ပိုစ့်မော်ဒန် ပုဂံသူရဲကောင်း ပုံပြင်
အချိန်ကား .. မျက်မှောက်ခေတ်..
အဖွင့်ဆန်း အောင် တောက် ခေါက် သံနှင့် ဖွင့်မည်… လာလေရော့ ….
ကတောက်….။
အသံက ပြင်းသည်။ မာသည်။
ဒေါသနှင့် အသားတို့က တဆတ်ဆတ် တုန် နေသည်..။
သို့နှင့် ..
ဖတ်လက်စ လက်ထဲက ဂျာနယ်ကို ဖုန်းကနဲ ပစ်ချလိုက်ပြီး
လက်ဖက်ရည်ဆိုင်မှ သူ ထ ထွက်လာခဲ့သည်..
သူ့လယ်ကွင်းထဲ ပြန်ရောက်သည်နှင့် စိတ်ပေါက်ပေါက်နှင့် ကြိမ်လုံးကို နီးစပ်ရာ
ငညို ငနီ တစ်ကောင်ကောင် ၏ ကျောပြင် ကို ဗြောတင်လိုက်မိသည်…။
ရွှမ်း …..
လက်ဆ ပြင်းသွားသည်ထင့် .. ။ မတတ်နိုင်… သည်အကောင် ၆ဝနှင့်ပင်
သူ လုပ်စရာရှိတာ လုပ်ရန်သာ …
ဟုတ်သည်။ သူကား နွားအရှဉ်း ၃ဝ နှင့် ဝမ်းရေးကို လယ်ထွန်ရင်း
ရုန်းကန်ရသူ ပုပ္ပါးနယ်သား ကိုရင် ငလုံးလက်ဖယ် ပင်ဖြစ်သည်။
(ရှေ့လျောက် ကိုရင်လုံး ဟု သုံးမည်- ကိုရင်ရှုံးကို ပြောင်ခြင်းမဟုတ်ပါ)
ညနေကျရင်တော့ ..ကိုရင်ထွေး (ငထွေရူး) ထန်းတော သွားပြီး
ပင်ကျရည် သောက်ရင်း ရင်ဖွင့် ပစ်မည်ဟု တေးမှတ်ထားလေသည်။
တကယ်တော့ ….ညောင်ဦးရပ်နေ ကိုရင်ဖီး (ညောင်ဦးဖီး) လည်း
ညစ်နေသည်..။ ဟုတ်သည် … သူ့အလုပ်က .. ရပ်ထဲ ရွာထဲက
လူတွေနှင့် လောင်းကြေးစားကြေး ဟိုဘက်ကမ်း သည်ဘက်ကမ်း
ရေကူးပြစားခြင်း ပင် ဖြစ်သည်…. ။ ညစ်ရသည့်ကြားထဲ ..
တီဗီက လာနေသည့် လန်ဒန်အိုလံပစ် အောင်ပွဲခံ စိန့်တိုင်းမှ လူဗလံလေးတွေက
သူ့ကို လှောင်ပြောင်နေသလိုလို …။ သူလည်း ကိုရင်ထွေး ထန်းတောဆီသာ
ခြေဦးလှည့်မည် တွေးမိပြန်သည်။
အချိန်ကား ..ထွေးညိုရေခပ် ချိန် မရှိတရှိ။
လုံး။ ဗျို့ ကိုရင် ထွေး ..။ ဗျို့ …။
သူသည်ရက်ပိုင်း ကိုရင်ထွေး ထန်းတော ကို မရောက်ဖြစ်…။
ရောက်မယ့်ရောက်တော့လည်း ကိုရင်ထွေး က ကွပ်ပျစ်ပေါ်၌
ငုတ်တုတ် ဇက်ကျိုးနေလေသည်…။ ဘယ့်နှယ့် …
ကိုရင်ထွေး အကြောင်း သူသိသည် ..။ ထန်းသမားကောင်းဖြစ်သည့်အပြင်..
အခုန်အပျံ အလွန်ထူးချွန်သူ … အလုပ်အလွန်လုပ်သူ ..။ ညနေခင်းများတွင်
ဆေးဖြစ်ဝါးဖြစ် မှီဝဲတတ်သော်လည်း ..ယခုကဲ့သို့ အလွန်အကျွံ လုပ်လေ့ရှိသူမဟုတ်…။
ခုတော့ လူမှန်းမသိအောင် မူးနေပြီ… ။
ခေါ်သံကြောင့် ကိုရင် ထွေး ..ခေါင်းမော့ကြည့်မိသည်..။
ထွေး။ ဂေ့.. ဘယ်သူများ မှတ်တယ် ရောင်းရင်းလုံး ပါလား ..။
လာဗျို့ … ဂေ့ ..။
လုံး။ ဘယ့်နှယ့်ဖြစ်တာတုန်း ကိုရင် ရာ ..
