“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆိုရင်ဖြင့်”
မူလတန်းကျောင်း ၁ခုရဲ့ပညာသင်ကြားရေးအကြောင်းလေး
ပြောပြချင်ပါတယ်။တာမွေမြို့နယ်ကမူလတန်းအဆင့် စံပြကျောင်းဆုရထားတဲ့ကျောင်းပါ။ဇူလိုင်လ
အခန်းဆုံးစာမေးပွဲစစ်ဆေးတုန်းကပေါ့ဗျာ။ကျောင်းသား၁ယောက်ကို ဖြေဆိုချိန် ၄၅ မိနစ်ပေးထားပါတယ်။ဒါပေမယ့် ကလေး၁ယောက်က စာဖြေချိန်ပြည့်တာတောင်ဖြေဆိုလို့
မပြီးသေးလို့ တာဝန်ကျဆရာမက ၁ဝမိနစ်ထပ်မံစောင့်ပေးတာတောင် ကလေးကစာမပြီးသေးပါဘူး။ကလေးက စာမရလို့ မဖြေနိုင်တာပါ။ဒါနဲ့ပဲ စာမေးပွဲစည်းကမ်းအရရော နောက်စာသင်ချိန်ရှိသေးတာကြောင့်ပါ ဆရာမက အဖြေလွှာကို သိမ်းဆည်းလိုက်ရပါတယ်။အဲ…… ပြသနာက
ကျောင်းဆင်းချိန်မှာစပါတော့တယ်။အဖြေလွှာအသိမ်းခံရတဲ့
ကျောင်းသားရဲ့အမေလုပ်သူက ငိုကြီးချက်မနဲ့ ကျောင်းအုပ်ဆရာမကြီးကိုတိုင်ပါတော့တယ်။သူ့သားဖြေလို့မ
ပြီးသေးဘဲ ဆရာမကသိမ်းသွားလို့ ကလေးဖြေနိုင်ရက်သားနဲ့
စာမေးပွဲကျပါတော့မယ်ပေါ့။အဲဒီမှာတင် ကျောင်းအုပ်ဆရာမကြီးနှင့် ကလေး၏ကျူရှင်ဆရာမတို့က
တာဝန်ကျဆရာမအား ကလေးစာမေးပွဲကျလျှင် Teacher______ တာဝန်မကင်းဘူးဟု အပြစ်တင်သလိုပြောဆိုကြပါတယ်။(အဆိုပါ ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် အပေးအယူတည့်သူကျောင်းဆရာမတချို့ ကျောင်းဆင်းချိန်တွင် ကျောင်းအတွင်းမှာပင်ကျူရှင်သင်ပါသည်။ဆရာမများကို နာမည်ရှေ့တွင်Teacherတပ်ခေါ်လေ့ရှိသည်။စကားချပ်)
စဉ်းစားကြည့်ကြပါဦးဗျာ………ပညာရေးဝန်ထမ်းချင်းအတူတူ
စည်းကမ်းဝတ္တရားတွေကိုနားလည်ရမှာပေါ့။တကယ်လို့ အပြစ်တင် သတိပေးချင်ရင် ကျောင်းသားမိဘမရှိတဲ့အချိန်
ပြောပေါ့။တာဝန်ကျဆရာမဆိုတာ အခုမှ ဆရာမဖြစ်တာမဟုတ် ပင်စင်ယူဖို့နှစ်အနည်းငယ်ပဲလိုတော့တဲ့
သူပါ။အဖြေလွှာအသိမ်းခံရတဲ့ ကျောင်းသားကတော့ လွှတ်တော်အမတ် ၁ဦးရဲ့မြေးပါတဲ့ဗျာ။နောက်အဖြစ်၁ခုကတော့ report card ထုတ်ခါနီးအချိန် ကျောင်းသားများရဲ့အမှတ်စာရင်းကို ကျောင်းအုပ်ဆရာမကြီးထံတင်ပြတဲ့အခါ သချာင်္ဘာသာရပ်မှာ ၁၉မှတ်ပဲရတဲ့ ဒုတိယတန်းကျောင်းသား ၁ယောက်ကို ကျောင်းအုပ်ဆရာမကြီးက သူ့ရဲ့ဗီတိုအာဏာနဲ့ အပ်ချလောင်းဆို ၈၈မှတ်ဖြစ်အောင်လုပ်လိုက်တာပါပဲဗျာ။
Report card ထွက်တော့ ကျောင်းသားလေးခမျာ သူတောင်ခြစ်မြောက်ခြစ်ဖြေထားတာ ၈၈မှတ်တောင်ရလို့
