Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန်းဂေဇက် ချစ်သူများစာပေဆုပေးပွဲ (ဂျုလိုင်လ)

padonmarAugust 13, 20121min210179

ကြက်သွေးရောင် ကတ္တီပါကားလိပ်ကြီး သည် လေပြေအဝေ့မှာ တလှုပ်လှုပ်လွန့်လူးလျက် ရွှေပွဲလာ ပရိသတ်ကြီးကို

ဆွဲဆောင်နေပါသည်။

ကတ္တီပါကားလိပ်အထက်တွင်ကား မန်းဂေဇက် ချစ်သူများစာပေဆု ရံပုံငွေ အငြိမ့်သဘင် နှင့် ဆုပေးပွဲ အခမ်းအနား ဟူသော

နဖူးစည်းကြီးက ခန့်ညားစွာ တည်နေပါသည်။

ဇာတ်ခုံရှေ့တွင် မြန်မာဆိုင်းဝိုင်းကြီး နှင့် စန္ဒယားတို့က တစ်ဖက်တစ်ချက်စီနေရာယူထားကြသည်။

ပွဲကြည့်ပရိသတ် များအတွက် ဆိုဖာထိုင်ခုံများမှာ ဇာတ်ခုံကို “ပ”ပုံ ဝိုင်း၍ ၃ တန်းခွဲ စီထားသည်။

အထူးအစီအစဉ်အဖြစ် အလယ်ခုံတန်းတွင် မိသားစုများ၊ဘယ်ဖက်ခုံတန်းတွင် ရွာသူအပျိုချောများ၊ညာဖက်ခုံတန်းတွင်

ရွာသားလူပျိုမချောတချော၊မပြိုတပြိုများ ထိုင်ရန် စီစဉ်ထားသည်။

ရွာသားများမှာ အပျိုလေးတွေနားကပ်ထိုင်ခွင့်မရဟုသိရစဉ်က မကျေနပ်ကြသော်လည်း မေတ္တာလက်မှတ်များဖြစ်၍ ခန္တီစ

သည်းခံနေကြရသည်။

သို့သော် ထိုင်ခုံများစီစဉ်ထားပုံမှာ ရွာ့အလှလေးများကို မစောင်းတစောင်းလေး မြင်နေရမှန်းသိသဖြင့် ကျေနပ်သွားကြသည်။

ပရိသတ်ကြီးမှာ တဖွဲဖွဲရောက်လာပြီး ထိုင်ခုံနံပါတ်များကို ပါလာသော မေတ္တာလက်မှတ်များနှင့် တိုက်၍ မိမိတို့နေရာရှာနေကြသည်။

အခမ်းအနားစီစဉ်သူ ဗလာဒီမာရဲစည်မှာ ဆီးရီးယားမှ အချိန်မီပြန်လာပြီး ဂန္ဓာလရာဇ်ပြည်ဖြစ် LED လက်နှိပ်ဓာတ်မီးကြီးတစ်လက်ဖြင့်

နေရာရှာသူများကို ဟိုသွားဒီသွားဟု အမိန့်ပေး usher လုပ်နေသည်။

ပရိသတ်များပိုများလာသဖြင့် ရဲစည် တစ်ယောက်တည်း မနိုင်တော့သောကြောင့် အရင့်ရောင်၊အလင်းဆက်၊ချစ်ရင်ထူး၊အီးတီ၊

ကိုရင်စည်သူ တို့က ကူပြပေးရင်း ကလေးငယ်များကို တွဲသယောင်၊အပျိုလေးများကို ဆွဲသယောင်၊အဖိုးကြီး အဖွားကြီးများကို

မမြင်သယောင်၊ကာလသားများကို မတူမတန်သယောင် လုပ်နေကြသည်။

ရွာ့ဓာတ်ပုံဆရာများဖြစ်သော ကိုစိန်သော့၊ရွှေမင်းသား၊Mလုလင်၊ရွှေထီး၊ဂန္ဓာရီ ဆြာအုပ်၊တို့နှင့်အပြိုင်

ရွာသူဓာတ်ပုံဆရာမလေးများဖြစ်သော ညလေး၊သကြားလုံးကြော်၊We R One တို့ကလည်း အားကျမခံ လက်စွမ်းပြနေကြသည်။

Flash အရောင် တဖျပ်ဖျပ် အောက်တွင် ရွာသူလေးများအဖွဲ့ကလည်း နေကြာစေ့၊အချဉ်ထုပ်၊အာလူးကြော်၊ငါးမုန့်ကြော်ထုပ်များနှင့်

ရေသန့်ဘူး ဆွဲလွဲပြီး နေရာယူကြသည်။

အပျိုလေးများအဖွဲ့ ခေါင်းဆောင်ဖြစ်သော သဂျီးသမီးချာတူးက “ပါပါကပြောထားတယ်။ဗမာတွေ ပွဲပြီးလို့ပြန်ရင် အမှိုက်တွေ

ပွကျန်နေတတ်တယ်၊အမှိုက်ပုံးထဲ ရောက်အောင်မထည့်ကြဘူးတဲ့၊ပါပါစိတ်ချမ်းသာအောင် ၊အဝမှာ အမှိုက်ပုံးထားပေးပါတယ်အထဲရောက်အောင်လည်းထည့်ကြပါ”ဟု

ပြောနေသော်လည်း အချင်းချင်း ရေပက်မဝင်ပြောနေရသောကြောင့် မကြားကြဘဲ အောက်သို့သာပစ်ချနေကြသည်။

ရွာတော်ရှင်ဆူး၊နန်းမတော်မယ်ပု၊ဆရာမလေးမိုးစက်၊ပန်ပန်၊မွန်မွန်၊မိုက်လေး၊မဂွက်ထော်၊မမအညာသူ၊စနိုးဝှိုက်၊ကိုရင်မောင့်ညီမ

ရွှေကြည်၊ရွေအိ၊ရွေပုံ့၊ချယ်ရီနွယ်၊ငြိမ်းငြိမ်း၊မနောဖြူလေး၊မမအုံ၊ ကြေးမုံ၊WOW၊မွန်ကစ်၊မေဂျူလိုင်၊နှင်းဆီငုံ တို့မှာ အလှဆုံးပြင်ဆင်လာကြသဖြင့်

မော်ဒယ်လေးများသဖွယ်လှပနေကြပါသည်။

အပျိုကြီးများဖြစ်သော အေးကေကေ။အန်တီမိုး၊မအိ၊သည်းနုအေးတို့ကလည်း အားကျမခံ စတော့ကင်၊စကဒ်တို၊ကြိုးတစ်ချောင်း

ဝတ်လာကြသဖြင့် လန်းနေကြပါသည်။

အလယ်မိသားစုတန်းရှေ့ဆုံးတွင်ကား မန္တလေးမှပင် လာရောက်အားပေးသော တီချာကြီးမှာ ရန်ကုန်မှရွာသူားများကို

ယခုမှတွေ့ရသဖြင့် “ လာနှုတ်ဆက်သူတိုင်းကို ပျူပျူငှာငှာဆက်ဆံကြနော်”ဟု သားလေး ကိုဆန်နီ ၊မြေးလေး မောင်ပေတို့ကို

မှာနေပါသည်။

(ပင်လယ်ပျော်၊ခိုင်ခိုင်နှင့် သမီးလေး မိသားစု)နှင့် (ရွှေတိုက်စိုး၊အုပ်အုပ်နှင့် သားလေးမိသားစု)မှာ လက်မှတ်ထပ်နေသဖြင့်

ငြင်းနေကြပါသည်။ဗလာဒီမာရဲစည် ကြားလိုက်ရ၍ အမြန်လာပြီး တောင်းပန်ကာ ရွှေတိုက်စိုးတို့မိသားစုကို ရှေ့ဆုံးတန်း၏ရှေ့၌

ပလပ်စတစ်ခုံချပေးပြီး နှစ်သိမ့်လိုက်ရပါသည်။

ထို့နောက်တန်းတွင်ကား အာဂ၊နွယ်ပင်နှင့် ဒို့ဘိုးဘွားအမွေဆက်ခံမည့်သားလေး ငါကွ တို့မိသားစု၊

