Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

” မသိစိတ်၏ ဆန်းကျယ်မှုများ “

YE YINT HLAINGJuly 26, 20121min48231

တချို့က အိပ်ပျော်နေ ရင်း စိတ်စွဲလန်းရာ ဒါမှမဟုတ် တနေ့တာ လုပ်ကိုင်ခဲ့သမျှကို ယောင်ပီး ပြောတတ်ကြတယ် ။ တချို့ဆို အိပ်နေရင်း ကနေ ထပြီး လမ်းလျှောက်တာ ကားမောင်းတာ မျိုးအထိ လုပ်တတ်ကြတယ် ။ ကျွန်တော်တို့ မြို့ကို ရောက်လာတဲ့ ဌာန တခုက လူကြီးတယောက် ဆိုရင် ညည ယောင်ပြီးထလာ ပီးတော့ သူ့ ရုံးရှိရာကို ကားမောင်းသွားတယ် ။ ညစောင့် ကတော့ မကြာခဏ ရောက်လာနေကြဆိုတော့ အိပ်ရင်း ယောင်နေတယ်ဆိုတာမသိဘူးပေါ့ ။ နောက်တနေ့ရောက်  မေးကြည့် အဲဒီလူကြီး ညည ထပြီး သွားလာ လုပ်ကိုင်ခဲ့တာတွေ သူကိုယ်သူမသိဘူး ။ ဒါကို ရောဂါ တမျိုးလို့လည်း ဆေးပညာပိုင်း ကသတ်မှတ်ထားတယ် ။ စိတ်ပညာ ပိုင်းက ကြည့်ရင်တော့ သိစိတ်က အိပ်ပျော်နေပေမဲ့ မသိစိတ်က စေစား လုပ်ကိုင်နေတာ ။ နောက်တခုက ကျွန်တော့ အဖေ ပြန်ပြောပြခဲ့တာ ။ အဖေ တို့ ငယ်ငယ် ကပေါ့ ။ အဖေ နဲ့ အတူ ရွာထဲက ကာလ သားတွေ စုထိုင် ပီး စကားပြောနေတုန်း တနယ်တကျေးမှာ အခြေချနေထိုင်နေတဲ့ ဦးဘိုးကင်း ဆိုတဲ့လူကြီး ရောက်လာပြီး အဖေတို့ အနားကနေ ဖြတ်လျှောက်တယ် ။ ဒါနဲ့ ရွာကာလ သားထဲက တယောက်က ဘဘိုးကင်း နေကောင်းလား! အလည်လာတာလား! ဘာညာ ဆိုပြီး နှုတ်ဆက်တယ် ။  ဒါပေမဲ့ ဦးဘိုးကင်း ဆိုတဲ့ လူကြီးက ဘာစကားမှ မပြန်ပဲ ခေါင်းငိုက်စိုက်ချကြီးနဲ့ သူ့ညီ ဦးဘိုးရှင်း အိမ်ရှိရာ လမ်းကြားလေးထဲ ဝင်သွားတယ် ။ အဲဒီနေ့ ညနေက ဦးဘိုးရှင်း အိမ်ကို သူ့အကို ဦးဘိုးကင်း ရောက်နေတဲ့အကြောင်း နီးစပ်ရာကို ပြောလို့ ကြားတဲ့ ရွာထဲက ဦးဘိုးကင်း အမျိုးတွေ ဦးဘိုးရှင်း အိမ်ရှိရာ သွားကြတယ် ။ အိမ်ရောက်တော့ ဦးဘိုးရှင်း က သူ့အမျိုးတွေကို ဟ ! ငါ့အကို မလာပါဘူးဟ ! တချိန်လုံး ငါအိမ်မှာ ရှိနေတာ ! လို့ အကြောင်သား ပြန်ဖြေသတဲ့ ။ တကယ်လည်း ဦးဘိုးကင်း တယောက် ရွာထဲ ရောက်မလာခဲ့ပါဘူး ။ နောက်တရက်မှာ ဦးဘိုးကင်း တယောက် သူအခြေချနေထိုင် နေတဲ့ ဒေသက အိမ်မှာ အဖေတို့ မြင်ခဲ့တယ် ဆိုတဲ့ ညနေဘက် ပိုင်း အချိန် မှာပဲ ဆုံးသွားတဲ့ သတင်း ရောက်လာတယ် ။ ကျွန်တော့ အထင် မသေခင် မျောနေတဲ့ စိတ်က သူ့ညီကို တွေချင်လွန်းတာကြောင့် ဖြစ်မယ် ။

