Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း – ၁၁)

kaiAugust 1, 201230min2605

Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု)

(အပိုင်း ၁၁)

အခန်း (၁၁)

ကျွန်မတို့တွေ အိမ်ထဲပြန်ဝင်သွားကြပါတယ်။ အဖိုးက နံနက်စာ ပြင်ဆင်ရင်း အလုပ်ရှုပ်နေတုန်းမှာပဲ အေးဂျင့် Miller က စကားကို ဆက်ပါတယ်။

Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်တဲ့ တချို့ဖိုင်တွေက ထိပ်တန်းလျှို့ဝှက်ဖိုင်တွေ ဖြစ်နေတာကြောင့် ကျွန်တော့်လို အေးဂျင့်တယောက်အနေနဲ့ ဖတ်ရှုခွင့် မရှိပါဘူး။ ဒီလို classified files တွေကို ဖတ်ခွင့်ရှိတာ သမ္မတနဲ့ သူ့ရဲ့ ထိပ်တန်းအကြံပေး ပုဂိ္ဂုလ်တွေပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ် hackers တွေကမှလဲ ဒီဖိုင်တွေကို ရယူနိုင်မှာ မဟုတ်ပါဘူး။ တချို့ဖိုင်တွေဟာ လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ စာရွက်စာတမ်းတွေ ဖြစ်ပြီး၊ လက်ရေးနဲ့ ရေးထားတဲ့ စာတွေလဲ ပါဝင်ပါတယ်။ ဒါတွေကို ကမ္ဘာ့အလုံခြုံဆုံး အခန်းထဲမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ အစိုးရအတွက်သာ အလုပ်လာ လုပ်လိုက်ပါ။ ဒါတွေကို တနေ့ကျရင် မင်းကိုယ်တိုင် ဖတ်ရှုလို့ ရလာပါလိမ့်မယ်

ဒီဖိုင်တွေကို ကြည့်ခွင့် မရဘူးလို့ မင်းပြောပေမယ့် Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်ပြီး ဒို့ထက်ပိုသိနေတာတွေတော့ မင်းမှာ ရှိတယ် မဟုတ်လား

အဖိုးက လှမ်းမေးလိုက်ပါတယ်။ အဓိကကျတဲ့ အချက်တခုကိုလဲ ထပ်ဖြည့်လိုက်ပါတယ်။

၁၉၄၃ ခုနှစ်တုန်းက ဘာတွေ ဖြစ်ခဲ့သလဲ

ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဒီဖိုင်တွေကို ကျွန်တော်ကိုယ်တိုင် မမြင်ခဲ့ရပါဘူး။ ဒါပေမယ့် ဘာတွေ ဖြစ်ခဲ့သလဲဆို ပြောရမယ်ဆိုရင်တော့ ပရော်ဖက်ဆာကြီး သံသယရှိတဲ့ အတိုင်းပဲ NDRC (Naval Defence Research Committee) က လုပ်ဆောင်ခဲ့ပါတယ်။ အဲလ်ဘတ် အိုင်စတိုင်းရဲ့ Unified Field Theory ကို သေချာမလေ့လာပဲ အကောင်အထည်ဖော်ဆောင်ခဲ့ကြပါတယ်။ ဘာတွေလွဲမှားသွားခဲ့သလဲ ဆိုတာ နှစ်ပေင်း (၅၀) ကျော်လာတဲ့အထိ ကျွန်တော်တို့တွေ နားမလည်သေးပါဘူး။ ဒါပေမယ့် အဲလစ်တို့လိုလူတွေ အလုပ်လုပ် လာခဲ့မယ် ဆိုရင်တော့ နောက်ထပ်အနှစ် (၅၀) မတိုင်ခင် အဖြေထွက်လာနိုင်ပါလိမ့်မယ်

တက္ကသိုလ်မှာ မှတ်တမ်းတင်ထားတဲ့ သုတေသနမှတ်တမ်း တွေကိုတော့ ကျွန်မဖတ်ရပါတယ်။ ဒါပေမယ့် ဒါတွေက လူအများသိနိုင်တဲ့ ဗဟုသုတတွေပဲ မဟုတ်လား

