စံပါယ်မီး
အခန်းထဲမှာ ပြေးလွှားနေကြတဲ့
ဝိဉာဏ်တွေဟာ
ငါ့ကို လှောင်ရယ်နေကြတယ်
ပြီးတော့ သူတို့ဟာ
ငါ့စိတ်မှာ လောင်နေတဲ့ရနံ့ကို
ခိုးယူ စားသုံးကြတယ်
ဒါပေမဲ့ အခန်းထဲမှာ
ငါမွေးထားတဲ့ ကြယ်တွေတောင်
အတော်များလာပါပြီကော
သူမ မောင်းထုတ်လိုက်တဲ့
သီချင်းကလေးတွေ ငိုလာကြပြီဆို
ငါ့ ကြယ်ကလေးတွေကလည်း
ဝမ်းနည်းကြတယ်
ကြယ်ခမောက်နဲ့ ပန်းလိပ်ပြာမလေးက
င့ါကို အမြစ်ကနေ တူးသွားတော့
ငါ့ ပင်စည်လည်း ဘိုင်းဘိုင်းလဲတယ်
သူမရဲ့ ဆီလီကွန် နှလုံးသားကြောင့်(ပဲ)
ငါ့ ရင်ခုန်သံလေး ကင်ဆာဖြစ်ခဲ့ရ
မိုးဦးလေဦးလေးရယ်
စံပါယ်တွေ မွှေးတိုင်း
ရောက်ရာ အရပ်က
အမြန်ပြန်လာဖို့ကိုပဲ ညှို့မိတယ်
မင်းဟာ ငါ့ရဲ့ နေ့နဲ့ ညကို
စနစ်တကျ လောင်ကျွမ်းနေတဲ့
အအေးမြဆုံး မီးတောက်လေး တစ်ပွင့်မို့
လူငယ်တစ်ယောက်ရဲ့ နံရံကို
သံသယ ပဝါပါးနဲ့ မလွှမ်းခြုံလိုက်ပါနဲ့
ဝေဒနာ သေရွာပါသွားလိမ့်မယ် ညီမလေး
မျက်ရည်တို့ ပျော်ပါစေ . . .။
5 .8 . 2012 တနင်္ဂနွေ
2း08 နာရီ
14 comments
pooch
August 5, 2012 at 3:04 pm
“One of the most difficult things
to give away is kidness,
for it is usually returned ”
( Mark Ortman)
“အပြီးအပိုင်ပေးပစ်လိုက်ဖို့
အခက်ခဲဆုံးအရာတစ်ခုက ကြင်နာမှုပဲ တဲ့ ကိုကမ်းကြီးရဲ့
ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီကြင်နာမှုကို ကိုယ်က သူများကို ပေးလိုက်ရင်
ကို်ယ့်ဆီပြန်ရောက်ရောက်လာတတ်လို့တဲ့ ”
ဆိုတော့ ပေးထားတာကြီးရင်ကြီးသလောက် ဝမ်းနည်းစရာတွေလည်း ကြီးတတ်တယ်
ဒါကြောင့်မို့ နည်းနည်းပဲ ချစ် အများကြီး မချစ်နဲ့….. 😀
marblecommet
August 5, 2012 at 3:45 pm
အလျှော်အစားကြီးတဲ့သဘောပေါ့ မပုချ်ရယ်….
ဟဲဟဲ ခက်တာက
လောင်းကစားသမား မှန်ရင် အလျှော်အစားကြီးမှ
စိတ်တိုင်းကျသလို……
…….
နှလုံးသား ဆော့ဗ်ဝဲ ကိစ္စတွေမှာလည်း
တန်ဖိုးဖိုးကြီးကြီးရင်းလေ….ကျွမ်းထိုးမှောက်ခုန်ဖြစ်လေပါပဲ…..
စိန်ဗိုက်ဗိုက်
August 5, 2012 at 3:46 pm
လုံးဝ မချစ်နဲ ့
အဲဒါ အကောင်းဆုံး..
ဂိန်..ဂိန်..
နောက်တာနော့..
ကိုကမ်း ကဗျာတွေ ရေလည် ထိပါကြောင်းဗျား..
kotun winlatt
August 5, 2012 at 3:57 pm
မွန်းမွန်းကြပ်ကြပ်နဲ့ အသက်ရှုမဝဘူး
နေ့တွေညတွေ တဖြည်းဖြည်းကုန်ဆုံး
နေရာဒေသတွေကို မမှတ်မိ…
စကားလုံးတွေက ဆွံ့အ
ခဏတော့ နှုတ်ဆိတ်နေမိတယ်…
လွတ်လပ်မှုဘယ်ဆီရောက်နေလဲ….
ရင်ခွင်ပျောက်သီချင်တွေနဲ့ စီးချင်းထိုးရင်း …
အနောက်တစ်ခွင်မှာ မှောင်နဲ့မည်းမည်း
တိမ်တိုက်တွေ …..
ဪ…. အလွမ်းနဲ့ နှစ်ပါးသွားရလိမ့်ဦးမဲ့ ည…
@@@@@@@@@@@@@@
ကိုကမ်း ကဗျာကိုဖတ်ပီးးး ကျနော်လွမ်းကြည့်လိုက်တာ….
maung khinmin
August 5, 2012 at 5:25 pm
စံပါယ်မီးေတောက်
ရင်ခွင်ပျောက်မှု
ဘယ်ကိုရောက်ရောက်
စောင့်လျက်မျှော်မှန်း
ဆြာ … ကမ်းလည်း
လွမ်းတတ်လာပြီ ….
မဟာရာဇာ အံစာတုံး
August 5, 2012 at 6:05 pm
ကိုကမ်းဂျီးရေ ..
