ပို့စ်ကောင်း တစ်ပုဒ် ရေးသားခြင်း
မန္တလေးဂေဇက်မှာ ကျွန်တော်တို့ ပို့စ်လေး တွေ တင်တဲ့အခါ လူစိတ်ဝင်စားနည်းလို့ ကွန့်မန့်လေးတွေမရတာ..၊
ကိုယ့်ပို့စ် လူအဖတ်နည်းတာဆိုလို့ရှိရင် အတော်လေး စိတ်ပျက်မိကြပါလိမ့်မယ်။ ကျွန်တော့်ပို့စ်တွေမှာ ဆို
ကွန်မန့်အများဆုံး ရဖူးတဲ့ ပို့စ်တောင် ကွန်မန့် ၂ဝ မကျော်ပါ။ တော်တော်များများတော့ ဖတ်ကောင်းဖတ်ကြ
ပါလိမ့်မည်။သို့သော် ကွန်မန့် မပေးသွားခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုသို့ စာဖတ်သူထဲတွင်လည်း ကျွန်တော်
လည်း ပါသည်။မပေးရခြင်းမှာလည်း ထွေထွေရာရာ မပြောတတ်ခြင်းနှင့် ကိုယ့်ကွန်မန့်ကြောင့် ပို့စ်ရှင် စိတ်
အနှောင့်အယှက် ဖြစ်မှာ စိုးတာလည်းပါသည်။ သို့သော်လည်း ကိုယ်တိုင်ပို့စ်ရေးသူတစ်ယောက်အနေနှင့်
ကိုယ့် ပို့စ် တစ်ပုဒ်တွင် ကွန်မန့်ကောင်းလေး တစ်ခုတစ်လေ ပေးသွားခဲ့လျှင် အင်မတန် ပီတိဖြစ်ရပါသည်။
ကျေးဇူးတင်မိသည်။ သာမည ပြောနေကျ ကျေးဇူးပဲ ဆိုသည့် စကားထက် များစွာ လေးနက်ပါလိမ့်မည်။
တစ်ရက်တွင် သူငယ်ချင်း တစ်ယောက်ဝယ်လာသည့် စာအုပ်လေး တစ်အုပ်ကို ဖတ်မိရာ ဂေဇက်
ရွာသူားများကို အနည်းငယ်ကောက်နှုတ် မျှဝေချင်သည့် အချက်လေးများ တွေ့ရသည့်အတွက် ဤပို့စ်လေးကို
ရေးလိုက်ရပါသည်။ Shirley Taylor ၏ Modal Business Letter, Emails and Other Business Documents
ဆိုသည့် စာအုပ်မှ ပို့စ်ကောင်းတစ်ပုဒ် ရေးသားခြင်း ဆိုသည့် အကြောင်းပင်ဖြစ်ပါသည်။
၁။စူးစမ်းလေ့လာပါ
စာဖတ်သူတွေ ဘာသိချင်သလဲဆိုတာ စူးစမ်းပါ။ ပြီးလျှင် ကိုယ်ရေးမည့် အကြောင်းအရာနှင့် ပတ်သက်သော
အချက်အလက်များကို သေချာလေ့လာပါ။ ထိုအကြောင်းအရာနှင့်ပက်သက်သော နောက်ဆုံးရရှိသော အချက်
အလက်များကို မိမိကိုယ်ပိုင် အမြင်လေးပါ ရောစွက်၍ တင်ပြပါ။ ကိုယ်ပိုင်အတွေး အမြင်လေးပါ ပါသည့်အ
တွက် စာဖတ်သူများက သင့်ကို အလေးထား အသိအမှတ်ပြုပါလိမ့်မည်။(ကျွန်တော်တို့ ရွာထဲတွင် အသေ
အချာ စူးစမ်းလေ့လာပြီးမှ ရေးသောသူများစွာ ရှိပါသည်။)
၂။ဖမ်းစားနိုင်သော ခေါင်းစဉ်ပေးပါ
ဤအချက်သည်လည်း သင့်ပို့စ် လူသိများစေဖို့ အတွက် အရေးပါသော အချက်တစ်ခုပင်ဖြစ်ပေသည်။ ယနေ့
ခေတ် အင်တာနက်ပေါ်တွင် စာဖတ်သူများအတွက် ဖတ်စရာ ကြည့်စရာပေါင်း သောင်းခြောက်ထောင် ရှိသည့်
အနက် သင့်ပို့စ် ကို အာရုံစိုက်မိစေဖို့ စာဖတ်သူကို ဖမ်းစားနိုင်သော ခေါင်းစဉ်တစ်ခုတော့ မဖြစ်မနေ ပေးရပါ
လိမ့်မည်။ အနိမ့်ဆုံး သူတို့အနေနှင့် ကလစ်တစ်ချက် ဂွပ်ခနဲ နှိပ်မိနိုင်လောက်အောင် ဖမ်းစားနိုင်လျှင်ပင် လုံ
လောက်ပါပြီ။ (ဥပမာ- ကျွန်တော်တို့ ရွာထဲတွင် မောင်မောင်ဂီ သည် ဤသို့ ခေါင်းစဉ်းများပေးတတ်ပေသည်။
ပါကင်ဖွင့်ခြင်း တို့…ဝတ်လစ်စလစ် မိန်းမပျိုလေးတစ်ဦး ရက်စက်စွာ အသတ်ခံရခြင်းတို့..။ ဘာရယ်မဟုတ်ဘူး၊
သူ ညစ်တီးညစ်ပတ် မတင်ဘူးဆိုတာ သိရက်နှင့်ပင် ခေါင်းစဉ်ကြည့်ပြီး လက်ကနှိပ်နေပြီ..ခေါင်းစဉ်က
စိတ်ဝင်စားစရာကိုးဗျ..)
၃။ နိဒါန်း ကောင်းလေးနှင့်စတင်ပါ
စာဖတ်သူက မိမိ၏ ဖမ်းစားနိုင်သော ခေါင်းစီးကို စိတ်ဝင်စား၍ ကလစ်နှိပ်ပြီးနောက် နိဒါန်းလေး တစ်ကြောင်း
နှစ်ကြောင်းလောက်နှင့် ဆက်လက်၍ ဖတ်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်ထားနိုင်ရပါမည်။ သို့မဟုတ်ပါက
မိမိ၏ နိဒါန်းပျိုးမကောင်းပုံနှင့်ပင် စာဖတ်သူက တစ်ခါတည်း စိတ်ပျက်၍ ထွက်သွားပါလိမ့်မည်။ထို့ကြောင့်
နိဒါန်းကို မိမိပို့စ် ဆိုလိုရင်းအနှစ်သာရပါအောင် ရေးသားပါ။
(ခေါင်းစဉ် စိတ်ဝင်စားလို့ ဖတ်မိပါတယ်..ဟယ်…အစရှိသေး စောက်တလွဲဟ ..ဆိုတာတွေ အများကြီး
တွေ့ဖူးပါလိမ့်မည်။)
၄။လမ်းမလွဲသွားပါစေနှင့်
အွန်လိုင်းတွင် စာဖတ်သူအများစုမှာ စာဖတ်ချိန် နဲနဲပဲ ရသူများဖြစ်နိုင်ပါသည်။စာဖတ်ချိန်နည်းနည်း..ဖတ်စရာ
များများ ဆိုသည့်အနေအထားတွင် မိမိပို့စ် ခေါင်းစဉ်နှင့် မဆိုင်သော အကြောင်းများကို ခုနစ်စဉ် အမျှင်တန်း
ရေးနေလျှင် စာဖတ်သူက သည်းခံလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် သင်တင်ပြသော အချက်အလက်များ ခေါင်း
စဉ်မှ သွေဖည်မသွားအောင် ဂရုစိုက်ပါ။ ဖတ်ချင့်စဖွယ် ရေးသားခြင်းနှင့် တောင်တောင်အီအီ ဦးတည်ချက်မရှိ
ရေးသားခြင်းသည် များစွာ ကွာခြားလှပါသည်။
၅။ ဆိုရှယ် ဆန်ပါ
ပညာရပ်ဆန်ဆန်..ကျမ်းဆန်ဆန် မရေးပါနှင့်။ ပေါ့ပေါ့ပါးပါး တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်
စကားပြောသလို ရေးပါ။ မိမိ ပင်ကိုယ်စရိုက် လက္ခဏာလေးများလည်း ပါဝင်နိုင်အောင် ကြိုးစားပါ။
