ငါရှိတာမသိပါစေနဲ့ (ကြောက်တတ်သူများမဖတ်ရ) ဇာတ်သိမ်းပိုင်း

“ဟဲ့…ဟိုမှာ … ဟိုမှာ…အမေရ…သမီးကြောက်တယ်…” မီမီ၏ အသံစူစူးသည်.. အားလုံးကို လန့်ဖျန့်သွားစေသည်… မီမီညွှန်ပြရာ အားလုံးကြည့်လိုက်သောအခါ…အိမ်ခြေရင်းမှ..ဝိုးတိုးဝါးတားအရိပ်တစ်ခုသည် သူတို့အားလုံးဆီသို့.. ဦးတည်ရျ်… လာနေသည်ကို တွေ့ရသည်။

“သဇင်..ငါကြောက်တယ်…ငါကြောက်တယ် လုပ်ပါဦး..” ကြည်ပြာမှ သဇင့်ကို အကူအညီတောင်းလေသည်…။
သဇင်လည်း ကြောက်ရွံ့စိတ်ကို ထိန်းချုပ်ထားပုံရသည်…..။ ထိုအရိပ်သည်… တဖြည်းဖြည်းနီးကပ်ရျ်လာလေသည်…။
အားလုံးသည်….တုန်လှုပ်စွာကြည့်နေကြလေတော့သည်…..။

“ဝှစ်………” အသံအနည်းငယ်သာ မြည်သွားသည်….။ ထိုအရိပ်သည် ပရိတ်ကြိုးနားရောက်သောအခါ ပျောက်ခြင်းမလှ ပျောက်သွားလေတော့သည်။ အားလုံးပြိုင်တူ သက်ပြင်းချမိလေသည်….။
တစ်ယောက်နှင့်တစ်ယောက်….. တိတ်ဆိတ်စွာကြည့်နေကြသည်…..စိတ်ထဲတွင် အလိုလို နားလည်ကြသည်။ ထူးဇင်တို့အားလုံး ဘာလုပ်ရမည်နည်း…………။

**************************************************

ထိုစဉ်…….. ဝရန်တာတွင်…ရှိနေသော အရာတစ်ခုသည် ထူးဇင်တို့အား ကြည့်နေမည်ကို အားလုံးသိခဲ့ပါမှု……။

“ကဲ….ခုချိန်မှာ ငါတို့စဉ်းစားဖို့အချိန်ရပြီ… ငါလည်း ပြောမယ့်သာပြောတာ ကြောက်နေမိတယ်..”
သဇင်က ပြောလေသည်….။

“ခုထိ အန္တရာယ် မပေးပုံထောက်ရင် သူတစ်ခုခုပြောချင်တာလား… ဒါပေမယ့်… ထူးဇင်ပြောတာနဲ့ ငါတို့တွေ့တာ မိန်းကလေးတစ်ယောက်လိုလို…ဝေဖြိုးပြောတော့…. ယောက်ျားလေးပုံစံ…ဘယ်လိုလဲဆိုတာ ငါမပြောတတ်တော့ဘူး… ”
သဇင်က သုံးသပ်ပြောဆိုနေသည်…။

“ငါကြောက်တယ်….ငါကြောက်တယ်”
ကြည်ပြာတော့ မျက်ရည်တစမ်းစမ်းပင်ဖြစ်နေသည်။
ထိုအချိန်တွင်………….

“ဝုန်း……ဝုန်း….ဒုန်း…….”

“ဘာသံလဲ…..ဟဲ့..ဘာသံလဲ….”
မီမီကထရျ်အော်ပြောလေသည်…..။
အသံလာရာကို အားလုံးနားစွင့်နေကြလေသည်….။ အသံလာရာဘက်သည်…..အိမ်အောက်ဖက်ရှိ…နောက်ဖေးမီးဖိုခန်းမှဖြစ်သည်…..အားလုံးသွားရမည်လား…. ပရိတ်ကြိုးကို ကျော်သွားမည်လား…..တွေဝေနေကြသည်…။

“ဟာကွာ…ကြာတယ်…..”
ဝေဖြိုးပရိတ်ကြိုးအားကျော်ရျ်…အောက်ထပ်ဆင်းသွားလေသည်…။
“ဝေဖြိုး နေဦးလေကွာ…ဟေ့ကောင်…”
ထူးဇင်အော်ခေါ်လေသည်…နောက်မရသည့်အဆုံး အောင်ခန့်၊ ထူးဇင်…၊ အာကာ ပါ လိုက်သွားလိုက်လေသည်…။ စည်းဝိုင်းထဲတွင်… မိန်းကလေးသုံးယောက်ကျန်ခဲ့လေသည်။

“ဟေ့ကောင် မင်းဘယ်သူလဲ ထွက်ခဲ့ကွာ… ဒုက္ခပေးတာများနေပီ”
ရှူးရှူးရှဲရှဲဖြင့်…ဝေဖြိုးအော်နေလေသည်..။ နောက်ဖေးခန်းထဲရောက်သွားသောအခါ…. ထူးဇင်နေသောအိမ်တွင် များများစားစားမရှိသော အိုးခွက်ပန်းကန်များသည်….ပြန့်ကျဲကာ…ကွဲသည့်အရာက ကွဲနေလေသည်….။
သည့်ထက် ထူးခြားတာ မတွေ့သဖြင့်…. အိမ်ပေါ်သို့ပြန်တက်မည်အပြုတွင်…….