ဒီနေရာလေးကို အတော်ကြိုက်မိသဗျာ ..
“… မိုးဦးလေဦးလေးရယ်
စံပါယ်တွေ မွှေးတိုင်း
ရောက်ရာ အရပ်က
အမြန်ပြန်လာဖို့ကိုပဲ ညှို့မိတယ် …”
ကိုကမ်းရဲ့ စကားလုံး သုံးပုံတွေကတော့ အပျံစားပဲဗျာ ..
အားပေးသွားတယ်ဗျို့ ….
ခင်တဲ့ ..
အံချာဒုံး
အတိသဌ္ဇနာဂရ
August 5, 2012 at 8:19 pm
သေရာပါမယ့် ကြင်နာခြင်းတွေနဲ ့—-
နေဝန်းနီ
August 5, 2012 at 8:55 pm
ကြင်နာမှုရဲ့ ပြောင်းပြန် နာကျင်မှုဟာ………. ငိုနေသူမျက်ဝန်းလား……..။ xxx တစ်ယောက်ထဲထားခဲ့မလား xxxx မြင်ရင် နင်နေရက်ပါ့မလား xxxx စာနာမှုစိတ်က တစ်ခုထဲသော အဓိပါ္ပယ် နဲ့လေ………. မြင်ရုံသာ စောင်းငဲ့ကြည့်ဦးးးးးးးး ))) တေးရေးမောင်သစ်မင်းရဲ့ သီချင်းလေးနားထဲ ကြားယောင်မိလေရဲ့……….. တစ်ချိန်က မင်းသားကြီးဆိုခဲ့တာပေါ့………။
htet way
August 5, 2012 at 9:17 pm
မိုးဦးလေဦးလေးရယ်
စံပါယ်တွေ မွှေးတိုင်း
ရောက်ရာ အရပ်က
အမြန်ပြန်လာဖို့ကိုပဲ ညှို့မိတယ်
မင်းဟာ ငါ့ရဲ့ နေ့နဲ့ ညကို
စနစ်တကျ လောင်ကျွမ်းနေတဲ့
အအေးမြဆုံး မီးတောက်လေး တစ်ပွင့်မို့
ကောင်းလိုက်တဲ့ အဖွဲ့အနွဲ့ …ရင်ကို ထိခတ်သွားတယ်ကို ကမ်းဝေး
နေဝန်းနီ
August 5, 2012 at 9:37 pm
မေ့သွားလို့ဗျို့……… ကဗျာဆိုတာက ဒီလို အသံပါရမယ်……….. ဒီလို အရောင်ပါရမယ်………. ဒီလို အရုပ်တွေလှုပ်ရျားနေရမယ်…။ ဒီလို အနံ့ အသက်မျိုးရရမယ်………။ ဒီလို အရောင်ပါရမယ်………။ ဒီလို ………….. ဒီလို ……………….. ဒီလို…………….
marblecommet
August 5, 2012 at 10:24 pm
ဗိုနေကြီးရေ့
အစ်ကိုရဲ့
ညငှက်မလေး ကဗျာလေးကို အခုထိ
သတိရနေတုန်း
ကမ္ဘာပတ်အကဆိုလား ဗျာ….
ကဗျာတွေရေးပါဦး ဗျ
marblecommet
August 5, 2012 at 10:31 pm
ကိုဗိုက်ရေ့…..
ဘီအီးတူတူကစ်ဖြစ်တဲ့အခါ
ဆက်ပွားကြမယ်ဗျာ…..
မတွေ့တာကြာပြီကော…
………….
ကိုထွန်းရေ့
ဓာတ်တူ၊ နံတူ၊ ဝါသနာတူ
ရင်ဘတ်ချင်းတူသူချင်းမို့
တစ်ယောက်သဘော တစ်ယောက်
ဖောက်ထွင်းမြင်တွေ့နေရပါကြောင်း….
…………
ဆရာခင်ရေ့
ဆရာခင်ရဲ့
ကာရန်ချိုသာ ကဗျာများကို
အမြဲအားပေးနေပါရဲ့ဗျား….
……..
ကိုသန်းထွဋ်ဦးရေ့
ကျနော့်ပို့(စ်)တွေကို
အမြဲအားပေးနေတဲ့အတွက်
ကျေးဇူးတင်ပါတယ်ဗျာ…
………..
ကိုထက်ရေ့
ခင်ဗျားစာတွေကိုတော့ ဖတ်နေရပါရဲ့
ကဗျာကိုလည်း မေ့မထားနဲ့ဦးဗျာ…
နော့…..
ခင်မင်လေးစားစွာ
ငကမ်း…..
မောင်ပေ
August 5, 2012 at 11:36 pm
ချစ်ခြင်း ရင်တွင်းဖြစ် ခံစားချက်များသည် အနုပညာဖန်တီးရာ အကြောင်းများဖြစ်သည်ကို ဆြာကမ်း သက်သေထူ၏။
ယခု ကွန်မင့် မန့်ရင်း နှာခေါင်းဝတွင် စံပါယ်အနံ့သင်းလာ သလိုလို
အတိတ်ကို သတိရမိသည်။
marblecommet
August 6, 2012 at 12:21 am
ဩ…….
ကိုရင်မောင်ပေ့မှာလည်း
ဇဘယ်ဇာတ်ဟောင်းရှိပါစ…..
ဒီနေ့ ဇဘယ်တွေ တယ်ထကြွနေကြပါလား ဟရို့
ခြောက်ဖက်ကြီးလည်း ဇဘယ်
နော်လည်း ဇဘယ်
ကိုပေကြီးလည်း ဇဘယ်…..
အိုလေ့ ဇဘယ်…….