သက်တန့်ဖြူကို ငေးမိတဲ့ တေလေ (၂)
အခန်း။ ။ (ဝင်္ကပါ)
ဦးနှောက်ကို ခဏအနားပေးပြီး ပကတိစိတ်နဲ့ တွေးကြည့်တယ်။
ဝင်္ကပါ ဆိုတာ ဘာလဲ ကိုကိုရဲ့..။
ဝင်္ကပါဆိုတာ သိပ်ကိုချွန်မြနေတဲ့ အဝန်းအဝိုင်းဖြစ်စဉ်ကြီးတစ်ခုပါကွာ။ အနားသပ်မျဉ်းလည်း သိပ်ကို ပိရိသပ်ရပ်တယ်။ ကိုဩဒနိတ်လည်း သိပ်ကို တိကျတယ်။ အလျှင်နှုန်း၊ အရွေ့လည်း သိပ်ကို စမတ်ကျတယ်။ အဲဒါ ဝင်္ကပါလို့ ခေါ်တာပေါ့ ပန်းဝါ။
ဒါက အဓိပါယ်ကောက်နုတ်ချက် တစ်ခုလား ကိုကို…။
…….
ကိုယ်တို့ဘဝမှာ ဗျူဟာတွေ ရှိကြတယ်။ ဘဝကို တည်ဆောက်ပြုပြင်ခြင်းဗျူဟာ။ စာသင်ကျောင်းက သင်ပေးလိုက်တဲ့ဗျူဟာ။ မိမိကိုယ်ကို သိတတ်တဲ့အချိန်မှာ တည်ဆောက်ထားတဲ့ဗျူဟာ။ စသည်ဖြင့်ပေါ့။ ဒါက သမားရိုးကျ ဗျူဟာတစ်ခု ဆိုပါစို့။ ဒါက ကောက်ကျစ်မှုမပါ။ စနစ်တကျ ကြံစည်ပြုမူခြင်းမပါတဲ့ ဗျူဟာပေ့ါ။
….
တချို့ ဉာဏ်ကြီးရှင်တွေကျတော့ ဗျူဟာတွေကို ကြံကြံတည်ဆောက်တတ်ကြတယ်။ ဗျူဟာမှာ အသားကျတယ်။ ဗျူဟာမှာ ပျော်မွေ့တယ်။ တစ်နည်းအားဖြင့် အမဲလိုက်ခြင်း ဗျူဟာတစ်မျိုးပေါ့။ သူ တစ်ဘက်သားကို တိုက်ခိုက်သတ်ဖြတ်ရခြင်းမှာ ပျော်မွေ့ခြင်း ပညာတစ်မျိုးပေ့ါ။
မိမိကိုယ်ကို အလုံခြုံဆုံး တည်ဆောက်ပါ။ မိမိကိုယ်တိုင်က လုံခြုံတဲ့အခါ စစ်ကစားထွက်မယ်။ အပစ် အခတ်ရပ်စဲထားတဲ့ တမန်တော်တွေကို လှောင်ပြောင်သရော်ဖို့ကြိုးစားပါ။ ကိုယ်တို့ အဖြစ်က နူရာဝဲစွဲ လဲရာ သူခိုးထောင်း ခံရတဲ့ ပုံပြင်ကိုမှ စင်ဒရဲလား မင်းသမီးလေးက လှောင်ရယ်ခံနေရတဲ့ ကပေါက်တိကပေါက်ချာ အိပ်မက်လိုဘဝနဲ့….။
…………
အခန်း။ ။ (အိပ်မက်ပွဲတော်)
လူတွေ ပျားပန်းခတ် လှုပ်ရှားသွားလာ စည်ကားနေတဲ့ တောင်ကလပ်တစ်ခုဖြစ်ပါတယ်။ တောင်ကလပ်ပေါ်က ပွဲခင်းဟာ လူသားတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာနန်းတော်။ အိပ်မက်တို့ မြစ်ဖျားခံရာ အရပ်ကို အကြင်သူတို့ စုရုံးရောက်ရှိကြလေပြီ။ မရေတွက်နိုင်တဲ့ လူတွေရဲ့ မျက်နှာပေါ်က ခံစားချက်တွေကို ကိုယ်တို့ လိုက်ဖတ်ကြည့်ရအောင်..