ကျွန်မက ပြန်မေးလိုက်ပါတယ်။

အေးဂျင့် Miller က ကျွန်မကို တချက် ဝင့်ပြီး ကြည့်ပါတယ်။

ပြီးတော့မှ

နားလည်နိုင်ရင်ပေါ့လို့ ဆက်ပြောပါတယ်။

ကျွန်မ နားလည်ပါတယ်။ ပြီးတော့ Philadelphia disaster ကလဲ ဖြစ်နိုင်ချေရှိပါတယ်

ဒါဆို တို့ကို ရှင်းပြပေးနိုင်မလား

သူ မေးနေစဉ်မှာပဲ ဝက်ပေါင်ခြောက်နဲ့ ကြက်ဥမွှေကြော်တွေပါတဲ့ ပန်းကန်တွေကို အဖိုးက ယူလာတဲ့အတွက် စားပွဲဝိုင်းမှာ စားရင်းသောက်ရင်း စကားဆက်ပြောဖြစ်ကြပါတယ်။

ဖြစ်နိုင်ချေရှိတာကတော့ Unified Field Theory ဟာ gravity electricity နဲ့ magnetism တို့ကိုတင် ချိတ်ဆက်တာမဟုတ်ပဲ စကြဝဠာထဲမှာ ရှိတဲ့ အရာအားလုံးကို ချိတ်ဆက်နိုင်တာပဲ ဖြစ်တယ်။ Unified Fields ကို နားလည်ရင် အရာအားလုံးကို နားလည်ပြီလို့ ဆိုနိုင်တယ်

အေးဂျင့် Millerက ခေါင်းညိတ်ပြပါတယ်။

electricity နဲ့ magnetism ကို ပြောင်းလဲလိုက်တဲ့အခါ gravity တခုတည်းကိုတင် ပြောင်းလဲနိုင်တာ မဟုတ်ဘူး။ light space နဲ့ time ကိုပါ ပြောင်းလဲလိုက်နိုင်တယ်

ဒါဆိုရင် time travel ဆိုတာ ဖြစ်နိုင်ချေရှိတာပေါ့

အဖိုးက တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

time travel တင်မကပဲ space travel လဲ ဖြစ်နိုင်တယ်

ကျွန်မက ထောက်ခံ ပြောဆိုလိုက်ပါတယ်။

အဲဒါဘယ်လိုဖြစ်နိုင်တာလဲ ဆိုတာ ထပ်ပြီး ရှင်းပြပါလား

အေးဂျင့် Miller က ဆက်မေးပါတယ်။

ဒီလိုဖြစ်နိုင်တာ anti-gravity က အလင်းရဲ့ မြန်နှုန်းအတိုင်း ခရီးသွားလို့ရအောင် လုပ်ပေးလိုက်တဲ့အတွက်လား

မဟုတ်ဘူး။ gravity ကိုသုံးပြီး space ကြီးကို သေးငယ်ကျုံ့ဝင်သွားအောင် လုပ်နိုင်တဲ့ အတွက်ပဲ

ကျွန်မပေးလိုက်တဲ့ အဖြေကို အေးဂျင့် Millerက နားမလည်တဲ့ ပုံစံနဲ့ ပြန်ကြည့်နေပါတယ်။ အဖိုးကလဲ မျက်မှောင်ကျုံ့ပြီး စဉ်းစားနေပါတယ်။

ဒါကြောင့် စာရွက်နဲ့ ဘောပင်ကို ကျွန်မ ကောက်ယူလိုက်ပါတယ်။

စာရွက်ရဲ့ တဘက်မှာ Proxima Centauri ဆိုတဲ့ အမှတ်တခုကို ရေးပြီး၊ တဘက်မှာ ကမ္ဘာမြေကြီးလို့ ရေးလိုက်ပါတယ်။ ပြီးတော့ အဲဒီအမှတ်နှစ်ခုအကြားမှာ မျဉ်းတကြောင်းဆွဲလိုက်ပါတယ်။