ထွေး။ ပြော ..မပြောချင်တော့ပါဘူး ကိုရင်ရာ …။
လုံး။ ဘာတွေများ စိတ်ညစ်စရာရှိလို့တုန်း ကိုယ့်လူရာ ..ကျုပ်က ညစ်လို့ ကိုယ့်လူဆီ
ထွက်လာပါတယ်ဆိုမှ ….။
ထွေး။ ဂေ့ …မေ့နေလိုက်တာ ..ကိုရင့်ဖို့ … တမြူလောက် သွားဆွဲလိုက်ဦးမယ်….။
လုံး။ အံမယ်လေး နေပါကိုရင်ရယ်… ကျုပ်ဟာကျုပ် သွား ဆွဲပါ့မယ်…
ခင်ဗျား သည်လောက်မူးနေတာ ပြုတ်ပျက် ကျနေမှ ကျုပ် တရားခံ ဖြစ်နေပါဦးမယ်…။
ထွေး။ ဒါဆိုလည်း ကျေးကျေးဗျာ … ကိုယ့်ဟာကိုယ်သာ တက်ယူလိုက်တော့ …။ ကျုပ်မျက်နှာ သွား ..သစ်လိုက်ဦးမယ်။
ဟောဟို ပင်ကောက် မှာ မြူဆွဲထားရဲ့ ဗျာ ..ဂေ့ .. ယင်းထောင်က ကျုပ် ကွပ်ပျစ်ရဲ့ ညာဘက်မှာ ..။
ပြောပြောဆိုဆို သူတို့ ၂ဦး ကိုယ်စီကိုယ်ငှ လုပ်စရာရှိတာ ထလုပ် ကြတော့လေသည်…။
ထိုစဉ် မည်းမည်းမည်းမည်းနှင့် ထန်းတောထဲ ဝင်လာသူမှာ ကိုရင်ညောင်ဦးဖီး …။
(နေပူစပ်ခါး ရေကူး-စား ပါတယ်ဆိုမှ ဘယ်လိုမှ အသားမဖြူနိုင်သောကြောင့် တည်း…။)
ပုဆိုး ခါးပုံကြားမှ (လန့်မသွားပါနဲ့ဦး) ပဲကြီးလှော်တွေထုတ် ကွပ်ပျစ်ပေါ်က ဂျာနယ် အဟောင်းပေါ်
တင်ရင်း…။
ဖီး။ ဟန်ကျသဟေ့ …သောက်စရာ က အဆင်သင့် လိုက်လေ… ညစ်လို့ ထွက်လာတယ်ဆိုပေမယ့်..
သည်လိုလေး နေရာကျနေပြန်တော့လည်း ….။
ဟု ဆိုလိုက်သည်တွင် .. ရင်းဆွဲမှ ရင်းထောင်ကို ပြန်ဖြုတ်ပြီး ထမ်းလာသော ကိုရင်လုံးမှ….။
လုံး။ အော်… ကိုရင်ကများ ဘာတွေ ညစ်ရပြန်တာတုန်းဗျာ … ။
ဖီး။ ညစ်တယ်ဗျ ညစ်ရတယ်…။
လုံး။ ကိုရင့်လို အပူအပင် ကင်းကင်းနဲ့ ရေကူး-စား နေတဲ့လူက ညစ်ရတယ်လို့ဗျာ …။
ဖီး။ ဟမ် … ကိုရင်လုံး … စဉ်းစဉ်းစားစားလည်း ပြောပါဗျ…။ မြစ် အညာမှာ မျက်ရစ်မပါတဲ့လူတွေ
ဆည်ဆောက်လို့ အခုဆိုရင် ..အနှီမြစ် ကို သူငယ်တန်းကလေးတောင် ဒူးရေမစိုဘဲ ဖြတ်လို့ရနေမှတော့ ..
ကျုပ်က ဘယ်နားသွားကူးမတုန်းဗျာ…။
လုံး။ အင်း … ဒါလည်း ဟုတ်သား..။
ဖီး။ ကိုရင်ကတော့ ပျော်မှာပေါ့နော …အဲ့သည့် ဆည်တွေ မြောင်းတွေ ကနေ ကိုရင်တို့
လယ်တွေဆီကို …ရေသွင်းစိုက်နိုင်ပြီ ဆိုတော့ …။ အဟတ်…
လုံး။ ညောင်ဦးကမ်းပါး ပြိုတာနဲ့ စမ္ပာနဂိုက နွားမ ပေါင် ကျိုး တဲ့ကိန်း … မဆိုင်ရေးချ
မဆိုင်ပါလားကိုရင်ရယ်..။
ထိုစဉ် ..မျက်နှာသစ်ပြီး ပြန်ရောက်လာတဲ့ ကိုရင်ထွေး က စကားဝင်ထောက်သည်။
ထွေး။ လောကဓါတ်ဆြာတွေ ပြောတော့ အိနိ္ဒယ မှာ လိပ်ပြာတောင်ပံခတ်တာ ဆီလီကွန်ဗယ်လီ ကို
တော်နေးဒိုး ဝင်မွှေတယ် ဆို ..အဟိ။
လုံး။ သည်မယ် ကိုယ့်ဆြာတို့ ဆည်ဆောက်လို့ ရေ ရတာလောက်ပဲ မြင်နေကြ … ကျုပ်မှာဖြင့်…
ကန်ပနီလယ်ယာ စနစ် ပြောင်းမယ် ဆိုပြီး ဘယ်နေ့ လာသိမ်းမလဲ တွေးရင်း ညည အိပ်မပျော်တာ
ကြာပေါ့ဗျာ…။
ဖီး။ ဒါဆိုလည်း ဤလယ်သည် ဘိုးဘွားပိုင်မြေဖြစ်ပြီး ကိုယ့်လုပ်အားဖြင့် ကိုယ် တသက်လုံး အပင်ပန်းခံ
ထွန်ယက်စိုက်ပျိုး စားသောက်နေပါသဖြင့် မတရားသဖြင့် သိမ်းယူခြင်း မပြုရ … ဆိုပြီး
ဆိုင်းဘုတ်ထောင်ဗျာ…။
လုံး။ ကိုယ့်ဆြာက သာ ဆိုင်းဘုတ်လောက် ထောင်ဖို့ စဉ်းစားနေ ..ဆိုင်းဘုတ်မြင်မှ သတိထားမိပြီး
ဟိုပညာရှင် လူဝကြီးက သိမ်းပြီး အစိတ်စိတ် ပိုင်း ရောင်းစားလို့ … ကျုပ် နွားအရှဉ်း ၃ဝတောင်
ဘယ်နားသွားထားရမှန်းမသိ ဖြစ်နေပါဦးမယ်ဗျာ…။
ဒါနဲ့ နေပါဦး .. ကျုပ်တို့ ညစ်တာ ကိုသာ မေးနေတာ ..ကိုယ့်ဆြာသမား ရောင်းရင်းထွေး ကရော ဘာလို့