ရွာ့သမက်ကြီး၊မှီနှင့် သားသား၊မီးမီး တို့မိသားစု၊

ရွာစားကျော်၊ရှင်မွေးလွန်းနှင့် သားလေးဖိုးသောကြာ မိသားစု၊

ဒေါက်တာ YKKO ၊အိတုန် နှင့် သားအမွှာလေး ၂ယောက် မိသားစု၊

မစ္စတာ နိုဗွီ၊မနိုဗွီ၊သမီးလေးဂျူနို မိသားစု၊တို့ကလည်း အသီးသီး နေရာယူကြပါသည်။

အော်ဇီ မှ ကိုဘုန်းကျော်၊ဇနီး ၊သားသားနှင့်မီးမီး မိသားစု၊

ဆင့်ကာပူရ(ခရက်ဒစ် တူ ရှုံးလူ)မှ မိုချို၊သူ့ အိမ်ကလူကြီး နှင့် သားလေးတို့မိသားစုလည်း ပြန်လာ၍ အားပေးကြပါသည်။

ညာဖက်မှ ရွာ့ကာလသားများမှာ မထိုင်နိုင်ကြသေးဘဲ အလယ်ခုံတန်းကိုကျော်ကာ ဘယ်ဖက်မှ ရွာ့ကွမ်းတောင်ကိုင်များကို

ပါဝါတစ်သောင်း မျက်ကပ်မှန်လုပ်၍ ကြည့်ရင်း ဖွက်ယူလာသော ဘီဘီများမော့နေကြပါသည်။

စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ အမတ်မင်းမှာ သူရ၊ဖက်တီးကက်၊၊ဘဲဥ၊ဘဘဖရဲ၊နွေဦး၊The Best၊ Ster၊ မိုင်ဆွန်ခ၊နီဂိမီ၊

ဘီလူးကြီး၊မောင်သန်းထွဋ်ဦး၊ကက်ပတိန်အမေရိကား၊ကမ်းကြီး၊သာလိကာ၊ ရဲရင့်လှိုင်၊ပိုင်လေး၊မောင်ဘလှိုင်၊ကိုဝင်း၊မိုးမင်းသား တို့ လက်ထဲမှ

ယောကျင်္ားလေးသုံးရေမွှေးများ(ဒါလည်းခရက်ဒစ်တူ ရှုံးလူပါဘဲ)ကို သိမ်းရကောင်းနိုး၊ဘော်ဘော်တွေမို့

ကျောပေးထားရကောင်းနိုးနှင့်စိတ်ညစ်နေပါသည်။

ကိုနေချား၊Knowledge Seeker၊အဘနီ၊ကိုဇော်မင်း၊ကိုမင်းဇော်၊ကိုသာ၊တညင်သား၊ကိုဖိုးထောင်၊ငပွကြီး၊စွယ်တော်ရွက်၊ကိုသစ်မင်း၊

ကိုဆာမိ၊ကိုခင်ခ၊ကိုစံလှကြီး၊ကိုငြိမ်းချမ်း၊ဦးကျောက်ခဲ၊မောင်ခင်မင်၊ဦးဖက်တီး၊ဆရာထက်တို့မှာ လူကြီးများဖြစ်၍

ဣန္ဒြေဆယ်နေကြရပါသည်။

ကြောင်ကြီး၊ကြောင်လတ်၊ကြောင်လေး တို့မှာ ကြောင်ဂိုဏ်းဝင်ချင်သည်ဆိုသော သကြားလုံးကြော်အတွက် နာမည်ပေးရေး

အခြေအတင်ဆွေးနွေးနေကြပါသည်။ကြောင်မျိုးနွယ်များ တိုးပွားရေး ဒို့အရေးဟု ပွဲသိမ်းလျှင် တိုင်ပေးရန် ညှိနှိုင်းနေကြပါသည်။

ပုပု နှင့်ဖြိုးမှာ ဘယ်ဖက်တန်းမှာ ထိုင်ရမလား၊ညာဖက်တန်းမှာထိုင်ရမလား ရွေးရခက်နေကြသည်။

ကိုထွန်းဝင်းလတ်မှာ အဝင်ဝတွင် ဖလားတစ်လုံးနှင့် အလှူခံနေသည်။

ရွှေအိမ်စည်၊ကောင်းမြတ်ထွဋ်နှင့်သူရဿဝါက လာသောပရိသတ်မှတ်တမ်းကို ကွန်ပူတာဖြင့် တစ်ခါတည်း

ရက်ကော့ယူရန်ကြိုးစားနေသော်လည်း ပရိသတ်ကြီးမှာ သူတို့ကို ဂရုမစိုက်ဘဲ သွားချင်ရာသွား၍ အချင်းချင်း

ဝမ်းသာအားရနှုတ်ဆက်နေကြသောကြောင့် ခေါင်းသာ အတွင်ကုပ်နေကြရပါသည်။

သတင်းထောက် မြတ်ကျော်ကလည်း သတင်းရယူနိုင်ရန် အင်တာဗျူးရမည့်သူလိုက်ရှာနေသည်။

မိသားစုများမှ ပါလာသော ကလေးငယ်များက ပျင်းလာသောကြောင့် ပွဲထွက်ပါတော့ဗျို့ ဟု အော်ကြပါတော့သည်။

ဤသို့ အုတ်အုတ်ကျက်ကျက် စည်ကားနေစဉ် ဇာတ်ခုံရှေ့ ဆိုင်းဝိုင်းနှင့် စန္ဒယားမှ ကမ္ဘာမကြေတီးလုံးပေါ်ထွက်လာရာ ပရိသတ်တို့မှာ

မထချင်ထချင် မတ်တပ်ရပ် အလေးပြုကြရပါသည်။

တီးလုံးဆုံးလျှင် ကြက်သွေးရောင် ကတ္တီပါကားလိပ်ကြီးမှာ တရွေ့ရွေ့ တက်သွားပြီး ဇာတ်ခုံ လယ်တွင်

ပန်းရောင်ထိုင်မသိမ်းဝတ်စုံဆင်မြန်းထားသော အသက်၁၅ နှစ်ခန့် အသားဖြူဖြူ၊မျက်ဝန်းကျယ်ကျယ်၊နှာတံပေါ်ပေါ် မင်းသမီးလေးနှင့်

ဘယ်ဖက်တွင် ပုဆိုးဝါ+စိမ်းကွက်၊ခေါင်းပေါင်းဝါ၊ဖဲအကျီင်္ဝါ ဝတ်ထားသော လူရွှင်တော် ၄ဦး၊ညာဖက်တွင် ပုဆိုးနီ+မည်းကွက်

၊ခေါင်းပေါင်းပန်းရောင်၊ဖဲအကျီင်္နီ ဝတ်ထားသော လူရွှင်တော် ၄ဦး(လူရွှင်တော်တွေကတော့ အရုပ်ဆိုးဆိုး အဖိုးကြီးတွေချည်းပဲမို့

ဥပဓီရုပ် မဖော်ပြတော့ဘူး)

လက်အုပ်ချီကန်တော့လျက် ၊နောက်ဖက်တွင် ကျောပေးလျက်ထိုင်နေသော မင်းသမီး ၃လက် တွေ့ရပါသည်။

ပန်းရောင် မင်းသမီးလေးက မိတ်ဆက် စကားစတင်ပြောကြားပါသည်။

“ဗုဒ္ဓံ သရဏံ ဂစာ္ဆမိ၊ဓမ္မံ သရဏံ ဂစာ္ဆမိ၊သံဃံ သရဏံ ဂစာ္ဆမိပါရှင်၊

ချစ်ခင်လေးစားရပါသော ရွှေပွဲလာ မိဘပြည်သူအပေါင်းတို့ရှင်၊

သမီးကတော့ မန်းဂေဇက် ချစ်သူများ အဖွဲ့ကြီးရဲ့ ရှေ့ထွက်မင်းသမီးလေး ပဒုမ္မာဖြစ်ပါတယ်ရှင်၊

သမီးတို့ အငြိမ့်အဖွဲ့ကြီးဟာ တကယ့် အနုပညာရှင် ပဂေးကြီးတွေ မဟုတ်ဘဲ အပျော်တမ်း ဝါသနာရှင်တွေ ဖြစ်တဲ့အတွက်

