ချက်တင်
ချက်တင်
…………………..
ရှည်လျှားလှတဲ့လေဟာပြင်ထဲမှာ
နက်နဲသောအဓိပ္ပါယ်တွေရဲ့ဖော်ဆောင်မှုကြောင့်
သေးငယ်သောကြိုးမျှင်လေးသွယ်တန်းခဲ့ပြီ..။
စေတမန်အဖြစ်ထမ်းဆောင်ခွင့်ရခဲ့ကြတဲ့
ကွန်ပျူတာမျက်နှာပေါ်ကစာသားလေး
အထူးတာဝန်တစ်ခုနဲ့ကြိုးမျှင်ပေါ်လျှောက်ခဲ့ရပြီ..။
သွက်လက်ချက်ချာတဲ့သူငယ်ချင်း(10)ယောက်
မှားယွင်းမှုတစ်စုံတရာနည်းပါးစေဖို့
စည်းချက် ဝါးချက်ဖြင့်တွဲစပ်ပြီးတီးစေကာ
ကီးဘုတ်ရဲ့မျက်နှာပြင်ပေါ်ကခုန်ကြကုန်ပြီ..။
ထိတွေ့မှုကအိပ်ပျော်ခဲ့တာဆိုပေမဲ့
ခံစားမှုကဦးဆောင်ပြီးချီတက်ကြကုန်ပြီ
မကြာခင်ပြန်လာလိမ့်မယ်………….
အောင်မြင်မှုနဲ့……….။
ရှုံးနိပ့်မှုနဲ့……………..။
6 comments
သန်းထွဋ်ဦး
July 24, 2012 at 6:27 am
မောရပါသည် ထိုချက်တင် chatting ကိုပြောတာပါဗျ။
mamanoyar
July 24, 2012 at 9:22 am
ချက်တင်ရဲ့ ညသန်းခေါင်မှာ ခုံမင်စွာနဲ့ အသက်ရှူတွေရပ်
ညဘက်ဆို အချိန်ချိန်မှန်မှန်နဲ့ နေ့စဉ်ရက်ဆက် ဖုန်းဆက်ခဲ့
ယုံလွယ်တဲ့ ငါစိတ်တွေက နင့်ဆီကနေရုန်းမထွက်ခဲ့………
ချက်တင်သီချင်းလေး ညည်းသွားပါတယ်
မမ အညာသူ
July 24, 2012 at 11:13 am
အားပေးသွားပါတယ်ရှင်
mayjuly
July 24, 2012 at 11:55 am
ချက်တင် …
ချက်တော့ချက်ပေါ့ … မတင်စေနဲ့ … 😀
snow white
July 24, 2012 at 12:56 pm
အားပေးပါတယ် ဆက်လက်ရင်တွင်းခံစားချက်လေးတွေ ရေးသားတင်ပြနိုင်ပါစေနော်။။။
Kyithur Tun
July 24, 2012 at 5:22 pm
စည်းချက် ဝါးချက်ဖြင့်တွဲစပ်ပြီးတီးစေကာ………
ကီးဘုတ်ရဲ့မျက်နှာပြင်ပေါ်ကခုန်ကြကုန်ပြီ……..
အရမ်းကောင်းပါတယ် ….ခေါင်းစဉ်နဲ ့လဲလိုက်ဖက်ပါတယ်
ချက်တင်