“ဖလတ်…ဖလတ်…ရှပ်”
နောက်ဆုံးမှ လိုက်လာသော အာကာ၏ခြေထောက်ရပ်တန့်သွားလေတော့သည်….။ ထူးဇင်မြင်လိုက်ရသည်မှာ…အာကာအား တစ်ယောက်ယောက်ကတွန်းထုတ်လိုက်သကဲ့သို့ အာကာသည် အရှိန်ဖြင့် ထူးဇင်တို့သုံးပေါ်သို့ ကျလာလေသည်…။

“ဟေ့ကောင်တွေ…အပေါ်ထပ်ကိုပြေးပြေး..”
အာကာအသံကုန်ဟစ်ရှာသည်….။

*******************************

“ဟဲ့ အသံကြားတယ်… ဘာဖြစ်နေပြီလည်းမသိဘူး…သဇင်…”
ကြည်ပြာမှ ထိတ်လန့်သောအသံဖြစ်ပြောလေသည်…။

ထိုစဉ်……..
“အင့်..အင့်…” ထိုအသံသည်… မီမီဆီမှ ထွက်သောအသံဖြစ်သည်..။ သဇင်သည် မီမီအားလှည့်ကြည့်သောအခါ မီမီသည် ပြူးကျယ်မျက်လုံးများနှင့် အသံပင်မထွက်နိုင်ရှာ….။ မီမီကြည့်ရာသို့ သဇင်နှင့် ကြည်ပြာ ကြည့်လိုက်သောအခါတွင်…… ကြည်ပြာသည်….နှုတ်ခမ်းအား…သွားဖြင့်ဖိကိုက်ထားလေသည်…။ တည်ငြိမ်သော သဇင်သည်….. အလွန်ပင်ထိတ်လန့်သွားစေတော့သည်။ သူတို့သုံးယောက်မြင်ရသော အရာသည်… ရုပ်ရှင်ထဲက သရဲနှင့်နှင့်တော့ မတူပေ… သို့ပေမယ့်.. ထိုအရာ၏ ခြေထောက်နှစ်ချောင်းကြားတွင်.. အရည်တစ်ခုစီးဆင်းနေရျ်..ထိုအရာသည်… လမ်းဖြင့် သူတို့အားလှမ်းခေါ်နေလေသည်….။

**********************************

ထူးဇင်တို့လေးယေက်သား လှောကားပေါ်ပြေးတက်ကြလေသည်…….။ ထူးဇင်၊ အာကာ ၊ အောင်ခန့် သုံးသေား စည်းဝိုင်းထဲအရောက်တွင်…. အာကာ၏ ကိုယ်လုံးတစ်ဝက်သာ ရောက်ပြီ…ခြေထောက်အားအရာတစ်ခုက ဖမ်းဆွဲထားလေသည်…. ထူးဇင်တို့သုံးယောက်…..သား အာကာအားဝိုင်းဆွဲထားကြလေသည်…..။ ထူးဇင်တို့နိုင်လိုက်ပါသည်…အာကာသည် စည်းဝိုင်းထဲသို့ ရောက်လာသည်…။

မိန်းကလေးသုံးယောက်အားကြည့်လိုက်သောအခါ……..သုံးယောက်စလုံးသည် ကြောင်အအဖြစ်နေလေသည်။
အာကာသည် သူ၏ခြေကျင်းဝတ်အား ပွတ်သတ်ရျ်နေလေသည်…ထူးဆန်းသည့်အရာတစ်ခုကို ထူးဇင်ထပ်မြင်တွေ့လို်ကရပြန်သည်…….ထိုအရာသည်…………။
အာကာ၏ခြေကျင်းဝတ်တွင်…. အညိုရောင်စွဲနေသော လက်ရာတစ်ခုကို တွေ့လိုက်ရခြင်းပင်…….။

“သဇင်..ကြည်ပြာ…မီမီ….”
ထူးဇင်…အော်ခေါ်လိုက်မှပင်..အားလုံးသတိပြန်ဝင်လာကြသည်…..။

သဇင်မှ…
“ထူးဇင်…ငါ..ငါတို့မြင်လိုက်ရတယ်..”

“ဟမ်….ငါတို့ကိုလည်း…..တစ်ယောက်ယောက်လိုက်လို့ ပြေးလာရတယ်….ဒါဆို….”