နောက်တခု က ကျွန်တော့ကိုယ်တွေ. ။ ကျောင်းတုန်းက သူငယ်ချင်း တယောက်နဲ့ သက်ဆိုင်တဲ့ အကြောင်းလေးပါ ။ ကျောင်းသား ဘဝ ဆိုတော့ သူငယ်ချင်းတွေ အများကြီး ပေါ့ဗျာ ! ဒါပေမဲ့ ကျွန်တော့မှာ ချစ်သူ ရည်းစားရယ်လို့ တယောက်မှ မရှိခဲ့ဘူး ။ သုံးနှစ် တာနီးပါး ကာလ မှာ ကျွန်တော်နဲ့ အနီးစပ်ဆုံး အတွဲ အများဆုံး က မိန်း ကလေးသူငယ်ချင်း လေးယောက် နဲ့ ယောက်ကျားလေး သူငယ်ချင်း ဆယ့်နှစ်ယောက် ။ မိန်းကလေး သူငယ်ချင်း လေးယောက်ထဲက တယောက်ကို ၂၀၀၁ ခုနှစ်မှာ နောက်ဆုံးတွေခဲ့တယ် ။ ခုဆို ဆယ်နှစ်ကျော်ပြီပေါ့ ။ ဒီဆယ်နှစ် ကျော် အတွင်းမှာ သူနဲ့ ပါတ်သက်တဲ့ အိပ်မက်တွေ မကြာခဏ မက်ခဲ့တယ် ။ များသော အားဖြင့် အိပ်မက်ရှည်တွေပါပဲ ။ ၂၀၀၂ ခုနှစ် ကျွန်တော် ရန်ကုန် ရောက်နေတဲ့ အ ချိန်တွေထဲက တရက် နေ့ခင်းဘက် စိတ်ထဲမှာ တမျိုးဖြစ်ပြီး လေးနေတာ နဲ့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ဖို့ဟာ မလိုက်ဖြစ်တော့ပဲ အခန်းထဲ မှာပဲ ကွေးနေလိုက်တယ် ။ နေ့ခင်း ( ၁ ) နာရီ လောက်ကနေ ( ၃ ) နာရီ လောက်ထိ အိပ်ပျော် သွားတယ် ။ အိပ်မက်ထဲမှာ အဲဒီ သူငယ်ချင်းနဲ့ ကျွန်တော်စကား တွေပြောနေတယ် ။ အခန်းထဲ ကို သူငယ်ချင်း တယောက် ရောက်လာမှ ကျွန်တော် အိပ်မက် က နိုးတယ် ။ ရောက်လာ တဲ့ သူငယ်ချင်းက အမြန်ချော စာတစောင် ပေးလာတော့ ကျွန်တော် အရမ်းအံ့အား သင့်သွားမိတယ် ။ စာက အိပ်မက်ထဲ က သူငယ်ချင်း နယ်ကနေ ပို့လိုက်တာ ။ စာထဲမှာ ရေးထားတဲ့ အကြောင်း အရာတွေထဲ က တချို့က ခုပဲ ကျွန်တော့ အိပ်မက်ထဲ မှာ သူပြောခဲ့တာ ။

ဒီလိုနဲ့ နောက်ထပ် ( ၃ ) နှစ်လောက်ကြာတော့ မက်တဲ့ အိပ်မက်ထဲမှာ သူ မင်ဂလာ ဆောင် နေတယ် ။ သတို့သား ကလည်း ကျွန်တော် တို့ ကျောင်းနေဘက် သူငယ်ချင်း ထဲ ကပဲ ။ ဒါနဲ့ ကျွန်တော် လည်း စိတ်ထဲ နှစ်ရှည်လ များ တော်ရုံလူ ကို ပြောမပြ ခဲ့တဲ့ အိပ်မက်ရှည်တွေ နဲ့ တိုက်ဆိုင်မှုတွေ အကြောင်း ကို အဲဒီ အချိန် ရည်းစားရှိ နေပြီ ဆိုတော့ ကျွန်တော့ ရည်းစား ကိုရှည်ရှည်လျှားလျှား ရင်ဖွင့် ပြောပြခဲ့တယ် ။ စကားဆုံး တော့ ကျွန်တော့ ရည်းစား က ကျွန်တော့ ပါးစပ်ကို သူ့လက်ဝါးနဲ့ ပိတ်ပီး နောက်မပြောတော့ နဲ့ ဆိုပီး တားခဲ့လို့ ကျွန် တော် လည်း နောက်ပိုင်း သူ့ကို မပြောဖြစ်တော့ပါဘူး ။ ဒီလိုနဲ့ အချိန် တခုအကြာ ကိုင်ရို ကုမ်မနီမှာ အလုပ်ဝင်နေ တဲ့သူငယ်ချင်း တယောက်နဲ့ ရှမ်းပြည်မှာပဲဆုံခဲ့ကြတယ် ။ သူငယ်ချင်း  တွေ နဲ့ မတွေ.ရတာကြာနေပြီ ဖြစ်သလို အားလုံးနဲ့ အဆက် အသွယ် ပြတ်နေတဲ့ ကျွန်တော် ရှားရှားပါးပါး ဆုံလာတဲ့ သူငယ်ချင်း နဲ့ လဘက်ရည် ဆိုင်ထိုင်ပီး စကားတွေ အများကြီး ပြောဖြစ်ခဲ့တယ် ။ အိမ်ထောင်ကျတဲ့ သူငယ်ချင်းတွေ အကြောင်း ပြောရင်း အိမ်မက်ထဲ က သူငယ်ချင်း အကြောင်းမေးမိတော့ သူက မင်းမသိဘူးလားတဲ့ ! သူအိမ်ထောင်ကျ သွားပီတဲ့ ။ ကျွန်တော့ အိပ်မက် ထဲက သတို့သား နဲ့ပဲလေ ။ ။

ဖတ်ရှု အားပေးသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ့ !
ရဲရင့်လှိုင်

31 comments

  • စိန်ဗိုက်ဗိုက်

    July 26, 2012 at 6:52 pm

    နောက်ခါ
    ဗိုက်ခလေး ထီပေါက်တဲ့ အိပ်မက် မက်ပေးပါဦး..
    🙂

    • YE YINT HLAING

      July 26, 2012 at 7:02 pm

      ဟုတ်ကဲ့ ! ဗိုက်ခလေး ဘီအီး တွေ နေ့တိုင်း သောက်နေတယ်လို့ တော့မက် သဗျ ! ဟဲဟဲ နောက်တာနော် ! စော်ကြည် ထီပေါက်တဲ့ အကြောင်း လေး မက်ပေးမယ်လေ ! ကြည်ရင် ပေါက်ရင်တော့ တယောက် တဝက်ပေါ့ !

