ပန်းဟေဝန်ကအင်တာဗျူး (မန်းဂေဇက်ချစ်သူများစာပေဆု)

မထင်ထားဘူး…

အဲဒီနေရာမျိုးမှာ အင်တာဗျူးဖြေရလိမ့်မယ်လို့ တကယ့်ကို ထင်မထားပါဘူး…

ဇတ်လမ်းစတာက အဲ့ဒီကောင် ရဲဘော်ဟောင်း ပေါ့..။

တနေ့က – ကျုပ်ကလဲ စမ်းချောင်း ဗဟိုလမ်းမှာရောက်နေတုန်း ဒီကောင်က ဖုန်းဆက်ပြီး ပန်းဟေဝန်  ကိုခေါ်တယ်။

ပန်းဟေဝန်ဆိုတာက ဟံသာဝတီလမ်းပေါ် ကားပွဲစားတန်းထွက်ပေါက်နားက လဘက်ရည်ဆိုင်ပါ။

ဒီကောင့်မလဲ  နိုင်ငံတော်ရဲ့စီးပွားရေးမူဝါဒတွေကိုယုံမိလို့  သူ့စည်းစိမ်လေး ခပ်ကြီးကြီးပဲ့သွားပြီးကတည်းက

“ကားမျော-မိန်းမပိုက်ဆံနဲ့လိုက်” ရင်း  ဆင်ကြံကြံ  ကျားချောင်းချောင်း နေလိုက်တာ

တနေ့တနေ့  ကားဝိုင်းနားကကို မခွာဘူး…။

အခုလဲ သူ့ကားတရားကိုမနာချင်တာနဲ့  ဟိုဟိုသည်သည်စကားလမ်းလွှဲရင်း မန်းဂေဇက်အကြောင်းရောက်သွားမိတယ်..။

မန်းဂေဇက်အကြောင်းပြောမိမှတော့ လောလောဆယ်လုပ်နေတဲ့ မန်းဂေဇက်ချစ်သူများစာပေဆု အကြောင်းလဲ ပြောဖြစ်တော့တာပေါ့…။

အဲဒီမှာတင် ဒီကောင်တစခန်းထတော့တာပဲ………..

 

“ အေးကွာ.. ပါလေရာ ရယ်..။ ဒီလိုမှန်းသိရင် ငါလဲ ဆောင်းပါးလေးဘာလေး ရေးပါရဲ့….. ”

“ မင်းရေးတော့ကော ဘယ်သူကရွေးမှာမို့လဲ ဟဲ့ကောင်ရဲ့….။ ဟိုးအရင်ကွန်မင့်လေးတွေရေးတုန်းကတောင် အဆဲခံရလွန်းလို့ မင်းရွာမဝင်တာတောင် ဘယ်လောက်ကြာပြီလဲ… ”

“ အဲ  မင်းပြောမှ ရွာကိုတောင် သတိရလာပြီ။ မင်းကားထဲ လက်ပ်တော့ပါတယ်မဟုတ်လား။ ခဏဝင်ကြည့်ရအောင်…၊ ကွန်မင့်လေးတခုနှစ်ခုလောက် အလွမ်းပြေ ရေးလိုက်ဦးမှ…. ”

“ အေးအေးနေလက်စနဲ့ နေစမ်းပါကွာ။ မင်းကားတွေပဲ မရှုံးအောင်ရောင်းဘို့ အာရုံစိုက်ပါ… ”

“ မဟုတ်သေးပါဘူး….။ မင်းဘယ်လိုလုပ် ကပ်တီးကပ်ဖဲ့ဖြစ်နေရတာလဲ…။ ဘာလဲ … ငါစာတွေဝင်ရေးပြီး ဆုကြေးတွေ တထောကြီးရသွားမှာစိုးလို့လား…… ”

“ မင်းက စာရေးမှာမှမဟုတ်ပဲ ရဲဘော်ဟောင်းရယ်..။ ကွန်မင့်ပြင်းပြင်းတွေရေးပြီး ဆော်ပလော်ဘို့ပဲချောင်းနေတာကို။  ပြီးတော့လဲ ဒီစာပေဆုက ဆုကြေးတွေ တထောကြီးလဲ ရစရာမရှိပါဘူး…။ ”

“ ဟုတ်လား…။ ဆုကြေးတထောကြီးမရဘူးဆိုတော့  ဆုကြေးကိုဘယ်လောက်သတ်မှတ်ထားလို့လဲ… ”

“ ဘယ်လောက်မှ သတ်မှတ်မထားဘူး…။ ဆုကြေးအနေနဲ့ ငွေကြေးပေးမှာမဟုတ်ဘူး။ လစဉ်အကြိုက်ဆုံးအဖြစ်အရွေးချယ်ခံရတဲ့စာမူရေးသူကို နှစ်သောင်းဝန်းကျင်လောက်တန်ဘိုးရှိမယ့် ဆုလက်ဆောင်ကိုပဲ ပေးမှာ…. ”

“ ဟင်.. မဟုတ်သေးပါဘူး…။ အရင်ငါဖတ်မိထားတာက ဆုအတွက် အဘဆွေက တနှစ်တစ်သိန်းထည့်မယ်ဆို…  ။ အဘဖေါကလဲ တစ်လတစ်သောင်း ထည့်မယ်ဆို၊ မင်းတို့အဖွဲ့ဝင်တွေကလဲ တစ်လသုံးထောင် ထည့်မယ်ဆို…. ”

“ မင်းပြောတာဟုတ်ပါတယ်…။ ဒါပေမယ့် အဲဒီပိုက်ဆံတွေကို ဆုအတွက်ချည်းပဲ သုံးမယ်လို့ မဆိုလိုဘူး….။ တနှစ်ကိုနှစ်ခါလောက်ခွဲပြီး မန်းဂေဇက်မင်ဘာတွေ တွေ့ဆုံပွဲလုပ်မယ်။ အဲဒီတွေ့ဆုံပွဲမှာ ဆုလက်ဆောင်ပေးမှာ…။ ဆိုတော့…  အဘဆွေထည့်ဝင်မယ့်ငွေရယ်၊ အဘဖေါထည့်ဝင်မယ့်ငွေရယ်ကို ဆုလက်ဆောင်ဝယ်ဖို့သုံးမှာဖြစ်ပြီး လိုရင် ကျန်အဖွဲ့ဝင်တွေထည့်ဝင်ငွေထဲက နဲနဲစိုက်သုံးမယ့်သဘောပဲ။ ကျန်အဖွဲ့ဝင်တွေရဲ့ ထည့်ဝင်ငွေအများစုကို မန်းဂေဇက်မင်ဘာများတွေ့ဆုံပွဲ စားရိတ်အဖြစ်သုံးမှာ…။ ”

“ တွေ့ဆုံပွဲလား…  ဆုပေးပွဲလား…. ”

“ တွေ့ဆုံပွဲလို့ပဲ သတ်မှတ်တယ်။ အဲဒီတွေ့ဆုံပွဲမှာမှ ဒီစာပေဆုချီးမြှင့်တာရယ်၊ အခြားကိစ္စတွေရယ်ကို လုပ်မယ့်သဘောပါပဲ… ”

“ တွေ့ဆုံပွဲဆိုတော့ ဘယ်သူတွေလာရမှာလဲ… ”

“ ဟဲ့ကောင်ရဲ့… တွေ့ဆုံပွဲဆိုမှတော့ တွေ့ဆုံချင်တဲ့သူတွေထဲက လာဖို့အဆင်ပြေသူတွေ အားလုံးလာကြဖို့ပဲပေါ့….။ ဒီကိစ္စရဲ့တကယ့်အကျိုးက အဲဒီပွဲ မှန်မှန် လုပ်ဖြစ်သွားတာပဲ….။ အဲဒီကနေ ဆင့်ပွားအကျိုးတွေ အများကြီးရှိနိုင်တယ်…။”

“ ဟင်… မင်းတို့ဟာကြီးကလဲ…။ အွန်လိုင်းမှာစာရေးတယ်ဆိုတာ ကိုယ့်မျက်နှာ အမြင်ခံနိုင်သူရှိတယ်၊ မခံနိုင်သူရှိတယ်။ မင်းတို့ဆုကို လူကြားထဲပေးရင် လာမယူနိုင်မယ့်လူတွေ ရှိနိုင်တာပဲ…။ ”

“ စာပေဆုလက်ဆောင်ကို မန်ဘာများတွေ့ဆုံပွဲမှာ လာမယူနိုင်ဘူးဆိုရင် ၊ တယောက်ယောက်ကကိုယ်စားတက်ယူလို့လဲရပါတယ်..။ ကိုယ်စားလှယ်နဲ့ယူရင်တော့ အဲဒီကိုယ်စားလှယ်ထံက ပြန်ရ/မရ ဆိုတာကတော့ ဆုရသူရဲ့တာဝန်ပါပဲ..။”