အားလုံးသည် မပြောပဲနားလည်လိုက်ရသည်…………။

သဇင်သည်….သူ့လွယ်အိတ်ထဲမှာ တစုံတခုအား လိုက်ရှာနေလေသည်….။ သူရှာနေသောအရာသည်… ပရိတ်ကြိုး သည်အချိန်တွင်..သူတို့အား…. ကယ်တင်နိုင်သောအရာတစ်ခုပင်ဖြစ်သည်…..။ ပရိတ်ကြိုးသည်… သူတို့အားလုံး လည်ပင်းနှင့် လက်တွင်ပတ်နိုင်လောက်…မလုံလောက်…။ ထို့ကြောင့် အားလုံးကို လည်ပင်းတွင်ဆွဲနိုင်အောင်သာ… သဇင်… ပရိတ်ကြိုးခြောက်ကွင်း ကွင်းလိုက်လေသည်…။

“ဒါလေးကို နင်တို့လည်ပင်းမှာ ဆွဲထားလိုက်ပါ… အဟန့်အတားတော့ တစ်ခုခု ပေးလိမ့်မယ်..လို့ ငါထင်တယ်..”

အားလုံး၏ လည်ပင်းတွင် ပရိတ်ကြိုး ကိုယ်စီရှိနေကြလေသည်…….။

“ငါတို့ မိုးမလင်ခင်ဘာလုပ်ကြမလဲ…ဟင်…”
ကြည်ပြာက ငိုမဲ့မဲ့ဖြင့်မေးရှာသည်…။

ထူးဇင်က သက်ပြင်းတစ်ချက်ချရျ်….
“ငါတို့ အဖြေတစ်ခုခုရှာတွေ့မှာပါဟာ…….”

အားလုံးသည် သည်လိုအခြေအနေမျိုးတွင် အိပ်မပျော်နိုင်အောင်ရှိနေကြသည်…..။

*****************************************************

အာကာသည်….ထူးဇင်အားလက်ဖြင့်ကုတ်ရျ် မိန်းကလေးများဘက်သို့ လက်ညိုးထိုးပြသည်..။ ထူးဇင်သည်…ဝေဖြိုးဘက်သို့တစ်ချက်ကြည့်လိုက်သည်……ဝေဖြိုးသည်.. အာကာပြသောနေရာသို့ မျက်တောင်မခက်ပဲ ကြည့်နေမိသည်..။ ထူးဇင်လည်း… ဝေဖြိုးကြည့်သည့်ဘက်သို့ ကြည့်လိုက်သော….အခါ.၊ ကြည့်ပြာသည်ထိုအရာကို ကြည့်ပြီးသည်နှင့် သတိလစ်သွားလေသည်..။ တည်ငြိမ်သော သဇင်သည်… ဘယ်လိုလုပ်မလဲ စဉ်းစားနေဟန်တူသည်…။ ထိုအရာသည်……………

မီမီ၏ ဆံပင်များသည်…တစုတစည်းတည်း လေပေါ်တွင် စုရျ်အပေါ်သို့ ထောင်လာသည်ကိုတွေ့ရလေသည်…။ မီမီသည် သတိမထားမိသေးသည်ကို အားလုံးသိရျ်နေသည်….။ ဆံပင်စုသည် လက်ဖြင့်စုရျ်ကိုင်သလိုမျိုး… စုရျ်တက်လာပြီးလျှင်………..။

“အင့်….ငါ့ ငါ့ဆံပင်ကို ဆွဲနေပြီ လုပ်ကြပါဦး……အီးဟီးဟီး”
မီမီအသံစူးစူးသည် အိမ်တစ်အိမ်လုံး ပျံ့နှံ့သွားလေတော့သည်…။ အားလုံး ကြောင်ကြည့်နေရာမှ ဘာလုပ်ရမှန်းမသိဖြစ်ကုန်သည်…။ မီမီ၏ ဆံပင်စများသည်…အပေါ်သို့ပါပါလာရျ်…. မီမီသည် ဆံပင်စောင့်ဆွဲခံရသူပမာ… နာရျ်လာသည်ကို..အားလုံးတွေ့ရလေသည်…။

“လုပ်ပါဦး…ငါနာလာပြီး ငါ့ဆံပင်တွေကျွတ်ထွက်တော့မယ်…..ထူးဇင်…သဇင်…ငါ့ကို ကယ်ပါဦး…”
မီမီသည် မခံမရပ်နိုင်လောက်အောင် အော်ဟစ်နေလေတော့သည်…။

ထိုအချိန်တွင် ရုတ်တရက်……………….သဇင်သည်…. ပရိတ်ကြိုးစ တစ်စကို မီမီ၏ဆံပင်တွင် ပတ်ရျ် ချည်လိုက်လေတော့သည်……..။

“ရွှစ်…ဝှစ်…”
လေတိုးသံသကဲ့သို့ ကြားလိုက်ရပြီးး..မီမီ၏ဆံပင်များသည်….အောက်သို့ပြေကျသွားလေတော့သည်….။
အားလုံးသည်ရုတ်ရုတ်သဲသဲ ဖြစ်ရျ်သွားသည်….။ အားလုံး ဘာဆက်လုပ်ရမည်နည်း…..။