ပန်းဝါ.။ ပွဲတော်ဟာ မရေတွက်နိုင်တဲ့လူတွေနဲ့ ပြည့်ကျပ်လွင့်မျောနေပေမဲ့…တိုးညှင်းတဲ့အသံကလေးမျှ မထွက်အောင် တိတ်ဆိတ်နေတယ်ဆိုတာ သင်ယုံနိုင်ပါ့မလား။ ဟုတ်တယ်လေ ပျော်ရွှင်ခြင်းပွဲတော်ပါ။ ဒီပွဲတော်ဟာ ဘယ်နေရာမှာရှိနေတာလဲ။ ကမ္ဘာကြီးရဲ့ တစ်နေရာမှာလား။ အခြား စကြဝဋ္ဌာဂြိုဟ်တစ်ခုခုမှာလား။ နဂါးငွေ့တန်း ဂလက်ဆီတစ်ခုထဲမှာလား။ စကြဝဋ္ဌာတွင်းနက်ကြီးထဲမှာလား။ ဟုတ်ကဲ့ ။ ဒီပွဲတော်ရဲ့ တည်နေရာက သင်တို့ရဲ့ နှလုံးသားကို ဖြူဖြူစင်စင်အသုံးပြုမှ တွေ့ရှိနိုင်မယ့် ပွဲတော်ဖြစ်ပါတယ်။
…….
လာ….ပန်းဝါ….။ ကိုယ်တို့ မျက်နှာတွေကို လိုက်ဖတ်ရအောင်။
ဟိုမှာ…လူတစ်ယောက် ငေးပြီး ရွေ့နေတယ်။ မင်း ဘယ်လိုထင်လဲ ပန်းဝါ။ အဲဒီလူရဲ့ မျက်လုံးကိုကြည့်စမ်း။ သူ့မျက်လုံးဟာ ထာဝရ စွဲမြဲထားတဲ့ တစ်နေရာက မရွေ့တော့ဘူး။ သူ့မျက်လုံးဟာမြင်သင့်တာတွေ အားလုံးကိုမြင်ခဲ့ပြီးပြီမို့ နောက်ဆုံးမြင်ခွင့် တစ်နေရာအတွက်ပဲ သူကြိုးစားနေတော့တာ။ ဒါကြောင့် ဒီလူ့မှာ သူ့မျက်လုံးကလွဲလို့ ဘာမှ ပြောစရာ စိတ်ဝင်စားစရာ မရှိတော့ဘူးပန်းဝါရဲ့။ သူ့မျက်နှာမှာ အရောင်တွေ ရနံ့တွေ မရှိတော့ဘူးလေ။ သူဟာ ပျော်ရွှင်ခြင်းပွဲတော်ကို စိတ်အေးလက်အေး ရောက်လာခဲ့သူတစ်ယောက်ပါပဲ ပန်းဝါ။ သူဟာ သူတော်စင်တစ်ယောက် (ဒါမှမဟုတ်) လောကကြီးကိုငြီးငွေ့သွားသူ တစ်ယောက်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
….
ဟိုမှာ မိန်းကလေး တစ်ယောက်။ နှင်းဆီ နက်ကိုပန်ထားတယ်။ အနက်ရောင် ဒိုင်းလွှားနဲ့ တူတဲ့ မျက်တောင်ကော့ကော့လေးတွေက သူမမျက်ဝန်းကိုကာကွယ်ထားတယ်။ အတွင်းက လျှို့ဝှက်နေတဲ့မျက်ဝန်းအိမ်ထဲမှာတော့ ပြင်းထန်တဲ့ မုန်တိုင်းကြီးမတိုက်ခင် ကြောက်မယ်ဖွယ် ပကတိ ငြိမ်သက်ခြင်းမျိုးနဲ့ အေးစက်နေတဲ့ နိမိတ်ကို မြင်နေရတယ်လေ။ ဟုတ်တယ် ပန်းဝါ။ သူမဟာ ပေါက်ကွဲလုလု အခြေအနေနဲ့ ဒီပွဲတော်ကို ရောက်လာခဲ့တာဖြစ်ပါလိမ့်မယ်။ သူမ ငြိမ်းချမ်းပါစေလို့ ကိုကိုတို့ ဆုတောင်းရအောင်.။
….
