Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖူးစေချင်၍ မျှဝေပါသည် ရွှေနတ်တောင်စေတီ

ရွှေ ကြည်August 9, 20126min50532

ရွှေကြည်နယ်ကိုပြန်သွားရင်း ရွှေကြည်တို့နယ်ရဲ့ နယ်လုံးဆိုင်ရာစေတီတစ်ဆူကိုMGရွာထဲကရပ် ဆွေရပ်မျိုးတွေ၊ မောင်နှမတွေကိုဖူးစေချင်လို့ ရန်ကုန်ကိုအပြန်ခရီးမှာကတိုက်ကရိုက်ဝင်ပြီး ဓါတ်ပုံလေး တွေရိုက်ယူလာခဲ့ပါတယ်။ ရွှေကြည်ကိုမွေးဖွားရာဒေသဖြစ်တဲ့ကျီးသဲဆိုတဲ့တောမကျမြို့မမည်

တောမြို့ လေးကိုသွားရာလမ်းမှာရွှေနတ်တောင်စေတီတည်ရှိပါတယ်။ ဝါဆိုလပြည့်နေ့ကနယ်ကိုပြန်သွားခဲ့ပြီး အဲဒီ နေ့မှာဝါဆိုပန်းခူးကြပုံ၊ ဝါဆိုပန်းကပ်ကြပုံတွေကိုမှတ်တမ်းတင်နိုင်ဖို့မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်း မှာတော့မဝင်နိုင်ခဲ့ပါဘူး။ ရွှေကြည်တို့နယ်ဆိုပေမယ့် ရွှေကြည်တခါမှဝါဆိုပန်းခူးချိန်မှာ ရွှေနတ်တောင်ကို မရောက်ဖူးခဲ့ပါဘူး။ နယ်ဓလေ့မို့သာငယ်ငယ်ကတည်းက ကြားဖူးနားဝရှိခဲ့တာမို့ အခုအခေါက်တော့ဝင် လိုက်မယ် တခါတည်းမှတ်တမ်းလည်းယူမယ် စိတ်ကူးထားတာပေါ့။ ရွှေတောင်အထွက်လမ်းမှာကတည်းက ဆိုင်ကယ်တွေနဲ့ လူငယ်တွေအုပ်စုလိုက်တွေ့နေရတာတောက်လျှောက်ပါပဲ။ တချို့အုပ်စုတွေမှာကာင် မလေးတွေပါပါတယ်။ မနက်ခင်းဆိုရင်တော့ သာတောင့်သာယာရှိနိုင်ပေမယ့် နေ့လည်စောင်းရောက် နေပြီဆိုတော့ တချို့လူငယ်တွေသောက်စားထားတာတွေ့ရပါတယ်။ ပျော်တာလဲပျော်ကြတာဆိုပေမယ့် အခါကြီးနေ့ကြီးလည်းဖြစ်ပြန် မိန်းကလေး၊ယောက်ျားလေး လူငယ်တွေလာကြတာများတော့မဖြစ်သင့် တာတွေဖြစ်ကုန်မှာစိတ်ပူမိပါတယ်။ စကြနောက်ကြနဲ့လူငယ်တွေပျော်ကြတဲ့ အချိန်ဆိုပေမယ့် အပျော်တွေလွန်၊ စတာနောက်တာတွေလွန်ကုန်မှာစိုးရိမ်မိပါတယ်။ တောင်ခြေရောက်တော့လည်း ဆိုင်ကယ်အပ်တဲ့နေရာမှာ ဆိုင်ကယ်တွေအပြည့်၊ အစားအသောက်ရောင်းတဲ့ဆိုင်တွေမှာလည်း လူတွေ အပြည့် နောက်ပြီးယောက်ျားလေးတွေအတော်ကိုများပါတယ်။ ရွှေကြည်လည်းအဖော်မပါပဲဝင်ဖူးရမှာ မရဲ တော့တာနဲ့မှတ်တမ်းယူဖို့လက်လျှော့လိုက်ရပါတော့တယ်။ ရန်ကုန်အပြန် ဝင်တဲ့အခါအိမ်ကအထွက်နောက် ကျနေတာနဲ့(တကယ်ကအိမ်ကပြန်ကိုမပြန်လာချင်တာပါ) အချိန်လုပြီးဝင်ရတာမို့ ရွှေနတ်တောင်စေတီ တည်ထားရာတောင်ရဲ့တောင်ဘက်တကြောမှာရှိတဲ့တခြားတောင်တွေပေါ်ကဘုရားတွေတော့ဓါတ်ပုံမရိုက်နိုင်ခဲ့ပါဘူး။ ရသလောက်လေးပဲချပြရတော့မှာပဲ။ ရွှေနတ်တောင်စေတီတဝိုက်မှာဆိုရင်တောရိပ်တောင်ရိပ် တွေနဲ့သိပ်သာယာပါတယ်။