*********************************************

ထိုအချိန်တွင်….. သဇင်…ကျန်ရှိနေသေးသော ပရိတ်ကြိုးတစ်ကြိုးအား ၎င်းတို့အပေါ်တွင် အတန်းတစ်တန်းဖြစ်အောင် ချည်လိုက်လေသည်..။ ထူးဇင်တို့အားလုံးသည်…. လှောင်ချိုင့်လေးထဲတွင်… နေနေရသလိုဖြစ်နေလေသည်..။ ထူးဇင်တို့အားလုံး.. စဉ်းစားနေကြပြီဖြစ်သည်…သည်အတိုင်းမိုးလင်းတော့မည်လား… နာရီကြည့်လိုက်တော့… (2)နာရီနှင့် 45မိနစ်.. အဖြစ်အပျက်တွေသည် မြန်ဆန်လွန်းလှသည်…။ အခြေအနေတွေသည် နောက်ထပ်ဆိုးရွားလာဦးမည်လား..ထူးဇင် မစဉ်းစားတတ်တော့ချေ…..။

“ဂျွတ်…..ဂျွတ်…ဝုန်း…..”
အိမ်အပေါ်ရှိ…မျက်နှာသည်…ထူးဇင်တို့ရှေ့မှာတင်ပြိုကျလာလေသည်….။ မြင်လိုက်ရသော အရာများသည်… အံ့ဩထူးဆန်းဖွယ်တွေသာ ဖြစ်လေသည်…။ ထူးဇင်တိုမြင်လိုက်ရသောအရာများသည်… ကလေးကစားစရာအရုပ်များနှင့် ကလေးအဝတ်အထည်များ ဖုန်များတတ်နေသောအရာများဖြစ်လေသည်…။

ထိုစဉ်… ထိုအရာများသည် တစုတစည်းတည်းဖြစ်သွားပြီ…ခြေ့ရင်းဘက်သို့ အလိုလိုအရွှေ့သွားလေသည်….။ ထိုအရာများသည်… နောက်ထပ်…. တစ်ယောက်ယောက်ကန်လိုက်သလို လွင့်စင်သွားပြန်သည်….. ထိုလွင့်စဉ်သွားသောအရာများရှိ တစ်ခုသည်… ထူးဇင်တို့ စည်းဝိုင်းအတွင်းသို့ ဝင်ရောက်လာလေတော့သည်……။ ထိုအရာသည်.. photo stand လေးတစ်ခုပင်ဖြစ်သည်…။ ထူးဇင်တို့သည်.. ထိုအရာအားကြည့်လိုက်သောအခါတွင်… အားလုံးသည် အံ့ဩသင့်သွားလေတော့သည်…….။

ထူးဇင်တို့ ထင်ထားသည့်အတိုင်းပင်… ထူးဇင်တို့နှစ်ဦးနောက်သို့ တစ်ယောက်ယောက်လိုက်လာရျ်နေလေပြီ….။

ထိုစဉ်… ထူးဇင်သည် ဝေဖြိုးဘက်သို့ လှည့်ကြည့်လိုက်လေသည်…။

“ဟင်…….ဝေဖြိုး မင်းနောက်မှာ………..”

ထူးဇင်သတိပေးသံအား…ကြားရျ် ဝေဖြိုး လှည့်ကြည့်လိုက်သောအခါတွင်…………။

အရိပ်မည်းမည်းတစ်ခုသည်…. ဝေဖြိုးနှင့် ထူးဇင်တို့အား….အုပ်မိုးလိုက်လေသည်…………။

****************************

သဇင်တို့အားလုံးသည်……… အရာရာအားလုံးပိတ်ကားပေါ်တွင်…မြင်ရသလိုခံစားနေကြရလေသည်…။

လူ့ဘဝတွင် ကိုယ်ကြုံတွေ့ရသမျှအားလုံးသည်… ထူးဆန်းအံ့ဩဖွယ်ရာဖြစ်လျှင် တစ်ယောက်ယောက်အား ပြောပြမည်ဆိုလျှင် မယုံနိုင်စရာ အကြောင်းများဖြစ်လေသည်…. ထိုအရာများသည်… ကိုယ်တိုင်ကြုံတွေ့မှသာ…. ယုံရသောအရာများဖြစ်မည်ဆိုလျှင်….. သင်ကိုယ်တိုင်ကြုံတွေ့မည်ဆိုလျှင် သင်ဘယ်လို ခံစားရမည်နည်း…။

“ကို…. နန်းတော့ မတွေးရဲပါဘူးကိုရယ်… ကို့ကို ချစ်လို့သာလိုက်လာသာလေ”

“နန်းရယ်…. ကိုယ် နန်းကို တကယ်ချစ်လို့ ခိုးခဲ့တာပဲ…. နန်းစိတ်မပူပါနဲ့ကွာ… ဒါ ကိုယ့်ရဲ့ ကြီးဒေါ်အိမ်ပဲလေ
နန်း ကြိုက်သလိုနေ.. လစာပေးစရာမလိုဘူး… ကြီးတော်က ကိုယ့်ကိုသိပ်ချစ်တာ…”

နန်းကလျာနှင့်… မြတ်ကိုတို့သည်.. တက္ကသိုလ် တတိယနှစ်တွင် ချစ်ကြိုက်ခဲ့သော သမီးရည်းစားပင်ဖြစ်သည်… စားမေးပွဲမတိုင်ခင်… ချစ်သောစိတ်ကိုမထိန်းနိုင်သဖြင့်…. ခိုးပြေးခဲ့ကြသည်..။ သည်အချိန်တွင် နန်းကလျာဘက်က မိသားစုဘက်မှ မည်သို့မှသဘောမတူမှန်း သိထားရက်နဲ့ပင် မြတ်ကိုနောက်ကို ချစ်သောစိတ်တစ်ခုနဲ့ပင် လိုက်ခဲ့ခြင်းဖြစ်သည်… ယခုအခါတွင်… မှားလား မှန်လား နန်းကလျာကိုယ်တိုင်ပင်မသိတော့ချေ…။