ဟာ…..ဟိုမှာ မိသားတစ်စုပါလား…။ ဇနီးမောင်နှံစုံတွဲလေး.။ ရုပ်ဆိုးပေမဲ့ ချစ်စရာကောင်းလွန်းလှတဲ့ သားကလေးကိုချီလို့။ မှောင်နှံဟာ တစ်ဦးကိုတစ်ဦးကြည့်လိုက်၊ သားကလေးကို ကြည့်လိုက်နဲ့ သူတို့ရဲ့ အပြုံးကို့ရပ်တန့်ဖို့ အချိန်မရလောက်အောင်ပါပဲ။ သူတို့ဟာ လက်ရှိ အခိုက်အတန့်မှာ အရောင့်ရဲဆုံးဘဝကို ရထားလို့ ဒီပွဲတော်ကို ရောက်လာကြတာဖြစ်မယ်ပန်းဝါရဲ့။
……..
ဟိုမှာ လူငယ်တစ်ယောက်ပန်းဝါ။ သူက သူ့နှလုံးသားက ဒဏ်ရာတွေကို သူ့ရဲ့ အရေအပြားပေါ်မှာ ဆေးရောင်စုံခြယ်ထားတဲ့ကောင်လေး။ လောကကြီးကို စိတ်အချဉ်ပေါက်နေတဲ့ကောင်လေးပေါ့။ သူ့ကိုယ်ငွေ့မှာတော့ ရိုးသားခြင်း ရနံ့တွေ ဝေလို့နေပါရဲ့။ သူ့အာရုံမှာ ဂီတရဲ့ အရောင်တွေကလည်း မှိုင်းဝေလို့နေရဲ့။
သူကလေးကတော့ ပျော်ရွှင်ခြင်း ပွဲတော်ကနေ စိတ်အလှတရားရဲ့ကယ်တင်ခြင်းကိုရရှိလို့သွားပါလိမ့်မယ် ပန်းဝါ.။
အဲလိုပဲ ကိုု်ယ်တို့တွေဟာ ပွဲတော်မှာ လူပေါင်းများစွာကိုတွေ့ရမှာပါ။
ဒီတော့ ကိုယ်တို့ကျတော့ ဘယ်လိုအကြောင်းနဲ့ ဒီပွဲတော်ကိုရောက်လာကြတာလဲ။
……….
ဟုတ်တယ်။ ကိုယ်တို့က ချစ်ခြင်းမေတ္တာကို အခန်းပြောင်းလျှောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲတော်ကိုရောက်လာကြတာ။ …………
……
ဒီအချိန်မှာပဲ…..လောကမှာ မရှိတဲ့ အသံတစ်ခုလွင့်လာတယ်..။
ကျွန်တော်ဟာ အိပ်မက်က ပြုတ်ကျသွားခဲ့တယ်။
သူမ မုန်းသွားတဲ့အိပ်မက်လေးဟာ ရေတံခွန်လေးတစ်ခုဖြစ်သွားတယ်။ အမုန်းရေတံခွန်လေးပေါ့။ ဒါပေမဲ့ အဲဒီ အမုန်းမှာလည်း အလှတရားပါတယ်လေ။ ရေတံခွန်ဆိုတဲ့ ရှုမြင်တင့်တယ်ဖွယ်ရှိတဲ့အလှတရားလေးပေါ့။ ဒီတော့ သူမပေးသွားတဲ့ အမုန်းကလည်း တန်ဖိုးရှိတယ်ပြောရမှာပေါ့။ သူမက ကိုယ့်ကို အိပ်မက်နဲ့ ညှို့ယူထောင်ဖမ်းသွားပေမဲ့လည်း ကိုယ်ရလိုက်တာက အလှတရားတစ်ခုပါပဲ။ သင်တို့လည်း ထောက်ချောက်ဆင်ခံရတဲ့အခါ အလှတရားနဲ့ ရုန်းထွက်နိုင်ကြပါစေ…..။
….