(တစ်ယောက်နှင့်တစ်ယောက် အထာမသိပဲ စွတ်စက် ရေးခြင်းမျိုးတော့ မလုပ်ပါနှင့်။ ခင်မင်စရာကောင်း
သော ပွင့်လင်းသည့် မိမိပင်ကိုယ် သဘောကို ဆောင်မှ စာဖတ်သူများနှင့် ရင်းနှီးလာပါလိမ့်မည်။)
၆။ လေသံ မှန်ပါစေ
(စာရေးနေတာ..ဘယ့်နှယ် လေသံမှန်ရမလဲ မမေးပါနှင့်..ကိုယ်ရေးလိုက်သည့် စာတွင် အသံ
ပါကြောင်း ကနေ့ အွန်လိုင်းစာရေးသူများ သိကြပါသည်။)အသံ ဆိုတာ ကိုယ်သုံးလိုက်တဲ့ စကားလုံး
..ဝေါဟာရ..အဖြတ်အတောက် တွေက ဖြစ်ပေါ်တာ။ ဆိုတော့ ကိုယ်နဲ့ စာဖတ်သူနဲ့ ဘယ်လောက်ရင်းနှီး
သလဲ ဆိုတာလေး တစ်ဆိတ် ဂရုပြုပါ။ ကိုယ့်ကို အသိအမှတ်ပြု ..သတိထားမိ လောက်မည့် အနေအထားကို
ဆုံးဖြတ်ပြီး သင့်တော် သည့် လေသံကို သုံးပါ။ ကိုယ့်အရေးအသားက ကိုယ့်စရိုက်ကို ပေါ်လွင်စေမှာ
ဖြစ်တယ်။ ဒါကြောင့် ကောင်းမွန်တဲ့ပင်ကိုယ်စရိုက်လေးများပေါ်အောင်..မိမိ ဘယ်လိုလူလဲ
ဆိုတာ ပေါ်လွင်အောင် -ရေးသားတဲ့ လေသံကို ဂရုပြုရမှာ ဖြစ်တယ်။
၇။ အမွှမ်းတင်လွန်းခြင်း ကိုရှောင်ပါ
မိမိကိုယ်ကို အမွှမ်းတင်လွန်းခြင်း..ကိုယ်ရည်သွေးလွန်းခြင်း…ရေးသည့် အကြောင်းအရာ ကြော်ငြာဆန်
လွန်းခြင်းကို ရှောင်ပါ။ ကိုယ့်ရှူးကိုယ်ပတ် တတ်ပါသည်။ဦးဆုံး အဓိက အနေဖြင့်..မိမိရေးသည့် အကြောင်း
အရာသည် ဖုံးကွယ်ထားသော အကြောင်းအချက် မရှိပဲ လေ့လာမှတ်သားစရာ..အသုံးတည့်စရာ ဖြစ်ပါစေ။
၈။ဓာတ်ပုံလေးများ သုံးပါ
ပုံလေး ဘာလေးများ ရှိရင် သုံးပါ။ ကိုယ့်ပို့စ် မှာ ဝေဝေဆာဆာလေး ဖြစ်သွားတာပေါ့။ မဆိုင်တဲ့ ပုံတော့
မတင်နဲ့ပေါ့။ စာတွေချည်း ဖတ်နေရလျှင် စာဖတ်သူ ပျင်းသွားနိုင်ပါသည်။ စာလုံးချည်း ကြည့်ရတာကြိုက်
တယ် ဆိုသည့်လူမျိုးတော့ ရှားပါလိမ့်မည်။ (ပြောသာပြောရ..ကျွန်တော်တော့ ပုံလေးငါးပုံတောင် ဒီမယ်
ပြည့်အောင် မတင်ဖူးဘူးဗျာ)
၉။ ညီညွှတ်ကိုက်ညီမှု ရှိပါစေ
မိမိရေးတဲ့ အကြောင်းအရာ ဆီလျော် ညီညွှတ်မှုရှိဖို့လိုပါသည်။ထို့အတူ ကိုယ်ရေးတာ စာဖတ်သူ အဆင်ပြေ
ပြေ ဖတ်ရှုနိုင်ဖို့လည်း လိုပါသည်။ အမြင်အားဖြင့်လည်း သပ်ရပ် ညီညွတ်ရပါမည်။ စာကြောင်းတွေ စိပ်လွန်း
ကျဲလွန်းတာ..ကပေါက်တိ ကပေါက်ချာ ဖြစ်နေတာမျိုး ရှောင်ပါ။( သို့မဟုတ်က အပေါ်ကအချက်တွေ ပြည့်
စုံတောင် စာဖတ်ရတာ ကိုယ့်ရို့ကားယားနဲ့ ကွာ ဆိုပြီး ဆက်ဖတ်ချင်မှ ဖတ်ပါတော့မယ်)
၁၀။ပဋိညာဉ် ပေးပြီး လုပ်ပါ
ပို့စ်ရေးတာ ကိုယ့်ကိုယ်ကိုရော စာဖတ်သူကိုရော ကတိကဝတ်ကလေး ပြုရေးတာ ကောင်းသည်။ (ဒီအချက်မှာ
ကျွန်တော် ကောင်းကောင်းကြီး ပျက်ကွက်မိကြောင်း ဝန်ခံရသည်။ စာရေးပျင်းလျက် ဝတ္တုကို အခန်းဆက် ဘာ
သာပြန်ရာ..တင်လိုက် မတင်လိုက်ဆိုတော့ စာဖတ်သူများ ကျွန်တော့်ကို စိတ်ပျက်ကြပေလိမ့်မည်။) မှန်မှန်ရေး
တာ ကြာလာသည်နှင့် အမျှ အတွေ့အကြုံကောင်းကောင်းရလာပါလိမ့်မည်။ ဆောင်ရန် ရှောင်ရန် သိလာသည်
နှင့်အမျှ ၊ရေးသက် ကြာလာသည်နှင့်အမျှ ပို့စ်ကောင်းကောင်းလေးများ လူဖတ်များအောင် ရေးနိုင်လာပါလိမ့်
မည်။ အတွေ့အကြုံက မိမိအတွက် ပိုကောင်းသည့် ဖော်မြူလာ ကို ပေးလာပါလိမ့်မည်။
( စာလုံးပေါင်း သတ်ပုံလေးတော့ ဂရုပြုစေချင်တယ်…ပို့စ်မတင်ခင် ပရုဖ်လေး ဖတ်ပေါ့ခင်ဗျ…
သို့သော် ကျွန်တော်တို့ရွာထဲမှာတော့ သတ်ပုံအဖွဲ့က စိစစ်ပေးပါလိမ့်မယ် ခင်ဗျား..)
43 comments
သုရှင်
August 28, 2012 at 12:53 pm
ဦးဘ လှိုုင်တို့ကတော့ လုပ်လိုက်ပြန်ပြီဗျာ
မနေ့က မှ ကျွန်တော်က ပို့စ် ခေါင်းစဉ်ရေးနည်း ဘာညာဆိုပြီး
ဝင် လုပ်ထားတာ။ ဟဲဟဲ
မောင်ပေ
August 28, 2012 at 1:22 pm
ကျုပ်ကတော့ မကြေနပ်ဘူး ဗျို ့
စလမ်ဒေါ့က ပြီးပြီလားဆိုတာလဲ မသိရဘူး
ကိုဘလှိုင် တန်းလန်းကြီး (မှတ်ချက် တန်းလန်းကြီး ကို ပြောင်းပြန်ထွက် မဖတ်ရ )
Zu
August 28, 2012 at 1:32 pm
မန္တလေးဂေဇက်မှာ ကျွန်တော်တို့ ပို့စ်လေး တွေ တင်တဲ့အခါ လူစိတ်ဝင်စားနည်းလို့ ကွန့်မန့်လေးတွေမရတာ..၊
ကိုယ့်ပို့စ် လူအဖတ်နည်းတာဆိုလို့ရှိရင် အတော်လေး စိတ်ပျက်မိကြပါလိမ့်မယ်။ ကျွန်တော့်ပို့စ်တွေမှာ ဆို
ကွန်မန့်အများဆုံး ရဖူးတဲ့ ပို့စ်တောင် ကွန်မန့် ၂ဝ မကျော်ပါ။ တော်တော်များများတော့ ဖတ်ကောင်းဖတ်ကြ
ပါလိမ့်မည်။သို့သော် ကွန်မန့် မပေးသွားခြင်းလည်း ဖြစ်နိုင်ပါသည်။
>>>>>>>>>>
ဒီရွာမှာက အဆင့်တန်းခွဲခြားမှုလေးတွေလည်းရှိနေတယ် ထင်တယ်
ရွာသူရွာသား အဟောင်းနဲ့ အသစ်ဆိုပြီး……
အသစ်တွေဆို သိပ်ပြီး မကြိုဆိုချင်ကြသလို……နေရာလည်း မပေးချင်ကြသလိုပဲ……
စိတ်ထဲ ထင်မိတာလေးတွေပါ…………..