အတန်းထဲမှာ ကြွားမဆုံးဖြစ်နေပါရောဗျာ။ကျောင်းအုပ်ဆရာမကြီးကတော့ ဆရာမများကိုမှာရှာတယ် ဒီအကြောင်းအပြင်မှာပြန်မပြောကြနဲ့
Top secret တဲ့။အဲဒီကလေးမိဘက ကျောင်းမှာလိုတာရှိရင် လှူနေကြအလှူရှင် (၇)လပိုင်းတုန်းကလည်း ကလေးမွေးနေ့မို့
ဆရာမတွေဖို့ ပါတိတ်ဝမ်းဆက် တစ်စုံစီကန့်တော့ထားသေးတယ်လေတဲ့။မျက်နှာတွေကရှိသေးတယ်လေဗျာ။အဆိုပါကျောင်းရဲ့ ၂၀၁၁-၂၀၁၂ ပညာရည်ချွန်
ဆုပေးပွဲကို ပြန်ကြည့်ရင်လည်း ကျောင်းသားဦးရေ(၃၀)ရှိတဲ့
အတန်းမှာ ပထမဆုမှဒသမဆုထိ ၁ဝဆုစာအတွက် ဆုရသူဦးရေဟာ ၁၉ယောက်ရှိခဲ့ပါတယ်။တကယ်ထူးချွန်တဲ့
ကလေးကိုလည်းဆုပေးရသလို ကျောင်းအကျိုးတော်ဆောင်
ကျောင်းအလှူရှင်စသူတို့၏ ကလေးများကိုပါ ဆုပေးရတော့
ပထမဆု ၂ယောက်၊ဒုတိယဆု ၃ယောက် စသဖြင့်ဆုတွေထပ်
ကုန်တော့တာပါပဲဗျာ။အဲဒီဆုပေးပွဲမှာ အထူးခြားဆုံးဆုကတော့ ကျောင်းအုပ်ဆရာမကြီးက သူကိုယ်သူ ပြန်ပေးတဲ့ စွမ်းစွမ်းတမံ စီမံခန့်ခွဲအုပ်ချုပ်နိုင်မှု ဆု
ပါ။ဆုကြေငြာတော့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ကျောင်းအုပ်ဆရာမကြီးအား စွမ်းစွမ်းတမံ စီမံခန့်ခွဲအုပ်ချုပ်နိုင်မှု ဆုချီးမြှင့်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါသည်ဆိုတော့
ကျောင်းအကျိုးတော်ဆောင်ကြီး အူလည်လည်မျက်နှာပေးနဲ့
စင်ပေါ်တက်သွားတာမြင်လိုက်သဗျ။အဓိကပြောချင်တာတော့
ဗျာ ကျွန်တော်တို့ သားသမီးတွေ ဒီလိုပညာရေးလောကနဲ့ကြုံနေရတယ်။ဆရာဆရာမတွေလည်း ဒီလို အုပ်ချုပ်သူအောက်မှာ အလုပ်လုပ်နေရတယ်။မြန်မာပြည်တစ်ပြည်လုံးမှာ ဒီလိုကျောင်းတွေဘယ်လောက်များနေပြီလဲ? ငယ်ငယ်ကရွှတ်ခဲ့တဲ့ကဗျာလေး သတိရမိတယ်။
ပန်းကလေး ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေ ရည်လောင်း
ငါတို့ စာသင်ကျောင်း
“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” အဆိုအတိုင်းသာဆိုရင်ဖြင့် ပန်းကလေးပွင့်နိုင်ပါမလား။
ပွင့်သောပန်းများလန်းနိုင်ပါမလား။တွေးတောမိရင်း ရင်မောစွာဖြင့် ဂေဇတ်ရွာသား အပေါင်းကို မျှဝေမိပါကြောင်း…………………………….။။
16 comments
မောင်ပေ
August 19, 2012 at 1:02 pm
“ အဖြေလွှာအသိမ်းခံရတဲ့ ကျောင်းသားကတော့ လွှတ်တော်အမတ် ၁ဦးရဲ့မြေးပါတဲ့ဗျာ။နောက်အဖြစ်၁ခုကတော့ report card ထုတ်ခါနီးအချိန် ကျောင်းသားများရဲ့အမှတ်စာရင်းကို ကျောင်းအုပ်ဆရာမကြီးထံတင်ပြတဲ့အခါ သချာင်္ဘာသာရပ်မှာ ၁၉မှတ်ပဲရတဲ့ ဒုတိယတန်းကျောင်းသား ၁ယောက်ကို ကျောင်းအုပ်ဆရာမကြီးက သူ့ရဲ့ဗီတိုအာဏာနဲ့ အပ်ချလောင်းဆို ၈၈မှတ်ဖြစ်အောင်လုပ်လိုက်တာပါပဲဗျာ။
