အိမ်ဝေးညများ(၃)
အမေ …
ကျွန်တော့ဘဝရဲ့တမ်းမှုတွေဆိုတာ
အမေကိုလွမ်းတဲ့စိတ်က
ဖြစ်တည်ခဲ့တာပါ အမေ … ။
ကြင်နာမှုဆိုတာကို
နာကြင်မှုနဲ့ရောထွေးယူငင်ခဲ့ရတဲ့
မေတ္တာငတ်သားတစ်ယောက်
လူ့ဘဝက မပျောက်သေးပါဘူး အမေ .. ။
ခံစားခဲ့ရသမျှ
ကြေကွဲမှုဆိုတာ
ခွဲခွါခြင်းတံခါးဝမှာ
အစပြုခဲ့တာပါ အမေ … ။
ကိုငှက်ကြီးသီချင်းထဲကလို
အိမ်ပြန်ချင်တယ် ကြုံးကြုံးအော်ရင်း
အလင်းမဲ့နေ့တွေ
အမှောင်တွေကိုကြောက်လှပြီ အမေ .. ။ ။