သက်တန့် ဖြူကို ငေးမိတဲ့ တေလေ . . .
အခန်း။ ။ (အိပ်မက်)
အိပ်မက်တစ်ခုထဲ ရောက်နေသည်။ ရှေ့တူရူမှာ ပွဲတော်၏ အသံများ ဆူညံပျံ့လွင့်နေ၏။ ကိုယ်တို့နှစ်ယောက်လည်း ထိုနေရာသို့ တရွေ့ရွေ့ တလွင့်လွင့်။ စိမ်းမြမြ မြက်ခင်းဆီက နိမိတ်ပုံတစ်ခု သယ်ဆောင်လာတဲ့ လေညှင်းတစ်ချက်က သုတ်ခနဲ တိုက်ခတ်သွားတဲ့အခါ အရိုးထဲထိ အေးစက်တုန်ခါသွားသည်။ နွေးလျလျ လက်ကလေး တစ်ဖက် ကိုယ့်လက်ကိုလာထိကိုင်သည်။ ကိုယ် လှည့်ကြည့်လိုက်သောအခါ သူမနှင့် အကြည့်ချင်းဆုံကြသည်။ ကိုယ်တို့ တစ်ယောက်စိတ်ကို တစ်ယောက်သိနေကြတယ်။ ဟုတ်တယ်။ ဟုတ်တယ်။ သူမ မျက်ဝန်းမှာ ပွင့်နေတဲ့ စံပါယ်တွေကို ကိုယ်ကလွဲလို့ ဒီကမ္ဘာပေါ်မှာ ဘယ်သူတစ်ဦး တစ်ယောက်ကမှလည်း တွေ့ရှိရမှာ မဟုတ်ပါဘူး။ စကားပြောဖို့ အလျှင်းမလိုတဲ့ ကိုယ်တို့ ဘာသာစကားနဲ့ ကိုယ်တို့ဟာ ရှေ့သို့ တရွေ့ရွေ့ . . .။
………..
နူးညံ့တဲ့ တိမ်မြူတိုက်တစ်ခု ကိုယ်တို့နှစ်ယောက်ဆီ ဆင်းသက်တိုးဝင်လာသည်။ ကိုယ်တို့ တိမ်တွေကြား မှာ တဖြည်းဖြည်းနစ်လာပြီ။ ပြီးတော့ တိမ်တွေဟာ မြူပင်လယ်ကြီးဖြစ်သွားပြန်၏။ သည်အချိန်မှာပဲ ကိုယ့်နှလုံးသားဆီက စူးအောင့်အောင့် ဝေဒနာတစ်ခု ခံစားလိုက်ရတယ်။ ပန်းဝါရေ့ . . .။ ဟင် . . ပန်းဝါ။ အိပ်မက်ဟာ ရုတ်တရက် လိပ်ပြာလွှင့် ခံလိုက်ရသလို နွေးထွေးနေတဲ့ ကိုယ့်လက်အစုံကလည်း အေးစက်ပြီး ဟင်းလင်းဖြစ်သွားသည်။ တိတ်ဆိတ်ထိတ်လန့်လွန်းဖွယ်ရာ ပတ်ဝန်းကျင်အရိပ်ဆိုးတစ်ခု ကြီးစိုးလာပြန်၏။ မိုးကုတ်စက်ဝိုင်းသည် အဆုံးထိ မှောင်မည်းသွားလေသည်။ ပန်းဝါရေ့ . . .။ ကိုယ်ဘာဖြစ်လို့ တစ်ယောက်တည်း ဖြစ်သွားရတာလဲ။ ကိုယ်ဘာဖြစ်လို့ ကျန်ရစ်ခဲ့ရတာလဲ။ ဒါဟာ မင်း စနစ်တကျ စီစဉ်ထားတဲ့ သတ်ကွင်းတစ်ခုလားဟင်။
