***၂၅ ပြည့်ဖို ့( ၁ )အလို***
*** ၂၅ ပြည့်ဖို ့( ၁ )အလို ***
အနှစ်မရှိဘူး … အသစ်မရှိဘူး
ဖျစ်ညှစ်ပြီး ကူးခဲ့ရတဲ့ ဒုက္ခပင်လယ်..၊
တစ်တီတူးလို မိုးပြိုမှာကြောက်ပြီး
မြေပေါ်မလျှောက်တဲ့ … ခြေထောက်တွေ
နောက်ကျောကို ဓါးနဲ ့ထိုး …
အတိတ်က ဆိုးခဲ့သပ ….၊
ကိုယ့်လုံခြုံမှု ကိုယ် မယုံရဲ
သွေးရဲရဲ သံရဲရဲ …
ရွှေဝါရောင် တို ့မေတ္တာတရား
ကမ ္ဘာ့နားတွေ ကို … မျက်လုံးကကြားစေခဲ့သလား …၊
မွေးရာပါ အခွင့်အရေးဆိုတာ …
အခုမှ … ကြားဘူးတာပါ
ဦးနှောက်ကို … ဖောက်စားခံရလွန်းတော့
ဟောင်းလောင်းပေါက် …
ဟင်းလင်းပွင့်
ကိုယ့်အဆင့် ကိုယ် …ထုတ်ပြရမှာရှက်တယ် ..၊
သမိုင်းအရောင်ကို ပေါင်းတင်ဖို ့
ရာဇဝင် အချို ့ကို ပြင်ဆင်ဖို ့
အာဏာရှင်တို ့ …. ရေ
ခေတ် ရဲ့တောင်းဆိုမှု နောက်
သွေးတွေ ချောင်းပေါက်ခဲ့ ရလောက်အောင်
ဘဝတွေ ခါးတူးရလောက်အောင်
ကျည်ဆံတွေ နဲ ့ခြိမ်းခြောက်မနေကြပါနဲ့တော့ ..၊
ကမ္ဘာကြီးလည်း ရေလွှမ်းနေပြီ
ရေခဲတောင်တွေလည်း … ကုန်းပြောင်နေပြီ
အရာရာ … ဆုတ်ယုတ်လာနေတဲ့ …ကမ္ဘာ
ပွင့်လင်းမြင်သာ …
ထင်ရာစိုင်း အာဏာမှိုင်းတွေမိ
ခု … အင်္ဂ ါဂြိုလ်ထိ ခြေချမိကြပြီတဲ့ …ယုံလား
အနတ္တဝါဒ မို ့အတ္တကို …
ခွာမချ ကြတာ … ရှက်စရာ
အမြတ်ဆုံးတရား …ကို
လက်တစ်လုံးခြား လုပ် …အမျိုးယုတ်တို ့ရေ
ခေါင်းပေါင်းစ တစ်လှုပ်လှုပ်
မသမာ ရုပ်တွေနဲ ့ …
နေရာတကာ လိုက်ရှုပ်
မေးလိုက်မယ် …
ခင်ဗျားတို ့ … ဘာလုပ်မှာလဲလို ့ ။။။
8 comments
မောင်ပေ
August 8, 2012 at 7:38 pm
အဲဒီကွက်ရှင်းက အဓိကပဲ
မေးပစ်လိုက်စမ်းပါ ဆြာခင်ရေ
အဖြေရခဲ့ရင်လဲ ပြောပြပေးပါဦး
maung khinmin
August 9, 2012 at 1:18 pm
သိသေးဘူး …. ဆြာပေရဲ့
ဝေလေလေ နဲ ့… ဟေလာမောင်ရို ့ဝါး
အဲဒိအသံတွေ ပဲထွက်နေသေးတယ်ခင်ဗျ………
ခေတ် လုလင်
August 8, 2012 at 8:31 pm
ဦးပေ အဆိုကိုထောက်ခံရင်း
ဆရာခင်ကိုလည်း အားပေးလျက်ရှိကြောင်း………………………..။
အလင်းဆက်
August 8, 2012 at 9:10 pm
တားတားက ချာရေးချရာ..ပဲ လုပ်ချင်တယ်…။
maung khinmin
August 9, 2012 at 1:20 pm
ချာရေးချရာရဲ ….
နိုင်နံရေး တတဝါပဲရဲ့… ကြားဝူးတာ
အတိသဌ္ဇနာဂရ
August 8, 2012 at 10:09 pm
ကမ္ဘာကြီးလည်း ရေလွှမ်းနေပြီ
ရေခဲတောင်တွေလည်း … ကုန်းပြောင်နေပြီ
အရာရာ … ဆုတ်ယုတ်လာနေတဲ့ …ကမ္ဘာ
ပွင့်လင်းမြင်သာ …
ထင်ရာစိုင်း အာဏာမှိုင်းတွေမိ
ခု … အင်္ဂ ါဂြိုလ်ထိ ခြေချမိကြပြီတဲ့ …ယုံလား
Shwe Ei
August 9, 2012 at 5:32 pm
ဘာလုပ်မှာလဲပြော မင်းမကြိုက်ရင် လာမရှုပ်ပါနဲ့တော့ လို့သာပြောလိုက်ပါ ဆရာခင်ရေ။
အလင်းဆက်
August 9, 2012 at 8:07 pm
ဟုတ်ပါ့ ဂျာ… ။
အဟိ