုပ်ပြီး ဘေးဒုက္ခကို ယာယီလှည့်စားတဲ့သဘောသာရှိပါတယ်။ အချိန်တန်လျှင် ခံရမှာက ခံရမှာ ဖြစ်ပါတယ်။ (ဘုရားတောင် ရှောင်လို့မရပါဘူး)။

နိဂုံးချုပ်ကတော့ ဗေဒင်ကပေးတဲ့ ယတြာချည်းပဲ အားကိုးပါနဲ့။ မိမိကိုယ်ကိုယ်သာ အားကိုးပါ။ မိမိကံကို ံမိမိသာ ဖန်တီးသည်ဖြစ်ပါကြောင်း။

PS: ကျနော်သည် သူကြီး ဦးဦးဦး ဘဘဘ ခိုင် ဆီမှ ပွိုင့်တစ်သိန်းအား တစ်ပတ်အတွင်းရချင်၍ ယတြာချေလိုပါသည်။ ရွာသူရွာသားများ ကူညီကြပါကုန်။

… ရွာမှာပျှော်တဲ့…
+ရာဇဝင်လူဆိုး+

42 comments

  • we R one

    July 17, 2012 at 6:48 pm

    ဗေဒင် တို့ နက္ခတ တို့ ယတြာတို့ ဆိုတာ က ဟိန္ဒူဘာသာ ကနေ ဆင်းသက်လာတယ် လို့ စာအုပ်တွေထဲမှာ ဖတ်ဖူးပါတယ်….။ ဒါပေမဲ့ ကျွန်မ တို့ ဗုဒ္ဓဘာသာ တွေ တော်တော် များများထဲ ကို စိမ့်ဝင်နေတာ တွေ့ရတယ်..။ အထူသဖြင့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေပေါ့..။ တခြား ဘာသာတွေက ဗေဒင်မေးတဲလူ ယတြာချေ တဲ့လူ ရှိမရှိကိုတော့ ကျွန်မလည်း မသိပါ..။
    အိမ်တိုင်း ရက်ရာဇာနေ့ မှာ ဆောက်ကြတာပဲ.. အိမ်တိုင်းချမ်းသာလား ဆိုတော့ မချမ်းသာဘူး..။ အိမ်ထောင် ရက်ရာဇာနေ့မှ ဆောင်ကြတာပဲ.. အိမ်ထောင်တိုင်းမြဲလား ဆိုတော့ မမြဲဘူး..။ ရက်ရာဇာနေ့မှာ ငရုပ်သီးစားရင် ချိုမလား..? ပြသဒါးနေ့မှာ သကြားစားရင် ခါးမလား… ? အမှန်ကတော့ မဆိုင်ပါဘူး..။ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ကောင်းကင်မှာ ရှိတဲ့ ဂြိုလ်တွေ နက္ခတွေ ရက်ရာဇာတွေ ပြသဒါးတွေက ဖန်တီးလို့မရပါဘူး…။ ကိုယ့်ပြုတဲ့ ကံ ပဲတင်သံ ကိုယ့်ထံပြန်လာမည်.။

    • ဂန္ဓာရီ ဆြာအုပ်

      July 17, 2012 at 10:04 pm

      အိမ်းးး
      ကျွန်ုပ် ဂန္ဓာရီ ဆြာအုပ် ဟောရမယ်ဆိုရင်ဖြင့် ငါ့ညီမကြီးရဲ့
      ကြာသပတေးနံ ဖဦးထုပ် နဲ့စတဲ့ ပစ္စည်းအခိုးခံရကိန်းရှိသဗျ..
      တမျိူးတော့မတွေးပါနဲ့ကွယ်
      ဖဦးထုပ် နဲ့စတဲ့ ပစ္စည်း ဆိုတာ ဖုံးတို့ ဘာတို့ကိုပြောတာပါ
      အခိုးမခံရအောင် ယတြာခြေလို့တော့ရဘူးဗျ..(ပါပြီးသွားလောက်ပြီကိုး)
      ပြန်ရအောင်လုပ်တဲ့ ယတြာကတော့
      ကြာသတေးနေ့မှာ
      ကြာသတေးသားတစ်ယောက်ရဲ့ ဖင် ကို
      ဖြန်းကနဲနေအောင်ရိုက်ပြီး
      ဗိုလ်အောင်ဒင်ပြန်လာပြီဟေ့လို့ ၅ ခါအော်ပါ

      သဗ်ဗေသတ်တာကမ်မသကာ
      ဆြာအုပ်

      • မဟာရာဇာ အံစာတုံး

        July 17, 2012 at 10:17 pm

        သူ့ယဒယာဂ တယ်မိုက်ဒကိုး …
        ကျုပ်မလည်း မိဖုရားတစ်ယောက် ပျောက်သွားလို့ဗျာ ..
        အဲ့ဒါလေး ဘိုလုပ်ရမလဲဆိုဒါဂို ကြောဘာအုံးနော့ …

        ဒါနဲ့ စကားမစပ် ကျုပ်နံမယ် “မ” နဲ့ စတာဆိုပေမယ့်
        ကျာသပတေးတားတော့ ဟုတ်ဘူးနော့ …
        တော်ကြာနေ ဟိုအမဂျီးဂ ယဒယာ လာချေနေမှာစိုးလို့ အဟီးးးး .. 😀

        • ဂန္ဓာရီ ဆြာအုပ်

          July 18, 2012 at 9:12 am

          ကိုအံစာတုံးပျောက်တာက မိဖုရား မဟုတ်လား
          မိဖုရား ဆိုတော့ ကြာသကပတေးပဲဆိုတော့
          ယတြာကတော့ တူတူပဲ ဖြစ်လိမ့်မယ်
          မတူတာက
          ကြာသတေးသားနေရာမှာ ကြာသတေးသမီးဖြစ်သွားမယ်
          အော်ရမှာ က
          မိုက်လား.. မိုက်လား.. မိုက်လားမိုက်လားမိုက်လား

          သဗ္ဗေသတ္တာကမ္မသကာ
          ဂန္ဓာရီ ဆြာအုပ်.

  • ရာဇဝင်လူဆိုး

    July 17, 2012 at 6:55 pm

    ဟုတ်ပါတယ် အစ်မ we R one ရေ။ ဟိုတုန်းက ပုံပြင်လိုပဲ… ကုန်သည်ကြီးက ရက်ရာဇာဆိုပြီး သင်္ဘောထွက်တယ်၊ ဓါးပြကလဲ ရက်ရာဇာဆိုပြီး ဓါးပြတိုက်တော့ ကုန်သည်ကြီး ကုန်ပါလေရောဗျာ။

  • ဘုဂလန့်

    July 17, 2012 at 7:18 pm

    ကျနော် အကြားအမြင်ဆရာတစ်ယောက်ဆီကို သွားမေးဘူးဒယ်ဗျ……
    အဲ့ဒီ အကြားအမြင်ဆရာက ခပ်တည်တည်နဲ့ ကျနော့်ကိုမေးဒယ်…
    သား… ဘာသိချင်သလဲဒဲ့…… သိချင်တာမေးဘာဒဲ့….
    အဲ့ဒါနဲ့ ကျနော်ကလည် မေးလိုက်တယ်
    ကျနော် ဘာနေ့သားလဲ ၊ ကျနော့်မွေးနေ့ကဘာလဲ လို့ အဲ့လိုလည်းမေးလိုက်ရော
    အကြားအမြင်ဆရာ မျက်နှာကြီးနီလာပီး ကျနော့်ကိုမောင်းထုတ်တော့တာဘဲဗျာ
    ကဲ ကျနော်မေးတာမှားလား သိချင်တာမေးတဲ့ဟာကို :mrgreen:

    • ဂန္ဓာရီ ဆြာအုပ်

      July 17, 2012 at 10:15 pm

      ဟိုက်ရှာလပါတ်ရည် .. ကောင်းလိုက်တဲ့ မေးခွန်းပါလား..
      မှတ်သားထားဦးမှ

      သဗ္ဗေသတ္တာကမ္မသကာ
      ဂန္ဓာရီ ဆြာအုပ်.