Report card ထွက်တော့ ကျောင်းသားလေးခမျာ သူတောင်ခြစ်မြောက်ခြစ်ဖြေထားတာ ၈၈မှတ်တောင်ရလို့
အတန်းထဲမှာ ကြွားမဆုံးဖြစ်နေပါရောဗျာ။ကျောင်းအုပ်ဆရာမကြီးကတော့ ဆရာမများကိုမှာရှာတယ် ဒီအကြောင်းအပြင်မှာပြန်မပြောကြနဲ့
Top secret တဲ့။ ”
အံ့ရောပဲ…
ကျွန်တော်တို ့တုန်းကတော့ ၊ အတန်းတိုင်းမှာ ကျူရှင်ရှိပါတယ် ။ အထူးသဖြင့် ကိုယ့်အတန်းပိုင်ဆရာ/မ ဆီမှာ တက်ကြတယ် ။
စာမေးပွဲအတွက် မေးခွန်းပေးလားဆိုတော့… ဆရာ/မ တိုင်းတော့ မဟုတ်ပါဘူး ။ အနဲစုပါပဲ …
ဘယ်လိုလုပ်သလဲဆိုတော့…ဟုတ်ကဲ့ ဆရာ ဆရာမချင်း မေးခွန်းလဲကြပါတယ်
ဥပမာ ကျွန်တော့်အတန်းပိုင်ဆရာမ က မြန်မာစာ သင်တယ် ဆိုပါစို ့
သူ ့ကျူရှင်သားတွေ အတွက် အခြားဘာသာမေးခွန်းများကို ၊ အခြားဘာသာသင်တဲ့ ဆရာ/မ များဆီကနေ သူ ့မေးခွန်းနဲ ့လဲပေးပါတယ် ။ အခြားဘာသာသင်တဲ့ ဆရာ/မ များလဲ သူ ့ကျူရှင်တက်တဲ့ လူတွေ ကို ဒီလိုပဲ ဟိုကလဲ ဒီကလဲ နဲ ့ပြန်ပေးပေါ့…
ကျူရှင်မတက်တဲ့ ကျောင်းသူားကတော့ ကိုယ့်ဟာကိုယ် ကြိုးစားပေါ့…။
အဲဒါ ကျွန်တော်တို ့ဖြတ်သန်းလာခဲ့တဲ့ ကျောင်းသားဘဝ စာမျက်နှာများပါ
ဘာမေးခွန်းမှမပေးပဲ ၊ ကျူရှင်မှာ သေချာ အသေးစိတ်နားလည်အောင် သင်ကြားပေးတဲ့ ဆရာ/မ မျိုးက များပါတယ် ။ ကျောင်းမှာလဲ သေချာသင်ပေးပါတယ် ။ ကျွန်တော်တို ့တုန်းကတော့ ကျူရှင်ဆိုတာ ယဉ်ကျေးမှုတစ်ရပ်လို ဖြစ်ခဲ့တာကလား
သားငယ်
August 19, 2012 at 1:42 pm
ဒါတွေက တော့ ကြားနေကြ ဖြစ်နေလို ့ရိုးနေပေါ့..ဟိဟိ…ငယ်ငယ်တုန်းကကျောင်းတတ်တော့ အတန်းထဲမှာ အဲ့လို ကလေးတွေကို တွေ ့ဖူးပါ့..အခွင့်ထူးခံလေးတွေလေ…ကိုယ့်တွေမှာတော့ အရိုးရာ
အထင်းသားနဲ ့ပေါ့ မျက်ရည်လေးစမ်းစမ်းနဲ ့ဟိဟိ..ကဲချက်က အဲ့လို..ကမ်းကုန်…
YE YINT HLAING
August 20, 2012 at 6:19 am
ပညာရေးလောကကို ပညာရေးဝန်ထမ်းဖြစ်တဲ့ ဒီလို ဆရာ/မ တွေက ဖျက်ဆီးနေတာပဲဗျ ! ရှက်သင့်တဲ့ အရာပါ ။ ဆရာ့ဂုဏ်လည်း ပျက်ပါတယ် ။
Liquid_Sn@ke
August 20, 2012 at 7:27 am
အင်း … အဲ့သည့် စကားလုံး လေးက စ ကောက်ရရင်…
သည်လောက်အဆင့် ကျောင်းတစ်ကျောင်းရဲ့ …
မူလတန်းကျောင်းသားတယောက်..(ဒုတိယတန်းနော)
၁နှစ်လုံးစာလည်းမဟုတ်.. ချက်ပတာ ပီးလို့ လပတ်လောက်စစ်တာကို..