“အကြီးရယ် ခဏပါပဲ.. ကျွန်တော်အလုပ်လုပ်ပါတော့မယ်…ပြီးရင်ပြောင်းတော့မှာပါ”

“အေးဟယ်… ငါလည်း မပြောချင်ပါဘူး နင့်အမေဘက်က မောင်နှမတွေရော အများကြီးပဲ ငါ့ကိုအပြစ်ပြောနေကြပြီ ငါဘယ်လိုလုပ်ရမလဲ…”

မြတ်ကို စိတ်ညစ်ရလေပြီ….။ သူ့အလုပ်နှင့် အိမ်ငှားခနှင့် ဘယ်လို လုပ်ရမည်လဲ….။

“ကို…. နန်းမှာ ကိုယ်ဝန်ရှိနေပြီ….”

“ဟင်…ဘယ်လို….”

“ကိုယ်မလိုချင်ဘူးလားဟင်…. နန်းတော့ နန်းရဲ့သွေးကို မွေးမယ်လို့ဆုံးဖြတ်ပြီးပြီ”

“နန်းရယ်… ကိုယ်တို့အခြေအနေကိုလည်း ကြည့်ဦးလေ….”

နှစ်ယောက်သားစိတ်ညစ်ရလေပြီ….။

“နန်း…ကိုယ်သွေးသားကို မလိုချင်လို့တော့ မပြောပါဘူး… အခုအချိန်မှာ မလိုသေးဘူးထင်တယ်…”

“ဟင်… ကိုက မလိုချင်ဘူးလား…….”

“မဟုတ်ပါဘူး မလိုအပ်သေးဘူးထင်လို့ပါ…….”

နှစ်ဖက်အသိုင်းအဝိုင်းကြား အခြေအနေများသည် တင်းမာလာသောအခါ နန်းကလျာတို့၏အိမ်ထောင်ရေးသည်.. အလဲလဲအကွဲကွဲ ဖြစ်ခဲ့လေသည်…။

“နန်းကတော့…. နန်းရင်သွေး မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရအောင်မွေးမှာပဲ…”

“ကိုယ်မလိုချင်လို့ ပြောတာမဟုတ်ဘူးလေ… အခက်အခဲကိုနန်းလည်း သိသားနဲ့… သည်အခြေအနေက နန်းနဲ့ကိုယ့်အခြေအနေကို ကွဲသွားစေနိုင်တယ်….”

အခက်အခဲကြားထဲမှ မြတ်ကိုသည်… ရရာအလုပ်ကိုဝင်လုပ်ခဲ့လေသည်…. သူသည် နန်းကို အလွန်ပင်မြတ်နိုးသည်…။ တစ်နေ့… မြတ်ကို အလုပ်မှအပြန်တွင်…။ မမြင်သင့်သော အဖြစ်အပျက်တစ်ခုအား မြင်တွေ့လိုက်ရလေသည်..။

“နန်း…နန်း……….”

နန်းကလျာသည်……လည်ပင်းတွင်ကြိုးတန်းလန်းနှင့်…. ခြေထောက်နှစ်ချောင်းကြားတွင် သွေးများယိုစီးရျ်ကျနေလေသည်…………။

“နန်း……နန်း……ကိုယ်မှားပါတယ်ကွာ………..”
မြတ်ကိုသည် ယူကြုံးမရဖြစ်ပြီး ငိုကြွေးမိသည်…နန်း၏နောက်ဆုံးအချိန်အား သူမမီလိုက်ချေ….။

နန်းသည် ဆွေမရှိမျိုးမရှိနှင့် မြတ်ကိုမည်သို့လုပ်ရမည်လဲ…………။ သည်လိုနှင့် ခြံထောင့်ရှိ နန်းအလွန်နှစ်သက်သော ယုဇနပန်းပင်အောက်တွင် နန်းအောင် မြုပ်နှံခဲ့ပြီးးးး………. မြတ်ကို၏မိဘနှင့်ဆွေမျိုးမျအား နန်း၏မွေးရပ်မြေသို့ သဘောထားချင်းမတိုက်ဆိုင်ရျ် ပြန်သွားပြီဟု ပြောလိုက်လေသည်……။

******************************

နန်းကလျာမရှိသောနေ့ရက်များသည် မြတ်ကို လုံးဝမပျော်ရွှင်ခဲ့ ယုဇနပန်းပင်အောက်တွင်သာ မြတ်ကို အချိန်ကုန်ခဲ့လေသည်….။ ပိုရု်ဆိုးသည်က အိမ်၏ မျက်နှာချက်အပေါ်၏ အပေါက်တစ်ခုတွင်… နန်းသည်… သူ၏ ရင်သွေးအတွက်…. ပတ်သတ်သည့်အရာများအား… စုစည်းထားခဲ့သည်ပင်ဖြစ်သည်….။