  • aye.kk

    July 17, 2012 at 8:33 pm

    ကျမ ဗေဒင်ကိုမယုံနိုင်တဲ့အချိန်တုံးကပေါ့နော်….
    ဟူးရားပညာတတ်ကျွမ်းတဲ့ဆရာကြီးတစ်ဦးနဲ ့သွားဆုံဘူးပါတယ်..
    ကျမကဟူးရားပညာတတ်မြောက်ထားမှန်းတကယ်မသိခဲ့ပါဘူး…
    ကျမကိုနာမည်ပဲမေးပါတယ်…
    ကျမနာမည်ပြောပြတဲ့ခါ…
    သူမှာရှိထားတဲ့ဟူးရားဗေဒင်ကျမ်းစာအုပ်အထူကြီးပေါ့နော်….
    စာအုပ်ကြီးကို၊ရိုရိုသေသေလက်နှစ်ဖက်နဲ ့ကိုင်တွယ်ထားပါတယ်…
    အမှန်မှာသူကဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူး….
    အိန္ဒိယကိုအလည်သွားရင်း၊သူနေထိုင်ခဲ့တည်းခိုနေတဲ့တိုက်ခန်းကမီးလောင်ခံရပါတယ်..
    ပြန်လာဘို ့အတွက်မြန်မာသံရုံးကိုအကြောင်းကြားထားစဉ်မှာ..
    ပတ်စပို ့စာအုပ်ပါမီးလောင်ပျောက်ဆုံးသွားတော့
    သံရုံးအချင်းချင်းဆက်သွယ်လှမ်းမေးရမှာမို ့တစ်လကြာခန် ့ကြာမြင့်မှသာ
    မြန်မာပြည်ပြန်မဲ့အခြေအနေကိုသိရှိရမယ်၊အကြောင်းပြန်နိုင်မယ်
    သံရုံးမှာလည်းနေ ့စဉ်လာစုံစမ်းပါ ၊ဆိုပြီးသိရတဲ့အတွက်…
    စိတ်ညစ်ညစ်နဲ …ခြေဦးတည့်ရာလျှောက်သွားနေမိရင်းက….
    ဟိန္ဒူဘုရားကျောင်းတခုနားအရောက်မှာ….
    ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့သူအဖိုးကြီးတဦးက
    မျက်စေ့ရှေ့တင်ပေါ်လိုက်ပျောက်လိုက်နဲ ့ဆိုတော့လိုက်ကြည့်နေမိရင်းက
    ဟိန္ဒူဘုရားကျောင်းဝင်းအတွင်းထဲပျောက်ကွယ်သွားပါတယ်တဲ့..။
    အဲဒါနဲ ့ပဲသိချင်စိတ်ပြင်းပြလာရင်းနေ ့တိုင်းအဲဒီနေရာကိုသွားပြီး..
    ဝတ်ဖြူစင်ကြယ်အဖိုးအိုးကိုလိုက်ရှာနေရင်းတွေ ့တဲ့အခါကြတော့…
    အဖိုးအိုကသူလက်ရှိရင်ဆိုင်နေရတာကိုသေသေချာချာအတိအကျပြောပြနိုင်တဲ့အပြင်
    ပြန်မဲ့ရက်ကိုပါအတိအကျပြောပြနိုင်ခဲ့တယ်တဲ့..
    သူဟာအယူဝါဒပြင်းထန်တဲ့အခြားဘာသာဝင်တဦးဖြစ်ကြောင်းနဲ ့ရှေ့နောက်အဖြစ်အပျက်တွေကို
    မှန်ကန်တိကျစွာပြောပြနိုင်ခဲ့လို ့ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သွားပြီး..
    ဟူးရားအတတ်ပညာကို၊သင်ယူဘို ့စိတ်ဆုံးဖြတ်ပြီးဟူးရားတွေဆီမှာတပည့်ခံယူခဲ့ပါတော့တယ်။
    ကျမနဲ ့မမျှော်လင့်ပဲ၊မထင်မှတ်ထားပါပဲ တွေ ့ဆုံတဲ့အချိန်မှာ…
    ကျမအမည်နာမကိုမေးယုံမျှနှင့်ပင်၊မိဘမျိုးရိုးဇစ်မြစ်ပါမကျန်၊လက်ဖဝါးပြင်ပါအမှတ်အသား
    ခန္ဓာကိုယ်ရှိမွေးရာပါအမှတ်အသားပါမကျန်အစအဆုံးပြောပြနိုင်ခဲ့ပါတယ်။
    အဲဒီတုံးကဇာတာခွင်ဆိုတာကိုကျမနားမလည်ခဲ့ပါဘူး၊ဇာတာဆိုတာကမွေးနေ ့
    မွေးရက်နာရီသိမှသာတွက်လို ့ရတာပါ…
    အဲဒီတုံးကသူဟာကျမရဲ ့ရာသီခွင်လဂ်စန်းတွေကိုပါပြောပြနိုင်ခဲ့ပါတယ်..
    ကျမအရမ်းကိုစိတ်ဝင်စားမိသွားပါတယ်..
    ဟူးရားကျမ်းစာအုပ်ကိုခဏကိုင်တွယ်ကြည့်ရန်တောင်းဆိုတော့..
    ကျမကိုငါးပါးသီလအရင်ခံခိုင်းခဲ့ပါတယ်..။
    စာအုပ်ကိုလှန်လျောကြည့်တော့မှကျမနားမလည်တဲ့..
    ဟိန္ဒူသက္ကဋဘာသာစကားတွေနဲ ့ရေးသားထားတာမြင်တွေ ့ရပါတယ်။
    သက္ကရာဇ်နှစ်ထောင်အတွင်းမှာ
    မွေးဖွားတဲ့သူမှန်သမျှကို
    ဟူးရားကျမ်းထဲမှာဖတ်ရှုနိုင်တာကိုပြောပြတဲ့အတွက်သိရှိခဲ့ရပါတယ်။
    ကျမအနေနဲ ့ယုံကြည်ရတဲ့အကြောင်းအရင်းက…
    ပြီးခဲ့တဲ့နောက်ပိုင်းဖြစ်ပျက်သမျှနဲ ့၊ကျမရဲ ့နာမည်မှာ
    အဖေရဲ ့နာမည်တလုံးပါရှိနေပြီး၊ဘာသာတခုကစကားကိုယူမှဲ ့
    ထားခဲ့တာဖြစ်ကြောင်းကိုပါပြောပြနိုင်ခဲ့လို ့ပါဘဲ။
    အဲဒီကအစပြုပြီးဗေဒင်ပညာဟာတကယ်ရှိနေတာကို
    ရင်ထဲအမြစ်တွယ်ဝင်လာခဲ့သူဖြစ်လာခဲ့ရတယ်ဆိုတာ
    ကိုတိုက်ဆိုင်လို ့ပြောပြမိလိုက်ရခြင်းဘဲဖြစ်ပါတယ်။။