ညစ်ပြီး သည်လောက် ဒေါင်ချာစိုင်းအောင် သောက်ရသတုံး။
ထွေး။ အဘ ကြောင့်ပေါ့ဗျာ။
ဖီး။ ကိုရင့် အဘက ဆုံးတာ ကြာပြီပဲဟာ…။
ထွေး။ ကျုပ်အဖ ကိုပြောတာ မဟုတ်ပါဘူးဗျာ …. အင်း ..တကယ်တော့ ..အဘတယောက်တည်းတောင်
မဟုတ်ဘူး ..အဘတို့ကြောင့်ပါဗျာ…
လုံး။ နားရှုပ်လိုက်တာကိုရင်ရာ .. လင်းစမ်းပါဦး.။
ထွေး။ အဘတို့များ တကယ်… လက်ဖျားခါတယ်ဗျာ … ကြီးမေကိုသာ ဘားမား လို့ ခေါ်လို့
ပြဿနာ ရှာကြတယ်… အဘတို့ လုပ်ပုံများ ကြည့်ဦး …။ ကိုယ့်တိုင်းပြည်နာမည် နဲ့ ဗြစ်
ထုတ်တယ်လေ… အဲ့ဒါကြီးက တောရောမြို့ပါ ပျံ့နှံ့ပြီး …ခေတ်စားလေတော့ ကျုပ်ထန်းတော
ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေတာ ကြာပါသော်ကော …
ကိုရင်တို့ရယ်… တကယ်တော့ ကျုပ်သည်သာ မူလရိုးရာမပျက် ..သဘာဝစစ်စစ် မိရိုးဖလာ
အယ်လကိုဟောလ် ရောင်းချသူပါဗျာ …. ခုတော့ ခုတော့ …။
ကိုရင်ထွေး မျက်ရည်ဝဲလာသည်..။ ကိုရင်လုံးကတော့ ..စိတ်ကြမ်းလူကြမ်းသမားမို့ …တောက် သာ
တွင်တွင်ခေါက်လေသည်..။
ကိုရင်ဖီးမှာလည်း နှာခေါင်းစူပွစူပွ လုပ် မည်းနေသောမျက်နှာကြီး ချိတ်တက်လာရင်း ..အံကိုတင်းတင်း စေ့ထား၏။
ထိုမြင်ကွင်းကို ငေးကြည့်ရင်း ..သက်ပြင်းကျိတ်ချ နေသူမှာကား ..ကိုရင်ထွေး အိမ်တွင်
လက်တိုလက်တောင်း ခိုင်းစေရန် သထုံမြို့မှ ခေါ်ထားသော ဗျတ္တ ဟူသော ကုလား
ချာတိတ်လေးဖြစ်လေသည်…..။ ဟုတ်သည်… သူသည်လည်း ဒီရက်ပိုင်း
ဈေးတောင် ရဲရဲ မသွားရဲ …။ ဆိုင်ဆိုင်မဆိုင်ဆိုင် ဟိုးတလောလေးဆီက အနောက်အရပ်တွင်
ဖြစ်ပွားသော ပရိပက္ခများသည်… သူ့အား အလိုလို ကျောချမ်းစေသည် အနေရခက်စေသည်
မဟုတ်ပါလား …။
တိတ်ဆိတ်မှု ကို ဖြိုခွဲလိုက်သူကား … ကိုရင်လုံး ဖြစ်သည်…။
လုံး။ ကျုပ်တို့ ရောင်းရင်းကြီး နောင်ကြီးကျန် လိုသာ လောကီကို စွန့် လိုက်ရင် ဒါမျိုးတွေ ကြုံရမယ် မထင်ဘူးဗျာ …။
ဟု ကြေကြေကွဲကွဲ ပြောချလိုက်လေသည်…။
ဟုတ်သည်။ ကိုရင်ကျန်စစ်သား သည် ပွဲကျောင်းထွက် သိုင်းပြောင်းပြန်ဆရာ တစ်ယောက်ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ..ဖြစ်သည်။ စိန့်တိုင်းမှ ကျန်နာမည်ပါသော သိုင်းဆြာတစ်ဦး
အလွန်အင်မတန် ဟိုးဟိုးကျော်ပြီး သကာလ …ထင်ပေါ်ကျော်ကြား အောင်မြင်သူတို့
သွားရာလမ်းဖြစ်သော ..ဝေါလ်ရှိ..အစ ပလတ်စတစ်အိတ် အလည် အချဉ်ထုတ် အဆုံး ..
လက်ညှိုးထိုး မလွဲအောင် ဝက်ဝက်ကွဲ အောင်မြင်လေတော့ သတည်း…။
နာမည်တွင် ကျန်ပါသော သိုင်းဆရာ ဟုမေးပါက …. ၁၀၀% မိတ်အင်မြန်မာ ကိုရင်ကျန့် ကို
မည်သူမျှ သတိမရတော့..။ ဟိုဆြာလေး ကိုသာ နာမည် တဖွဖွ ရွတ်တတ်ကြလေတော့သည်။
ပြည်တွင်းဖြစ် တိုင်းရင်းသား ဖြစ်သော ကိုရင်ကျန့်ခမျာ ပြည်တွင်းဖြစ်ကို အားမပေးသော
အထင်မကြီးသော လူများအား အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြစ်ပြီးသကာလ လောကီ မုန်းကာ
လူဝတ်ကြောင်ကို စွန့်.. ရဟန်း ဝတ်သွားလေတော့ သည်…။ ဒါတွေ ဖြစ်ပျက်ခဲ့တာ ဆယ်စုနှစ်
အနည်းငယ် ကျော်လာခဲ့ပြီဖြစ်ပြီး … ကိုရင်လုံး က သည်အကြောင်းတွေကို ပြန်လည် အစ ဖော်ခြင်း
ဖြစ်ပေသည်…။
ထိုစဉ် ကောင်းကင်၌ လျှပ်ပန်းလျှပ်နွယ်များ ပေါ်ထွန်းလာပြီး သကာလ ထိုလူစုသည် ဟောသည့်
ကမာ္ဘမြေကြီးမှ ပျောက်ကွယ်သွားလေတော့ သတည်း ….။
အကြောင်းမှာကား … အယ်လ်အေ အခြေစိုက် လောကဓါတ် ဆြာကြီး အူးခိုင် သည်..
