ခြေလှမ်း ငါးထောင်
ကျွန်ုပ် ဦးကောင်း သည် ငယ်စဉ်အခါက လွန်စွာမှ ဆင်းဆင်းရဲရဲ နေခဲ့ရလေ၏။ ကျွန်ုပ်၏ မိဘနှစ်ပါးမှာ ဆင်းရဲလွန်းသဖြင့် ကျွန်ုပ်အား ကျောင်းထားနိုင်ခြင်း မရှိခဲ့ပေ။ သို့ရာတွင်မူ ရွာဦးကျောင်း ဆရာတော်ကြီး ဦးဓမ္မသာမိ၏ ကျေးဇူးကြောင့် ကျွန်ုပ်မှာ စာရေး၊ စာဖတ်ကို တတ်မြောက်ခွင့် ရခဲ့ပါ၏။
ဤသို့ ကျွန်ုပ်သည် ငယ်စဉ်ဘဝ ဆင်းရဲတွင်း နက်သည်ကို လွန်စွာ မကျေနပ်ရကား ငွေကြေး ပြည့်စုံ ချမ်းသာစေရန်အတွက် အလုပ်များအား ကြိုးစားလုပ်ကိုင်ခြင်း၊ ရရှိလာသော ငွေကြေးများအား အလေအလွင့် မဖြစ်စေဘဲ စုဆောင်း သိမ်းဆည်းခြင်း၊ စုမိသမျှ ငွေကြေးများဖြင့် ရောင်းဝယ်ဖောက်ကားခြင်း စသည့် လမ်းစဉ်အတိုင်း ကျင့်ကြံခဲ့လေရာ ယခုအခါတွင် ကျွန်ုပ်မှာ လူတန်းစေ့ နေနိုင်သော အခြေအနေသို့ ရောက်ရှိခဲ့ပြီ ဖြစ်လေ၏။
ကျွန်ုပ်သည် မအိမ်စည်နှင့် အိမ်ထောင်သက် အနှစ်သုံးဆယ်တိုင်အောင် ပေါင်းသင်း ခဲ့သော်ငြားလည်း သားသမီး ထွန်းကားခဲ့ခြင်း မရှိခဲ့ပေ။ ကျွန်ုပ်နှင့် ကျွန်ုပ်၏ ဇနီး မအိမ်စည် တို့မှာ သားသမီး ရနိုင်ကြောင်း နည်းလမ်းများကို အပေါင်းအသင်း များအား မေးမြန်းပြီး ၎င်းတို့ညွှန်သည့် နည်းလမ်းများအတိုင်း ပြုလုပ်ခဲ့ကြသည်ချည်းသာ ဖြစ်၏။ ကျွန်ုပ်၏ ဆိုလိုရင်းမှာ ဆေးဆရာများနှင့် ဆေးစစ်ခြင်း၊ နတ်များထံ ပူဇော်ပသ၍ သားသမီး ဆုပန်ခြင်း စသည့် နည်းလမ်းများပင် ဖြစ်၏။
ယင်းသို့ ပြုလုပ်ခဲ့ပါသော်လည်း သားသမီး ရတနာ ထွန်းကားခြင်း အလျဉ်းမရှိခဲ့ပေ။ ယခုမူကား မည်သို့ အကြောင်းတိုက်ဆိုင်သွားသည် မသိ။ မအိမ်စည်မှာ ကိုယ်ဝန်လွယ်ထားရလေပြီ ဖြစ်၏။ မအိမ်စည်မှာ မိန်းမကောင်း တစ်ယောက် ဖြစ်သည်ကို ကျွန်ုပ်ကိုယ်တိုင်ပင် သိထားသည့်အတွက် အဆိုပါ ကိုယ်ဝန်မှာ ကျွန်ုပ်၏ သွေးသား ဖြစ်သည်ဟု ကျွန်ုပ်မှာ ယုံကြည်လေ၏။