    • pooch

      July 17, 2012 at 9:40 pm

      အန်တီအေး တွေ့ခဲ့ဖူးတဲ့ ရာဟူးကျမ်းဆိုတာကလည်း အဆန်းတကြယ်ပဲ။ ခုမှ ကြားဖူးတယ်။ လက်ဆင့်ကမ်းပေးခဲ့ရင်တော့ ဒီပညာရပ်ရှိနေအုန်းမယ် ထင်ပါတယ်။

      • ကြောင်ကြီး

        July 18, 2012 at 8:27 am

        ဒေါ်ပုရှ်လုပ်မှပဲ ဟူးရားကနေ ရာဟူးဖြစ်ရတော့တယ်…အနိစ္စ ဒုက္ခ အနတ္တ…။
        အမှန်မှာတော့ ဗေဒင် ယတြာဆိုတာ ယုံကြည်မှု အစွဲတွေနဲ့ အများဂျီးဆိုင်တယ်။ မရှိဘူးဆိုဗျံတော့ မဟုတ်သေးဘူး..ရှိလို့လူအများ လက်ခံနေဂျတာပေါ့။ ပြောရရင်တော့ ကြုံဖူးသူများက ရှိတယ်လို့ လက်ခံပီး မကြုံဖူးသူများကတော့ ပျက်ရယ်ပြုကြမှာပဲ။ သို့သော် သတိပြုရမှာ လောကီပညာဆိုတာ အမြဲမမှန်ဘူး၊ လောကမှာ တတောင်ထက် တတောင်ပိုမြင့်တဲ့ သဘာဝရှိတယ်။ ဒီလူအတွက် ဟုတ်ပေမဲ့ အခြားလူအတွက် တည့်ချင်မှတည့်တယ်။ အတိတ်ဘုန်းကံ အထုံစတာတွေလည်း ဆိုင်တယ်။ အကျိုးအပြစ်ကတော့ မီးလိုပဲ သုံးသူအပေါ် မူတည်တယ်။ သိထားရမှာ မီးဆိုတာ သုံးဖို့၊ ကိုးကွယ်ဖို့ မဟုတ်ဘူး။ သုံးပီးငြိမ်းတတ်ရမယ်၊ နို့မို့လို့ရင် ကိုဘေးနွား သဂျီးဆီမှာ မီးကင်ခံရတာထက် ပိုဆိုးလိမ့်မယ်။… 😀

      • Solid_Sn@ke

        July 18, 2012 at 8:34 am

        အဟိ..
        ဒေါ်ပု ကတော့ လုပ်ပီ …
        ဒေါ်ပုရဲ့ ရာဟူး ကျမ်း ကို ဟို ကော်ပိုရေးရှင်းက ဝယ်သွားပီလေ…
        :mrgreen:

      • pooch

        July 18, 2012 at 12:28 pm

        အိုအေ… မှားတဲ့အခါလည်း မှားပေမပေါ့။
        မနေ့ညက အိပ်ချင်မူးတူးနဲ့ လျှောက်ဖတ်တာ မိုက်ခရိုဝေ့ နဲ့ ရေခဲသေတ္တာတောင် မှားခဲ့သေးတယ်။
        ရှေ့နဲ့ နောက်တင် လွဲတာပါအေ ။ ဟီး :mrgreen:

        • Solid_Sn@ke

          July 18, 2012 at 4:57 pm

          ရေခဲသေတ္တာနဲ့ အိမ်သာ မမှားရင် ပီးတာပါပဲ …
          တံခါးဖွင့်လိုက်တိုင်း ..မီးလင်းပီး တံခါးပိတ်လိုက်ရင် မီးပိတ်တဲ့
          အိမ်သာဆန်း ဆိုပီး အားပါးတရ …ရှူရှူး ဝင်ဗြန်း မှာ …
          စိုးတယ်.. စိုးမိတယ်.. စိုးထိတ်မိတော့တယ်
          😳

    • we R one

      July 18, 2012 at 9:14 am

      ဒေါ်aye.kk ပြောတဲ့ ဟူးရား ကျမ်းဆိုတာ အခုမှပဲကျွန်မကြားဖူးတယ်..။ ဟိန္ဒူတွေဆီက လာတဲ့ လောကီပညာဖြစ်လိမ့မယ်လို့ ထင်ပါတယ်..။ တစ်ခုလောက်မေးချင်လို့ရှင့် အမှားပါရင်တော့ ခွင့်လွတ်ပါ..။
      အစ်မရေးထားတဲ့ အထဲမှာ အိန္ဒိယမှာ သောင်တင်နေတဲ့လူ က ဘာသာခြား နော်..။ ခြေဦးတည့်ရာလျှောက်သွားရင်နှင့် ဟိန္ဒူ ဘုရားကျောင်းနားရောက်တယ်..။ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဝတ်ဖြူစင်ကြယ်ဝတ် အဖိုးအိုကိုတွေ့ ..။ ဘုရားကျောင်းထဲမှာ ပျောက်သွားတယ်..။ စိတ်ဝင်စားလို့ လိုက်ရှာရင်း အဲဒီ ဝတ်ဖြူစင်ကြယ်ဝတ် အဖိုးအိုကိုနဲ တွေ့တယ်။ သူ့ရဲလက်ရှိအခြေအနေ ကို ပြောနိုင်တဲ့ အပြင် ပြန်ရယ့်ရက်ကိုပါပြောပြနိုင်ခဲ့လို့ ့ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သွားပြီး..
      ဟူးရားအတတ်ပညာကို၊သင်ယူဘို ့စိတ်ဆုံးဖြတ်ပြီးဟူးရားတွေဆီမှာတပည့်ခံယူခဲ့ပါတော့တယ်။
      ဒီတော့.. ဟူးရားအတတ်ပညာ ဟာ ဗုဒ္ဓဘာသာ ရဲ့ လောကီပညာလော့.။ ??????????
      ဝတ်ဖြူစင်ကြယ်ဝတ် အဖိုးအို ကို တွေ့သောနေရာဟာ ဟိန္ဒူဘုရားကျောင်းမှ ဆိုတော့.. ဖြစ်နိုင်မယ်ဆိုရင် သူဟာ ဟိန္ဒူဘာသာ ကို သက်ဝင်ယုံကြည်သွားတာ က ပိုယုတ္တိရှိမယ်ထင်ပါတယ်..။
      ကျွန်မ ရဲ့ထင်မြင်ချက်ကို ပြောကြည့်တာ ပါ.. အမှားပါရင် စိတ်မရှိပါနဲ.