အမှားအယွင်း အချွတ်အချော်လေးတွေများတွေ့ရင်လည်း အပြစ်တော်မဝင်ဘဲ အချစ်တွေသာဝင်ပေးကြပါလို့ တောင်းပန်ချင်ပါတယ်။

သမီးတို့ အဖွဲ့သားတွေနဲ့မိတ်ဆက်ပေးပါရစေ၊

သမီးနဲ့ တွဲဖက်ပြီး ချစ်ပရိသတ်ကြီးကို ဖျော်ဖြေအသုံးတော်ခံမယ့် လူရွှင်တော်ကြီးများကတော့

သမီးရဲ့ ညာဖက်က ဘဘ မန္တလာ ကိုပေါက်၊ ဘဘ ချိုပေါ့ကျ ကိုဘလက်၊ဘဘ ဂျာပွန်ပြန် ဗရမ်းသပွတ် ကိုလင်းဝေ၊ဘဘ

ဘူတန်ပြန် အမြန်ရထားကြီး ကိုနိုဇိုမီ တို့ဖြစ်ပါတယ်ရှင့်။

(ညာဖက်မှ လူရွှင်တော်ကြီးများက ပရိသတ်ကို ဦးညွှတ်ကန်တော့လျက်)

သမီးရဲ့ဘယ်ဖက်ကတော့ ဘဘ စီဂျေကြီး ကထူးဆန်း၊ဘဘ အကြော်သယ် ဦးကြီးမိုက်။ဘဘ အဆဲခံချင်တယ်ဦးဖေါ၊ ဘဘ

ဖားမြွေဖွတ် အင်ဇာဂီ တို့ဖြစ်ပါတယ်။

(ဘယ်ဖက်မှ လူရွှင်တော်ကြီးများက ပရိသတ်ကြီးကို လက်အုပ်ချီလျက်)

သမီးတို့ကို အားဖြည့်ပေးမယ့် မြန်မာသံတေးဂီတ အတွက်ကတော့ ဝိုင်းတော်တီး စိန်ဗိုက်ဗိုက် (စိန်ဗိုက်ဗိုက်ပေါ် မီးဆလိုက်

ထိုးပေးထားစဉ် စိန်ဗိုက်ဗိုက်မှ မင်းအုပ်စိုးအိုက်တင်ဖြင့် စံတော်ချိန်တီးလုံးကို အားရပါးရတီး၍အသုံးတော်ခံ) နဲ့

အနောက်တိုင်းတေးဂီတ အတွက် စန္ဒယားမြို့မခိုင် (မြို့မခိုင်ပေါ် ဆလိုက်ထိုးပေးစဉ် ကိုဝင်းဦးအိုက်တင်ဖြင့်

စန္ဒယားဘေးချထားသော ရမ်ပုလင်းမှရေနွေးကြမ်းကို ဖန်ခွက်ထဲငှဲ့ထဲ့၍ တစ်ကျိုက်တည်းမော့လိုက်ပြီး မှုန်ရွှေရည်တီးလုံးကို

လက်စွမ်းပြတီးခတ်) တို့ဖြစ်ကြပါတယ်ရှင့်။

မီးအလင်းအမှောင် နဲ့ ပရိသတ်ကို ဖမ်းစားနိုင်အောင် ပံ့ပိုးပေးတာကတော့ အီလက်ထရစ်ချန်ပီယံမောင်မောင်အံ ဖြစ်ပါတယ်ရှင့်

(မောင်မောင်အံမှာ ကိုယ့်ကိုကိုယ် ဆလိုက်ထိုးပြရန် မဖြစ်နိုင်သဖြင့် သူ့မျက်နှာကို ပရိသတ်မြင်ရန် ရဲစည်လက်ထဲမှ

လက်နှိပ်ဓာတ်မီးယူကာ မီးထိုးပြ)

အားလုံးထဲမှာ သမီးက အငယ်ဆုံး၊ဝါအနုဆုံးပီပီ ချစ်ပရိသတ်ကြီးများ မင်းသမီးတစ်လက်ထက်တစ်လက် ပိုမို၍ အနုပညာအရသာ

ခံစားသွားရစေဖို့ သမီးရဲ့ ဘဘ ဇာတ်ဆရာကြီး ဦးဦးပါ က စီစဉ်ထားပါတယ်ရှင်။

ပရိသတ်ကြီးကိုကျောပေးပြီး မိတ်ကပ်ဖို့ရင်း မှန်ထဲက ချောင်းကြည့်နေတဲ့ သမီးရဲ့ မမတွေနဲ့လည်း ချစ်ပရိသတ်ကြီးကို

မိတ်ဆက်ပေးပါရစေ။

အဝါရောင် ဝတ်စုံလေးနဲ ပိန်ပိန်ပါးပါးလေး လှနေတာကတော့ ၁၆ နှစ် သမီး ဗုဒ္ဓဂါယာပြန် မင်းသမီးချောလေး“ချစ်မမ”ပါရှင့် ၊

လက်ခုပ်လေးများချီးမြှင့်ပေးကြပါ။

ခရမ်းရောင် ဝတ်စုံလေးနဲ့ လှရက်သူကတော့ ၁ရနှစ်သမီး ယူနိုက်တက် ကလဒမ်းပြန် “လတ်ခင်ခင်”ဖြစ်ပါတယ်ရှင့်၊

ဩဘာလက်ခုပ်လေးများ ကြားချင်ပါတယ်ရှင်။

နောက်ဆုံး မိတ်ဆက်ပေးရမယ့် ထောင်ထောင်မောင်းမောင်း ခေါင်းဆောင်မင်းသမီးကတော့ သမီးတို့ထဲမှာ သဘာအရင့်ဆုံး

ဘွဲ့ရပညာတတ်ဖြစ်တဲ့ တညင်ပြန်ဖားအောက်ပြန်ထားဝယ်ပြန်မော်လမြိုင်ပြန်တစ်ပြည်လုံးပြန် “နှင်းဝေဝေ” BSc(Easy Cook) ဖြစ်ပါတယ်ရှင့် ။

(လက်ခုပ်သံများ အရှည်ကြာဆုံး ဂင်းနစ်စံချိန် ကျိုးသွား)

အဖွဲ့သားတွေနဲ့ မိတ်ဆက်ပေးအပြီးမှာတော့ ဆုပေးပွဲမတိုင်မီ သမီးက ချစ်ပရိသတ်ကြီးကို

သမီးတတ်သမျှမှတ်သမျှလေးဖြေဖျော်သွားပါမယ်ရှင်”

“ဘဝဇာတ်ဆရာအလိုကျ ဆိုခဲ့ရ ကျမဘဝပါရှင်…………………”

သီချင်းတစ်ပိုဒ်ဆိုပြီး အကဆုံးသော် မန္တလေးမှ တီချယ်ကြီးက သဘောကျသဖြင့် မြေးလေးမောင်ပေအား ဆုတော်ငွေ ငါးထောင်ကျပ်

ကို စင်ပေါ်တက်၍ ဆုပေးစေပါသည်။

ထိုအခါ ရန်ကုန်မှ ပင်လယ်ပျော်နှင့် ခိုင်ခိုင်က အားကျမခံ ဆုတော်ငွေ တစ်သောင်း ၊

ဆင့်ကာပူရမှ မိုချိုနှင့်မိသားစုမှ စင်းဒေါ်လှ ၁၀၀၊

အော်ဇီမှ ကိုဘုန်းကျော်နှင့် မိသားစုက အော်ဇီဒေါ်လှ ၁၀ဝ တို့ကို အဖွဲ့သားများသို့ ဆုချသွားပါသည်။

မင်းသမီး ပဒုမ္မာ က

“သမီးလေး ပရိသတ်ကြီးကို ကျေးဇူးတင်လို့ သီချင်းလေးတစ်ပုဒ်နဲ့ ထပ်မံဖြေဖျော်သွားပါမယ် ”ဟုဆိုပြီး

“အငြိမ့်မင်းသမီးများ ရည်းစားထားတဲ့ လူဆိုတာမျိုးဟာ…

သဘောထားလည်း ကြီးအုံးမှပေါ့ သခင်ရယ်………..”သီချင်းနှင့် ဖြေဖျော်ကာ အကပိုဒ်အဆုံးတွင် ဇာတ်ခုံ ညာဖက်မှ

ကာလသားများဖက်သို့ မျက်စပစ်၍ ကတ္တီပါ ကားလိပ်ကြားသို့အဝင် ဗလာထမီနားငြိပြီး ခြေချော်ကာမှောက်ရက်လဲသွားသောကြောင့်

ကတ္တီပါကားလိပ်ကြီးကို ကိုယ်တိုင် ကြိုးဆွဲနေရသောဇာတ်ဆရာကြီး ဦးဦးပါက ပြည်ဖုံးကားကြီးကို

ကမန်းကတန်းချလိုက်ရပါကြောင်း။
………………………………………………………………………

ပြည်ဖုံးကားပြန်အဖွင့်…..

