ငါရှိတာ မသိပါစေနဲ့ (ကြောက်တတ်သူများ မဖတ်ရ) အပိုင်း-၃

“ဟဲ့…ဟဲ့ ဟိုမှာ ဟိုမှာ ငါမြင်လိုက်တယ်…..” မီမီအသံစူးစူးက သူလက်ညှိုးထိုးသည့်ဘက်ကို အားလုံး၏အကြည့်များရောက်သွားကြသည်။

သူတို့အားလုံးမြင်လိုက်ရသော မြင်ကွင်းတစ်ခုကတော့……….။
အဖြစ်အပျက်က မြန်ဆန်လွန်းလှရျ် မျက်စိလျင်သောသူသာ တွေ့လိုက်သည့်အဖြစ်ပင် သူတို့ဝိုင်းထိုင်နေသော… အိမ်၏ ခြေရင်းဘက်မှ အရိပ်တစ်ခု ဖြတ်သန်းသွားခြင်းဖြစ်သည်။

“ဟဲ့….ထူးဇင် ဘာတွေလဲဟာ… ငါကြောက်တယ်နော်…. အိမ်ပြန်မယ်ဟာ..”

ကြည်ပြာမှ စပြောလေသည်။

အောင်ခန့်ကတားသည်။

“နင်ကလည်း…အချိန်ကိုလည်းကြည့်ဦး… ည(9)နာရီကျော်နေပြီ…သည်နေရာက နည်းနည်းအသွားအလာကျဲတယ်လေ… နင်တစ်ယောက်တည်း ဘယ်လိုဖြစ်မလဲ….”

အာကာလည်း တားလေသည်။

“ငါတို့လည်း ရှိတာပဲဟာ…..မကြောက်ပါနဲ့… ဘာမှမလုပ်နိုင်ဘူး နင်အတွေ့အကြုံတောင်ရတယ်..”
အားလုံးသည်….မကြောက်တကြောက်သာ ဖြစ်နေကြသည်….ဘီယာလေးကလည်း နည်းနည်းပါးပါး အစွမ်းပြနေဆိုတော့။

“ကဲ….. ငါတို့ကို တစ်ခုခုမလုပ်သရျ်တော့… ဘာမှမဖြစ်ဘူး…. နင်တို့မကြောက်ကြပါနဲ့.. ငါတို့ယောက်ျားလေး လေးယောက်တောင်ရှိတာပဲ…”

ဝေဖြိုးက ထပ်ဝင်ပြောပြန်သည်။

အားလုံးက အနည်းငယ်အေးအေးဆေးဆေး ပြန်ဖြစ်သွားသည်… သည်ပြသနာ ဘယ်ကစဆိုသည်ကို ဖော်ထုတ်ရတော့မည်ဟု ထူးဇင် စဉ်းစားမိနေတော့သည်။

*****************************

“ငါရေသွားချိုးဦးမယ်ကွာ…….”

“အာကာ…ရေချိုးခန်းက အောက်ထပ်မှာပဲရှိတယ်…..”

တိတ်ဆိတ်နေသဖြင့်… အောက်ထပ်တွင် အာကာရေချိုးနေသောအသံက ကြားနေရလေသည်။…….ထိုစဉ်.. ရေသံသည် တခဏရပ်တန့်သွားလေသည်။

“ဟေ့ကောင်တွေ…..လာဦး……လာပါဦး……ငါကြောက်လာပြီ…… ဟေ့ကောင်တွေ…”

အပေါ်ထပ်ကနေ…အာကာ၏အသံအား…သူတို့အားလုံးကြားလိုက်ရသည်….။

“ဝေဖြိုး….အာကာဘာဖြစ်နေပြီလဲမသိဘူး…လာကွာ…”

“ဝုန်း…ဝုန်း…”

သူတို့အားလုံးအောက်ထပ်သို့ပြေးဆင်းကြသည်…….။

ရေချိုးခန်းရောက်သောအခါ အာကာတစ်ယောက် ရေကန်ပေါ်က ရေပိုက်ခေါင်းကိုသာကြည့်နေသည်။ ထူးဇင်မြင်လိုက်ရသည်မှာ…ရေပိုက်ခေါင်းသည်ပြုတ်နေရျ် ရေပိုက်အဝတွင်…ဆံချည်မျှင်ကဲသို့ အရာတစ်ခု…. ထွက်နေသည်ကိုတွေ့လိုက်ရသည်။

မိန်းကလေးများ၏ အသံကျွတ်ကျွတ်ညံသွားသည်…။

“ဟဲ့…ဘာကြီးလဲ..လုပ်ပါဦး….ငါတို့ကြောက်လာပြီနော်…”

“ရေမထွက်တော့လို့ ငါလည်း ပိုက်ခေါင်းကိုဖြုတ်လိုက်တာ… အဲဒါကိုတွေ့တာပဲ… ကြည့်ပါဦးကွာ ငါမကိုင်ရဲဘူး..”