      • aye.kk

        July 18, 2012 at 10:25 am

        ဟိန္ဒူဘာသာလည်းဗုဒ္ဓမြတ်စွာဘုရားကို
        ကိုးကွယ်ယုံကြည်သက်ဝင်တဲ့ဘာသာလို ့အန်တီနားလည်ထားပါတယ်။
        အန်တီကအဲဒီဟူးရားပညာတတ်မြောက်ထားသူရဲ ့အိမ်မှာ
        ကျိုက်ထီးရိုးဘုရားရုပ်တုပုံတော်ကိုသူကသီးသန် ့ကိုးကွယ်ထားတာ…
        မြင်တွေ ့ခဲ့ရတော့သူဟာဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သွားတာသိခဲ့ရပါတယ်…။
        ကျန်တဲ့မိသားစုဝင်တွေအားလုံးက၊အခြားအယူပြင်းထန်လွန်းတဲ့ဘာသာဝင်တွေပါ..
        မိသားစုနဲ ့သူဟာတစ်အိမ်တည်းမှာနေထိုင်ရင်းမိသားစုဝင်တွေနဲ ့ဘာသာကွဲပြားသွားခဲ့ပြီး
        တသီးတခြားတစ်ဦးထဲငြီးငွေ ့စွာနဲ ့ရင်ဆိုင်ဖြတ်သန်းနေရတာကို
        စိတ်မချမ်းမြေ ့ဖွယ်ရာမြင်တွေ ့ခဲ့ရပါတယ်…။
        သူဟာအန်တီသူငယ်ချင်းရဲ ့ဦးလေးအရင်းခေါက်ခေါက်ပါ။
        အန်တီသူငယ်ချင်းကသူဦးလေးတယောက်တည်းရှိနေတဲ့
        အချိန်ဘာသာမပြောင်းဘို ့နားချနေခဲ့တဲ့သူပါ။
        အန်တီကဗုဒ္ဓဘာသာကိုပဲဆက်လက်သက်ဝင်ယုံကြည်မှုကိုအားပေးခဲ့တော့…
        အန်တီသူငယ်ချင်းကအန်တီကိုအတော်လေးမုန်းတီးသွားပါတယ်။နှစ်အတော်ကြာကြာထိ
        မခေါ်မပြောဘဲနေလာခဲ့ကြရင်း….
        အသက်အရွယ်ရလာတော့မှမာန်မာနတွေခဝါချပြီးပြန်ခေါ်ခဲ့ကြပါတယ်။
        ဘာသာရေးနဲ ့လည်းအငြင်းအခုံမလုပ်သင့်တာကို
        ကောင်းကောင်းလေးသဘောပေါက်နားလည်ခဲ့ပါတယ်။
        အဲဒီအချိန်ကစလို ့သူ ့ရဲ ့ဦးလေးရှိတဲ့အိမ်ဘယ်တော့မှမခေါ်သွားခဲ့တော့ပါဘူး။
        အန်တီလည်းအရမ်းဝမ်းနည်းခဲ့ရပါတယ်။
        ဘဝမှာပထမဆုံးတွေ ့ဆုံဘူးခြင်းနဲ ့အပြီးတိုင်ခွဲခွါသွားရခြင်းဖြစ်ခဲ့ရပါတယ်။
        အန်တီနောက်ဆုံးသိထားတဲ့သတင်းအရ၊သူဟာအိန္ဒယမှာပြောင်းရွေ ့
        အခြေချနေထိုင်ပြီးခေါင်းချသွားတယ်လို ့သိခဲ့ရပါတယ်..။။

      • shwe kyi

        July 18, 2012 at 10:54 am

        we R one ရေ ဟိန္ဒူကို ဗုဒ္ဓဘာသာလို့ ပြောနေသူတွေလည်းရှိနေတယ်။ အန်တီအေးကိုရွှေကြည်လဲအဲဒါလေးမေးချင်နေတာ သူဟိန္ဒူဘာသာဝင်ဖြစ်သွားတာလား၊ ဗုဒ္ဓဘာသာဝင်ဖြစ်သွားတာလားဆိုတာလေးကွဲပြားစေချင်တာပါ။ ဗေဒင်ပညာဆိုတာကိုပညာရပ်တစ်ခုအနေနဲ့လေးစားပါတယ်။ တကယ်လည်းနက်နဲပါတယ်။ ဒါပေမယ့် မပတ်သက်မိအောင်နေပါတယ်။ ဗုဒ္ဓဟူးနေ့ကိုမှရွေးပြီး ခေါင်းလျှော်ပါတယ်။ ဘုရားပေါ်ရောက်ရင်ထောင့်မရွေးပဲ ရှိခိုးပါတယ်။ ယတြာဆိုတာတော့ဝေလာဝေးပါ။ ကံဖန်လာသမျှကို ခံယူဖို့အသင့်ပါ။ ဒုက္ခရောက်ချိန်မှာအားကိုးရာကရတနာသုံးပါးပါ။ ဒုက္ခတွေကလွတ်အောင်ဆုတောင်းဖို့မဟုတ်ပါဘူး။ ဒုက္ခတွေကိုခံနိုင်ရည်ရှိအောင်စိတ်ခွန်အားရရုံပါပဲ။

  • mamanoyar

    July 18, 2012 at 9:38 am

    နိုရာအမြင်ကတော့ ဗေဒင်၊ယတြာ ဆိုတာ တကယ်ရှိချင်ရှိနေမှာပါ
    ယုံလို့တော့မရပါဘူး ကိုယ့်ရဲ့ကကြမ္မာကို ဗေဒင်တွေကြောင့် ကြိုသိနိုင်တယ်ဆိုရင်
    ဗေဒင်ဆရာကိုတိုင် ကြီးပွားချမ်းသာအောင် ဘေးတွေမကြုံအောင် ယတြာချေတာမျိုးတွေ
    လုပ်မှာပေါ့ ဒါပေမယ့် သူတို့ကိုယ်တိုင် လဲတားဆီးလို့မှမရတာ ကြုံရတာပဲလေ
    နိုရာကြုံဖူးတာလေးပြောပြချင်ပါတယ်
    နိုရာတို့ ဆယ်တန်းစာမေးပွဲဖြေကာနီးမှာ သူငယ်ချင်းတွေ ဗေဒင်သွားမေးကြပါတယ်
    နိုရာဝါသနာမပါပေမယ့် စပ်စုချင်စိတ်ကြောင့် လိုက်သွားမိပါတယ်
    ဟိုရောက်တော့ သူငယ်ချင်းကို ဟောပါတယ် စာမေးပွဲအောင်မယ်တဲ့
    နောက်တစ်ယောက်ကိုကျ အဆောင်လက်ဖွဲ့ပေးပါတယ် ယတြာလဲချေခိုင်းပါတယ်
    ကျမစဉ်းစားကြည့်မိတာက သူ့အိမ်မှာသားနဲ့သမီးနဲ့ရှိပါတယ် သူ့သမီးက ဆယ်တန်း အောင်ပြီးသားပါ
    သူ့သားဆယ်တန်းကျနေတာ သုံးနှစ်ရှိသွားပါပြီ။ သူသာတကယ် စွမ်းဆောင်နိုင်တယ်ဆိုရင် သူ့သားကို
    ဘာလို့ဆယ်တန်းအောင်အောင် လုပ်မပေးနိုင်တာလဲ ဆိုတာပါပဲ ။ နောက်ပြီးသူဟောလိုက်တဲ့ ကျွန်မသူငယ်ချင်းတွေလဲ စာမေးပွဲကျပါတယ်။
    ဗေဒင် ၊ ယတြာ ယုံတဲ့သူများကို စော်ကားတာမဟုတ်ပါဘူး ဗေဒင်ဆရာတွေကို စော်ကားတာလဲမဟုတ်ပါဘူး
    အမြင်လေးတွေကို ဆွေးနွေးကြည့်တဲ့သဘောပါရှင် အမှားပါရင်ခွင့်လွှတ်ပေးကြပါ

