Paint လက်ရာလေးတွေပါ

manawphyulayAugust 13, 20121min41521

မောင်လေးရဲ့ Paint လက်ရာလေးတစ်ခုပါ။ မိုးတွင်းကို ပုံဖော်ထားခြင်းဖြစ်ပါတယ်။

မောင်လေးရဲ့ လက်ရာလေးတွေကိုလည်း ဝေဖန်အကြံပြုပေးပါဦးနော်။

ဒီပုံလေးကတော့ ဆွဲနေတုန်းလေး မီးပျက်သွားလို့ လက်တစ်ဖက်နဲ့ ခြေထောက်တွေ မဆွဲရသေးတဲ့ပုံတန်းလန်းလေးပါ။ သူ ကျောင်းသွားနေတုန်း ကားလမ်းကူးနေတာတဲ့လေ..

ဒီပုံကတော့ သူ့အကြိုက်ပုံလေးပါပဲ

21 comments

  • ဂန္ဓာရီ ဆြာအုပ်

    August 13, 2012 at 12:07 pm

    လှလိုက်တာကွယ်
    အနော်ငယ်ငယ်တုံးက ပိန့်နဲ့ဆွဲရတာလေးကို အရမ်းကြိုက်
    ခုထိလဲ ဝါသနာပါတုန်းပါပဲ
    တစ်ချက်ထဲနဲ့ တီကောင် ၅ ကောင်ပုံကို တစ်ပြိုက်နက်ဆွဲနိုင်ပါတယ်

  • lynn lynn

    August 13, 2012 at 12:25 pm

    မမနောရေ အပေါ်က ပုံလေးကို ကြိုက်တယ်။ တော်လိုက်တဲ့ ကလေး။ အမအတိုင်းပဲနော်။

  • ko khin kha

    August 13, 2012 at 12:44 pm

    ကျွန်တော်ကတော့ ပုံဆွဲ၊ ဓာတ်ပုံရိုက်ကို လှပအောင် မဆွဲတတ်၊ မရိုက်တတ်ဘူးဗျာ။

  • မမ အညာသူ

    August 13, 2012 at 1:28 pm

    ညာလဲပန်းချီဆွဲတာအရမ်းဝါသနာပါတာလေ
    အားပေးသွားပါတယ်နော်

  • လေပြေ ရှိုင်း

    August 13, 2012 at 3:29 pm

    နည်းပညာဘက်ကနေ ဝေဖန် လေကန် အဲလေ… သုံးသပ်ကြည့်မိပါတယ်။ Thumb Generation ဆိုတဲ့ လက်မမျိုးဆက်တွေလို့ တင်စားခေါ်ဝေါ်တဲ့ ကလေးများရဲ့ ခေတ်ပေကိုး…
    စကားသေခြာမပြောတတ်သေးတာတောင် မိဘရဲ့ ဟန်းဖုန်းကို လက်မလေးနဲ့ နိပ်တတ်တယ်။ အိမ်က တီဗွီ အောက်စက် စလောင်းပုံးပါမကျန် လက်မနဲ့ လုပ်စားတတ်တယ်။ ခုလဲကြည့်လေ… paper ပေါ်မှာတောင် မ paint ပဲ computer ထဲမှ paint ထားတတ်တာ။ လက်မမျိုးဆက်တွေကို လောကနတ် လုပ်ပါတယ်။ ဟုတ်ပါဘူး… လောကနတ်လို ခြေခွင်တယ် လက်လန်ပါတယ်။ ကျွန်တော်လဲ Microsoft ရဲ့ paint ထဲမှာ ပုံတွေဆွဲကြည့်ခဲ့ပေမဲ့ တာခါမှ ပုံမထွက်ခဲ့ဘူးပါဘူး….

  • etone

    August 13, 2012 at 3:43 pm

    အဟီး …. အစ်မ မနော မောင်လေးက … paint လောက်ကို စိတ်ဝင်စားတာ … တော်သေးတယ် … ။
    အိမ်က တူလေး (၅နှစ်) ကတော့ …. ကွန်ပျူတာရှေ့ရောက်လျှင် …… ဒိုတာ ခုတ်နေလို့ …… ၊ တူရီးနှစ်ယောက် … ခဏခဏရန်ဖြစ်ရတယ်…. ။ 😛

    • manawphyulay

      August 13, 2012 at 3:58 pm

      ဒါတော့ မပြောနဲ့ ကလေးတွေမှ မဟုတ်ဘူး။ ဂိမ်းကတော့ စက်ထဲတောင် မထည့်ထားရဲဘူး။ နေရာလုပြီး အချိန်ကန့်သတ်နဲ့ကို ခုံဦးဆော့နေကြတာ ညီမလေးရေ… ကလေးတွေမှမပြောနဲ့ လူကြီးကအစ ပြောနေရတာ။ သူ့တောင် ဝါသနာပါတာနဲ့ ဆွဲဆောင်ထားရတာ။ စာလုပ်မယ်ဆိုမှ ကွန်ပျူတာကိုင်လို့ ပြောထားရတယ်။ ငယ်ငယ်ထဲက ဂိမ်းဆွဲသွားမှာစိုးလို့လေ..