ထိုစဉ်လက်ရဲ ဇက်ရဲရှိသော ဝေဖြိုးက ထိုဆံချည်မျှင်လား ဆွဲထုတ်လိုက်လေသည်။…. ဆံချည်မျှင်နှင့်အတူပါလာသည်က….. အရုပ်မခေါင်းပြတ်လေးပင်ဖြစ်တော့သည်။

“ဒါက ဘယ်လိုရောက်နေတာလဲ…..”

“တောက် လန့်သွားတာပဲကွာ…. ဘယ်သူက ဘယ်လို… ရေကန်ထဲ အရုပ်မ လာပစ်ထည့်ထားလဲမသိဘူး…”

အားလုံးပြောပြောဆိုဆိုဖြင့် အပေါ်ထပ်သို့ ပြန်တက်သွားကြလေသည်။ နောက်ထပ်ဘာတွေထပ်လာဦးမည်လဲ…. နောက်တစ်နေ့မိုးလင်းရင်တော့.. သည်အကြောင်းတွေ ကျောင်းမသွားပဲ ထူးဇင် စုံစမ်းဦးမည်ဟု…ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သိုပေမယ့်…မိုးမလင်းခင် နောက်ထပ်ပြသနာများ ဖြစ်လာဦးမည်ဆိုတာကို ထူးဇင်တစ်ယောက် သိခဲ့ပါမူ….။

**********************************

ထူးဇင်၏ သူငယ်ချင်းနှစ်ယောက်မွေးနေ့ပွဲသည် တိတ်တိတ်ဆိတ်ဆိတ်ပင် ဖြစ်နေခဲ့သည်။ ထိုစဉ်ကြည်ပြာတစ်ယောက် ပျောက်သွားသည်ကို ဘယ်သူမှသတိမထားမိလိုက်ချေ…..။
သောက်သူကသောက်…စားသူကစား…. ထိုအချိန်တွင်……..

“အား………ထူးဇင်ရေ……..အာကာ…အောင်ခန့်…..ဝေဖြိုး…..အမလေး….လုပ်ကြပါဦး….”

အားလုံးမျက်လုံးပြူး မျက်ဆံပြူးဖြင့်………….ဝေဖြိုးမှ…

“ဟင်…ဒါ…ကြည်ပြာ့အသံ…..သူဘယ်ရောက်သွားတာတုန်း…..”

အားလုံးဝုန်းဒိုင်းဖြင့်….အောက်ထပ်ဆင်းပြေးကြသည်…။ အောက်ထပ်တွင်မတွေ့ရျ်…. ခြံထဲဆင်းကြည့်သောအခါ.. ခြံထောင့်ရှိ ယုဇနပင်အောက်တွင် ရပ်၍ငိုနေသော..ကြည်ပြာကိုတွေ့လိုက်သည်…။

“ကြည်ပြာ….ဘယ်လိုဖြစ်တာလဲ…..”
သဇင်က စမေးလိုက်သည်။

“သည်နားမှာ ငါမပြောချင်သေးဘူး…အီး.ဟီး…ဟီး…ငါကြောက်တယ်…ငါ့ကိုအပေါ်ခေါ်သွားကြပေးပါ..”

ကြည်ပြာအား အားလုံးဝိုင်းကူရျ်… ခေါ်လာပြီ အိမ်ပေါ်ထပ်သို့အရောက်တွင်….ကြည်ပြာသည် ထိုင်ချပြီးငိုလေတော့သည်။

“သရဲမ..သရဲမ…ငါ့ကိုလာပြောတယ်…..အီး…ဟီး… ငါကြောက်တယ်…”

“ကြည်ပြာ…သဇင့်ကို ပြောပြပါ…ဘယ်လိုဖြစ်တာလဲ…..