      • MaMa

        July 26, 2012 at 7:18 pm

        တစ်ယောက်တစ်ဝက်ဆိုတော့ အိမ်မက်တန်ဖိုးကလည်း ကြီးလှချည်လား။ [:D]

      • စိန်ဗိုက်ဗိုက်

        July 26, 2012 at 7:36 pm

        တစ်ဝက်တော့ မလုပ်ပါနဲ ့
        နည်းနည်း လျှော့ပါဦး..

        သုံးပုံ ပုံ တစ်ပုံလောက်တော့ လျှော့ပေးပါ..
        သဘောတူညီချက်ရရင် လုပ်ငန်းစကြမယ်လေ..

        မှတ်ချက်။ ။ ပွဲစားမလို

        • mamanoyar

          July 27, 2012 at 11:06 am

          ဗိုက်ဗိုက်ရယ် ဒီပွဲကတော့ တကယ့်ပွဲမို့
          ပွဲစားလုပ်မလို့ ကြံကာရှိသေး
          ပွဲစားမလိုဆိုတော့…………….. တွားပါပီ ;(

        • စိန်ဗိုက်ဗိုက်

          July 27, 2012 at 11:38 am

          ထီထိုးဖို ့ အရင်းနှီးပေးရင်တော့ ပွဲခ ပေးပါ့မယ်
          🙂

  • YE YINT HLAING

    July 26, 2012 at 8:22 pm

    အိုကေ ! သဘောတူတယ် ! ဒါနဲ့ ထီ ထိုးပီးပီလား ဟင် !ဟဲဟဲ

    • Yunn Nady

      July 26, 2012 at 8:47 pm

      တော်လိုက်တဲ့ ကိုပေ ! အတွက် အချက် ! ဒါပေမဲ့ နည်းနည်းလေး လွဲနေးသေးတယ် ။ ၂၀၀၁ ခုနှစ် မှာ နောက်ဆုံးတွေခဲ့တယ်ဆိုတာက သူငယ်ချင်း တွေကို သတိရလို့ ရန်ကုန်ရောက်ပီးမှ သွားတွေ ခဲ့တာပါ ။ အဲဒီနောက်ပိုင်း ခုချိန်ထိ တခါမှ မရောက် ဖြစ်တော့ဘူးဗျ ! အင်း -၂၀၁၃ လောက်ဆိုရင်တော့ အဲဒီကို သွားဖြစ်မယ်ထင်တယ် ။

  • TTNU

    July 26, 2012 at 8:57 pm

    ရဲရင့်လှိုင်ရေ..
    တကယ့်ဇာတ်လမ်းလား၊စိတ်ကူးတာလားဟင်။
    စိတ်ဝင်စားစရာပဲ၊ တစ်ချို ့ကဒီလို ကြိုမြင်စိတ်ကို အိပ်ပျော်သွားမှ
    ဖတ်လို့ရတယ်၊ တစ်ချို ့က နိုးတစ်ဝက်နဲ့ သိကြသတဲ့။
    ထူးဆန်းတယ်။

    ပါဝါတစ်ခုခုရသလိုပဲနော်။ မယုံတယုံနဲ့လေ။
    (Supernatural) ဇာတ်ကားတွေ အကြည့်များမိလို့ထင်ပါရဲ ့။
    😛

