“ဆရာဆိုတာ”

TTNUAugust 17, 20122min106447

 

ကျွန်မတို့ တွေအားလုံးသိထားပြီးကြတဲ့အတိုင်း
“တပည့်မကောင်းဆရာ့ခေါင်း” တဲ့။
ဆရာမကောင်းရင်ကော?
တပည့် ဒေဝတတ်တွေ များလာတော့မှာပေါ့။
ဆရာတစ်ယောက်၊ အထူးသဖြင့် ဆရာကောင်းတစ်ယောက်ဖြစ်ဖို့
မလွယ်ပါ။ တကယ့်ကို မလွယ်ပါ။

 

ဆရာဆိုတာ

နာနာကျင်ကျင် အပြစ်မြင်တိုင်း၊

ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၏၊

 ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊

ဆရာဟူလော့ ။ 

ဆိုတဲ့အတိုင်း ဆရာတစ်ယောက်ရဲ့ စံ ၊ လေ့လာကြည်ရအောင်နော်။

Invest in Teachers – The Art of Teaching
Posted by linedalile ⋅ July 25, 2012 ⋅

ဒီဆောင်းပါးထဲမှာဖွင့်ဆိုထားတာလေးဖတ်ကြည့်ပါဦး။

A teacher is someone who gives you something to take home to think
about besides homework .– Lily Tomlin

ဆရာဆိုတာ အိမ်စာအပြင်  မင်းအတွက် အိမ်မှာတွေးစရာတစ်ခုခု ပေးလိုက်တဲ့သူပါ။
(လီလီ တွမ်လင်း)

Let us redefine the word “Teacher”.

“ဆရာ” ဆိုတဲ့ စကားလုံးလေးရဲ ့အဓိပ္ပါယ် ထပ်ဖွင့်ကြည့်ကြရအောင်။

Teaching is not a job; it is an art. An art hidden behind a load of responsibilities.
It lays the foundation of discovering mysteries, solving problems, and training
our minds to question, explore, and investigate. To a world where knowledge is
a treasure, teaching is a mirror that reflects future generations.

သင်ကြားပေးခြင်းဆိုတာအလုပ်အကိုင်တစ်ခုမဟုတ်ပါဘူး။အနုပညာတစ်ရပ်ပါ။
တာဝန်ဝတ္တရားတွေတစ်ပုံတစ်ပင်နောက်မှာ ဖုံးကွယ်နေတဲ့ အနုပညာတစ်ရပ်ပါ။
ဒီအတတ်ပညာထဲမှာ ထူးခြားဆန်းကြယ်မှုတွေဖော်ထုတ်ခြင်းရဲ ့ အခြေခံသဘောတွေ၊
၊ပြဿနာဖြေရှင်းချက်တွေ၊ သင်ယူသူတွေရဲ့ စိတ်ထဲမှာ မေးမြန်းစူးစမ်းရှာဖွေထုတ်ဖော်
ချင်တဲ့စိတ်တွေကိုလေ့ကျင့်ပေးခြင်းတွေ အစီအရီ ပါရှိနေတာပါလား။
အကြားအမြင် ဗဟုသုတကို တန်ဖိုးထားနေကြတဲ့ ဒီလောက ကမ ္ဘာကြီး အနေနဲ့ကတော့
သင်ကြားပို့ချခြင်း ဆိုတာဟာ အနာဂတ်မျိုးဆက်များအတွက် ရောင်ပြန်ဟပ်လိုက်တဲ့
ကြေးမုံမှန်တစ်ချပ်ပါပဲ။

You can see that teaching is not an easy task. It is, in fact, a multi-task where
a teacher has to combine creativity, intelligence, and passion when teaching
productively, because after all, everything is a product of teaching.

သင်ကြားပေးခြင်းဆိုတာလွယ်တဲ့လုပ်ငန်းတစ်ခုမဟုတ်ဘူးဆိုတာမင်းသိနှိုင်ပါတယ်။
တကယ်တော့ ဒီအလုပ်ဟာ ဆရာတစ်ယောက် က ထိထိရောက်ရောက်စာသင်ပြီဆိုရင်
သူ့ရဲ ့ ဖန်တီးတည်ဆောက်မှု၊ ဉာဏ်စွမ်းရည်၊ ဒီအလုပ်အပေါ်စွဲမက်ခင်တွယ်မှု၊ စသည်တို့ကို ပေါင်းစပ်ပြီးဆောင်ရွက်ရတဲ့ လုပ်ငန်းစုံ တစ်ခုဖြစ်နေပါတယ်။

ဘာကြောင့်လဲဆိုတော့ နောက်ဆုံးမှာ အရာရာတိုင်းဟာ သင်ကြားပေးလိုက်ခြင်းရဲ ့
ရလာဒ်တွေဖြစ်နေလို့ပါပဲ။

Teachers are the agents of the future fueling students with lifelong passion
for learning.But it is a matter of how we define the word “Teacher” in today’s society.

ဆရာတွေဟာ တစ်သက်တာသင်ယူလိုစိတ်အပြည့်နဲ့ အနာဂါတ်မှာ ထွန်းတောက်နေမဲ့
ကျောင်းသားတွေရဲ ့  ဖန်တီးပုံဆောင်ကူညီပေးသူများ  ဖြစ်ပါတယ်။ ဒါပေမဲ့ အခုခေတ်
လူ့အဖွဲ့အစည်းမှာ “ဆရာ” ဆိုတဲ့ ဝေါဟာရလေးကို ဘယ်လိုဖွင့်ဆိုမလဲ ဆိုတဲ့
အချက်ကလေးရှိလာပါတယ်။

As I come to define the word “teacher”, I often look up how it’s perceived
by societies, countries, and dictionaries. For centuries, we have thought of
teachers as pots of knowledge pouring information in the brains of students.

ကျွန်မကတော့  ဆရာဆိုတဲ့ဝေါဟာရကို  ဖွင့်ဆိုတော့မယ်ဆိုရင်  ဒါကို လူ့အဖွဲ့အစည်းက၊
နိုင်ငံတွေက၊ အဘိဓာန်တွေက ဘယ်လိုလက်ခံဖွင့်ဆိုတယ်ဆိုတာကို စစ်ဆေးကြည့်ပါတယ်။
ရာစုပေါင်းများစွာ  ကျွန်တော်တို့ ခံယူခဲ့တာက  ဆရာဆိုတာကျောင်းသားတွေရဲ ့ ဦနှောက်တွေ
ထဲကို သတင်းအချက်အလက်တွေလောင်းထည့်ပေးနေတဲ့ ဗဟုသုတအိုးကြီးတွေ လို့ပါပဲ။

မိတ်ဆွေရော… ဆရာဆိုတာ… ဆိုတဲ့ အဓိပ္ပါယ်ဘယ်လိုဖွင့်ဆိုမှာပါလိမ့်။

ရှင်မဟာရဋ္ဌသာရကတော့ ဒီလိုဖွင့်ဆို သီကုံးထားပါတယ်.

ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို
မယ်ဘွားမိခင်၊ ဆုံးမသင်သို့
အကြင်ဆရာ၊ တို့သူငါကို
လိမ္မာစေကြောင်း၊ ကောင်းပါစေလို
ဆိုပါသမျှ၊ ဩဝါဒကို
နားမျှမထောင်၊ မကြားယောင်သို့
မောင်တို့ပြုက၊ ယခုပစ္စုပ္ပန်
နောင်သံသရာ၊ ဆက်များစွာ၌
ချမ်းသာမည့်အရေး၊ အလွန်ဝေးသည်
သေဘေးမလွဲ၊ ဝဋ်ဆင်းရဲမှ
ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို
လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။

သင်္ဂဇာဆရာတော်ကတော့

 “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ သိပ္ပမချန်၊
ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့”

လို့ဖွင့်ဆိုပါတယ်။

ပညာရေးပို့ချချက်တွေမှာတော့

“ဆရာကောင်း၊ ဆရာတော်တစ်ယောက်ဖြစ်ချင် လို့ ရှိရင်
“စ” ငါးပါးဆောင်ပြီး၊ “အ”ငါးလုံးကို ရှောင်နိုင်မှ ဖြစ်မယ်။
“စ”  ငါးပါးဖြစ်သည့်
– စိတ်ဓာတ်မှန်ကန် မွန်မြတ်ခိုင်မာခြင်း၊
– စေတနာမှန်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊
– စာပေကို စနစ်တကျ လေ့လာသင်ပြခြင်း၊
– စိစစ်ဝေဖန်သည့် ကျင့်စဉ်ရှိခြင်းတို့ကိုဆောင်၍

“အ”ငါးပါးဖြစ်သည့်
– အဂတိတရားလေးပါး၊
– အရှက်တရားမရှိသည့် အလဇီ (ဝါဒုဿီလ)ဖြစ်ခြင်း၊
– အချောင်နိုင်မှုှု၊
– အစွန်းရောက်မှုှုကျင့်စဉ်၊
– အသပြာလောက လွှမ်းမိုးမှုစသော အ -ငါးလုံးကို ရှောင်နိုင်မှသာ

အာစရိယဂုဏော အနန္တောဟူသည့် ဆရာကောင်းတစ်ဦးဖြစ်လာမည် လို့ဖွင့်ဆိုပါရှိပါတယ်။

မိတ်ဆွေရော… ဆရာဆိုတာ… ဆိုတဲ့ အဓိပ္ပါယ်ဘယ်လိုဖွင့်ဆိုမှာပါလိမ့်။

လက်တွေတောင်မှ အတိုအရှည်ရှိသလို ဆရာ/မ ဆိုတာတွေကိုလည်း အားလုံးအတူတူပဲ၊
ဒီပဲမျိုးတွေချည်းပဲလို့ တွက်လို့မရဘူးဆိုတာ ပြောပြချင်လို့ ဒီပို့စ်လေးညတွင်းချင်းထိုင်ရေးလိုက်မိတာပါ။

TTNU.
 

 

47 comments

  • အရီးခင်လတ်

    August 17, 2012 at 3:04 am

    တီချယ်ကြီး ရှင့်

    ငယ်စဉ်ကထဲ က ကြီးသည် အထိ ဆရာများစွာ ရှိပါတယ်။
    တစ်ချို့ ကို အသေအချာ မှတ်မိဆဲ၊ တစ်ချို့ ကတော့ ဝေတဝါး ဖြစ်နေပါပြီ။
    နှစ်များများကြာလဲ သာမာန်ထက် ထူးခြား တဲ့ ဆရာတွေ ကိုတော့ သတိတရ နဲ့ အာရုံမှာ စွဲနေတာ လို့ ထင်တာပါဘဲ။
    တီချယ်ပြောသလိုပါဘဲ။
    လက်ချောင်း အတို အရှည် မတူ တဲ့ ဆရာတွေ အပေါ်မှာ ကျွန်မတို့ ရဲ့ သတိရခြင်း တွေလဲ ကွာ သွားတာ နေမှာပါ။

    ကျွန်မမှာ အထက်တန်းကျောင်း အထိကတော့ ဆရာမ တွေချည်းပါဘဲ။

    မျက်နှာ မလိုက်တတ်တဲ့ ဆရာမ
    စေတနာ နဲ့ အော်ဟစ်ဆူပူ အမုန်းခံ ပြီး အတင်းတွန်း ပေးတဲ့ ဆရာမ
    တပည့်တိုင်း ကို အကောင်းအဆိုး အသေအချာ ဝေဖန်ပေးတတ်တဲ့ ဆရာမ
    စာသင်ချိန်မှာ စိတ်ရှည်လက်ရှည် နားလည် တဲ့အထိ သင်ပေးတတ်တဲ့ ဆရာမ
    တပည့် တွေ ရဲ့ မျက်နှာရိပ် ကို ဖမ်းပြီး မိဘ လို ဂရုစိုက်တတ်တဲ့ ဆရာမ

    သူတို့ ကို ကျွန်မ ဒီနေ့ အထိ နာမည် နဲ့ တွဲပြီး ကို မှတ်မိ နေဆဲ၊ မှန်းပြီး ကန်တော့နေဆဲ ပါဘဲရှင့်။

    TEACHER ကို stand လုပ်တဲ့ ကျွန်မ သိတဲ့ စကားလုံး တွေ
    T-tolerance,
    E-excellence,
    A-adorable,
    C-charming,
    H-honest,
    E- educator,
    R- reliable.

