ဘဏ် ၂ မှာ တစ်ထောင်တန် အစုတ်လေးတစ်ရွှက်လဲမိတယ်

ဦးသုAugust 10, 20121min16213

ဘဏ် ၂ မှာ တစ်ထောင်တန် အစုတ်လေး အလယ်က လက်သည်း ခွံလောက် အပေါက်ဖြစ်နေတာကို ဝင်လဲ လိုက်မိတာ ၈၀ဝ ကျပ်တိတိ နဲ့ လဲ ပေးပါတယ် ခင်ဗျ နောက်ပြီး အရင် က ဘဏ်ချလံ e D form သွင်းဖို့ အတွက်ကို တစ်စောင် ၅ဝ ပေးဝယ်ရတာ အခု ဘာစာမှလဲမကပ် ဘာကြေငြာချက်မှလဲမထုတ် ပဲနဲ့ တစ်စောင်ကို ၁၀ဝ နဲ့ တင်ရောင်းပါတယ် နောက်ပြီး  e D form အတွက် ငွေသွင်းလို့ ရှိရင် ၂၀ဝ ကျပ် ကို ချလံမှာ ရေးရပြီး တကယ်ပေးတော့ ၃၀ဝ ကျပ်ပေးရပါတယ်ခင်ဗျ

အဲဒါကြောင့် မို့ လို့ အစိုးရဘဏ်ကဆိုလို့ရှိရင် အောက်တန်းစာရေး ချလံ ရောင်းတဲ့စာရေးမကိုတောင်အထင်မသေးကြပါနဲ့ (သူ့ဝင်ငွေကိုဆိုလိုသည်) လို့ပြောပြချင်ပါတယ် အရပ်ကတို့ရေ။

13 comments

  • Liquid_Sn@ke

    August 10, 2012 at 6:55 pm

    ၃နှစ်လောက်တော့ ကြာပါဘီ ..
    ပါ့စ်ပိုတ် သက်တမ်းတိုးတာ ..
    စာအုပ်သစ် လုပ်ခ တဲ့ ….
    (သည်စာအုပ်က ၁ဝက်တောင်မကျိုးသေးတာ..)
    ဆက်သုံးဖို့ စာရွက်လွတ်တွေ ရှိနေသေးတာ …

    ကိုယ်မှမသိတာနော …
    အေးလေ…အသစ်ရတာပေါ့ ဆိုပီး
    ၈၀၀ဝကျပ် ပေးလိုက်ရပါသည်…။
    အဲ … ပြီးတော့ သည်စာအုပ်ပဲ … ပြန်ထွက်လာတာပါပဲ …

    ထိပ်ဆုံးစာရွက်လွတ်တခု မှာ သည်ပါ့စ်ပိုတ့် ကို ဘယ်နှစ်-ဘယ်လ-ဘယ်ရက်ထိ
    သုံးစွဲခွင့် သက်တမ်းတိုးလိုက်သည် (ဝါ)ခွင့်ပြုလိုက်သည် …တဲ့ …
    ဆီးလ်နှိပ်ပီး ဆိုင်းထိုးထားတဲ့ စာအုပ်ဟောင်းလေးကို …

    အောက်ကျနောက်ကျ စောင့်ရလား .. စောင့်ရရဲ့ …
    ရစ်သလို ကျစ်သလို မျက်ခွက်တွေ ကြည့်ရလား ကြည့်ရရဲ့ …

    အဲ့လို ကောင်ဒွေ ကို ရွံတိုင်း မုန်းတိုင်း မသတီတိုင်း စိတ်ပျက်တိုင်း
    ဓမ္မစကြာတံဆိပ် ပါတဲ့ စာအုပ်အနီ ပြောင်းကိုင်ချင်စိတ် တဖွားဖွားပေါ့ …
    ရွှေတိဂုံလည်း ဖူးချင်သေး.. အမေ့လည်း တွေ့ချင်သေး ငပိရည်လည်း မဖြတ်နိုင်သေးမို့ပေါ့ဗျာ ..