ငါ့ရဲ့ စံပါယ်ပန်း သေတ္တာလေးထဲမှာ…
ဝတ်မှုန် အိအိ လေးတွေ စုထားတယ်…..
…………….
တစ်နေ့သောအခါ
ကမ္ဘာကြီးမှာ ပျော်ရွှင်စရာတွေချည်း
ကျန်ခဲ့လိမ့်မယ်လို့
ငါယုံကြည်တယ်….
………..
အိပ်မက်တေးသွားတွေဟာ…
သင်တို့ရဲ့ နှလုံးသားကို…
မြင့်မြတ်ခြင်း ဘုံတစ်ခုဆီ ပို့ဆောင်ပေးလိမ့်မယ်
သင်တို့ရဲ့ မျက်ရည်မြစ်ကို
အပြီးတိုင် ခန်းခြောက် တိမ်ကောသွားစေပါလိမ့်မယ်……
…………။
………(18. 7 . 2012)
24 comments
စိန်ဗိုက်ဗိုက်
July 18, 2012 at 3:21 pm
အိပ်မက်တေးသွားတွေ
ကျုပ်တို ့ရဲ့ နှလုံးသားကို
မြင့်မြတ်ခြင်းဘုံတစ်ခုဆီ ပို ့ဆောင်ပေးပါ
ကျုပ်တို ့ရဲ့ မျက်ရည်မြစ်ကို
အပြီးတိုင် ခမ်းခြောက် တိမ်ကောသွားပါစေ…။
မိုက်တယ်ဗျို ့..
ခိုက်တယ်….ဗဲဒီးဂွတ်.
marblecommet
July 18, 2012 at 3:58 pm
ခိုက်ရင် လာထား တစ်လုံး…..
ဆြာဗိုက်….
ခင်တဲ့…..
ကိုကိုစော…..
pooch
July 18, 2012 at 5:42 pm
” Happiness is a perfume
You cannot pour on others
without getting a few drops on yourself .” ( Ralph Waldo Emerson)
ပျော်ရွှင်မှုဆိုတာ ကိုယ့်ကိုယ်ပေါ် တစ်စက် နှစ်စက် မဆွတ်ပဲနဲ့
သူများအပေါ် သွန်းဖျန်းလို့ မရနိုင်တဲ့ ရေမွှေးနံ့သာ ပါတဲ့ ကိုကမ်းကြီးရယ်…
marblecommet
July 18, 2012 at 9:42 pm
ကောင်းလိုက်တဲ့ စာသားပါလား မပုချ်ရယ်….
ဖတ်ရတာ အရသာရှိပါဘိသနဲ့ကျေးဇူးဗျာ…..
ပျော်ရွှင်ခြင်းပွဲတော် ကိုရောက်ရှိပါစေဗျာ
ခင်တဲ့
မောင်ကမ်း…
J@ckal
July 18, 2012 at 7:54 pm
ကို မာဘယ်ကောမတ်ထ် ခင်ဗျ
အပိုင်း ၁ မှာတော့ ခင်မင်လိုစိတ်နဲ့ နောက်လိုက်မိပါတယ် ခွင့်လွှတ်ပေးပါ။
ကျနော် ခံစားမိသလောက်တော့ အဖြစ်အပျက် ဦးစားပေး သရုပ်မှန်ရေးခြင်းလို့ ထင်ပါတယ်။အရမ်းကို ကောင်းပါတယ် ခင်ဗျ ကျနော့်အတွက် ဂေဇက်မှာ အချိန်ကုန်ခံပီး စာဖတ်ရတာ အရမ်းကို အကျိုးရှိပါတယ်။အပိုင်း(၁)နဲ့ အပိုင်း(၂)ကို တဆက်တည်း ပေါင်းတင်ရင် ပိုကောင်းမယ်လို့ ယူဆပါတယ် (၂)ပိုင်းခွဲလိုက်တော့ အရေးအသားပိုင်းမှာ (၁)က အဖွဲ့ကောင်းပီး (၂)မှာ ရွဲ့သံတွေ
ကြားနေရလို့ ဟက်ထိတဲ့ ကျနော်တောင် ညက်စိကြီး ဖြစ်သွားရပါတယ်
ခံစားမှုက လေကဲ့သို့ မြန်လာတာမို့ တမ်ပိုရ် အစား တာဘိုတင်ထားသလိုကြီး ဖြစ်နေသလားလို့ တွေးမိပါတယ်။ အသည်းကွဲ သမားခြင်းအတူတူမို့ ခံစားချက်ထပ်တူကို ထုပ်တန်းပေါ်မှာ ကမ္ဗည်းထိုးလိုက်ပါရစေ 🙂
လေနုအေးကို ခံစားလိုက်တိုင်း
နှလုံးသားတွေ တဆစ်ဆစ် ကိုက်ခဲ
ငါ့လက်ဖဝါးတွေ
ဆုပ်ကိုင်ပေးသူရဲ့ အဝေးမှာ ဖြူရော်လို့
လမင်းကို မင်းကျောခိုင်းထားတော့ မျက်ဝန်းတွေ
တောက်ပနေတာလား မှိန်ဖျော့နေမလား
ဝေခွဲရ ခက်တဲ့ဘဝ သံသယနဲ့ ဆုံးပီး ပျော်ရွှင်ခြင်းမဲ့တဲ့
ပွဲတော်ကိုအဝင် စည်းချက်မညီစွာနဲ့
ငါ…….