ရှင်ကျရှုံးသွားပြီ..။ ဒီပွဲကို ကျမ နိုင်လိုက်တယ်….။
ဟင် ပန်းဝါ.။ မင်းရယ်နေတာလား…။ မင်းနဲ့ကိုယ် ဘယ်တုန်းက ယှဉ်ပြိုင်ဖူးလို့လဲ…။ ဘာကြောင့် မင်းနိုင်ပြီး ကိုယ်ရှုံးသွားရတာလဲ.။ ကိုယ့် ခနာဟာ လေထဲမှာ ပိုပြီး သေးငယ်ကြုံလှီသွားလို့။ ကိုယ့်ဖြစ် တည်မှုဟာ စကြဝဋ္ဌာဆီကဆွဲငင်ခံနေရလို ကိုယ်မျောပါနေပြီ။ ကိုယ်ပျောက်ဆုံးရတော့မယ်။ ကိုယ် ပျောက်ဆုံးသွားတော့မယ်။
အခန်း။ ။ (ထပ်ဆင့်အိပ်မက်)
ကိုယ့်မျက်လုံးတွေ ကျိန်းစပ်ပြာနှမ်းသွားသည်။ ဟိုးအရှေ့က မိုးကုတ်စက်ဝိုင်းမှာ နေရောင်မဟုတ်တဲ့ ဖြူဖွေးတဲ့ အလင်းတစ။ ဟင် ….သက်တန့်ဖြူတစ်ခုပါလား.။ သက်တန့်ဟာ ဖြည်းဖြည်းချင်း ကိုယ့်ဆီကို ကွေးညွတ်ကျလာတယ်။ ပြီးတော့ သက်တန့်ဟာ ကိုယ့်ကို ထိတွေ့မဲ့…..ထွေးလိမ်ရစ်ပတ်သွား၏။ ကိုယ့်တစ်ကိုယ်လုံး နွေးထွေးလို့ လာပြန်ပါ၏။ ကိုယ့်ပါးပြင်ကို တစ်စုံတစ်ခု လာရောက်ရိုက်ခတ်တဲ့ ထိတွေ့မှုကို ကိုယ်ခံစားလိုက်ရတယ်။ ဟင် ….ဆံနွယ်စတွေပါလား..။ ပန်းဝါ…။ ပန်းဝါ မင်းဘယ်မှမသွားဘူးနော်။ ဒါမှမဟုတ် မင်းပြန်ရောက်လာတာလား။ ခုနက အခိုက်အတန့်မှာ ကိုယ်ဟာ အမှုန်အစက်ဖြစ်သွားမတတ်ပါပဲ ပန်းဝါ။ နောက်တစ်ခါ မင်းပျောက်သွားလို့ မဖြစ်တော့ဘူး။ ကိုယ်တို့ နွေးထွေးမှုကို ထပ်မံအေးစက်စေလို့မဖြစ်တော့ဘူး။ လာ….ကိုယ်တို့ အရင်းနှီးဆုံး နွေးထွေးမှုတွေ ထုတ်လုပ်ဖို့ ပွဲတော်ဆီကို ခရီးဆက်မှ ဖြစ်တော့မယ်။ ဟုတ်တယ် ပန်းဝါ။ ကိုယ်တို့ ပွဲတော်ဆီကိုသွားကြမယ်။
……..