ကိုးလလွယ် ဆယ်လဖွား ဆိုသကဲ့သို့ပင် မအိမ်စည်မှာ သား ယောက်ျားလေးအား မွေးဖွားခဲ့လေ၏။ ပွင့်လင်းစွာ ပြောရပါလျှင် ကျွန်ုပ် ငယ်စဉ်က တဲအိမ်စုတ် အတွင်း မွေးဖွားခဲ့ခြင်း၊ သူများ အောက်ကျ၍ မွေးဖွားလာခဲ့ရခြင်းကို လက်စား ချေလိုသည်က တစ်ကြောင်း၊ ကျွန်ုပ်၏ တစ်ဦးတည်းသော ရင်နှစ်သည်းခြာ သားငယ်လေးအား ချစ်လွန်းသည်က တစ်ကြောင်း ကြောင့် ကျွန်ုပ်၏ သားငယ်လေးအား ရွှေပုခက်ဖြင့် အိပ်စေခဲ့လေ၏။ သားငယ်လေး၏ နာမည်ကိုလည်း မောင်ရွှေကောင်းအိမ် ဟူ၍ ကျွန်ုပ် ကိုယ်တိုင်ပင် မှည့်ခေါ်ခဲ့လေ၏။
ကျွန်ုပ်မှာ သားလေးအတွက် ကလေးအထိန်းများကို ငှားရမ်းပေးထားပါသော်လည်း ကျွန်ုပ်၏ ချစ်စွာသော ဇနီးမယား ဖြစ်သူ မအိမ်စည်မှာ သားလေး မောင်ရွှေကောင်းအိမ် အား ကိုယ်တိုင်ပင် ပြုစုယုယ၍ အနားမှမခွာ နေထိုင် ပြုစုပေးနေသည့်အတွက် ကျွန်ုပ် ငှားရမ်းပေးထားသော ကလေးထိန်းများမှာ ကလေးအား ထိန်းရသည်ဟူ၍ မရှိပါဘဲ အခြား ကိစ္စများဖြင့်သာ အချိန်ကုန်လွန်နေရတော့၏။
တစ်နေ့တွင်မူ မအိမ်စည်မှ သားငယ်လေးအတွက် ဗေဒင် တွက်စစ်ချင်ကြောင်း ပြောလာသဖြင့် ကျွန်ုပ်မှာ နာမည်ကြီး ဗေဒင်ဆရာများကို တစ်ယောက်ပြီးတစ်ယောက် ခေါ်လာပေး၍ သားငယ်လေးအတွက် တွက်စစ်စေလေ၏။ ၎င်းဗေဒင်ဆရာကြီး တို့သည် သားငယ်လေးအား ကြည့်ရှုကာ နောင်အခါ ကြီးပွားမည့် ကလေးဖြစ်ကြောင်းကို ဟောကြားကြလေ၏။ ထို့ကြောင့် ကျွန်ုပ်တို့ လင်မယား နှစ်ယောက်မှာ လွန်စွာ ပျော်ရွှင်နေရတော့၏။
ဤသို့ဖြင့် ကျွန်ုပ်သည် သားငယ်လေး မောင်ရွှေကောင်းအိမ် အတွက် ဗေဒင်တွက်ချက်ရန် နာမည်ကြီး ဗေဒင်ဆရာကြီး ဆယ်ယောက် တိတိအား ခေါ်ယူကာ တွက်စစ်စေခဲ့လေသည်။ ထိုအခါ ကျွန်ုပ်၏ ဇနီးသည်မှ ဆယ့်တစ်မီး ငြိမ်းစေရန် ဟူ၍ ဆိုကာ နောက်ထပ် ဗေဒင်ဆရာကြီး တစ်ယောက်ကို ခေါ်ယူ၍ တွက်စစ် စေလိုကြောင်း ပြောကြားလေ၏။ ထို့ကြောင့် သားရတနာအား မွေးဖွားပေးသော ဇနီးသည်အား ချစ်သောအားဖြင့် ဇနီးသည် အလိုကျ နောက်ထပ် ဗေဒင်ဆရာကြီး တစ်ယောက်အား အိမ်သို့ ပင့်ဖိတ်ကာ သားငယ်လေး၏ ဇာတာအား တွက်စစ်စေလေ၏။