မြတ်ကို ပိုရျ်စိတ်ထိခိုက်ရလေသည်….။ နန်း၏မျှော်လင့်ချက်များအား သူ၏စကားများက ရိုက်ချိုးခဲ့လေသည်…။ သူ၏မိန်းမသေခဲ့ရသည်ပင် သူ၏အပြစ်များ မကင်းသလိုခံစားမိလေသည်…..။

တစ်နေ့…………..
မြတ်ကိုပျောက်နေရျ်…သူ၏မိဘများ…မြတ်ကို၏အိမ်သို့လာရာတွင်….. မြတ်ကိုသည်…… ဆွဲကြိုချရျ်သေဆုံးနေသော ရုပ်အလောင်းကိုမြင်တွေ့ရလေသည်……………..။
…………………….

***********************

အဖြစ်အပျက်များသည် တခါတရံမြန်ဆန်လွန်းလှသလို တခါတရံသည် ကြာမြင့်လွန်းလှသည်…။ ထူးဇင်နှင့်ဝေဖြိုးတို့သတိရချိန်တွင်…မိုးစင်စင်ပင်လင်းနေပြီဖြစ်သည်……….။ အိမ်တွင်ကျန်ခဲ့သည့် သူငယ်ချင်းများအား……… စိတ်ပူသဖြင့် အမြန်အပြေးအလွှား ပြေးလွှားသွားကြသည်…။ ထူးဇင်တို့ အိမ်ပြန်ရောက်ချိန်တွင်………. သဇင်တို့အားလုံးသည်..လည်း…. ကောင်းကောင်းမွန်မွန်ပင်….။ အားလုံးသည် အခြေအနေအားလုံးအား မပြောပဲနှင့်ပင်သိနေကြလေသည်…………….။

နောက်တစ်ရက်အကြာတွင်…………….

ထူးဇင်ငှားနေသောအိမ်လေးတွင်………… အလှူအတန်းအသံများနှင့်အမျှဝေသံများကြားရလေသည်…….။ ထူးဇင်တို့အမျှဝေသောလူအထဲတွင် နာမည်အချို့အားလူအားလုံးကြားလိုက်ရလေသည်..။ ထိုနာမည်အထဲတွင်……. နန်းကလျာနှင့်မြတ်ကိုဟူသော နာမည်သည်….အပေါ်လွင်ဆုံးဖြစ်သည်………။

******************************

နောက်တစ်နေ့တွင် ထူးဇင်သည်…… နောက်တစ်အိမ်သို့ပြောင်းရွှေ့နေပြီဖြစ်သည်……။ အိမ်၏ပိုင်ရှင်အဒေါ်ကြီးသည်…..ထူးဇင်အား ထပ်တလဲလဲတောင်းပန်ရျ်…….. ကျေးဇူးများတင်နေလေသည်…။
ထိုအချိန်တွင်…….

အိမ်၏ တစ်နေရာတွင်……………………
ထူးဇင်တို့အား ကြည့်နေသော အရိပ်တစ်ခုအား……….ထူးဇင်တို့သိခဲ့ပါမူ………။

ပြီးပါပြီ…………။
အားလုံးကျေးဇူးတင်ပါတယ်…..အားပေးတာကို……။ တကယ်ဆို ဆက်ချင်ပါသေးတယ်…. အခန်းဆက်ရေးရတာ တာဝန်ကြီးပါတယ်…ကျတော်လည်း တခြားစာလေးတွေ ရေးချင်သေးတယ် ဒါကြောင့် ဇာတ်သိမ်းလိုက်တာပါ မသိမ်းရင်လည်း သူငယ်ချင်းတွေ ပြောကြတော့မယ် နည်းနည်းစဉ်းစားစရာလေးတွေ ချန်ခဲ့ပါတယ်.. ဒါတော့ စဉ်းစားကြည့်လိုက်ပါ…. ကျတော်ဇာတ်လမ်းကိုပြန်မဖြည်ပြတော့ပါဘူး…။

အောင်မိုးသူ

13 comments

  • Moe Z

    August 26, 2012 at 8:05 pm

    အမ်…… အဲဒီသရဲနှစ်ကောင် အဲ နှစ်ယောက်က မကျွတ်တာလား နောက်ထပ်သရဲရှိသေးတာလားမသိ 🙄

    • Moe Z

      August 26, 2012 at 8:11 pm

      ဒါမှမဟုတ် ရုပ်ရှင်ထဲကလို ကလေးသရဲဖြစ်မယ် 😆

      • pooch

        August 27, 2012 at 3:13 pm

        ဖြစ်နိုင်တယ် ကလေးက မကျွတ်သေးတာ နေမှာ နာမည်တောင် မမှည့်ရသေးခင် ဘဝဆုံးသွားတာ ဆိုတော့ 😀

        • YE YINT HLAING

          August 27, 2012 at 4:25 pm

          မပု ( ရှ ) ရဲ့ အတူတူ အိပ်မယ်လေ ဆိုတာကြီး က ဖတ်ပြီး အိပ်မက်ထဲ အထိ လိုက်လာတယ်ဗျို့ ! တော်ပြီ နေပြည်တော် ရောက်ရင် စည်ပင်မှာ မတည်းပဲ ဘော်ဒါတွေ ဆီမှာပဲ သွားတည်းတော့မယ် ။