အမှတ်မရှိသေးသော ပဒုမ္မာမှာ ခြောက်လက်မ ပင်ဆယ်ဟီးကိုစီးပြီး ထိုင်မသိမ်းအစား မြန်မာချည်ထည်ဝတ်စုံ

အဖြူရောင်လက်ရှည်နှင့် အဖြူခံပေါ်ရောင်စုံချိတ်ကိုဝတ်၍ ဇာတ်ခုံ ညာဖက်မှ ထွက်လာပါသည်။

ဇာတ်ဆရာကြီး ဦးဦးပါ မှာ ဖဲတိုက်ပုံ အနက်ပေါ်တွင် ကနုတ်ပန်းပုံ စီးကွင့်ထိုးလျက် ပိုးပုဆိုး ဖက်ဖူးရောင် ဝတ်ဆင်ကာ ဇာတ်ခုံ

ဘယ်ဖက်မှ ထွက်လာပါသည်။

ပန်ပန၊်ရင်ငြိမ်းနွေး၊ချာတူး၊မနောဖြူလေး တို့က ကပ်ကျေးဗန်း၊စာအိတ်ဗန်း တို့ကို ကိုင်ဆောင်လျက် အသင့်ရပ်နေကြပါသည်။

ပဒုမ္မာက

“ခုချိန်ကစပြီး မန်းဂေဇက်ချစ်သူများစာပေဆု ချီးမြှင့်ပွဲ ကျင်းပတော့မှာ ဖြစ်တဲ့ အတွက် ဆန်ကာတင် စာရင်းမှာ ပါသူများကို

ဦးဦးပါကကြေငြာပေးပါရန်ပန်ကြားပါတယ်၊ဆန်ကာတင်များလည်းစင်မြင့်ပေါ်သို့ ကြွရောက်ပေးပါရန်

ဖိတ်ကြားအပ်ပါတယ်”ဟုကြေငြာပေးလိုက်ပါသည်။

ဆက်လက်၍ ပဒုမ္မာက ပန်ပန့်လက်ထဲမှ စာအိတ်ကို ရင်ငြိမ်းနွေးလက်ထဲမှ ကပ်ကျေးဖြင့် ဖွင့်ဖောက်၍ ဦးဦးပါ

လက်ထဲထည့်ပေးလိုက်ရာ ဦးဦးပါက အောက်ပါအတိုင်း ဆန်ကာတင်စာရင်း ကြေငြာသွားပါသည်။

TTNU

ဧရာ လှိုင်း

aye.kk

ရှူံးနိမ့်မှုများနဲ့..လူ

စံလှကြီး

ဘုန်းကျော်

ဝင့်ပြုံးမြင့်

ကောင်းမြတ်ထွဋ်

surmi

etone

သကြားလုံးကြော်

ကြောင်ကြီး

အံစာတုံး

Kyeemite

Blackchaw

Mocho

Htet way

ဆက်လက်၍ ဆန်ကာတင်များ ရင်ခုန်စွာနှင့် စင်မြင့်ပေါ်တွင်နေရာယူအပြီးတွင် ဂျူလိုင်လအတွက်

အကောင်းဆုံးဆုရစာရေးသူအမည်နှင့် ပို့စ် အမည်ကို ကြေငြာပေးပါရန် အထူးဧည့်သည်တော်အား စင်မြင့်ပေါ်သို့ကြွပါရန်

ဖိတ်ကြားရာ အထူးဧည့်သည်တော်ကြီးမှာ လေယာဉ် ဒီလေးဖြစ်သည့်အပြင် ရထားလမ်းရေကျော်ကာ

ကားလမ်းများပိတ်နေပါသောကြောင့်

နက်ဖန်မှ ကြေငြာတော့မယ်

79 comments

  • kai

    August 13, 2012 at 12:52 am

    မနေ့ညကပဲ.. တင်မောင်ဆန်းမင်းဝင်းတို့.. အငြိမ့်သွားကြည့်ခဲ့တာ…
    မင်းသမီးမေကဗျာ..လူရွှင်တော် ထွန်းထွန်းနဲ့ မိုးမိုးတို့ မြန်မာပြည်ကနေလာဖျော်ဖြေတာပေါ့…
    မိတ်ဆွေ..အသိ..ဗော်လန်တီယာတွေ ဆိုင်မှာ.မြန်မာဆိုင်မှာ..မြန်မာထမင်းဟင်းတွေနဲ့.. ကြွေးမွေးအပြီး အိမ်ပြန်ရောက်တော့.. ၁၂နာရီကျော်၁ချက်ဖြစ်နေပြီ..

    အဲဒီထက်တောင်.. အခု.. မင်းသမီးပဒုမ္မာ ပြောပြတဲ့အငြိမ့်က ကြည့်ကောင်းမဲ့ပုံပါ..
    စကားမစပ်..
    ရှေ့ထွက်မင်းသမီးကြေးအိုးများစားချင်နေသလားလို့..
    ဘာရယ်မဟုတ်… YKKO တွေ့လိုက်ရလို့… :mrgreen:

  • padonmar

    August 13, 2012 at 1:22 am

    စန္ဒယားမြို့မခိုင်
    ခုလို ပထမဆုံးစာဖတ်သူအဖြစ်လာရောက်အားပေးတော့ မင်းသမီးစားမယ့် ကြေးအိုးကို တစ်ဝက်ခွဲကြွေးပါမယ်။

    • Mလုလင်

      August 13, 2012 at 1:28 am

      ကဲကဲ . လှလှလေး ပြုံးပြီး ငြိမ် ပါ ….. ချပ် ….

  • မောင်ပေ

    August 13, 2012 at 2:04 am

    မပဒုံမာ ပဒုံမာ ပဒုံမာ…
    ပြည်သူတွေ ချစ်သော မင်းသမီးပါ
    ကခုန်ပါ ဆံင်္ုတာ ကြုံမှာ
    လက်ခုတ်သံ မိုးသို့ခြိမ်းပြန်တာ

  • aye.kk

    August 13, 2012 at 7:41 am

    ဇတ်လမ်းထဲက….
    သတင်းမွှေးတဲ့…….
    ……မင်းသ္မီးလေး(Padonmar)ကတာ….
    …..ငေးမောမိသွားရပါ၏…..။။။

  • Knowledge Seeker

    August 13, 2012 at 8:39 am

    မပဒုမ္မာ ရေ လူတွေ စုံလှ ချေလား ဗျ၊ ဆု ရ သူ ကြေငြာ မှာ ကို စောင်. မျှော် နေ ပါ တယ် ဗျို.

  • လေပြေ ရှိုင်း

    August 13, 2012 at 8:43 am

    ဇာတ်သဘင်အငြိမ့်လို ဖျော်ဖြေ ပွဲ (လိုက်ဖ်)တွေမကြည့်ရတာကြာနေပြီဖြစ်လို့ ကွက်တိပဲ။
    နာမည်တွေ အများကြီးကို ကျွန်တော်ဖတ်လိုက်ရတော့၊ မဟာသမယသုတ် ရဲ့ ပထမဆုံး သုတ်ထဲကလို (အဲဒီသုတ်ကိုဖတ်တတ်လို့မဟုတ်ပါဘူး တရားထဲမှာ ကြားဖူးတာပါ)
    နတ်အစုအဝေးကြီးထဲ တရားမနာခင် နတ်တွေက သူတို့ရဲ့ နာမည်ကို ထည့်သွင်း ကြေငြာခြင်းခံလိုက်ရတော့
    နာမည်ပါတဲ့ နတ်တွေက အင်မတန်မှ ဝမ်းမြောက်ကြည်နူးကြသတဲ့။…..