၁၉မှတ်နဲ့ကျတယ် ဆိုတာကိုက .. မဖြစ်သင့်တဲ့ကိစ္စ…
အဲ ..မဖြစ်သင့်ဘူးဆိုတာ သည်လိုပါ ….သိပ်ခက်ခဲနေ
မြင့်မားလွန်းနေလည်းတမျိုး … ကလေးကပဲ ..ဉာဏ်ရည်မပြည့်သလား..
စာကော သင်ရော သင်ရဲ့လား ..(ကျောင်းမှာပဲဖြစ်စေ ကျူရှင်မှာပဲဖြစ်စေ)
စာမေးပွဲပီးတော့ ..ငိုကြီးချက်ထီး နဲ့ မားသားကြီးက လာတိုင်တယ်ဆိုတော့..
အိမ်က ဂရုမစိုက်နိုင်တာ မပံ့ပိုး မဖြည့်ဆည်းနိုင်တာတော့ ဟုတ်တန်မရ..
(တလွဲတွေ ပံ့ပိုးတာကတော့ တပိုင်းပေါ့လေ…)
ထားပါတော့ … ဉာဏ်တိမ်လို့ ..ကျရင် ကျတယ်ပေါ့ဗျာ..
မမီရင် မမီဝူးပေါ့ …။ မအောင်မရှိ ငါ့ဒဘိ … ပုံစံ လုပ်စားတာတွေတွေ့တိုင်း
ရွံမိတယ်.. .. ဆရာကောင်းတွေ ရှိဆဲ ရှိမြဲ ဆိုတာသိနေတော့ …
သူတို့ကို မရှက်ကြဘူးလား လို့ လုပ်စားရက်သူတွေကို မေးချင် ပြောချင်မိတာပါ..။
အစိုးရ ကျောင်းတွေမှာ သင်ပြနေဆဲ ..ဆြာတွေထဲမှာ တကယ်
အသင်အပြကောင်းသူတွေ ..တကယ် စေတနာထားသူတွေ …
အလုပ်ထွက်ပြီး ကျူရှင်သက်သက် ပြစားမယ်ဆိုရင်တောင်
အတော်လေး ရပ်တည်နိုင်မယ့် ဆရာတွေ … အဖြူနဲ့ အစိမ်း လေးကိုပဲ
မြတ်မြတ်နိုးနိုး သက်ပြည့်ပင်စင်ယူတဲ့အထိ ဝတ်ဆင်သွားတာ …
တွေ့ဖူးပါတယ်…။
စကားမစပ်ပါ … မောင်ဂီ့ ကျောင်း ကိုနောက်ဆုံးရောက်တာ ၁ဝနှစ်ကျော်ကြာပါပြီ…။
မောင်ဂီ့တို့တုန်းက ကျောင်းအုပ် ဆရာ ဆရာမကြီးတွေ ဆိုတာ …
ကျောင်းကပေးတဲ့ ဆရာဆရာမ အိမ်ယာ(အဆောင်) သဘောမျိုးမှာ နေခဲ့သူတွေ…
ကိုယ်တိုင် မိဘမောင်ဘွား ကြွယ်ပိုးကြွယ်ဝ ဖြစ်လင့်ကစား ..
ငွေဂုဏ်မမောက်တာတွေ … အုပ်ချုပ်ရတဲ့ ဆရာ ဆရာမတွေကို..
သက်ဆိုင်ရာ ဘာသာရပ်မှာ ပရော်ဖက်ရှင်နယ်လ် ကျသူတွေအဖြစ် ..
(ကျောင်းအုပ်ကနေ ..အတန်းပိုင်မဟုတ်သူ ငယ်သူ ဆရာ။ဆရာမကိုတောင်)
တလေးတစား ဆက်ဆံပြောဆိုတာတွေ မြင်ခဲ့ဖူးပါတယ်… ။
သူတို့ ကိုယ်တိုင်လည်း ပင်စင်နားနီးနေတဲ့ ဆရာ ဆရာမ အိုကြီးတွေပဲ
မဟုတ်ပါလားဗျာ ….။
သည် ၁ဝနှစ် ပတ်ချာလည် အတွင်း..ရန်ကုန်ရောက်တိုင်း …
ကျောင်းတွေနဲ့ ပါတ်သတ်မိတိုင်း… တွေ့မိတာလေးပါ ..