တောင်ဘက်ရင်ပြင်ကကြည့်လိုက်မယ်ဆိုရင် ရွေနတ်တောင်စေတီတော်တည် ရှိရာတောင်နဲ့တဆက်တည်းသွယ်တန်းနေတဲ့ တောင်တန်းပေါ်ကစေတီတွေကိုဖူးမြော်ရမှာပါ။

နောက်တကြိမ်မှာအသေအချာသွားရောက်ဓါတ်ပုံရိုက်ယူနိုင်အောင်ကြိုးစားမယ်လို့တေးထားမိပါတယ်။

စေတီအကြောင်းလေးလည်းနည်းနည်းပြောပြမယ်နော်။ သိတဲ့သူတွေလည်းရှိနိုင်ပါတယ်။ မသိသေးတဲ့သူ များရှိနေခဲ့ရင်သိရအောင်တတ်သလောက်မှတ်သလောက်လေးပြောပြချင်ပါတယ်။

“လူနတ်နှစ်လီ တရစ်စီ၊ စေတီရွှေနတ်တောင်” ဟူ၍   သမိုင်းတွင်ခဲ့သည့် စေတီ၊ ရွှေတောင်မြို့နယ်တဝိုက်မှာ ရှိသောကျေးရွာကြီးငယ်တနယ်လုံးရဲ့ ကိုးကွယ်ဆည်းကပ်ရာ၊ အထွဋ်အမြတ်ထားရာစေတီတစ်ဆူဖြစ်သော ရွှေနတ်တောင်စေတီတော်မြတ်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မယားမာန် ကျေးရွာအုပ်စုတွင် တည်ရှိပါတယ်။ ရွှေတောင်မြို့မှ(၄)မိုင်အကွာ ကျီးသဲ၊ ညောင်စာရေးကားလမ်းဆုံရှိ ဒေဝါဂီရိတောင်ထိပ် ပေါ်မှာတည်ထားကိုးကွယ်ထားပြီး ဉာဏ်တော်(၈၁)တောင်နဲ့(၁)ထွာမြင့်ပါတယ်။ ဝါဆိုလပြည့်နေ့နဲ့လပြည့်ကျော်(၁)ရက်နေ့များမှာဆိုရင်အနီးအနားကျေးရွာများမှနှစ်စဉ်ဝါဆိုပန်းခူးလာကြပြီး

စေတီတော်ကိုဝါဆိုပန်းကပ်လှူပူဇော်ခဲ့ကြတဲ့ဓလေ့ရှိခဲ့ကြတာအခုအချိန်အထိပါပဲ။ ဘုရားပွဲကိုတော့ နှစ်စဉ် တပေါင်းလဆန်း(၈)ရက်မှတပေါင်းလပြည့်နေ့အထိစည်ကားသိုက်မြိုက်စွာကျင်းပပါတယ်။