    • YE YINT HLAING

      July 27, 2012 at 5:55 am

      အန်တီနု ရေ ! တကယ်တွေ ပါ ခင်ဗျ ! တခါတလေ အံ့ဩ လွန်း လို့ မျက်ရည် တွေတောင် လည်မိ ပါတယ် ။ ဒါပေမဲ့ ကျွန်တော် က တခြားကျွန်တော့လို ထူးခြားတိုက်ဆိုင် နေတဲ့ သူတွေလို အကျင့် သီလ ပြည့်စုံ သူတော့ မဟုတ်ပါဘူးခင်ဗျ ! သောက်သောက်စားစား ပျော်ပျော်ပါးပါးနေတတ်သူပါခင်ဗျ ! ဒီနှစ်ထဲ မတ်လကုန် လောက်မှာ ကျွန်တော့ မန်နေဂျာ က သူ့ အိပ်မက်အကြောင်း ပြောခဲ့ပါတယ် ။ ကျွန်တော့ တင် မဟုတ်ပါဘူး လူတော်တော် များများကိုပါ ။ သူက ကျွန်တော့ ကို ကျွန်တော် အခုလုပ်တဲ့ အလုပ်ခွင်နေရာမှာပဲ သွေးတွေအများကြီး နဲ့ လို့ အိပ်မက်မက်တယ်တဲ့ ။ ကျွန်တော့ကိုလည်း သတိထား အလုပ်လုပ်ဖို့ မှာပါတယ် ။ အဲလိုသူပြောပြီး ( ၃ – ၄ ) ရက် လောက်ပဲကြာမယ်ထင်တယ် ။ တနေ့ စက်က လုံးဝ ပါဝါ မဝင်ဘူး ။ ကျွန်တော် ကော ကျွန်တော့ ဆရာကော ကျန်တဲ့ သူတွေပါ ဝိုင်းစဉ်းစားကြတယ် ။ အဖြေ မတွေ. ဘူး ။ ဒါနဲ့ ပြင်ပ ကုမ်မနီ က နည်းပညာ ရှင်ငှါးရတယ် ။ ညနေ ( ၅ ) နာရီ လောက်ဖြစ်မယ် ။ ပညာ ရှင်က Control ခန်းထဲမှာနေတယ် ။ ကျွန်တော် က အပြင်ပိုင်း အပြစ်ရှာဖို့ Plant ပေါ်ကို Conveyor ပေါ်ကလမ်းလျှောက်တက်တယ် ။ Conveyor Belt ဆုံးကာနီး ကျွန်တော် တချက်တွေသွားတယ် ။ ဘာမှန်းမသိတဲ့ စိတ်ကြောင့် ခြေလှမ်းနေရာကနေ ရုတ်တရက် ရပ်ပြီး စိတ်ကအလိုလို ( ၁၈ ) လက်မ အကျယ် ရှိတဲ့ ဘေးလျှောက်လမ်း ကို ခြေလှမ်း ချမယ် အလုပ်မှာ Conveyor Motor က ဝုန်းဆို ထလည်ကော ခင်ဗျ ! မရပ်ပဲ ဆက်လှမ်းမယ်ဆိုရင် မတွေးရဲ စ ရာ ပဲခင်ဗျာ ။ ပီးတော့ ကျတဲ့ နေရာက ညာဘက် ( ၁၈ ) လက်မ အကျယ် ။ ဘယ်ဘက် ကို ကျရင်လည်း အောက်မှာ သံချောင်း ထိုးထိုးထောင်ထောင်တွေ မို့ ရှင်ဖို့လမ်းမရှိပါဘူး ။ နောက်ပိုင်း တချက် တွေပီးရပ်လိုက်တာ ဘာကြောင့်လဲ စဉ်းစားကြည့်တော့ ဒါမျိုး ဒီပုံစံဒီနေမှာ ရာနှုန်းပြည့် ကြုံဘူးတယ်ဆိုတဲ့ အသိကို ဇဝေဇဝါ ဖြစ်သွားတဲ့ အချိန်လေးပါပဲ ။ ဖတ်ရှုအားပေး တဲ့ အန်တီနု ကိုကျေးဇူး တင်ပါတယ် ။
      လေးစားရိုသေစွာဖြင့်
      ရဲရင့်လှိုင်

  • သန်းထွဋ်ဦး

    July 26, 2012 at 10:29 pm

    အိပ်ရင်းလမ်းလျှောက်တာက ကလေးတွေမှာ အဖြစ်များသဗျာ။
    Sleepwalking

  • may flowers

    July 26, 2012 at 11:02 pm

    ဖြစ်တတ်ပါတယ် ဒီလိုမျိုးတွေလဲ…အားပေးဖတ်ရှုသွားပါတယ် ကိုရဲရင့်လှိုင်ရေ။

  • pooch

    July 26, 2012 at 11:05 pm

    တခါက နယ်မြို့တမြို့ကို ရောက်တော့ ကိုယ်နဲ့ မစိမ်းပဲ ရောက်ဖူး ရင်းနှီး ပြီးသလို မြင်ဖူးနေသလို ခံစားရတာမျိုးတော့ ကြုံဖူးတယ် ။

    နောက် အဝေးမှာရှိနေတဲ့ အမျိုးအရင်းတွေ သူငယ်ချင်းတွေ နေမကောင်းရင်လည်း အိမ်မက်မက်တတ်တယ်။ စိတ်ထဲထင့်လို့ ဖုန်းဆက်လိုက်ရင် သူတို့က နေမကောင်းဖြစ်နေတတ်တာမျိုးပေါ့။

    ကျမဖြစ်သလို အဖြစ်လေးတွေကတော့ လူတိုင်း ဖြစ်လေ့ရှိတဲ့ အကျင့်လေးတွေ လို့ ထင်တာပါပဲ။

    • pan pan chit

      July 27, 2012 at 12:01 am

      အင်း
      ဟုတ်တယ်မပုချ်
      အနော်လည်း ဖြစ်ဖူးတယ် အဲ့လို
      တခါတလေ တယောက်ယောက်ကို စကားပြောနေရင်း အဲ့လိုမျိုးအနေအထားနဲ့ အဲ့လူကို အဲ့စကားတွေပြောဖူးခဲ့သလိုခံစားရတယ် 🙄
      တခါတလေဆို အဲ့လိုပြောနေရင်း တခုခုဖြစ်တော့မယ်ဆိုတာ ရိပ်မိတယ်
      စိတ်နယ်လွန်တယ်ထားပါတော့
      နားလည်းမလည်ဘူးဆိုတော့လေ 🙂