ဒီအမှတ်နှစ်ခုအကြားမှာ အတိုဆုံးအကွာအဝေးက ဘာဖြစ်မလဲ

မျဉ်းဖြောင့်တကြောင်းပေါ့

အေးဂျင့် Millerက အဖြေပေးလိုက်ပါတယ်။

ဟုတ်ပြီ။ ဒါက ကျွန်မတို့နေတဲ့ ကမ္ဘာမြေကြီး၊ ဒါက ကျွန်မတို့နဲ့ အနီးဆုံး star system ဖြစ်တဲ့ Proxima Centauri ။ ဒီမျဉ်းကြောင်းက ဒီနှစ်ခုကြားက မျဉ်းဖြောင့်။ အလင်းရဲ့ မြန်နှုန်းအတိုင်း ဒီမျဉ်းတလျှောက် ခရီးသွားမယ်ဆိုရင် တစက္ကန့်ကို ကီလိုမီတာ သုံးသိန်းဆိုတော့ လေးနှစ်အတွင်း ရောက်နိုင်တယ်

ဒါပေမယ့် အလင်းရဲ့ မြန်နှုန်းအတိုင်းသွားနိုင်တဲ့ rocket ship တွေမှ မရှိတာပဲ။ လက်ရှိအနေအထားနဲ့ ဆိုရင် အချိန်ဘယ်လောက် ကြာနိုင်မလဲ

အေးဂျင့် Miller က ဖြတ်ပြီး မေးလိုက်တာကြောင့် ချက်ချင်းပဲ အဖြေထုတ်တွက်ချက်ကြည့်လိုက်ရပါတယ်။

ဒီလိုဆိုရင်တော့ အေဒီ 28,000 နှောင်းပိုင်းက နှစ်တနှစ်ကျမှပဲ ရောက်မှာပဲ

သူ့ဦးနှောက်က ဂဏာန်းတွက်စက်လိုပဲ အရမ်းမြန်တယ်

အဖိုးက ကျွန်မကို ချီးမွမ်းခန်းဖွင့်လိုက်ပါတယ်။

ချီးကျူးထိုက်ပါတယ်လေ

အေးဂျင့် Miller ကလဲ ထပ်ဆင့် ချီးကျူးလိုက်ပါတယ်။

ကျွန်မကတော့ ဘာမှမထူးဆန်းသလိုပဲ ပုံမှန်နေလိုက်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာမြေကြီးကနေ Proxima Centauri ကို ရောက်နိုင်မယ့် အနီးဆုံးလမ်းကြောင်းတခုတော့ ရှိနေတာ အမှန်ပဲ

ပြောရင်းနဲ့ စာရွက်ကို ခေါက်ချိုးချိုးပြလိုက်ပါတယ်။ စာရွက်ကို ခေါက်လိုက်တဲ့အခါ Proxima Centauri နဲ့ ကမ္ဘာမြေကြီးဆိုတဲ့ စာလုံးတွေက ထပ်တူကျသွားပါတယ်။

အမှတ်နှစ်ခုကြားက အနီးဆုံးလမ်းကြောင်းဟာ မျဉ်းဖြောင့်တကြောင်း မဟုတ်ဘူး။ အခု စာရွက်ကို ခေါက်လိုက်သလိုပဲ space ကို ခေါက်လိုက်နိုင်ရင် အနီးဆုံး ဖြစ်သွားမှာပဲ

ပထမဆုံး ကမ္ဘာမြေကြီးကနေ စရမယ်။ gravity field စဖွင့်ပြီး space ကို ခေါက်ချိုးလိုက်ရမယ်။ ပြီးတဲ့အခါ gravity field ကို ပြန်ပိတ်လိုက်ရင် Proxima Centuari နဲ့ အလင်းနှစ်လေးနှစ် လောက်သာ ဝေးကွာတဲ့ အကွာအဝေးကို ရောက်သွားလိမ့်မယ်