nozomi
August 28, 2012 at 1:46 pm
Zu ရေ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့တဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ်
၉ တန်းလို့ထင်တယ်၊အဲဒီမှာရေးထားတာ-
The child is the father of the man တဲ့
ကျွန်တော်တို့လဲ ပို့စ် တစ်ခု ကွန်မန့်တစ်ခုကနေ
ကိုယ့်ကိုယ်ကို အသစ်လေး ထင်နေရင်းက ဟောင်းသွားရတာပါပဲ
ရွာထဲမှာ ခွဲခြားတဲ့စိတ်မရှိကြပါဘူး
ကိုဘလှိုင်ဇာတ်လမ်းတွဲ အားပေးတဲ့ အထဲ ကျွန်တော်လဲ ပါပါတယ်
အဲ ကွန်မန့်တော့ တစ်ခါ နှစ်ခါလားပဲ ပေးဖြစ်တယ်
တစ်ခါတစ်လေကျ ဘာပြောရမှန်းမသိ၊
တစ်ခါတစ်လေကျ ပြောဘို့မေ့သွားလောက်အောင် ပို့စ်လေးကဆွဲဆောင်
တစ်ခါတစ်လေကျ တိတ်တိတ်လေးပဲ အားပေးရင်း ခြေသံမကြားအောင် ထွက်သွားမိတဲ့ အခါမျိုးရှိလို့ပါ
Zu
August 28, 2012 at 1:58 pm
လွန်ခဲ့တဲ့ ၆ လလောက်ကတော့(ခန့်မှန်းခြေ)
ဒီရွာမှာ ရန်ပွဲတွေ
ထေ့ငေါ့မှုတွေ
စောင်းမြောင်းမှုတွေနဲ့
အသစ်၊ အဟောင်းဆိုတဲ့ စာသားတွေ ခဏခဏ တွေ့ခဲ့ရတယ် ထင်တာပဲ… 🙂
အခုတော့ …. မသိဘူးလေ..
ကိုရင်စည်သူ
August 28, 2012 at 1:48 pm
ရွာမှာ အဟောင်းနဲ့ အသစ်ခွဲခြားတာတော့ နည်းမယ်ထင်ပါတယ်ခင်ည.. မဇုလေး
တားတားကတော့ ရွာသားအသစ်ထက် ရွာသူအသစ်လေးဆို ပိုပီး
Warmly welcome ဖြစ်ပါတယ်… ဓါတ်သဘောအရလည်း
အပေါင်းဟာ အနုတ်ကို ပိုပီး ဆွဲဆောင်သလို… ယင်ကလည်း ယန်ကို
ထပ်တူကျ ပေါင်းစပ်ပါဒယ်… ကိုရင်လည်း ဓါတ်သမားဆိုတော့
အမှန်အတိုင်း ဝန်ခံရရင် ရွာသားအသစ်ထက် ရွာသူအသစ်လေးတွေကို
ပိုပီး ကြိုဆိုမိပါတယ်… 😳 😳 😳
ဒါနဲ့ စကားအတင်းစပ်..
ဇုလေးကကော ရွာသူအသစ်လေးလား။ တပတ်လည် ရွာသူလေးလေလား.. 😕 😕
ကြောင်ဝတုတ်
August 28, 2012 at 5:58 pm
ဇူးရေ…
အသစ်အဟောင်းခွဲခြားတယ်လို့မြင်တဲ့အတွက် စိတ်မကောင်းပါဘူး…
ဒါပေမယ့် ပြောစရာဖြစ်သွားသမို့ ကျွန်တော်ပြောရပါဦးမယ်ဗျာ…
ဒီလိုပါ… ရွာသူားအသစ်ဖြစ်ကြတဲ့လူတစ်ယောက်ဟာ ရွာအပေါ်မှာဘယ်လောက်အထိစေတနာတွေချပေးပြီးပြီလဲ… ဆိုတဲ့အပေါ်မှာမူတည်ပြီး အသိအမှတ်ပြုမှုကိုရပါတယ်… မိတ်ဆက်ရုံ၊ ပိုစ့်တစ်ခုလောက်အဖြစ်ရေးရုံနဲ့ ကြိုဆိုခံချင်တာ၊ နေရာရချင်တာမျိုးဖြစ်လို့မရပါဘူး…
ဒီရွာဟာ ဒီမိုရွာဖြစ်လို့… မိမိကိုယ်ကိုတိုးတက်အောင်ကြိုးစားခြင်းနဲ့ ရွာအပေါ်မှာပေးဆပ်ခြင်းကသာ ရွာသူားများရဲ့ ဂရုစိုက်ခြင်းကို ခံစားရမှာပါ…
နောက်တစ်ခုက ကော်မန့်ဆိုတဲ့ကိစ္စ… ကော်မန့်ဟာ ပိုစ့်ရဲ့အသက်ဖြစ်သလို… အသက်မရှိတဲ့ပိုစ့်တစ်ခုကို လက်ခုပ်တီးရုံ ကော်မန့်တစ်ခုဟာလဲတန်ဖိုးမရှိပါဘူး… အဲဒီတော့ လက်ခုပ်တီးရုံမဟုတ်ဘဲ…
လူအများအမြင်မှာ ဝိုင်းဝန်းဆွေးနွေးနိုင်မယ့်ပိုစ့်တွေကသာ ကော်မန့်တွေကိုသဲ့ယူနိုင်မယ်ဆိုတာလဲ မမေ့ပါနဲ့…
တစ်ချို့ကော်မန့်တွေကို လူခင်လို့ပေးတာမဟုတ်သလို… လူခင်တိုင်းလဲမပေးတဲ့ကော်မန့်တွေရှိပါတယ်…
လက်ခုပ်ဝင်တီးသွားရုံကော်မန့်မျိုးမပေးချင်လို့ လက်တစ်ချောင်းမသိမသာဝင်ထောင်သွားတဲ့ မန်ဘာတွေအများကြီးပါ… အဲဒီအတွက်… စိတ်ထဲမှာမထားပါနဲ့… မိမိကိုယ်တိုင်သာ ရွာအတွက်ဘယ်လောက်တန်ဖိုးရှိမယ့်ကော်မန့်ရေးမယ်ဆိုတာမျိုးပဲ စဉ်းစားစေချင်ပါတယ်…
အဲဒီအချိန်မှာ တန်ဖိုးရှိတဲ့ကော်မန့်တွေမြင်ရရင် ခံစားရတဲ့ခံစားမှုကို နားလည်လာမှာပါ…
ခင်မင်လျက်-
ကြောင်ဝတုတ်
မောင်ပေ
August 28, 2012 at 1:59 pm
Zu says: အသစ်တွေဆို သိပ်ပြီး မကြိုဆိုချင်ကြသလို……နေရာလည်း မပေးချင်ကြသလိုပဲ……
စိတ်ထဲ ထင်မိတာလေးတွေပါ…………..
လုံးဝ ၁၀၀% မှားပါတယ်
မန်းတလေးဂေဇက်မှာ ကိုဆာမိ ရဲ ့ပို ့စ်တွေကို ပြန်ရှာဖတ်ကြည့်လိုက်ပါ
အသစ်ဆိုတာ တစ်ခါတုန်းက အဟောင်းပါပဲ ဆိုတဲ့ ပို ့စ်ရှိပါတယ်
အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ်
ဒီရွာထဲက လူတွေနဲ ့ခင်မင်ရင်းနှီးဖို ့လွယ်ပါတယ်
နာမည်တစ်ခု ရဖို ့၊ အားပေးခံရဖို ့ဆိုရင်တော့ ၊ စာများများဖတ်ပြီး ပို ့စ်များများရေးတင်ရင် ဖြစ်လာပါလိမ့်မယ်
ကျွန်တော် မောင်ပေ ဆိုရင်လဲ ကွန်မင့်မရတဲ့ ပို ့စ်ပေါင်းများစွာရှိခဲ့ပါတယ်
ဒီမှာ စာတွေရေးကြရင်းနဲ ့မှ
နောက်ဆုံးတော့ ဘယ်သူက ဘာဆိုတာ သိလာပါလိမ့်မယ်
အပြောပုံစံကြည့်ရတာတော့ Zu ဟာ ဒီရွာနဲ ့တော်တော်ကြီး ရင်းနှီးနေတဲ့အတွက် အသစ်မဟုတ်လောက်ပါဘူး
မောင်ဘလိူင်
August 28, 2012 at 2:20 pm
အဲ..ကိုသုရှင် ပို့စ်ကို ကနေ့မှ ဖတ်မိပါတယ်..။ကိုယ်ပိုင်အတွေးလေးနဲ့ ဆိုတော့ သိပ်
ကောင်းပါတယ်ခင်ဗျာ..။စာဖတ်သူများ ကျွန်တော်ပို့စ် အချက် (၂)ကို ဖတ်တဲ့အခါ
ကိုသုရှင် ပို့စ် နဲ့ တွဲဖတ်စေလိုကြောင်း။
“http://myanmargazette.net/146398/uncategorized-other/copypaste”
ကိုပေရေ..ဆလန်းဒေါ့က မပြီးသေးပါဘူး..ဆက်မရေးရသေးတာပါဗျာ..