“ လာလဲမယူနိုင်ဘူး၊ ကိုယ်စားယူပေးမယ့်လူလဲ မရှိဘူး ဆိုရင်ရောကွာ…… ”

“ အဲဒါဆိုရင်တော့ အကြမ်းအားဖြင့်တော့  ဆုရသူက ဆုလက်ဆောင်ကို စွန့်လွှတ်ပြီးဖြစ်တယ်လို့ ယူဆပြီး သင့်လျှော်သလို ဆက်လုပ်မယ်ပေါ့…”

“ ဟင်… မင်းတို့ဟာကလဲ..။ လာမယူနိုင်ရင်လဲ ဆုလက်ဆောင်ကို ပို့ပေးတာတို့ဘာတို့ လုပ်ပေးပါလား.. ဆင်ပြောင်ကြီး-အမြီးကျမှ….. ”

“ ပို့ပေးဖို့ အဆင်ပြေရင် ပို့ပေးမယ်လို့လဲ သဘောထားရှိပြီးသားပါ။ ဒါပေမယ့် အဆင်ပြေမပြေ၊ လုပ်နိုင်မလုပ်နိုင်ပေါ်မူတည်မှာမို့ မဖြစ်မနေပို့ပေးမယ် လို့ မသတ်မှတ်ထားတာပါ။ ”

“ ပို့ပေးလို့ မဖြစ်ရင်ရော…။ အဲဒါဆို အဲဒီဆုလက်ဆောင်ကို မင်းတို့ ဘာဆက်လုပ်မလဲ…. ”

“ လာလဲမယူ၊ ကိုယ်စားလဲမယူ၊ ပို့ပေးလို့လဲအဆင်မပြေရင်တော့ အဲဒီလက်ဆောင်ကို အဖွဲ့ရဲ့သဘောအတိုင်းစီမံမှာပေါ့… ”

“ ဘယ်လိုစီမံမှာလဲ… ”

“ ဘယ်လိုမဆိုပေါ့..။ ဒါက သူများစွန့်လွှတ်ပြီးသားပစ္စည်းမို့ အဖွဲ့ပိုင်ဖြစ်သွားပါပြီ။ ဒါကြောင့် နောက်ပေးမယ့်ဆုတွေအတွက်လျာထားတာ၊ ခဏ ထိမ်းသိမ်းထားတာ၊ ရောင်းတာ၊ သုံးတာ၊ ပေးကမ်းတာ၊ ဖျက်ဆီးစွန့်ပစ်တာ  စသဖြင့် အဖွဲ့ရဲ့သဘောအတိုင်း လုပ်လိုက်ရုံပေါ့…။ ”

“ အင်း… အင်း… မင်းပြောတာတော့ ရှင်းသွားပါပြီ။ အဲဒီအကြောင်းတွေ ကြေငြာတာတော့ ငါမဖတ်ရသေးဘူး။ ဘယ်ပိုစ့်မှာ ပြောထားတာလဲ… ”

“ အဲ…. အဲဒါ တိတိကျကျအားဖြင့်တော့ မကြေငြာရသေးဘူးကွ…. ”

“ ဟာ…. ဘယ်လိုဖြစ်တာလဲ ပါလေရာရယ်။ မင်းတို့ဆုကြေငြာကတည်းက မရှေးမနှောင်း ကြေငြာထားသင့်တာလေ…။ အဲဒါအဆဲခံရရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ… ”

“ ငါ့မှာတာဝန်ရှိတာပါ ရဲဘော်ဟောင်းရယ်..။ ငါက ဆုကြေငြာတဲ့ပိုစ့်မှာ ဆုကြေးအကြောင်း ဆုပေးပွဲအကြောင်းမေးလာရင် ကွန်မင့်နဲ့ဖြေဘို့ စဉ်းစားထားတာပါ။ မမေးလာတော့မှ ကြေငြာမယ်ပေါ့..။ အဲဒါလေး နေ့ရွှေ့လရွှေ့ လုပ်နေမိတာ…  ”

“ ဒါထက် ဆုပေးပွဲက ဘယ်တော့လုပ်မှာလဲ…. ”

“ မင်ဘာများတွေ့ဆုံပွဲကို ၂၀၁၃ ဇန်နဝါရီလထဲ လုပ်မယ်လို့တော့ ခန့်မှန်းထားတာပဲ…. ”

“ တွေ့ဆုံပွဲမှာ အကျွေးအမွေးတော့ပါမှာပေါ့နော်… ”

“ နောက်ပိုင်းတွေ့ဆုံပွဲတွေမှာလဲ  အနည်းနဲ့အများ ပါမှာပါ…။  အခုပထမအကြိမ်မှာတော့ အဘဖေါကတဝက် ကျန်အဖွဲ့ဝင်များရဲ့ ထည့်ဝင်ငွေကတဝက်နဲ့ ဘူဖေးလေးနဲ့ ဧည့်ခံမလားလို့ စဉ်းစားထားမိတာပဲ…။ ”

“ ဘူဖေးဆိုတော့ လူဦးရေတော့ ကြိုသတ်မှတ်ထားရမယ်ထင်တယ်နော… ”

“ ကြိုသတ်မှတ်စရာမလိုပါဘူး။ အနားနီးရင်တော့ မန်းဂေဇက်မင်ဘာများတွေ့ဆုံပွဲ တက်ရောက်မယ့်လူတွေကို ကြိုစာရင်းကောက်+အတည်ပြု ရမှာပေါ့…။  ”

“ ငါလဲ လာလို့ရတယ်မဟုတ်လား… ”

“ မင်းလဲ မန်ဘာပဲ။ စာရင်းကောက်တဲ့အခါ စာရင်းပေးထားရင် ရတာပေါ့ ”

“ ဒါပေမယ့် လူချင်းလဲမသိပဲ မင်းတို့ဧည့်ခံတာကြီး လာအားပေးရမှာတော့ နဲနဲတော့ အားနာသလိုပဲ…….. ”

“ အဲဒါကတော့ မင်းရဲ့သဘောထားနဲ့ပဲ ဆိုင်တာပဲ ရဲဘော်ဟောင်း….။ အဲဒီအချိန်မှာ ရွာသူရွာသားတွေကို တွေ့ဆုံချင်စိတ်ပြင်းပြနေရင် လာလို့လဲ အဆင်ပြေလွယ်ကူတယ်ဆိုရင် မင်းလာဖို့ကြိုးစားမှာပဲ…  ”

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

84 comments

  • YE YINT HLAING

    August 24, 2012 at 1:13 am

    ဆုရတဲ့ သူတော့ ဆုလည်းရမယ် ဘူဖေးလည်းတီးရမယ် ဆိုတော့ အတော်နိပ်တာပဲ ။

    • ဦးဦးပါလေရာ

      August 24, 2012 at 11:13 am

      ကိုရဲရင့်လှိုင်ရေ
      ကျွန်တော်တို့အဖွဲ့ဝင်တွေ အကြိုက်တူလို့ရွေးထားတဲ့ ဆုရသူတွေကို
      ဖြစ်နိုင်ရင် ကိုယ်တိုင်လဲ တွေ့ဆုံဂုဏ်ပြုချင်သေးတာကိုး ခင်ဗျ….

      • YE YINT HLAING

        August 24, 2012 at 11:36 am

        ဆုရတဲ့ သူတွေကို ဝမ်းသာ ဂုဏ်ယူ အားကျပါတယ်ဗျာ ! အဲဒီလိုမျိုးလည်း ဆုံချင်သားဗျ !