အိုင်းစတိုင်း အိ သီအိုရီများ အပါအဝင် ဖီလာဒဲလ်ဖီးယား ဖြစ်စဉ်ကြီးကို ပါ
အဆုံးတိုင် နားလည်သဘောပေါက်သွားပြီးသကာလ… ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ ရသွားသောကြောင့်
ထိုလူများ ပြောဆိုနေကြသည်ကို ကြားကာ ..လွန်စွာ သနားဂရုဏာ သက်ရောက်လှသဖြင့်
ထိုလူများသည် ယနေ့ မျက်မှောက်ခေတ် နှင့် အံမဝင်ကြောင်း နားလည်သဘောပေါက်သည်နှင့်အညီ…
သူ တတ်ကျွမ်းသော time machine ခေါ် အချိန်ရွှေ့စက်ဖြင့် ..ထိုလူစု ကို လွန်ခဲ့သော အနှစ်
တစ်ထောင် ခန့်သော ကာလ ဆီသို့ ပြောင်းရွှေ့ ကာ မွေးဖွားစေလိုက် ခြင်းပင် ဖြစ်ပေတော့သတည်း…။
ဤတွင် ကျွန်ုပ်၏ ပိုစ့်မော်ဒန် ပုဂံသူရဲကောင်း ပိုစ့် ပီးဆုံးလေသတည်း…။
35 comments
မိုက်ကယ်ဂျော်နီအောင်ပု
August 9, 2012 at 11:35 pm
ဘာပြောမှန်းတောင်မသိတော့ပါဘူးကွယ်
( တီဗီက လာနေသည့် လန်ဒန်အိုလံပစ် အောင်ပွဲခံ စိန့်တိုင်းမှ လူဗလံလေးတွေက
သူ့ကို လှောင်ပြောင်နေသလိုလို … )
( အချိန်ကား ..ထွေးညိုရေခပ် ချိန် မရှိတရှိ။ )
မောင်ပေ
August 9, 2012 at 11:52 pm
အားပါပါး အရေးအသားက အရမ်းကြွေတယ်ဗျာ
ကျုပ်က ဝါရှောင်ချိန်မှာမန့်လိုက်ပါတယ်
marblecommet
August 10, 2012 at 12:56 am
ဟေ့လူ ကိုဂီ
ကျုပ်ကို အဲဒီ
တိုင်းမချိန်း စက်ကြီးနဲ့
အဲဒလီ ခေတ်ကိုပို့ပေးပါဗျို့
ကျုပ်လည်း ပို့စ်မော်ဒန်
သရဲဂေါင်းတစ်ယောက်
ဖြစ်ချင်ဘာဒယ်……
kai
August 10, 2012 at 5:05 am
ပိုပြီပလက်လန်ကျသွားအောင်..ပြောနေကျစကား ထပ်ပြောလိုက်ဦးမယ်..
ဆရာကြိးဒေါက်တာသန်းထွန်းပြောတာက… ပုဂံဖျက်တဲ့.. ရှူးကြီး၊ဝက်ကြီး၊ငှက်ကြီးတွေနဲ့.. နှိမ်နင်းသူသူရဲကောင်းကြိးပျုစောထီးဟာ.. စိန့်တိုင်းပြည်က.. ခေတ်နည်းနည်းစောတဲ့.. ဇတ်လမ်းကို ကော်ပီယူချထားသတဲ့..တဲ့..။
မအ,အောင်..ပါ.. 🙂
ထပ်ပွားလိုက်ရရင်..
သထုံကဆိုတဲ့.. ဗျဝိ၊ဗျတညီနောင်၂ယောက်က..ပင်လယ်ကနေမျောပါလာတဲ့.. မွတ်စလင်တွေဖြစ်ပြီး.. သူတို့ကြောင့်.. တောင်ပြုန်းမှာ..အခုထိဝက်သားမစားရတဲ့.. ဇတ်လမ်းဖြစ်သွားတာဖြစ်ကြောင်း…
မအ,အောင်..ပါ.. 🙂
ထပ်ထပ်ပွားလိုက်ရရင်..
မြန်မာပြည်ရဲ့.. ကိုလိုနီခေတ်မှာ.. လယ်အလုပ်သမား..လိုအပ်မှုအရတင်သွင်းလာတဲ့..အိန္ဒိယသား ဟိန္ဒူ(နွားကိုးကွယ်သူ)များနဲ့..သူ့ဇာတိအနွယ်တွေကြောင့်..နွားများကို..သနားကြင်နာကြဖို့.. လှုံ့ဆော်မှုတွေဖြစ်ခဲ့ပြီး.. မြန်မာတွေအမဲသားရှောင်ကြတဲ့ဇတ်လမ်းဖြစ်သွားတာဖြစ်ကြောင်း..
ထပ်ထပ်..ထပ်ပွားလိုက်ရရင်..
မြန်မာပြည်အနောက်ဖက်ကမ်းက.. အရေးအခင်းတွေဟာ..