      • YE YINT HLAING

        July 27, 2012 at 6:10 am

        အမ ပု (ရှ ) ၊ပန်ပန် တို့ရေ ။ စိတ်နယ်ပယ် က ဆန်းတယ်ဗျာ ! ပင်လယ် လိပ်မ ကြီးတွေ ဥဥ ပြီး မကြာ သေဆုံးသွားခဲ့ရင် အဲဒီ ဥ တွေ အကောင် မဖြစ်တော့ဘူးဗျ ! သုတေသန တွေ. ရှိချက် က ဥဥ ပီး ပင်လယ်ထဲ ပြန်ဆင်း မိုင်ပေါင်းများစွာ ကူးခပ်နေ တဲ့ လိပ်မကြီးတွေ ဟာ မမြင်ရတဲ့ မိခင်မစ်တာစိတ် လှိုင်းတွေ ပို့လွှတ်နေလို့ ဥတွေ အကောင် ဖြစ်သတဲ့ဗျာ ! ဒါလည်း ဘယ်လိုမှ လိုက်မမီတဲ့ တွေ.ရှိချက်မျိုးပါ ။

    • kai

      July 28, 2012 at 5:37 am

      တခါက နယ်မြို့တမြို့ကို ရောက်တော့ ကိုယ်နဲ့ မစိမ်းပဲ ရောက်ဖူး ရင်းနှီး ပြီးသလို မြင်ဖူးနေသလို ခံစားရတာမျိုးတော့ ကြုံဖူးတယ် ။

      လူတိုင်းလိုလို ဖြစ်တတ်ပါတယ်..။
      ဖြစ်ပုံက.. မျက်စိ၂ဖက်ကနေ.. ဦးနှောက်ကို.. အမြင်အကြောင်း.. သတင်းပို့တာမှာ.. တူတူမဟုတ်ပဲ.. နည်းနည်းလေးမီလီစက္ကန့်အနည်းငယ် လွဲသွားလို့လို့.. သိပ္ပံပညာက… ဆိုပါတယ်..။

      ဆိုတော့..
      ဘယ်မျက်လုံးက.. ဦးနှောက်ဆီ အဲဒီအမြင်(ဥပမာ နယ်မြို့ရဲ့.. မြင်ကွင်းလေး) သတင်းပို့ထားပြီး.. ညာမျက်လုံးက.. စက္ကန့်နည်းနည်းနောက်ကျ သတင်းပို့တဲ့အခါ.. ဥင်္ီးနှောက်က.. မြင်ဖူးပြီးသားကြီးလို ထင်ယောင်မှားတာမျိုးပါတဲ့..
      သာမန်အားဖြင့်.. ပြိုင်တူသတင်းပို့ပြီး.. ဦးနှောက်က.. သတိ.. အသိဖြစ်ရတာပါ..။

      ကျန်တာတွေ.. ချဲ့စဥင်္းစားစားကြည့်ကြပါ..
      အဲဒီလို..

      • မောင်ဘလိူင်

        July 28, 2012 at 10:19 am

        ဒါဖြင့်ရင် မျက်လုံးတစ်ဖက်လပ်သူများ ကျတော့ အဲဒီလိုမဖြစ်နိုင်ဘူး
        ဆိုတဲ့ သဘောပေါ့ ..ဟုတ်လား ဦးခိုင်..

        • Wow

          July 28, 2012 at 11:16 am

          ဒါပေါ့ မျက်စိတစ်ဘက်လပ်နေရင်မဖြစ်တော့ဘူးပေါ့ ….အခုမှသိရဒယ်
          မောင်ဘလှိုင်တို့ ထိုးထွင်းဉာဏ်ကောင်းလိုက်ပုံများ… ဟီး…

  • Gipsy

    July 26, 2012 at 11:46 pm

    ရွာထဲမှာတော့ တကယ့်စူပါတွေ ရှိနေကြပါလား …
    ကျုပ်ကတော့ အိပ်မက်မက်ရင် အမြဲ တလွဲချည်းပဲ …
    မဖြစ်ချေဘူး…ကိုYE YINT HLAING ကိုတော့ အားကိုးရတော့မယ်နဲ့တူတယ်…
    အားကိုးလို့ ရနိုင်မှာလား ဟင် ?

  • surmi

    July 27, 2012 at 12:12 am

    မနက်ဖန် ဘာဂဏန်းကောင်းလဲဟင် ………..။
    (မှတ်ချက် – တချို.သောအကြောင်းအရာများမှာ ကြုံခဲ.ဘူး၍ လက်ခံပေးပါသည် )

    • P chogyi

      July 27, 2012 at 9:59 am

      ဂဏန်းပျော့ကောင်းတယ်
      ဂဏန်းအမာက ဈေးကွက်မရတော့ ဈေးမကောင်းဘူး

      • mamanoyar

        July 27, 2012 at 11:59 am

        ဒါဆို ကဏန်းပျော့ပဲ ကုန်ကူးတော့မယ်
        ဟီးးးးးးးးးးးးးး

  • အရီးခင်လတ်

    July 27, 2012 at 4:42 am

    တစ်ချို့ကလဲ အဲဒီလို အိမ်မက်တာ စိတ်ချင်း ဆက် မိကြ လို့ ဆိုဘဲ။

    ဒါမျိုး အဖြစ်ဆန်း တွေ ရှိတတ်ပါတယ် မောင်ရဲ ရေ။
    အတွေ့အကြုံ လေးတွေ မျှတော့ သိရတာပေါ့။
    ကျေးဇူးပါကွယ်။
    လက်မထောင်ပြီး အားပေးသွားပါတယ်။ 🙂