  • Foreign Resident

    August 24, 2012 at 1:43 am

    ဦးပါရယ် ။
    ဦးပါ ခင်းသွား လျှောက်သွားပုံလေးက လှလိုက်တာ ။

    ဒီလို အပြော ဒီလိုအဆင် နှင့်ကတော့ ၊
    အဘတောင် အဖိုးကြီးအိုကြီးဖြစ်နေလို့ ၊
    သမီးလေး အရွယ်သာဖြစ်ရင် တခါထဲ ကြွေသွားမှာ ။ 😛

    • အရီးခင်လတ်

      August 24, 2012 at 3:05 am

      အိုး … အို ….
      ကိုအဘဖောက ဒီလိုလား။
      မထင်ခဲ့မိပါလား။
      နောက်ပြီး တိုးတိုးပြောတာမဟုတ်ဘူး။
      ဘပု ကြားသွားရင် အပြေးလာတွေ့တော့မှာ။ 😛

      ဒါထက် ဦးပါ က မော်ဒယ်လျှောက်လား၊ မယ် လျှောက်လား၊ ကြောင်လျှောက် လား။ 😆

  • အရီးခင်လတ်

    August 24, 2012 at 3:02 am

    ဒါကြောင့်ပြောတာ။
    ငှက်ကထ ကြီး ကတော့ ငှက်ကထ ကြီး ပါဘဲ။
    ဒါတောင် လက်စွမ်းမကုန်သေး။
    ကောင်းမှကောင်း အကြော်စုံလေး။
    ဘရာကြော် က စလို့ ဂေါ်ရခါးကြော် အဆုံး။ 😀

    ဂဇက်ရွာမှာ မိသားစုပမာ
    မရှိအတူ- ရှိအတူ
    မအားအတူ-အားအတူ
    သဘောထားကြရင်ဖြင့်
    ရွာ ကောင်းကျိုးရရှိနိုင်ဖို့
    ဆက်လက်ပြီး အကြံပြုချင် ရှိပါကလဲ ကြီးသည်-ငယ်သည်မရွေး
    အားပါးတရ ပူးပေါင်း ပါဝင်ကြပါဗျို့။ 🙂

    • ဦးဦးပါလေရာ

      August 25, 2012 at 8:29 am

      Repeat :

      ဆက်လက်ပြီး အကြံပြုချင် ရှိပါကလဲ ကြီးသည်-ငယ်သည်မရွေး
      အားပါးတရ ပူးပေါင်း ပါဝင်ကြပါဗျို့။

  • htoosan

    August 24, 2012 at 6:45 am

    ရများ ရလို့ ကတော့..
    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကထူးဆန်း (အငြိမ်းစား စီဂျေ ) ( မန္တလေး ဂေဇက် စာမှုဆုရ) ဆိုပြီး အိမ်ရှေ့ စာတမ်းထိုးရမယ် ..
    ဒါနဲ့ လူမြင်အောင် ချိတ်ရမလား ထောင်ထားရမလားဟင် ..

    • ဦးဦးပါလေရာ

      August 24, 2012 at 11:04 am

      ပန်းချီ/ကျောက်စီပန်းချီ/ရွှေချည်ထိုး/ကောက်ရိုးပန်းချီ တွေမျိုးဆိုရင်တော့ ချိတ်ရမှာပေါ့ ကိုထူးဆန်းရေ-
      ပန်းပုလို ဆုဖလားလို ရွှေကလောင်လို ပန်းကန်ပြားပန်းကန်လုံး စာအုပ်လို ဆိုရင်တော့ ထောင်ထားရလိမ့်မယ်…
      အဲဒါကတော့ ဖတ်ရွေးအဖွဲ့ထဲက စိတ်ကူးကောင်းသူတွေရှိသဗျ…
      ခရစ်စမတ်မတိုင်ခင် စိတ်ကူးဆုံးဖြတ်ကြပါလိမ့်မယ်… 🙂

  • MaMa

    August 24, 2012 at 7:18 am

    ဦးပါရေ-
    (“ ဒါပေမယ့် လူချင်းလဲမသိပဲ မင်းတို့ဧည့်ခံတာကြီး လာအားပေးရမှာတော့ နဲနဲတော့ အားနာသလိုပဲ…….. ”)
    ဆိုရင်လည်း အလှူငွေထည့်ဝင်လို့ရကြောင်း ရဲဘော်ဟောင်းကြီးကို ပြောပြလိုက်အုံးမှ [:D]

    ကထူးဆန်းရဲ့ ဂုဏ်ပုဒ်တွေကို အားကျလာပြီ။

    ကိုယ်စားလှယ်လောင်းဖြစ်ရန် မသေချာ
    စီဂျေ မဖြစ်ခင်က ပြုတ်
    မန်းဂေဇက် စာမူဆုမရ
    မမ
    [:D]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

    • htoosan

      August 24, 2012 at 11:15 am

      ဒီလ ကစပြီး ပိုက်ပိုက် တစ်လ ၁၇၇၈၅ဝ စုရင် ၂၀၁၅ ရွေးကောက်ပွဲကျရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်ပြီ .. ငါးသိန်း သွင်းနိုင်ရင် ရပြီလေ.. ဈေးတက်သွားရင်တော့ ဒုက္ခ.. 🙄

  • htet way

    August 24, 2012 at 8:58 am

    သိပ်ကောင်းတဲ့ အစီအစဉ်ပဲ ဆရာဦးဦး
    ကျွန်တော်ကတော့ ဂေဇက် ဝင်တွေကို မြေထောင်မြှောက်ပေးတာကို သဘောကျတယ် ။
    အခုလို ဖတ်ကောင်းအောင်ရေးပြီး အစီအစဉ်ကို ရှင်းပြတဲ့ ရေးဟန်ကိုလည်း
    မှတ်သားလေးစားမိပါတယ်။
    ဆရာဦးဦး ကျန်းမာရွှင်လန်းပါစေ။

    • ဦးဦးပါလေရာ

      August 25, 2012 at 8:44 pm

      ကိုထက်ဝေးရေ
      အားပေးတာ ကျေးဇူးပါဗျာ…
      ကျွန်တော်တို့က ဘာမှ မဟုတ်တော့ မြေတောင်မြှောက်ပေးတယ်တော့ မဟုတ်ပါဘူး..။
      ကိုယ်ကြိုက်မိတဲ့ ပိုစ့်လေးတွေကို ထုတ်ဖေါ်ပြီး ဂုဏ်ပြုတဲ့ သဘောပေါ့နော…။
      အဲဒီအတွက်လဲ ကိုယ့်ဟာကိုယ် ကျေနပ်မိပါတယ်။
      ကိုထက်ဝေးလဲ ကျန်းမာပါစေ..။

  • မောင်ပေ

    August 24, 2012 at 8:59 am

    ဒဲ့သီး
    ဝေ့သီး
    ဝိုက်သီး တွေနဲ့ ဆုပေးပွဲဟာ မည်သို့မည်ပုံ လာမည်ဆိုတာကို
    ဖော်ပြသွားတာကလား
    ဦးဦးပါရေ
    ရဲဘော်ဆက်လုပ်

    • ဦးဦးပါလေရာ

      August 24, 2012 at 11:09 am

      အားပေးတာ ကျေးဇူးတင်ပါတယ် ကိုပေရေ

      ဆုရွေးတာရော ဆုကြေငြာတာရော ဆုပေးတာရောမှာ

      မေတ္တာဖြင့် လက်ကမ်းကြိုတဲ့ လက်ဖဝါး

      မုဒိတာဖြင့် လက်ခုပ်တီးတဲ့ လက်ဖဝါးတွေနဲ့

      အေးချမ်းပျော်ရွှင်စွာ ချီတက်ကြဖို့ ရည်ရွယထားပါတယ်ဗျား….

  • mocho

    August 24, 2012 at 9:07 am

    ဦး ဦး ပါလေရာ ရဲ့ အသိပေး ကြေညာ အိုင်ဒီယာချက် လေး က ကောင်းလိုက်တာ။
    ဆု မရ လည်း ဘူဖေး တီး ရမယ် ဆိုတော့ ဇန်နဝါရီ မှာ မဖြစ်ဖြစ်အောင်ပြန်လာဦး မှ ပဲ။
    အလကား စတာ ပါ။ ရွာသူားတွေ နဲ့ အမှန်တယ် ဆုံ ချင် ပါတယ်။ ဇန်နဝါရီ လောက် မှာ လည်း ပြန်လာဖြစ်ဖို့မှန်း ထားပါသေး တယ်ဆိုတော့ ကံကြုံ ရင် ဆုံကြရ အုံးမှာ ပေါ့ လေ။

    • ဦးဦးပါလေရာ

      August 24, 2012 at 3:57 pm

      ကံကြုံကိုကြုံပါစေလို့ ဦးပါ ဆုတောင်းပါတယ် မိုချိုရေ..။
      ဂေဇက်ဝိုင်းတော်သားတွေ
      ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် ဆုံကြချင်လို့……

  • ဖိုးအောင်ထွန်း

    August 24, 2012 at 9:10 am

    ကိုယ်တိုင်လည်း လာမယူနိုင်၊
    ကိုယ်စားလှယ်လည်း မတက်ယူနိုင်တဲ့ ဆုတွေအတွက်
    ပူမနေပါနဲ့ ..
    ကျုပ် တစ်ယောက်လုံး ချိဘာဒယ် … ခွိ .. ခွိ .. :mrgreen:

    ဦးပါရေ ..
    ဆုပေးပွဲနဲ့ ပတ်သက်လို့
    အတော်ကြီး သိသွားရပါဒယ်ဗျာ ..