ကျောင်းအုပ်တဲ့ ..အသက် ၄ဝ စွန်းစွန်း … ဘွဲ့ကတော့ ရေလည်ရှည်လျား
ထွေပြားရဲ့ … တချို့လည်း မိတ်အင် ဒီတင် ပီအိပ်ချ်ဒီ ဒေါက်တာ များလည်း ပါသေးရဲ့…။
(အားလုံးကို မဆိုလိုပါ) အချို့ အချို့တွေက … အခု ပိုစ့်ထဲကလို
အကြောင်းအရာတွေကို ဖန်တီး တတ်သူတွေ ဆိုတာ ဟိုက သည်က ခနခန…
ကြားလာရတယ်ဗျာ …။ ကျုပ်တက်ခဲ့တဲ့ကျောင်းမှာပဲ သံတူကြောင်းကွဲ
ကိစ္စလေး တွေ ဟိုတလောက ကြားရပြန်ရဲ့…။
ဟုတ်မဟုတ် ကိုယ်လည်း လိုက်ကြည့်ထားတာမဟုတ်လို့ …
မသိပေမယ့် … ကိုယ့် ဆရာ ဆရာမ ဟောင်းတွေ ညှိုးငယ်တာမြင်ရင်…
အတိတ်က ကျောင်းအုပ်ဟောင်းကြီးတွေအကြောင်း လွမ်းလွမ်းဆွေးဆွေးပြောတာကြားရရင်…
(ကိုယ်က အောက်ဆိုက်ဒါ ဖြစ်နေလို့ .. ဒီတေးလ် မပြောကြ မမေးဖြစ်ပေမယ့်…)
အင်း…
ရင်ထဲ မကောင်းတာ အမှန်ပါပဲဗျာ…
etone
August 20, 2012 at 9:39 am
ကိုဌေးမောင်ပြောတဲ့ အတိုင်းသာ အမှန်တွေချည်းပဲ ဆိုလျှင် …… ဆရာမကြီးက လူမှန်နေရာမှန် ရောက်နေတာ မဟုတ်ဘူးပဲ …. ။
လူတိုင်း လူတိုင်း … သူများကိုသာ ညာလို့ရမယ် ကိုယ့်ကိုယ်ကို ညာလို့ မရတာကြောင့် ၊ ကိုယ်ရှာစားတဲ့ အလုပ်က လိပ်ပြာသန် ့သန် ့မှဖြစ်ရဲ့လား ၊ မျိုကျရဲ့လား ဆိုတာ … ကိုယ့်ကိုယ်ကို အသိဆုံးပါ ။
ဆရာမကြီးက ရုပ်ဝတ္တုတွေရဲ့နောက်မှာ တွယ်ငြိရင်း ၊ သူ့ရဲ့ ဂုဏ်သိက္ခာ နဲ ့ကိုယ်ကျင့်တရားပါ နိမ့်ပါးလာတယ်ဆိုတာ သတိမထားလိုက်မိဘူးပဲ …. ။ စာသင်ကျောင်းတစ်ကျောင်းရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ ့လက်အောက်ငယ်သားတွေကို ဒီလို စိတ်ဓါတ်နဲ့ ဘယ်လိုများ အုပ်ချုပ်နေပါလိမ့် ။ သိက္ခာနဲ့ ကိုယ်ကျင့်တရား နိမ့်ပါးရုံတင်မကဘူး … တဖြည်းဖြည်း ရှက်တတ်တဲ့ စိတ်လည်း ပျောက်လာပုံရတယ် … ။ 🙄
MaMa
August 20, 2012 at 10:30 am
အခြားအခြားသော အကြောင်းအရာတွေက ကြားဖူးနားဝရှိနေလို့ ……….