အားနာပါတယ်နော…ကြိုးစားပြီး ရေးသွားမှာပါ။
မဇူး ရေ..အထက်က ဦးနို တို့ ကိုစည်သူတို့ ဆိုသလိုပါပဲ..အသစ်အဟောင်း
ခွဲခြားတာ ဒီမယ် မရှိပါဘူးခင်ဗျာ..။ဘယ်ချိန်ထိ အသစ်လဲ…ဘယ်အချိန်ဟောင်း
သွားလည်းတော့ မသိဘူးခင်ဗျ..။ကျွန်တော် ဒီရွာမှာ စာဖတ်တာ အတော်ကြာခဲ့ပါ
ပြီ။ စာစရေးတာတော့ တစ်နှစ်ခွဲလောက် ရှိမလား ပဲ။
ကို ခင်ခ
August 28, 2012 at 2:26 pm
မောင်ဘလှိုင်ရဲ့ ပိုစ့်လေးကို ဖတ်ရှု့အားပေးခဲ့ပါတယ်။
ဒါနဲ့ကျွန်တော်မသိတာလေးတစ်ခုမေးမလို့
“ကျွန်တော်တို့ရွာထဲမှာတော့ သတ်ပုံအဖွဲ့ရှိတယ်´´ ဟုတ်လား။
Moe Z
August 28, 2012 at 4:48 pm
ဟုတ်.. ရှိပါတယ် ဦးဦးခင်ခ
အဖွဲ့မှူးက အန်တီမမ၊ လက်ထောက်အဖွဲ့မှူးက အန်တီပဒုမ္မာ 😀
ကထူးဆန်း
August 29, 2012 at 6:01 am
အဖွဲ့ဝင် မွန်မွန် ကျန်ခဲ့ပြီ
မောင်ဘလိူင်
August 28, 2012 at 3:35 pm
ကိုသုရှင်ပို့စ် ကနေ့မှ ဖတ်မိပါတယ်ခင်ဗျ…ပြည့်စုံပါတယ်..စာဖတ်သူများ ကျွန်တော့်ပို့စ် အချက်(၂)ဖတ်တဲ့အခါ
ကိုသုရှင်ပို့စ် နဲ့တွဲဖတ်စေလိုကြောင်း။“http://myanmargazette.net/146398/uncategorized-other/copypaste” ကိုပေရေ…ဆလန်းဒေါ့က မပြီးသေးပါဘူးဗျာ..အားနာပါတယ်နော..ကြိုးစားပြီး
ရေးပေးပါမယ်..မဇူးရေ..အထက်က ဦးနိုတို့ ကိုစည်သူတို့ ပြောသလိုပါပဲ ခင်ဗျာ…ဘယ်အချိန်ထိ အသစ်လည်း
ဘယ်အချိန်ဟောင်းသွားလည်း ဆိုတာတော့ မပြောတတ်ပါဘူး..ကျွန်တော် ဒီရွာမှာစာဖတ်နေတာ အချိန်တစ်ခု
ကြာခဲ့ပါပြီ…စာစရေးတာတော့..တစ်နှစ်ခွဲလောက် ရှိပြီထင်ပါ့။ ကိုခင်ခရေ..ရွာထဲမှာ သတ်ပုံအဖွဲ့ ရှိပါ့ခင်ဗျာ..
မြတ်ကျော်သူ
August 28, 2012 at 4:33 pm
ဒီပို့စ်ဖတ်ပြီး အိုင်ဒီယာ တစ်ခုရ၏…”‘ဓါတ်ပုံကလေးတွေ တင်ပါ” တဲ့…
ကျေးဇူးပါပဲဗျာ…အဲ့အချက် မေ့နေတယ်….
ပန်းစံပါယ်
August 28, 2012 at 4:47 pm
အသစ် အဟောင်းခွဲခြားတာတွေ ဘာတွေလည်း မသိဘူးကွယ်။ တို့ကတော့ ပို့စ်လည်း ရေးတတ်ဘူး။ ကွန်မန့်လည်း ကောင်းကောင်းပေးတတ်ဘူး။ ဒီမှာတင်တဲ့ပို့စ်တွေနဲ့ ကွန်မန့်တွေကို ဖတ်ရတာနဲ့တင် အားတော့ဘူး။ ကောင်းတဲ့ကွန်မန့်နဲ့တွေ့လို့ကတော့ ပိုဆိုးပေါ့။ ပို့စ်တွေရေးမှ လူတွေသိမှာဆိုရင်တော့ တတ်နိုင်ဘူးပေါ့။
ပန်းစံပါယ်
August 28, 2012 at 4:49 pm
အသစ် အဟောင်းခွဲခြားတာတွေ ဘာတွေ မသိဘူးကွယ်။ တို့ကတော့ ပို့စ်လည်း ရေးတတ်ဘူး။ ကွန်မန့်လည်း ကောင်းကောင်း ပေးတတ်ဘူး။ ဒီမှာတင်တဲ့ပို့စ်တွေနဲ့ ကွန်မန့်တွေကို ဖတ်ရတာနဲ့တင် အားတော့ဘူး။ ကောင်းတဲ့ကွန်မန့်နဲ့တွေ့လို့ကတော့ ပိုဆိုးပေါ့။ ပို့စ်တွေရေးမှ လူတွေသိမှာဆိုရင်တော့ တတ်နိုင်ဘူးပေါ့။
မဟာရာဇာ အံစာတုံး
August 28, 2012 at 5:27 pm
ဟိုလေ .. ဟို ..
ဘယ်လို ပြောရင် ကောင်းမလဲနော် .. 🙄
ဖတ်သွားပါတယ် .. မှတ်သွားပါတယ်လို့ … အဟီးးး
ဒါက လာဖတ်မှန်းသိအောင် မန့်လိုက်ဒါဘာ ..