    • ဦးဦးပါလေရာ

      August 25, 2012 at 8:24 am

      ဟင်း… ဟင်း…
      ကဖိုးအောင်ကို တက်ကနီကယ်စပိုတာအဖြစ် ဇွတ်အတင်း သတ်မှတ်ထားတာရော သိထားပီးဘလား…. 😛

      အဲဒါ အလုပ်ရှုပ်ဖို့သာ ပြင်ပေတော့… 😀 😀

      • မောင်မောင်ဂေါက်

        August 25, 2012 at 12:44 pm

        အန် …
        ဒါတော့ သိဘူးဂျ ..
        ဘိုဒုံးဆိုတာ ကြောကြဘာဦး …

        မဂေါက်ခင် သိသွားချင်ဒဲ့
        မောင်မောင်ဂေါက်
        😀

  • Shwe Tike Soe

    August 24, 2012 at 9:22 am

    ဦးပါလေရာ ရေ ဒီလို အားကြိုးမာန်တက်နဲ. မအားတဲ့ကြားက စာပေဆုအတွက် အချိန်ပေးပြင်ဆင်နေတာ အရမ်းကို လေးစားမိပါတယ်ဗျာ…. အန်တီ ပဥမ္မာရောပေါ့… ဦးဘလက်တို. အဘဖောတို. လူကြီး တွေအားလုံး တက်ကြွစွာ ပါဝင်နေကြတာကို ကြည့်ပြီး ကျွန်တော်တို.လူငယ်တွေ မညီမညွတ် ကြတာ ကို တွေးပြီး ရှက်မိပါတယ်ဗျာ…..
    ရွာသူား တွေ တွေ.ဆုံပွဲ ဆိုတော့ အရမ်းကို ပျော်စရာကောင်းမှာပဲနော်… ကျွန်တော်လဲ တတ်နိုင်သလောက် ကူညီပေးချင်ပါတယ်ဗျာ… လိုတာရှိရင် ပြောပါအုံး…. ဂေဇတ်တွေ.ဆုံပွဲ အတွက် လိုအပ်တာတွေ စီစဉ်ရင် ကူညီပေးပါမယ်………..
    စာပေဆုအတွက်ကတော့ ရည်မှန်းချက် ရည်ရွယ်ချက် ကြီးမားတာ သိနေတဲ့အတွက် ဘာမှ ဝင်မပြောတာပါခင်ဗျ…..

    အခုလို ကိုုယ်ဖိရင်ဖိ တတတ်တအား ပါဝင်ကြသော လူကြီး၊လူငယ်များကို ကျေးဇူးတင်လေးစားပါကြောင်းးးးးးးးးး

    မန်းဂေဇတ်ချစ်သူ
    ရွှေတိုက်စိုး

    • surmi

      August 24, 2012 at 9:48 am

      ဗျို ့ ကိုရွှေတိုက်
      မောင်ရင်ကလူသိလည်းများ မှတ်လည်းမှတ်မိနေပြီဆိုတော ့
      ဒီလိုလုပ်ဗျာ တွေ ့ဆုံပွဲကျရင်အပေါက်ဝကနေ စောင် ့ကြိုပေး
      ဒါမှ ကျုပ်တို ့လာရင်ကြောင်တောင်တောင်ဖြစ်မနေမှာ
      ဒါနဲ ့ဦးပါရေ
      အကြိမ်ကြိမ်လွဲနေရတဲ ့အတွက် လာခွင် ့မကြုံမှာဘဲစိုးရိမ်မိတာပါ
      တစ်ခုလျှာရှည်လိုက်ဦးမယ်
      လာကြရတဲ ့သူတွေအဆင်ပြေဖို ့ နေ ့လည်ခင်းဆိုရင်ကောင်းမလားလို ့
      ညဘက်က သွားရေးလာရေးခက်တယ်လေ

      • Shwe Tike Soe

        August 24, 2012 at 10:14 am

        ဟုတ်ကဲ့ ဟုတ်ကဲ့ လုပ်ပေးရမှာပေါ့… ဒါပေမယ့် လာတဲ့သူတွေ မမြင်မှာပဲ စိုးရသကိုးဗျ…ဟဟဟ
        ဒီက အရပ်ကလဲ ထောင်ထောင်မောင်းမောင်းနဲ.ဆိုတော့ ဟေဟေဟေ့…..

        • manawphyulay

          August 24, 2012 at 10:16 am

          အမယ် မမြင်မှာစိတ်မပူပါနဲ့။ မမြင်မှာစိတ်ပူနေရင် အရင်လိုပဲ အုပ်ထိန်းသူခေါ်လာခဲ့လိုက်ပေါ့ တိုက်တိုက်ရယ် ဟုတ်ဘူးလား… အဝေးကတောင် လှမ်းမြင်နိုင်ပါသည် ဖြစ်သွားမယ်။ 😛

      • ဦးဦးပါလေရာ

        August 24, 2012 at 4:02 pm

        ကိုဆာမိရေ-
        လာရပြန်ရတာအဆင်ပြေအောင်
        နေ့လည်ပိုင်း လုပ်ဖို့ ရည်ရွယ်ထားပါတယ်ဗျာ..

        တကယ်တော့ ရွာသူားတွေ ကျုပ်ကိုလဲ သိပ်မသိကြပါဘူး
        ကျုပ်ကလဲ သိပ်မသိသေးပါဘူး
        ဒီတခါတော့ ဒီလိုလုပ်မယ်..
        အပေါက်ဝက စောင့် – နာမည်မေးပြီး
        မိုက်တလုံးနဲ့ – ဘယ်သူလာပါပြီခင်ဗျား… လို့ကြေငြာမယ်လေ… 😀 😀

    • ဦးဦးပါလေရာ

      August 24, 2012 at 11:24 am

      ကျေးဇူးပါ ရွှေတိုက်ရေ-

      တွေ့ဆုံပွဲလုပ်တဲ့အခါတော့ အဓိက လိုအပ်တာက ရွှေတိုက်တို့ လူငယ်တွေရဲ့ အကူအညီပါပဲ။

      အခုလိုအားပေးတာကိုကလဲ ကြီးမားတဲ့ စိတ်ဓါတ်ရေးရာ အကူအညီတမျိုးပဲ ဖြစ်ပါတယ်ဗျာ….

  • marblecommet

    August 24, 2012 at 10:47 am

    2013 ဇန်နဝါရီကျမှလား
    ဦးဦးပါ
    အကြာကြီးစောင့်ရမှာဂျာ.
    ……

    • ဦးဦးပါလေရာ

      August 24, 2012 at 11:18 am

      ကိုကမ်း..
      ကျုပ် ဝါဆိုထမင်းနဲ့ဧည့်ခံတာကို အားပေးမယ်ဆိုရင်တော့
      ကြားဖြတ်အစီအစဉ်နဲ့ လုပ်ပေးမယ်.. 😀 😀

      • marblecommet

        August 24, 2012 at 11:28 am

        စိန်လိုက်ဗျို့ စိန်လိုက်
        ကြားဖြတ်အစီအစဉ်လေးဖြစ်ဖြစ်
        အားပေးချင်လှပြီ
        ရွာနဲ့ ရွာသားတွေနဲ့
        ဝေးနေတာကြာပြီဗျာ…..

  • ကို ခင်ခ

    August 24, 2012 at 11:11 am

    ဦးပါရဲ့ ရေးသားချက်ကတော့ ကောင်းပါ့ဗျာ။
    အဲဒီအချိန် ရန်ကုန်ရောက်နေရင်ဖြင့် လာခဲ့ပြီး လက်ခုတ်တီးအုံးမယ်ဗျာ။
    လက်ခုတ်တီးတယ်ဆိုတာ အားပေးခြင်းရဲ့ သင်္ကေတမို့ပါ။

    • ဦးဦးပါလေရာ

      August 24, 2012 at 11:16 am

      လာဖြစ်အောင်အခွင့်ကြုံပါစေလို့ ဆန္ဒပြုပါတယ် ကိုခင်ခရေ-
      စာချင်းဆုံပြီး ခင် လို့အားမရတော့
      လူချင်းဆုံပြီး ခင်မင်ချင်ပါတယ်ဗျာ…။

  • Khaing Khaing

    August 24, 2012 at 11:29 am

    ဇန်နဝါရီလဆိုတော့ အင်း …. တွေ့ဆုံပွဲတက်လို့ရသေးတာပဲ ….. လာမယ်နော် လေးလေးပါ ….. အခုတစ်လော နေသိပ်မကောင်းတော့ ခေါင်းထဲကစာတွေလည်းသိပ်မထွက်ဖြစ်နေတာကြောင့် ကော်မန့်ရော ပို့စ်တွေရော နည်းသွားတယ် …… နောက်ပိုင်းလည်း နေသာထိုင်သာရှိရင်တော့ဝင်ရေးဖြစ်ပါ မယ် …… အနားနီးလို့လေးလေးတို့ပို့စ်တင်ရင် မဝင်မမန့်မိတာတောင်မှ သမီးတွေ့ဆုံပွဲလာမှာနော် …..