    တီချယ်ကြီး က လဲ တပည့်တွေ အမြဲသတိနေမဲ့ ဆရာမဖြစ်မယ် ဆိုတာ ကို အကြွင်းမဲ့ ယုံပါတယ်။
    စေတနာပြီး ချစ်ဖို့ ကောင်း တဲ့ တီချယ်လဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့ လိုက်ပါတယ်ရှင့်။

    ချင်ခင်လေးစား စွာဖြင့်
    မလတ် 🙂

    • TTNU

      August 17, 2012 at 10:28 pm

      မလတ်ရေ..
      ကနဦးစာလာဖတ်သူအဖြစ် ကျေးဇူးတင်ပါတယ်။
      Facebook က မိတ်ဆွေတစ်ယောက်ဖွင့်ဆိုတဲ့ ဆရာဆိုတာကတော့
      T – Terrific
      E – Energetic
      A – Able
      C – Cheerful
      H – Hardworking
      E – Enthusiastic
      R – Remarkable ပါတဲ့ကွယ်။

      ဒါပေမဲ့လေ ဆရာ တစ်ယောက်နဲ့ တစ်ယောက် တပည့်တွေအပေါ် စောင့်ရှောက်ပုံ
      မတူကြတာမို့ မလတ်ပြောသလိုပါပဲ (ကျွန်မတို့ ရဲ့ သတိရခြင်း တွေလဲ
      ကွာ သွားတာ နေမှာပါ။) ဆိုတာကို ခံစားနားလည်မိပါတယ်။

  • ကိုသင်း

    August 17, 2012 at 4:31 am

    ဖွင့်ဆိုရှင်းပြတဲ့ စကားလုံးတွေ
    ဘာသာပြန်ဆိုချက်တွေ အရမ်းကောင်းလို ့
    ကူးထားလိုက်ပါတယ်။
    ကိုယ်စိတ်နှစ်ပါး ချမ်းမြေ ့ပါစေ……………

  • surmi

    August 17, 2012 at 8:54 am

    ဆရာဟူသည်
    တပည် ့မရှား
    တပြားမရှိ
    ပီတိကိုစားအားရှိ၏ တဲ ့
    ငယ်ငယ်ကဆရာတွေ အတွက်ပါ
    ခုတော ့ တီချယ်ကြီးရေမပြောချင်တော ့ပါဘူး
    စာတတ်ပြီးမှ သူငယ်တန်းတက်ပါ ဆိုတဲ ့ပို ့စ်လေးရေးဖူးသေးတယ်ခင်ဗျ

  • ahnyartamar

    August 17, 2012 at 8:57 am

    တီချယ်ကြီး ခဗျာင်္း…
    အများသိပြီးသားလေးနဲ့ လွယ်လွယ်၊ ကူကူ ထပ်ဖြည့်ပါရစေ။

    တပည့်မရှား၊ တပြားမရှိ။
    ပီတိကိုစား၊ အားရှိပါ၏။

  • P chogyi

    August 17, 2012 at 9:05 am

    ဆရာကို ဆရာလို့ဘဲမြင်ပါတယ်။
    (မြင့်မိုရ်တောင်မက ကျေးဇူးကြီးသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို
    လေးမြတ်စွာ ဦးညွှတ်ပါ၏)
    အာစရိယဂုဏ်နဲ့မညီနဲ့ သူကိစနဲ့သူပါ။
    ကိုယ့်ကိုသင်ကြားပေးသမျှ ဆရာပါ။

  • ကြောင်လေး

    August 17, 2012 at 10:33 am

    ကျနော့လိုဆင်းရဲ့တဲ့ တပည့်လေး သုံးယောက်ကို ပညာတတ်စေချင်လွန်းလို့ အိမ်ကိုခေါ်ပြီး
    ငွေကြေးမမြင်၊ ပညာလဲသင်၊ထမင်းလဲကျွေး၊နေမကောင်းရင်ဆေးပါကုပေးခဲ့တဲ့ ဆရာ/မ တွေလည်းရှိခဲ့ဖူးပါတယ်။ လွန်လေခဲ့ပြီးသော အနှစ် နှစ်ဆယ်ကျော်ကပေါ့။
    ဆရာမကြီးတို့လို သက်တမ်းတွေပေါ့လေ။

    • TTNU

      August 17, 2012 at 10:49 pm

      ကိုသင်းရေ… ကျေးဇူးတင်ပါတယ်နော်။
      ———————————– 🙂
      ဆာမိရေ…
      အညာတမာရေ…
      တီချာတော့လေ၊(တပည့်မရှား တပြားမရှိ ပီတိကိုစားအားရှိ၏)
      ဆိုတာ လက်မခံဘူး။ လက်တွေ့မကျဘူးလေ။ (တပည့်မရှား၊ နည်းနည်းပါးပါးရှိ၊
      Centrum Silver နေ့တိုင်းစား၊ ကြိုက်တဲ့ဟင်းလေးနဲ့ ထမင်းနှစ်နပ်စား၊မသေခင်
      ဘာဝနာလေးပွား၊အားမရှိတောင်မှ၊ ယိုင်လဲမသွား။) အဲဒီလိုဆို ရပါပြီ။
      ———————————- 🙂
      P Chogyi ရေ…
      (ကိုယ့်ကိုသင်ကြားပေးသမျှ ဆရာပါ။ ) လေးစားပါတယ်။
      ———————————- 🙂
      ကြောင်လေးရေ…
      အဲဒီ ဆရာ/မ တွေကို ပြန်စောင့်ရှောက်မိရဲ့လားဟင်။ မရှိကြတော့ရင်လည်း
      လှူမျှဝေပေးနော်။
      ———————————- 🙂

  • Sonny

    August 17, 2012 at 1:46 pm

    တီချာကြီးရေ…
    ဆရာကို ငဆန်နီ အမြင်နဲ့ အဓိပ္ပါယ် ဖွင့်ကြည့်မယ်နော်…

    ဆရာဆိုတာ တပည့်တွေအားလုံးရဲ့ဒုတိယမိဘလို့မြင်ပါတယ်
    မိဘကမွေးပေမယ့် ဆရာ က လောကကြီးအကြောင်းသင်ကြားပေးပါတယ်
    ဆိုးဆိုးကောင်းကောင်း ဆရာ က ဆရာပါ။
    ဆရာတွေကလည်း တပည့်တွေကို မြေကြီး ကဲ့သို သည်းခံလိုက်( ချော့တစ်ခါ)
    ငလျင်အသေးစားလေးလိုလှုပ်ပြလိုက် ( ချောက်တလှည့်) နေရပါမယ်။
    “My father is U Ba. ဆိုပြီးအလွတ်ကျက်ခိုင်း တဲ့ဆရာမျိူးမဖြစ်သင့်ပါ။ နိုမို့ဆိုရင်
    အဖေတွေအားလုံး တူသွားမယ်”ဆိုတဲ့ ဆရာ အော်ပီကျယ်ပြောသလိုဖြစ်သွားပါမယ်
    တီချာကြီးတင်ပြတဲ့ ဒီနေရာလေးအကြိုက်ဆုံးပါပဲ:

    A teacher is someone who gives you something to take home to think
    about besides homework .– Lily Tomlin
    ဆရာဆိုတာ အိမ်စာအပြင် မင်းအတွက် အိမ်မှာတွေးစရာတစ်ခုခု ပေးလိုက်တဲ့သူပါ။
    (လီလီ တွမ်လင်း)

    ချစ်ခြင်းအားဖြင့် ကိုဆန်နီ….

    • TTNU

      August 17, 2012 at 10:56 pm

      ကိုဆန်နီရေ…
      (ဆရာဆိုတာ တပည့်တွေအားလုံးရဲ့ဒုတိယမိဘလို့မြင်ပါတယ်)
      ဆိုတာလေးကို ခံတွင်းမှမွေးဖွားပေးသူများလို့ BEST TEACHER မှာ
      ရေးခဲ့ဖူးပါတယ်။

      ဟုတ်ပါတယ်။ ဒီလို ခင်ပွန်းကြီးဆယ်ပါးထဲမှာပါနေလို့ ငလျင်လှုပ်သလို
      ဆရာ/မကဆူရင်လည်း ငလျင်ကြောနဲ့ဝေးရာကို ရှောင်တတ်အောင်
      နေရပါမယ်။ အခုခေတ်မှာတော့ ဆရာ/မ ကလည်း မဆူတော့ပါဘူး။
      ကျောင်းသားကလည်း ထောင်တတ်တဲ့နားမရှိတော့ပါဘူးကွယ်။
      🙂

  • မောင်ပေ

    August 17, 2012 at 2:00 pm

    ကျွန်တော့်အတွက်တော့ နေရာတိုင်းမှာ ဆရာဆိုတာအရေးကြီးပါတယ်
    ဒါပေမယ့် ဆရာမကြီးရေ ကဏ္ဍအလိုက်ပေါ့ဗျာ…
    ကျောက်ဝိုင်းက ဆရာက ကျောက်ဝိုင်းကဆရာပေါ့
    ဂေဇက်ကဆရာများက ဂေဇက်ကဆရာများပေါ့
    အဲဒီလို ခွဲခြားသတ်မှတ်ပြီး လေးစားပါတယ်

    • TTNU

      August 17, 2012 at 11:01 pm

      မောင်ပေရေ…
      ဟုတ်ပါတယ်။ ဆရာအမျိုးမျိုးပါ။
      ကိုယ့်လေးစားမှုကသာအရေးကြီးတာပါလေ။
      တီချာဆိုရင် ဂဇက်ဝင်ခါစက ဘာလုပ်ရမှန်းမသိ
      ရွာလည်နေတာ။ ပို့စ်တင်ရခက်နေတာလေ။
      မောင်ပေက တီချာ့ ဂဇက်ဆရာပါ။
      မင်္ဂလာပါဆရာပေ။
      🙂

  • kai

    August 17, 2012 at 3:25 pm

    ပညာရေးလောကမှာ.. တပည့်တွေဆိုတာ.. ဆရာရဲ့.. အလုပ်ရှင်တွေပါ..
    အဲလိုပြောရင်.. ဆဲချင်ကြမလားမသိ.. :mrgreen:

    ပြောရရင်.. ယူအက်စ်မှာလိုက်မေးကြည့်တော့.. တပည့်တွေက.. အဲလိုယူဆကြပါတယ်..
    ဆရာအလုပ်မှမဟုတ်.. ငွေပေး..ငွေယူရှိတဲ့.. အလုပ်ဟူသမျှ.. အလုပ်ရှင်..အလုပ်သမားပုံစံဆက်ဆံကြတယ်..
    စစ်သားလည်း.. ငါကအသက်စွန့်ကာကွယ်နေတာကွ… တခြားသူတပါးထက်သာတယ်ဆိုတာ.. မရှိ..။
    မီးသတ်သမား.. ကားဒရိုင်ဘာ.. လွှတ်တော်အမတ်.. သမ္မတအထိ.. အတူတူပါပဲ..