“ခုနက ငါထိုင်နေတုန်း ယုဖနပန်းအနံ့ရလို့ ငါလည်း ပန်းကြိုက်တာနဲ့….. ပန်းခူးမလို့ အောက်ဆင်းသွားတာ…. နင်တို့သိလား……. အပင်အောက်ရောက်ရောက်ချင်းလေ…ငါ့တကိုယ်လုံး…ကြက်သီးတွေထသွားတာ…နောက်ပီးအားလုံးတိတ်ဆိတ်သွားသလို ငါခံစားလိုက်ရတယ်…… ငါနားကိုတိုးတိုးလေးတစ်ယောက်ယောက်လာပြောသလိုပဲ…မိန်းကလေးအသံဆိုတာ ငါကောင်းကောင်းသိတယ်……..ငါ့အပင်ကို နင်ဘာလို့လာခူးတာလဲတဲ့…. ဘယ်လိုဖြစ်မှန်းမသိဘူး….ငါအားငယ်ပြီး ငိုချလိုက်တော့တာပဲ…..ငါကြောက်တယ် သဇင်….ငါကြောက်တယ်..”

ထူးဇင်တို့ ယောက်ျားလေးငါးယောက်…. သက်ပြင်းပြိုင်တူချမိသည်။

“ငါဒေါသထွက်လာပြီကွာ….သည်မိန်းမ ဘာဖြစ်လို့….”
ဝေဖြိုး တော်တော်လေးသွေးဆူနေသည်။

************************************************

ထူးဇင်စဉ်းစားနေမိသည်…….. ယခုအဖြစ်အပျက်များတွင် ထိုသရဲမသည် တိုက်ရိုက်တော့မလာပေ။ အားလုံးကလည်း တိုက်ဆိုင်မှုဟု ပြောလို့မရ….. သက်ပြင်းသာအကြိမ်ကြိမ်ချမိနေတော့သည်။

လူတို့သည် သဘာဝလွန်ဖြစ်ရပ်များနှင့်တွေ့လျှင်…. တခါတရံဆွံအသွားတတ်ကြသည်။ အချို့ကိစ္စရပ်များတွင်…. သက်သေပြရျ်မရသောကြောင့်…. ကိုယ်တိုင်ကြုံတွေ့ဖူးမှသိရမည်ဆိုလျှင်…. ယခုထူးဇင်တို့ ကြုံတွေ့ရသောအဖြစ်အပျက်များသည်…ကြားဖူးနားဝလောက်သာရှိသော ပုံပြင်သာသာ..ရှိဦးမည်…။ နောက်ထပ်…ဘာတွေကြုံတွေ့မလဲဆိုတာကိုတော့… ဘယ်သူမှ ပြောနိုင်မည်မဟုတ်ပါ………………ထူးဇင်အမျိုးမျိုးစဉ်းစားလို့နေတော့သည်။

“ဟင်းးးးးးးးးးးးးးးးးးးးး”
သက်ပြင်းအရှည်ကြီးတစ်ခု မှုတ်ထုတ်လိုက်မိပြန်တော့သည်။

အုပ်စုလိုက်ထိုင်နေရင်းနဲ့ပင် ည(၁၂)နာရီပင် ကျော်လာပြီဖြစ်သည်….။ အားလုံးသည် တိတ်ဆိတ်နေကြသည်။

“ကဲ ငါတို့ အိပ်ကြရအောင်….” ထူးဇင်ကပင် စရျ် ပြောလိုက်သည်…။

“သည်အပေါ်ထပ်မှာပဲ….ဟိုတစ်ဖက်မှာ မိန်းကလေးသုံးယောက်…တစ်ခြင်ထောင်အိပ်…ငါတို့ သည်တစ်ဖက်မှာ တစ်ခြင်ထောင်အိပ်မယ်”

ထိုစဉ်…. သဇင်မှ…
“နေဦး…. ငါ့မှာ ပရိတ်ကြိုးပါတယ်ဟ… ငါမြဲတမ်းဆောင်ထားတယ်… ငါလည်ပင်းမှာလည်းဆွဲထားတာ နင်တို့ သတိမထားမိဘူးလား….ငါတို့အိပ်တဲ့ ခြင်ထောင်ပတ်လည်ကို…ပရိတ်ကြိုးနဲ့ ကာထားလိုက်မယ်”