  • San Hla Gyi

    August 26, 2012 at 9:21 pm

    ဖတ်လို့တော့ ကောင်းသားပဲဗျ။ တခုသတိထား မိတာတော့ရှိတယ်။ ကျနော့်စိတ်ထင် အခုနောက်ပိုင်း ရိုက်တဲ့ မြန်မာသရဲကားတွေ သရဲဇတ်လမ်းတွေက နိုင်ငံခြားကားထက်ပိုပြီး မြန်မာပရိသတ်ကို ခြောက်နိုင်သလိုပဲ။ ကျနော့်အထင်လဲ ဖြစ်ချင်ဖြစ်မယ်။ ဘာလို့လဲဆိုတော့ မြန်မာချင်းဆိုတော့ မြန်မာတွေ ဘယ်နေရာမှာ ပိုကြောက်တတ်သလဲ ဆိုတာ နားလည်နေသလိုပဲ။ ဗိုလ်ချုပ်နေဝင်းရဲ့ မဆလခေတ်မှာတော့ ဒီဇတ်လမ်းတွေဟာ ပြည်သူကို အထိတ်တလန့် ဖြစ်စေတယ် ဆိုပြီး ပိတ်ထားခဲ့လို့ အခုနောက်ပိုင်းမှ ပြန်ရိုက်ခွင့် ရတာပဲ။ သူ့အတွေးလဲ ဒီနေရာမှာတော့ သိပ်မဆိုးဘူးလို့ ထင်တယ်။
    ဒီနေရာမှာတော့ အိမ်ရှင်အဒေါ်ကြီး လွန်တာပေါ့ဗျ။ အစကတည်းက နောက်ကြောင်း မရှင်းတာကို ပြောသင့်တာပေါ့။ ဒါပေမယ့် အဲဒီလို ပြောလိုက်ပြန်ရင်လဲ အရောင်း အဝယ် အဌားအရမ်း ကိစ္စတွေက ဖြစ်ဖို့မလွယ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာတွေ အနေနဲ့တော့ ကိုယ်မသိတဲ့ အိမ်တွေ ဘာတွေဝယ်မယ်ဆိုရင် မနေခင်ကထဲက ကိုယ့်ဘာသာ ထုံးစံအတိုင်း ဘေးဆီးရန်ကာ ကိစ္စတွေလုပ်ပြီးမှ နေသင့်တယ်။
    ဒီလိုဇတ်လမ်းတွေက မရှိဘူးလို့တော့လည်း ကျိန်းသေ မပြောနိုင်ဘူး။ မြန်မာဘုရင် လက်ထက်မှာတောင် ဘုရင့်ဆီမှာ အမှုထမ်းပြီး ဘုရင်ကပေးတဲ့ ဘွဲ့တွေ ဘာတွေရဖူးတဲ့ သရဲတောင် ရှိသေးတယ်။

  • ကိုရင်မောင်

    August 26, 2012 at 11:21 pm

    ခင်ဗျားဇာတ်လမ်းမဆိုးဘူး…
    ရုပ်ရှင်လောကနဲ့အဆက်အသွယ်ရှိယင်
    ရုပ်ရှင်ဇာတ်လမ်းတပုဒ်တောင်ဖြစ်သွားနိုင်တယ်နော်….[:-bd]

  • Inz@ghi

    August 27, 2012 at 1:43 am

    သဂျီးပြောတော့ သရဲမချိဝူးဆို
    မွှားဘာဒယ် နောက်တပါတ် star trail ရိုက်မလို့
    တောထဲ တွားပံ့မယ်ဆိုမှ. လာဖတ်မိပြန်တယ်

    တွားရဲလော့ဝူး. ဟိုအပေါ်က ဂျေပီလေး.
    အဖော်လိုက်ပေးခဲ့မလားဟင်င်င်င်င်င်င်င်င်

    ခိခိ

    နောက်တာပါပါဗျာ

    စာအရေးကောင်းတဲ့ စာရေးသူရေ
    အားပေးသွားပါတယ်ဗျို့

    ရွာ့ အပေအတေ
    လစ်ဘရယ်
    ဂီ့

  • may flowers

    August 27, 2012 at 3:04 pm

    အရေးအသားတော်တော်ကောင်းတဲ့ စာရေးသူပါလားလို့ မှတ်ချက်ပေးမိပါတယ် ။ အစအဆုံးဖတ်ပြီး

    အားပေးသွားပါတယ် ကိုအောင်မိုးသူရေ။ နောက် ပိုစ့်လေးတွေလည်း မျှော်နေပါ့မယ်နော်။

  • etone

    August 27, 2012 at 3:49 pm

    ထိုစဉ်… ထိုအရာများသည် တစုတစည်းတည်းဖြစ်သွားပြီ…ခြေ့ရင်းဘက်သို့ အလိုလိုအရွှေ့သွားလေသည်….။ ထိုအရာများသည်… နောက်ထပ်…. တစ်ယောက်ယောက်ကန်လိုက်သလို လွင့်စင်သွားပြန်သည်….. ထိုလွင့်စဉ်သွားသောအရာများရှိ တစ်ခုသည်… ထူးဇင်တို့ စည်းဝိုင်းအတွင်းသို့ ဝင်ရောက်လာလေတော့သည်……။ ထိုအရာသည်.. photo stand လေးတစ်ခုပင်ဖြစ်သည်…။ ထူးဇင်တို့သည်.. ထိုအရာအားကြည့်လိုက်သောအခါတွင်… အားလုံးသည် အံ့ဩသင့်သွားလေတော့သည်…….။