  • YE YINT HLAING

    July 27, 2012 at 6:22 am

    အားပေးသွားတဲ့ အတွက် အရီး နဲ့ အတူ အားလုံးကို ကျေးဇူးပါ ။ အရီး ပြောသလို လည်း တွေးမိ ခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ တိုက်ဆိုင်မှန်ကန် တဲ့ ကျွန်တော့ အိပ်မက်တွေ က ကိုယ်ရေးကိုယ်တာက လွဲလို့ တခြားသူတွေဟာ မိဘ ညီကိုမောင်နှမတွေ နဲ့ သူငယ်ချင်းတွေ နီးစပ်သူတွေပါ ။ တခါတလေ ကျတော့လည်း ဥပါတ်ဒန် ကြောင့် စိတ်ဆင်း ရဲခဲ့ ဘူးပါတယ် ။ အဲလို ဖြစ်လာမလားပေါ့ ။

  • ဆူး

    July 27, 2012 at 10:49 am

    ဒီရွာထဲမှာ စာတွေ ရေးရတယ်လို့ ကော အိပ်မက် မမက်ဘူးလား။
    စာတွေ ရေးတယ် အားပေးကြတယ် အဲလို အဲလို မျိုးပေါ့.. 😀 😀

  • ခပ်မိုက်မိုက် ကောင်မလေး

    July 27, 2012 at 11:54 am

    အော် မနေ့ညကဇာတ်လမ်းထဲကလိုပဲ….
    အဲ့ဇာတ်လမ်းထဲက သရုပ်ဆောင်တွေက ရုပ်ရှင်ကြည့်နေခဲ့တယ်…
    အဲ့ရုပ်ရှင်ထဲက အဖြစ်အပျက်တွေ အတိုင်း ခဏကြာလာတော့…
    သူတို့လည်း ရုပ်ရှင်ထဲက အဖြစ်အပျက်အတိုင်း ချက်ချင်းဖြစ်လာတယ်…
    ————————
    ခုလည်း အဲ့တိုင်းပဲနော်…..
    မက်တဲ့ အိပ်မက်တိုင်းက အပြင်မှာ တကယ်ဖြစ်နေတယ်ပေါ့…
    မသိစိတ်ရဲ့ စေခိုင်းမှုတွေနဲ့ စိတ်ရဲ့စွဲလမ်းမှုတွေလည်း…..
    ဖြစ်တတ်တယ်ပြောတယ် သေသေချာချာတော့ မသိပါဘူး…
    ထူးထူးဆန်းဆန်း တိုက်ဆိုင်မှုတွေလား……
    အံ့ဩစရာတော့ ကောင်းတယ်ဗျ………။

  • etone

    July 27, 2012 at 1:37 pm

    အာ………. !
    မသိစိတ်ရဲ့ ဆန်း ကြယ်မှုကို ပြီးခဲ့တဲ့ တပတ်က ကျွန်မလည်း ဖြစ်ခဲ့ဖူးတယ် ..တကယ့်ကိုခဏလေးပါ …
    ပြန်ပြောပြရင် အိမ်ကလူတွေက မယုံဘူး .. ဒါ့ပြင် ဂေါက်နေသလားတဲ့ … ။

    လွန်ခဲ့တဲ့ ဘယ်နှစ်နှစ်လောက်ကဖြစ်မလဲမမှတ်မိဘူး …. ကျွန်မနေ့ခင်းဘက်အိပ်ပျော်သွားချိန်အိမ်မက်လားဘာလားမသိဘူး မက်တယ် (အဲ့အချိန်က လိပ်ပြာကျင့်နည်းကို စိတ်ဝင်စားခဲ့ချိန်မို့ ဘာမှန်းမသိဘူးလို့ပြောတာပါ) ။ အိပ်မက်ထဲမှာ ကျွန်မက မိတ္တူကူးဆိုင်ကိုရောက်ပြီး တယောက်ယောက်ကို ထိုင်ခုံလေးမှာ စောင့်ဆိုင်းနေခဲ့တယ် ။ မိတ္တူဆိုင်ကလည်း စက်တွေအများကြီးအပြင် ၊ အော်ဒါလက်ခံသူ ၊ကွန်ပျူတာ စာစီသူ စသဖြင့်ပေါ့နော် အော့ဖ်ဖစ်အသေးစားလေးလိုများပဲ ဝန်ထမ်းတွေနဲ့ ကာစတမ်မာတွေပြည့်နေတယ် …. ။ ကျွန်မစိတ်ထဲ စိတ်အလိုမကျခြင်းတွေ စိုးမိုးရင်း ….နာရီသိချင်စိတ်ဖြစ်လို့ .. နာရီလည်း မဝတ်တတ်တဲ့ အကျင့်ရှိတာကြောင့် ပါလာတဲ့ ဖုန်းလေးကို ငုံကြည့်လိုက်တယ် …….. နာရီက လေးနာရီ နှစ်ဆယ့်သုံးမိနစ် …. ရှင်းရှင်းလင်းလင်းမြင်ခဲ့ပါတယ် ….. ဖုန်းရဲ့ ဝေါလ်ပေပါကတောင် ရေအောက်က ငါးလေးတွေပြေးနေတာ အပြာရောင်နောက်ခံလေးဆိုတာ … လုံးဝမှတ်မိခဲ့တယ် …. ။ အိမ်မက်က နိုးတော့ မေ့မေ့ပျောက်ပျောက်ပါပဲ …. ။ ဒီလိုနဲ့ နေလာရင်း ….