    • padonmar

      August 14, 2012 at 1:11 am

      မှန်ပါတယ်လေပြေရှိုင်းရေ
      မဟာသမယသုတ်ဟောတော်မူတာကို နည်းယူထားပါတယ်။
      တနည်း ရှေ့ကဆရာများဖြစ်တဲ့
      ရွာတော်ရှင်ဆူးရဲ့ ရွာအစည်းအဝေး၊
      အင်ဇာဂီရဲ့ လူစွမ်းကောင်း ၁၁ ယောက်၊
      ကြောင်ဝတုတ်ရဲ့ ကြောင်ဝတုတ်ဂိုဏ်းနဲ့ စုံထောက်ကြီးအောင်တိုက်
      ကိုဆာမိရဲ့ ဘောလုံးပွဲ တို့ကို အတုခိုးပါတယ်။
      ရည်ရွယ်ချက်ကတော့ ဖတ်ရတဲ့သူတွေပျော်စေဖို့ရယ်၊
      ကျမတို့ရွာကြီး ဒီလိုဘဲချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နေကြစေချင်လို့ပါ။

      • padonmar

        August 14, 2012 at 8:12 pm

        အံဇာတုံးရဲ့ ရတနာသိုက်ရှာပုံတော်လည်း နည်းယူရတဲ့ထဲပါပါတယ်။
        (ရတနာတွေ့ရင် ဝေစုမပေးမှာစိုးလို့ မြန်မြန် ဆရာစာရင်းတို့လိုက်ရပါတယ်)

  • MaMa

    August 13, 2012 at 8:44 am

    အကယ်ဒမီ မကြေညာခင် ကြော်ငြာထိုးတာ ထုံးစံပါ။ :mrgreen:

  • kyeemite

    August 13, 2012 at 9:16 am

    အော် ရေးတတ်ပါဘိ မင်းသမီးလေးမပဒုမ္မာ…
    ဇတ်ပွဲကြီး မှာ လူတွေနေရာချထားပုံလေးသဘောကျသဗျို့…
    တော်တော်ကြည့်ကောင်းမယ့်အငြိမ့်ကြီးပေဘဲ..
    ဇကာတင်စါရင်းထဲပါသူတွေတော့..ရင်ခုံနေကြပေအုံးပေါ့…

  • ကြောင်ကြီး

    August 13, 2012 at 9:32 am

    စာပေဆု
    တာတေလု
    ကာမေသု
    ဏှာထွေပြု
    ဝါရွှေဥ
    ငါလေနု
    ပါစေသမှု
    ရှာဖွေစု..။

  • ဆူး

    August 13, 2012 at 9:34 am

    မင်းသမီးလေး ချော်လဲလို့ ဒဲပြူးရင် ဖားမြွေဖွတ် ဆီမှာ သချင်္ာတောင်းပြီး ပိုးမဝင်အောင် လုပ်လိုက်နော်.. 😀

  • maung khinmin

    August 13, 2012 at 9:35 am

    ကားလိပ်ပြန်အဖွင့်
    ဆန်ကာတင်စစ်
    ခင်မင်မပါ
    ဪ ……….
    ကဗျာ သည်ဘဝ
    ရင်နာတယ် လည်း
    ဆိုရ နိုင်ဘု
    ငါ …. ဝတ္ထု မှ …. ရေးတတ် ဘဲ …

    • padonmar

      August 14, 2012 at 1:14 am

      မောင်ခင်မင်ရေ
      ကဗျာက အဆင့်မြင့်တော့ တော်ရုံလူ အကဲဖြတ်ဖို့မလွယ်ပါဘူး။
      နောင်ကိုတော့ ကဗျာဆု သတင်းဆု ကာတွန်းဆုတွေပါပေးနိုင်ရန် ရည်ရွယ်ပါတယ်။
      ရင်မနာပါနဲ့အုံး။

    • MaMa

      August 14, 2012 at 8:16 am

      မောင်ခင်မင်လိုု ကဗျာနဲ့ ပေးတဲ့ ကွန်မန့်တွေက ပိုစ့်ပိုင်ရှင်တွေကို နှစ်သက်မှုပေးစေနိုင်တဲ့ ကွန်မန့်တွေပါပဲ။
      အားကျပါတယ် ကဗျာဆရာ။

      စကားအတင်းစပ်ပြောရရင်ဖြင့်…
      စာပေဆုကို စတင်စဉ်းစားစဉ်က စာရွေးသူများရဲ့ ပိုစ့်တွေ မပါဘူးဆိုတော့ ဝမ်းသာနေတာ။
      အခုထည့်ရွေးမယ်ဆိုတော့….
      ရင်နာတယ် ငါလည်း ဆုရနိုင်ဘု :mrgreen

  • manawphyulay

    August 13, 2012 at 9:41 am

    တော်သေးတယ်နောက်နေ့ဆက်မယ်ဆိုလို့
    အငြိမ့်အတွက် ဖျာဝယ်တာ ကုန်နေပြီ ပြောလို့
    မှောင်ခိုကနေ ဝယ်ပြီး အားပေးဖို့ လုပ်တုန်းဆိုတော့ အဆင်ပြေသွားတာပေါ့… 😛

  • Mon Kit

    August 13, 2012 at 9:53 am

    မင်းသမီးလေးမပဒုမ္မာ ရယ်.. ဆက်လက် ဖျော်ဖြေပေးစေလိုပါတယ်…
    မွန်ကစ် သဘောကျလွန်းလို့ မျက်ရည်တောင် ကျရတယ်… ရီတာလေ…
    စ..လည်.. ဆုံး အထိ ရေးသားသွားတာ သဘောကျလွန်းလို့ပါ.. “”အပျိုကြီးများဖြစ်သော အေးကေကေ။အန်တီမိုး၊မအိ၊သည်းနုအေးတို့ကလည်း အားကျမခံ စတော့ကင်၊စကဒ်တို၊ကြိုးတစ်ချောင်း ဝတ်လာကြသဖြင့် လန်းနေကြပါသည်။””

    အသံထွက် ရီမိသွားတယ်… မျက်လုံးထဲ ကွင်းကွင်းကွက်ကွက်ပေါ်လာလို့… 🙂 😀

  • TNA

    August 13, 2012 at 10:42 am

    အောင်မယ်လေး အန်တီပဒုမ္မာရယ်။ ဒီလက်ရှိကိုယ်လုံးနဲ့ “သည်းနုအေးတို့ကလည်း အားကျမခံ စတော့ ကင်၊စကဒ်တို၊ကြိုးတစ်ချောင်း ဝတ်လာကြသဖြင့် လန်းနေကြပါသည်။” တဲ့။ ကိုယ့်ဟာကိုယ်ပြန်မြင်ကြည့် ရင်းအားရပါးရရီသွားပါတယ်။ ဒါပေမဲ့လဲ ဒီထဲမှာ အပြင်မှာဝတ်မရတဲ့ဝတ်စုံကိုလှလှလေးဝတ်ပေးတဲ့ အန်တီပဒုမ္မာကိုကျေးဇူးအထူးတင်ပါကြောင်း။

  • မွန်မွန်

    August 13, 2012 at 10:47 am

    အဲ..လှနေတယ်ဆိုပဲ… 🙂
    စာဖတ်နေရင်းနဲ့ ဟီးဟီး ဆိုပြီး အသံတွေတောင်ထွက်နေတယ်…
    ဆကာတင်တွေအတွက်လည်း ရင်ခုန်တယ်… အထူးဧည့်သည်ကိုလည်း သိချင်တယ်…