    ထူးဇင်တို့ ထင်ထားသည့်အတိုင်းပင်… ထူးဇင်တို့နှစ်ဦးနောက်သို့ တစ်ယောက်ယောက်လိုက်လာရျ်နေလေပြီ….။

    ဒါဆို သူတို့ နှစ်ယောက်က စည်းဝိုင်းတွင်းမှာလား .. အပြင်ဘက်မှာလား ……….. ။

    နောက်ပြီးဆွဲကြိုးချ သတ်သေတဲ့ မိန်းမရဲ့ သေပုံပေါ့နော် …

    နန်းကလျာသည်……လည်ပင်းတွင်ကြိုးတန်းလန်းနှင့်…. ခြေထောက်နှစ်ချောင်းကြားတွင် သွေးများယိုစီးရျ်ကျနေလေသည်…………။

    ဒါကိုကြည့်ချင်း အားဖြင့် …. abortion လုပ်ပြီးမှ သေတယ်လို့ ယူဆပါတယ် ။ သာမန်ဆွဲကြိုးချ သေသူတစ်ယောက်က ကိုယ်ဝန်ရှိသည်ထားဦးတော့ …. abortion မဖြစ်ပါဘူး … မျက်လုံးပြူးမယ် .. လျှာထွက်မယ် … လည်ပင်းရှည်တာမျိုး ၊ ဇက်ကျိုးတာမျိုး ရှိမယ် .. ဒါက အကြမ်းဖျဉ်းပါ … ။ ဒီ နန်းဆိုတဲ့ တစ်ယောက်က … abortion ဖြစ်ပြီးမှ သေတာ ဆိုလျှင် စဉ်းစားစရာက နှစ်ချက် ရှိပါတယ် ။ ကိုယ်တိုင်ပဲ လုပ်ခဲ့သလား ……. ဒါလည်း မဖြစ်နိုင်ဘူး ……. သူက ကလေးကို လိုချင်ခဲ့သူပါ ။ ဒါဆို တစ်ယောက်ယောက်ရဲ့ ပယောဂလား .. အိမ်မှာ ကျန်ခဲ့တာ … မြတ်ကိုရဲ့ အဒေါ်ပဲ ရှိတယ် … ဒီတော့ ..တခြား ဘယ်သူက abortion ဖြစ်အောင် လုပ်သလဲပေါ့နော် … ။ abortion ဖြစ်ပြီးပြီး ချင်း …. သွေး ချက်ချင်း ဒလဟော မဆင်း တတ်ပါဘူး ။ ဒါလေးလဲ .. တစ်ချက်ပေါ့နော် … ။

    ပို့စ်လည်း ဆုံးသွားရော .. ဟိုမြတ်ကို ဆိုတဲ့ ငဒူကိုပဲ … နားရင်း အုပ်ချင်မိပါတယ် ။ ဘယ်နှယ့် မိန်းမတစ်ယောက်ကို ရှာမကျွေးနိုင်ပဲ အရူးထပြီး ခိုးပြေးရပါလိမ့် … ။ ကိုယ်ဝန်မရခင်က … နည်းမျိုးစုံနဲ့ တားလို့ ရပါလျှက် …. ပေါ့ဆနေပြီး ၊ ရလာတော့မှ .. မကျေမနပ်နဲ့ … ပါးကြီးပဲ လှိမ့်ရိုက်ဖို့ ကောင်းတယ် … 👿

  • etone

    August 27, 2012 at 3:50 pm

    တစ်ခုကျန်သေးပြောချင်တာ …
    စာအရေးသား အရမ်းကောင်းပါဧ။်

    • aung moethu

      August 27, 2012 at 4:33 pm

      ဖြည်မထားတဲ့နေရာတွေ ရှိပါတယ် မအိတုန်…. ။ ကျတော် စာစရေးစဉ်အခါက ဒီဝတ္တုလေးကို ရေးခဲ့တာ။ တဖြည်းဖြည်း စာဖတ်သူများလို့တာနဲ့…. ဒီဇာတ်လမ်းကို အပြတ်ဖြတ်လိုက်တာပါ။ လိုအပ်တာလေးတွေ ရှိခဲ့ရင် အနူးအညွတ်တောင်းပန်ပါတယ်။

  • မောင်ပေ

    August 28, 2012 at 2:30 pm

    ဖတ်ရတာ ကြောတစ်ချမ်းချမ်းနဲ ့စိမ့်စိမ့်လေး တွေးကြောက်စရာပါကလား

Leave a Reply