ပြီးတော့ ဂေဇက်မှာ အသစ်အဟောင်း ခွဲခြားဆက်ဆံခြင်း မရှိပါကြောင်း
ကျနော်က ထပ်မံ ထောက်ခံပါတယ်ဗျို့ …
မွန်မွန်
August 28, 2012 at 5:53 pm
ဒီပို့စ်လေးကို bookmark လုပ်လိုက်ပါတယ်လို့ အရင်ပြောချင်ပါတယ်ရှင်။ စိတ်ထဲရှိတာတွေသာ ပို့စ်အဖြစ်ရေးလိုက်တာ ဒီလိုစေ့စေ့စပ်စပ်ရေးဖို့ဆိုတာကတော့ မလုပ်ဖြစ်ခဲ့တာ အမှန်ပါ။ နောင်ပို့စ်တွေအတွက် ပိုဂရုစိုက်ဖြစ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အသစ်တွေကို နေရာမပေးဘူးဆိုတာ လုံးဝကန့်ကွက်ပါတယ်ရှင်။ ကျွန်မ အမြင်ပြောရရင် ကွန်မန့်စိတ်စိတ်လေးတွေ၊ ပို့စ်ကောင်းကောင်းလေးတွေနဲ့ တက်လာတဲ့ အသစ်တွေဆို သတိထားမိပြီး အားပေးတတ်ကြပါတယ်။ ကျွန်မ ဝင်ကာစမှာလည်း ဒီလိုပါပဲ။ အားလုံးကပေးတဲ့ ကွန်မန့်တွေကြောင့်ပဲ ပို့စ်တွေ ရေးဖြစ်လာခဲ့တာပါ။
အရင်က အသစ်ထဲမှာဆိုရင် မိုက်လေး၊ စနိုး.. မှတ်မိသလောက်ပေါ့နော်။ ဒီနောက်ပိုင်းဆို စာရေးကောင်းတဲ့ ကိုစူးရှ..။ ကျွန်မ သတိထားမိတာပါ။ (ဒီရက်ပိုင်းရွာထဲ အဝင်နည်းလို့ တစ်ချို့တွေကို မသိသေးတာတော့ တောင်းပန်ပါတယ်။) တကယ်စိတ်ရင်းနဲ့သာ စာရေးတဲ့သူဖြစ်ပါစေ၊ လူကြီးတွေက လက်တွဲခေါ်ကြပါတယ်။
တစ်ချို့ကျတော့လည်း စာရေးနည်းတယ်။ ဒါပေမယ့် တစ်ပုဒ်ဆို ဆိုသလောက်နဲ့ လူသိသွားကြတာလည်း ရှိပါတယ်။
ဒီတော့ အသစ်ရယ် အဟောင်းရယ် မဟုတ်ဘဲနဲ့ စာပေအပေါ် မြတ်နိုးတဲ့စိတ်သာ အဓိက ကျတယ်လို့ ထင်ပါတယ်။
မွန်မွန်
August 28, 2012 at 6:05 pm
အဟဲ..ကွန်မန့် စိပ်စိပ် လို့ ပြင်ဖတ်ပေးပါရန်…
မောင်သုည
August 28, 2012 at 5:57 pm
ကိုဘလှိုင်ရေ…လက်မထောင်၍ အားပေးသွားပါကြောင်း…တစ်နည်းအားဖြင့် မန်းဂေဇက်၏စာဖတ်သူစာရေးသူတွေအတွက် အရေးသွေးတိုးတက်ကောင်းမွန်လာအောင် ဒီပိုစ့်လေးက အကျိုးပြုပါကြောင်းတွေးမိပါ၏။။။။
အစဉ်အမြဲ အားပေးလျှက်ပါ…
လေးစားခင်မင်တတ်သော…
မောင်သုည…
R Ga
August 28, 2012 at 6:11 pm
ဆရာရဲ့ ပို့စ်ကအရမ်းတန်ဖိုးရှိပါတယ်။ ကျွန်တော်မျိုးကြီး တက်ယောင်ကမ်းလည်း ထပ်ဖြည့်စွက်ချင်ပါတယ်။
ဂေဇက်က သတင်းဦးစားပေဆိုပြီး သဂျီးက လုပ်ပေမဲ့ သတင်းထက်စာရင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရေးထားတဲ့ ပိုစ့်တွေကပိုများပါတယ်။
ဒီတော့ သတင်းအတွက်နည်းနည်းလေး ပြောပါရစေ။
လမ်းမှာမြင်မြင်သမျှကိုလေ့လာပါ။
ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ သတင်းတွေက ပေါများလှပါတယ်။ လူစုလူဝေးဖြစ်နေတာတွေ။ အမှိုက်ပုံတွေ။ ဓာတ်တိုင်တွေ ။ဆိုဒ်ဘုတ်တွေကလည်း သတင်း ရင်းမြစ်တွေဖြစ်နိုင်ပါတယ်။လက်ထဲမှာ ဓာတ်ပုံရိုက်လို့ရတဲ့ ဖုန်းတစ်လုံးလောက်ရှိရင်တော့ပိုကောင်းပါတယ်လို့ထင်မြင်မိပါတယ်။နောက်ကိုယ်ပိုင်အမြင်အတွေးအခေါ်တွေနဲ့။ ဆန်းသစ်မှုပေါ့ဗျာ။ လမ်းဘေးမှာတောင်း နေတဲ့ သူတောင်းစား တစ်ယောက်တောင်မှ တောင်းနည်းတွေအမျိုးမျိုးရှိသလိုမျိုးပါပဲ။ သူရဲ့ ဆန်းသစ်တဲ့ တောင်းနည်းကို သတင်းအဖြစ်တင်ပြရင်ရပါတယ်။နောက်ဆုံး စပယ်ရာတစ်ယောက်ရဲ့ စကားကလည် း သတင်းတစ်ပုဒ်ဖြစ်နိုင်တယ်လို့ထင်မိပါတယ်။
ဈေးရောင်းနေတဲ့ သက်ကြီးရွယ်အိုကလည်းသတင်းဖြစ်နိုင်အောင်ရေးရင် သတင်းဆောင်းပါကောင်းတစ်ပုဒ်ဖြစ်နိုင်ပါတယ်။ ရပ်ကွက်ထဲက လူတွေက လည်း ဒီလိုပါပဲ..။ရေးရရင်တော့ အများကြီးပါပဲ။
ဒါက ကျွန်တော် တက်ယောင်ကမ်း တစ်ယောက်ရဲ့အမြင်လေးတွေပါ။
ဒီရွှာမှာရှိတဲ့ ဆရာ ့ဆရာများက ကျွန်တော့်ထက်ပိုသိမယ်လို့ထင်ပါတယ်။ ဒီလိုကိုယ်သိတာလေးတွေကို ဖြည့်ပြီးရေးပေးရင်ပိုကောင်းမယ်လို့လည်း ထင်မြင်မိပါတယ်။
အလင်းဆက်
August 28, 2012 at 7:01 pm
လိုက်နာ သင့်တဲ ့အချက်ကလေးများ…မို့..ကျေးဇူးပါ..ပဲခဗျာ.။
😀
pooch
August 28, 2012 at 10:18 pm
စာရေးပြီးတိုင်း ဒီအချက်လေးတွေ နဲ့ ပြန်ပြီး တိုက်နိုင်ရင် ပိုပြီးတောင် ကောင်းတဲ့စာစုလေးတွေ ထွက်လာနိုင်မယ်ထင်ပါတယ်။ သတိထားသင့်တဲ့ အချက်လေးတွေမို့ပါ။
ကိုဘလှိုင်စာတွေ ဖတ်ဖြစ်ပါတယ်။ ကွန်းမန့်တော့ သိပ်မပေးဖြစ်ပါဘူး။ ဒါပေမဲ့ ကိုဘလှိုင်ဆိုတဲ့ကလောင်ကိုတော့ မှတ်မှတ်ရရနဲ့ကို သတိထားမိပါတယ်။ ကြားထဲ အဆက်ပြတ်ပြတ်သွားတတ်တယ် ထင်ပါတယ်။
ကို ခင်ခ
August 28, 2012 at 10:25 pm
ကိုမိုးဇတ်ရေ ဖြေပေးတာကျေးဇူးနော်။
MaMa
August 28, 2012 at 10:55 pm
စာရေးနည်းသင်တန်းတက်လိုက်ရသလိုပဲ။ 🙂
ဒီရွာရောက်မှ စာတွေဖတ်ပြီး ကိုယ်ခံစားရတာလေးတွေ ကွန်မန့်ပေးရင်းကနေ စိတ်ပါလာပြီး…
ကိုယ့်အတွေ့အကြုံလေးတွေ အခက်အခဲတွေ ခံစားရတာလေးတွေကို ရေးမိရေးရာ ရေးတဲ့ လက်စမ်းစာပေလေး ရေးဖြစ်သွားပါတယ်။
အခုလို ကိုယ်သိတာကို သူများသိအောင် ရေးပေးသင်ပေးတာမျိုးကို သဘောကျပါတယ်။
ကြိုဆိုပါတယ်။
နေရာပေးခြင်း နေရာယူခြင်းနဲ့ ပတ်သက်ရင်တော့ ဒီရွာမှာမှမဟုတ်ပဲ ဘယ်နေရာမှာပဲဖြစ်ဖြစ် လူဆိုတာ ကိုယ့်နေရာ ကိုယ်ဖန်တီးတယ်လို့ ကျမအနေနဲ့ ခံယူထားပါတယ်။
ကိုယ်ပေးသလို ကိုယ်ပြန်ရမယ်လို့လည်း ထင်ပါတယ်။
သတ်ပုံကိစ္စနဲ့ ပတ်သက်ရင်တော့ ပညာရှိသတိဖြစ်ခဲဆိုသလို ဖြစ်တတ်ကြတာကို….
ကိုယ်သိသလောက် ဝင်ရွှီးတတ်တဲ့ ဝါသနာနဲ့ တတ်ယောင်ကားလုပ်တတ်တဲ့အကျင့်ကြောင့်….
သည်းခံခွင့်လွှတ်တော်မူကြပါကုန်လော့……..
ကိုခင်ခရေ-
မမိုးစက်က သတ်ပုံအဖွဲ့ရဲ့ ဆရာမလေးပါ 🙂
kai
August 29, 2012 at 12:04 am
အဖွဲ့မှူးအကြံပေးချက်နဲ့.. ညာဖက်အပေါ်စည်းကမ်းတွေကြားထဲမှာ.. “စာလုံးပေါင်းစစ်ရန်” စာသားနဲ့ သတ်ပုံစစ်တဲ့ဝက်ဘ်ဆိုက်ကို.. လင့်ခ်လုပ်ထားပါတယ်..။ သုံးကြစေချင်ကြောင်း..