    ဆိုတော့..
    အင်မတန်အရေးကြီးတဲ့..အခန်းကဏ္ဍရှိလာပါပြီ..။
    ထိုက်သင့်တဲ့.. အပြန်အလှန်လေးစားမှုရှိရမယ်ဆိုတာပါ…
    တပည့်က..ဆရာကို.. ငါကငွေပေးထားလို့… လစာရပြီးဆရာအလုပ်ရနေတာ..မစဉ်းစားရ.. ပညာတွေဆွေးနွေးတိုင်ပင်ပြီး.. စိတ်ရှိသမျှ.. မေးမြန်းနိုင်သူတဦးဆိုတဲ့.. လေးစားသမှု(ပုဂ္ဂိုလ်ရေးကိုးကွယ်မှုမဟုတ်)ရှိရမှာပါ..
    ဒီဝက်ဘ်ဆိုက်ထဲက… ကော်မန့်တွေ… စာတွေဖတ်ကြည့်ရင်ကို..(စကားဆွေးနွေးကြရာမှာလေးတောင်…) ရွာသူားတွေထဲတင်.. ထိုက်သင့်တဲ့အပြန်အလှန်လေးစားမှု(RESPECT) ဆိုတာ.. သဘောမပေါက်ပဲဖြစ်နေကြတာ တွေ့ရမှာပါ…။

    ရှေးယခင်.. ကတော့ ဆရာ-တပည့်ဆက်ဆံရေးဟာ.. ဆရာမျှမပေးရင်.. တပည့်ဘာမှမရဖြစ်တတ်တာမို့.. ပညာဆိုတာလည်း.. ရယူရခက်တာမို့.. ကိုးကွယ်(တိတိကျကျဆိုရရင် ကပ်ဖား၊ယပ်ဖား)ပြီး ပညာကို.. ဆရာပေါင်းစုံဆီက.. ဖဲ့ယူ..ကဲ့ယူ.. ယူရတာပေါ့..
    “ပညာရှာပညာ နို့ပုန်းစား”လို့တောင် ဆိုရိုးထွက်ခဲ့တာပါ..
    ပြီးတော့… ဆရာကို.. အနန္တော အနန္တ ငါးပါးထဲထည့်.. ကိုးကွယ်လိုက်ကြတာပေါ့…

    ဒီခေတ်မှာတေ့ာ..
    မြန်မာပြည်.. တိုးတက်ချင်ရင်..တိုးတက်လိုပါရင်…
    .. ဆရာ/တပည့်ဆက်ဆံရေးဟာ.. ကမ္ဘာတန်းနဲ့အညီဖြစ်သင့်ပြီထင်ပါကြောင်း..

    (ရွာထဲမတော့.. တီချယ်နုကို.. ဆရာတဦးအနေနဲ့သာမက.. ရေးဖော်တွေကိုအင်မတန်နားလည်.. ကိုယ်ချင်းစာပေးသူတဦးအနေနဲ့.. (အထူး) လေးစားသမှုရှိပါကြောင်း…. ) 🙂

    • TTNU

      August 17, 2012 at 11:54 pm

      ကိုခိုင်ရေ…
      (ပညာရေးလောကမှာ.. တပည့်တွေဆိုတာ.. ဆရာရဲ့.. အလုပ်ရှင်တွေပါ.)
      စကားလုံးတွေက နားအဝင်မလှပေမဲ့ တစ်စိတ်တစ်ဒေသတော့မှန်တယ်လို့ပဲ
      ထောက်ခံချင်ပါတယ်။ ငွေပေးသင်ရတဲ့ သင်တန်းတွေ ကျူရှင်တွေမှာဆိုရင်ပေါ့။ 😈

      အပြည့်မထောက်ခံနှိုင်တာ ဘာကြောင့်လဲဆိုတော့ တပည့်တွေက ဆရာ/မဆီက
      တိုက်ရိုက်ငွေပေးချေဝယ်ထားကြတာမဟုတ်တဲ့ အတွက် အလုပ်ရှင်လို့
      သတ်မှတ်မရပါဘူး။ ဆရာ/မ သင်ပေးတဲ့ ဘာသာရပ်ဆိုင်ရာ ပညာအပြင်
      အခြားလူမှုရေးကိစ္စ၊ ယဉ်ကျေးမှုကိစ္စ၊ သိသင့်သိထိုက်တာလေးတွေ ကို ဆရာ/မ
      တွေက မေတ္တာနဲ့ သင်ကြားပေးကြရင် အပိုဝန်ဆောင်မှုလို့ ပြောလို့မရပါဘူး။
      မေတ္တာ၊စေတနာ အရင်းခံပါ။ ဆရာ/မ တိုင်းမဟုတ်ဘူးဆိုတာလည်း လက်ခံပါတယ်။
      (ဒီအချက်ထဲမှာ အခုခေတ် ကျူရှင်တွေ မပါဘူးနော်။)

      ဒါပေမဲ့ တီချာတို့ ဘောဂဗေဒမှာသင်ရတယ်။ ဆရာမ တစ်ယောက်စာသင်ရင်
      ခြုံထားတဲ့ပုဝါ ဟာ အလှဝတ်တာမဟုတ်ဘူး။ ကုန်ထုတ်လုပ်မှုအတွက် သုံးတဲ့
      ပစ္စည်းအဖြစ်သတ်မှတ်ရမယ်တဲ့။ ဒါကြောင့် ကိုခိုင်ပြောတဲ့ ဝန်ဆောင်မှုပေးတဲ့
      သဘောဆိုရင်တော့ ဟုတ်နေမှာပေါ့။

      အလုပ်ရှင်လို့ ဆိုရာမှာ Employers လို့ပြောချင်တာလား။ Boss လို့ ပြောချင်တာလား။
      Customers လို့ပြောချင်တာလား။ ဒါတွေစဉ်းစားစရာရှိလာပြီ။ တီချာ့ လုပ်သက်
      အနှစ်လေးဆယ်ကျော်အတွင်းမှာ ဒီလို Criteria ထဲမှာပါတဲ့ တပည့်တစ်ယောက်မှ
      မပါခဲ့တာ ကံကောင်းတယ်လို့ဆိုရမယ် ကိုခိုင်ရေ။

      ပြီးတော့(ဆရာကို.. အနန္တော အနန္တ ငါးပါးထဲထည့်.. ကိုးကွယ်လိုက်ကြတာပေါ့)
      လို့ ကိုခိုင်ရေးလိုက်တော့ ………………. !!!!!!
      ကိုခိုင်အနေနဲ့ မထည့်ချင်ပေမဲ့ ( assuming :mrgreen: )

      တီချာတို့တွေကတော့လေ တို့တွေကို ငယ်စဉ်တောင်ကျေး ကန့်ကူလက်လှည့်ကစပြီး
      ဆရာ/မတွေ သင်ပေးလို့တတ်ရသိရတာဆိုပြီး အနနေ ္တာ အနန ္တငါးပါး
      ထဲမှာ တစ်သက်လုံးထည့်နေမှာပါ။ အင်တာနေရှင်မနယ်လည်း ရပါတယ်။ ဒီအတွက်
      ကမ ္ဘာ့စံကို မီအောင် မကြိုးစားချင်ပါ။ (တီချာရဲ့ ပုဂ္ဂိုလ်ရေးအမြင်ပါ ကိုခိုင်)။
      တို့တွေနေထိုင်ကြရာ ကမ ္ဘာတွေခြားနေသလို အတွေးအမြင်တွေလည်းကွာခြားနေမှာပါ။
      တို့တွေ ကိုင်ရမ်းလိုက်တဲ့ ဝါးလုံးအတိုအရှည်လည်း ကွာနေမှာပါပဲ လူကလေးရေ။

      • kai

        August 18, 2012 at 1:02 am

        တီချယ်ရေ.. မြန်မာ့စနစ်..ယဉ်ကျေးမှုအရ.. အင်မတန်ပြောင်းရခက်မှာတွေလို့နားလည်ပါတယ်..။ ဒီတသက်မက.. နောက်တသက်လည်း..မလွယ်လောက်သေးပါဘူး..
        ဒါပေမဲ့.. စောတကတော့တက်ပြပါရစေ.
        .. .နောင်တချိန်အတွက်ပေါ့.. :mrgreen:

        Customer အသုံးလေးကြိုက်ပါတယ်..။ The Customer Is Always Right ပါ..။
        ဒါပေမဲ့…. The Customer Is Not Always Right ဆိုတာလည်းရှိတယ်… တဲ့..။

        အနနေ ္တာ အနန ္တငါးပါး ဆိုတာ.. မူလဘုရားဟောထဲမပါပဲ.. နောက်ပိုင်းမှ မိဘနဲ့ဆရာကိုထည့်လိုက်တာလို့.. အိနိ္ဒယကဒေါက်တာဘွဲ့ရ..ထေရဝါဒမြန်မာဆရာတော်တပါး.. ရွာထဲတင်ရေးသွားတာ.. တီချယ်မှတ်မိမယ်ထင်ပါတယ်..။
        ဆိုတော့…
        တပည့်တယောက်က.. သင်္ကန်းစီးပြီး ဘုန်းကြီးဝတ်လိုက်ရင်.. ဆရာ/တပည့်ဆက်ဆံရေး ပြောင်းပြန်ဇောက်ထိုးဖြစ်သွားတတ်တာလည်း.. သတိထားမိမှာပါ..
        .. အဲဒါလေး..စောတကတက်ချင်လို့..

        နောက်တခုက.. မြန်မာပြည်မှာ..တပည့်/ဆရာအချိုးမှာ.. ဆရာ/မတွေမလောက်ငှပါဘူး..
        နောက်ပြီး.. တိုးတက်တဲ့နိုင်ငံများလို.. တခြားဆိုရှယ်အလုပ်တွေ.. စိတ်ပညာဆိုင်ရာပြုပြင်ကုသမှုတွေရဲ့.. သီးသန့်ပရိုအလုပ်လုပ်ပေးနေသူတွေမရှိပါဘူး..။
        ဆရာ/မ တွေဟာ ဆိုင်ရာနယ်တွေရဲ့.. သင်ကြားရေးပရိုဖက်ရှင်နယ်.. ဟုတ်ဟုတ်မဟုတ်ဟုတ်.. သိတတ်ပေးစွာနဲ့.. ဒုတိယမိဘနေရာကနေ.. ဝင်ရောက်ဆုံးမသင်ကြားပြသပေးနေရတာပါ..။

        ကမာ္ဘနိုင်ငံ ၁၉၃ထဲ.. ဟိုဖက်အစွန်း..ဒီဖက်ထိပ် ၁-၁ဝထဲပါနေတဲ့..နိုင်ငံ၂နိုင်ငံ..
        တို်က်ရိုက်တန်းညှိဖို့.. မဖြစ်နိုင်သေးဖူးလို့နားလည်ပါတယ်တီချယ်ရယ်…။

        ဒါပေမဲ့.. ဒီရွာလေးရဲ့..သဘောသဘာဝကိုက.. အဲလိုလုပ်ဖို့ဖြစ်တာမို့ပါ..
        တီချယ့်ပို့စ်ထဲ.. စိတ်အနှောက်အယှက်ဖြစ်စရာလို့.. ယူဆမိသွားရင်.. ခွင့်လွတ်ပါခင်ဗျား.. 🙂