ကျွန်မစကားဆုံးတော့ အဖိုးက ခေါင်းညိတ်လိုက်ပါတယ်။

အေးဂျင့် Miller က ဘယ်လိုလုပ်ရမလဲလို့ ဆက်မေးပါတယ်။

အဲလ်ဘတ်အိုင်စတိုင်းက ဒါနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ချေအမျိုးမျိုးကို ခန့်မှန်းနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ လုပ်နိုင်တဲ့ သုတေသနတချို့ကို အဲဒီတုန်းက လုပ်လို့ မရခဲ့ဘူး။ Gravity မှာ Gravity A နဲ့ Gravity B ဆိုပြီး ရှိတာကို သူမသိခဲ့ဘူး။ Gravity B နဲ့ ပတ်သက်ပြီးတော့ လူတော်တော်များများက လေ့လာသိရှိထားပြီး ဖြစ်တယ်။ ကျွန်မတို့ရဲ့ ခြေထောက်တွေ ကမ္ဘာမြေကြီးပေါ်မှာ ရပ်နိုင်တာ၊ ကမ္ဘာကြီးက နေကို လှည့်ပတ်နေနိုင်တာတွေဟာ ဒီ Gravity B ကြောင့် ဖြစ်တယ်။ ဒါပေမယ့် အရာဝတ္ထုတွေအားလုံးဟာ particles တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဥပမာဒီစားပွဲခုံ ဆိုပါတော့။ အက်တမ်တွေ၊ မော်လီကျူးတွေ ကုဋေပေါင်းမြောက်မြားစွာနဲ့ ဖွဲ့စည်းထားတာပါ။ ဒါတွေအားလုံးကို စုစည်းထားနိုင်တာ Gravity A ကြောင့်ပဲ ဖြစ်တယ်။ ဒါကို ယနေ့ခေတ်မှာ သိပ္ပံပညာရှင်တွေက အထူးတလည် လေ့လာနေကြတယ်။ Gravity A ဟာ space travel ရဲ့ လျှို့ဝှက်ချက်ပဲ။ invisibility ရဲ့ လျှို့ဝှက်ချက်ပဲ။ time travel ရဲ့ လျှို့ဝှက်ချက်လဲ ဖြစ်နိုင်တယ်

Invisibility နဲ့ time travel ဟုတ်လား။ ဒါတွေ ဖြစ်နိုင်ချေရှိတယ်လို့ မင်းယုံကြည်သလား

Agent Miller က ထပ်မေးလိုက်ပါတယ်။

ဒါတွေ ဖြစ်နိုင်တယ်ဆိုတာ သိပ္ပံပညာရှင်တော်တော်များများက လက်ခံထားကြပါပြီ

ဘယ်လို

သိပ္ပံပညာရှင်တွေက အလင်းနဲ့အချိန်အပေါ်မှာ gravity ရဲ့ အကျိုးသက်ရောက်မှုတွေကို တိုင်းတာခဲ့ကြတယ်။ နေက ရံဖန်ရံခါမှာ ကမ္ဘာမြေကြီးနဲ့ တချို့ကြယ်တွေအကြားမှာ ရွေ့လျားနေတတ်တယ်။ ဒီကြယ်တွေက နေရဲ့ နောက်ကွယ်မှာ ရှိနေပေမယ့် ကျွန်မတို့က ဒီကြယ်တွေကို မြင်နိုင်တယ်။ ဘာောကာင့်လဲ။ နေရဲ့ gravity က ကြယ်တွေရဲ့ အလင်းကို ကွေးညွတ်သွားစေလို့ပဲ။ Gravity ဟာ အလင်းကို ကွေးညွတ်စေနိုင်တယ်။ အလင်းကို လုံလောက်စွာ ကွေးညွတ်ပြီး၊ ကွေးညွတ်နေတဲ့ အလင်းရဲ့ ကြားမှာ တစုံတရာကို ထည့်ထားလိုက်မယ်ဆိုရင် အမြင်အာရုံကနေ ဖုန်းကွယ်ထားလို့ ရတယ်