လူနတ်နှစ်လီ တရစ်စီ ဆိုတဲ့စကားဖြစ်လာတာကတော့ ဘုရားရှင်ပွင့်တော်မူနေချိန်မှာ ဒီဒေသမှာနေထိုင်ကြ တဲ့နယ်သားတွေဟာနတ်ကိုယုံကြည်ကိုးကွယ်ကြပါသတဲ့။ ဒါကြောင့်ဘုရားရှင်ကနတ်သားအသွင်ကိုယူပြီး ဒေဝါဂီရိတောင်ထိပ်ကနေနတ်လူတို့ကိုတရားရေအေးတိုက်ကျွေးခဲ့ပါတယ်။ နယ်သူားတွေတရားစစ်ကိုသိ မြင်သွားကြပြီး နောင်တချိန်မှာ သာသနာနှစ်ပေါင်းများစွာထွန်းလင်းမယ့်အရေးကိုမြင်ခဲ့တာကြောင့် ဘုရားရှင်က ကိုယ်စားနတ်သားရုပ်ပွားတော်ကိုထားခဲ့ပြီး ထိုနတ်သားရုပ်ပွားတော်ကို ငုံပြီးစေတီတည်ရန် အဓိဋ္ဌာန်တော်ပြုခဲ့ပါသတဲ့။ နတ်သားရုပ်ပွားတော်ကိုအစွဲပြုပြီးနတ်တောင်ရယ်လို့ဖြစ်လာခဲ့ပါတယ်တဲ့ရှင်။ နယ်သူနယ်သားတို့ကလည်း မဟာသက္ကရာဇ် (၁၀၄) ခုနှစ်မှာ စေတီတည်ထားကိုးကွယ်ခဲ့ကြပါတယ်။ စေတီတည်ရာမှာထူးခြား ချက်ကတော့ နေ့ဘက်မှာလူတို့ကအုတ်တစ်ထပ်တည်ရင် ညဘက်မှာနတ် တွေကလည်းအုတ်တစ်ထပ် တည်ခဲ့ပါသတဲ့။ ဒါကြောင့်မို့ “လူနတ်နှစ်လီ တရစ်စီ၊ စေတီရွှေနတ်တောင်” ရယ်လို့သမိုင်း တွင်ခဲ့ပါတော့တယ်။

ကဲ ပြောချင်တာတွေပြောပြီးပြီဆိုတော့ ဓါတ်ပုံလေးတွေအလှည့်ပေးလိုက်ဦးမယ် တတ်သလောက်လက် စွမ်းပြထားပါတယ်။

တောင်ခြေ အဝင်မုခ်ဦး

 

ကားရပ်နားသည့်နေရာမှအတက်စောင်းတန်း

 

အရှေ့ မြောက်ထောင့်မှဖူးမြင်ရသည့်ရွှေနတ်တောင်စေတီ

ရင်ပြင်တနေရာ

 

အရှေ့ ဘက်စောင်းတန်း

 

တောင်ပေါ်ကမြင်ရတဲ့လမ်းကလေး

 

အရှေ့ ဘက်ဘုရားဖူးနားနေရာနေရာ

 

ထိုင်ခုံလေးတွေရှိတယ်

 

ထိုင်ခုံမှမြင်ရမည့်ရှုမြော်ခင်း

 

စိမ်းစိုနေတဲ့လယ်ကွင်းတွေ

 

ဘုရားဝတ်ပြုရန်နေရာ(ဝါဆိုလပြည့်နေ့ကကပ်လှူထားသည့်ဝါဆိုပန်းတချို့ )

 

ရင်ပြင်တောင်ဘက်မှဖူးမြင်ရမည့်စေတီများ

 

ရင်ပြင်တောင်ဘက်ရှိ (၁၁) ဆူဘုရား

 

(၁၁)ဆူဘုရား

 

ရွဲသီးဆိုတာများလားမသိ

 

မြွေရုပ်ဖားရုပ်များနဲ့ အနောက်ဘက် အာရုံခံတန်စောင်း

 

မြွေရုပ်(အနောက်ဘက်ရင်ပြင်)
ဖားရုပ်(အနောက်ဘက်ရင်ပြင်)

 

အနောက်စောင်းတန်းရှိနဂါး(တစ်ဘက်တစ်ကောင်ရှိပါသည်)

 

တောင်တက်ကားလမ်းနှင့်အတက်စောင်းတန်းကြားစောင်းတန်းကလေး(ဟောင်းရှာပေါ့)

ကျေးဇူးအထူးတင်ပါတယ်ရှင်။

 

 

 

 

 

 

32 comments

  • manawphyulay

    August 9, 2012 at 4:29 pm

    မရောက်တာ အတော်ကြာပြီ ညီမလေးရေ… ခုလိုဖူးစေချင်တဲ့အတွက် သာဓုပါရှင်။
    ဘလောဂ့်ဂါဒေးနေ့က သရေခေတ္တရာသွားတုန်းက ရောက်ခဲ့ဖူးတာလေးလည်း ပြန်သတိရမိတယ်။ နှစ်တော့ အတော်ကြာပါပြီလေ… ပြန်လည်ဖူးချင်နေတာပါ။