ထို ဗေဒင် ဆရာကြီးမှာ ကျွန်ုပ်၏ အိမ်သို့ ရောက်သောအခါ အခြားသော ဗေဒင် ဆရာကြီးများကဲ့သို့ သားငယ်လေးအား ချက်ချင်း မတွက်စစ်သေးဘဲ ဘုရားခန်းသို့ ဦးစွာ သွားရောက်၍ ဘုရားရှိခိုး ကန်တော့လေ၏။ ထိုသို့ ဘုရား ရှိခိုးမှု ကိစ္စ ပြီးစီးသော အခါတွင်မှ သားငယ်လေး အိပ်စက်နေရာ ရွှေပုခက်ဆီသို့ လာရောက်ပြီး သားငယ်လေးအား ကြည့်ရှုလေ၏။
ထို့နောက် ဗေဒင်ဆရာကြီးမှ သားငယ်လေး၏ ဖွားစာရင်းအား တောင်းယူကာ တွက်ချက်နေပြန်၏။ ပြီးနောက်တွင် ၎င်း ဗေဒင်ဆရာကြီးမှ “ဒီကလေးငယ်ဟာ ကြီးပွားချမ်းသာဖို့ ဇာတာ ပါလာတာတော့ အမှန်ပဲ။ ဒါပေမယ့် ဒီကလေး ခြေလှမ်းငါးထောင် ပြည့်တဲ့နေ့ဟာ သေတဲ့နေ့ပဲ ဖြစ်လိမ့်မယ်” ဟူ၍ ခပ်ပြတ်ပြတ်ပင် ဟောကိန်း ထုတ်လိုက်လေတော့၏။
ထိုအခါ ကျွန်ုပ်လည်း ဗေဒင်ဆရာကြီးအား မယုံကြည်သော မျက်လုံးဖြင့် ကြည့်ပြီး “ဟုတ်ပါ့မလား ဆရာကြီးရယ်” ဟူ၍ မေးမြန်းလေရာ ၎င်းဗေဒင်ဆရာကြီးမှ “မမှန်ရင် ကျုပ်လည် ဖြတ်” ဟူ၍ ထပ်မံ ခပ်ပြတ်ပြတ် ပြောဆိုကာ ထွက်သွားလေ၏။ ကျွန်ုပ်နှင့် ဇနီးသည် မအိမ်စည် တို့မှာ သို့သောသို့လော မျက်လုံးများဖြင့် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီးနောက် ရွှေပုခက်အတွင်း နှစ်ခြိုက်စွာ အိပ်မောကျနေသော သားငယ်လေး မောင်ရွှေကောင်းအိမ် အား ကြည့်လိုက်မိလေတော့၏။
++++++++++++++++++++++
အထက်ပါ ထွက်ဆိုချက်များမှာ ထမင်းစားနားချိန် မတိုင်မီ ဦးကောင်း၏ ထွက်ဆိုချက်များ ဖြစ်လေ၏။ စာဖတ်သူ အပေါင်းတို့အား ဖတ်၍ အတန်အသင့် ကောင်းစေရန် ရည်ရွယ်၍ ပြင်ဆင် ရေးသားလိုက်ခြင်းပင် ဖြစ်ပေသည်။
++++++++++++++++++++++
ဤတွင် ပြီး၏ ……..။
22 comments
marblecommet
August 28, 2012 at 11:22 am
ဟင်…….
အံကြီးရယ်.
