“ရေပျော်မင်းသား”






















“ရေမှာပျော်တဲ့သူ”
ပြီးခဲ့တဲ့ရက်တွေက မန္တလေးမြို့ရဲ့မိုးဥတုညနေခင်းတွေကအတော်လေးလှပပါတယ်။
ကောင်းကင်ကတိမ်တွေကို ဝင်လုဆဲနေက အရောင်စုံပက်ဖျန်းပေးတော့ လှသထက်လှ။
အခုရက်က ဧရာဝတီမြစ်ရေတက်ချိန်ဖြစ်ပြန်တော့ ကန်ပါတ်လမ်းတာရိုးရဲ့ အနောက်ဘက်ကမ်းကနေ
ဟိုး…မင်းဝံတောင်တန်းထိ ရေပြင်ကျယ်ကြီးဖြစ်လို့နေပါတယ်။
အဲဒီရေပြင်ပေါ်မှာ တိမ်အရောင်စုံတွေ သက်ဆင်းနေပြန်တော့အတော်လှတဲ့ ပန်းချီကားတစ်ချပ်လို့။
အဲတော့အခုရက်ပိုင်းမှာဧရာဝတီမြစ်ကမ်းနံဘေးမှာသွားလို့ဓါတ်ပုံရိုက်ဖြစ်ပါတယ်။
ကျနော်သွားတဲ့အချိန်ကလဲ ကျနော်အလုပ်ပြီးပြီဆိုမှာသွားရတော့ တစ်ခါတစ်လေ
နေအဝင်စောပြန်ရင် လိုချင်တဲပုံမရ။
တစ်ရက်တော့ တိမ်တွေလှတယ်ဆိုတာ နဲ့အပြေးအလွှားသွားပေမယ့်နောက်ကျတော့
ကောင်းကင်မှာအမှောင်ရိပ်စွန်းစ။
ကျနော်လဲစိတ်ပျက်လက်ပျက်နဲ့လှည့်ပြန်မယ်လုပ်တုန်း ဝုန်းကနဲအသံကြားလို့လှည့်ကြည့်လို့ကလေးတွေရေကူးနေတာကိုတွေ့ရပါတယ်။
အဲဒီဧရာဝတီမြစ်ကမ်းနံဘေးက ရေပျော်သူ လေးတွေ ဒိုင်ဗင်ထိုးနေကြတာပါ။
အဲဒါနဲ့သူတို့အနားကိုလဲသွားရော ကလေးတွေက ဘာကြောက်တယ်တော့မသိ ဒိုင်ဗင်ထိုးတာရပ်။
အဲဒါနဲ့ကလေးတွေကို ဒိုင်ဗင်ထိုးဘို့ ပြောရတော့တာပေါ့။
ပြောသာပြောရတယ်ကလေးတွေတစ်ခုခုဖြစ်ရင် ကိုယ်ကြောင့်ဖြစ်နေမှာလဲစိုးရသေးတယ်.။
အဲဒီထဲက ခပ်သွက်သွက်ခပ်နောက်နောက်ကလေးတစ်ယောက်က
“ မူ့ခင်းဂျာနယ်ထဲ မထည့်နဲ့နော်” ဆိုပြီးပြောလာတော့ ဝိုင်းရီကြ။
ခဏနေတော့ ကလေးတစ်ယောက်ကစလို့ဒိုင်ဗင်ထိုးပါတော့တယ်။
ပထမတစ်ခါမလှ ဝုန်းကနဲ့ပြုတ်ကျ။
နောက်တစ်ကြိမ်မှာတော့ ကျနော့်စိတ်တိုင်းကျပုံလေးရ။
ကလေးတွေရေချိုးတာဝတော့ ပြန်။
ကျနော်က မြောက်ဘက်ကိုလျောက်သွားတော့ ကလေးတစ်သိုက်ဒိုင်ဗင်ထိုးနေတာကို
တွေ့ရတော့ ဝင်ပြီး ဓါတ်ပုံရိုက်ပါတယ်။
ဒါပေမယ့် အခုနေရာက ဒိုင်ဗင်ထိုးဘို့ကျဉ်းတော့ ပုံလှလှမရ။
ဒါနဲ့ဘဲကျနော် အိမ်အမြန်ပြန်ခဲ့ပါတယ်။
ကိုယ်ရို်က်ထားတဲ့ပုံလေးတွေကြည့်ချင်လှပြီလေဗျာ။
ကိုပေါက်လမ်းသလားနေသည်။
(7-8-2012)
15 comments
Pye Kun Zaw
August 24, 2012 at 10:24 am
အိုလံပစ်ပြိုင်ပွဲ ဝင်ခိုင်းရမယ် ဒီကလေးတွေကို
Thu Wai
August 24, 2012 at 10:44 am
အဲလို ဒိုင်ပင်ပစ်တဲ့သူတွေနဲ့ ဘီယာတွဲမသောက်ဘူး
YE YINT HLAING
August 24, 2012 at 10:54 am
တစ်ပုံချင်း ကြည့်လာရင်းက ပုံ ( ၄– ၅ ) ကိုရောက်တော့ ရေးထားတဲ့ စာနဲ့ပုံအရ ရယ်ရတယ်ဗျာ ! တိုက်မိ ခိုက်မိ မှာ မကြောက်ကြဘူးဗျို့ !
ကိုပေါက်(မန္တလေး)
August 24, 2012 at 11:59 am
သူတို့က ဘယ်နေရာထိုးရင်လွတ်တယ် မလွတ်ဘူးကွက်တိသိတယ်ဗျ။
ကျနော်က အနော်ကဘက်ခြမ်းကို ပြောင်းပြီး ဒိုင်ဗင်ထိုးခိုင်းတာ နိုးပါ တဲ့။.