  • lynn lynn

    August 9, 2012 at 4:37 pm

    ရွှေကြည်ရေ အားရပါးရဖူးသွားပါတယ်။ အရမ်းကြည်ညိုဖို့ကောင်းပါတယ်။ အခွင့်ကြုံရင်လည်း ဝင်ဖူးခွင့်ရဖို့ မျှော်လင့်ပါတယ်။

  • ko khin kha

    August 9, 2012 at 4:54 pm

    ပြည်မြို့ ကို တစ်နှစ်တခေါက်ရောက်ဖြစ်နေသလို ရွှေနတ်တောင်ဘုရားကိုလည်း ဖူးဖြစ်ပါတယ်၊
    ဒါပေမယ့် သမိုင်းလေးဖတ်ရလို့ကျေးဇူးပါ။

    • shwe kyi

      August 9, 2012 at 4:57 pm

      ကိုခင်ခ ရေရွှေနတ်တောင်ရောက်ရင်ကျီးသဲအထိသွားလိုက်လေရွှေကြည်အိမ်မှာထမင်းသွားစား 😀

  • shwe kyi

    August 9, 2012 at 4:55 pm

    မ မနောပြည်ရောက်ဖူးတယ်လား။ နောက်တခါဘုရားဖူးခေါ်မယ်လေ။

    မလင်းလင်းရေ အလည်လိုက်နိုင်အောင်ကြိုးစားထားနော်။

  • Wow

    August 9, 2012 at 4:57 pm

    ရွှေကြည်ရေ အမှတ်မမှားဘူးဆိုရင် အဲဒီဘုရားနောက်ဘက်မှာ အရမ်းလှတဲ့ ကြာကန်လေးရှိလားလို့…

    • shwe kyi

      August 9, 2012 at 4:59 pm

      ဟုတ်ကဲ့ရှိပါတယ် အချိန်မရလို့ မဝင်ခဲ့ရလို့ ရောက်ဖူးတယ်လား

      • Wow

        August 9, 2012 at 5:38 pm

        ပုဂံဘုရားဖူးသွားရင်းနဲ့ ဝင်ခဲ့တာရွှေကြည်ရဲ့ အရမ်းအေးချမ်းတဲ့ ဘုရားလေး ဆိုပြီးမှတ်မိနေတာ…

  • အလင်းဆက်

    August 9, 2012 at 7:37 pm

    ရွှေကြည်..ရေ..
    ပုံတွေ ကြောင့် ရွှေကြည်နဲ ့ ့အတူ.. ခရီးတစ်ခု ထွက်လိုက်ရသလိုပါပဲ.။

    ကျေးဇူးပါပဲ..ဗျာ။ ကျွန်တော်လည်း.ခရီးတွေ သွားချင်ပေမယ့် အလုပ်မအားလို ့ ဘယ်မှ မသွားဖြစ်ဘူး။
    အခု ခရီသွား ဓါတ်ပုံလေးတွေ..တင်ပေးတော့…
    တော်တော်လေး..ကျေးဇူးတင်တယ် ။ တကယ်ပါ ။
    ခင်မင်စွာ..

  • အရီးခင်လတ်

    August 9, 2012 at 7:57 pm

    ရွှေကြည် ရေ

    ၂၀၀၈ ရန်ကုန် ကို ပြန်တုန်းက ပြည်ကို သွားလည် ရင်း အဲဒီ ရွှေနတ်တောင် ဘုရား ကို ဖူးခဲ့သေးတယ်။
    အရီး အဖေ က ပြည်၊ ရွှေတောင် ဇာတိပေါ့။
    အရီး ရဲ့ အဒေါ် ဝမ်းကွဲ တစ်ယောက်က အဲဒီ ကျီးသဲကျောင်းမှာ ကျောင်းအုပ် လုပ်ဘူးလို့ အဲဒီမြို့လေး နာမည် ကို ကောင်းကောင်းသိတယ်။

    ဒီတော့ မောင်အံ ရဲ့ ဇာတ်လမ်း ထဲတင်မက အပြင်မှာလဲ အရီးတို့ ရပ်ဆွေ ရပ်မျိုး ပေါ့။
    ဘုရားသမိုင်း လေးကို မျှပေး လို့ ကျေးဇူးပါနော်။
    သာဓု လဲ လဲခေါ်ပါတယ်။ 🙂