ကိုယ်တို့ နှလုံးသားကို လေတိုက်ရာ အရပ်သို့ ရည်စူးထားမယ်။ အဲဒီ လေတဟူးဟူး တောင်ကုန်းပေါ်မှာပဲ…ကိုယ်တို့ အငေးပြိုင်ကြမယ်။ နူးညံ့တိုးသက်တဲ့ လေညှင်းတို့ရဲ့ ဝိသေသအောက်မှာ ကိုယ်တို့ချစ်ခြင်းရဲ့ သင်္ဂါရရသကို ခွဲခြမ်းစိတ်ဖြာကြမယ်လေ။
……
လူတွေကတော့ ပွဲတော်ဆီကို တရွေ့ရွေ့သွားနေကြပါပြီ။ ကိုယ်တို့ရှေ့က လူအုပ်ကြီးဟာ မျောနေပါတယ်။ သူတို့ ဦးတည်နေတဲ့ ပွဲတော်က ဘာလဲ။ အခု ကိုယ်တို့သွားနေတဲ့ ပွဲတော်ကကော ဘာလဲ။ သူတို့သွားနေတဲ့ပွဲတော်နဲ့ ကိုယ်တို့ သွားနေတဲ့ပွဲတော်ရဲ့ အနှစ်သာရက ကွဲပြားခြားနားနေမလား။ တစ်သားတည်း ဖြစ်နေမလား။
ပျော်ရွှင်ခြင်းပွဲတော်………….။
ဟုတ်တယ်………။
ပျော်ရွှင်ခြင်းပွဲတော်ပဲ…….။
အင်း …ကိုယ်တို့ဟာ ခေါက်ရိုးကျိုးနေတဲ့အချစ်ကို ပုံသဏ္ဍန်တစ်မျိုးနဲ့ အခန်းပြောင်းလျှောက်မလို့ လာခဲ့ကြတာပဲ။ ဒါဆို အဲဒီပွဲတော်ကို အခြားလူတွေကော ဘာရည်ရွယ်ချက်၊ ဘာမျှော်လင့်ချက်နဲ့ လာနေကြတာလဲ။ အားလုံးဟာ ထူးဆန်းတဲ့ မျှော်လင့်ချက်ကိုယ်စီ ရှိကောင်းရှိပါလိမ့်မယ် ပန်းဝါ.။ ကိုယ်တို့ကတော့ ကိုယ်တို့ ရည်ရွယ်ချက်အတွက်ပဲ လက်တွဲထားရမယ်နော်။ ပွဲတော်ဆီကို ရောက်တော့မှာလား။ ပွဲတော်က အမှန်တကယ်ရှိလို့လား။ မဟုတ်ဘူး။ သံသယ သံကို ကြားရရင် ပွဲတော်က ထွက်ပြေးလိမ့်မယ်။ နှလုံးသားနဲ့ သိမြင်ရမယ်ပန်းဝါ။ သိပ်သည်းတဲ့ သည်းခံစိတ်နဲ့ အကြင်သူကို မေတ္တာပြုပါ။ ……
…………
ဆက်ပါဦးမည်ခင်ဗျ
ကိုရှုံးကိုလည်း ရည်စူးပါတယ်….
24 comments
Solid_Sn@ke
July 18, 2012 at 12:53 pm
နည်းနည်းတော့ကြာဘီ..
ကိုယ့်ဆြာ တို့ ..မော်ဒန် ဆြာတွေထဲက တယောက်ယောက်ဖြစ်မယ်ဗျို့ ..
သူ့ ဝတ္ထု ကြော်ငြာ မှာ ရေးထားတဲ့ စာစု အနည်းငယ်..
(စာလုံး လွဲနိုင်ပါသည်)
တဲ့..
ကိုရင်ရှုံးကို သည်ကနေပဲ ကူပီး အားပေးသွားပါတယ်ဗျို့ …
ဟိုဘက်မှာ မန်ဒါလီ ဖင်ကောက်ပုံ တင်ထားတဲ့ လူဂျီး
ကိုယ်တွေ့ကို ရီနေရတာနဲ့
အတည်ပေါက် မန့်လို့ မရလို့ ….
marblecommet
July 18, 2012 at 10:49 pm
အော် ရွာထဲမဝင်တာ ကြာလို့
လောလောနဲ့တင်
လောလောနဲ့ အားပေးသူများကို ပျံကြား
အဲ့လာနဲ့ ကိုဖား၊ ကိုအဇူရီ၊ ကို မမှတ်မိဘူး ဖျစ်သွားဒယ်
ချဉ်ပါတယ်အေ…
သူ့နေရာမှာ နာ့ချစ်တူလေးဆို နာတော့ ဂွိန်ဗျီ အာဟင့်
ဒါနဲ့ ဂျီတော့မှာ မေးထားတာ ပြန်လည်း မပြောဘူး
လစ်လိုက်ဦးမယ်ဗျာ….
ခင်တဲ့
စောတင်ကမ်း..
ဒေါက်ဂွပ် ဒေါက်ဂွပ်..