  • Ma Ei

    August 13, 2012 at 11:01 am

    အမပဒုမ္မာရဲ့ မန်းဂေဇက် ချစ်သူများစာပေဆု ရံပုံငွေ အငြိမ့်သဘင်မှာ
    လူရွှင်တော်တွေ မပျက်ရခင်ကို အတော်ရီနေရပြီ…
    ရံပုံငွေတွေ အများကြီးရပါစေနော်…

  • သကြားလုုံးကြော်

    August 13, 2012 at 11:17 am

    တော်တော် ရယ်ရပြီး ဖတ်လိုု့အလွန်ကောင်းပါအိ။ ဒီလိုုအငြိမ့်မျိုး ခဏခဏ က ပါရှင့်။

  • Khaing Khaing

    August 13, 2012 at 11:42 am

    ကဲ ကဲ …. အားလပ်ချိန်ရောက်ပီ … ကိုကိုပင်ရေ … သမီးလေးကို ရူးသွားတည်လိုက်ဦး …. ကျွန်မကတော့ ဟိုနားက အုပ်စုတွေကို သွားနှုတ်ဆက်လိုက်ဦးမယ် …… ခုနက ဟိုအပုမ မိသားစုနဲ့ရန်ဖြစ်နေရလို့ ဘယ်သူ့ကိုမှ မနှုတ်ဆက်လိုက်ရဘူး …….. ဟဲ့ … အပုမ နင့်သားနင်ထိန်းဦးနော် … င့ါသမီးမုန့်တွေလာလု စားနေတယ် …….. နေရာချတဲ့သူတွေကလည်း ဘယ်လိုချမှန်းကိုမသိဘူး ….. ဒီမှာ တချိန်လုံး ကလေးနှစ်ယောက်ကို မျက်စေ့ဒေါင့်ထောက်ကြည့်နေ့ရတာ …. စိတ်ကုန်ပ ….

    အဟီး …… အန်တီရေ နောက်ဆုံးဇကာတင်ကို ရင်ခုန်စွာ မျှော်နေမိပါကြောင်း ……..

  • amatmin

    August 13, 2012 at 12:04 pm

    အော်.. အန်တီပဒုမ္မာရယ်..
    စည်းကမ်းထိန်းသိမ်းချင်ယောင်ဆောင်ပီး
    စင်ထောင့်က ကော်ဖီဘူးလေးအထဲက.
    ရေရောထားတာလေးကို သွားကစ်ကစ်နေသမို့..
    မညစ်အားပါဘူးဗျာ.. 😛
    ပထမဆုံးသော ဂေဇတ် ရွာ့အကြိုက်ဆုံးစာဆုရှင်ကိုယ်စား ရင်ခုန်ပေးရင်း…
    ဆန်ကာတင် ၁ရယောက်စလုံးကို ညီတူညီမျှအားပေးနေပါ၏.. 🙂

  • mocho

    August 13, 2012 at 12:13 pm

    အသက်၁၅ နှစ်ခန့် အသားဖြူဖြူ၊ မျက်ဝန်းကျယ်ကျယ် ၊နှာတံပေါ်ပေါ် နဲ့ ပန်းရောင် မင်းသမီးလေး အန်တီ ပဒုမ္မာရေ…..ကွန်ပျူတာရှေ့ ထိုင် ဖတ်ပြီး တစ်ယောက်တည်း တခွီးခွီး နဲ့ ရီ နေလို့ သားတော် မောင်ကသူ့ အမေ ဘာ ဖြစ် သွားလဲ လို့ ထင်လဲ မသိဘူး ကျမ ကို သေချာ လာကြည့် နေလေရဲ့။

  • ဂန္ဓာရီ ဆြာအုပ်

    August 13, 2012 at 12:26 pm

    စတော့ကင်၊စကဒ်တို၊ကြိုးတစ်ချောင်း ဝတ်လာကြသတဲ့.. ဟိ အဝေးက ချောင်းပြီး တယ်လီပသီနဲ့ လှမ်းဆွဲ ရကောင်းမလား၊ အနီးကပ် မိုက်ခရို နဲ့ ကပ်ဆွဲ ရကောင်းမလား.. ငှီး.ငှီး.ငှီး
    အမတ်မင်း ကိုတော့ရှောင်မှ သူ မဆွဲရလို့ ကင်မလာ လာသိမ်းနေဦးမယ်..

  • shwe kyi

    August 13, 2012 at 12:30 pm

    ရွှေကြည့်အစ်ကိုကြီး ကိုရင်မောင်တယောက်ဘယ်ရောက်နေပါလိမ့်နော်။ ဘီဘီတွေများသောက်နေရော့လားမသိ။ ဒီမှာပွဲကစနေပြီ။ 😀

  • ko khin kha

    August 13, 2012 at 12:36 pm

    နက်ဖန်မှ ကြေငြာတော့မယ်——-။ဆိုပါလား
    ဒါဆိုလည်း မင်းသမီးလေး မပဒုမ္မာဘဲ ဆက်ပြီး ကပြပေးပါဗျာ။

  • mayjuly

    August 13, 2012 at 1:15 pm

    မီးလဲ ဇာတ်ခုံနောက်မှာ ထိုင်မသိမ်းတွေ ခေါက်ပေးနေပါတယ် မင်းတမီးလေးချင့် .. 😛

    • padonmar

      August 14, 2012 at 1:15 am

      မွန်ကစ်တို့ မေဂျူလိုင်တို့ကိုလည်း အပျိုလေးဝိုင်းထဲ နေကြာစေ့စားလွှတ်လိုက်ပါတယ်နော်။
      ထိုင်မသိမ်းမခေါက်ခိုင်းရက်ပါဘူးကွယ်။

  • etone

    August 13, 2012 at 1:23 pm

    အပေါ်မှာ ဖတ်လာရင်း .. တခွိခွိနဲ့ ရယ်လာတာ .. အောက်ရောက်တော့မှ …. ဟက်ထိသွားပါတယ် အန်တီရယ် … ဟင့် …. 😥
    စိတ်တွေရှုပ်ပြီး …အပူတွေ မရှာချင်လို့ …… အပျိုကြီးလုပ်မလားတွေးနေပါတယ်ဆို …. ငှီး…..ဟီးဟီးဟီး …. 😥 အခုတော့ …. ယောကျာ်းရရုံတင်မကဘူး … ကလေးတောင် အမွှာလေးတဲ့ ……. ။ အောင်မငှီး .. ကောင်းကြသေးရဲ့လား … အရပ်ကတို့ရဲ့ ….. 😥

    ရေးမယ့်ရေး F4 မင်းသားလေးနဲ့ တွဲပေးလျှင်တောင် ဟုတ်တုတ်တုတ် …. ခွိခွိ … :mrgreen:

    • R Ga

      August 13, 2012 at 5:07 pm

      အမှန်က အမြွာ မွေးဖို့ အားကျနေတာ ပန်ပန်လေ..။ သားတို့ကိုတောင်မှ အမြွှာမွေးပါစေလို့ဆိုပြီး အတင်း ဆုတောင်းပေးနေတာ။ ဧကန်န အနော်တို့ လင်မယားက ပန်ပန်ဆုတောင်းမပြည့်ဘဲ အီးတုံး တို့ကျမှ ဆန္ဒပြည့်သွားတယ်ထင်တယ်။ အဟိ..။

    • padonmar

      August 14, 2012 at 1:17 am

      တုံကလေးရယ်
      ဘာရမလဲ၊ဒို့မျိုးလှိုင်ဝင်းကို ကြောရရုံကြံသွားမှာစိုးလို့ တခါတည်း ကလေး၂ယောက်ပေးထားလိုက်တာ။အပိုင်ဘဲ။

      • etone

        August 15, 2012 at 3:00 pm

        အဲ …. ကို အာဂ ……. ပန်ပန့် ဆုတောင်း ဘယ့်နှယ့် လူမှားရောက်လာပါလိမ့် …. ။ 😥
        မဖြစ်ဘူး .. မဖြစ်ဘူး ပြန်ယူအေ …….. ။ တော်ကြာ ရွာထဲကလူတွေက …. etone ကို ခိုးစားနေသလိုလို ၊ လေဥ ဥသွားသလို ထင်သွားမှဖြင့် …. မရှိမဲ့ ရှိမဲ့ သိက္ခာလေး ကျသွားပါဦးမယ် ……. ဒီက …ရေမရောတဲ့ …… အပျိုလေး … အဲအဲ ….. အပျိုဂျီးပါချင့် … ခွိခွိ 😀
        (မှတ်ချက် ။ ယက်ပင်းနဲ့ ပျိုပါတယ် ……. ခွိခွိ :mrgreen: )