  • မောင်ပေ

    August 9, 2012 at 8:01 pm

    မရွှေကြည် ရေးတင်ပေးမှပဲ ရွှေနတ်တောင်ဘုရားအကြောင်းနဲ ့ဘုရားပုံများ ရှူခင်းပုံများကို ကြည့်ရတော့တယ်ဗျား။
    ရွှေရောင်ဝင်းအိနေတဲ့ ရွှေနတ်တောင်စေတီဟာ ကြည်ညိုဖွယ်ရာတော်တော်ကောင်းပါတယ်
    ကျေးဇူးပါဘဲ မရွှေကြည်ရေ

  • surmi

    August 9, 2012 at 11:03 pm

    စောစောကပြောပါလား
    ကျုပ်က ၂၀၀ဝ ခုနှစ်ဝန်းကျင်ကဆို ဘုရားဖူးရာသီချိန်ဆိုအမြဲရောက်တာ
    ခုမရောက်တာ (၁၀) နှစ်ကျော်ပေါ ့ ။ ဘုရားက တော်တော်ပြုပြင်ထားပြီဘဲ
    ဟို တုန်းက ဒီလောက်အဆောက်အဦးတွေ မရှိဘူး …
    ဒီလိုမှန်းသိရင် နောက်ဆို ထမင်းဝင်စားပါတယ် …..။ မသိချင်ယောင်ဆောင်နေရင်တော ့ ……

  • Aung thu oo

    August 10, 2012 at 8:06 am

    ရွှေနတ်တောင်ဆုိုတော့ ပထမနှစ်တုုန်းက စရောက်ဖူးခဲ့တာထင်တယ် (၄တန်းပထမဆုုံးကျသောနှစ်)
    ရွှေနတ်တောင်ဆုိုတာနဲ့ ကျီးသဲကုိုမြင်ယောင်မိတယ် အဲ ကျီးသဲဆုိုပြန်ရင်လဲ တိင်တစ်ရာကိ ပြေးမြင်မိပြန်တယ် တုိုင်တရာလဲဆုိုရော မြင်ကွင်းထဲပေါ်လာတယက ရွှေကြည် အရောက်တရာရပ်နေသော ပုုံရိပ်များ၊ အင်း ရွှေကြည်နဲ့ တုိုင်တွေနဲ့ ဘယ်လုိုများဆက်ဆပ်နေပါလိမ့် ၊ …စာလုုံးပေါင်းသီးခံပါ

    • shwe kyi

      August 10, 2012 at 9:34 am

      အောင်သူဦး နင်ကတော့လေ တိုင်တွေနဲ့ရွှေကြည်ကဘယ်လိုမှမဆက်စပ်ဘူးနော်။
      စဉ့်အိုးနဲ့ပဲ ဆက်စပ်တာသိပြီလား။ 😀

  • shwe kyi

    August 10, 2012 at 9:32 am

    ကိုအလင်းဆက် အလုပ်နဲ့ပဲဖြစ်ဖြစ်၊စိတ်အပန်းဖြေဖြစ်ဖြစ် ခရီးထွက်ခွင့်ရပါစေလို့
    အားပေးလို့ကျေးဇူးပါ။

    အရီးရေ ရပ်ဆွေရပ်မျိုးတွေအဖြစ်ရွာထဲမှာဆုံရတာဝမ်းသာလိုက်တာ။ အရီးရွှေတောင်ရောက်ဖြစ်သေးလား။
    ကျီးသဲကိုလည်းအလည်သွားလိုက်လေ ရွှေကြည်မရှိလည်းရပါတယ်။ အရီးရဲ့အဒေါ်ဝမ်းကွဲကျောင်းအုပ်ဆရာမကြီးကိုရွှေကြည်များသိမလား။ သူတာဝန်ကျတာ ကြာပြီလားဟင်။
    ပျော်လိုက်တာအရီးရေ 🙂

    အူးပေ နောက်ကြုံရင်ကိုယ်တိုင်ဖူးနိုင်အောင်အလည်ခေါ်မယ်နော်။ အားလုံးကိုစုပြီးဘုရားဖူးခေါ်သွားချင်တယ်။ ပြည်တဝိုက်ဘုရားတွေရောပေါ့။ ထီထိုးလိုက်ဦးမယ်။ 😀