  • kai

    July 18, 2012 at 9:40 am

    ဗုဒ္ဓဘာသာ(သာသနာ)နဲ့.. စမ၊အင်း၊အိုင်၊ခလှည့်၊လက်ဖွဲ့၊မန္တန်၊ဗေဒင်၊ဝေဒ၊နက္ခတ်၊ ဘိုးတော်၊ ဇော်ဂျီ၊ နတ်စိမ်း၊နတ်ကျက်တွေ.. ဘာမှဆို်င်တယ်လို့ မထင်..
    ကျုပ်.. သိနားလည်ထားသလောက်.. ပြတ်ပြတ်ပြောရရင်.. ပတ်လည်း မပါတ်သက်ပါ..။

    ရှေ့၊နောက်ဘေး..အပေါ်ဟောနည်းတွေက. . လူတွေက.ဖြစ်ခဲ့ဖူးတာတွေကို.. အထပ်ထပ်.. .လေ့လာပြီး.. မှတ်တမ်းတင်…. ဘိုးစဉ်ဘောင်ဆက်..ပြန်လည်လက်ဆင့်ကမ်းနေတဲ့.. ပညာရပ်တွေဖြစ်ပါတယ်..။ တကမ္ဘာလုံးမှာရှိတဲ့.. လူ့အဖွဲ့အစည်းတိုင်း(တိုင်း) မှာ. အဲလိုပညာရပ်တွေရှိပါတယ်..။
    အဲဒီပညာရပ်တွေထဲ.. ရှေးအကျဆုံးစနစ်တကျပြုစုထားကြတာက.. ရှေးအကျဆုံးဘာသာ.သာသနာလို့ပြောရမယ့်.. ဟိန္ဒူဘာသာ..သာသနာပါပဲ..

    ဆိုတော့..
    မြန်မာတွေရဲ့.. ယဉ်ကျေးမှု့..။ ဓလေ့..ထုံးစံတွေထဲ.. ဝင်ပြီးရောသမမွှေလာတာတွေဖြစ်ပါတယ်..။
    အနော်ရထာမင်းဟာ.. အသိသာအထင်ရှားဆုံး ရောသမမွှေပေးသူ.. ခေါင်းဆောင်တဦးဖြစ်ပါတယ်..။

    အဲဒီကနေ..
    ဗုဒ္ဓဘာသာ(သာသနာ)ထဲဝင်ပြီး.. စိမ့်ဝင်ပူးကပ်လာတာလို့.. ယူဆမိပါတယ်..။
    နှစ် ၂၅၀ဝလည်းကျော်ရော.. ဗုဒ္ဓဘာသာနဲ့.. ဟိန္ဒူဘာသာ.. အရောရောအထွေးထွေးဖြစ်ကုန်တော့တာပေါ့..

    ဗုဒ္ဓအဆုံးအမလိုက်နာသူ အစစ်(အစစ်) ဟုတ်မဟုတ်.. အရိယာဟုတ်မဟုတ်..
    အဲဒါတွေအပေါ်.. တကယ်(တကယ်)ယုံကြည်မှုဘယ်လောက်ရှိနေသလည်းနဲ့.. စစ်နိုင်တယ်ထင်မိပါတယ်..

    အဲလိုပြောတော့…
    .. ဗေဒင်..။ ဝေဒ..။ နက္ခတ် စတဲ့ပညာရပ်တွေက.. သူတို့ကိုယ်နှိုက်မှာအပြစ်မရှိပါ..။
    လေ့လာဆည်းပူး.. ပညာသင်ယူ.. ဟောကြားပြန့်ပွားအောင်လုပ်သင့်တဲ့.. ပညာရပ်တွေဖြစ်ပါကြောင်း.. 🙂

    • ကြောင်ကြီး

      July 18, 2012 at 10:31 am

      ပဌာန်းဆက်နဲ့ အများကြီးဆိုင်တယ်။ ရဟနာ္တဖြစ်သွားပေမဲ့ အတိတ်ကံ အကြောင်းဆက်ပါခဲ့ရင် ကြုံကြရတာပဲ။ ဥပမာ စွန်းလွန်းဆရာတော်ကြီး သထုံဖက်မှာ သိမ်သမုတ်တော့ တောင်စောင့်နတ်ဖြစ်နေတဲ့ မနူဟာမင်းရဲ့ အကူအညီယူ၊ ဗလိနတ်စာကျွေးတဲ့သဘော ကြက်လျှာစွန်းတိုင် ဆီမီးထွန်းပေးခဲ့တာ အထင်အရှားရှိပါတယ်။ ရှိလို့သုံးစွဲတာနဲ့ အဟုတ်မှတ် လက်ခံတာ မတူတာ သတိပြုပါ။ ရှေ့ဘဝ နောက်ဘဝ သံသရာ ငရဲ နတ်ပြည် ဈာန်သမထ ဂမ္ဘီရအတတ်ဆိုတာ ပညတ်အားဖြင့် ရှိနေပြီးသားတွေ၊ အရက် ဘိန်း ကစော်လိုပဲ။ ဘုရားမဟောခဲ့ဘူးဆိုပြီး သုံးကြည့်ပါလား မူးမှာပဲပေါ့ သို့သော် ဓမ္မအလိုအားဖြင့် အဟုတ်ထင် ကပ်ညှိနေလို့ အကျိုးအပြစ် ဖြစ်ရတာ ဒါကြောင့် ပရမတ်သစ္စာ မထိုက်ဘူး။ ဒီလိုပဲ ဝေဒ အတတ်ပညာများလည်း ဗုဒ္ဓအယူမဟုတ်ပေမဲ့ လောကီအတတ် ရှိပြီးသားတွေ၊ တကယ်တတ်တဲ့သူနဲ့တွေ့ခွင့်ကြုံရင် ထူးခြားမှာပဲ။ အထုံအဆက် မပါသူများကြတော့လည်း သူ့ဟာသူနေ ကိုယ့်ဟာကိုယ်နေ ဖြစ်တတ်တာမို့ ကင်းသလို ဖြစ်ရတယ်။ ဒါနဲ့ပဲ အတုအယောင်များ ခိုအောင်းဝင်လာဗျံရော။ အခြားတဖက်မှာရော ဘာထူးလည်း မိုးဗျားဂိုဏ်းလို ရုပ်ဝါဒီတွေ ရှိနေတာပဲ မဟုတ်လား။ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက် အစိုးမရတဲ့ သဘောသာရှိပါတယ်။