ဒန်တန်တန်…
တန်ဒန်ဒန်..
မအ,အောင်..အမြင်ကျယ်ကြပါ.. 🙂
မောင်ပေ
August 10, 2012 at 8:56 am
သဂျီးရေ မသိလို့ပါဗျာ
ဝမ်းရောဂါကပ်စိုက်တာကို ပျောက်အောင်ကုပေးခဲ့တဲ့
ကျွဲနွားအသားကို မစားဖို့ မေတ္တာရပ်ခံခဲ့တဲ့(တားတာမဟုတ်ဘူးနော်)
လယ်တီဆရာတော်ကြီးက ဟိန်နူလားဗျ
ကြောင်ဝတုတ်
August 10, 2012 at 5:17 pm
ဟင်ဒီအယူအဆက ဆင်းသက်လာတယ်ဆိုတာတော့လက်ခံပါတယ်…
အဲဒီမှာ လယ်တီဆရာတော်ဘုရားကြီးက ကျေးဇူးရှင်နေရာမှာထားတဲ့နွားကိုသနားလို့
ဟင်ဒီအယူအဆကို နှစ်သက်လို့လက်ခံလိုက်တာလဲဖြစ်ချင်ဖြစ်နိုင်မှာပါ…
ဘာသာထက် မေတ္တာကပိုအရေးကြီးသလားလို့ထင်သဗျ…
မေတ္တာအရင်းခံတဲ့အမှန်တရားဆိုရင်… ဘယ်ဘာသာဖြစ်ဖြစ်အရေးမကြီးဟုခံယူထားကြောင်း…
ခင်မင်လျက်-
ကြောင်ဝတုတ်
amatmin
August 10, 2012 at 9:08 am
ကတောက်…..
အ တယ်လို့မထင်အောင် အကျယ်ကြီးခေါက်သွားတယ်..ဗျာ.. 😛
Liquid_Sn@ke
August 10, 2012 at 11:35 am
စကားအတင်းစပ်လို့ …
ငရမန်ကန်း က မျက်စိ၂လုံးစလုံးအကောင်း ..
တကယ် တဖက်လပ်တာက စောလူးမင်း ဆို …
နည်းနည်းတောင် မျက်စိလည်သွားတယ် ..သဂျီးရယ်…
http://wikimyanmar.co.cc/wiki/index.php?title=%E1%80%84%E1%80%9B%E1%80%99%E1%80%94%E1%80%B9%E1%80%80%E1%80%94%E1%80%B9%E1%80%B8
Pye Kun Zaw
August 10, 2012 at 9:25 pm
ကင်းက အင်္ဂလိပ်စကားမဟုတ်လား..
Liquid_Sn@ke
August 14, 2012 at 10:52 am
King ကို ဆိုလိုချင်ဟန် မရဘူး ..ကိုရင်ရဲ့ …
မြန်မာစာ ဆင်ဦးကင်း လိုမျိုး
အဦး အကင်း ကို ဆိုလိုချင်ပုံရတယ်….
ဟီဟိ..
သဂျီးလေကျလေးနဲ့ …
သဂျားကိုယ်ဇီး
သဂျီးကိုယ်ဇား…
😀
htoosan
August 11, 2012 at 7:01 am
ဘပုလိုဘဲ ဘာပြောရမှန်း မသိလို့ တခွိခွိ နဲ့ ဖတ်လို့ လက်မသာထောင် သွားကြောင်းပါ..
သူကြီး မန့်တာ ပြောရရင်တော့ ဗျတ်ဝိဗျတ္တ နှစ်ယောက်နဲ့တောင် တောင်ပြုန်းဒေသ ဝက်သား မစားခဲ့ရရင် အခု သိန်းချီတာနဲ့ ဆိုရင်တော့ .. အောင်မငီး ……………….
မအအောင် သာမက … သမိုင်း တရားခံ မဖြစ်အောင် …………………… 🙄
Foreign Resident
August 10, 2012 at 7:35 am
အရမ်းဖတ်လို့ကောင်းတဲ့ Post လေးပါကွယ် ။
surmi
August 10, 2012 at 9:28 am
အရမ်းမိတယ်ဗျို ့
ကိုရင်ဂီရဲ ့ စိတ်ကူးနဲ ့ အရေးအသားများ အတုယူပါတယ်
တွေ ့နေကျပုံစံတွေက ကွဲထွက်လာတဲ ့ အတွက်လဲ ဆန်းသစ်တဲ ့ ခံစားမှုနဲ ့
ဖလန်းဖလန်း စိတ်ကူးလေးတွေရစေတယ်ဗျို ့
ဆက်လုပ် ဆက်လုပ်
Wow
August 10, 2012 at 10:28 am
ဒဂျီးသာ time machine တကယ်တီထွင်ပြီးသွားရင် ဘယ်ခေတ်လောက်ပြန်သွားရင်ကောင်းမလဲ… ဘိုင်သဝေး ဘာလို့ မန်ဘာအုံးသီး လုပ်ထားတာလဲဟင်င်င်…
Liquid_Sn@ke
August 10, 2012 at 12:54 pm
အဟမ်း …
သဂျီးသာ တိုင်းမရှင်း ပိုင်ရင် ..ကျုပ် အထင်
ဒုတိယမြန်မာ နိုင်ငံတော် တည်ထောင်ထားနိုင်ခဲ့တဲ့ …
ဘုရင့်နောင် တပင်ရွှေထီး ခေတ်ကို ပြန်သွားလိမ့်မယ်..