    ကိုရင်ဆာမိ မရောက်တာကြာပြီပဲ ရွှေကြည်ထီပေါက်ရင်ရွာသူားတွေနဲ့အတူသွားဖူးကြမယ်နော်။ ဟုတ်တယ်တော်တော်လေးတော့ပြုပြင်ထားတယ်။ နောက်တခါထမင်းသွားစားလိုက်ပါရပါတယ်ဗျ လမ်းကတော့ မကောင်းဘူးရယ် 🙁

  • amatmin

    August 10, 2012 at 9:33 am

    မရောက်ဖူးသေးပါဘူး..
    ရောက်ဖူးချင်ပါတယ်..
    နောက်တခေါက်ပြန်ရင် ခေါ်ပါလား..ဟင်င် 🙂
    ဒါနဲ့ မြွေ.ဖား နဂါးတွေက ဇာတ်လမ်းရှိမယ်ထင့်..

    • shwe kyi

      August 10, 2012 at 9:38 am

      ကိုအမတ် ခေါ်ရမှာပေါ့ လိုက်နိုင်အောင်သာကြိုးစားပါ။ ရွာထဲကလိုက်နိုင်သူတွေအားလုံးကိုခေါ်ချင်တာဗျ။ အထူးသဖြင့်ဒါ့ပုံဆရာတွေအပါခေါ်သွားချင်တာ။
      ဘုရားမှာဒါ့ပုံရိုက်ရင်းနဲ့လေးပေါက်ကိုအရမ်းသတိရနေတာ။
      မြွေ၊ ဖား၊ နဂါး ရာဇဝင်ရှိလားမသိဘူး။ နောက်မှမေးကြည့်ဦးမယ် 😀

  • ကြောင်ကြီး

    August 10, 2012 at 10:15 am

    ရွှေဘုံပေါ်မှာ ပျော်ပါ ရွှေကြည်…

    • shwe kyi

      August 10, 2012 at 11:10 am

      အူးကြောင်ကြီး ရွှေဘုံဆိုတာဘာလဲဟင် ရွှေကြည်မသိ 😀

      • မောင်ဘလိူင်

        August 10, 2012 at 12:10 pm

        ဇော်ပိုင် သီချင်းလေ အန်တီရွှေကြည် ရဲ့.. စွန့်သွားတော့ နေခြည် ဆိုလားပဲ..
        ကျွန်တော်လည်း ပြည်သားပဲခင်ဗျ…ရွှေနတ်တောင် ဘုရားပွဲတော့ ငယ်
        ငယ်က ခဏ ခဏ ရောက်ပါတယ်..။

        • shwe kyi

          August 10, 2012 at 12:25 pm

          အန်တီရွှေကြည်တဲ့လား မောင်ဘလှိုင်ကလေးရယ် အဟင့်။
          တနယ်တည်းသားချင်းမို့ ခွင့်လွှတ်လိုက်မယ်။ 😀

  • Aung thu oo

    August 10, 2012 at 10:42 am

    မုုန့်ကျွဲသဲဘဝနဲ့ တကယ်တော့ တခြားဆီ… ရွှေဆီထမင်းတွေကုို ပြန်ရုုပ်သိမ်းလုိုက်တော့ရွှေကြည်…

  • အလင်းဆက်

    August 10, 2012 at 11:13 am

    ဟိုတလောကတောင် ပြည်ကို သွား မလို ့ ကြံလိုက်သေးတယ် ။
    ဝါဆိုလပြည့်နေ ့ကပေါ့ ။ ဒါပေမယ့် သူငယ်ချင်းတွေ အဆွယ်ကောင်းတာနဲ ့
    မှော်ဘီက ဥူးသုမင်္ဂလ ကျောင်းမှာ ပဲ..တရားနာဖြစ်တယ် ။

    နောက်တစ်ခါ….လာဖြစ်ရင်… ရွှေကြည်တို ့အိမ် ဝင်လည်..ဦးမယ် နော် ။

    • shwe kyi

      August 10, 2012 at 11:34 am

      ဝင်လည်ပါနော် အိမ်မှာရွှေကြည်မရှိရင် ရွှေကြည်နာမည်သာပြောလိုက် တခါတည်းနှင်ချရော 😀
      စတာပါ ဝင်လည်နိုင်ပါတယ်လို့