အရီးခင်လတ်
August 29, 2012 at 4:26 am
ကျွန်မလဲ ကိုဘလှိုင် ရဲ့ အခန်းဆက် တွေကို သိသော်ငြား မှတ်ချက်မပေးဖြစ်ပါ။
မှတ်ချက်ပေးဖို့ က ဖတ်ရုံ နဲ့ မပြီး ရိုက်ရဦးမှာကိုး။
ရိုက်လို့ မရတဲ့ အချိန်မှာ ဖတ်ရုံ နဲ့ ပြီးသွားရတာပါ။
မှတ်ချက်ပေးချင်ပေမဲ့ စာရိုက်ဖို့ အခွင့်မသာရင် မပေးဖြစ်လိုက်ပါဘူး။
အခု Post တင်ပြပုံ အကြောင်းလေးက စာရေးသူများ အတွက် အင်မတန် အကျိုးဖြစ်စေမှာပါ။
ကျွန်မလဲ လိုက်နာနိုင်ဖို့လဲ ကြိုးစားပါ့မယ်။
စာရေးသူများ လဲ စာဝင်ရေးပြီး မှတ်ချက်တွေ မရလို့ စိတ်ပျက်ပြီး ထွက်မသွားကြစေလိုပါ။
တစ်ခု ရှိတာကတော့ ကိုယ်ကတော့ ရေးချင်တာရေးရုံရေးပြီး သူများကို စကားမပြောဘဲ နေရင်တော့ မိတ်ဆွေရဖို့ ခက်ပါမယ်။
သူသူ ငါငါ အပြန်အလှန် စကားပြောနိုင်မှ ရင်းနှီးနွေးထွေးမှု ရတယ် ဆိုတဲ့ အကြောင်းကို သတိပြုကြစေလိုပါတယ်။
ဒီတော့ ရေးချင်တာရေးပါ။
အားပေးကြပါတယ်။
အချိန်ရှိရင်လဲ သူများတွေ နဲ့ စကားပြောပေးကြပါ။
အချိန်မရရင်လဲ သူများလဲ ကိုယ့်လို ဘဲ မအားလို့ ဖြစ်မှာ လို့ နားလည်ပေးကြပါ။
အားလုံးက မအားတဲ့ကြားက ရွာကို သံယောဇဉ် နဲ့ လာနေကြတာ လို့ တွေးလိုက်ပါ။
ဒါမှ သံသယ ကင်းကင်း နဲ့ လူမှုပါတ်ဝန်းကျင်မှာ နေလို့ ရ၊ နေလို့တတ်မှာ မဟုတ်လား။ 🙂
ကထူးဆန်း
August 29, 2012 at 6:28 am
အဟောင်း အသစ်ဆိုတာ အသစ်တွေ ဟောင်းလာရင် နားလည်လာမှာပါ ။
အဟောင်း အသစ်ခွဲခြားတဲ့ စိတ် အနေနဲ့ မဟုတ်ကြပေမဲ့ ခင်ရာ ဆွေမျိုး ရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး ။
ကိုယ့် အိမ် ကျောင်း အလုပ်မှာတောင် ကိုယ်ခင်မိတဲ့သူနဲ့ ပို ပြောဖြစ်ကြတာ ဓမ္မတာ ဘဲလေ။
ဒါကြောင့်မို့လို့ အဟောင်း တွေရဲ့ ပိုစ်တွေမှာ ကွန်မန့် ပိုများတာ ပါ ။ တစ်ယောက်အကြောင်းလဲတစ်ယောက်သိ ။ တစ်ယောက် အထာလည်းတစ်ယောက်သိလာ ၊ ငါပိုစ်မှာတုန်းက မန့်ထားတယ် ။ မမန့်လိုက်ရင် အားနာ စရာကြီး ။ မမန့်လို့ ငါ့ လှမ်းဆဲနေဦးမယ် ဆိုတဲ့ ခင်မင်မှု့ အတိုင်းအတာ တွေ ပါလာတော့ အဟောင်းလို့ ဆိုသူတွေ ကွန်မန့် ပိုရကြပါတယ် ။ ဒါလေး နားလည် စေချင်ကြပါတယ် ။
အသစ်တွေရဲ့ ခံစားမှု့ကိုလည်း နားလည် သဘောပေါက်စေခြင်ကြပါတယ် ။နောင်ကို ကြိုးစားပြီး ရေးပေးစေချင်ကြပါသည်။
သို့သော် ခုမှ စဝင်ရေး ပါတဲ့ ဆိုတဲ့ အထဲမှာ ချက်ခြင်း ရပ်သိရွာသိ ကြယ်လေးပွင့် ဖြစ်သွားတဲ့ အရီးလတ် ကို ဥပမာ ပေးလိုပါတယ် ။ အရီးလတ် လုပ်ရပ်ကြောင့် အရီးလတ် အဖြစ်ခဏ အတွင်း ကြယ်လေးပွင့်ဖြစ်သွားတာ အရီးလတ်ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်ကြောင့်ပါ ။ ဒါကြောင့် ကိုယ့် အပေါ်လည်း မှုတည်တယ်ဆိုတာလည်း မမေ့ကြပါနဲ့ ။
ကျွန်တော်လည်း တိတ်တိ်တ်လေးဖတ် လက်မဘဲထောင်ပြီး ထွက်ခဲ့ တာတွေလည်း အများကြီးပါ။
ဟောင်းပြီလား သစ်သေးလား မသိတဲ့
အခါလည်သား
ကထူးဆန်း
အရီးခင်လတ်
August 30, 2012 at 5:22 am
ဟိဟိ
ကျေးဇူးပါ ကထူးဆန်းကြီးရှင့်။
ပြောရရင် ကြီးလာတဲ့ အသက် ကလဲ ပံ့ပိုးပေးတာနေမှာပါ။ 😀
ကြောင်ကြီး
August 29, 2012 at 10:01 am
လောကဂျီးမှာ အပေးအယူ အပြန်အလှန် ဆန်ပေးမှ ဆီရတဲ့ သဘောတရား ရှိပါတယ်။ ကိုယ်က သိပ်တော်သိပ်ဟုတ်နေရင်တော့ တမျိုးပေါ့လေ..။ သူလိုငါလိုဆိုလို့ကတော့ ဆိုရှယ်လူမှု ဆက်ဆံရေးကို မမေ့ပါနဲ့လို့…။
weiwei
August 29, 2012 at 10:13 am
ပို့စ်ကောင်းတစ်ခုရေးဖို့ ခက်ခဲသလို ကွန်မန့်ကောင်းတစ်ခုရေးဖို့လဲ မလွယ်ပါဘူး …
ပို့စ်ရေးနိုင်တဲ့သူတွေ … ကွန်မန့်တွေများများရေးနိုင်တဲ့ ရွာသူားတွေကို တကယ်လေးစားပါတယ် …
ပို့စ်တွေ အားလုံးနီးပါးကို အသံတိတ်ဖတ်ဖြစ်လေ့ရှိပါတယ် … မှတ်ချက်ပေးဖို့ အဆင်မပြေလို့ မပေးဖြစ်တာတွေ များလာရင်းနဲ့ အသံတိတ်ဖတ်တာ အကျင့်ပါသွားပါတော့တယ် …
may flowers
August 29, 2012 at 12:55 pm
ဖတ်ပြီး မှတ်သွားပါတယ် မောင်ဘလှိုင်ရေ တကယ့်ကိုကျွန်မအတွက် မှတ်သားစရာ အကျိုးရှိတဲ့ ဆောင်းပါး
လေးပါပဲ။
ကိုပေါက်(မန္တလေး)
August 29, 2012 at 1:03 pm
သူများကိုကော်မင်းမပေးဖြစ်တဲ့သူထဲမှာထိပ်ဆုံးကထားရင် ကျနော်ပထမစွဲမယ်ထင်ပါတယ်။
ကွန်ပြူတာရှေ့ရောက်တာနဲ့ ပုံတွေ ကော်ပီကူး အက်ဒစ်လုပ် ပြီးရင် တင်မယ့်နံပါတ်တွေထိုး
ပြီးရင်ပုံနဲ့လို်က်ဖက်တဲ့စာတွေရေးနဲ့ အလုပ်တွေရှုပ်ပါတယ်။.
ဓါတ်ပုံကိုအသားပေးတဲ့ဖိုတိုအက်ဆေးကို မန်းလေးဂေဇက် တစ်နေရာထဲမှာတင်ပါတယ်။
အဲဒီအထဲက နှစ်သက်တဲ့ပုံတွေကို ရွေးပြီး ဖေစ်ဘုတ်က ကျနော့်စာမျက်နှာမှာတင်ပါတယ်။.