ဘယ့်နှယ် ခြေလှမ်းငါးထောင်တည်းလား
တိုတောင်းလှချည်ကွယ်
သုခလမ်းကားမှတ်တိုင်နဲ့
သမိုင်းလမ်းဆုံတိတိ ဆိုရင်တောင်
ခြေလှမ်းပေါင်း 5600
ရှိသဗျ
ကျုပ်တိတိကျကျ ရေထားတာ….အာဟင့်…
…..
ကလစ်လေး တစ်ချက်ပါ
နှိပ်ခဲ့လိုက်သေးတယ်နော့……
မဟာရာဇာ အံစာတုံး
August 28, 2012 at 11:35 am
ခုလို ပထမဆုံး အားပေးသွားတဲ့
ကိုကမ်းကြီး တစ်ယောက် ..
ဘွတိုင်း ဘွတိုင်း ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းမရပါစေ ..
အဲလေ .. ယောင်လို့ ..
ချစ်တဲ့လူနဲ့ မလွတ်တမ်း ချစ်နိုင်ပါဇေလို့ …
ကိုကမ်းဂျီးကလည်း တကယ့်လူဂျီးပဲနော့ ..
သုခ မှတ်တိုင်ကနေ သမိုင်းလမ်းဆုံအထိ
ခြေလှမ်းအရေအတွက်ကိုတောင် သိနေဒယ် ..
ဂယ့်လူဂျီး .. ကျုပ်ဖြင့် ချီးကျူးမိသဗျို့ … 😀
marblecommet
August 28, 2012 at 12:06 pm
အဲဂလို
များများ ဆုတောင်းပေးဘာ
မိတ်ဆွေကြီးရယ်….
…..
ခြေလှမ်းအရေအတွက်ကတော့
သမိုင်းလမ်းဆုံမှ မဟုတ်
တော်တော်များများသိနေပါဒလယ်….
အာဟင့် နောက်များ ကြုံတော့မှ
ဖြေပြမယ်
အထုတ်…..
ဟိ.
kai
August 28, 2012 at 12:40 pm
ရွှေတိဂုံစေတီ..တောင်ဖက်မုဒ်..လှေကားက.. ဘယ်နှထစ်ရှိသလဲဟင်င်င်… 🙂
=
စကားမစပ်..
ဇတ်လမ်းဆင်ထားပုံလေးလှတယ်ဗျို့..
ကြိုက်သလိုစဉ်းစားပြီး.. စိတ်ကြိုက်ဆက်ကြပေတော့ပဲ..
ကျုပ်ဖြင့်.. ဒီကလေး.. ခြေထောက်ဖြတ်ထားလိုက်ရကောင်းမလား.. စဉ်းစားနေတာ..အသက်တထောင်နေရမလားပေါ့..
ဒါပေမဲ့..မှားရင်လည်ဖြတ်လို့.. ပြောတဲ့.. ဟောတဲ့ ဗေဒင်ဆရာကြီးက.. အရင်သေမှာလေ..
သူ့အသက်က. ၆ဝကျော်လောက်ရှိမယ်ဆိုပါစို့..
ဆိုတော့..
ကွိကွိ..
မောင်ပေ
August 28, 2012 at 12:39 pm
ခြေလှမ်းငါးထောင် ပြည့်ရင် မာလကီးမယားရအောင်
ခြေလှမ်းငါးထောင်မပြည့်ခင် မာလကာသီး ငါးထောင်စားပါ
Zu
August 28, 2012 at 1:40 pm
ခြေလှမ်း ၅ ထောင် မပြည့်ရအောင်..