        အန်တီပဒုံမ္မာ … .အန်တီအေးဆီက .. သင်တန်းများ တက်ထားသလားမှတ်ရတာ .. ရှေ့ရေးနောက်ရေး .. ပြေးကြည့်တာထက် .. တွက်ကြည့်တာနဲ ့ .. ကွက်တိပဲ … ။ သမီး သူ့ကို ကြောရရုံ ကြံပြီး … ခေါက်ထားခဲ့မလို့ စဉ်းစားနေတာ …. ။ အရပ်က မမှီလို့ … မခေါက်လိုက်ရဘူး … ဟီးဟီး 😆

  • ကိုရင်စည်သူ

    August 13, 2012 at 1:26 pm

    အငြိမ့်ကြည့်တိုင်း ရှေ့ထွက်မင်းသမီးတွေပဲ ကိုရင်တို့က
    အားပေးနေဒါပါ… (နောက်ပိုင်းတွေ အရမ်းကရင် ကြည့်ရတာပျင်းလာလို့.. 😳 )
    ရှေ့ထွက်မင်းသမီးကြီးအန်တီပဒုမ္မာ
    ဒီလိုလေး သတိတရရေးပေးတဲ့အတွက် ကျေးဇူးပါဂျ..
    ဆုရတဲ့ မင်းသားဆို အတင်းပွားပီး ဘီယာတိုက်ခိုင်းမယ်… 😎
    ဆုရတဲ့ မင်းသမီးဆို အတင်း… အဲ… မုန့်ကျွေးခိုင်းမယ်.. 😆

  • kotun winlatt

    August 13, 2012 at 1:34 pm

    သာဓုဗျာ..သာဓု..သာဓုပါဗျာ…ခုလို လှူဒါန်းပေးကြတဲ့ မင်းသမီးချောလေး ပဒုမ္မာနှင့် လူရွှင်တော်များ
    မခိုင်ခိုင်နှင့် မိသားစု၊ ကိုအမတ်မင်း၊ အူးလေးဗိုက်စသော….စသော…ရွှေပွဲလာပရိတ်သတ်ကြီး
    သွားလာသာလို့ လာလမ်းဖြောင့် ဘေးအပေါင်း ရန်အပေါင်းမှကင်းစင်ကြပြီးသကာလ…လိုရာခရီးဖြောင့်ဖြူးကြပါစေ… အေးရာငြိမ်းရာ နိဗ္ဗာန်၏ အထောက်အပံ ဖြစ်ကြပါစေ….သာဓု..သာဓု…သာဓု…
    ပုံ..ငွေဖလားကြီးနှင့်အလှူခံနေသူ….အဟိ…။

  • pooch

    August 13, 2012 at 3:00 pm

    အထူးဧည့်သည်တော်ကြီးက ဘယ်သူများပါလိမ့်ဒေါ်ဒေါ် 😀

  • အရီးခင်လတ်

    August 13, 2012 at 3:57 pm

    ကွန်ပျူတာ ကို ကြည့်ပြုံးပြုံး ကြီး လုပ်ပြီး နေသူ များ ဒီ နေ့ အတော်များ မည်ဟု ခန့်မှန်း မိပါသည်။
    မျက်စိထဲ မှာ ပွဲကြီး ကျင်းပနေပုံ ကို ကောင်းကောင်းကြီး ကို မြင်နေတော့တာဘဲ။

    ပဒုမ္မာရဲ့ ပုံပမာ ကတော့ ရာဇဝင်မှာစာတင် လောက် အောင် ကို အရသာ ကောင်းကောင်း နဲ့ ပရိတ်သတ်ကြီး ကို စွဲဆောင်နေပါပြီ။ 🙂

    မပဒုမ္မာ ရဲ့တွေးနိုင် ရေးနိုင် စွမ်း ဘယ်လောက်ကောင်း သလဲ ဆိုတာရယ်၊ ဟာသဉာဏ် ဘယ်လောက် ရှိ တယ် ဆိုတာ ရယ်၊ ကို ပါ ပြနိုင်တဲ့ ပွဲ ပါဘဲ ရှင်။
    လှိုက်လှိုက် လှဲလှဲ ဝမ်းမြောက် ဝမ်းသာ ပီတိ တွေ ဝေဝေ ဆာဆာ နဲ့ အားပေးသွားပါတယ်။
    ဒီလို လက်ရုံးရည် ရော၊ နှလုံးရည် ပါ ပြည့်ဝ တဲ့ သူ တစ်ယောက် ကို ဂေဇက် က ပိုင်ထားတာ
    သူကြီး ရေ …. လက်ခမောင်း သာ ခတ် နေပါတော့။

    မနက်ဖြန် Post အတွက် ရင်ခုန် နေပြီ။
    မင်းသမီး လေးရေ အထူးဧည့်သည်တော်ကြီး ကို အာတာလွတ် မြို့စားကြီး ပုံလို့ မြင်နေမိတယ်။ 😀

  • Novy

    August 13, 2012 at 4:22 pm

    မင်းသမီးလေး ပဒုမ္မာကို ဆုချမလို့ဟာ ခိုင်ခိုင်တို့သားစုနဲ့ တိုက်ပုတို့ မိသားစု
    အရေးအခင်းမှာ ရွှေပြည်အေး တရားဟောနေရတာနဲ့ ကြောင်း
    ဂျူနီယာ နိုဗွီနဲ့ ကင်မရာလုနေရတာနဲ့
    မောင်တော်နိုဗွီကို အဖွဲ့သားတွေရဲ့ နံမည်တွေပြောပြနေရတာနဲ့
    အလုပ်ကို ရှုတ်နေတာပဲ

  • ပထမတစ်ခါမန်းတာပျောက်သွားလို့ထပ်မန်းတာပါဗျိုး။

    ပါးစပ်မပိတ်ရအောင်ကို ရီရပါ၏။
    ခပ်တည်တည်နေတဲ့သူဆီက ဒီလိုစာမျိုးထွက်တော့ ပိုသဘောကျမိပါ၏။

    • padonmar

      August 14, 2012 at 1:20 am

      မောင်ဘလှိုင်က တည်တည်တန့်တန့်မို့ လူကြီးဝိုင်းမှာ စားခိုင်းတာပါ။
      မကြီးသေးဘူးဆိုတော့ ကာလသားဝိုင်းထဲ ပြောင်းပေးလိုက်ပါတယ်။

  • အလင်းဆက်

    August 13, 2012 at 7:26 pm

    အရင့်ရောင်၊ အလင်းဆက် ၊ချစ်ရင်ထူး၊အီးတီ၊ကိုရင်စည်သူ တို့က ကူပြပေးရင်း ကလေးငယ်များကို တွဲသယောင်၊အပျိုလေးများကို ဆွဲသယောင်၊အဖိုးကြီး အဖွားကြီးများကို
    မမြင်သယောင်၊ကာလသားများကို မတူမတန်သယောင် လုပ်နေကြသည်..တဲ ့ ။
    အဟိ ။
    တားတားတို ့အဖွဲ ့က အဲဒီ ပွဲမှာ..တော်တော် ..ဆိုးနေတာပေါ့နော် ။
    တားတား …. ကလေ…
    အပျို.ချောချောလေးတွေ..ရည်းစားမရှိသေးတာကို မြင်ရရင်ကို..
    တားတား တာဝန် မကင်းသလို.ခံစားရတာကိုး …အန်တီ ပဒုမ္မာ..ရ ။

