ကဗျာလေး ၁ ပုဒ်ပါ…. အားပေးကြပါနော်…. ကဗျာလေး နာမည်က “ခဏတာ” ပါ

si toneAugust 18, 20121min15514

“ခဏတာ”

သူ ခြေချလာခဲ့ပါတယ် င့ါနှလုံးသားပေါ်

ခွင့်မတောင်းပဲနဲ့ပေါ့

သူ ဝင်လာခဲ့ပါတယ် ငါ့ဘဝထဲ

ဘာမှမပြောပဲနဲ့ပေါ့

သူ လှုပ်ခတ်ခဲ့ပါတယ် ငါ့ရင်ခုန်သံတို့ကို

အထိအတွေ့တစ်ခုနဲ့ပေါ့

သူသိမ်းပိုက်ခဲ့ပါတယ် ငါ့လက်ဖဝါးတို့ကို

သူ့လက်အစုံနဲ့ကိုင်ဆုပ်ရင်းပေါ့

သူ ခိုလှုံခဲ့ပါတယ် ငါ့ရင်ငွေ့တစ်ချို့နဲ့

နွေးထွေးလုံခြုံစွာပေါ့

သူအပန်းဖြေခဲ့ပါတယ် ငါ့နှလုံးသွေးတစ်ချို့နဲ့

ရီဝေယစ်မူးလာတဲ့အထိပေါ့

သူ မှေးစက်ခဲ့ပါတယ် ငါ့နှလုံးသားအခန်းငယ်လေးထဲမှာ

ငါမသိလိုက်တဲ့အချိန်မှာပေါ့

သူစားသုံးခဲ့ပါတယ် ငါ့ကြင်နာယုယမှုတွေကို

သူ့စိတ်အဆာပြေတဲ့အထိပေါ့

သူ နမ်းရှိုတ်ခဲ့ပါတယ် ငါ့နှုတ်ခမ်းတစ်စုံကို

ရင်ခုန်နှစ်သက်စွာနဲ့ပေါ့

သူ ရက်စက်လာတတ်ခဲ့ပါတယ် ငါ့အပေါ်မှာ

ပျက်ကွက်မှုအချို့နဲ့ပေါ့

သူ အေးစက်လာခဲ့ပါတယ် ငါ့နွေးထွေးမှုတွေအပေါ်မှာ

ခံစားချက်မရှိတော့သလိုပေါ့

သူနင်းခြေခဲ့ပါတယ် ငါ့ဘဝကြီးကို

မဲ့ပြုံးတစ်ချို့နဲ့ပေါ့

သူကျောခိုင်းခဲ့ပါတယ် ငါ့ရင်ခွင်ငယ်ကနေ

ငါ့နာကျင်မှုတွေကို ဥပက္ခာပြုရင်းပေါ့

သူ လှမ်းထွက်သွားခဲ့ပါတယ် လွတ်လပ်တဲ့ခြေလှမ်းတွေနဲ့

သူ့ ခိုလှု့ရာနေရာတစ်ခုခုကိုပေါ့

အဲဒီနောက်…

သူပျောက်ကွယ်ခဲ့ပါတယ် ငါ့အသိဉာဏ်တွေထဲကနေ

ငါ့အသက်ရှူသံရပ်တဲ့အထိမ်းအမှတ်အနေနဲ့ပေါ့

ငါ့စိတ်ဝိဉာဉ်မှာရှိတဲ့အသိတစ်ခုကတော့

“သူ ဝင်လာခဲ့ဖူပါတယ် ငါ့ဘဝထဲ

အလည်သက်သက်အနေနဲ့ပေါ့…။”

14 comments

  • si tone

    August 18, 2012 at 10:05 pm

    အားပေးပါနော်………….. 🙂

    • မဟာရာဇာ အံစာတုံး

      August 19, 2012 at 1:03 pm

      ဟုတ် ..
      အားပေးသွားပါတယ် …
      နဲ့ပေါ့ .. နဲ့ပေါ့ .. ဆိုတာလေးတွေနဲ့ သုံးထားတာလေးတွေကို
      သဘောတော် ခွေ့မိဘာဂျောင်း …

  • ကိုရင်မောင်

    August 18, 2012 at 11:19 pm

    တွေ့ကြ ဆုံကြ ပြုံးပျော်ကြနဲ့
    မမြဲတဲ့ဘဝ လမ်းခွဲကြေကွဲကြနဲ့
    အော်….ပြီးတော့လဲပြီးသွားတာပါဘဲလေ…..
    ဘဝတကွေ့ရဲ့အမှတ်တရတွေပါဘဲ စီတုုံလေးရေ….
    အားပေးသွားပါတယ်ဗျာ…….

  • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

    August 18, 2012 at 11:27 pm

    ခဏတာ လေးလို့ကို မပြောချင်ဘူး..။ ဘဝကြီးနဲ့ ယှဉ်ရင် လျှပ်တပျက်လို့ပဲ ပြောလိုက်ချင်ပါတယ်..။ ဆုံကြ ကြုံကြရပြီဆိုရင် တစ်နည်းနည်းနဲ့ ခွဲရဖို့ဆိုတာကြီးက အလိုလို သတ်မှတ်ပြီးသားလေ..။ အလွမ်းက ခန္ဒာကိုယ်ကိုတော့ မတိုက်စားလောက်ပါဘူးနော်..။ ကဗျာသက်သက်ဖြစ်ပါစေ..။

  • ပင်လယ် ပျော်

    August 18, 2012 at 11:41 pm

    ်သက်ဝင်တဲ့ခံစားချက်တွေ ပါဝင်လို ့ ကိုယ်တိုင်ခံစားဖူးလို ့လားဟင်…

  • si tone

    August 19, 2012 at 2:14 pm

    Si Tone ရဲ့ တကယ့် ခံစားချက်အစစ်နဲ့ရေးထားတာပါ……
    အားပေးလို့ အားလုံးကို ရှယ်ရှယ်ပါ…………… 🙂

  • YE YINT HLAING

    August 19, 2012 at 4:30 pm

    “ဘဝဟာ ခဏတာ ငါသိတယ် အချစ်ရယ် မင်းအတွက်ပေးမယ် ဒါဟာမိုင်ကုန်ပဲ ” ဂျီလတ် သီချင်းလေး နဲ့ ဝင်ပြီး အားပေးသွားတယ်နော် !

  • သမာဓိ

    August 20, 2012 at 12:44 am

    ပေါ့… ပေါ့..ဆိုပေမဲ့လည်း
    ကောင်းပါတယ်

  • ကြောင်ကြီး

    August 20, 2012 at 6:49 am

    စီတုံးနဲ့ဦးကြောင်
    အခြစ်ချင်းပြိုင်
    ဘယ်သူနိုင်ပါ့မယ်..
    စနစ်သစ်မှာ
    တဂျစ်ဂျစ်နဲ့
    ဟစ်ပြလိုက်မယ်
    စီတုံးလေးကို
    အခြစ်ဆုံး….။

  • သုရှင်

    August 20, 2012 at 9:05 am

    ကောင်း….ပါ….တယ်။။။။။

  • Good™

    August 20, 2012 at 1:12 pm

    အချစ်ရဲ့ ရင်ခုံသံ
    စံပြု ပြိုင် ကြစတမ်း ဆို၊
    ၈ဝ ကျော် ဇရာ အို ကလဲ
    ကုလား ဘုရားပွဲ လှည့် သံ
    ရထား ဆယ်စင်း ခုတ်မောင်းသံ နဲ့
    ပြိုင် ရဲ တယ်။

    အားပေးရင်း စတာနော်။
    ဒီအတိုင်း အားပေး ပါတယ် လို့ ပြော ပြီး ၁၅ ကျပ် ယူရမှာ သဂျီး ကို အားနာ လို့။

  • we R one

    August 20, 2012 at 2:13 pm

    အားပေးသွားပါတယ်ဗျို့ ….

  • shwe kyi

    August 20, 2012 at 2:22 pm

    စီတုံးလေးရေ သင်ခန်းစာယူပြီးနောက်နောင်တခဏတာတွေနဲ့မဆုံရအောင်ရှောင်ရှားနိုင်ပါစေကွယ်။

    ခင်တဲ့
    အစ်မရွှေကြည်

Leave a Reply