တပင်ရွှေထီးကို ဒဘယ်ဘလက် ကို ဟောဒလို
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ်သောက်-သောက်ရတယ်
ဆိုတာလည်း သင်လိမ့်ဦးမယ်…။
ဘုရင့်နောင် ကို ချုပ်ပြီး စာပေလွတ်လပ်ခွင့်ကို တောင်းပြီး
ဥဿာဂေဇက် တို့ တောင်ငူဂေဇက် တို့ ဘာတို့ လည်း ထုတ်ချင် ထုတ်လိမ့်ဦးမယ်..။
ဒုတိယ မြန်မာနိုင်ငံတော် ဆိုလို့ …
လင်းဇင်း တို့ ဇင်းမယ်တို့ ရတာကတော့ ကောင်းပါရဲ့ …
ဟိုအနောက်ဘက်က .. အာသံ မဏိပူရတော့ …မလိုချင်ပေါင်..
😀
ဟို ဂိမ်း အင်ထလို ထဲမှာတော့ တက်စလာ တိုင်းမရှင်း ကို မာသာရုရှား အတွက်
အထွင်ကောင်းလိုက်တာ .. အတိတ်ကို ပြန်သွားပီး အိုင်းစတိုင်းကို ရှော့ လိုက်သတဲ့…
ပစ္စုပန်ကိုလည်း ပြန်လာရော … အနုမြူဗုံး မပေါ်ခဲ့တဲ့အတွက် … မဟာမိတ်တွေစစ်ရှုံးပီး..
အမေဒစ်ကင်န် ခွက်ခွက်လန်နေတာကို ကြည်နူးလို့မှ မဆုံးသေး …
သူတို့ကို ဂျပန်အင်ပါယာ က ဂမ်ဒမ်း စက်ရုံတွေနဲ့ လာတိုက်လို့ …
နားကား ကုန်ပါရော….
အဟိ
manawphyulay
August 10, 2012 at 10:29 am
ဖတ်ရင်းနဲ့ ကိုယ်ကိုယ့်ကိုယ် ပုဂံခေတ်ပဲ ပြန်ရောက်သွားသလို….
ညောင်ဦးကမ်းပါးကပဲ ထိုင်ကြည့်ရမလိုလို…
ဖြစ်သွားတယ်။ ကြည့်ရတာ မောင်ဂီတစ်ယောက်
ဒူဝင်စားတာလဲဟင်… ဒါမှမဟုတ် ရှူးပျံကြီး ဝင်စားတာလား 😛
pooch
August 10, 2012 at 1:35 pm
discussion တခုမှာ တီချယ်က တပည့်တွေ အားလုံးကို ပုဂံခေတ်ပို့ပြီး စူပါမားကတ်ဖွင့်ခိုင်းဖူးတယ်။
တယောက်တပေါက်နဲ့ ဗျောက်ဖောက်လိုက်တာ တတန်းလုံး ပါးစပ်မပိတ်ရ ဖြစ်သွားဖူးတယ်။
အမှန်က အဲ့ဒီအချိန် သူကြီးကိုပါ ခေါ်ပြီး ပွဲသိမ်းခိုင်းလိုက်ရမှာ။
time machine ရရင်
မင်းတုန်းခေတ်ကို ခဏသွားပြီး ကနောင်မင်းသားကို နိုင်ငံခြားပို့ပေးမယ်။ သီပေါနဲ့ စုဖုရားကို သူကြီးဆီပို့ပြီး သင်တန်းတက်ခိုင်းမယ်။
တတိုင်းပြည်လုံး ကျွန်ဖြစ်ရတဲ့သမိုင်းကို ပြောင်းပြန်လှန်ပစ်မယ် ။
Liquid_Sn@ke
August 10, 2012 at 1:47 pm
http://myanmargazette.net/wp-content/uploads/2012/03/history.jpg
ဟောသည့်ခေတ်လောက် လုပ်ပါကွယ်..
ဘယ့်နှယ့် မင်းတုန်းခေတ်လောက် သွားတော့
အလယ်ပိုင်း ၊ မြောက်ပိုင်း နဲ့ ..အရှေ့ပိုင်းပဲ ကျန်တဲ့ ကုန်းတွင်းပိတ်
ဒေသပဲ ရမှာပေါ့ …
အခုအရမ်း ဟော့ထ် နေတဲ့ ..ရခိုင်ကမ်းရိုးတမ်း-တနင်္သာရီ ကမ်းရိုးတမ်း နဲ့ ….
အချက်အခြာ ရန်ကုန်လို နေရာမျိုးတွေက ကျပြီး နှင့်ပြီလေ .. 😀
တိုင်းမရှင်း တခုလုံး ရထားတာတောင် …
အာပျိုဂျီးများ …တယ်လဲ ..လောဘနည်းသကိုး ..
Pye Kun Zaw
August 10, 2012 at 9:30 pm
အဲဒါဆင်ဖြူရှင်(မြေဒူးမင်း) လက်ထက်မြေပုံမဟုတ်လား.. ဒါပေမယ့် ခဏလေးဘဲခံတာပါ။ အယုဒ္ဓယကိုလည်းသိမ်းပြီးရော ယိုးဒယားတွေပြန်တော်လှန်တာ ပိသလောက်မြို့ဘဲပြန်ရတော့တယ် မဟုတ်လား။
Liquid_Sn@ke
August 14, 2012 at 11:12 am
လောလောဆယ်… တနင်္သာရီ ကမ်းရိုးတမ်း အကြောင်းတွေးနေမိပါတယ်…
ဒါတွေကို ရာစုနှစ်ချီပြီး ကျုပ်တို့ ပိုင်လာခဲ့တာပါ…
ဟိုနေ့က ဂငယ်တယောက်နဲ့ အရက်သောက်ရင်းစကားပြောဖြစ်ရဲ့ …။
သူက မင်းတို့ ရှေးလူကြီးတွေ အမျှော်အမြင်ကြီးတယ် ဘာညာ ပလိန်းကြီး လာချီးကျူးတော့..