ရှူံးနိမ့်မှုများနဲ့.. လူ
July 20, 2012 at 2:24 am
တစ်ချိန်က ပြိုဆင်းလာခဲ့သည့် ကောင်းကင်ကြီးထက်မှ တိမ်ဆိုင်ဖြူတွေအား အားပါးတရ ဆုပ်ကိုင်ထားခဲ့ပြီး ပိုင်လေပြီအလား လက်တွင် ခပ်တင်းတင်းဆုပ်ကိုင်ထားခဲ့၏။ ပြန်ထွက်သွားမှာစိုးသဖြင့် လက်သီးဆုပ်ကို မဖြေခဲ့မိပဲ ဝမ်းသာအားရဖြင့် လောကကြီးတစ်ခုလုံးအား တိမ်ဆိုင်ဖြူလွလွကို ငါသည်ကား ပိုင်ဆိုင်ရလေပြီဟု ကြွေးကြော်ပြီးသကာလ အများမြင်စေရန်အလို့ငှာ လက်ဆုပ်ဖြေပြလိုက်လေချင်းပင် သူသည်ကား တိမ်ဆိုင်ဘဝသို့ ပြောင်းရွှေ့ရောက်နှင့်နေပြီးဖြစ်ကြောင်း သိလိုက်ရသည့်နောက်..
ပွဲတော်တွင်းသို့ ဝင်ရောက်ရန်မရဲတော့သဖြင့် လာရာလမ်းသို့သာ ပြန်လှမ်းခဲ့ရပါတော့တယ် ကိုကမ်းခင်ဗျား..
တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ ပွဲတော်လေးကို ကောင်းကင်ကြီးပြိုဆင်းလာလေမှပဲ ဝင်လာရဲတော့မယ့်အကြောင်း…
marblecommet
July 21, 2012 at 10:01 pm
ပွဲတော်က နှလုံးသားလှသူအတွက်
ရှိကိုရှိနေပါတယ်…ကိုရှုံးလည်းမကြာခင်
အဲဒီပွဲတော်ကို ပြန်ရလာပါလိမ့်မယ်
မိတ်ဆွေကြီးရေ့..
amatmin
July 18, 2012 at 1:10 pm
ဖတ်လို့..သိပ်လှပါတယ်ဗျာ..
ခင်ဗျားရဲ့ ပွဲတော်ကို ဖတ်လိုက်မှ..
ကျနော်လည်း ဘယ်လိုပွဲတော်မျိုးကို မျှော်လင့်မိသလဲ..
ပြန်တွေးမိတယ်..
နောက်ဆုံးပုဒ်လေးကတော့ တကယ်သိမ်မွေ့ပါ၏..
အင်မတန်ကြိုက်တယ် ဆြာကမ်းရေ့… 🙂
marblecommet
July 18, 2012 at 1:26 pm
ဆရာ Solid_Sn@ke ခင်ဗျား
ဆရာပြောတဲ့ မော်ဒန်ဆြာရဲ့ စာစုကို ကျနော်မမှတ်မိပါ
ကျနော်တနေ့ညက ရေးလိုက်တဲ့ အစုလေးပါ….အခု
နောက်ဆက်တွဲကို ဆက်ရေးနေပါတယ်ဗျ ဒီညနေ တင်ဖြစ်မယ်ထင်ပါတယ်
အားပေးတာ ကျေးဇူးပါဗျ…..
………….
ကိုမတ်ကြီး….
ကျွန်တော့် ကိုယ်ပိုင်ပွဲတော်ကိုလည်း
လာရမနော့…….
………
ကျနော့်ကို စာမရေးတာကြာလို့ တွန်းအားပြုတဲ့
ကိုကြီး ကြီးမိုက်ကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ..
kyeemite
July 18, 2012 at 1:40 pm
ပျော်ရွှင်ခြင်းပွဲတော်………….။
ဟုတ်တယ်………။
ပျော်ရွှင်ခြင်းပွဲတော်ပဲ…….။
ဟုတ်တယ်… ကျုပ်သွားချင်နေတာ အဲဒီပွဲတော်ပါ…စိတ်ညစ်ညူးမှု့တွေကင်းတဲ့
အရှုံးတွေ အနိုင်တွေ ကင်းတဲ့…မာနပြိုင်မှု့တွေမရှိတဲ့…
ဂုဏ်ပကာသနတွေမစွက်တဲ့…ဘာသာလူမျိုး၊အသားရောင်တွေမခွဲတဲ့
….ပျော်ရွှင်ခြင်းပွဲတော်………….။ကြီးပါဗျာ…
အရေးအသားကိုလေးစားလျှက်..