အားလုံးကသဘောတူလိုက်ကြသည်…. သည်အချိန်တွင် ဘုရားမှတပါး ကိုးကွယ်ရာမရှိတော့ချေ။
အခြေအနေသည်….ထူးဇင်တို့ထင်တာထက် ဆိုးလာမည်ကို……..တစ်ယောက်ယောက်သိခဲ့ပါမူ။

*********************

**********************

ည(2)နာရီခန့်တွင်…
ထူးဇင် ဖျတ်ခနဲ လန့်နိုးလာမိသည်။ အသံ…အသံ… သည်အသံ…. သရဲဇာတ်လမ်းထဲကလို လေတိုးသံမျိုး… ဒါပေမယ့် သိပ်တော့မတူသလို… ချောက်ချားဖို့ကောင်းနေသည်တော့အမှန်ပင်…..။ ထူးဇင်၏ မျက်လုံးသည်… အိမ်၏ခြေရင်းဘက်သို့ရောက်သွားသည်။

“အင့်……..”

ပါးစပ်က အသံထွက်ဖို့ကြိုးစားပေမယ့် မထွက်လာချေ အာစေးမိထားသလိုပင် ဖြစ်နေလေသည်။

“အင်း..အင်း..အင့်….”

အိမ်ခြေရင်းဘက်…မီးခိုးရောင်လိုလို အဖြူညစ်ပေပေအရောက်လိုလို အရာတစ်ခုက… ခြင်ထောင်ဆီသို့ တဖြည်းဖြည်း ရွေ့လျားလာနေလေသည်။…

“အစ်…အင့်..အင်း….”

လက်ကအားယူးရုျ် ရွေ့လျားသောလည်း မရ…။

“ရွှစ်….ဖျန်း…………”

ထူးဇင် မျက်လုံးထဲတွင်… အရောင်တစ်ခုလက်သွားသလို ခံစားသွားရသည်…။ ပါးစပ်မှလည်း…..

“ဟင်းးးးးးးးးးးးးး အား……..” ထွက်သွားလေသည်….။

ခြင်ထောင်ပတ်လည်ရှိ ပရိတ်ကြိုးလေးလှုပ်ရှားသွားသည်ကို ထူးဇင်မြင်လိုက်ရသည်။

“ထူးဇင်… ဘာဖြစ်တာလဲ.. ဟေ့ကောင်…”

အရင်ဆုံး ဝေဖြိုးမှ လန့်နိုးလာလေသည်။

“ငါတစ်ခုခု တွေ့လိုက်တယ်ကွ……..”

သူတို့နှစ်ယောက်၏ စကားသံကြောင့် အားလုံးအိပ်ရာမှ နိုးလာကြလေသည်။

“ဘာဖြစ်တာလဲဟင်….ငါကြောက်တယ်…သဇင် ငါကြောက်တယ်…” ကြည့်ပြာသည် တစ်ခုခြောက်ခံရသူဖြစ်ရျ်… ကြောက်လန့်နေသည်…။ သဇင်…မှ

“ဘာရည်ရွယ်ချက်နဲ့လုပ်နေတာလည်းမသိဘူး….ဘာပဲဖြစ်ဖြစ် ငါတို့ကို အများကြီးထိခိုက်လို့မရပါဘူး သူငယ်ချင်းရယ် စိတ်မပူပါနဲ့…”
သဇင်သည် အေးအေးဆေးဆေးပင်ဖြစ်သည်။

“သူ့မှာ အကြောင်းတစ်ခုခုရှိကိုရှိရမယ်……” ထိုစဉ်….

“ရှပ်…ရှပ်…. ချွတ်…..”

“ဘာအသံလဲ….အိမ်ဘေးက…တစ်ယောက်ယောက် သွားတဲ့အသံ….” ဝေဖြိုးထရျ်….