ထူးပြီးမဆန်းတော့ဘူးလို့ ပြောလို့ရပေမယ့်
(အထူးခြားဆုံးဆုကတော့ ကျောင်းအုပ်ဆရာမကြီးက သူကိုယ်သူ ပြန်ပေးတဲ့ စွမ်းစွမ်းတမံ စီမံခန့်ခွဲအုပ်ချုပ်နိုင်မှု ဆု)
ဆိုတာကြီးကတော့ ခုမှ ကြားဖူးတာမို့ ထူးခြားပြီး ဆန်းလွန်းနေလို့ ….. ဘယ်လိုပြောရမလဲ (ခရက်ဒစ်တူ မနို်) လို့ပဲ ပြောလိုက်ချင်ပါတော့တယ်။
စဉ်းစားကြည့်မိသလောက် ခုချိန်မှာ ကျောင်းအုပ်ဆရာ/မ တွေဆိုတာ လွန်ခဲ့တဲ့ အနှစ် ၂၀-၃ဝ က တပည့်တွေပေ့ါ။
လွန်ခဲ့တဲ့ အနှစ် ၂၀-၃ဝ ဆိုတုန်းက ကျူရှင်တွေ ခေတ်မစားသေးသော၊ ကျောင်းဆရာ/မ တွေဆိုတာ ဆရာ့ဝတ္တရား/ တာဝန်တွေ မပျက်ကွက် မလစ်ဟင်းသေးသော ကာလများလို့ ပြောရမယ်။
အဲဒီကာလများမှ မွေးထုတ်လိုက်သော တပည့်များက အခုလို ဆရာ/မ များ ဖြစ်လာတယ် ဆိုတော့ကာ………
အခုဆရာ/မ များမှ မွေးထုတ်လိုက်သော တပည့်များက ဆရာ/မ များ ဖြစ်လာရင်……….
ဘယ်လို တပည့်တွေ မွေးထုတ်ပြီး ဘယ်လိုများ စခန်းသွားကြလေလိမ့်မလဲလို့………
စဉ်းစားရင်း………… :'(
ပန်းစံပါယ်
August 20, 2012 at 11:21 am
ဆရာ/မတွေမှာရှိသင့်ရှိအပ်တဲ့ ဂုဏ်ရည်တွေနဲ့ပြည့်စုံတဲ့ဆရာ/မတွေရှိဖို့ အများကြီးလိုပါတယ်။ ရှိအပ်တဲ့ဂုဏ်ရည်တွေနဲ့ပြည့်စုံတဲ့အပြင် တကယ်သိ တကယ်တတ်တဲ့ ဆရာ/မ တွေမွေးထုတ်ပေးနိုင်ဖို့လည်း လိုတယ်။ တတ်ကျွမ်းမှုတော့ရှိတယ် ဒါပေမယ့် ဆရာစားချန်တယ်ဆိုတာမျိုးတွေလည်း ကြားဖူးပါတယ်။ အဲဒီလို တတ်ကျွမ်းသူဆရာ/မများကလည်း ပညာကိုအကုန်မပေးပဲ ဆရာစားချန်ထားတတ်တာတွေမလုပ်ပဲ အကုန်ပေးနိုင်ကြဖို့ အထူးအရေးကြီးပါတယ်။ အထူးသဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်တွေဖြစ်တဲ့ နည်းပညာဆိုင်ရာဘွဲ့တွေ၊ ဆေးဘက်ဆိုင်ရာဘွဲ့တွေအတွက် ဆရာစားမချန်ပဲ ပညာကို အကုန်ပေးမှအနာဂတ်မှာတိုးတက်လာမှာပါ ။ မိမိသားသမီး လမ်းမှား မရောက်အောင် မိမိကိုယ် မိမိ အားကိုးတတ်အောင် မိဘတွေအနေနဲ့လည်း အမှန်တရားကို လက်ခံတတ်ဖို့ နားလည်မှုရှိဖို့လည်း အရေးကြီးပါတယ်။ မနေ့က သတင်းစာထဲမှာ ပညာရေးနဲ့ပတ်သက်ပြီး ရေးထားတာ ဖတ်လိုက်ရပါတယ်။ အဲဒီစာကိုဖတ်ပြီး တော်တော်အားတက်မိပါတယ်။ တစ်ယောက်အားနဲ့ စွမ်းနိုင်ကောင်းတဲ့အရာမဟုတ်တဲ့အတွက် လူတိုင်းကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဆရာစားမချန်ပဲ တတ်စွမ်းသမျှ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်မှ ဖြစ်မယ့်အရာမျိုးပါ။ အဲဒီလိုသာ တကယ်လုပ်နိုင်မယ်ဆိုရင် သယံဇာတပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံ အချိန်တိုအတွင်းမှာ ပညာရေးပါမက အရာခပ်သိမ်း အံဩလောက်အောင် တိုးတက်မှုရရှိမယ်လို့ ယုံကြည်ပါတယ်။