    • ဦးဦးပါလေရာ

      August 24, 2012 at 3:45 pm

      ခိုင်ခိုင်တို့မိသားစုက မလာလို့ဘယ်ဖြစ်မလဲ..
      အဲဒါမှ စုစုဝေးဝေး စည်စည်ကားကား ပျော်ပျော်ပါးပါးရှိမှာ..
      ပင်လယ်ပျော်ရယ် ခိုင်ခိုင်ရယ် သမီးလေးရယ်
      ဦးပါခေါင်းထဲမှာ တခါထဲမှတ်ထားပြီးသား … 😛

  • မွန်မွန်

    August 24, 2012 at 12:21 pm

    သမီးကလေ ဆုရတဲ့သူတွေကို လာဂုဏ်ပြုချင်တာပါ…. ဘူဖေးပဲ စားချင်တာ ဟုတ်ဘူးနော်… ဟီးဟီး…. 🙂

    • ဦးဦးပါလေရာ

      August 24, 2012 at 3:48 pm

      ဟုတ်ပါတယ် သမီးရယ်
      ဦးပါတို့ကလဲ ဆုရသူတွေကို ဂုဏ်ပြုဘို့လာရောက်သူတွေကို ပြန်ဂုဏ်ပြုတဲ့အနေနဲ့ ဧည့်ခံမှာပေါ့… 😛

  • kotun winlatt

    August 24, 2012 at 4:21 pm

    ဆုသာရလို့ကတော့..ရွာကနေ လေယာဉ်စီးလုံးပြတ်ငှားပီး ဆုပေးပွဲကို တက်မယ်ဗျ..အဟိ…။

    • ဦးဦးပါလေရာ

      August 25, 2012 at 8:28 pm

      ကိုထွန်းဝင်းလတ်ကို လဲ ကျွန်တော်တို့အဖွဲ့က ဆုံချင်ပါသေးတယ်..။
      လူမှု့အထောက်အကူပြုလုပ်ငန်းတွေလုပ်နေတဲ့
      လူ့တာဝန်ကျေတဲ့ ရွာသားတယောက်အဖြစ် လူချင်းတွေ့ပြီး ဂုဏ်ပြုချင်သေးတယ်ဗျာ..။

  • pooch

    August 24, 2012 at 4:38 pm

    မလာနိုင်လည်း အိမ်ကနေ လက်ခုပ်တီးပေးပါ့မယ်ဗျို့ 😀

    • ဦးဦးပါလေရာ

      August 25, 2012 at 8:19 am

      အဲဒီရက်ပိုင်း ရန်ကုန်ကို ခရီးကြုံပါစေလို့ ဆုတောင်းပါတယ် pooch ရေ-

      လူစုံစုံလေး တွေ့ချင်မိသား…..

  • Shwe Ei

    August 24, 2012 at 5:04 pm

    သဘောပေါက်သွားဘီ ကောင်းကောင်းဂျီး သဘောပေါက်သွားဘီ လာဖြစ်အောင်ကိုလာအုံးမှာ 🙂

  • nature

    August 24, 2012 at 7:48 pm

    ဆုမရပဲလာရမှာအားနာတယ်။ အဟီး…. ဒါပေမဲ့အားလည်းနာတယ် ခင်လည်းခင်တယ်။ :mrgreen:

    • ဦးဦးပါလေရာ

      August 25, 2012 at 8:28 am

      ဒီအတိုင်းက တော်ရုံနဲ့ မဆုံဖြစ်ကြဘူး ကိုနေးချားရေ
      အခုတော့ ဆု ကိုအကြောင်းပြပြီး ဆုံကြတာပေါ့… 😛

  • padonmar

    August 24, 2012 at 8:35 pm

    မထင်ထားဘူး၊
    ဒီလို ဆုပေးမယ့် အစီအစဉ်ကို အင်တာဗျူးပုံနဲ့ ရေးမယ်လို့။ဇာတ်လမ်းစတာက အဲဒီ ဦးဦးပါဆိုတဲ့ လူကြီးပေါ့။
    ဒါကြောင့် ငှက်ကထကြီးအဖြစ်တင်လိုက်တာ မှန်လေးမှန်..
    …………………………………
    “အဲဒီအချိန်မှာ ရွာသူရွာသားတွေကို တွေ့ဆုံချင်စိတ်ပြင်းပြနေရင် လာလို့လဲ အဆင်ပြေလွယ်ကူတယ်ဆိုရင် မင်းလာဖို့ကြိုးစားမှာပဲ… ”
    ရဲဘော်ဟောင်းလည်းလာစေချင်တယ်။မိကဲ အမေလည်း မြင်ဖူးချင်တယ်။
    …………….
    ဆုအတွက် အကြံဉာဏ်လေးတွေရှိရင် အဆက်အသွယ်လေးတွေ ရှိရင် ရွာသူားတွေထဲကလည်း အကြံပေးကြစေချင်ပါတယ်။
    …………………..
    အကနဲ့ဖျော်ဖြေဖို့တော့ တကယ့်မင်းသမီးအစစ် Si Tone ရွာထဲရောက်နေပြီ ဆိုတော့ အတော်ပဲ။

  • padonmar

    August 24, 2012 at 8:45 pm

    ဦးပါရေ
    ကျမတို့ စာလုံးပေါင်းသတ်ပုံ စစ်ဖို့လိုပြီထင်တယ်။
    မန်းဂဇက် ရေးမလား မန်းဂေဇက် ရေးမလားဆိုတာ။
    ကျမကတော့ ရှေးက ရေးကြတဲ့ စတိုင်အတိုင်း ဂေဇက် လို့ ရေးရတာလေး ကြိုက်လို့ သုံးမိတာပါ။
    မူပိုင်ရှင်ကြီးက ဂဇက်တဲ့နော်။

    • htoosan

      August 24, 2012 at 9:35 pm

      မှတ်ချက်။ ။ မန္တလေးဂေဇက် ဇွန်လ ၂၀၁၂ ထုတ်တွင်ဖေါ်ပြပြီးဖြစ်ပါသည်။

      မူပိုင်ရှင်ကြီး၏ ဆီးချို(သွေးချို)ရောဂါ – ဒေါက်တာနန္ဒာမင်းဆွေ M.D. တွင် ဖော်ပြထားချက်ဖြစ်ပါသည် ။ ဆိုတော့ ….

      • kai

        August 24, 2012 at 10:53 pm

        .. ဂေဇက်က.. ရှေးအင်္ဂလိပ်ကိုလိုနီခေတ်က စာတွေမှာ Gazette = ဂေဇက်.. အသုံးများတာတွေ့ရလို့.. ဂေဇက်ဖြစ်နေတာပါ..

        အခုက.. လက်ကအကျင့်ပါပြီး တက်သွားတာပါခင်ဗျ… ( ပြင်လိုက်ပါပြီခင်ဗျ)
        ကျုပ်အနေနဲ့ကတော့.. တီချယ်ကြီးအသိအမှတ်ပြုတဲ့အနေနဲ့.. ဂဇက်လို့သုံးရင်ကောင်းမလားလို့… 🙂

        • ဦးဦးပါလေရာ

          August 25, 2012 at 8:15 am

          ကျွန်တော်ကတော့ သူများသုံးလို့သာလိုက်သုံးရင်း အကျင့်ပါနေတာ..
          ဂေဇက် လို့ သုံးရတာကို သိပ်သဘောမတွေ့မိပါဘူး….