WHEEL CHAIR လေးနဲ့ GO ရင်.. အတော်ပဲ.. 🙂
Mobile
December 16, 2012 at 1:50 pm
ရှေ့ကိုမလှပ်းပဲ နောက်ဆုတ်လှမ်းပြီး နောက်ကိုပြန်သွားရင် အသက်ရှည်မလားသိဝူးးးးးးးးးးးးးးးးးးးးးးးး
Mon Kit
August 28, 2012 at 2:02 pm
ဖခင် ဦးကောင်းကြီးက ပိုုက်ပိုက်ချမ်းသာလို့ သားလေးကို ရွှေပုခက်တောင်ဆင်ထားပေးတာဘဲ…
လမ်းလျှောက်တတ်ရင် ကားသာ တခါတည်း ဝယ်ပေးထားလိုက်…
ဒရိုင်ဘာနဲ့ သွားလာပေါ့နော….
ခြေထောက်နဲ့ မြေကြီး မထိနဲ့ပေါ့နော်… ခိခိ…
တွေးပူပေးလိုက်တာပါ…
kotun winlatt
August 28, 2012 at 2:33 pm
အော်..ကွယ်…ဒါလေးးများးးးဗမာဆေးစားးးးဘာမီတွန်သောက်..ပျောက်….
လမ်းမလျှောက်ခိုင်းနဲ့ပေါ့…ဖေဖေကောင်းဂျီးက ပိုးးးထားးးပေါ့…
ဖေဖေညောင်းးးရင် မေမေက တစ်လှည့်ပြန်ပီးပိုးးး
ဒီလိုနဲ့ ခေတ်တွေ စနစ်တွေပြောင်းလာ 2015လည်းလွန်ရော..လူတွေ လမ်းလျှောက်စရာ မလိုတော့ဘူးဆိုပဲဗျ…..။
Khaing Khaing
August 28, 2012 at 2:34 pm
တိုးလိုးတန်းလန်းကြီး ……… ဗေဒင်ဆရာကအမြင်ကပ်လို့ပြောသွားတာလား ….. တကယ်သေမှာလား … ကိုကြီးအံနော် …… အတွေးများအောင်မလုပ်နဲ့ ………
ကထူးဆန်း
August 28, 2012 at 2:51 pm
မမှန်လို့ လည်ဖြတ်လိုက်လို့ ဦးကောင်းတစ်ယောက် ရဲ မဟာ အံထံ ဖြောင့်ချက်ပေးရတာလေ.. ကွိကွိ..
ကထူးဆန်း
August 28, 2012 at 2:57 pm
သို့ မမှန်အောင် ကြိုတင်လည်ဖြတ်လိုက်တာလား .. 😀
အတိသဉ္ဖာ နာဂရချစ်သူ
August 28, 2012 at 4:39 pm
ရွာသား ရွှေအိမ်စည်လားလို ့ပါ။
မဟာရာဇာ အံစာတုံး
August 28, 2012 at 5:29 pm
ဟုတ်ကဲ့ဘာ ခညာဒို့ ..
ယခုကဲ့သို့ လာရောက် ဖတ်ရှုသွားခြင်းအား
ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေဗျာ ..
ပြီးတော့ အထက်က အကြောင်းအရာတွေနဲ့ ပတ်သက်လို့တော့
လွတ်လပ်စွာ တွေးယူ ထင်မြင်နိုင်ကြပါကြောင်း … 😀
ချစ်တဲ့ …
အံစာတုံး
ဘဲဥ
August 28, 2012 at 5:59 pm
အဟမ်း …. ဟမ်း…. ဟမ်း…..