ခင်တဲ့…
mamanoyar
July 18, 2012 at 1:42 pm
ဖတ်ရှုအားပေးသွားပါတယ်ရှင်
marblecommet
July 19, 2012 at 1:37 am
ကျေးဇူးဗျာ
ခင်တဲ့
မောင်ကမ်း
pooch
July 18, 2012 at 1:46 pm
ပျော်ရွှင်ခြင်းပွဲတော်နဲ့ အပြိုင် နောက်က ကပ်ပါလာတာတွေက အမုန်းပွဲတော်တို့ အသဲကွဲပွဲတော်တို့ ဒီပွဲတွေကတော့ မနွှဲရရင် အကောင်းဆုံးပဲ။
လေတွေက ခါးရုံတင် မဟုတ်ဖူး အခုရက်ပိုင်းတိုက်တဲ့လေတွေမှာ သဲတွေဖုန်တွေ အများကြီး ပါလာလို့ မျက်စိတွေတောင် ကောင်းကောင်းမဖွင့်ရဲဘူး။ တုပ်ကွေးတွေလည်း ကူးကုန်တယ်။ ဒီရက်ပိုင်းကိုယ်တောင် ဟပ်ချီး ခဏခဏဖြစ်လို့ ဆေးတွေ အွန်နေရတာ။ 😀
marblecommet
July 18, 2012 at 2:12 pm
အန်…..အန်တီပုချ် ပြောယက်ထှာ…..
သားပွဲတော်က နောက်ဆုံးပွဲတော်ပါဗျ
ဒါပြီးရင် ဘာမှ ချိလော့ဝူး
ဒါနဲ့ နိဂုံးကမ္မတ်အဆုံးသတ်မယ့်ပွဲတော်ခင်ဗျ
အန်တီပုချ် တုပ်ကွေးမိနေရင်ဒေါ့ ဆရာမောင်ဆေးနီးမုန့်တစ်ထုပ်ရယ်…
နောက်ပြီးကိုပေ့ဆီက ဘီအီးတစ်ပိုင်းရယ်ကို ဗျိုက်ကနဲ့မော့်လိုက်ရင် အိုစကေပါလိမ့်မယ် ငှဲငှဲ.
မောင်ပေ
July 19, 2012 at 8:22 pm
ဘီအီးတော့ ရှိဝူး
ဘီယာတော့ ရမယ်
သောက်မှာဆိုရင်
တင်ကြို ပြော
မော
စိန်ဗိုက်ဗိုက်
July 18, 2012 at 2:12 pm
ပျော်ရွှင်ခြင်း ပွဲတော်ပြီးရင် မူးမှောက်ခြင်း ပွဲတော်လေး ရေးပေးပါဦးဂျ
marblecommet
July 18, 2012 at 3:12 pm
တော်ပါဘီ အူးလေးရယ် ဒါနဲ့ပဲ အဆုံးသပ်လိုက်ပါတော့မယ်
ဒါနဲ့ ဘီအီးသွားကစ်ရအောင် မိုးအေးတယ်လေ.
char too lan
July 18, 2012 at 5:07 pm
ဟာဗျာ………….. ဦးလေး အနော် အဓိဌာန်ဝင်တာချင်းလာတူနေဘီ
အနော်လဲ အဓိဌာန်ဝင်ထားဒယ် …. ရကိုရရမယ်လို့ သံသေတ္တာချထားဒယ်
(ကိုယ်တို့ကတော့ ကိုယ်တို့ ရည်ရွယ်ချက်အတွက်ပဲ လက်တွဲထားရမယ်နော်။ ပွဲတော်ဆီကို ရောက်တော့မှာလား။ ပွဲတော်က အမှန်တကယ်ရှိလို့လား။ မဟုတ်ဘူး။ သံသယ သံကို ကြားရရင် ပွဲတော်က ထွက်ပြေးလိမ့်မယ်။) ဒါလေးဂို ခရက်ဒစ်ပေးဒါ 🙂
marblecommet
July 18, 2012 at 9:44 pm
သံသေတ္တာချထားတဲ့ ကိုကိုလေး ချာတူး
ကိုမတ်ကြီး ဇဂါးနဲ့ ပြောရရင် ဂျက်ပင်ဆိုလား ဘာဆိုလား
သူ့ကိုတွေ့ရင် မေးကြည့်နော်……
ခံစားချက်တူတာကို ရှင်းပြလိမ့်မယ် အဲလူက…
ဟိဟိ…..