          အသံအမှန်က ဂဇက် ဆိုတာက တချက်-
          ဒီစာလုံးဟာ အသံဖလှယ်ပြီး မြန်မာဝေါဟာရအဖြစ် တိုက်ရိုက်သုံးထားတဲ့ စာလုံးမဟုတ်တာကတချက်-

          အဲဒါကြောင့် လူညီညီနဲ့ “ဤ ” ကို “ဤ ” ပဲ ဖတ်ကြရင် ပိုကောင်းမယ် ထင်မိပါကြောင်း ….။

  • kai

    August 25, 2012 at 1:35 am

    မန်းဂဇက်စာပေဆုလုပ်ပြီးနောက်ပိုင်းမှ.. တင်တဲ့စာတွေတော်တော်ကောင်းလာတာသတိထားမိပါတယ်..
    ဆိုတော့..
    ရွာသူားတွေ.. တွေ့ကြုံ..မိတ်ဆုံစားပွဲမှာ.. မဲနှိုက်ကြဖို့.. လက်ဆောင်ပို့ပေးမယ်ဖြစ်ပါကြောင်း.. 🙂

    • Mလုလင်

      August 25, 2012 at 1:54 am

      ဟို တစ်ခေါက် က လို ဖုန်း မျိုး လား 🙁

    • Foreign Resident

      August 25, 2012 at 3:11 am

      ” မန်းဂဇက်စာပေဆုလုပ်ပြီးနောက်ပိုင်းမှ..
      တင်တဲ့စာတွေတော်တော်ကောင်းလာတာသတိထားမိပါတယ် ”

      မှန်ပါ့ သူကြီးရေ ။
      မှန်တာပြောရရင် ၊ ကျနော်တို့လည်း ၊ ကျေနပ် ပျော်ရွှင် ရပေမယ့် ၊
      တာဝန် ရှိသွားသလိုလို ၊ လန့်စရာ ကောင်းလာ သလိုလို တော့ ခံစားမိတယ် ။

      ဆု ကို ပိုက်ဆံ မပေးတာ ၊ တန်ဖိုး ပမာဏ သိပ်မတင်ရဲတာ ၊
      အဲလို အရမ်း တာဝန် ကြီးသွားမှာကို ၊ ကြောက်မိတာလည်း ပါတယ် ။
      အမှန်က ကျနော်တို့က ပေါ့ပေါ့ပါးပါး ၊ ပျော်ပျော်ရွှင်ရွှင် နှင့် ၊
      မြှင့်တင်ကြဖို့ပဲ ရည်ရွယ်ခဲ့တာပါ ။

      ဘာပဲပြောပြော ၊ ကျေနပ် ပျော်ရွှင်မိပါတယ် ။

      • surmi

        August 25, 2012 at 4:10 pm

        ဒီလိုဖြစ်မယ်ထင်တယ်သဂျီးနဲ ့အဘဖောရေ
        အလကားမတ်တင်းနဲ ့ကြိုးစားပန်းစားဖတ်ပေးနေတဲ ့သူတွေကို
        လေးစားသမှုနဲ ့ ကြိုးစားရေးပေးကြတယ်ထင်ပါရဲ ့

  • ကြောင်ကြီး

    August 25, 2012 at 9:09 am

    ပန်းဟေဝန်
    လန်းရွှေပြွန်
    ငန်းမြွေတွန်
    ဆန်းထွေဖွမ်..။

    • ဦးဦးပါလေရာ

      August 25, 2012 at 8:38 pm

      အချိန်တန်ပါက တပ်ချုပ်ကြောင်ကြီးအား (မလာနိုင်မှန်းသိလျှက်နှင့်) တွေ့ဆုံပွဲ ဖိတ်မည်ဖြစ်ကြောင်း…။
      မတက်ရောက်နိုင်လျှင် တက်ရောက်သူများကို ခင်မင်ကြောင်းပြသသည့်အနေဖြင့် မဲနှိုက်ခွဲဝေရန် လက်ဆောင်ကြိုပို့ထားရန်ဖြစ်ကြောင်း…… 😀 😀

  • kyeemite

    August 25, 2012 at 9:57 am

    နှစ်ထောင်းအားရဖြစ်မိပါတယ်…
    တက်ကြွစွာဆောင်ရွက်နေသူများကိုလည်း လေးစားစွာကျေးဇူးတင်ပါဂျောင်း..
    ကိုယ်တိုင် ထဲထဲဝင်ဝင်မပါနိုင်သေးလို့ စိတ်မကောင်းပါဂျောင်း…
    မည်မျှစိတ်မကောင်းသည်ဖြစ်စေ ဆုပေးပွဲတော့ တက်ရောက်သုံးဆောင်မည်ဖြစ်ပါဂျောင်း..
    အားလုံးကိုခင်တဲ့..
    ကြိုက်မီး။

    • ဦးဦးပါလေရာ

      August 25, 2012 at 8:32 pm

      အဲ့ဒီပွဲမတိုင်ခင်
      ကိုကြီးမိုက်နဲ့ ကိုစွယ်တော်ရွက် တို့က
      ကျွန်တော့်ကို ဘလက်ရည်ခေါ်တိုက်မည်ဆိုပါကလဲ
      မည်မျှ ကားလမ်းပိတ်သည်ဖြစ်စေ
      လာရောက်သုံးဆောင်မည်ဖြစ်ပါကြောင်း…. 😀

  • သုရှင်

    August 25, 2012 at 10:30 am

    ဆု ဆိုတဲ့ အသံကြားလို့ နည်းနည်းတော့ ခေါင်းထောင်မိ သား။
    သို့ပေသော်လည်း သုရှင် ကောင်မာန်ကြီးလို့ မန်းလေးဂဇက်မှာ ဆုယူမယ်ကြံ…
    ရေးအားက မသန်..။
    ( အဲလိုဖြစ်နေလို့ )

    • ဦးဦးပါလေရာ

      August 25, 2012 at 8:25 pm

      ကို သုရှင် ရေ
      ဆုဆိုတာကတော့ အလွယ် သုံးနှုံးဖြစ်တာပါဗျာ..။
      တကယ်က ဒီဖတ်ရွေးအဖွဲ့ဝင်တွေ အကြိုက်အညီဆုံးလို့သာ ဆိုလိုတာပါ..။
      ကြိုက်တာချင်း အတိုက်ဆိုင်ဆုံး တပုဒ်ထဲ ရွေးတယ်ဆိုပေမယ့်
      အဖွဲ့ဝင်တွေကြိုက်မိကြတဲ့ အခြားပိုစ့်တွေလဲ ရှိပြီး အဲဒါတွေလဲ ကြေငြာထားပါတယ်။
      ဆန်ကာတင် လို့ လွယ်လွယ်ခေါ်တဲ့ ပိုစ့်တွေပေါ့..
      ကျွန်တော်တို့ဟာ ပထမရတဲ့ ပိုစ့် တခုထဲသာ ရွေးထုတ်ဂုဏ်ပြုတာမဟုတ်ပဲ
      အရေးကောင်းလို့ကြိုက်မိတဲ့ပိုစ့်များကို အမည်စာရင်းတင်ပြီး ဂုဏ်ပြုတာပါ..။
      ဇူလိုင်လ အတွက်မှာဖြင့် ပထမရတဲ့ပိုစ့်အပြင်
      ကျွန်တော်တို့ ထုတ်ဖေါ်ဂုဏ်ပြုတဲ့ပိုစ့် ၁ရ ပုဒ်ရှိပါတယ်။
      နောင်ကိုလဲ လစဉ် ပိုစ့်ကောင်းကောင်းလေးတွေကို ထုတ်ဖေါ်ဂုဏ်ပြုဖြစ်မှာပါ…။
      ဆိုတော့… ကိုသုရှင်ကိုလဲ တစ်လ လ မှာ အားပေးဂုဏ်ပြုခွင့်ပေးပါလို့…
      ကိုသုရှင်ရဲ့ ပိုစ့်လေးတွေ မျှော်နေပါကြောင်း….။

  • ကိုရင်စည်သူ

    August 25, 2012 at 12:51 pm

    နောက်ဆုံးတော့ ဦးပါဆိုတာ ဦးပါလေရာ ပါပဲ…
    အခင်းအကျင်းလေးက ရေလည်မိုက်တယ်…။
    ဆုပေး၊ တွေ့ဆုံပွဲ လာချင်ပေမယ့် မဖြစ်နိုင်လို့…
    ဆုပေး တွေ့ဆုံပွဲရောက်ရင် ရိုက်ယူလာမယ့်
    ရွာထဲမှ ဆရာနဲ့ ဆရာမများအားလုံး ဓါတ်ပုံကို
    မျှော်နေပါ့မယ်နော့်… 🙂 🙂

    ရေးအားမသန်ဘေးကကြံ အဝေးဖန်နေရတဲ့…
    ကိုရင်စည်သူ

    • ဦးဦးပါလေရာ

      August 25, 2012 at 8:16 pm

      ကိုရင်စည်သူရေ
      ဂဇက်ရဲ့ ရေးလက်အကောင်းဆုံးတွေထဲမှာ ကိုရင်လဲ ထိပ်တန်းစာရင်းဝင်ပါဗျာ..
      ဒီလထဲမှာကို ကိုရင်စည်သူရဲ့ပိုစ့်လေး ဘယ်လောက်တောင်ကောင်းသလဲလို့…။
      ကျုပ်က ကိုရင် big bird ကတည်းက ကိုရင့် ပရိတ်သတ်နော… 🙂

  • nozomi

    August 25, 2012 at 2:47 pm

    အဲဒီနေ့က ပန်းဟေဝန်မှာ ကျွန်တော်ရှိတယ်
    ဘေးဝိုင်းက ပြောနေတာကြားတယ်
    အသံက မကြားတချက် ကြားတချက် နဲ့ မို့ ဦးပါလို့ မထင်မိဘူး
    ရွာထဲမှာ ဖတ်နေတော့ ဦးပါဆိုတော့ အသက် ၆၀၊၇ဝ အဖိုးကြီးလားလို့
    အဲဒီနေ့က သတိထားမိတာ အသားဖြူဖြူ ရုပ်ချောချောနဲ့ အလွန်ဆုံးရှိလှ ၄၀၊၄၅ လောက်ပဲ
    လာမနုတ်ဆက်ဖြစ်တာ တောင်းပန်ပါတယ်နော…..