      • ရွာစားကျော်

        August 14, 2012 at 2:45 pm

        ဟုတ်တယ်ဗျာ
        ကျနော့်သားလည်း စက်ထဲမှာ ဂိမ်းမရှိဘူးပြောတော့
        www. ဆိုပြီး ဖွင့်ပါတဲ့ ဂိမ်းတွေ အများကြီးရှိတယ်တဲ့
        http://www.y8.com ဖွင့်ပြီး အွန်လိုင်းဂိမ်းတွေ ဆော့တာ မှတ်ထားတာ..

  • မွန်မွန်

    August 13, 2012 at 3:50 pm

    ယောင်းမရေ…မောင်လေးက တော်လိုက်တာနော်… 😛 😛 😛

    သူ့ရဲ့ဝါသနာကို သေသေချာချာပျိုးထောင်ပေးရင် အောင်မြင်တဲ့သူ ဖြစ်လာမှာပါ.. ဆက်ကြိုးစားပါလို့….

  • libra thinzar

    August 13, 2012 at 5:12 pm

    ကိုရ် တောင်ပုံဆွဲအဲလောက်မတော်ဘူးကွယ်…….

  • nature

    August 13, 2012 at 7:50 pm

    အဟီး…မျဉ်းကြားက ကန့်လန့်ကြီးဖြစ်နေတယ်။ 🙂

    • manawphyulay

      August 14, 2012 at 9:43 am

      ကလေးအတွေးဟာ တကယ့်လက်တွေ့နဲ့လည်း တူချင်တူမယ် သူ့စိတ်ကူးအတိုင်းဆွဲထားတာဆိုတော့ သူဖြစ်ချင်သလို ဆွဲတာနေမှာပေါ့ ဦးဦးရယ်… လူကြီးလိုတော့ ဘယ်ဟာက ဘယ်လိုဆိုတာ သူဘယ်သိနိုင်မလဲနော့။

      • laypai

        August 14, 2012 at 10:09 am

        ဟုတ်မယ် နော်။ ကလေး က လျောက်ရမဲ့ လမ်းမှာ ကန့်လန့် ပြတ် မျဉ်း ကို သဘော မတွေ့ လို့ အလျား အတိုင်း ဆွဲထားတာ လို့ ထင် တယ် နော်။

  • ahnyartamar

    August 14, 2012 at 9:49 am

    မောင်လေးကို ဒိုတာ ထဲက ပုံတွေပါဆွဲခိုင်းလိုက်ပါအုံး။ Angry birds ပုံတွေ့လို့ပါ။

  • casper

    August 14, 2012 at 12:11 pm

    ကောင်းလိုက်တဲ့ပန်းချီလေးတွေ။ ငယ်ငယ်လေးနဲ့ပါရမီပါပုံရတယ်။ ဒီလိုကလေးမျိုးကို အားပေးသင့်ပါတယ်။ နောင်တချိန်မှာနာမည်ကျော်ပန်းချီကျော်တစ်ဦးဖြစ်မလာနိုင်ဘူးလို့မပြောနိုင်ပါ။ ဆက်ပြီးကြိုးစားပါလို့ အားပေးပါတယ်။

  • နွေဦး

    August 14, 2012 at 12:33 pm

    ဆွဲထားတဲ့ပုံတွေမှာ သူ့ရဲ့ အတွေးလေးတွေတွေ့နေရတယ်.။
    မိုးရွာရင် ခေါင်မိုးပေါ်က ရေတွေကျမယ် ဒါတွေကို ရေတံလျှောက်နဲ့ ကျစေမယ်ပေါ့ ။
    လမ်းကူးမယ်ဆို မျဉ်းကြားရှိမှ ပြီးတော့ မီးပွိုင့်လေးလဲ ရှိရမယ်ပေါ့ ။
    သူ့အတွေးတွေက အရာရာ ပြည့်စုံနေစေချင်တဲ့ သဘောရှိတယ်နော..။

  • ဖိုးထောင်

    August 14, 2012 at 1:52 pm

    ဟယ် ညီလေးက တော်လိုက်တာနော် ညွှတ်ညွှတ်ညွှတ် (စတာနော် အန်တီမနော)

  • ကြည်ဆောင်း

    August 14, 2012 at 1:53 pm

    Paint ကိုသပ်သပ်ရပ်ရပ် အရောင်ခြယ်နိုင်တာ နဲ့တင်ချီးကျူးဖို့ကောင်းနေပြီ…
    ပုံလေးတွေကတော့ ကလေးအတွေးအတိုင်း သူမြင်သလိုဆွဲထားတာပေါ့နော်
    အပြင်မှာများများလေ့လာနိုင်ရင် Idea လဲဒီထက်တိုးတက်လာမှာဘဲ
    ကလေးအတွေးက လူကြီးတွေထက် ပိုလန်းတယ်ဆိုတော့…
    နောက်ပုံလေးတွေ ထပ်ဆွဲအုံးပြီးတင်ပေးအုံးနော်

  • si tone

    August 14, 2012 at 2:41 pm

    ဆရာမရဲ့ မောင်လေးက တော်တော်ကို လက်ရာမြောက်နေတော့ si tone တို့တောင် မယျ၁ု်နိုင်တော့ဘူး
    ကိုယ့် ကိုကို တောင် သနားလာပြီး ဟီးဟီး……………..

Leave a Reply