ဟမ် .. ဘာလဲ ပေါ့ ….။လားလား ..
အဲ့ဒေသတွေကို ရှေးမဆွကတည်းက မဟာဗျူဟာ ကျကျ ယိုးဒယား လက်ထဲက
တိုက်ယူထားခဲ့နိုင်တဲ့အတွက် … အရှေ့တောင်အာရှ ရဲ့ အနောက်ဘက်အကျဆုံးတိုင်းပြည်
သယံဇာတ ပေါတဲ့ .. မဟာဗျူဟာမြောက် အချက်အခြာကျတဲ့… အရှည်လျားဆုံး
ကမ်းရိုးတမ်း ပိုင်တဲ့ …တိုင်းပြည် ဖြစ်နေတာ တဲ့ …။
ဘာတွေဖတ်ပြီး ဘယ်လိုတွေ အမှတ်မှားနေတယ် မဆိုနိုင်…။
သို့တည်းမဟုတ် …ကျုပ်ပဲ အမှတ်မှားနေသလား ….
ကြုံရင် ..အသေးစိတ်ပြောကြသေးတာပေါ့ဗျာ…။
တော်သေးဘီ..
mocho
August 10, 2012 at 1:58 pm
ဂီဂီ တစ်ယောက် ကတော့
ဟို တစ်ပုဒ်မှာ နာမည်တွေ နဲ့ ဦးစား ခိုင်း ခဲ့ တယ် ….အခုပိုစ့် ကျတော့ ပုဂံ သူရဲကောင်း ၄ယောက် နဲ့ မျက်မှောက် ခေတ်ကို သရုပ်ဖေါ် သွားလိုက်တာ ဖတ်ရတဲ့ သူမှာ ရီ ရ အခတ် ၊ ငို ရ အခတ်။
ပုဂံ မှာတုန်း ကတောင် အဲဒီ သူရဲ ကောင်းတွေ အကြာင်း ၊ ဗျက်ဝိ၊ဗျက္တ တို့ အကြောင်းတွေ ကို အတည်တွေရော၊ အပြောင် အပျက်တွေ ရော ပြော မိကြသေးတယ်။
.
shwe kyi
August 10, 2012 at 2:02 pm
အဲဒါဆိုလည်းကနောင်မင်းသားကြီးနိုင်ငံခြားကပြန်လာရင်ပြန်တိုက်ယူမယ်ဗျာ။ 😀
တကယ်သာတိုင်းမက်ရှင်း ရှိရင် ရွှေကြည်ကဗိုလ်ချုပ်အောင်ဆန်းနဲ့တခြားခေါင်းဆောင်တွေကိုကယ်မယ်။
အာဇာနည်နေ့ဆိုတာပြက္ခဒိန်မှာမရှိစေရဘူး။
ဒါနဲ့စကားမစပ်တွေးတတ်တဲ့ ကိုဂီတော်၏။
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
Liquid_Sn@ke
August 10, 2012 at 2:13 pm
ဟုတ်ပါဘီ ၁၉-ဇူလိုင်ကို မရှိစေရဘူး ဆိုတာ..
😀
တိုက်တိုက်လေးရယ်နဲ့မှ ဆိုင်ဆိုင်…
ဖေဖော်ဝါရီ-၁၉ ဟာလည်း ..ဟိုဘဘဂျီးဒွေ …
ဟတ်စကီးဆိုလား …ပျက်ကျသွားတဲ့နေ့ …
အဲ့နေ့ကများ … နယူး-အာဇာနည်နေ့ ဖြစ်လာမလားပဲ နော်….
ဇဂါးမစပ်ပါ …သူရို့ ကိုရော .. ကယ်ချင်ဝူးလား ဟင်င်င်င်
😳
Novy
August 10, 2012 at 4:18 pm
သူရို့ ကိုရော .. ကယ်ချင်ဝူးလား ဟင်င်င်င် – နိုးပါ
8888 အရးအခင်းပါ သမိုင်းကနေဖျောက်ပစ်လိုက်မယ်
Liquid_Sn@ke
August 11, 2012 at 6:31 am
ဗျာ …ဒါရှို …ချစ်လှဇွာသော ..ပါပါဂျီး ဘလပ်ဒီးအူးနေဝင်း
မသေမချင်း စံမြန်းသွားဒေါ့မှာပေါ့နော် …
စိုးတယ်… စိုးမိတယ်… စိုးထိတ်မိတော့တယ်…
R Ga
August 10, 2012 at 2:45 pm
မောင်ရင် ဂီ
ကျုန်ုပ် မောင်ရင့်ရေးတဲ့ စာပေလွာကိုဖတ်ပြီး…။ အတော်ကလေး စိတ်နှလုံးမရွှင်၊မပြဖြစ်တော်မူတယ်ကွယ့်။
ဘောက်ဘယ်ကြောင့် ဒီလိုစကားဆိုရသလဲဆိုတော့ အမောင့်တို့ ခေတ်မှာ နေရတဲ့ သူတွေရဲ့ ဘဝ ကအတော်ကလေး
ဆိုးရွှားနေလို့ပဲကွယ့်။ အိမ်း တို့များခေတ်ကာလ ။ ဒို့များ ရှိစဉ်ကာလ ကဆိုရင်…။ ဒီလိုဖြစ်ရပ်တွေ လုံးဝ အဖြစ်မခံနိုင်ဘူးကွယ့်။
အိမ်းနောက်ထပ်ပြောချင်တာက
ကိုရင်လုံး ။ကိုရင်ထွေး၊ကိုရင်ဖီး၊ တို့ တွေနောက်ပိုင်း ဘယ်လိုများ ဇာတ်သိမ်းသွားသလဲဆိုတာ သိချင်ပ။ ဟိုကလယ်တွေကျတော့ ပုပ္ပားမှာ နတ်တွေ
ဘာတွေဖြစ်လို့ ကျုပ်တို့ သူရဲကောင်းသုံးယောက်က ဘယ်လိုဖြစ်သွားသလဲ ကျုပ်သိပ်သိချင်လှပ။ အဆက်အသွယ်များရရင် ကျနုပ်ထံထိုသူများ
အကြောင်း သတင်းပို့စမ်းဗျ..။
မင်းကြီးမဟာ အာဂ (အဂ္ဂ သိရီ သူရ သတ္တိ စည်သူ)
Liquid_Sn@ke
August 11, 2012 at 6:39 am
Con Air သီချင်းကို … မဒီဆိုတာ အလွန်ကြွေဖူးတဲ့ ..လူမို့ …
နီနီခင်ဂျော် ပြန်ဆိုတာ ခံဇားမရလို့ …
လောလောဇယ် ..