ဘာမှဟုတ်ပါဘူး လည်ချောင်းယားလာလို့ဘာ
အရီးခင်လတ်
August 29, 2012 at 2:13 am
{{{ “ဒီကလေး ခြေလှမ်းငါးထောင် ပြည့်တဲ့နေ့ဟာ သေတဲ့နေ့ပဲ ဖြစ်လိမ့်မယ်” }}}
ဘယ်သူသေမှာ ကို ပြောတာလဲ ဟင်။ 🙄 😉
နေဠု ဝင်း
August 29, 2012 at 9:29 am
ခြေလှမ်းငါးထောင်ဆိုရင် လမ်းလျှောက်တတ်ရင် သေပြီပေါ့။
ကြောင်ကြီး
August 29, 2012 at 9:56 am
ခြေလှမ်းငါးထောင် အတိအကျ ပြည့်တဲ့နေရယ်လို့ ရှိဖို့အတော်ခဲယဉ်းမှာ မို့ပါကွယ်…။ ငယ်သေးစဉ်မှာ ခြေလှမ်းငါးထောင် မလှမ်းနိုင်၊ ကြီးသွားတော့ အလှမ်းရေ ပိုလျောက်သွားပြီ။ အိုမင်းမစွမ်းဖြစ်မှ လှုပ်လှီလှုပ်လဲ့နဲ့မို့ ငါးထောင်ဖြစ်ဖို့ များပါတယ်…။
ရွှေ ကြည်
August 29, 2012 at 10:11 am
အင် ဘယ်တတ်နိုင်ပါ့မလဲ ကံတရားအတိုင်းပေါ့။
ဗေဒင်သွားမေးမိတာကိုကစိတ်ဒုက္ခရှာသလိုဖြစ်နေပြီ 😀
မဟာရာဇာ အံစာတုံး
August 29, 2012 at 5:16 pm
ဟုတ်ကဲ့ …
ယခု ကဲ့သို့ ကျနော့်ရဲ့ ခြေလှမ်းငါးထောင် ဆိုတဲ့ ပို့စ်မှာ
တခုတ်တရ လာရောက်ကာ ထင်မြင်ချက်များ ပေးသွားကြပါကုန်သော
“မစ်ချတာ မောင်ကမ်း၊ သဂျိန်း၊ ရောင်းရင်းကြီး ကပေ၊ Zu ၊ Mon Kit ၊ ကိုထွန်းဝင်းလတ်၊ မာမီခိုင်၊ ဦးဦးကထူးဆန်း၊ ကိုနာဂ၊ ဘဲဥမ၊ အရီးလတ်၊ နေဠုဝင်း၊ ကြောင်ကြီး၊ အမကြီး မရွှေကြည်” တို့အား
ကျနော်မှ ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောပါရစေခင်ဗျာ …
ချစ်တဲ့ …
အံစာတုံး
nature
August 29, 2012 at 8:12 pm
တော်လိုက်တဲ့ဗေဒင်ဆရာ။ သေမယ်ဆိုတာဟောတာကတော့ဖြစ်နိုင်ပါတယ်။ ခြေလှမ်း ၅၀၀ဝ ဆိုတာကတော့ ဘယ်နည်းနဲ့များတွက်လိုက်ပါလိမ့်။ ခြေလှမ်း၅၀၀ဝ ပြည့်တာနဲ့သေမယ်ဆိုတဲ့ အဖိုးတန်တွက်နည်းလေး ရရင်တော့ လိုချင်သား။ 🙂
ရဲစည်
August 30, 2012 at 2:30 am
ဟိုက်
၄၉၉၉ လှမ်း …..
ဘိုအံရေ
ဆရာကြီးကိုလဲ လည်မဖြတ်ချင်ဘူး
လူသတ်မှုက သေဒဏ်တောင် စီရင်ခံ နိူင်သေးပ
ကျုပ်လဲ မသေချင်သေးဘူး (ဖြစ်နိူင်ရင်) 🙁
ရှူး …. တိုးတိုး
ကျုပ် တရားထိုင်နေတယ်
သေခြင်း ၂မျိုး မြင်တယ်
အလှမ်း ၅၀၀ဝ မှာ ရိုးရိုးသေခြင်းနဲ့
အလှမ်း ၅၀၀၁ မှာ ရှယ်သေခြင်းနဲ့
အင်း ….
ရက်ပေါင်း ၅၀၀ဝ ရောက် ၅၀၀၁ လှမ်းမြောက် …