ဒါဆိုရင် တနေ့နေ့မှာ ကိုယ်ပျောက်လူ (invisible man) ဆိုတာတွေက အမှန်တကယ် ဖြစ်လာနိုင်တာပေါ့

အေးဂျင့် Miller က သူ့ဘာသာသူ ရေရွတ်လိုက်ပါတယ်။

ပြီးတော့မှ

အချိန်ကျတော့ကောလို့ ဆက်မေးပါတယ်။

အချိန်ကို တိုင်းတာနိုင်မယ့် ကိရိယာနှစ်ခုကိုယူပြီး တခုကို ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အား အားကောင်းတဲ့ ပင်လယ်ပြင်အမြင့်မှာ ထားလိုက်ပါ။ နောက်တခု ဆွဲငင်အား နည်းနိုင်တဲ့ တောင်ပေါ်အမြင့်မှာ ထားလိုက်ပါ။ အဖြေနှစ်ခု မတူတာ တွေ့ရပါလိမ့်မယ်။ Gravity ဟာ light နဲ့ space ကိုတင် လှည့်စားနိုင်တာ မဟုတ်ဘူး။ အချိန် (time) ကိုလဲ လှည့်စားနိုင်တယ်

အေးဂျင့် Miller က ခေါင်းကို ခါယမ်းလိုက်ပါတယ်။ သူ့ကို ကြည့်ရတာ အလွန်အမင်း စိတ်လှုပ်ရှားနေသလိုပဲ။ သူ့ကို ကြည့်ရင်း ကျေနပ်စွာနဲ့ ကျွန်မ ပြုံးလိုက်မိပါတယ်။

ရေးသားသူ– Terry Deary

စာအုပ်အမည်– The Philadelphia Experiment

စာအုပ်ထုတ်ဝေသည့်နှစ်– (၁၉၉၆) ခုနှစ်

စာအုပ်အမျိုးအစားလူငယ်စာပေ

ဘာသာပြန်သူ – ခင်မမမျိုး (၃၁၊ ဝ၇၊ ၂၀၁၂)

5 comments

  • ကိုရင်မောင်

    August 1, 2012 at 10:21 am

    စိတ်ဝင်စားစွာ ဖတ်ရှု့သွာပါတယ်…..

  • ကြည်ဆောင်း

    August 1, 2012 at 11:46 am

    လူငယ်စာပေမို့ဘဲ .. လူကြီးမနဲလိုက်ဖတ်ရတယ် 🙄
    ဒါတောင်နားမလည်တာတွေအများကြီးဘဲ ..
    ဖတ်ရတာတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်
    နောက်အခန်းဆက်တွေကို စောင့်မျှော်လျှက် ……

  • manawphyulay

    August 1, 2012 at 12:05 pm

    တချို့ဘာသာပြန်တွေ ဖတ်ရင်နားလည်တယ်။ အရမ်းမြင့်တဲ့ဘာသာပြန်တွေဆိုရင် အတော်ပိန်းလို့လားမသိဘူး။ ဘယ်နှခါဖတ်ဖတ် နားမလည်တာနဲ့ ကြုံရတယ်။ ဘာကြောင့်ပါလဲရှင်။

  • kai

    August 7, 2012 at 2:44 pm

    နတ်ပြည်အကြောင်းကို.. သိပ္ပံနည်းနဲ့ဖွင့်ပြနေတာလို့.. နားလည်ကြည့်ပေါ့..
    လူပြည်နှစ်၁၀ဝ နတ်ပြည်တရက်ဆိုတဲ့သဘောအပါအဝင်.. နတ်ပြည်ကိုလူတွေဘာကြောင့်မမြင်နိုင်သလည်းပါ.. တစွန်းတစ သဘောပေါက်လိမ့်မယ်.. 🙂

  • အရီးခင်လတ်

    August 7, 2012 at 6:58 pm

    That part reminds me “Back to the Future” movie series. 😛
    Thanks for the post.

Leave a Reply