    • နွေဦး

      July 18, 2012 at 12:44 pm

      သူကြီးပြောတဲ့ “.. ဗေဒင်..။ ဝေဒ..။ နက္ခတ် စတဲ့ပညာရပ်တွေက.. သူတို့ကိုယ်နှိုက်မှာအပြစ်မရှိပါ..။”
      ဆိုတာ ကျွန်တော်ထောက်ခံပါတယ်..။
      သေနတ်တွေ ဗုံးတွေလိုပါဘဲ..သူတို့ကိုယ်၌က အပြစ်မရှိပါဘူး ။
      သုံးတဲ့သူအပေါ်မှာသာ မူတည်ပြီး အကောင်းအဆိုးဖြစ်စေတာပါ ။

  • မောင်ပေ

    July 18, 2012 at 10:36 am

    ယုံလား
    မယုံဘူးလား
    ဆိုရင်
    မျက်မြင်ကိုယ်တွေ့ကြုံကြတဲ့အခါ
    ဗေဒင်တို့ ယတြာ တို့ကို ယုံကြလေတော့သည်
    ရာဇဝင် လူဆိုးအနေဖြင့် ပွိုင့် တစ်သိန်း အမြန်ဆုံးရလိုပါလျှင်
    ဗီဒီယို ကင်မရာတစ်လုံးဖြင့် ပန်းခြံများအတွင်း ထူးဆန်းသည်များကို ရှာဖွေရိုက်ကူးပြီး အဆက်မပြတ် တင်ပါကုန်

    • ဘဲဥ

      July 18, 2012 at 10:45 am

      တိုတိုပေ တိုတိုပေ အဲ့လာဂ ယတြာလားဟင်
      မြန်မြန်ချေအုံးမှပါ ဟိဟိ 😆

    • aye.kk

      July 18, 2012 at 10:54 am

      ကိုပေအကြံ…
      ရှာဖွေပြန်လို ့…
      တင်ရန်ကုန်ကြမ်းရှာဦးမည်။။(ခင်လို ့စတာ)

    • snow white

      July 18, 2012 at 2:38 pm

      ဦးဦးပေကတော့စနိုးသ်ိပ်မပြောချင်ဘူးနော် ဂျစ်တာပြောရတာနဲ့ ပန်းခြံများအတွင်းကထူးဆန်းသည်များကို ရှာဖွေရိုက်ကူးတင်ခိုင်းရတာ နဲ့ ဟွန်းဟွန်း သိပ်မပြောချင်ဘူး နော် ဦးလေးအဖြစ်မှ အမွေ ပြတ်စွန့်လွှတ်လို်က်မယ်နော် ။။

      • snow white

        July 18, 2012 at 2:40 pm

        ဦးဦးပေဂျစ်လို့စတာနော် စိတ်မဆိုးကြေးနော်။။

  • shwe kyi

    July 18, 2012 at 11:13 am

    ဟိန္ဒူဘာသာနဲ့ ဗုဒ္ဓဘာသာဟာ အတူတူပဲဆိုတာဟုတ်ပါသလားရှင့်။ ကွဲကွဲပြားပြားသိချင်မိပါတယ်။
    ရွှေကြည်ကတော့မတူဘူးလို့ခံယူထားလို့ပါပဲ။ သေချာတော့ ထဲထဲဝင်ဝင်မလေ့လာဘူးပါဘူး။ ဒါပေမယ့်သူတို့ကနတ်ဘုရားကိုးကွယ်သူတွေလို့ထင်တာပဲ။ ကာလီမာန်မယ်တော်ကိုကိုးကွယ်ကြပါတယ်။
    ရွှေကြည်တို့နားမှာ ဟိန္ဒူဘုရားကျောင်းတွေရှိပါတယ် မီးနင်းပွဲလည်းနှစ်တိုင်းလုပ်ပါတယ်။ တချို့သောဗုဒ္ဓဘာသာတွေဝင်နင်းကြပါတယ်။ နားမလည်နိုင်အောင်ပါပဲ။ သူတို့ကအရည်းကြီးအယူတွေများဖြစ်နေမလား။ နားလည်သူများရှင်းပြပေးဖို့တောင်းဆိုချင်ပါတယ်ရှင့် 🙂

    • we R one

      July 18, 2012 at 2:36 pm

      ဟိန္ဒူဘာသာနဲ ဗုဒ္ဓဘာသာ ဟာ မတူပါဘူ..။ တူရင်ဘလို့ သတ်သတ်စီကွဲနေမလဲ..နော့.။ နားလည်သလောက် ပြောရရင်တော့ .. ဟိန္ဒူဘာသာ မှာ ဖန်ဆင်းရှင်ရှိတယ်..။ ဗုဒ္ဓဘာသာ မှာ ဖန်းဆင်းရှင်မရှိဘူး..။ ကံ ကံ၏အကျိုးကို ယုံကြည်တယ်.။ လုံးဝကွဲပြားပါတယ်..။
      http://buddhismcause.blogspot.com/2012/02/blog-post_4702.html

      • shwe kyi

        July 18, 2012 at 4:54 pm

        ကျေးကျေးပါ we R one ရေ လင့်ခ်လေးဝင်ဖတ်ကြည့်လိုက်ပါ့မယ်။
        ခင်တဲ့
        ရွှေကြည်

  • ရာဇဝင်လူဆိုး

    July 18, 2012 at 11:24 am

    …..ကျွန်ုပ်ရာဇဝင်လူဆိုးနှင့် အိမ်မက်ထဲမှ ထူးဆန်းသော ယတြာကြီး……
    ယမန်နေ့ညနေက ယခုပို့စ်အားတင်ပြီး ညအိပ်နေချိန်တွင် ထူးဆန်းသော အိမ်မက်တစ်ခုအားကျွန်ုပ်
    မြင်မက်လေတော့သည်။ အိမ်မက်ထဲတွင် ဘီအီးပုလင်းတရမ်းရမ်းလှုပ်ပြီး ဆံပင်ရှည် မုတ်ဆိတ်ရှည်နဲ့ ထူးဆန်းသေားလူကြီးတစ်ယောက်မှ ပုလင်းကိုတစ်ခါမော့လိုက် အနိစ္စ၊ ဒုတိယတစ်ခါ ကစ်လိုက်ပြီး ဒုက္ခ လို့ပြောလိုက်..နောက်ဆုံးလက်ကျန်ကို မော့ကာ အနတ္တဟု မြည်းတမ်းရင်း ကျွုန်ုပ်အနားသို့ရောလာချေတော့သည်။ ပြီးနောက် ဒီမယ် ..ရာဇဝင်လူဆိုး ဆိုတာလားဟု ပြောရင်း..။ မနေ့က အသင်တင်လိုက်တဲ့ပို့စ်မှာ ယတြာကို အထင်သေးသလို ၊ လောဘ၊ ကိလေသာကိုအခြေခံပြီးလုပ်နေတာ ဆိုတော့ ယတြာကို မယုံကြည်သလိုဖြစ်နေတယ်..။ ဒါကြောင့် အလယ်ပုဂ္ဂိုလ်(အထက်ပုဂ္ဂိုလ် မဟုတ်ပါ) များရဲ့ အမိန့်အရ မယုံကြည်တဲ့ မင်းတို့ကို ယုံကြည်အောင် သက်သေပြဖို့ လာခဲ့တာပဲ။ မင်းတို့ ရွာကလူတွေကိုလဲပြောလိုက်ဦး..။ အချိန်အတိအကျသာလုပ် အကုန်ပြီးမြောက်ပြီး အောင်မြင်ခဲ့ရင် နတ်ပြည်ပါရောက်နိုင်တယ်ကွ ဟုပြောရင်း အောက်ပါ ယတြာကြီးအား ပြောကြားသွားပါတော့သတည်း…။ 😛