    ပြီးခဲ့တဲ့ တနင်္ဂနွေက … လသာလမ်းက .. အင်္ဂါနာမည် တလုံးတည်းနဲ့ မိတ္တူဆိုင်ကို ရောက်ခဲ့ပါတယ် ။ ကျွန်မချစ်သူက …. စာအုပ်တအုပ်လုံး မိတ္တူကူးစရာရှိလို့ … အဖော်လိုက်ရင်း ထိုင်စောင့်ရာက … လူပေါင်းစုံရဲ့ ချွေးနံ ့နဲ့ အိုက်စပ်လာခဲ့တယ် … ပြန်ချင်နေပြီ မပြီးသေးဘူးလား … ဘယ်အချိန်ရှိပြီလဲလို့ သိချင်တာနဲ့ ….. ဖုန်းကိုထုတ်အကြည့် ဝေါလ်ပေပါက ငါးလေးတွေ ဖြတ်ပြေးသွားပြီး နာရီက လေးနာရီ နှစ်ဆယ့်သုံးမိနစ်တိတိကိုပြတယ် …. ။ အဲ့ဒါကို မြင်မြင်ချင် ရင်ထဲမှာ အတော် လှုပ်ရှားသွားတယ် …. ချက်ချင်းလည်း မက်ခဲ့တဲ့ အိပ်မက်ကို ပြန်သတိရမိပြီး တိုက်ဆိုင်လွန်းတာကိုလည်း အံ့ဩနေမိတယ် … ။ အံ့ဩရင်းနဲ့ ချွေးစေးတွေထွက်လာသလိုလို … အသက်ရှုကြပ်လာသလိုလိုနဲ့ မို့ …… အဲ့ဒီဆိုင်က ပြန်ထွက်ခဲ့ပါတော့တယ် ။

    ရှေ့ပြေးနိမိတ်ကို မက်ခဲ့ခြင်းက ကျွန်မအတွက်တော့ အရမ်းကို အံ့အားသင့်စရာပါ ။ အိပ်မက်မက်ခဲ့စဉ်တုန်းက ……. ဖုန်းဈေးတွေ သိန်းလေးဆယ်လောက်ပေါက်နေချိန်မို့ …. မဝယ်နိုင်သေးဘူး ။ငါးလေးတွေ ပြေးနေတဲ့ ဝေါပေပါဆိုတာကလည်း ……… အခုကျွန်မလဲထားတာ နှစ်ပတ်လောက်ပဲ ရှိဦးမယ် …အ ရမ်းကို တိုက်ဆိုင်တဲ့ အဖြစ်ပါ …. တသက်မှာ တစ်ခါတော့အမှတ်ရနေမယ့် အမှတ်တရမျိုးပေါ့ …. ။ 🙄

  • manawphyulay

    July 27, 2012 at 3:21 pm

    အင်း ဒါဆိုရင်တော့ အိပ်မက်ထဲမှာ ထီ ခဏခဏပေါက်တယ်ဆိုရင် အပြင်မှာလည်း တကယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲနော်… ကျန်တဲ့အရာတွေကော ဒီလိုပဲဖြစ်တတ်သလားရှင့်။

  • YE YINT HLAING

    July 27, 2012 at 9:40 pm

    ငယ်ငယ်က ( ၂ ) တန်းကျောင်းသားအရွယ်မှာပေါ့ဗျာ ! ကျွန်တော် နေမကောင်း ဖြစ်နေလို့ အဖေက သူ့ဘေးမှာ သိပ်တယ် ။ ညရောက်တော့ ကျွန်တော် အိပ်မက်မက်တယ် ။ အိပ်မက်ထဲမှာ ကျွန်တော် အိပ်ယာ ကနိုးလာပီး ဘေးမှာ အိပ်နေတဲ့ အဖေ့ ကို ရှာတယ် ။ အဖေ က အိပ်ယာ ထဲ မှာ မရှိဘူး ။ ဒါနဲ့ အိပ်မက်ထဲ မှာ အဖေ့ ကို မတွေလို့နေမကောင်းတဲ့လေသံလေးနဲ့ အဖေ အဖေနဲ့ ခေါ်နေတယ် ။အဲလို ခေါ် နေတုန်း အဖေလှေကားထစ်တွေ နင်းပြီးတက်လာတာ အဖေ့ ခန်ဒါကို အပေါ်ပိုင်း မြင်နေရပြီ ။ဒါပေမဲ့ ပါးစပ်က ခေါ်တုန်း ။အဲလို ခေါ်ရင်း နိုးလာတယ် ။ တကဲ့ အပြင်မှာလည်း အဖေ အဖေ နဲ့ ယောင်ခေါ်နိုးလာတာ ။ အပြင် မှာလည်း အိပ်ရာထဲ အဖေ မရှိဘူး ။ ဒါနဲ့ လန့်ပြီး အဖေ အဖေ နဲ့ ဆက်ခေါ်နေတုန်း အဖေ လှေကားထစ်တွေ နင်းရင်းတက်လာတဲ့ အဖေ့ခန်ဒါကိုယ် အပေါ်ပိုင်းကို မြင်ရတော့ ကျွန်တော် အရမ်း ကြောက်ပီး ငိုပါလေရောဗျာ ။ အမေ ကော ၊ အမကော ၊ နိုးလာပီး အနား ရောက်လာတဲ့ အဖေနဲ့ အတူ ဘာဖြစ် တာလဲလို့ မေးတယ် ။ ကျွန်တော် ဘာမှ ပြန်မဖြေတတ်ခဲ့ဘူး ။ ငိုပဲငိုနေခဲ့တာ ဒီနေ့အထိ မှတ်မိနေတယ် ။