    • ဦးဦးပါလေရာ

      August 25, 2012 at 8:12 pm

      ဒီပိုစ့်လေး ရေးရတာ တန်လိုက်တာနော်… 😀

      အဟမ်း … အဟမ်း….
      အရီးလတ်ရေ…. ကြားတယ်နော်….
      အိုက်ဒါ သတ်ပါစင်ရဲ့ အမြင် သန့်သန့်လေး…. 😀 😀

      • အရီးခင်လတ်

        August 29, 2012 at 4:38 am

        ကြားဘူး။ 😆

  • ko win

    August 25, 2012 at 4:22 pm

    ကျွန်တော်ကတော့ စာရေးတဲ့သူမဟုတ်တဲ့အတွက် ဘယ်တော့မှဆုရမှာ မဟုတ်ပါဘူး။ အဲ…..ဒါပေမယ့် ဆုပေးပွဲလို့ပဲခေါ်ခေါ်၊ တွေ့ဆုံပွဲလို့ပဲခေါ်ခေါ် ဘယ်လိုခေါ်ခေါ် အဲသည့်ပွဲကို အရောက်လာချင်မိပါတယ်။ သို့သော်ငြားပေါ့ဗျာ…..အလုပ်ကိစ္စကြောင့် ကျွန်တော်လာနိုင်မှာ မဟုတ်ပါဘူး။
    တလက်စတည်း ကြုံတုန်း ကြိုနှုတ်ဆက်ထားပါရစေ…ရွာသူား အပေါင်းတို့။
    အနည်းဆုံး ၈လကနေ ၁ဝလလောက်အထိ ကျွန်တော်ချစ်သောရွာနဲ့ ကွဲကွာနေရပါတော့မယ်။
    ရွာသူ/ရွာသားအပေါင်း ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ။

    • ဦးဦးပါလေရာ

      August 25, 2012 at 8:07 pm

      ကိုဝင်း မလာနိုင်ဘူးဆိုတာကတော့ တကယ်ကို စိတ်မကောင်းစရာပါ။
      ရွာ့အရေးမှာ စိတ်ပါလက်ပါ တက်ကြွသူမှန်း သတိထားမိပါတယ်။
      ဇူလိုင် ၈ ရက် ရခိုင်အလှူနေ့တုန်းက မရောက်ရောက်အောင်လာခဲ့တာကို ကျုပ်မမေ့ပါဘူးဗျာ…။

  • htoosan

    August 25, 2012 at 8:54 pm

    ဦးဦးပါလေရာ ဇန်နဝါရီလ ၂၀၁၃ မှာ လုပ်တာ ကန့်ကွက်ပါတယ် ..
    ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက် မတိုင်ခင်မှာ လုပ်ဖို့ အဆိုတင်သွင်းပါတယ် ..
    မတော်လို့ ကမာ္ဘကြီးပျက်သွားရင် ဘယ်နှယ့် လုပ်မလဲ .. 🙄 😀 😀

  • kai

    August 26, 2012 at 2:56 am

    Unique Visitors: 87,965
    Pageviews: 751,987
    Bounce Rate: 42.53%
    % New Visits: 38.27%

    အဲဒါ.. ပြီးခဲ့တဲ့တလအတွင်း.. ရွာအဝင်အထွက်လူစာရင်းချုပ်ဖြစ်ပါတယ်…။
    ထုံးစံအတိုင်း မြန်မာပြည်ကအများဆုံးအဝင်အထွက်လုပ်ကြပေမဲ့.. ယူအက်စ်ကဝင်ကြည့်သူတွေ…. ဒုတိယနေရာကနေ.. စတုတ္ထနေရာ ကျသွားပါတယ်..
    စင်္ကာပူနဲ့ မလေးရှားက အဝင်များလာလို့ပါ..

    ကြည့်မရဖတ်မရ.. ပြန်ကန်ထွက်သူတွေလည်း.. များလာပါတယ်..
    တိုက်ခိုက်သူတွေများသမို့.. ဆာဗာကို လုံခြုံရေးအဆင့်မြှင့်ထားလိုက်ရလို့ဖြစ်ပါတယ်..
    စိတ်မကောင်းပါ…။ 😕

    ဖတ်နေသူတွေများကြောင်း.. သိသာနိုင်အောင်..
    ရွာထဲ.. ပွင့်လင်းမြင်သာရှိအောင် အသိပေးတာပါနော.. :mrgreen:

  • htoosan

    August 26, 2012 at 6:32 am

    unique visitor တစ်သိန်းပြည့်ရင် သူကြီး ဘာ ဆုပေးမှာလဲ ..
    ရွာထဲ ပွင့်လင်းမြင်သာရှိအောင် အသိပေးပါနော် :mrgreen:

    • kai

      August 26, 2012 at 3:36 pm

      တသိန်း၃သောင်းအထိဖြစ်ဖူးတယ်..
      မြန်မာပြည်အနောက်ဖက်ကမ်းခြေအရေးအခင်း ကာလကလေ…
      ( ပြီးခဲ့တဲ့နှစ် တနှစ်ပျမ်းမျှပုံမှန်က.. ၁သိန်းဖြစ်ပါတယ်..)

      အဲဒီကစပြီး.. တိုက်ခိုက်တာခံရတော့တာပဲ..
      အစ္စလမ်မစ်အာမီက ချလိုက်.. မြန်မာဟက်ကာအုပ်စုက သမလိုက်နဲ့..
      ဆိုတော့..
      ကျုပ်တို့ရွာ.. သမာသမတ်ရှိတဲ့…မီဒီယာခေါ်ရမယ်ထင်တယ်.. :mrgreen:

      အခုလောလောဆယ်တော့… မဇိ္ဇျမက… သူတို့အတိုက်အခိုက်ခံနေရတယ်ကြေငြာထားတယ်.. 😕
      http://www.mizzimaburmese.com/announcement/9950-2012-08-25-10-21-23.html

  • ဦးဦးပါလေရာ

    August 26, 2012 at 8:47 am

    အောင်မယ်ငီး….
    လူတသိန်းနီးပါးရဲ့မျက်စိအောက်မှာ ရွေးကြရမှာခည…
    ဟုတ်တာမရွေးရင်ဖြစ်ဖြစ်
    မဟုတ်တာရွေးရင်ဖြစ်ဖြစ်
    ကျုပ်တို့ ဖတ်ရွေးအဖွဲ့ရဲ့သိက္ခာ အော်တိုဇောက်ထိုးဖြစ်မှာဖြစ်ပါကြောင်း…။

    ကိုယ်ကြိုက်တာပဲ ကိုယ်ရွေးတာပါလို့ စကားခံထားသည့်တိုင်
    ချောကလက်ကိုမရွေးပဲ ပဲကြီးလှော်ကိုရွေးမိရင်
    ပဲကြီးလှော်ပဲ ကြိုက်တတ်တဲ့လူစု လို့ အထင်ခံရမှာဖြစ်ပါကြောင်း…

    ဒါကြောင့် တချို့ထင်ကောင်းထင်နေမှာလို…
    ကိုယ့်လူကိုယ် ဆွဲတင်တာကို ဘေးကလက်ခုပ်တီးပေးရမှာ မဟုတ်ပါကြောင်း…. 🙁

  • ကိုပါ
    လမ်းကလေးကတော့ဖြောင့်သွားပြီ။
    လူများများလျောက်ဘို့ဘဲလိုတော့တယ်။
    တကယ်လို့များ ဇန်နဝါရီလ ပထမပါတ် ထဲက လွတ်လပ်ရေးနေ့မှာများ လုပ်ဖြစ်မယ်ဆိုရင်
    …………………………………………………………………………………………..
    …………………………………………………………………………………………………………

  • မောင်သုည

    August 28, 2012 at 7:48 pm

    ကြယ်လေးပွင့်ပိုင်ဆိုင်သော ဦးဦးပါ ခင်ဗျား..ဆုပေးပွဲအတွက် အလှူငွေဘယ်ကိုပို့ပေးရမလဲသိချင်ပါတယ်။
    ကျနော်တို့ရဲ့ မန်းဂဇက်ရွာသူားများ အတူတကွမြင်ကြတွေ့ကြရမယ့်ပွဲပဲဗျို့…စာဖတ်သူရောစာရေးသူတွေပါ အဆန့်အတန်းပါတိုးတက်ကောင်မွန်စေတဲ့ ပွဲပါပဲလို့ယူဆမိပါတယ်၊အခြေအနေပေးလို့ တိုက်ဆိုင်မူရှိခဲ့ရင်တော့ လာရောက်နိုင်မယ်လို့ထင်မိပါကြောင်း….