အောက်မှာ ငုတ်ရှိတယ်လေ။
ဆူး
August 24, 2012 at 12:17 pm
မောင်ပေ က ဂျွှမ်းထိုးသွားတာလား.. တပတ်ဂျွှမ်း နှစ်ပတ်ဂျွှမ်း.. ဂျွှမ်းကို အပြီအပြင်ကို ပစ်နေတော့တာပဲ.. မိုက်တယ်.. အချိန်တိုလေး အတွင်းမှာ အမိအရ ဖမ်းရိုက်နိုင်တာ တော်တယ်။
မောင်ပေ
August 24, 2012 at 12:45 pm
ဂျွမ်းထိုးနေရင်း လေထဲမှာ ပုဆိုးကျွတ်သွားချိန် ကိုပေါက်ကို ပြန်ဓါတ်ပုံရိုက်ခဲ့တယ်
ဆင်ဆာထိလို့ မတင်သာများလား
kotun winlatt
August 24, 2012 at 2:36 pm
ဟေးးးကိုပေကွ..ဒိုင်ဗင် အထိုးကောင်းးသလို ဒါ့ပုံလည်း အရိုက်ကောင်းးသကိုးးးဗျ..
လေးပေါက်ကြောက်ပီးးပြန်ပြေးရတာထင်တယ်….
ပုဆိုးကျွတ်ပီး ဒါ့ပုံရိုက်လိုက်တာ ကင်မရာထဲက ဓာတ်ခဲ တစ်လုံးလွှင့်ပီး လေးပေါက်ကို မှန်တော့..
လေးပေါက်က “ဟာ..ပွပီကွ..တရုတ်ပြည်မှာဆို ဒါမျိုးဓာတ်ခဲ တစ်လုံး သုံးသိန်းးးး” ဆိုပီး အိမ်ကိုအမြန်ပြန်…ပြေးးးးပါလေတော့သည်…။ အဟိ…နောက်ထှာ..နောက်ထှာ…
Hnin Hnin
August 24, 2012 at 1:45 pm
စိတ်ကူးကောင်းတဲ့ ရိုက်ချက်တွေကို သဘောကျတာရယ်၊ စာသားနဲ့ပုံတွေ ဟပ်နေတာကြောင့်
ပုံ၄၊၅၊၁၆ မှာ ပြုံးမိသွားတယ်။ စိတ်လွတ်လပ်ပေါ့ပါးမှုကို ပေးတဲ့ ပုံလေးတွေပါပဲ။
si tone
August 24, 2012 at 3:18 pm
ွှအဲဒီကလေးတွေက တော်တီတီတော်………………. ပီးတော့ သဘာဝလဲဆန်တယ်…
snow white
August 24, 2012 at 6:28 pm
တကယ်ပျော်စရာပုံလေးတွေ သဘာဝကျစွာ ဂျွမ်းထိုးနေကျတာ တကယ်တော့ကြောက်မိတယ် ငုတ်စောင့်မိမှာတို့ ဘာတို့ပေါ့နော် သူတို့ကလည်းသိတယ်ဆိုတော့တော်ပါပေတယ်။။
အလင်းဆက်
August 24, 2012 at 9:24 pm
အားရပါးရ ပဲ..
ရဲစည်
August 24, 2012 at 10:33 pm
ဝါးခယ်မသား ဆိုတော့
ဒါမျိုးမြင်ရင် စိတ်ထကြောင်း
ဇကားမစပ်
အနော်တို့ဘက် မိုးတွင်းရေထ ရက်တောင်
ဒီလို ကော်ဖီရောင် မဟုတ် ………………
တချိန်က နာမည်ကြီး ချွန်းထိပ်မှာ ကမြင်းကြောထခဲ့တာတွေ ပြန်မြင်ကြောင်း
အရှိုးရာတွေလဲ ပါပ ခွစ် …ခွစ်
အော်…. နေလင်းထွန်းကြီး မြုပ်သွားပလား မသိ
….
ဟိဟိ သက်သက်စတာ
ကိုပေါက်(မန္တလေး)
August 24, 2012 at 10:37 pm
ဘိုရဲရေ
ကျနော်ဓါတ်ပုံရိုက်နေတုန်းတောင် ကလေးအမေတစ်ယောက်က သူ့သားကို ဒုတ်ပြပြီးခေါ်နေတာ
မြင်မိပါကြောင်း။
Mလုလင်
August 25, 2012 at 1:06 am
အဲ့လို မျိုး ရိုက်ချင်နေတာ ဗျာ … ဟဲဟဲ ကြွားရဦးမယ်ဗျို ့ .. ရန်ကုန် မှာ အဲ့လို ထိုးလို့ ရဖို့ မဝေးတော့ဘူး ဗျို ့ ……. သိပ်အဝေးကြီး သွားစရာ တောင် မလိုတော့ဘူး .. ကားလမ်းပေါ် ရေတက် ရင် ကို အဆင်ပြေ ပြီ .. 🙂
မိုး မင်းသား
August 25, 2012 at 7:03 pm
ကိုပေါက်……တကယ်တော်ပါတယ်….
မနောက်ပါဘူး….ကိုပေါက်ဆီမှာတပည် ့လုပ်ပါရစေ…..
ဘာလို ့လည်းဆိုတော ့…..ရိုက်ချက်ကဆရာကိုပေါက်ကို…ဘယ်သူမှမမီဘူး…..
တကယ်ပြောတာပါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ချစ်ခြင်းမေတ္တာဖြင် ့