ခင်တဲ့
စောကမ်း…..
J@ckal
July 18, 2012 at 7:33 pm
ပန်းဝါနဲ့အတူ သံသယ အသံတွေကြားမှာ ပျော်ရွှင်ခြင်း ပွဲတော်ဆီသို့ …….. တခုခုနဲ့ ဆက်စပ်ပတ်သတ်နေတယ်လို့ ခံစားရပါတယ်
“ဓနုဖြူမြို့ မြစ်ကမ်းတလျှောက် အမြောက်သံများကြား ရဲမက်တို့၏ မျှော်လင့်ခက်ကား အောင်နိူင်မှုမှသည် ပျော်ရွှင်ခြင်းသို့ အဆုံးသတ် ……………………………… ပန်းဝါရယ် ပွဲတော်ရယ် သံသယတွေရယ်”
ဒီလိုဆိုတော့ ကို marblecommet က ဗန္ဓုလဘဲ ဖြစ်ရမယ်
marblecommet
July 18, 2012 at 9:46 pm
ဲဆြာJ@ckal
ဗန္ဒုလတော့ လုပ်ပါရစေနဲ့….
ဗန္ဒု ဓနု (…)ကို ဗုံးမှန်ဆိုတဲ့ စကားလေး သတိရရင်း
ကြက်သီးထမိလို့ပါ…
ဟဲဟဲ…..
မဟာရာဇာ အံစာတုံး
July 18, 2012 at 8:22 pm
ဖတ်ရှုအားပေးသွားပါတယ် ကိုကမ်းဂျီးရေ ..
ကိုကမ်းရဲ့ အရေးအသားကတော့ ရေလည် လန်းတယ်ဗျာ ..
စကားလုံးလေးတွေ သုံးထားတာလည်း မိုက်တယ်ဗျ ..
ဒါနဲ့ ကိုကမ်းဂျီး တလောက ပျောက်နေတယ်နော့ ..
marblecommet
July 18, 2012 at 9:48 pm
ကိုအံစာရေ့
အကိုက ကျနော့်ကိုအားပေးပေမဲ့
ကျနော်က ကိုအံစာ ပို့(စ်)တွေကို မဖတ်အားသေးဘူး
ခွင့်လွှတ်ပါ ဒါကြောင့် ဖတ်တာ မန့်တာ နောက်ကျရင်
နားလည်ခွင့်လွှတ်ပါဗျာ..
ခင်တဲ့
ငကမ်း….
မဟာရာဇာ အံစာတုံး
July 18, 2012 at 9:58 pm
အာ .. ကိုကမ်းဂျီးကလည်းဗျာ …
ချင်းချင်းဒွေ ပြောစရာလိုပါဘူးဂျာ ..
marblecommet
July 18, 2012 at 10:25 pm
ကိုအံစာရေ့ ခင်ဗျားရေးနိုင်တာကိုတော့
တကယ်ချီးကျူးပါတယ် ကျနော်စာမရေးဖြစ်တာ ကြာပြီဗျ
အခုပြန်ရေးချင်လို့ အကြည်ဓါတ်ကလေးတွေ ပွားလာအောင်လို့
မနည်းပြန်ကြိုးစားနေရတယ် ဆြာရေ့…..
တလောက ပျောက်တာကတော့ ဟုတ်တယ်ဗျ
ရွာထဲကို မလှည့်အားလို့ပါဗျာ အခုလို
တစ်ခါတစ်လေ ကုပ်ချောင်းကုပ်ချောင်းလေးမှ
ဝင်ဖြစ်တာပါ.
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 19, 2012 at 8:55 pm
ကိုရှုူံးပေါ်မလာသေးဘူးးနော်။
marblecommet
July 21, 2012 at 10:07 pm
ကိုရှုံးပေါ်လာပါပြီဗျာ……