    • Foreign Resident

      August 11, 2012 at 7:29 am

      ” ဓမ္မစကြာတံဆိပ် ပါတဲ့ စာအုပ်အနီ ”

      အဲဒါ ဘယ်နိုင်ငံလဲဟင် ။

  • MaMa

    August 10, 2012 at 8:01 pm

    ဘဏ်သွားလို့ ၅၀၀ဝ တန်တွေ အတုဆိုပြီး အဖြဲခံရပေါင်းလည်း မနည်းတော့ဘူး။
    ဈေးကြီးတဲ့ သင်ခန်းစာကြောင့် အခုတော့ ၅၀၀ဝတန် အတု အစစ် ခွဲတတ်သွားပြီ။

    • shwe kyi

      August 11, 2012 at 11:49 am

      ချစ်မမရေမျှပါဦးခွဲခြားနည်းလေး မှတ်သားရအောင်

  • ahnyartamar

    August 11, 2012 at 10:59 am

    MaMa says: ဘဏ်သွားလို့ ၅၀၀ဝ တန်တွေ အတုဆိုပြီး အဖြဲခံရပေါင်းလည်း မနည်းတော့ဘူး။
    ဈေးကြီးတဲ့ သင်ခန်းစာကြောင့် အခုတော့ ၅၀၀ဝတန် အတု အစစ် ခွဲတတ်သွားပြီ။

    မမရေ…ဘယ်လို အတု၊ အစစ်ခွဲရလဲဆိုတာ ဖြစ်နိုင်ရင် share ပါအုံးဗျာ။

  • MaMa

    August 11, 2012 at 7:10 pm

    ရွှေအိနဲ့ အညာတမာရေ-
    ရွာထဲ မဝင်ဖြစ်တာနဲ့ မေးထားတာကို ခုမှတွေ့လို့ပါ။
    ၅၀၀ဝ တန် အတုနဲ့ အစစ်ကို လုံခြုံရေးကြိုးကို ကြည့်ပြီး ခွဲပါတယ်။
    ငွေစက္ကူအစစ်မှာ လုံခြုံရေးကြိုးပါပြီးဖြစ်လို့ ငါးထောင်ကျပ် လို့ ရေးထားတဲ့စာက လုံခြုံရေးကြိုးရဲ့ အပေါ်ကဖြစ်ပါတယ်။
    ငွေစက္ကူအတုမှာတော့ လုံခြုံရေးကြိုးက ငါးထောင်ကျပ် လို့ ရေးထားတဲ့စာရဲ့ အပေါ်က သွားပါတယ်။
    ငွေစက္ကူရိုက်ပြီးမှ အပေါ်က လုံခြုံရေးကြိုးကို ရိုက်ထည့်ထားတာပါ။

    • အမ မမရေ ခုလို တိတိကျကျပြောပေးလို ့နယ်ဖက်တွေမှာ အသုံးပြု
      ခွဲလို ့ရတာပေါ့ဗျာ။ကျေးကျေးပါနော့

    • shwe kyi

      August 13, 2012 at 4:52 pm

      ကျေးဇူးချစ်မမ ရွှေကြည်မေးတာပါချစ်မမရဲ့။

  • MaMa

    August 11, 2012 at 7:11 pm

    ရွှေအိ လို့ မှားရေးမိတယ် ရွှေကြည်ရေ။
    ဆောတီးနော်။ :mrgreen:

  • ဦးဦးပါလေရာ

    August 11, 2012 at 11:44 pm

    ငါးထောင်တန်အတုအစစ်ခွဲနည်းတွေမှာ အခြားနည်းတွေကိုသိပေမယ့် မှန်ဘီလူး 10X လိုပါတယ်။
    မမ ပြောတဲ့နည်းက လွယ်လွယ်ခွဲလို့ရလို့ မှတ်သွားပါတယ်ဗျာ…။

  • ကိုသင်း

    August 14, 2012 at 2:28 am

    ဘဏ်ကလည်းတစ်မျိ ုး၊စူပါမတ်ကက်တွေကလည်းတစ်ဖုံနဲ့
    ကျ ုပ်တော့ ရင်တုန်ရတာပဲဗျာ။

Leave a Reply