“ဟာကွာ…ငါနဲ့တွေ့မယ်……”
ဝုန်းဒိုင်း ရုတ်တရက်….ဝေဖြိုးအောက်သို့ဆင်းသွားလေသည်….။
အိမ်မကြီးတံခါးကို ဆွဲဖွင့်ပြီး ခြံဝန်းထဲမှ… အိမ်ဘေးသို့ ဝေဖြိုး ပြေးသွားလေသည်။ ဝေဖြိုးတွေ့လိုက်ရသည်က
မှုန်ဝါးဝါးနှင့် မီးခိုရောင်… ယောက်ျားလေးပုံစံအရိပ်တစ်ခု။

“ဟာကွာ…. … ” ဝေဖြိုးထိုအရိပ်နောက်….. ပြေးလိုက်သွားသည်…အနားရောက်သောအခါ…….
ပျောက်ချင်းမလှပျောက်သွားလေသည်။

“တောက်….” ဝေဖြိုးတစ်ယောက် ဒေါသများစွာဖြင့်……… သူသရဲဆိုတာကို မကြောက်ပေ… ယုံလည်းမယုံပေ နဖူးတွေ့ ဒူးတွေ့ ကြုံလာရသည့်အခါတွင်….. သူလည်း အနည်းငယ်တော့ ကြောက်ရွံ့မိသည်။

******************************

ထူးဇင်တို့အားလုံး….အိမ်ပေါ်မှ ခြံဝန်းထဲသို့ရောက်ရှိနေကြည်သည်။

“ဝေဖြိုး ဘာတွေ့လိုက်လဲ….”

ဝေဖြိုးပြောပြလိုက်သောအခါ အားလုံးအံ့ဩသင့်နေကြသည်။

“ထူးဇင် မင်းပြောတော့ မိန်းကလေးဆို…. ဘာလဲဟ…. ငါတွေ့တာ ငါ့အရွယ်…ယောက်ျားလေးတစ်ယောက်ပဲ.. မှုန်ဝါးဝါးပဲ… ”

“ကဲ…ကဲ အားလုံးအပေါ်တက်ကြ …. ပရိတ်ကြိုးထဲမှာနေတာ… ပိုပြီးလုံခြုံမယ်…”
သဇင်ကစပြီး ဆော်ဩလိုက်သည်…အားလုံး…အိမ်ပေါ်တက်သို့ တက်လာကြလေသည်။ တစ်ခုကောင်းသည်က… မီးမပျက်သောကြောင့်ဖြစ်သည်….. ထူးဇင်သည် မီးချောင်းကို အများကြီးထွန်းမထား…အပေါ်ထပ် မီးချောင်းနှစ်ချောင်း အောက်ထပ်မီးချောင်းနှစ်ချောင်း…သာထွန်းထားသည်..တအားကြီးမလင်းပေမယ့်… ကောင်းကောင်းမြင်ရသည်…။

အားလုံး ပရိတ်ကြိုးဝန်းထဲရောက်သောအခါ အားလုံးတိတ်ဆိတ်နေကြသည်…..။ ထူးဇင်လည်း ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်… အိမ်ကိုလာဖို့ လက်ခံမိလိုက်တာ… သူ့အမှားပင်။

“ဟဲ့…ဟိုမှာ … ဟိုမှာ…အမေရ…သမီးကြောက်တယ်…” မီမီ၏ အသံစူစူးသည်.. အားလုံးကို လန့်ဖျန့်သွားစေသည်… မီမီညွှန်ပြရာ အားလုံးကြည့်လိုက်သောအခါ…အိမ်ခြေရင်းမှ..ဝိုးတိုးဝါးတားအရိပ်တစ်ခုသည် သူတို့အားလုံးဆီသို့.. ဦးတည်ရျ်… လာနေသည်ကို တွေ့ရသည်။

“သဇင်..ငါကြောက်တယ်…ငါကြောက်တယ် လုပ်ပါဦး..” ကြည်ပြာမှ သဇင့်ကို အကူအညီတောင်းလေသည်…။
သဇင်လည်း ကြောက်ရွံ့စိတ်ကို ထိန်းချုပ်ထားပုံရသည်…..။ ထိုအရိပ်သည်… တဖြည်းဖြည်းနီးကပ်ရျ်လာလေသည်…။

ဆက်ပါဦးမည်…..
အောင်မိုးသူ

12 comments

  • YE YINT HLAING

    August 25, 2012 at 2:17 pm

    “နင့်နားမှာ ငါရှိတယ်….နင့်နားမှာ ငါရှိတယ်…..ခစ်ခစ် ” ( အပိုင်း ( ၁ ) မှ )
    ဆက်ပါဦး ဗျ !