  • Ma Ei

    August 10, 2012 at 12:44 pm

    ရွှေနတ်တောင်ဘုရားကို
    တစ်ခေါက်ဘဲ ရောက်ဖူးပါတယ်…
    နှစ်အတော်ကြာ ခတ်ရေးရေးဖြစ်နေတာတဲ့
    အမှတ်တရတွေ ပြန်တွေ့ရလို့ ကျေးဇူးနော်…
    လမ်းမှာ ချော့ခေါ်ဘုရားဆိုတာ
    ရှိတယ်မို့လား ရွှေကြည်လေးရေ…

    • shwe kyi

      August 10, 2012 at 1:49 pm

      ဟုတ်ပအန်တီအိရေ လမ်းမှာနိဗ္ဗာန်ချော့ခေါ်ဘုရားရှိပါတယ်။ အင်းရာဇဝင်တွေလည်းရှိပုံပဲ။
      ရွှေနတ်တောင်တောင်ခြေကရွာကမယားမာန်လေ။ 🙂

  • ချစ်တိုးလေး

    August 10, 2012 at 1:50 pm

    အမရွှေကြည်ရေ ကြည်ညိ ုစရာကောင်းလိုက်တာနော် တခါလောက်တော့ ရောက်ဖူးအောင် သွားလည်ချင်ပါတယ်

  • pooch

    August 10, 2012 at 1:53 pm

    လေကောင်းလေသန့်လေး ရှုပြီး ဘုရားရိပ်ခိုပြီး ဝင်ဖူးသွားပါတယ်။ တခါမှ မရောက်ဖူးပါဘူး။

  • shwe kyi

    August 10, 2012 at 2:48 pm

    ချစ်တိုးလေးရေ တိတ်ဆိတ်အေးချမ်းပြီးသာယာစွာဘုရားဖူးနိုင်တယ်ညီမရေကြုံရင်ဝင်လည်ပါနော်။
    အစ်မထီပေါက်ရင်လည်းဘုရားဖူးစုပြီးခေါ်သွားမှာ။

    pooch ဘုရားဖူးခေါ်မယ်လိုက်နိုင်အောင်ကြိုးစားထားနော်။

    ဝင်ရောက်ကြည့်ရှု ဖူးမြော်သူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်နော်။
    အားလုံးကို စုစည်းပြီးတခါလောက်ဘုရားဖူးခေါ်သွားချင်ပါရဲ့။

  • Khaing Khaing

    August 10, 2012 at 3:14 pm

    ဘုရားဘေးမှာ ဝင်္ကဘာလေးကော ရှိသေးလား ……. (၁) ခေါက်တော့ ရောက်ဖူးပါတယ် …. ဒါပေမယ့် သိပ်မမှတ်မိတော့ဘူး ……. ပြည်ဘုရားဖူးသွားရင်ဝင်ခဲ့တာပါ … ရွှေမျက်မှန်ဘုရားလည်း အဲဒီတုန်းက ဝင်ဖူးခဲ့ပါသေးတယ် …..

  • မရောက်ဘူးသေးဘူးဗျ။
    လယ်ကွင်းတွေကတော့ စိုစိုစိမ်းနေတာ။
    ဓါတ်ပုံရိုက်ချင်စရာ။
    ကြာကန်ဆိုတာနဲ့ မမြင်ဘူးဘဲရိုက်ချင်နေပြီနော်။

  • shwe kyi

    August 10, 2012 at 4:17 pm

    လေးလေး ကိုသတိရနေတာဗျ လေးလေးသာပါလာရင်ကောင်းမှာဆိုပြီးလေ။
    ကြာကန်ရှိတယ်ဆိုတာတော့သိတယ် သမီးလည်းသေချာမရောက်ဖူးသေးဘူး။ ရွှေနတ်တောင်ပတ်ဝန်းကျင်ကဘုရားတွေဖူးဖို့လမ်းပြလိုဦးမယ်။
    ရွှေကြည်ကနယ်သိပ်မကျွမ်းဘူး။

    မခိုင်ခိုင်ရေ ဝင်္ကဘာကတော့ရှိပါတယ်။ စေတီတောင်ဘက် တောင်ခြေမှာ။ မရောက်ခဲ့ဘူးမခိုင်ရေ။
    ဝင်ဖတ်သွားလို့ဝမ်းသာပါတယ်။

Leave a Reply