ထုတ်တမ်းပေါ်မှာ
အရက်နဲ့ အသည်းကို
ပဲလှော်နဲ့လဲ
…………………………..
နောက်မိသွားပြန်ပီ အစ်ကိုရေ sorry ပါ 🙂
စိန်ဗိုက်ဗိုက်
July 18, 2012 at 7:57 pm
အဟိမ်..အဟိမ်း..
အချိန်တန်နေပြီမို ့..
အရက်ကြောင်းတွေ သိပ်မပြောပါနဲ ့.
marblecommet
July 18, 2012 at 9:50 pm
ကိုဗိုက် ……
ကိုသာဗျောဆီ မြန်းကြစို့လေး …
ကိုကိုစော…..
marblecommet
July 18, 2012 at 9:21 pm
ကိုJ@ckal ဝေဖန်ပေးတာ ကျေးဇူးပါ
ဟုတ်ပါတယ် ကျနော့်ပို့(စ်) အပိုင်းတစ်နဲ့ နှစ်က
ရစ်သမ်ပျက်သွားတယ်…အချိန်မရလို့ ခွဲတင်လိုက်ရတာ အစ်ကိုရေ့…
ပြီးတော့ ရွာထဲလည်း မရောက်တာကြာလို့ ရေးဖြစ်အောင်
ရေးလိုက်တာပါ…
ကျနော့်ရေးချင်တာရေးထားတာလေးကို ဖတ်ရှုဝေဖန်ပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်ဗျ..ခင်တဲ့
ကမ်းကြီး….
amatmin
July 20, 2012 at 9:29 am
အဲ့လူကြီးကို လိုက်စဉ်းစားနေတာ လေဟောင်းအသံပါဆိုပီး… 🙂
ထုတ်တန်းပါမှ သိတော့တယ်..
ဗျို့ ဘိုကမ်းရေ J@ckal က ကရဲစီဗျ.. 🙂
ဒုတိယ ပိုင်းလေးလည်း ထပ်ကြိုက်ရပြန်ပီ ဗျာ..
ကိုယ်တိုင်လုံခြုံမှ စစ်ကစားထွက်မယ် ဆိုတာလေး ကအတော်လှသကိုး.
ဒါနဲ့ အမုန်းထဲက ရတဲ့အလှတရားကတော့ ယူတတ်ဖို့အတော်ခက်မဗျာ့ နော်..
ခုတလော ဂျပ်ပင်ထိုးရင်း..