        • pooch

          August 18, 2012 at 2:28 am

          “ကမာ္ဘနိုင်ငံ ၁၉၃ထဲ.. ဟိုဖက်အစွန်း..ဒီဖက်ထိပ် ၁-၁ဝထဲပါနေတဲ့..နိုင်ငံ၂နိုင်ငံ..
          တို်က်ရိုက်တန်းညှိဖို့.. မဖြစ်နိုင်သေးဖူးလို့နားလည်ပါတယ်တီချယ်ရယ်…။”

          တော်သေးတာပေါ့ အဲ့တာလေး သိနေသေးလို့ :mrgreen:

          အနော့်အတွက်တော့ ဆရာဆိုတာ ဒုတိယမိဘပါ တီချယ်။

          ကံကောင်းထောက်မစွာနဲ့ ခေတ်ပျက်ထဲမှာတောင် စေတနာအပြည့်ရှိတဲ့ဆရာ ဆရာမတွေတော်တော်
          များများနဲ့ ( တီချယ်အပါအဝင် )တွေ့ဆုံခွင့်ရခဲ့လို့ပါ။

          ဒီကနေ့ pooch ကိုထုဆစ်ခဲ့သူများက မိဘအပါအဝင် ဘဝတလျှောက်လုံး ဘက်စုံထောင်စုံကနေ သင်ကြားပေးခဲ့တဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေအပြင် စာအုပ်တွေပါ တီချယ် 😀

      • Foreign Resident

        August 18, 2012 at 2:25 am

        တီချယ်ကြီးရေ ။

        ကျနော်လည်း ၊
        တပည့်တွေဟာ Customer ဆိုတဲ့
        သဘောလေး ပို ကြိုက်ပါတယ် ။

        ကျနော်တို့ ဩဇီမှာတော့ ၊
        ဆရာ တပည့် ဆက်ဆံရေးဟာ ၊
        အရမ်းချစ်ခင်တဲ့ သဘော မဆောင်ပဲ ၊
        သူ့အလုပ် သူလုပ် ၊
        ငါ့အလုပ် ငါလုပ် ဆိုတဲ့ သဘောဆောင်ပါတယ် ။

        ကျနော့်ရဲ့ ကိုယ်ပိုင် ခံယူချက်ကတော့ ၊
        ( ကျနော် မြန်မာပြည်မှာ ရှိကတည်း ကပါ )

        ကျနော့် ဆရာ တွေကို ၊
        ၁ ။ လေးစားပါတယ် ။
        ၂ ။ စိတ်ကောင်းရှိတယ်လို့ ယူဆတဲ့
        ဆရာဆိုရင် ကျေးဇူး ပါးပါး တင်ပါတယ် ။
        ၃ ။ မဟာ ကျေးဇူးရှင်ကြီး လုံးဝ မဟုတ်ပါ ။
        ၄ ။ ဆန်ပေးလို့ ဆီရ ၊
        သူ မသင်ရင် နောက်တစ်ယောက်နှင့် သင်ယုံပါပဲ ။

        နောက်ပြီးတော့ ၊
        ကျနော် သိထားသလောက် ၊
        လောကီ စာသင်ပေးတဲ့ ဆရာဆိုတာ ၊
        အနန္တော အနန္တ ငါးပါးထဲ မပါဘူး ပြောတယ် ။

        အနန္တော အနန္တ ငါးပါးထဲ ပါတဲ့ ဆရာ ဆိုတာ ၊
        လောကုတ္တရာ သင်ပေးတဲ့ ဆရာ မှတဲ့ ။

        လောကီ စာသင်ပေးတဲ့ ဆရာ က ၊
        ခင်ပွန်းကြီး ဆယ်ပါးထဲမှာပဲ ပါတယ် ပြောကြတယ် ။

        သိပ်တော့ မသေချာလှဘူး ။
        ပိုသိ ပိုတတ် တဲ့သူတွေ ပြောပေးကြပါအုန်း ။

        • pooch

          August 18, 2012 at 2:32 am

          တကယ်လား အဘဖော ကျမ ခုမှ ကြားဖူးတယ်။ သိတဲ့သူတွေ ပြောပြရင်ကောင်းမှာ။ ပြောပေးကြပါအုန်း။

        • kai

          August 18, 2012 at 3:04 am

          တီချယ်ရေ.. ဖေါင်းပွကုန်ရင်ခွင့်လွတ်ပေးပါနော..
          ဒီထဲလိုက်ရှာတာ.. တခုတော့တွေ့ပြီ..

          ==
          ရတနာသုံးပါးနှင့် အနန္တောအနန္တငါးပါး အဆိုပါနှစ်ခု ရောထွေးနေပါသည်။ ကိုးကွယ်ရာအစစ်ကို ရှင်းပြပေးပါ။

          ဒါလဲဟုတ်တယ် — ဗုဒ္ဓချမှတ်ခဲ့တဲ့ ကိုးကွယ်ရာက ရတနာသုံးပါး။ အဲဒီရတနာသုံးပါးကို ကိုးကွယ်ရာလို့ ဗုဒ္ဓက ချမှတ်ခဲ့ပြီးသည့်နောက် အနန္တောအနန္တငါးပါးကို ထပ်ထည့်လာတယ်။ ဘယ်သူတွေထည့်လဲဆိုရင် ဖြူးဆရာတော်ကြီးစကားနဲ့ ပြောရရင်တော့ ဝါဇိတ်-ဂါဆရိုင်း တွေကထပ်ထည့်လာတယ်။ ဂိုဏ်းဆရာတွေ –။ သူတို့က ရတနာသုံးပါးနဲ့ တန်းတူနေရာလိုချင်တယ်။ ရတနာသုံးပါးကို သူတို့ဝင်လို့မရဘူး။ ဒါဆို ငါတို့ ရတနာငါးပါးဆိုလဲ ကြည့်မကောင်းဘူး။ လုပ်ကြစို့ဟေ့ အနန္တောအနန္တငါးပါး ဆိုပြီးတော့။ သူတို့စင်ပေါ်ရောက်ချင်တာနဲ့ မိဘကိုပါဆွဲထည့်တော့ မိဘပါ ပါလာတယ်။ အဲဒါ အနန္တောအနန္တငါးပါး ဖြစ်လာတာ။

          မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် အရှင်ဇဝန

        • အရီးခင်လတ်

          August 18, 2012 at 3:31 am

          သူကြီးမင်းရှင့်

          လူမှုဆက်ဆံရေးမှာ အင်မတန် ညံ့ဖျင်းလှသည်ဟု နာမည်ကျော်သော
          မျက်စိထဲ မတွေ့တာနဲ့ ချက်ချင်း အလုပ်ဖြုတ်တတ်သော
          Respect ဆိုတဲ့စကားကို ဂရုမစိုက် သော
          ကျွန်မတို့ ရဲ့ အချစ်တော်ကြီး Steve Jobs တောင်မှ
          သူ့ကို ငယ်တုန်းက မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာမ Mrs. Hill ကို
          “one of the saints in my life” လို့ တင်စားခဲ့ပါတယ်။

          ဆိုတော့ကာ
          ဆရာတိုင်း ကို အနန္တော အနန္တ ငါးပါးထဲထည့်စရာ မလိုတာ လိုတာ ထားလိုက်ဦး။
          အနှိုင်းမဲ့ စေတနာ နဲ့ ကိုယ့်ကို ပျိုးထောင်ပေးသူ တွေ ကိုတော့ သာမာန်လူလို့ သဘောမထားသင့်ပါ။
          ကျေးဇူး ရှိသူဟာ ကျေးဇူးရှိသူ ပါဘဲ။
          သဘောက စေတနာအပြည့်နဲ့ သင်ပေးတဲ့ ဆရာတွေ ရဲ့ ပညာ ဟာ အရောင်းအဝယ် လုပ်ရနိုင်ဖို့ တန်ဖိုး ဖြတ်လို့ မရပါ သူကြီးရေ။
          ဒါကြောင့် ရောင်းသူ-ဝယ်သူ သဘော ကတော့ တစ်ချို့ ဆရာ များ အတွက် လုံးဝ (လုံးဝ) ကို မသင့်တော်ပါဘူး။

          စဉ်းစားမိတာလေး
          သူကြီးရော Mrs. Hill လို ဆရာ/မ မျိုးနဲ့ ကြုံဘူး သလားလို့။
          မကြုံဘူးရင်တော့လဲ ကြုံဘူး တဲ့ သူတွေ ရဲ့ စိတ်မှာ သူတို့ဟာသူတို့ အဲဒီလို ဆရာသမားကို ကြိုက်သလို ကိုးကွယ်ခွင့်၊ သဘောထားခွင့် ကို နားလည် ပေးလိုက်ပါလေ။
          ဒါမှ အစွန်းမထွက် မှာလို့ ထင်မိပါကြောင်း။ 😀

        • kai

          August 18, 2012 at 3:43 am

          အရီးလတ်ခင်ဗျ…
          အလွန်ကိုနားလည်ပြီး.. သဘောပေါက်ပါတယ်ခင်ဗျ…
          ဆရာတွေကို.. Respect အပြည့်ထားပါတယ်ခင်ဗျ..

          အခုဇတ်လမ်းက..
          မြန်မာ့ပညာရေးစနစ်ပြောင်းရာမှာ.. အသစ်သောပညာရေးစနစ်မှာ.. ဆရာ/တပည့်..ပြောဆိုမေးမြန်းပြောဆိုရေးမှာ.. လိုအပ်တာလို့ ယူဆမိလို့.. အတင်းကိုဖိပြောနေရတာဖြစ်ပါတယ်ခင်ဗျ…
          မကြာခင်.. ယူအက်စ်တက္ကသိုလ်တွေနဲ့.. မြန်မာတက္ကသိုလ်တွေ.. ချိပ်ဆက်ကြပါလိမ့်မယ်..
          အဲဒီအတွက်.. ဆက်ဆံရေးတွေ.. အစွန်းမရောက်နေအောင်.. တတ်နိုင်သလောက်.. အသိပေး ပြင်ဆင်ပေးလိုရင်းပါခင်ဗျ..