နောက်စာသက်သက်ပိုစ်တွေဆိုရင်တော့
မြန်မာသူငယ်ချင်းများနေ့
စင်္ကာပူရောက်မြန်မာများ
ဖော်အဲဗား
ဧဒင်ဥယျာဉ်
ဇွဲကပင်မြေ
ရွှေမြို့တော်အစရှိတဲ့ဆိုက်တွေကို ကော်ပီကူးပြီးတင်ပါတယ်။
အဲတော့ကျနော်မှာအချိန်လုလုပ်ရတာများတော့ စာဖတ်ချိန်ကော်မင်းပေးချိန်နည်းပါတယ်။
(အခုတော့ စာကိုအချိန်လုပြီးဖတ်ပေးပါတယ်)
ကျနော်ပိုစ်ထဲမှာဝင်မန်းတာကိုတောင်ပြန်ပြီး ဧည့်မခံနိုင်တာမျုးိလည်းရှိ
တစ်ခါတစ်လေ ပုံမတင် စာမရေးရင်တော့ လက်လှမ်းမီသမျှဝင်မန်းပါတယ်။
ဒါကကျနော့်အဖြစ်အပျက်ပေါ့။
ကျနော်နဲ့အဖြစ်အပျက်တူသူများလဲရှိမယ်ထင်ပါတယ်.။
ဖတ်တော့ဖတ်တယ် မမန်းမိတဲ့သူများလဲ အများကြီးရှိသလို
ရွာထဲမှာအဖွဲ့မဝင်ဘဲစာဖတ်သူတွေလဲအများကြီးရှိတာအသေအချာ။
အခုကြုံတုန်းတစ်ခုတော့ပြောချင်ပါတယ်။
ကျနော်အမြင်ကိုပြောပြတာပါ။
ဘယ်သူစလို့ဘယ်သူဖွတယ်တော့မသိဘူး
အဟောင်းနဲ့အသစ်
ရန်ကုန်အုပ်စု နဲ့မန်းလေးအုပ်စု ဆိုပြီး အသံထွက်လာတာလေးတွေကိုပါ။
ပထမဆုံးအဟောင်းအသစ်ပြဿနာပြောရင် အချိန်နဲ့ကော်နက်ရှင်ကို အရင်ဆုံးပြောရမှာပါဘဲ။
ကျနော်တို့ဒီမန်းလေးဂေဇက်မှာ စာဖတ်သူ စာရေးသူအတော်များများက အလုပ်တစ်ဖက်နဲ့ဝင်ကြည့်ကြသူတွေပါဘဲ။
ကိုလတ်ပြောသလို
(အားလုံးက မအားတဲ့ကြားက ရွာကို သံယောဇဉ် နဲ့ လာနေကြတာ)ဆိုတာအမှန်ပါဘဲ။
နောက်ကော်နက်ရှင်က အခုကောင်းလိုက်အခုပျောက်လိုက် မကောင်းတဲ့အချိန်ကများပါတယ်။
အဲတော့ရသမျှ အချိန်လေးမှာ စာဖတ်ကြတဲ့အခါ ကိုယ်သိပြီးသားစာရေးသူ
နောက်တစ်ချက်က ခေါင်းစဉ်လေးကြည့်ပြီးစိတ်ဝင်စားလောက်တာကို အရင်ဖတ်လိုက်ပါတယ်.
နောက်တစ်ခါ ထပ်ဝင်ပြီဆိုမှာ လူပြောများတဲ့ အချင်းချင်းလက်တို့ပြီးကောင်းတယ်ဆိုတဲ့ပိုစ်ကို
ဖတ်ကြရပြန်ပါတယ်။.
အဲတော့ စာရေးစ အသစ်ဆိုရင်ချက်ခြင်းမဖတ်မိကြတာမျိုးလဲရှိနိုင်ပါတယ်။
ဒါပေမယ့် အသစ်ဖြစ်သော်လည်း ကောင်းလို့အချင်းချင်းပြန်လက်တို့ရင် အသစ်တွေကိုလဲ
ပြန်ဖတ်ကြရပါတယ်။
နောက်တစ်ချက် ဒီမန်းလေးဂေဇက်မှာရေးကြတာ လိုင်းပေါင်းစုံရေးတော့ ကို်ယ်နှစ်သက်တဲ့
အကြောင်းအရာကိုဘဲရွေးချယ်လို့ဖတ်ကြတာဖြစ်ပါတယ်။
ကိုယ်ရေးတဲ့အကြောင်းအရာက လူအများစိတ်ဝင်စားနေတဲ့အကြောင်းရေးနိုင်ရင် လူအဖတ်များမှာပါဘဲ။
ဒီနေရာမှာတော့ သစ်တယ်ဟောင်းတယ်နဲ့မဆိုင်ပါဘူး။
ကိုယ်တွေ့ပြောရရင် ကျနော်ရေးတဲ့စာတွေက ရှေးဟောင်းနှောင်းဖြစ်တွေရယ် စာကြောရှည်တာရယ်ကြောင့် နှစ်သက်သူ နည်းပါတယ်။
အဲတော့ ဖတ်သူနည်းမှတော့ ကော်မင်းမျှော်ချင်လို့မရပါဘူး။
(အဓိက ကတော့ကိုယ့်ရလာဒ်ကို ကိုယ်တိုင်ကျေနပ်စွာလက်ခံနိုင်ဘို့ပါဘဲ)
ကော်မင်းမပေးဘဲဖတ်သူတွေအများကြီးရှိသလို ခေါင်းစဉ်လေး ဖတ်ကြည့်ပြီးထင်ရာမြင်ရာကော်မင်းတွေ
ရေးခဲ့ကြတာလဲအများကြီးရှိပါတယ်။
အဲတော့ လူသစ်-လူဟောင်းနဲ့ကော်မင်း ပေးခြင်းမပေးခြင်း မဆိုင်ဘူးလို့ဘဲပြောချင်ပါတယ်။
(ဒီနေ့ရွာထဲကို ဝင်လာတဲ့လူသစ်က နက်ဖြန် လူဟောင်းသေချာပေါက်ဖြစ်တာအသေအချာပါဘဲ)
တစ်ရက်မှာ တော့ ကျနော်ကို မေးခွန်းတစ်ခုမေးလာပါတယ်။
“ရွာထဲမှာ ရန်ကုန်အုပ်စုနဲ့မန်းလေးအုပ်စု ကွဲနေတယ်လို့ သတင်းသဲ့သဲ့ကြားတယ် ဟုတ်ပါသလား”လို့
သိချင်လို့မေးလာပါတယ်။
အမှန်တိုင်းပြောရရင် မန်းလေးမှာအစုအဖွဲ့အသင်းလုံးဝမရှိပါ။
တစ်ယောက်နဲ့တစ်ယောက်အမြဲဆုံလေ့ လဲမရှိကြပါ။
ရန်ကုန်အပိုင်းကတော့ကျနော်နှင့်မဆိုင်ပါ။
မန်းလေးမှာရှိသူများထဲက ကျနော်သိသူတွေ့ဘူးသူများကတော့
ဆရာမကြီး TTNU
အန်ကယ်ဂျီး
ကိုစိန်သော့
ကိုခင်ခ
ရွှေမင်းသား
ကိုဖု်ိးထောင်
မောင်ပေ
မယ်ပု
ဘဲဥ
ဖရဲသီး တို့ဖြစ်ပါတယ်။
(နောက်ထပ်ရွာသူသုံးယောက်ရှိပါတယ်၊
အမည်မဖော်ပြတာကတော့ သူတို့နဲ့ အလှူငွေကောက်ရင်း တစ်ကြိမ်သာတွေ့ဘူးလို့ဖြစ်ပါတယ်။)
ကျနော်ဖော်ပြထားတဲ့ရွာသူားတွေက မန်းလေးကို ဧည့်သည်လာရင်ကျနော်က သတင်းပေးပါတယ်။
လာနိုင်သူက လာတွေ့ကြပါတယ်။
ကူုနိင်တာကို ကူပေးပါတယ်။
ကျန်တဲ့မန်းလေးအဖွဲ့ကတော့ ်တစ်ခါတစ်ရံဆုံတတ်ပါတယ်။.
