ရွာထဲက သူငယ်ချင်းများကို ရယ်စေချင်လို့ ဒီကဗျာလေးတွေ တင်လိုက်တာပါ……

si toneAugust 18, 20121min1128

* တတ်နင်းလိုက်လို့ ငါ့ကိုချစ်တယ်လို့ပြောခဲ့တဲ့စကားတွေပြန်ထွက်လာမယ်
သောက်ခွက်ကိုရိုက်လိုက်လို့ ငါနမ်းခဲ့တဲ့အနမ်းတွေ ပြန့်ကျဲကုန်မယ် !!!

*ရှေ့ကသွားပါဆိုတော့လဲ
အီအီးပေါက်တယ်။
နောက်ကလိုက်ခဲ့ဆိုတော့လဲ
ဖိနပ်တက်နင်းတယ်။
ဘေးတိုက်ကြတော့လဲ
အရပ်ပုလို့တဲ့။
ကဲ နင်နဲ့ငါ ဘယ်လိုရှေ့ဆက်မလဲ။

* I say. you say.နှစ်ယောက်ဆေးတော့ ပုဂံတွေ ပြောင်ရော။
I see. you see. နှစ်ယောက်စီးတော့ ဒန်းကျိုးတယ်။
I no. you no. နှစ်ယောက်နိုးတော့ အိပ်ရေးပျက်တာပေါ့။

*ရည်းစားမရှိတာက အတွင်းခံမဝတ် ထားတာနဲ ့တူတယ်။ လွတ်လွတ်လပ်လပ်ရှိပေမယ့် ……..ဟာတာတာကြီး 😛 🙂 😛

“ ဒီကဗျာလေးတွေက Si Tone ရဲ့သူငယ်ချင်းတွေရေးထားတာပါ
သူတို့ကဗျာတွေကို ရွာထဲသူငယ်ချင်း တေါအားပေးစေချင်လို့ပါ ”

8 comments

  • ကိုရင်မောင်

    August 18, 2012 at 11:25 pm

    ရည်းစားမရှိတာ..ဟာတာတာကြီးတဲ့လား……
    အဘ မှတ်ထားပါ့မယ်ကွယ်….[:*][:*][:*]

    • မောင်ပေ

      August 19, 2012 at 2:15 pm

      ဘာဟာတာတဲ့တုန်း မေးပေးပါအုန်း အဘမောင်ရေ
      မရှင်းမရှင်းနဲ ့ဗျာ
      ကျုပ်တို ့က ကွက်ကွက်ကွင်းကွင်းမှ ဟက်ထိတာကလား
      ဟီဟိ

  • ပင်လယ် ပျော်

    August 18, 2012 at 11:32 pm

    ဟား ဟား ရီလိုက်ရတာ အူတတ်မတတ်ပဲ…ပေါတာကို ပြောတာ…ဟီးဟီး..စိတ်မဆိုးရဘူးနော်…

  • ကြောင်လေး

    August 19, 2012 at 7:54 am

    I know , you know နှစ်ယောက် know တော့ သူခိုးမကပ်နိုင်။

  • မဟာရာဇာ အံစာတုံး

    August 19, 2012 at 1:37 pm

    ခွိ .. ခွီ .. ခွိ ..
    ရီရသဗျ …
    “*ရည်းစားမရှိတာက အတွင်းခံမဝတ် ထားတာနဲ ့တူတယ်။ လွတ်လွတ်လပ်လပ်ရှိပေမယ့် ……..ဟာတာတာကြီး” .. ဆိုပဲ …။
    ဖြစ်ချေဘူး ..
    နာလည်း ဟာတာတာ မဖြစ်အောင် ကျိုးစားလိုက်အုံးမှ … 😀

  • cobra

    August 19, 2012 at 2:42 pm

    ရင်မှာဟာတာတာဖြစ်တာတော့ကြာဘူးတယ်
    အတွင်းခံမဝတ် ရင်……….
    အင်းဟုတ်တော့ဟုတ်တယ် သူလည်းဟာတာတာဖြစ်နေမှာပဲ။

  • မမ အညာသူ

    August 20, 2012 at 3:04 pm

    u no i no နှစ်ယောက်နိုးတော့သူခိုးမိ……….
    မပြေးနှင့်မိပြီ……………. 😛

  • kokothandar

    August 24, 2012 at 9:51 am

    ့ရည်းစားမရှိတာက အတွင်းခံ မဝတ်ထားတာနဲ့တူတယ်။ ရည်းစားရှိရင်တော့ အတွင်ခံဝတ်မထားတာ ကောင်းပြန်ရော။အလုပ်ရှုတ်တာတစ်ခု ကျော်လွှားဖို့လေ

Leave a Reply