          ကျုပ်မူရင်းပါစင်နယ်စိတ်ကတော့.. မြို့မကျောင်းထွက်ပီပီ.. ဆရာနဲ့လမ်းမှာမျက်နှာချင်းဆိုင်တွေ့ရင်တောင်.. လက်အုပ်ချီ.. မင်္ဂလာပါဆရာလို့.. ပြောဆိုနှုတ်ဆက်တာကို.. ဂုဏ်ယူတတ်သူပါခင်ဗျ…

        • အရီးခင်လတ်

          August 18, 2012 at 3:57 am

          ဟိဟိ
          ဒီလို လုပ်ပါ သူကြီးလေးရယ်။
          လိမ္မာစမ်းပါ။ 😀 jk

          ယူအက်စ်တက္ကသိုလ် က ဆရာတွေ ကလဲ မြန်မာ့ ယဉ်ကျေးမှု ကို နားလည်အောင် လုပ်ပြီး လာမဲ့ သူတွေချည်းပါဘဲ။
          အာပလာ တက္ကသိုလ် မဟုတ်ခဲ့ရင်ပေါ့။
          သူတို့ က နိုင်ငံတကာ၊ ယဉ်ကျေးမှု ပေါင်းစုံ က လူတွေနဲ့ ဆက်ဆံရေး အတွက် သိပြီးသားပါ။
          လိုအပ်ရင် သူတို့ ပုံကို ရအောင် သွင်းမှာပါဘဲ။
          ကျောင်းသား တွေ ဖက်က မရိုင်း ဖို့သာ အဓိကပါ။
          သူတို့ က ရိုင်းရင်တော့လဲ Customer is always right ဆက်ဆံရေး ပေါ့။ 🙂

        • htoosan

          August 18, 2012 at 5:48 am

          ရန်ကုန်က international school တွေမှာ တော့ သူကြီးတို့ ပုံစံ ဖြစ်နေ ဝင်နေတာ တော်တော် တွေ့ရပါတယ် ။ သွားတက်နိုင်တဲ့ သူတွေကလည်း သူဌေး သားသမီးတွေ ဆိုတော့ customer right ကို အတော် သုံးကြပါတယ် ။ ဆရာတွေ ကို မကြိုက်ရင် မကြိုက်သလို complain တက်ကြ . ဆရာတွေလည်း ဖြေရှင်းကြရနဲ့ ….
          ကျွန်တော်တို့ ဆရာ ဆရာမ တွေ ဆက်ဆံရေးနဲ့ သူတို့ ဆက်ဆံရေး မတူတော့ပါဘူး …

        • TTNU

          August 18, 2012 at 11:23 am

          ကို FR ရေ…
          ခင်ပွန်းကြီးဆယ်ပါးကို လောကုတ္တရာ သင်ပေးတဲ့ ဆရာမှ၊
          လောကီ စာသင်ပေးတဲ့ ဆရာမှ လို့ ၊ခွဲခြားထားတာရှာမတွေ့ပါ။
          http://friendsdaygroup.ning.com/profiles/blogs/2293535:BlogPost:674190
          မှာရေးထားတာလေး ထုတ်ပြချင်ပါတယ်။

          (ဗုဒ္ဓဘာသာတော်တော်များများက ခင်ပွန်းကြီးဆယ်ပါးက ရတနာသုံးပါးထက် ပိုအရေးကြီးတယ်လို့ ထင်နေကြတယ်။ လက်ရှိ ဩကာသကန်တော့ချိုးတောင်မှ မပြည့်စုံလေဟန် ရေးသား ဟောပြောနေကြတယ်။ တကယ်တော့ ခင်ပွန်းကြီးဆယ်ပါးဆိုတာ ဘုရားဟောစာပေထဲမှာ မရှိပါဘူး။ ဒါကြောင့် ခင်ပွန်းကြီးဆယ်ပါး အရေအတွက်ကလဲ တယောက်တစ်မျိုး ရေတွက်နေကြရတယ်)။

          (မင်းဘူးဆရာတော် ဦးဩဘာသ၏ တေမိယဇာတ်တော်ကြီးဝတ္ထု ၌ —-
          ၁။ သဗ္ဗညုမြတ်စွာဘုရား၊
          ၂။ ပစ္စေကဗုဒ္ဓါ၊
          ၃။ ကိလေသာကုန်ပြီးသော ရဟန္တာ၊
          ၄။ မြတ်စွာဘုရား၏ လကျ်ာရံ လက်ဝဲရံ ဖြစ်သော အဂ္ဂသာဝကအရှင်မြတ်၊
          ၅။ အမိ၊
          ၆။ အဖ၊
          ၇။ အရွယ်ကြီးခြင်း အမျိုးမြတ်ခြင်း ပညာကြီးခြင်း သီလသမာဓိရှိခြင်း
          အစရှိသောဂုဏ်တို့ ကြောင့် အလေးအမြတ်ပြုအပ်သောသူ၊
          ၈။ အကျိုးအကြောင်းကို ဆုံးမသွန်သင်ပဲ့ပြင်ပေးတတ်သောသူ၊
          ၉။ ထမင်းအဖျော်အိပ်ရာ နေရာ အဝတ်ပုဆိုးစသည် တစ်စုံတစ်ခု
          ပစ္စည်းအာမိသ ပေးဖူးသောသူ၊
          ၁၀။ သူခပ်သိမ်းတို့ကို ကုသိုလ်တရားပွါးများစေခြင်းငှါ တရားဟောပေးသောသူ။) လို့
          ခွဲပြပါတယ်တဲ့။

          (လုံးတော်ဆရာတော်၏ ပစ္ဆာပကိဏ္ဏကကျမ်း စာမျက်နှာ ၇၁ မှာတော့
          ၁။ သဗ္ဗညုမြတ်စွာဘုရား၊
          ၂။ ပစ္စေကဗုဒ္ဓါ၊
          ၃။ သာဝက ရဟန္တာ၊
          ၄။ လကျ်ာရံ လက်ဝဲရံ ဖြစ်သော အဂ္ဂသာဝကအရှင်မြတ်၊
          ၅။ အမိ၊
          ၆။ အဖ၊
          ၇။ ဆရာ၊
          ၈။ အဖန်တလဲလဲ မပြတ်ဆုံးမပေတတ် ဆရာမြတ်၊
          ၉။ ပေးကမ်းဖူးသောသူ၊
          ၁၀။ တရားဟောပေးသောသူ) လို့ ဖော်ပြပါတယ်တဲ့။

          (ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက် ၁၉၅၆-ခုနှစ်ထုတ် ဘုရားရှိခိုးအမျိုးမျိုး
          မူဟောင်း စာအုပ် မှာတော့

          ၁။ ဗုဒ္ဓေါ စ – သစ္စာလေးပါး တရားသိမြင် ဘုရားရှင်
          ၂။ ပစ္စေကဗုဒ္ဓေါ စ – ကိုယ်တိုင်သစ္စာ သိပြီးပါလည်း ဟောကာမပြ
          သီးခြားရသော ပစ္စေကဗုဒ္ဓါ
          ၃။ အရဟာ စ – အာသဝေါကုန်းခန်း ရဟန္တာအရှင်
          ၄။ အဂ္ဂသာဝကာ စ – လက်ဝဲလက်ျာ ခြံရံကာဖြင့် ပညာတန်ခိုး
          စိုးမိုးထက်လှ အဂ္ဂသာဝကတို
          ၅။ မာတာ စ – ကိုးလလွယ်ရ ဆယ်လဖွါးကာ မွေးသည်မိခင်
          ၆။ ပိတု စ – လူလားမြောက်အောင်လုပ်ဆောင်ကျွေးမွေးပညာပေးသည့် ကျွေးသဖခင်
          ၇။ ဂရု စ – ချမ်းသာရန်တွေး ပညာပေးသဖြင့် အလေးအမြတ်ပြုအပ်သော ဆရာ
          ၈။ သတ္ထာ စ – လိမ္မာစေကြ ကျိုးကြောင်းပြလျှက် ဆုံးမပေတတ် ဆရာမြတ်
          ၉။ ဓမ္မဒေသကာ စ – သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်ညွှန်ကြား မမှောက်မှားရအောင် တရားဟောဖေါ်တတ်သူ
          ၁၀။ ဒါယကာ စ – စားရေးနေရေး မနှောင့်နှေးရအောင် ပေးဆောင်တတ်သူ)
          လို့ ပါရှိပါတယ်။

          သဗ္ဗညုဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ အမိ၊ အဖ၊ တရားဟောပြသူ ဤငါးဦး၌ ကွဲပြားမှု မရှိကြ။
          အားလုံး အယူအဆတူသည်။ ဂုရု နှင့် ဂရု ကား အတူတူပင်ဖြစ်သည်။ ယင်းအရ အတတ်သင်ပေးသောဆရာ-ဟု၎င်း အလေးပြုအပ်သောသူ-ဟု၎င်း
          နှစ်မျိုးအယူအဆ ကွဲသည်။
          အလေးပြုအပ်သူဟုဆိုလျှင် ဆရာဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အလေးပြုအပ်သူမှန်သမျှ ဂရုမည်နိုင်သည်။ သတ္ထာအရလည်း ညွှန်ပြဆုံးမသူ သာမန်ယူလျှင် ဆရာဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သက်ဆိုင်နိုင်သည်။
          သဒ္ဓါတရားနှင့် ပြည့်စုံသူ၊ သီလစောင့်သူ၊ ဝုဒ္ဓါပစာယန၊ ဟိတကရတို့ကို ခင်ပွန်းကြီးထဲ ထည့်သွင်းခြင်းကား အရေအတွက် ပြည့်ရုံလောက်သာ အကျိုးရှိနိုင်သည်။
          ခင်ပွန်းကြီးဆယ်ပါးကို မပြစ်မှားအပ်သူ ကျေးဇူးရှိသူ မေတ္တာပို့အပ်သူ အဖြစ် ယူဆမှု အားလုံး တူကြသည်။ ရှိခိုးခံထိုက်သူ အဖြစ်ကား ယူဆမှု တူကြမည်မဟုတ်။
          ရှိခိုးသူထက် မြင့်မြတ်သော ရှိခိုးခံထိုက်သူခင်ပွန်းရှိသလို မမြင့်မြတ်သူ ခင်ပွန်းလည်း ရှိနိုင်သည်။ ဥပမာ- ရဟန်းတော်က ဒါယကာကို ရှိခိုးမှု မဖြစ်နိုင်ပါ။)

          TTNU.

        • Foreign Resident

          August 18, 2012 at 11:38 am

          ဆရာမကြီးရေ ။

          ကျနော် ပြောလိုတဲ့သဘောက ၊

          လောကီ စာသင်ပေးတဲ့ ဆရာဆိုတာ ၊
          အနန္တော အနန္တ ငါးပါးထဲ မပါဘူး လို့ ၊
          ကြားဘူးတာကိုပြောတာပါ ။

          ဘာ ဆရာ ပဲ ဖြစ်ဖြစ် ၊
          ခင်ပွန်းကြီး ဆယ်ပါးထဲမှာ ပါတယ် ဆိုတာကို ၊
          အငြင်းမပွားပါဘူး ။

          အခုကတော့ ပိုရှင်းသွားပါပြီ ။
          အနန္တော အနန္တ ငါးပါး ဆိုတာကိုယ်နှိုက်ကိုက ၊
          ဘုရားဟောထဲမှာ ရှိမှ မရှိခဲ့တာကိုး ။
          နောက်လူတွေရဲ့ ထွင်လုံးတွေမှန်း သိသွားပါပြီ ။

          ဆရာမကြီး ပြန် ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ ။

        • Foreign Resident

          August 18, 2012 at 11:45 am

          ဆရာမကြီး ရဲ့ comment ထဲကမှ ၊

          ဒီ ၃ မျိုးကတော့ လောကီ စာသင်ပေးတဲ့ ဆရာ လို့ယူဆပြီး ၊

          ၈။ အကျိုးအကြောင်းကို ဆုံးမသွန်သင်ပဲ့ပြင်ပေးတတ်သောသူ၊
          ၇။ ဆရာ၊
          ၇။ ဂရု စ – ချမ်းသာရန်တွေး ပညာပေးသဖြင့် အလေးအမြတ်ပြုအပ်သော ဆရာ

          ဒီ ၃ မျိုးကတော့ လောကုတ္တရာ သင်ပေးတဲ့ ဆရာ လို့ယူဆပါတယ် ။

          ၁၀။ သူခပ်သိမ်းတို့ကို ကုသိုလ်တရားပွါးများစေခြင်းငှါ တရားဟောပေးသောသူ။
          ၁၀။ တရားဟောပေးသောသူ
          ၉။ ဓမ္မဒေသကာ စ – သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်ညွှန်ကြား မမှောက်မှားရအောင် တရားဟောဖေါ်တတ်သူ