သစ်သီးလေးတွေစားဖို့..အာသီသပြင်းနေသဗျ.. 😛
pan pan
July 20, 2012 at 9:35 am
အူးမတ်
အူးလေးထုတ်တန်းပေါ် လူကုန်တက်ကြဘီနော်
ဟိဟိ
ထုတ်တန်းတော့ ကျိုးတော့မှာပဲ
တခုခုဆို ဒီထုတ်တန်းလေးပဲထိခိုက်နေကြတယ် 😆
marblecommet
July 21, 2012 at 10:03 pm
ဟုတ်ကဲ့ ကိုကို
မောင်ပေ
July 18, 2012 at 8:38 pm
အော်
ခေးရယ်
ကိုယ်ဘယ်လို ပြောရတော့မှာလဲကွာ…
ကိုယ့်မျက်ရည်တွေ တောက်တောက်
ကိုယ့်ပုလင်းတွေက မှောက်မှောက်နဲ ့
အမှောင်ညတွေထဲမှာ
ကိုယ်နောက်မီးလင်းပါရစေတော့ကွာ
နော်..
*****
ဆြာကမ်းရေ
ခံစားရတယ်ဗျား
marblecommet
July 18, 2012 at 9:56 pm
မီးရထား ကပ္ပတိန်ကြီးရေ့….
ခင်ညား စာသား ရက်ပ်လုပ်လိုက်ရမလား ဟင်င်ငင်…
ဟိုရော်ကာကြီးတွေ ဆိုရအောင်လို့….
……
ဟိတ်လူ နောက်မီးလင်းမှာက ဘာဒုန်း….
ခင်ဗျားရဲ့ ဆဌမ နံရိုးလေးကို အားနာဦးလဗျာ…..
မဟာရာဇာ အံစာတုံး
July 18, 2012 at 8:39 pm
ဟိုပို့စ်ကို ဖတ်ပြီး
ဒီပို့စ်ကို ကူးလာပါတယ် ..
စကားလုံး ဆန်းဆန်းတွေနဲ့ တန်ဆာဆင်ထားတယ် ..
မိုက်တယ် ….
အားပေးသွားပါတယ် ကိုကမ်းကြီးရယ် ..
marblecommet
July 18, 2012 at 9:59 pm
ဟိုဘက်ပို့(စ်)ကနေ
ဒီဘက်ပို့(စ်)ကို တခုတ်တရ
ကူးလူးခံစားအားပေးတဲ့ ကိုရာဇာကြီးရေ့
လေးစားခင်မင် ကျေးဇူးတင်ပါရဲ့
ငကမ်း..
မဟာရာဇာ အံစာတုံး
July 18, 2012 at 10:01 pm
ကိုကမ်းကြီး ..
မေးရဦးမယ်ဗျ ..
တခုတ်တရ နဲ့ အမှတ်တရ က
ဘယ်လိုကွာတုန်းဗျ ..
တစ်ခါတစ်ခါ အဲ့ဒီလို တခုတ်တရ လို့ သုံးထားတာတွေ တွေ့ရတယ်ဗျ ..
အဓိပ္ပါယ်ကို နားမလည်လို့ …
ပြောပေးပါဦးနော့ …
ခင်တဲ့
အံစာတုံး
marblecommet
July 19, 2012 at 12:38 am
အဲ ….ကိုအံစာ အဲဒါက
ဘယ်လိုပြောရမလဲဆိုတော့ဗျာ…
ကျနော်တို့ ကဗျာစရေးတော့ စကားလုံးအသစ်ရှာတဲ့အရွယ်ပေါ့ဗျာ
အဲဒီတုန်းက ခေတ်ပေါ်ကဗျာ(မော်ဒန်ကဗျာ)ဒီရေကလည်း အမြင့်ဆုံး
အကောင်းဆုံးကိုရောက်နေတဲ့အချိန် ကဗျာဆရာတွေက
ထွင်ကြတာပဲ စကားလုံးအသစ်တွေပေါ့လေ
အဲဒါနဲ့ ကျနော်လည်း စကားလုံးတွေ လိုက်ရှာ လိုက်သုံးရင်းနဲ့
ဆယ်တန်းတုန်းက ကဗျာစာအုပ်ထုတ်ကြတော့
ဒီစကားလုံးကို ပထမဆုံးသုံးဖူးတာဗျ ကျေးဇူးမှတ်တမ်းမှာ
အခုထိ မှတ်မိသေးတယ် အဲဒီတုန်းကတော့ အမှတ်တရရယ်
တခုတ်တရရယ် ကွဲပြားပြီးသိလို့မဟုတ်ဘူးရယ်.ဆန်းလို့ ဆိုပြီး သုံးလိုက်တာ
အခု လည်း အဲ့လာလေး သတိရလို့ ကိုအံစာကို အဲလိုမန့်လိုက်တာ
ကိုအံစာပြောတော့မှ ကျနော်ပြန်တွေးကြည့်တယ် ဒီစကားလုံးနှစ်လုံး အကြောင်း
အဓိပါယ်က ဆင်တယ်ထင်ရပေမဲ့ ဒီစကားလုံးနှစ်လုံးသာ ဟင်းချိုတစ်ခွက်ဖြစ်မယ်ရင်
အမှတ်တရဆိုတဲ့ ဟင်းက နည်းနည်းပေါ့တဲ့ ဟင်းချိုပန်းကန်ဗျာ
တခုတ်တရဆိုတဲ့ ဟင်းက နည်းနည်း လေး တဲ့ ဟင်းချိုပန်းကန်ဗျာ
ကျနော် အဲဂလိုမြင်မိပါကြောင်း မိတ်ဆွေကြီး ကိုအံဇာငဲ့……ဟိဟိ……
မဟာရာဇာ အံစာတုံး
July 19, 2012 at 8:19 pm
ဒါဆိုရင် ..