TNA
August 20, 2012 at 1:10 pm
ကိုဋ္ဌေးမောင်ဒီပိုစ့်ကို အစအဆုံးဂျာနယ်ထဲထည့်လို့ရမလား။ စိတ်တိုလွန်းလို့ပါ။ ခွင့်ပြုမပြုသိချင်ပါတယ်။
Foreign Resident
August 20, 2012 at 2:00 pm
တစ်ယောက်တော့ Heart ထိသွားပုံပဲ ။ 😛
TNA
August 20, 2012 at 3:54 pm
Heart ထိတာမဟုတ်ပါဘူး။ ဒီလိုဖြစ်ရပ်တွေကိုအစကတည်းကဆန့်ကျင်ခဲ့လို့ပါ။ အားပေးအား မြှောက်လုပ်နေသူတွေကြားထဲမှာသူလုပ်တာအမှန်လို့ထင်နေတာကိုမှားကြောင်း သိစေချင်ရုံလေးပါ။ ဂျာနယ်ကိုလဲပြောပြီးသွားပါပြီ။ ကိုဋ္ဌေးမောင်သာခွင့်ပြုရင်ထည့်ရန်အသင့်ပါ။
casper
August 20, 2012 at 1:42 pm
ဆရာခင်ဗျား။ ဆရာရေးထားသလိုပါပဲ။ အခုခေတ်မှာ ကျောင်းဆရာ၊ ဆရာမတွေက အပြင်မှာခိုးပြီးကျူရှင် သင်နေကြပါတယ်။ မသိရင်ကလေးတွေကျောင်းမှာစာမရှင်းတာတွေကို အိမ်မှာရှင်းပြတဲ့ပုံစံမျိုးပေါ့။ တကယ်တန်းကျတော့ ကျောင်းမှာစာကိုအမြည်းလောက်ပဲသင်ပြီး ကျူရင်ကျတော့မှ အတတ် သင်မယ်ဆိုတဲ့ပုံစံပါ။ ပြီးတော့ ကျောင်းတွေမှာလည်း ကျူရှင်ယူတဲ့ကလေးကိုတစ်မျိုး၊ ကျူရှင်မယူတဲ့ကလေး ကိုတစ်မျိုးဆက်ဆံကြ တယ်လို့လဲသိရပါတယ်။ ဆိုလိုတာကတော့ ကျူရှင်မယူတဲ့ကလေးဆို ရင်တော့ ကျောင်းမှာသတိထားပေတော့ ဆိုတဲ့ သဘောပါ။ မြန်မာ့အသံကဖြစ်စေ၊ တခြားရုပ်သံလိုင်းတခု ကဖြစ်စေ ၁ဝတန်းမှာတစ်နိုင်ငံလုံး အဆင့် ၁ကနေ ၁ဝအတွင်းဝင်တဲ့ကျောင်းသား၊ ကျောင်းသူတွေကို လူတွေ့မေးမြန်း ရာမှာ ဘယ်ကျောင်းသား ၊ ကျောင်းသူကမှ ကျွန်တော်တို့၊ ကျွန်မတို့ ကျူရှင်မယူဘူး၊ ကျောင်းချိန်မှာ ဆရာ ၊ ဆရာမတွေက နားမလည်မချင်းသင်တယ်၊ ရှင်းပြတယ်ဆိုတာ ပဲဖြေနေ ကြတာကို တွေ့နေရပါတယ်။ ဒါဟာမဖြစ်သင့်တဲ့ အဖြစ်ပါ။ တကယ်တမ်းဖြစ်သင့်တာက ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆင်းရဲချမ်းသာမခွဲပဲ ကျောသားရင်သားမခွဲပဲ ကျောင်းချိန်မှာ နားလည်တဲ့အ ထိသေချာစွာ ရှင်းပြပေးဖို့ပါပဲ။ မိဘများအနေနဲ့လည်း မိမိကလေး ရဲ့ ပညာရေးနဲ့ပတ်သက်ပြီးသက်ဆိုင်ရာဆရာ၊ ဆရာမများနဲ့ သေချာစွာတိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။ ဒါမှသာ ကလေးတွေရဲ့ပညာရည်တိုး တက် မှာဖြစ်သလို အမှန်တကယ်ထူးချွန်သူတွေထွက်ပေါ်လာမှာပါ။ ဒါကြောင့်မို့ ကလေးတွေရဲ့အနာဂတ်
ပညာရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသား ပူးပေါင်းပြီး ဖြေရှင်းကြဖို့လိုတယ်ဆိုတာ ဆွေးနွေးလိုက်
ပါတယ်ခင်ဗျား။
Shwe Ei
August 20, 2012 at 2:30 pm
ကျောင်းအုပ်ဖြစ်ချင်ရင် ပိုက်ဆံပေးပြီးလိုက်လို့ရတယ် ကြားဖူးတယ်ဗျ။ ကျောက်ခဲ ရေပေါ် ပေါ်တဲ့ခေတ် ရောက်နေဘီလေဗျာ။ တကယ်တော်ပြီး တကယ်သင်တဲ့ ဆရာမတွေ မျက်နှာငယ်ရတဲ့အချိန်ပေါ့။ အထက်တန်းတုန်းက အဲလို ဆရာမတွေ့ဖူးလို့ ချစ်လိုက်ရတာ အခုထိမမေ့နို်င်သေးဘူး။ ရှားရှားပါးပါးလေ။
ko khin kha
August 20, 2012 at 2:38 pm
သားသားတို့ ကျောင်းဆရာမတွေကတော့ အဲလိုဟုတ်ဘူးဗျ၊
ကျောင်းစာသင်ခန်းထဲမှာဘဲ သေချာသင်ပေးတယ်၊
တစ်ယောက်ချင်းဆီကိုလည်း လိုက်ကြည့်သေးတယ်၊
လက်ရေးကောင်းကောင်း မရေးရင်တောင် ပေတံနဲ့ လက်ကိုခေါက်သေးတာ၊
အိမ်စာတွေပေးလိုက်လို့ တွက်မရဖြစ်နေရင်လည်း နားလည်အောင်ရှင်းပြပေးတယ်၊
ကျူရှင်ဆိုတာ ကြားတောင်မကြားဘူးပါခင်ဗျ၊
စာမေးပွဲနီးရင် ကျောင်းမှာဘဲ အချိန်ပိုသင်ပေးတာ၊
ပိုက်ဆံလည်းပေးရဘူးလေ။
အခုပြောကြတဲ့ထဲမှာ သားသားတို့ ကျောင်းဆရာမတွေမပါဘူးနော်—–။
ဟုတ်တယ်မလား ဦးဦး ဦးဌေးမောင် နော်— နော်လို့။
( လွန်ခဲ့သော အနှစ် ၄ဝ ဝန်းကျင်လောက်ကို အတွေးဆလေးတွေ ရောက်သွားရင်းနဲ့ ရေးမိပါသည်။)
myanmarcitizen
August 20, 2012 at 2:54 pm
“ကျောင်းအုပ်ဆရာမကြီးက သူ့ရဲ့ဗီတိုအာဏာနဲ့ အပ်ချလောင်းဆို ၈၈မှတ်ဖြစ်အောင်လုပ်လိုက်တာပါပဲဗျာ။”
ဒီလိုသာဆိုရင်တော့ ကျောင်းအုပ်ဆရာမကြီးရဲ့အပြစ်ပဲ။ ဒီလိုလူမျိုးကို အရေးယူသင့်တယ်။ လွှတ်တော်အမတ် မြေးဆိုကောဘာဖြစ်လဲဗျာ။ သောက်တုုံးမှမကျတာ။ အဲ့အမတ်ကကောဘာလုပ်နိုင်မှာမို့လို့လဲ။ အဲ့လိုမျိုး ဟိုလူသား ဒီလူသားနဲ့ ကြောက်နေကြရင်တော့ ကိုယ့်ဌာနပဲ ပျက်ဆီးတော့မှာပေါ့။
ခုချိန်လောက်ဆို အဲ့ကျောင်းသားဖြေလွှာပေါ်မှာ အမှန်တွေကိုချရေးထားပြီးနေလောက်ပြီ။ စစ်ဆေးရင်လဲ လက်သယ်ပေါ်တော့မှာမဟုတ်တော့ပါဘူး။
ရွာစားကျော်
August 20, 2012 at 3:48 pm
သူကိုယ်သူ ပြန်ပေးတဲ့ စွမ်းစွမ်းတမံ စီမံခန့်ခွဲအုပ်ချုပ်နိုင်မှုဆု တဲ့လား…
ကြုံဖူးပေါင်း ဂုဏ်ထူးဆောင်တော့…
padonmar
August 23, 2012 at 9:43 pm
ဂျာနယ်ထဲပါရင် သတင်းပေးပါအုံး။
နောက်လည်း ထပ်ရေးပါလို့ အားပေးပါတယ်။