  • etone

    August 17, 2012 at 4:48 pm

    တီချယ်ကြီးရယ် … မြန်မာမှာတောင် စကားပုံရှိပါသေးတယ် ….
    ငပိဖုတ်တာတောင် ဆရာမပြလျှင် နည်းမကျဆိုတာပါ …. ။ ဆရာဆိုတဲ့ နေရာမှာလည်း သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာဆိုပြီး .. အဆင့်ဆင့်ပြန်ကွဲသွားပြန်ပါသေးတယ် … ။ ဆရာထဲမှာမှ …. ဆွမ်းဆန်ထဲ ကြွက်ချေးရောတဲ့ ခေတ်ပျက်ဆရာတွေကလည်း ရှိလာတော့ … ဝါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းခံလိုက်ရတာပဲ တီချယ်ရေ …. ။ တသက်လုံး စောင့်စည်းလာတဲ့ .. ဆရာတွေရဲ့ စေတနာက .. .. စုန်းပြူးတွေကြောင့် သဲထဲ ရေသွန်ဖြစ်ကုန်တော့တာပါပဲ … ။

    သမီးအမေလည်း ဆရာမတစ်ယောက်ပါပဲ … အနှစ်နှစ်ဆယ်ကျော် ကြာတဲ့အထိ သူ့ဝါသနာအရ .. စာသင်ခြင်းကိုပဲ ဇောက်ချလုပ်ခဲ့တယ် ..အ ခုထက်ထိလည်း … အစိုးရကျောင်းတစ်ကျောင်းမှာ မူလတန်းပြ အဖြစ်နဲ့ … လုပ်နေစဲပါ … ။ ပင်စင်မယူခင်အထိတော့ .. ဘယ်သူတားတားမရ … လုပ်ဦးမယ်ဆိုပဲ … ။ သူ့သူငယ်ချင်းတွေ … အားလုံးက … အဆင့်ဆင့် စာမေးပွဲတွေ ထပ်ဖြေပြီး အလယ်တန်း ပြ ၊ အထက်တန်း ပြနဲ့ .. နယ်ဘက်တွေ မှာ ကျောင်း အုပ်တွေ ဖြစ်သွားသလောက် … အမေကတော့ မူလတန်းပြ ဆရာမတစ်ယောက်အနေနဲ့ .. .. (ရန်ကုန်) စမ်းချောင်းက ၊ အမက ကျောင်းလေးတစ်ခုမှာပဲ … အခုထက်တိုင် ပျော်နေခဲ့တာလေ … ။ သူ့တပည့်ဖြစ်ခဲ့ဖူးသူတွေ လမ်းမှာတွေ့လို့နှုတ်ဆက်လျှင် .. ဘယ်သူဘယ်ဝါ မှတ်မိတုန်းပဲ … ။ အမေက အသက်မကြီးသေးပါဘူး … အန်ကယ်ခင်ခနဲ့ .. နှစ်နှစ်လောက်ပဲ ကွာတယ် … ။ ကျောင်းသားတွေကို ထားတဲ့ စေတနာက … သားသမီးတွေထက်တောင် ပိုခဲ့လို့ .. တစ်ခါတစ်လေ မနာလိုဖြစ်မိပါတယ် ။ မိုးရွာလို့ ကျောင်းမသွားပါနဲ့ မေမေရယ်ဆိုလည်း မရ ၊ ခြေထောက်တွေယောင်နေလို့ .. ဒီနေ့ နားလိုက်ပါလားဆိုလည်း မရနဲ့ …. စာသင်ခြင်းကို ခံတွင်းတွေ့နေခဲ့တာ … ဘာမှ မပြောနိုင်တော့ ဒီတိုင်းပဲ ပျော်သလို နေပါစေလို့ လွှတ်ထားပေးရတယ် ။

    ပညာရေး စနစ် တစွန်း တစ ယို့ယွင်းနေတဲ့ အချိန်မှာ … အသပြာဆရာတွေပေါလာပြီမို့ ဆရာတွေကျေးဇူး ဒီလာက်ကြီး မမြင်တတ်ကြတော့ဘူး… ။ အမေကတော့ … တပည့်တွေနဲ့စာသင်ရလျှင်ပျော်နေပေမယ့် … ကျောင်းတွင်းကစာသင်နေတဲ့ အချိန်ကို တန်ဖိုးထားပြီး … လိုလိုချင်ချင် တတ်တဲ့ ကျောင်းသား .. ၊ စိတ်ဝင်တစား သင်ယူနေတဲ့ကျောင်းသား …အရည်တွက် အတော်နည်းသွားပြီဆိုတာ … သူမေ့လျော့နေခဲ့သလား ၊ မေ့ချင်ယောင်ဆောင်နေခဲ့သလား မသိပါဘူး… ။ အခုဆို .. တတ်နိုင်သူတွေ ပရိုက်ဗိတ်ကျောင်းတွေဘက်ကို …ကူးသွားကြပြီ …. ။

    ကြိမ်လုံးတစ်ချောင်းနဲ့ ယူနီဖောင်းနဲ့စာသင်နေတဲ့ အမေ့ကို .. ကျောင်းမှာလိုက်ကြည့်တိုင်း … ငယ်ငယ်က ဆရာမအရမ်းဖြစ်ချင်ခဲ့တာ … စုန်းပြူးဆရာတွေရောတဲ့ခေတ်နဲ့…. ကြီးလည်းလာရော .. … ယောင်လို့တောင် ဆရာမဖြစ်ချင်ပါတယ် မပြောတော့ဘူး…. ။ စာသင်ခြင်းအလုပ်ကတဲ့ … စေတနာနဲ့ အနုပညာပေါင်းစပ်အချိုးချခြင်း တစ်မျိုးလို့သူက အမြဲပြောလေ့ရှိတယ် …. ။ တစ်ခါတစ်လေတော့လည်း .. စာသင်ခြင်းအပေါ် စွဲလမ်းပြီး … ဝါသနာပါလွန်းတဲ့သူ့ကို ၊ ဘာလို့များ သူများတွေလို … ဆရာမမျိုး မဖြစ်ချင်ရသလဲလို့ တွေးမိပြီး ….. ဂရုဏာ ဒေါသဖြစ်မိပါတယ် … ။

    ဆရာဆိုတဲ့ လူတွေက … ပြောမယ့်သာပြောတာ.. မျက်လှည့်တတ်တယ် တီချယ်ရေ … ။ သမီးလို ဂျစ်တီးဂျစ်ကန် စွာစိနေတဲ့ လူမျိုးကိုတောင် …. တဖက်လှည့်နဲ့ …. စကားနာတွေထိုးပြီး ၊ မခံချင်စိတ်တွေတွန်းလို့ … သင်ပြသွားတဲ့ … အလုပ်က ဆရာဖြစ်သူကို … အခုအချိန်မှာ အရမ်းပဲ ချီးကျူးအားကျမိပါတယ် … ။ ကျေးဇူးလည်းတင်မိပါတယ် …… 🙄
    အရင်းခံစိတ်နဲ့ စေတနာဆရာတွေအားလုံးကို လေးစားမိပါတယ် … ။

    • TTNU

      August 18, 2012 at 12:10 am

      အိတုန်ရေ…
      (ဆရာတွေရဲ့ စေတနာက စုန်းပြူးတွေကြောင့် သဲထဲ ရေသွန်ဖြစ်ကုန်တော့တာပါပဲ )
      တကယ်မှန်ပါတယ်။ ဒါပေမဲ့ အိတုန်ရေ၊ Flawless ဆိုတာ မရှိနှိုင်တဲ့ ဒီလောကကြီးထဲမှာ
      တီချာတို့ တွေက ခြောက်ပြစ်မကင်းတောင်မှ သဲလေးစင်အောင် အားထုတ်နေကြရတာကလား။

      ကိုယ်တစ်ယောက်တည်းလည်းမရ၊ များသူငါ နင်ပါ ပါမှ ဆိုစကားအတိုင်း ဆရာ/မ အားလုံး
      တာဝန်ဖြစ်နေပါပြီ။ ကျောင်းသား/သူတွေအနေနဲ့ ငွေပေးသင်ရတဲ့ ကျူရှင်ဆရာကို
      သူတို့ ငွေပေးထားရတဲ့ အလုပ်သမားလိုဆက်ဆံရင်တောင်မှ ဆရာ/မတွေဖက်က
      အလုပ်သမားစိတ်မမွေးဘဲ နာသုံးနာမက ထားမှသာ အသပြာဆရာလို့ သတ်မှတ်ခံရခြင်း
      ဘဝကလွတ်ကြမှာနော်။

      အိတုန်မေမေလို ဆရာမမျိုးကိုလေးစားပါတယ်။ ဒီလိုဆရာမမျိုးတွေ ရှားပါးသွားပြီမို့ တန်ဖိုးရှိလှပါတယ်။ကရုဏာဒေါသမထွက်ပါနဲ့ကွယ်။

      အိတုန်ရေ.. BC လေးလက်ခံပါနော်။
      မေတ္တာဖြင့်
      TTNU.

      • etone

        August 18, 2012 at 11:48 am

        တီချယ်ရေ …. အရင်က မေတ္တာတရားကို အခြေံပြီး စိတ်ရင်းမှန်နဲ့ ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေတော်တော်များများ စီးပွားရေး ဆန်လာကြတာ ၊ စိတ်မကောင်းစရာပါပဲ ။ စာလာသင်တဲ့ လူကလည်း ၊ ငါပိုက်ဆံပေးထားလို့ ကျောင်းလာတတ်တာဆိုတဲ့ စိတ်မျိုး … ဖြစ်လာကြသလို ၊ စာသင်ပေးမယ့်လူကလည်း …. သူ့ဆီက ငါ ပိုက်ဆံရလို့ စာသင်တာ ၊ မရလျှင် မသင်ဘူးဆိုတဲ့ စိတ်မျိုး .. တဖြည်းဖြည်းတွေ့လာရတယ် … ။ လူ ့စိတ်ထဲက အရင်းခံတွေ တဖြည်းဖြည်းပျောက်ပြီး … ဈေးတွက်ချင်တဲ့ စိတ်တွေဘက် ဦးတည်လာသလားလို့တွေးမိတယ် … ။ နောက်ပိုင်းဆို စိတ်တွေတောင် ခံစားချက်မဲ့ပြီး၊ လူစိတ်ပျောက်ကြတော့မလားပဲ … ။

        တီချယ်ပေးတဲ့ .. တတိယအကြိမ် BC အတွက် ကျေးဇူးအများကြီးတင်ပါတယ် ။

  • manawphyulay

    August 17, 2012 at 5:03 pm

    တီချယ်ရေ…
    ခုတော့ ငပိကိုစား အားရှိအောင်နေနေကြတာပေါ့လေ..
    ဆရာဆိုတာ အကုန်အဓိပ္ပာယ်က ဖွင့်ထားကြလို့ သမီးကတော့မပြောလိုက်တော့ပါဘူး။ လောလောဆယ် ဆရာဆိုတာ အားကုန်တယ်။ အာပေါက်တယ်။ မောတယ်။ ထပ်ခါထပ်ခါရှင်းနေရတယ်။ ဟူး
    လိမ်မာတဲ့တပည့်ပဲဖြစ်ဖြစ် ဆိုးတဲ့တပည့်ပဲဖြစ်ဖြစ် ဘယ်တပည့်မဆို ချစ်ရတာပါပဲ။

    • etone

      August 17, 2012 at 7:59 pm

      တီချယ် အစ်မ မနောပြောတဲ့ ငပိတော့မစားပါနဲ့နော် …. တီချယ်မှာသွေးတိုးရှိတယ်မို့လား…. ။ 😀 နောက်ပြီးဆရာမ ဝင်းပြုံးမြင့်ရေးတဲ့စာထဲမှာလည်း မြေဩစာတွေရောပြီးလုပ်တတ်တယ်တဲ့ …. ။ 😆