    +++မိမိမွေးနေ့တွင် မိမိတွင်ရှိသော အခက်အခဲအားလုံးကို update လုပ်ပြီး စိတ်ထဲတွင် ထည့်ထားပါ။
    +++ထို့နောက် သူရိယနေမင်း၏ စူးရှပြင်းပြဆုံးအချိန် ဖြစ်သော ၁၂ နာရီတိတိတိတွင် လက်တစ်ဖက်တွင်ရေထည့်ထားသော ရေဘုံး၊ တစ်ခြားလက်တွ ရေခွက်တို့ကို ကိုင်ပြီး ကွင်းပြင်တစ်ခုသို့ရောက်အောင်သွားပါ။
    +++ပြီးလျင် ကောင်းကင်ရှိ သူရိယနေမင်းအားမော့ကြည့်ပြီး အရှင့်ရဲ့စွမ်းအားများပေးသနားတော်မူပါဟု ဦးစွာတိုင်တည်ပါ။
    +++နောက်ဆုံးအဆင့်အနေနဲ့ သူရိယနေမင်းအား မျက်တောင်မခတ်ကြည့်ပြီး နှာခေါင်းထဲသို့ ရေသက်စေ့လောင်းထည့်ပြီး လိုရာဆုသာတောင်းကြပါကုန်..။ 😛

    🙂 ကျနော်မစမ်းရသေးပါ ရွာကလူတွေကို ခင်လွန်းလို့ အရင်ယတြာချေခိုင်းမလားလို့.:)

    +++ပြီးလျင်

    • စိန်ဗိုက်ဗိုက်

      July 18, 2012 at 11:41 am

      တေဂျင်းဇိုး
      နင့်ဘာတာ အရင်စမ်းဟဲ့

    • ဘဲဥ

      July 18, 2012 at 11:43 am

      အဲ့ဒီ အိမ်မက်ပေးတဲ့ မစ်ချတာဘိုက်ကို အရင်ချေခိုင်းရမယ် ဟိဟိ 😆

  • aye.kk

    July 18, 2012 at 11:29 am

    အန်တီနားလည်ထားသလောက်ပြောပြရမယ်ဆိုရင်…
    ဟိန္ဒူဘာသာကိုးကွယ်တဲ့ဟူးရားတွေဆိုတာက၊သမထကျင့်စဉ်ကိုအောင်မြင်ထားတဲ့သူတွေပါဘဲ…။
    ဘာဝနာပွားတယ်၊တရားအားထုတ်ကြတယ်။
    သမထပေါက်တယ်ဆိုတာ၊ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်မှ
    သာပြုလုပ်လို ့ရတယ်လို ့အန်တီထင်မြင်မိပါတယ်။
    ဒါကအန်တီရဲ ့ကိုယ်ပို်င်ထင်မြင်မှုလေးပါဘဲ။။

    • shwe kyi

      July 18, 2012 at 11:30 am

      အန်တီအေးရေကျေးကျေးပါ။

    • ကြောင်ကြီး

      July 19, 2012 at 9:46 am

      ဟိန္ဒူဝါဒမှာ ဗုဒ္ဓကို နဝမမြောက် ဘုရားအဖြစ် သတ်မှတ်တယ်လို့ မှတ်ဖူးတယ်။ သို့သော် အိန္ဒိယမှာ ဟိန္ဒူမင်းတပါး လက်ချက်နဲ့ ဗုဒ္ဓရဟန်းတော် ထောင်သောင်းချီ အသတ်ခံရပြီး သာသနာကွယ်ခဲ့တဲ့ သမိုင်းရှိတယ်။ ပင်မဟိန္ဒူနတ်ဘုရား ယုံကြည်မှုရဲ့ လက်ပွားတခုအဖြစ် လက်ခံတာပါ။ ဗုဒ္ဓဘာသာလို သဗ္ဗေညုတဘုရားရှင်အဖြစ် ကိုးကွယ်တာ မဟုတ်ဘူး။ လူသားဝါဒ အားသန်သူများကို ဘုရားသခင်သနားလို့ လူယောင်ဖန်ဆင်းပေးတဲ့သဘောပါ။ နှစ်ဘာသာစလုံး ကိုးကွယ်လို့ သရဏဂုံပျက်မပျက်ကတော့ ဗုဒ္ဓကို ဘယ်လိုသတ်မှတ်ကိုးကွယ်သလဲအပေါ် မူတည်တယ်။ နတ်ဘုရားအဆူဆူထဲက တဆူအဖြစ် သို့မဟုတ် တမန်တော်တပါးအဖြစ် သတ်မှတ်ခဲ့ရင် သရဏဂုံပျက်တယ်လို့ ယူဆပါတယ်။ ကုသိုလ်ရမရကတော့ ရည်မှတ်ကိုးကွယ်စဉ် စိတ်ရွှင်လန်းကြည်လင်နေတဲ့အခါ ကုသိုလ်ဖြစ်ပါလိမ့်မယ်။ ဒါကတော့ ဗုဒ္ဓဘုရားမှမဟုတ် ဘယ်သူ့မဆို ရည်မှန်းအာရုံပြုစဉ် စိတ်ကြည်လင်သန့်ရှင်းနေတဲ့အခါ သမာဓိတည်နေ၊ စိတ်ရိုင်းစိတ်ညစ် ကင်းရှင်းနေလို့ သုဂတိလားနိုင်ပါတယ်။ မွတ်စလင်ဘာသာမှာလည်း ဗုဒ္ဓကို တမန်တော်တဆူအဖြစ် လက်ခံကြတယ်။ တဲ့မပြောပေမဲ့ ကျမ်းစာအရ ဘုရားသခင် တမန်တော်များ ခေတ်အဆက်ဆက်မှာရှိခဲ့ပြီး (အီဗရာဟင်၊ ဂျီးဇက်တို့ကိုလည်း တမန်တော်တဆူအဖြစ် လက်ခံတယ်။) လက်ရှိ မိုဟာမက်သခင်သည် တမန်တော်ချုပ်ဖြစ်ပါတယ်။ ဆိုလိုရင်းက နောက်ထပ်တမန်တော်များ ပေါ်ထွက်ခွင့်မပေးဘူး၊ နို့မို့ရင် နေရာလုမည့်သူ ပေါ်လာအုံးမှာကိုး။ ဘာနဲ့တူသလဲဆိုတော့ အချို့ခရစ်ယာန်များ ဘာသာရေးဆွယ်တဲ့အခါ God in name of Jesus ဆိုတာပါ။ ဂေါ့ဒ်ချည်းသက်သက်ပြောတဲ့အခါ ကိုယ့်နောက်ကွယ်မှာ အခြားဖန်ဆင်းရှင်ဝါဒီများ ကြားချောင်ဝင်တီးမသွားဖို့ နောက်ဆုံးမှာ ဂျီးဇက်နဲ့ ပိတ်ရတယ်။
      ရှေးနောက်ဘဝ ကံ သီလ သမာဓိ အကျင့်တွေမှာ တခုနဲ့တခု သိပ်မကွာဘဲ ပညာစခန်းမှာသာ ကွဲပြားပါတယ်။ ဟိန္ဒူဘာသာရဲ့ ကျင့်စဉ်အဆုံး သမထကသိုဏ်းပေါက်သွားရင် ကျင့်စဉ်အားထုတ်သူနဲ့ လောကဓါတ် (ဥပမာ – မြေကသိုဏ်၊ အာကာသကသိုဏ်း) တဆက်ထဲဖြစ်သွားပြီး ဘုရားသခင်နဲ့ ပေါင်းစည်းမိသွားပြီ ယုံကြည်ပါတယ်။
      ဗုဒ္ဓဘာသာမှာတော့ ဒါကို လောကီဈာန်အဖြစ်သတ်မှတ်ပြီး ဗြဟ္မာအဆင့်သတ်မှတ်တယ်။ ဗြဟ္မာကုသိုလ် အရှိန်ကုန်ရင် အောက်ကိုပြန်ကျပါမယ်။ ဗုဒ္ဓပွင့်တော်မူမှ သိရှိခွင့်ရတဲ့ လောကုတ္တရာအကျင့်ဖြင့်သာ လောကသုံးပါး၊ ဘုံသုံးပါး (သကာသလောက သတ္တလောက သင်္ခါရလောက၊ လူ နတ် ဗြဟ္မာ) မှ လွတ်မြောက်တယ်လို့ ယုံကြည်ကြတယ်။ အဲဒီလောကုတ္တရာအကျင့်ကိုပဲ ဗုဒ္ဓဘာသာဝင်များထဲမှာ အမြင်အမျိုးမျိုး ကျင့်စဉ်အမျိုးမျိုး ကွဲပါတယ်။ အခုနောက်ဆုံး ပစ်စုတ်ပံရုပ်ဝါဒများရဲ့ ဝေဖန်ချက်ကတော့ ဝိပဿနာကို ဂျိန်းအယူဂျီးလို့ ရှုံ့ချနေပါတယ်။
      ပညာအကျင့်မပါဘဲ သီလ သမာဓိ စာအသိနဲ့ကတော့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာအကျင့်နှစ်ခု ကွဲပြားချက် သိမြင်ရန် မလွယ်လှပါခင်ဗျား…။