    • aung moethu

      August 25, 2012 at 2:21 pm

      နောက်နေ့မှပဲ ဇာတ်သိမ်းပိုင်း တင်လို့ရတော့မယ်။ ဒီနေ့ ပို့စ်နှစ်ခု ပြည့်သွားပြီမို့ အားပေးတာ ကျေးဇူးပါ။

  • utawgyaw

    August 25, 2012 at 2:43 pm

    မြန်မြန်နော်

  • ရွှေ ကြည်

    August 25, 2012 at 4:22 pm

    ဖတ်ဖူးနေလိုပဲ ဘယ်မှာလဲ ဘယ်တုန်းကလည်းတော့ မမှတ်မိတော့ဘူး။
    ဖတ်တော့ဖတ်ဖူးတယ်ဗျ။ ကိုအောင်မိုးသူဘယ်မှာရေးဖူးသေးလဲ။

    • aung moethu

      August 25, 2012 at 4:38 pm

      ကျတော့် blog မှာရေးပါတယ်..။ နောက် ကျတော်ဝင်ထားတဲ့ ဆိုရှယ်ဆိုက်ဒ်တွေမှာလည်း ရေးပါတယ်။ ကျတော့်ဘလော့ကတော့ http://www.aungmoethu.blogspot.com ပါဗျ။

  • မောင်ပေ

    August 25, 2012 at 8:13 pm

    ဖတ်ရင်းနဲ ့ကျောချမ်းလာတယ်
    မိုင်တိုင် ၇၆ ကို ကြည့်ရသလိုမျိုးပဲ
    ဇါတ်သိမ်းပိုင်းကို စိတ်ဝင်တစားနဲ ့စောင့်နေမယ်ဗျို ့

  • Moe Z

    August 25, 2012 at 8:44 pm

    ဇာတ်သိမ်းပိုင်းစောင့်နေပါတယ်ဗျို့………
    အခုတောင် သရဲကားကြည့်မလားစဉ်းစားနေတာ ဘယ်သူ့မှခေါ်မရလို့ :mrgreen:

  • pooch

    August 26, 2012 at 12:29 am

    မနက်ဖြန်စောစောလေး တင်ပေးပါဗျို့။

    သူရဲကို အဲ့လို ကိုယ်တွေ့ကြုံခဲ့ရတဲ့ သူငယ်ချင်းမောင်တယောက် ပြောဖူးတာလေး ရှိတယ်။
    သူတို့က နေပြည်တော် ကျောက်ပြပွဲသွားတော့ ရက်ရှည်ဆိုတော့ စည်ပင်ရဲ့ အခန်းလေးတွေ ငှားနေပါတယ်တဲ့။ သူလို ကိုယ်လို ၅ ယောက်တဖွဲ့ ၁ဝ ယောက်တဖွဲ့ စသည်ဖြင့် ငှားကြတာပေါ့။ အဲ့ ဒီက အခန်းနံပါတ် တခုကတော့ နာမည်ကြီးသတဲ့ ။ တည်းတဲ့အုပ်စုတိုင်း ပြေးရတာချည်းပဲတဲ့။

    ဖြစ်လေ့ရှိတာကတော့ အိမ်သာက လူမရှိပဲ အတွင်းကနေ လော့ကျကျနေတတ်တာပါတဲ့။ ပထမတော့ ကိုယ့်ထဲက လူတွေ တယောက်ပြီးတယောက်သုံးနေတယ် ထင်တာ နောက်မှ သိကြတယ်တဲ့။

    ဒီလောက်နဲ့လဲ ပြသာနာ မရှိကြသေးဘူး။ တည်းတာကလည်း ယောကျာ်းလေးတွေ ဆိုတော့ သိပ်မဖြုံကြဘူးပေါ့။ နောက်နေ့ကြတော့ ကုတင်ဘေးနားမှာ လမ်းလျှောက်ပါသတဲ့။ တရှပ်ရှပ်နဲ့ပေါ့။

    အဲ့အဆင့်မှာတော့ နည်းနည်း ကြောက်လာကြပြီ။ နောက်နေ့မှာတော့ တယောက်ရဲ့ စောင်ကို ဆွဲဆွဲချပါသတဲ့ ။ ဆွဲခံရတဲ့သူက စိတ်ပေါက်ပြီး မလုပ်ပါနဲ့ကွာ အေးဆေး အိပ်ပါရစေဆိုပြီး ဆက်အိပ်တော့ နားနားလေး ကပ်ပြီး အတူတူအိပ်မယ်လေလို့ ပြောပါသတဲ့ ။