    အဖေ ဆုံးခါနီးမှာ ကျွန်တော် ပွန်ချောင်း တံတား အကျော် က ဒေဝူး နဲ့ တပ်မ လုပ်ကွက်ကြားက ကျွန်တော့ ကုမ်မဏီ လုပ်ကွက်မှာ အလုပ်ဝင်နေတယ် ။ ပြောင်းလာစ ကုမ်ပဏီ သစ် နေရာသစ် ဖြစ်တဲ့ အပြင် ကုမ်ပဏီ ရဲ့ ပံ့ပိုးမှု နည်းတာကြောင့် ဒုတ်ခ ပေါင်းစုံ နဲ့ အလုပ်လုပ် နေရတဲ့ အချိန်ပေါ့ ။ နေ့ဆိုင်း ညဆိုင်း တွေ နဲ့ ကောင်းကောင်း အိပ်ရတယ်လို့ မရှိဘူး ။ ဒါပေမဲ့ အဖေ့ ကို ခဏ ခဏ အိပ်မက် မက်တယ်ဗျ ! ( ၂ ) ရက် ( ၃ ) ရက် ဆက်တိုက် မက်လာတော့ မဖြစ်တော့ဘူး ဆိုပီး ဆိုက်ခေါင်မှာ ရှိတဲ့ အဒေါ် ဆီကိုသွားတယ် ။ အရင် အခေါက် တွေ တုန်းက ပြုံးပြုံးရွှင်ရွှင် နဲ့ ကြိုဆို နေကျ အဒေါ် က အဲဒီ အခေါက် ကျွန်တော့ ကိုမြင်တော့ ကိုရဲ လို့ တခွန်းထဲ ခေါ်ပီး ငိုပါလေရောဗျာ ။ ပီးတော့ အကို ဆုံးပီတဲ့ ။ ( မှတ်ချက် ။ ။ ကျွန်တော့ အဒေါ်က ဆီဆိုင်မြို့ နယ်သား နဲ့ အိမ်ထောင်ကျပီး လက်ရှိ အဲဒီမှာပဲ အခြေချ နေထိုင်လျှက်ရှိပါသည် )

  • mayjuly

    July 28, 2012 at 2:44 pm

    မသိစိတ်ရဲ့ဆန်းကြယ်မှုက တကယ်ရှိတာဗျ ..

    ဂျူးမ ၅ တန်းနှစ်လောက်ကပေါ့ …. ခရစ္စမတ်နေ့ ဆိုရင် အိမ်တွေမှာ သီချင်းလိုက်ဆိုတာကို အရမ်းကြိုက်တယ်..
    အဲတော့ အိ်မ်ရှေ့အိမ်က ခရစ်ယာန်တွေဆိုတော့ သူတို့အိမ်မှာ လာပြီးဆုတောင်းဖို့ရှိတယ်ပြောတော့ … ညဘက် စောင့်ရင်းစောင့်ရင်း အိပ်ပျော်သွားတာပေါ့….
    အဲအချိန် မှာ မမ က အိပ်ယာပြင်ပြီး လာအိပ်ဖို့နိုးတော့ ဆက်ကနဲ ထပီး အိမ်ရှေ့အိမ်ကို ပြောတော့တာပေါ့ ..မမ ကတော့ အပေ့ါအပါးသွားမှာ ထင်ပီး ဒီအတိုင်းနေတာပေါ့ …. ဘယ်ဟုတ်မလဲ ကားလမ်းမကို ဖြတ်ကူးပြီး ရှေ့အိမ်ကိုရောက်သွားတာဗျာ …
    မျက်စိ မှိတ်ပီး ကူးသွားတာလား..ဖွင့်ပီး ကူးတာလားတော့ သိဘူးဗျ… ဟိုအိမ်ရောက်တော့မေးတော့မှ …မေမေ က ပစ္စည်းတစ်ခုခု ယူခိုင်းသလိုလို စိတ်ထဲမှာ ဇဝေဇဝါနဲ့ အတင်းမေးတော့မှ အိပ်ရာကနိုးတော့တာပဲ ….. ယောင်တယ်ပြောရမှာပေါ့… သူုတို့လဲ အိမ်ကိုလိုက်ပို့တော့မှ အိမ်ကလူတွေ သိတော့တာ… မသိစိတ်ရဲ့ လှုပ်ရှားမှုတွေကအရမ်းကို အံ့ဩစရာကောင်းပါတယ် …

Leave a Reply