  • အလင်းဆက်

    August 17, 2012 at 6:29 pm

    ဆရာ မကောင်းတော့ လည်း..တပည့်ခေါင်းပေါ့ အန်တီရယ် ။
    အဟိ ။

  • မဟာရာဇာ အံစာတုံး

    August 17, 2012 at 8:21 pm

    တီချယ်ကြီး ခင်ဗျာ ..
    ကျနော့်ရဲ့ ဘဝမှာ ဆရာတွေ အများကြီးနဲ့ တွေ့ခဲ့ပါတယ် …
    ခုလည်း တွေ့၊ နောင်လည်း တွေ့မှာပါပဲ ..
    ဆရာဆိုတဲ့ အဓိပ္ပါယ်ကိုတော့ဖြင့် မဖွင့်ဆိုတတ်ပါဘူး ခင်ဗျာ ..
    အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်လို့ပဲ ကျနော့် အနေနဲ့ စွဲမှတ်ထားပါတယ် ..
    တင်ပေဖူး၊ သင်ပေးဖူးတဲ့ ကျေးဇူးတွေကို ရည်မှတ်လို့
    ညစဉ် ဆရာသမားတွေကို ဘုရား၊ တရား၊ သံဃာ၊ မိဘနဲ့ရောပြီး ရှိခိုး အိပ်ခဲ့ပါတယ် ..
    ကိုယ်ရေသွေးပြီး ပြောတာ မဟုတ်ပါဘူး ခင်ဗျာ ..
    ကျနော့်ရဲ့ ဆရာနဲ့ ပတ်သက်တဲ့ အကြောင်းလေးကို ပြောပြတာပဲပဲ ခင်ဗျာ …

  • YE YINT HLAING

    August 17, 2012 at 8:32 pm

    “သင်ကြားပေးခြင်းဆိုတာအလုပ်အကိုင်တစ်ခုမဟုတ်ပါဘူး။အနုပညာတစ်ရပ်ပါ။”
    ဒါကြောင့်လည်း ကျွန်တော်တို့ သင်ခဲ့ရတဲ့ ဆရာ/ဆရာမ တွေဟာ တဦး နဲ့ တဦး အာဘော်တွေမတူပဲ ဆွဲဆောင်မှု တမျိုးစီနဲ့ တပည့်တွေ မပျင်းရိ ရအောင် စိတ်ဝင်စားအောင် နေ့စဉ်နဲ့အမျှ သင်ပြပေးနိုင်ခဲ့တာပေါ့ ။

    • TTNU

      August 18, 2012 at 12:29 am

      မနောရေ…
      (လိမ်မာတဲ့တပည့်ပဲဖြစ်ဖြစ် ဆိုးတဲ့တပည့်ပဲဖြစ်ဖြစ် ဘယ်တပည့်မဆို ချစ်ရတာပါပဲ။)
      တော်လိုက်တာ။ တီချာတော့ တပည့်တိုင်းအပေါ်မှာ မခွဲခြားဘဲသင်ပေးမယ်။ နည်းစုံ
      သုံးမယ်။ ဒါပေမဲ့ အားလုံးကိုတော့ မချစ်ဘူးတော့။ တစ်ချို့ တပည့်တွေ ကျောင်းပြေး၊
      အိမ်စာမလုပ်၊ ဂျလေဘီလုပ်၊ အဲဒါမျိုးတွေဆိုရင် မချစ်ဘူး။ တစ်ခါ နှစ်ခါ ဆိုဆုံးမလို့
      မရရင် အော်မိရော။ မင်းတို့ကို ငါ အက်ဆစ်နဲ့ ပက်တာမဟုတ်ဘူးနော်။ အရက်ပြန်တို့တာ။
      အေး နည်းနည်းတော့စပ်မှာပဲလို့ ပြောရတော့တယ်။
      —————————————————- 🙂
      အလင်းဆက်ရေ…
      ဆရာကောင်းနဲ့တွေ့ပါစေကွယ်။
      —————————————————- 🙂
      မောင်အံစာရေ…
      ဆရာကောင်းတပည့် ပန်းကောင်းပန်နှိုင်ပါစေကွယ်။
      —————————————————- 🙂
      ရဲရင့်လှိုင်ရေ…
      ဆရာအမျိုးမျိုးဆီက ကောင်းသောအတတ်ပညာတွေ အမျိုးမျိုး
      တတ်မြောက်နှိုင်ပါစေကွယ်။
      —————————————————- 🙂

  • တပည့်နဲ့ဆရာ
    အလုပ်ရှင်နဲ့အလုပ်သမား တစ်ကျပ်ဖိုးပေးရင် တစ်ကျပ်ဘိုးဘဲရမှာပေါ့နော်
    သို့သော် ကံကောင်းထောက်မစွာနဲ့
    ငါးမူးလောက်တောင်မပေးနို်င်တဲ့တပည့်ဖြစ်တဲ့ကျနော့်ကို တစ်ဆယ်ဘိုးမက သင်ပေးသော
    ဆရာ ဆရာမများနှင့်သာကြုံတွေ့ခဲ့ဘူးသောကျနော်အနေဖြင့်
    ကျနော်၏ဆရာ ဆရာမများကို ကျနော်အနေဖြင့် အလုပ်အပ်နှံသူလို့ မခံယူဝံ့ကြောင်း

    ကိုခိုင်ရေ
    “ပညာရှာပညာ နို့ပုန်းစား”လို့တောင် ဆိုရိုးထွက်ခဲ့တာပါ.. ဒီစကားပုံတော့ မကြားဘူးပါ။
    ပညာရှာ ပမာ သူဖုန်းစား လို့ ကြားဘူးပါ၏
    အတတ်ပညာရှာသောနေရာတွင် ရသလောက်နေရာမှ ရသလောက်ယူစေလိုသော
    သဘောကိုဆောင်သော စကားပုံအဖြစ်မှတ်သားရဘူးပါ၏။
    လောကကြီးမှာ ကိုယ့်အမြင်နဲ့ကိုယ် တွေးပြီး နေထိုင်ကြတာမို့ တစ်ယောက်နဲ့တစ်ယောက်
    တွေးလုံးခြင်းတူနိုင်မှ တူပါမယ်။

    • kai

      August 17, 2012 at 11:05 pm

      စာရိုက်တာလောသွားလို့.. typo… typo
      “ပညာရှာ ပမာ နို့ပုန်းစား”..ပါ..

      “ပညာရှာ ပမာ သူဖုန်းစား” ဆိုတာ.. မှားတယ်လို့.. ဥိးသုခပြောဖူးတယ်..။ 🙂

      • ဟုတ်ပီကိုခိုင်ရေ
        နို့ပုန်းစားနဲ့ သူဖုုန်းစား မှန်တဲ့ဘက်ကို ပြင်ပေးလိုက်တော့။

    • TTNU

      August 18, 2012 at 12:42 am

      ကိုပေါက်ရေ…
      ကျေးဇူးတင်ပါတယ်။
      တီချာတို့တွေ Material World ထဲကို ရောက်မသွားခင်အထိတော့
      ဒီအတိုင်း စိတ်ထားနှိုင်ကြမှာပါ။
      ရောက်လာမှာမို့လားလို့ ထင်ထားမိသူများ ကို မငြင်းလိုပါနော်။ 🙄

  • ko khin kha

    August 17, 2012 at 11:54 pm

    ဆွမ်းအုပ်နီနီ အမေရွက်လို့
    မနက်ဖန်မနက် ကျောင်းသွားမယ်
    အမောင်လည်းလိုက်မယ် ချန်မထားနဲ့
    အမေသွားတော့ ပျင်းလှတယ်
    ကျောင်းကြီးပေါ်မှာ အမောင်ငယ်စော့တော့
    ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်
    အမောင်ငယ်မစော့ပါ စိတ်ပုတီးနဲ့ ဘုန်းတော်ကြီးလိုနေပါမယ်
    လိုက်ကွယ် လိုက်မယ်။
    တီချယ်ကြီးခင်ဗျား အဲဒီနေရာတွေမှာတော့ စေတနာဆရာတွေ ရှိနေစဲပါလို့။

    • TTNU

      August 18, 2012 at 12:49 am

      ကိုခ ရေ…
      အတွေးလေးအတွက်ကျေးဇူးတင်ပါတယ်။
      တီချာတို့ တွေ စေတနာဆရာ/မ များရှာဖွေရေး လုပ်ကြရာမှာ
      ရွာဦးကျောင်းက ဘုန်းတော်ကြီးတွေလည်းပါနေတာပဲနော်။

      တီချာတို့ ငယ်ငယ်တုန်းက ရွာအဝင်လမ်း ရွာကျောင်းလေးမှာ
      သင်ကြားပေးခဲ့တဲ့ ဆရာ/မတွေ ပြေးမြင်မိပါတယ်။

      ဘာကျူရှင်မှ မတက်ဖူးဘဲနဲ့ ဘွဲ့ရတဲ့အထိကျောင်းနေခဲ့ရတဲ့
      ဘဝကိုလည်းခုံခုံမင်မင် ရှိခဲ့ပါတယ်။

      အဲဒါဆရာများရဲ့ ဂုဏ်ကျေးဇူးပါ ကိုခ ရေ။
      🙂

  • ကြောင်ကြီး

    August 18, 2012 at 12:15 pm

    ဆရာ ဆရာ
    မာကလာ
    အသာအယာ
    နွှာပါဗျာ၊
    ကမာ္ဘခမျာ
    တဏှာရွာ
    ဗလာမပါ
    ငါဒကာ..။

  • ကြောင်ကြီး

    August 18, 2012 at 7:52 pm

    သဂျီးတို့ရွာက ဆရာမတယောက် အကြောင်းဗျာ.. အတိုချုပ် ဘာသာပြန်ရရင်တော့ အသက်၂၈နှစ် အရွယ်ရှိ အထက်တန်းပြ ခလေးသုံးယောက်အမေက ၁၈နှစ်အရွယ် ကျောင်းသား၅ဦးနဲ့ သူ့အိမ်မှာ ၂လတာ ဇာတ်လမ်းရှုပ်ခဲ့တာ မိသွားလို့ ထောင်ငါးနှစ် အချခံရတာ…။ ချာတိတ်တွေက နှယ်နှယ်ရရတော့ မဟုတ်ဘူး၊ ပြေးခုန်ပစ်၊ ဘောလုံး အားကစားသမား တောင့်တောင့်ဖြောင့်ဖြောင့်တွေဗျ။ အစမှာ တက်စ်မက်ဆေ့ချ်ပို့ကြရင်းနဲ့ နောက်ပိုင်းဇာတ်လမ်းဖြစ်ကုန်တာ။ တယောက်ချင်းတောင် မဟုတ်ဘူး၊ တယောက်နဲ့အများ group sex ပါလုပ်ကြတာ။ ယောက်ကျားက အဝေးရောက်နေတဲ့စစ်သား ဒါပေမဲ့ သူ့မိန်းမအပေါ် စိတ်ဆိုးပေမဲ့ ခွင့်လွှတ်သတဲ့ “because ’til death do us part means ’til death do us part.” သဂျီးဘော်ဒါ ပီသလိုက်ပုံများ..
    Ex-teacher gets 5-year prison term for student sex
    Associated PressAssociated Press –
    Associated Press/Arlington Police Department – This photo provided by the Arlington Police Department shows Brittni Colleps. Colleps, a former Texas high school teacher, was convicted Friday, Aug. 17, 2012, …more

    FORT WORTH, Texas (AP) — A former North Texas high school teacher was convicted Friday and sentenced to five years in prison for having sex with five 18-year-old students at her home.