သိသွားပြီဗျာ …
ကျေးဇူးပဲ ကိုကမ်းကြီး …
ကျနော်က အဲ့စကားလုံးကို တွေ့ရုံ တွေ့ဘူးတာ ..
သိဘူးရယ် …
metallic
July 18, 2012 at 9:00 pm
“.လောကမှာ မရှိတဲ့ အသံတစ်ခုလွင့်လာတယ်..။”
အဲဒါကြိုက်တယ်
marblecommet
July 18, 2012 at 10:00 pm
ကိုmetallic
ဖတ်ရှုအားပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ဗျ
ခင်တဲ့
မောင်ကမ်း.
surmi
July 18, 2012 at 11:22 pm
အမုန်းရေတံခွန်ထဲမှာ အလှပြန်ရှာရဦးမယ်
မရှိဘူးထင်ပြီး လွှင်.ပစ်ခဲ.တာ
မဝေးလောက်သေးဘူးထင်တယ်
အိမ်မက်တွေကလဲများပါ.
ဘယ်ကစရမှာလဲ လဲ ……လဲ… …..။
ကိုကမ်းရေ
မိတယ်ဗျာ ။ ရှတတလေး …..
ခုရက်ပိုင်း သိပ်မရောက်ဖြစ်ဘူး ။ သံချောင်းဘဲဝင်ခေါက်သွားရတာ ….။
marblecommet
July 19, 2012 at 12:31 am
ဟုတ် ကိုဆာရေ့
လာရောက်အားပေးသွားတာ ကျေးဇူး
အလှရှာမယ်ဆိုရင်တော့ နည်းနည်းလှမ်းသွားရင်တောင်
ပြန်ရှာသင့်တယ်လို့ ထင်မိပါရဲ့….
ကျနော်လည်း ရွာနဲ့ဝေးနေတာမို့ အခုလိုပြန်ဆုံရတာ
ဝမ်းသာလှပါရဲ့ဗျ…..
ခင်တဲ့…….
ငကမ်း…….
pan pan
July 19, 2012 at 9:43 am
အူးကမ်း
အူးလေးအငေးပြိုင်တာကြိုက်တယ်နဲ့တူတယ်နော်
ပထမပိုစ့်မှာဖတ်ရလို့ပါ
ပြီးတော့ အခန်းပြောင်းလျှောက်မယ်ဆိုတာကကော ဘာဓိပ္ပါယ်လဲဟင်
(အနော်လောလောဆယ် အခန်းပျောက်နေလို့ပါ) 🙄
နောက်တစ်ခုက အူးလေးစံပယ်ပန်းတော်တော်ကြိုက်လားဟင်င်
ဒါမှမဟုတ် စံပယ်ပန်းကို ဘာ့တွက်သုံးလဲ
ပွဲတော်မှာ အသီးသီးပျော်ရွှင်ပါစေလို့ 🙂
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 19, 2012 at 8:34 pm
အင်းမျက်ရည်မြစ်ခမ်းချောက်သွားမယ်ဆိုတော့—