      • မိုးတိမ်

        July 19, 2012 at 5:34 pm

        ကော်မန့်တွေထဲ ကိုကြောင်ကြီးကော်မန့်ကို အတော်သဘောကျသဗျ။
        ဟိန္ဒူ နဲ့ ဗုဒ္ဓဘာသာတူသယောင်ယောင်နဲ့ တော်တော်ကွဲပြားပါတယ်။
        အဓိကကတော့ အတ္တဝါဒနဲ့ အနတ္တဝါဒမှာ ကွဲပြားသွားတာပါ။
        ခရစ်ရှနားနဲ့ ရာမကို ဂေါတမဗုဒ္ဓထက် ပိုယုံကြည်ကိုးကွယ်ပါတယ်။
        အားလုံးဟာ ထာဝရဘုရားဝင်စားတာလို့ လက်ခံထားတာပါ။
        သမထက အားရုံစူးစိုက် စိတ်တည်ငြိမ်မှု့ပေါ် မူတည်ပြီး ဝိပဿနာကတော့ ဖြစ်၊ပျက်ကိုမြင်အောင်ကြည့်တတ်ဖို့ အတွက်ညာဏ်ကူရပါတယ်။
        ဝိပဿနာဟာ ဂျိန(ခေါ်) ဂျိန်းဆီကကူးချတယ်ပြောရအောင် ဘယ်အထောက်အထားအရ
        ပြောတာလဲမေးလိုက်ပါ။မဟာဝီရလို့ခေါ်တဲ့ ဂျိန်းဘာသာတည်ထောင်တဲ့သူကိုယ်တိုင်
        ဇာတ်သိမ်းမလှခဲ့ပါဘူးဗျာ။

      • shwe kyi

        July 20, 2012 at 10:28 am

        ဘယာကြော်ကိုကြောင်ကြီး အရမ်းကျေးဇူးတင်ပါတယ်။ အခုလိုသိရတဲ့အတွက်လည်းဝမ်းသာမိတယ်။

  • ရာဇဝင်လူဆိုး

    July 18, 2012 at 11:30 am

    ဟုတ်တယ် မရွှေကြည် ။ ဒါပေမယ့် ဟိန္ဒူဘာသာထဲမှာ ဗုဒ္ဓဘာသာနဲ့ နဲနဲရောနေတာရှိမယ်ထင်တယ်..။ ဒီထက် ပိုသိရင် အသေးစိတ်လေး ပြောပေးစေချင်ပါ၏။

  • နွေဦး

    July 18, 2012 at 12:49 pm

    post တခုထဲမှာ article နှစ်ခုဖတ်လိုက်ရတယ်..။
    သူကြီးပိုက်ပိုက် တော်တော်သက်သာသွားတယ်..။

  • မမ အညာသူ

    July 18, 2012 at 1:37 pm

    အရမ်းကောင်းပါတယ်
    တစ်ချို့ကဗေဒင်ကို ယုံကြည်ရုံတင်မဟုတ်ပါဘူးကိုးကွယ်နေကြတယ်လေ
    ယတြာဆိုတာကတော့ လူတွေရဲ့စိုးရိမ်စိတ်တွေကို ဖြေလျော့ပေးရုံသက်သက်လောက်ပဲထင်တယ်

  • etone

    July 18, 2012 at 4:42 pm

    ယတြာတွေဘာတွေကို အယုံကြည်မရှိပေမယ့် ……… စိတ်ရဲ့ ထွက်ပေါက်အနေနဲ့ ၊ လုပ်မိကိုင်မိတာတွေရှိတယ် … … ။
    တစ်ထစ်ချတော့ မယုံမိပါဘူး … အာရုံစုစည်းတဲ့ အနေနဲ့ …… စိတ်ကို အတောင်ပံတပ်ပေးလိုက်သလိုပဲ ခံစားမိပါတယ် ။

  • ရာဇဝင်လူဆိုး

    July 18, 2012 at 5:06 pm

    တနည်းအားဖြင့် စိတ်အဆာပြေပေါ့ဗျာ..နောက်တစ်ခုက တစ်ခုခုကိုလုပ်ဖို့ ယုံကြည်ချက် ပိုရှိလာသလို ခံစားရလိမ့်မယ် ထင်တယ်။

Leave a Reply