    The Tarrant County jury decided on the sentence for Brittni Nicole Colleps, 28, of Arlington after nearly three hours of deliberation. It took jurors less than an hour to find her guilty earlier in the day of 16 counts of having an inappropriate relationship between a student and teacher. The second-degree felony is punishable by two to 20 years in prison per count.

    The former Kennedale High School English teacher had sex with the students at her home over two months in 2011, authorities said.

    Colleps is married and has three children. She turned herself in after a cellphone video of one encounter that involved multiple students emerged. That video was shown a trial.

    Three former students who testified Thursday said that they did not consider themselves victims and did not want to see their former English teacher prosecuted. The three were football and track athletes.

    Arlington police Detective Jason Houston testified that charges were filed because “18 or not, it’s a crime” for a teacher to have sex with her students.

    Two former students told jurors their relationships with Colleps began with the exchange of text messages that quickly turned sexual.

    A 19-year-old testified that he had gone to Colleps’ home twice with friends and they all engaged in sexual conduct.

    A former student who is now 20 testified that he engaged in group sex and recorded his last encounter on a cellphone. He said initially the students spoke of the importance of keeping their activities quiet because they didn’t want their teacher to get in trouble.

    The 20-year-old also said when school officials called him into the office to question him in May 2011, he denied the trysts at first because “I was trying to save her.”

    Colleps’ husband was serving in the military overseas at the time of the encounters. Christopher Colleps said Friday that he is mad at his wife, but stands by her “because ’til death do us part means ’til death do us part.”

    He said putting her in jail would punish him and their children for something they had no control over.

    Kennedale is a town of about 7,300 residents near Arlington, eight miles southeast of Fort Worth. The high school has about 3,200 students.

  • padonmar

    August 18, 2012 at 9:15 pm

    တီချာကြီးရှင့်
    ကျမကတော့ တစ်သက်လုံးကောင်းတဲ့ ဆရာတွေနဲ့ဘဲ ဆုံခဲ့ဖူးပါတယ်။ငွေပေးရတဲ့ ကျူရှင်တွေလည်း မတက်ခဲ့ဖူးပါဘူး။
    ခုထိလည်း အခမဲ့သင်ပေးတဲ့အပြင် မုန့်ပါကျွေးသေးတဲ့ သင်တန်းမျိုးတွေ တက်နေရတော့ ဆရာဆိုရင် ဘယ်သူဘာပြောပြောလေးစားပြီးသားပါ။
    သို့သော်လေးစားတာနဲ့ အမှားအမှန်ဆွေးနွေးတိုင်ပင်တာကိုတော့ ခွဲခြားထားပါတယ်။
    ဆရာသင်တဲ့ထဲ မမှန်ဘူးထင်ရင်လည်း ပြန်မေးဖို့ ဝန်မလေးခဲ့သလို ကံကောင်းစွာပဲ ကျမရဲ့ ဆရာတွေကလည်း စိတ်မဆိုးတတ်ကြပါဘူး.

  • TTNU

    August 18, 2012 at 10:01 pm

    ကိုကြီးကြောင်ရေ…
    ကြောက်စရာကောင်းတဲ့ သူရဲကားတစ်ကားကြည့်လိုက်ရသလိုပါပဲ။
    မုန်းစရာနော်။ 👿
    ———————————————————-
    ပဒုမ္မာရေ…
    (လေးစားတာနဲ့ အမှားအမှန်ဆွေးနွေးတိုင်ပင်တာကိုတော့ ခွဲခြားထားပါတယ်)
    ဟုတ်တယ်နော်။ တီချာ့သဘောကလေ ဆရာဆရာမကို မော်မကြည့်စတမ်း
    တုန်နေအောင်ကြောက်တာ မကြိုက်ဘူး။ လေးစားမှုပဲရှိကြစေချင်တယ်။
    မေးစရာရှိတာ ရဲရဲမေး တာကိုသဘောကျတယ်။ တီချာ့ကျောင်းသား/သူတွေကို
    စာရှင်းပြီးတိုင်း Any questions? လို့အမြဲမေးတယ်။ သူတို့ ဘာမှမမေးဘဲ ငုံ့နေရင်
    သူများတိုင်းပြည်စာသွားသင်ရင် Carpetology ဘွဲ့ယူပြီးပြန်လာမလို့လားလို့မေးမိတယ်။
    ကော်ဇောကို ငုံ့ကြည့်၊ ဘာမှမဆွေးနွေးဘဲနေရင် ရလာမဲ့ ဘွဲ့လေ။ ပညာရေးစံနစ်ညံ့လို့
    ကလေးတွေ မပြောရဲ မဆိုရဲတာလို့ ပြောရအောင်ကလည်း တီချာနဲ့ လေ့ကျင့်နေကြတာ
    ဆယ်တန်းအောင်ကနေ ဘွဲ့ရပြီးတဲ့အထိပါပဲ။ မပြောရဲကြတာလားမေးရအောင်ကလည်း
    ရင်းနီးပြီးသားတပည့်တွေ၊ စာသင်ပြီးရင် သူတို့လောက်စကားပြောနှိုင်တာ သူတို့ပဲ။
    တီချာထင်တာကတော့ ဆွေးနွေးစရာ Data မရှိတာ။ အိမ်ကပြင်ခဲ့ပါလို Assignment
    ပေးလိုက်ရင် ပြောနှိုင်ကြတယ်။ Off-hand ဆွေးနွေးပါဆိုရင် လက်တစ်ချောင်းနှစ်ချောင်းပဲ
    ထောင်လာတယ်။ အများစု ပါးစပ်ပိတ်နေတော့တာ၊ အသည်းယားလွန်းလို့
    ကိုယ်ပဲသွေးတက်ရပါတယ်။ Pooch တို့လိုကလေးတွေကနည်းနေတယ် ပဒုမ္မာရယ်။
    စာဖတ်ကြပါလို့ တိုက်တွန်းရတာလည်း အမောပါတော်ရေ။နောက်ဆုံးတော့ စာသင်ခန်းထဲမှာ
    ဆိုင်းဘုတ်တင်ထားတယ်။ ” အမေ ဘယ်လိုသိပ်သိပ် ကိုယ်အိပ်မှ ပျော်မယ်” လို့။

  • aye.kk

    August 19, 2012 at 4:25 am

    တီချာ,….။
    သင်ဆရာ၊မြင်ဆရာ၊ကြားဆရာကျေးဇူးတွေကြောင့်သာ။
    ဘဝမှာအသိပညာတွေတတ်သင့်သလောက်တတ်ပြီး၊သိသင့်သလောက်သိခဲ့ရပါတယ်။
    စေတနာ၊မေတ္တာ၊ဝါသနာဆိုတဲ့နာသုံးနာနဲ ့…။
    သင်ကြားပေးခဲ့တဲ့သင်ဆရာများကြောင့်သာ..။
    အသိဉာဏ်ပညာတွေပွင့်လင်းပြီး။ရေးတတ်ဖတ်တတ်ခဲ့ရတဲ့အပြင်လိမ္မာရေးခြားရှိပြီး
    ဘဝအသက်မွေးဝမ်းကြောင်းတတ်လို ့ရှာဖွေစားသောက်နိုင်ခဲ့ရပါတယ်။
    ယနေ ့ဘဝမှာရပ်တည်နေထိုင်တဲ့ကျေးဇူးတရားတွေကိုအောင်းမေ့တသပြီး။သင်ဆရာတွေရဲ ့
    ဂုဏ်ကျေးဇူးတွေကိုဆရာကန်တော့ပူဇော်ပွဲတွေပြုလုပ်ခဲ့ပြီးကျေးဇူးတရားတွေကိုတတ်နိုင်သလောက်
    ဆပ်နေဆဲပါဘဲ။နှစ်တိုင်းလည်းကိုယ်တိုင်မသွားနိုင်ခဲ့ရင်တောင်။တတ်နိုင်သမျှဒါနစေတနာ
    အထောက်အပံ့ပြုဆဲပြုလျှက်ပါ။မြင်ဆရာ၊ကြားဆရာတွေကိုလည်းဂုဏ်ကျေးဇူးရှိလို ့
    ညအိပ်ရာဝင်ရင်လည်း။အမြဲကန်တော့အိပ်ပါတယ်။ကိုယ်မသိတာတွေကို
    သိအောင်တတ်အောင်နားလည်အောင်ကြိုးစားရတဲ့အခါ၊မြင်ဆရာ၊ကြားဆရာတွေရဲ ့ကျေးဇူးအထေင့်အပံ့ကောင်းတွေကြောင့်သာ။သိခဲ့ရ။တတ်ခဲ့ရ။နားလည်ခဲ့ရပါတယ်။
    ပုပ္ပာစရိယ။မိနဲ ့အဖ။အပါအဝင်။သင်ဆရာ။မြင်ဆရာ။ကြားဆရာတွေဆိုတာ။
    မြေအထုမျှနက်ရှိုင်းလှတဲ့ဂုဏ်ကျေးဇူးတရားတွေရှိပါတယ်။
    မိုးမြေပမာမခြားကျေးဇူးရှိကြလို ့။အနန္တဂိုဏ်းဝင်အဖြစ်ရှိခိုးပူဇော်ကြည်ညိုကန်တော့ကြတာပါ။
    ပုပ္ပာစရိယ။မိနဲ ့အဖ။ဆိုတဲ့ဂုဏ်ကျေးဇူးတရားတွေဟာ။ကျမဘဝအတွက်ရော။
    လူသားမျိုးနွယ်အားလုံးရဲ ့ဘဝအတွက်ရော။လက်ဦးဆရာမည်ထိုက်နေတာဟာ။
    လောကရဲ ့သစ္စာတရားအလှဖြစ်နေတယ်ဆိုတာဟာ။ဘယ်သူကမှငြင်းနိုင်မယ်မထင်ပါဘူး။
    ကျမအပါဝင်။အားလုံးတို ့ဟာသင်ဆရာ။မြင်ဆရာ။ကြားဆရာ။
    ကျေးဇူးတရားတရားတွေနဲ ့ဘယ်သူမှလွတ်ကင်းနိုင်လိမ့်ကြမယ်လို ့မထင်ပါဘူး။
    တီချာpostမှာပြောပြထားတဲ့။
    သင်္ဂဇာဆရာတော်ကတော့…။
    “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ သိပ္ပမချန်၊
    ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့”လို့ဖွင့်ဆိုပါတယ်။
    ဆရာတော်ဖွင့်ဆိုတဲ့။အဓိပါယ်နဲ ့သက်ရောက်ကိုက်ညီမှုရှိတဲ့။ပြည့်ဝတဲ့“သင်ဆရာ”ဆိုတာ။
    ကျမအပါဝင်အားလုံးက“ဆရာ”လို ့ခေါ်ဆိုနိုင်ကြမှာကအမှန်ပါဘဲ။
    “ဆရာ”ဆိုတဲ့ဂုဏ်ပုဒ်နဲ ့ကိုက်ညီမှသာ“ဆရာ”လို ့အဓိပါယ်ဖွင့်ဆို၊ခေါ်ဆိုခံနိုင်မှာဖြစ်ပါကြောင်း။
    ကျမရဲ ့အမြင်အားပြောပြလိုက်ပါရစေ။။

  • kai

    February 17, 2016 at 8:24 am

    အနနေ ္တာ အနန ္တငါးပါး နှင့် ဆရာ…
    ရှေ့ရောက်စေသတည်း…။ :k:

Leave a Reply