    အဟိ ။

  • ko win

    August 13, 2012 at 7:36 pm

    ရွှီး……ဖြောင်း..ဖြောင်း..ဖြောင်း…။
    အားပေးဒါ..အားပေးဒါ။

    • padonmar

      August 14, 2012 at 1:31 am

      ကိုဝင်းကိုလည်း ကာလသားတွေနဲ့ အပ်ထည့်ပေးထားပါတယ်။
      ဘီဘီ ခိုးသောက်နိုင်ပါပြီ။

  • surmi

    August 13, 2012 at 10:52 pm

    အစ်မရေ
    ဒီလိုရေးတာတခါမှမတွေ ့သေးဘူး စိတ်ကူးကောင်းလိုက်တာ
    မနက်ကတည်းကမန် ့လို ့မရဘူးဖြစ်နေတာ
    ရှေ ့ထွက်မင်းသမီးလေးကိုတော့ နောက်တပွဲအတွက်စရံရိုက်ဦးမယ်ဗျို ့
    ရာသီဥတုသာယာရင် တစ်ပွဲလောက် က ခြင်လို ့

    • padonmar

      August 14, 2012 at 1:24 am

      ဇာတ်လမ်းတွေ ဆက်ရေးပေးကြတာ ပိုပျော်ဖို့ကောင်းလာပြီ။
      ကျေးဇူးတင်ပါတယ်။နောက်တစ်ပိုင်းကျရင်လည်း ကူကြပါအုံး။

    • padonmar

      August 14, 2012 at 1:29 am

      ကိုဆာမိ၊ဘာလို့ မတွေ့ဘူးရမှာလဲ
      ၊တော်ပဲ ရံပုံငွေ ဘောလုံးပွဲလုပ်ပြီး လောင်းကြေးတွေစားပြသွားတာလေ။
      ကျုပ်လည်း အငြိမ့်ကပြီး ပိုက်ပိုက်ရှာမှာပေါ့။

  • မောင်သုည

    August 14, 2012 at 12:06 am

    ထုံးစံအတိုင်းသာဆိုရင်တော့ အငြိမ့်အခွေကြည့်ရင် မင်းသ္မီးအလှည့် ဆိုတာနဲ့ရစ်တော့တာပဲ(ကျော်ကြည့်တာ)၊ပွဲခင်းထဲ အငြိမ့်ပွဲဆိုရင်လည်း မင်းသမီးအလည့်ဆိုရင် အပေါ့စွန့်သွား၊ကွမ်းဝယ်၊ဆေးဝယ်ပေါ့။ မန်းဂေဇက်ရဲ့ အထူးပွဲဆိုလို့ အိပ်မငိုက်ရလေအောင် (R.B) 3ဘူးလောက်သောက်ထားရတယ်၊(Red Bull)နော်..
    ခေါင်းဆောင်မင်းသမီးလေးကလည်း ပိုင်ပိုင်နိုင်နိုင်နဲ့ ရွှေပွဲလာပရိသတ်ကြီးကို ကပြအသုံးတော်ခံသလို…သဗာရင့်ဝါရင့်စာတတ်ပေတတ် လူရွှင်တော်ကြီးများရဲ့ အတိုင်အဖေါက်ကြလည်း လွှတ်တော်ထဲရောက်နေသလားတောင် အောင့်မေ့ရတယ်..အတိုင်အဖောက်ကို ညီနေတာပါပဲ…
    နဲနဲလေးပဲ ပြောစရာရှိတာလေးကတော့ နောက်ထွက်မင်းသမီးလေးများ ထမိန်မနိုင်သေးတာပါပဲ…ဘာကြောင့်လဲဆိုတော့ သူတို့က ဗမာထမိန်မဝတ်ဖူးပါဘူးတဲ့..စကပ်ထမိန်တွေပဲ ဝတ်နေကြဆိုတော့ ကျွတ်ကျမှာစိုးလို့ ဂုံနီအိပ်ကြိုးနဲ့ချည်ထားရတယ်…
    ပွဲလဲပြီးတော့ အားလုံးအသီးသီးနုတ်ဆက်နေရင်းနဲ့ ကျနော်တို့ သူကြီးဦးခိုင်နား ရောက်သွားတော့…ကုံးကုံး..ကုံးကုံးနဲ့ သူကြီး…ဘာဖြစ်လို့တုံး..လို့ မေးလိုက်တော့…
    သူကြီးက ကျုပ်..ဖိနပ်ပျောက်နေလို့တဲ့…သူကြီး..ပွဲခင်းထဲလာတာ ဖိနပ်ရောပါလာရဲ့လားလို့…မေးလိုက်တော့…သူကြီးက ဒေါသ သံကြီးနဲ့ ကျုပ် အမေရိကားကနေ သေသေချာချာ စီးလာတာဗျတဲ့…

    • kai

      August 14, 2012 at 12:33 am

      သိပ်တော့.. မခက်ပါဘူး..
      စင်ပေါ်တက်နေသူတွေချွတ်ထားတာ.. အသာ.. ယူစီးလိုက်ယုံပဲ..။
      တက်ချင်ဦးဟဲ့..စင်ပေါ်..။ :mrgreen:

      • padonmar

        August 14, 2012 at 1:26 am

        ဟိတ် ဟိုလူကြီး ကုပ်ချောင်းကုပ်ချောင်းနဲ့ ဘာလုပ်နေတာလဲ။
        ကြည့်စမ်း သူများဖိနပ်ခိုးနေတာပါလား၊
        စည်းကမ်းထိန်းသိမ်းရေးအမတ်ရေ ၊ထိပ်တုံးခတ်ဟေ့။

  • TTNU

    August 14, 2012 at 12:43 am

    ပဒုမ္မာရေ…
    ဟိုဘက်မှာအလုပ်များနေတာနဲ့ ဂဇက်ကို Log in လုပ်ထားပြီး
    စက်ပိတ်ခါနီးမှာ ညီမရဲ့ ပို့စ်လေးတွေ့မိဖတ်မိတော့တယ်။
    ပြုံးရုံမက ရယ်မိပါရဲ့။
    ရယ်ရုံမက ဟီးဟီး လို့တောင် အသံထွက်မိပါရဲ့။
    အသံထွက်ရယ်မောမိရုံမက စောနက အိပ်ချင်လို့ သန်းဝေနေတာတွေတောင်
    မေ့ပစ်မိပါရဲ့။
    စွမ်းပါဘိ မင်းသမီးရယ်။
    😀

  • padonmar

    August 14, 2012 at 1:33 am

    ဖိတ်စာမရသေးသူများ အကြောင်းကြားနိုင်ပါသည်။
    အမြန်ဖိတ်၍ သင့်တော်ရာဝိုင်းထဲ ထည့်ပေးပါမည်။

  • pu ma

    August 14, 2012 at 6:27 am

    ဒေါ်ခိုင်
    ဘယ်တွေလျှောက်ကြည့်နေတာလဲ၊ကလေးကိုသေချာမထိန်းပဲနဲ့၊ကျုပ်သားကလုမစားဘူး
    ရှင့်သမီးကပါးစပ်ထဲလိုက်ခွံ့ကျွေးနေတာဟေ့၊သိလဲမသိပဲနဲ့၊ပဒုမ္မာရဲ့ပွဲမှာဘယ်နေရာကပါလဲလို့
    စောင့်စားနေရတယ်ကွယ်၊ပုမတို့ကငယ်ငယ်ကအဒေါ်တွေနဲ့ပွဲလိုက်ကြည့်ရင်မုန့်စားပြီးအိပ်လို့ကောင်းတာပဲသိတယ်
    ပွဲခင်းထဲမှာအိပ်ဖူးကြလား၊တီးလုံးသံလေးနဲ့အရမ်းအိပ်ကောင်းတာ…….လွမ်းလိုက်တာငယ်ဘဝကို
    မကြာလေးရေအားပေးသွားတယ်နော်

  • နွေဦး

    August 14, 2012 at 12:15 pm

    ပွဲ ကန်ထရိုက်က ဘယ်သူတုန်း..
    ဟိုမှာ ကိုယ်တော်တို့က မေတ္တာလက်မှတ်မရလို့ ပွဲ ကန်ထရိုက်ကို ပြဿနာရှာမယ်လုပ်နေလို့ ..
    ကြည့်ပါလား ရုံဝမှာ..ဂတုံး ခေါင်းဘူးခြုံကြီးနဲ့…

Leave a Reply