    အဲ့ဒီတယောက်ဖျားယူတဲ့အပြင် ချက်ချင်းပြန်ပြေးတာ သားအဖနှစ်ယောက် အိမ်ပြန်တော့ အိမ်ထိပါ ပါပြီး အိမ်မက်တွေ မက်လို့ ဘုန်းကြီးပင့် ဆွမ်းကျွေး အမျှဝေလိုက်ရပါတယ်တဲ့။

    • htoosan

      August 26, 2012 at 7:03 am

      အခန်း နံပါတ်လေး သိရင်ပြောပါဦး pooch ရေ ။ အဟိ .. သွားတည်းကြည့်ချင်လို့ ..
      ဟုတ်ရင် နိုင်ငံခြားသားတွေကို တိုးရောင်း စားမယ် .. 😀

      • pooch

        August 27, 2012 at 2:04 pm

        ကိုထူးဆန်းရေ ခံခဲ့ရသူတိုင်းက လည်း မယုံလို့ဂရုမစိုုက်ဖူးဆိုပြီး သွားတည်းတဲ့သူချည်းပါပဲတဲ့။
        ရောက်ရင် မေးလိုုက်ရုံပါပဲ ။ ဂဏန်းက ၂ လုံးထဲ ။ နောက်က ၄ ဆုံးတယ်တဲ့။ ကျမ အမှတ်မမှားဘူး ဆိုရင်ပေါ့။ ( သိပ်တော့မသေချာ)

        ပြန်လာရင်လည်း ပိုစ့်ရေးတင်အုန်းနော်။ ကျမကလည်း ယုံတယ်မယုံဘူး ဆိုတာထက် ပြောပြလို့ နားထောင်ထားလိုက်တာ။
        ကိုယ်တွေ့ကြုံရင်တော့ မသိဘူး။ ဒါကြောင့်မို့ ကိုထူဆန်း သွားပြီး လေ့လာသင့်တယ်။ :mrgreen:

  • pooch

    August 26, 2012 at 12:33 am

    ဒါနဲ့ အပေါ်က ပြောချင်တာ ယုဇနပန်းထင်တယ် ယုဖနပန်း ဖြစ်နေတယ်။

  • etone

    August 27, 2012 at 1:57 pm

    ဇာတ်သိမ်းပိုင်းကိုပြေးဖတ်ပါဦးမယ် … အဖြတ်တောက်ကတော့ အတော်တော်တယ်ဗျို့ …
    ရုပ်/သံလိုင်းတွေက လာတဲ့ ကိုရီးယားကား အတိုင်းပဲ … ။

    ဒါနဲ့ …

    ထိုစဉ်…. သဇင်မှ…
    “နေဦး…. ငါ့မှာ ပရိတ်ကြိုးပါတယ်ဟ… ငါမြဲတမ်းဆောင်ထားတယ်… ငါလည်ပင်းမှာလည်းဆွဲထားတာ နင်တို့ သတိမထားမိဘူးလား….ငါတို့အိပ်တဲ့ ခြင်ထောင်ပတ်လည်ကို…ပရိတ်ကြိုးနဲ့ ကာထားလိုက်မယ်”

    ဆိုတာလေးကို ဖတ်မိပြီး …. လည်ပင်း တပတ်စာ ပရိတ်ကြိုးလေးနဲ့ …ခြင်ထောင် နှစ်ခု ပတ်လည်လုံအောင် ဘယ်လိုကာမလဲ ဆိုတာလေး သိချင်စိတ်ပြင်းပြမိပါတယ် ။ ကြိုးဆိုတာ .. အနည်းဆုံး နှစ်ကြိုး သုံးကြိုး လိမ်ကျစ်ထားတာမို့လို့ …… ခွာထုတ်ပြီး … ပြန်ဆက်သလား … ဒါဆိုလည်း ခြင်ထောင်နှစ်ခုစာ ခြုံမိဖို့က ……… …….. …………
    အဲတော့ … ကျွန်မ အတွေးလွန်သွားပြီ … စာကို စာထဲမှာပဲ ထားခဲ့သင့်တာ ….. ။ 🙄

Leave a Reply