တိုင်းမချင်း ရှိရင် အနှီ အန်တီလေးကို လိုကယ်မှာ တီချင်းဆက်ချိုဖို့..
ဖြောင်းဖျချင်မိရဲ့ ..အူးလေးရယ်…
အဟိ
ရွာစားကျော်
August 10, 2012 at 3:03 pm
ကတောက်စ်
ကျုပ်ဘိုးဘွားလက်ထက်ကတည်းက လုပ်စားလာတဲ့ လယ်ဧကပေါင်းများစွာ
ကျုပ်ဘိုးဘွားဆွေမျိုးတွေ ချွေးသွေးနဲ့ စိုက်ပျိုးရင်းနှီးလာတဲ့ ထန်း၊ သရက်၊ ရာဘာခြံပေါင်း များစွာကို
ခေတ်မီစက်မှုဇုံကြီးတွေဖော်မယ်ဆိုပြီး သိမ်းသွားတာ ငတို့မှာတော့ ချွတ်ချုံကျ၊ တသက်လုံး နေထိုင်လာတဲ့ ပိုင်ဆိုင်ရာနေရာက ထွက်ပေးခဲ့ရ.. :’-(
တို့လယ်၊ တို့စိုက်ပျိုးခြံတွေကိုသာ ဘူဒိုဇာနဲ့ထိုးသွားပြီး
အဲဒီ အဘဆိုတဲ့လူကြီး ပြောတဲ့ စက်မှုဇုံကြီးကတော့ ခုထိ မြင်ကွင်းထဲ ရောက်မလာသေးပါလား…
..
ပို့စ်မော်ဒန် ခေတ်သစ် ပုဂံသူရဲကောင်း
ရွာစားကျော်
Shwe Ei
August 10, 2012 at 4:36 pm
ဘာပုလို့ ပုဂံသူရဲကောင်းတွေကို ခေတ်ပျက်ကြီးထဲဆွဲထဲ့ရသတုန်း ဂီဂီ ရဲ့။ သများတို့တောင် အမေမွေးပေးလိုက်လို့ နေရတာ။ မဟုတ်ရင် နတ်ပြည်မှာဘဲ ကိုယ်ပိုင်ဗိမာန်နဲ့ only one စံမြန်းနေအုံးမှာ အဟိ။
Liquid_Sn@ke
August 10, 2012 at 6:16 pm
အုန်းလိဝမ်း …???
ဟုတ်စ…
ကိုကိုကြောင်တို့ သဂျီး တို့ပြောတော့
တဖက် ၄-၅၀ဝ ရှို ….
အဝတ်မကပ်ဝူးရှို …
ရှူရှူးပေါက်ချိန်တောင် မရဝူး ရှို ….
အာဟိ…
we R one
August 10, 2012 at 6:15 pm
“စဉ်းစဉ်းစားစားလည်း ပြောပါဗျ…။ မြစ် အညာမှာ မျက်ရစ်မပါတဲ့လူတွေ
ဆည်ဆောက်လို့ အခုဆိုရင် ..အနှီမြစ် ကို သူငယ်တန်းကလေးတောင် ဒူးရေမစိုဘဲ ဖြတ်လို့ရနေမှတော့ ..
ကျုပ်က ဘယ်နားသွားကူးမတုန်းဗျာ…။”
အားပေး သွားတယ် ဗျို့…
မိုက်ကယ်ဂျော်နီအောင်ပု
August 10, 2012 at 6:20 pm
အခြေနေကြည့်ရတာ မကြာခင်
ဘုရားပွင့်မယ့်ကိန်းဘဲ
သတ္တဝါဒေ
သတ္တဝါဒေ
အတိတ်ကိုမတွေးနဲ့ အနာဂတ်ကိုမမျှော်နဲ့ ပစ္စုပ္ပန်မှာ တည့်တည့်နေဆိုတဲ့
ဝိပဿနာတရား ဘယ်နားသွားထားပါလိမ့် ကွိကွိ
koyo
August 10, 2012 at 8:26 pm
စိတ္တဇစာပေ….
မော်ဒန်မိုးတွေရွာချ….
ဘာမှန်းမသိတဲ့အကောင်တွေက စားစားသွား…
ဒီလိုနဲ့…
ဘာမှ မသိတော့ပါလား…
မအ အောင်ပါ…
မအ အောင်ပါ…
အတိသဌ္ဇနာဂရ
August 10, 2012 at 9:00 pm
ကိုဂီကို ့စ်မှာရော၊သူကြီး ကွန်မန် ့မှာပါ မအ,အောင်ပြောထားတာလေးတွေ
ရှယ်ပါဘဲဗျာ။
ဖိုးထောင်
August 14, 2012 at 1:34 pm
အ တာတော့ဘယ်သူမှ မအဘူး အလည်လွန်ပြီး တစ်ကိုယ်ကောင်းဆန်ကုန်ကျလို့ ဒုက္ခရောက်မှာ