    • ဦးဦးပါလေရာ

      August 28, 2012 at 8:40 pm

      ကိုသုညရေ-
      အားတက်သရော ပူးပေါင်းကူညီမှု့အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျာ..။
      စာချင်းရင်းနှီးပြီးသားရွာသားတွေ လူချင်းရင်းနှီးခွင့်ရမယ့်တွေ့ဆုံပွဲပါပဲ…။
      အကယ်၍ ပထမနှစ်ဝက် တွေ့ဆုံပွဲနဲ့တွဲပြီး လူမှု့အထောက်အကူပြု အလှူလေးလုပ်ဖြစ်မယ်ဆိုရင် ပွဲနီးမှပဲ အလှူငွေကောက်ပါမယ်ခင်ဗျား…။
      တွေ့ဆုံပွဲနဲ့ဆုစားရိတ်အတွက်တော့ ဒီပထမနှစ်ဝက်အတွက် အလှူငွေကောက်ခံဘို့ မစီစဉ်ထားပါဘူး။ ဒုတိယနှစ်ဝက်အတွက်မှသာ လိုအပ်မယ်ထင်ပါတယ်။

      ကိုသုညလာဖြစ်ဖို့ အခြေအနေပေးပါစေ၊ တိုက်ဆိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
      တွေ့ဆုံရင်းနှီးခွင့် ရချင်ပါတယ်ခင်ဗျား..။

      (ကြယ်လေးပွင့်ကတော့ သူကြီးရဲ့ဆော့ဝဲ ကြောင်သွားတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတာဖြစ်ဖို့များပါတယ် 😀 )

  • ရာဇဝင်လူဆိုး

    August 28, 2012 at 8:13 pm

    ရွာက ဘယ်ကိစ္စပဲဖြစ်ဖြစ် တက်ညီလက်ညီ ရှိကြပြီးသားဆိုတာ သတိထားမိတယ်။ ရှေ့ကပွဲတွေ ကျနော် ဘယ်လိုပဲ လွဲချော်နေပါစေ ဒီတစ်ခေါက်တော့ ဘယ်ခရီးမှ မသွားပဲ ရောက်အောင်လာခဲ့မယ်.. ဒီဆိုဒ်ကို စာပေကိုချစ်လို့ လာလည်၊ လာဖတ်၊ လာရေး ကြသူတွေချည်းဆိုတော့ ဝါသနာတူချင်းတွေ တွေ့ချင်တယ်၊ ရင်းနှီးချင်တယ်၊ ပညာယူချင်တယ်၊ အမြင်ချင်းတွေလဲ ဖလှယ်ချင်တယ်၊ ထပ်ပြီး ဂေဇက်ရဲ့ အကောင်းဆုံးမှတ်တိုင် အဖြစ် ဒီထက်ပိုပြီး ဆိုဒ်ရဲ့ တန်းဖိုးတက်စေချင်ပါတယ်။ ဒီလိုဆုမျိုး၊ အခမ်းအနား တွေဆုံပွဲမျိုးက တကယ်ကို အဓိပါယ် ပြည့်ဝတဲ့ အစီအစဉ်ကောင်းတစ်ခုပါ။ ရန်ကုန်ကဆိုတော့ ပွဲမတိုင်ခင် စီစဉ်စရာ ကိစ္စတွေနဲ့ တစ်ခြား အရေးပေါ်ကိစ္စတွေရှီရင် လုပ်ပေးဖို့ Ready ပါ။… ဦးပါလေရာ ကြီးကိုတော့ ဒီလို အတွေးမျိုးနဲ့ စီစဉ်ဖို့ မော်တီဗိတ် လုပ်တာ ၄ စားပါဒယ်ဂျာ…။ 😛

    • ဦးဦးပါလေရာ

      August 28, 2012 at 8:46 pm

      ကိုလူဆိုးရေ
      ပွဲစီစဉ်တဲ့နေရာမှာ အကူအညီလိုရင်တော့ တောင်းမှာဗျနော်…။ 😛
      လာဖြစ်အောင်လာပါဗျာ-ဆုံဖြစ်အောင်ဆုံချင်ပါတယ်။

      ဒီဂဇက်ချစ်သူများစာပေဆုအစီအစဉ်ရဲ့ ကနဦးစည်းရုံးဦးဆောင်တာ ကတော့ ကိုဘလက်ချောပဲဖြစ်ပါတယ်။ သူစုစည်းခဲ့တဲ့ အဖွဲ့ဝင် ၁၃ယောက်က ဝိုင်းဝန်းပြီး ဖြည့်ဆည်းဆောင်ရွက်ရင်း အကောင်အထည်ပေါ်လာတာပါ။ ကျွန်တော်ကတော့ အဖွဲ့ဝင်၁၃ယောက်ထဲက တယောက်ပဲ ဖြစ်ပါတယ်ဗျား…။

  • အရီးခင်လတ်

    August 29, 2012 at 4:36 am

    {{{ kai says:
    မန်းဂဇက်စာပေဆုလုပ်ပြီးနောက်ပိုင်းမှ.. တင်တဲ့စာတွေတော်တော်ကောင်းလာတာသတိထားမိပါတယ်.. }}}

    ကျွန်မ ထင်တာနော်။
    ဒီလို ကောင်းလာတာ ဆု ကို လိုချင်ကြလို့ထက် စာတွေကို အသေအချာဖတ်ပေးသူတွေ ရှိလာတဲ့ သဘော ကို သိလာတာမို့ စာရေးသူတွေ ပိုအားရှိ လာတာလို့ ထင်ပါတယ်။

    ကျွန်မ ဆို အရင်က ဒီနေ့ မဖတ်လိုက်တာကို နောက်နေ့ပြန်မဖတ်တော့ဘူး။
    အခုဆို အားလုံးကို စုံအောင် ကြိုးစားပြီး ဖတ်နေပါပြီ။
    မှတ်ချက်တွေ မပေးဖြစ်ရင်လဲ စိတ်မရှိကြပါနဲ့။ 🙂

  • ချစ်တတ်သူ

    August 29, 2012 at 4:54 pm

    ဦးပါ ရေ သားလဲလိုက်မယ် ချန်မထားနဲ့ ဦးတို့သွားတော့ပျင်းလှတယ်… စားမယ်ဝါးမယ်အကုန်လုံးကွဲ့ မရှိတဲ့ရှက်ကြောဖြတ်လို့ကွယ်… အလျှုငွေတောင်းရင် မျက်နှာလွဲလို့ မသိခြင်ထောင်ထောင်လိုက်မယ် ဆုမရရင်ကွယ်မပြန်ဘူးလို့ အတင်တွယ်ကပ်ထားပါမယ့် ရှိတဲအရှက်မကွဲချင်ရင်အခုထဲကစဉ်းစားကွယ်.. ကျွန်တော်ပို့စ်တွေ ပြန်ကာဖတ်လို့ စကာတင်စာရင်သွင်းလိုက်ကွယ် အခုကွယ်အခုကွယ်….. ဒါပဲနော် သားပို့စ်တွေမပါလို့ကတော့ အဘနဲ့မခေါ်တော့ဘူး..ဟားဟား.. အဘရေ လုပ်မည့်နေ့ကြရင် အကြောင်းပြန်အုံးနော်.. အကူအညီလိုရင်လဲပြောပါနော်….

  • Ko Ko Aung

    August 30, 2012 at 11:28 am

    မန်ဘာတိုင်းလာလို့ရတယ်ဆိုတော့ ဒီတခါတော့ လာဘို့ကြိုးစားပါမယ် ဦးလေးကြီးရယ်…။ 😛

  • ma ma01306

    September 1, 2012 at 2:25 pm

    မနက်ဖြန်ဆိုတာမသေချာလို့
    လာနိုင်ရင် လာပါ့မယ်နော်

  • အလင်းဆက်

    September 1, 2012 at 8:41 pm

    အင်း…………….. ဂဇက်..ဆိုတာထက် ဂေဇက် ဆိုတာလေးက ပို လှ တယ်..ထင်ပါတယ် ။

  • DEPARKO DEPARKO

    September 6, 2012 at 10:15 am

    ဦးဦးပါလေရာရေ ဆုရတဲ့သူတွေကိုဂုဏ်ပြု ချီးကျူးဘို့ လာခဲ့ချင်ပေမည့် မလာနိုင်သေးတဲ့ဘဝမှာမို့
    တတ်နိုင်သရွေ့တော့ အဝေးကဘဲ

Leave a Reply