အုပ်စုလိုက်တစ်ယောက်မကျန်ဆုံတာမဟုတ်ဘဲ အားတဲ့လူလာ လက်ဖက်ရည်ဆိုင်ထိုင်ကြတာပါ။
အမြဲလူစုတွေ့ဘို့က တစ်ယောက်နဲ့တစ်ယောက်တစ်ကွဲတစ်ပြားစီပါ။
ရွာသားထဲမှာ ကိုယ်ပိုင်အလုပ်လုပ်သူရှိမယ်။
ကုမ္မဏီမှာအလုပ်လုပ်သူရှိမယ်။
ကျနော်လို့ သူများမျက်နှာကြည့်အလုပ်လုပ်နေရတဲ့ဈေးသည်ရှိမယ်။
ဘာမှမလုပ်ဘဲအိမ်အလုပ်ကူလုပ်သူရှိမယ်။
အလုပ်ချင်းမတူ ပိတ်ရက်မတူတော့ အားလုံးဆုံဘို့ဆိုတာမဖြစ်နိုင်ပါဘူး။
မဆုံနိုင်မှတော့ အဖွဲ့ဆိုတာလဲ မရှိပါဘူး
မန်းလေးနေသူက ရွာထဲက စာတစ်ပုဒ်ကိုဝေဖန်ချင် ဝေဖန်ပါလိမ့်မယ်။
အဲလိုဝေဖန်တာကို ရွာထဲကစာ ကိုဝေဖန်တယ် လို့သဘောထားစေချင်ပါတယ်။
ကိုယ့်အမြင်သူအမြင်ရေးတာကို ရန်ကုန်မန်းလေးမခွဲစေချင်ပါဘူး။
နောက်တစ်ချက် ကျနော်က ပုဏ္ဏားတိုင်ဖြစ်လေ့ရှိပါတယ်။
ရွာထဲမှအနေကြာတာရယ် အသက်အရွယ်ကြောင့်ရယ် ကိစ္စတစ်ခုခုဖြစ်ရင်
ကျနော်ကိုပြောပြကြလေ့ရှိပါတယ်။.
အဲတော့ဖြစ်ကြပျက်ကြတာ အတော်များများကျနော်သိလို့ကြားဝင်ပေးခဲ့တာမျုးိလဲရှိပါတယ်။
သေချာတာတစ်ခုပြောရင် မန်းလေးမှာအုပ်စုမရှိပါ။.
ကိုဘလှိုင်ကိုလဲ အနူးအညွတ်တောင်းပန်ပါတယ်။
နောင်တော်ရဲ့ရေးထားတာနဲ့ ကွဲလွဲနေတဲ့အကြောင်း မဆိုင်တဲ့အကြောင်းကို ဝင်ရေးမိတဲ့အတွက်ပါ။
အသစ်အဟောင်းအကြောင်းကို ရေးရင်းနဲ့ တစ်ဆက်ထည်းပြောလိုက်မိတာဖြစ်ပါတယ်။
မောင်ဘလိူင်
August 30, 2012 at 10:13 am
ဦးပေါက် ပို့စ်တွေ ..အထူးသဖြင့် မလုပ်စကောင်း လုပ်စကောင်း
အတွေ့အကြုံပို့စ်တွေ ကြောင့် ဒီရွာထဲ ရောက်လာတယ်ပြောရ
မှာပဲခင်ဗျ…နောက်တစ်ခုက ကျွန်တော်က ဦးပေါက်ရဲ့ တူ သား
အရွယ်လောက်ပါပဲခင်ဗျာ… 🙂
ကိုပေါက်(မန္တလေး)
August 29, 2012 at 1:09 pm
ရွာသားနှစ်ယောက်ကျန်ခဲ့လို့ပါ။
ကိုဆန်နီရယ် ကောင်လေးရယ်ကျန်ခဲ့လို့ပါခင်ဗျာ.
surmi
August 29, 2012 at 11:46 pm
ကဲ ကဲ အသစ်အဟောင်းကတော ့စုံနေပြီ ။ ကျွန်တော်လည်း ကိုပေပြောသလို ပို့စ်တစ်ပုဒ်ရေးပြီးပြီ ။
ကွန်မန့် အပေးနဲတဲ ့ထဲမှာ ကျွန်တော်လည်းပါမယ် ။ အမှန်တော့ အားလုံးကိုခင်တာပါဘဲ ။
အချိန်နဲတာရယ် ကိုယ်မပိုင်တဲ့အကြောင်းအရာတွေကြောင့်ပါ ။
ကိုဘလှိုင်ရေ ….
အစ်ကို့ပို့စ်ကို စောင့်ဖတ်တယ်ဗျ ၊ ကွန်မန့်ကတော့ ပေးလိုက်မပေးလိုက်ဘဲ ……။
ဒီပိုစ့်လေးက တော်တော်မှတ်သားရပါတယ် …။ အပြေးအလွှားလာရတာ အစ်ကိုရေ …လကုန်ရက်ဆိုတော့
နောက်မှ အေးအေးဆေးဆေးပြန်လာဦးမယ် ။
kai
August 30, 2012 at 1:31 am
ဒီပို့စ်လေးကို.. Writing Guidelines ထဲမှာ ခရက်ဒစ်ပေးပြီး.. ထည့်ပါမည့်အကြေ ာင်း.. ခွင့်ပြုပါရန်.. ဆရာဘလှိုင်အား.. အကြောင်းကြားပါတယ်ခင်ဗျား..
မောင်ဘလိူင်
August 30, 2012 at 10:08 am
ဝမ်းမြောက်စွာဖြင့် ခွင့်ပြုပါတယ် ခင်ဗျာ…
သဂျီး အဆင်ပြေသလိုသာ အသုံးပြုပါခင်ဗျား..။
ဝင်ရောက် ဖတ်ရှု အားပေးကြသော ရွာသူားများ အားလုံးကို
အလေးအနက် ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။
အလေးအနက် ဆိုတဲ့ ဝိသေသပြုရခြင်းက ကျွန်တော်တို့
ကလေး ဘဝ က ကိုယ်လုပ်တာကိုင်တာလေး လူကြီးသူမ
များ အသိအမှတ်ပြုစေချင်တယ်..ချီးမွမ်းစေချင်တယ်..ဒီလို
စိတ်ကလေးက ရှိတာကိုး…အသက်ကလေး ရလာတော့လည်း
ကိုယ်ဖန်တီးတာလေး သူများ အသိအမှတ်ပြုစေချင်တာပဲ..
ရင့်ကျက်လာတဲ့အထိ ဒီစိတ်ကလေးဟာ ရှိနေတုန်း..ရှိနေဦးမှာ
သို့ပေမဲ့ ရင့်ကျက်သူတစ်ယောက်ရယ်လို့ ခံယူလာသူဆိုတာက
ကောင်းသော ဝေဖန်ချက်ကိုလည်း အသိအမှတ်ပြုရမယ်…အဆိုးနဲ့ ဝေဖန်
တာလည်း လက်ခံပြီး ..ဪ..ငါ ရေးတာလေး သူဖတ်မိလို့သာ ..ငါ့ဂရုပြုမိ
လို့သာ ဒီလိုလေး အရေးတယူ ပြောတာပါလားဆိုပြီး ဖြေသိမ့်တတ်ရမပေါ့လေ..
ဆိုတော့ကာ…ကျွန်တော်ရေးတာ အရေးတယူနဲ့ ကွန်မန့်ပေးသူအပေါင်း
တကယ်ကျေးဇူးတင်ပါကြောင်း။
Shar Thet Man
August 30, 2012 at 1:18 pm
အခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်…
ဦး ဗိုလ်သိန်း
August 30, 2012 at 10:44 pm
အရေးအသားကောင်းလေးတွေ ရေးဖြစ်အောင်ဖန်တီးစေနိုင်တဲ့ အားဆေးတစ်ခွက်ကို သောက်လိုက်ရသလိုမျိုး အင်အားပြည့်ဝသွားစေတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဆရာဘလှိုင်
ယောလေး
September 2, 2012 at 2:17 pm
အရင်တုန်းက ဒီမန်းဂေဇက်ထဲမှာ ဖတ်ဖူးတယ်….. လူထုဒေါ်အမာရေးတဲ့ စာရေးချင်သော ချစ်သမီးလေးလို့
ဆိုတဲ့ခေါင်းစဉ်နဲ့လေ… အခုရေးတဲ့ပိုစ့်လိုပဲ တော်တော်လေးပြည့်စုံတယ်… ဘာပဲပြောပြော ကျတော်ကတော့
ကော်ပီလုပ်သွားတယ်…..
ma ma01306
September 2, 2012 at 3:08 pm
အရင်တုန်းကတော့ အပြင်ကနေကြည့်ပြီး ငေးနေတာပါ ..
အခု စာပေသူငယ်ချင်းတို့ ရွာကိုလာလည်တာပါ..
padonmar
September 4, 2012 at 12:08 am
အသက်မကြီးသေးသေးတဲ့ မောင်ဘလှိုင်ရေ၊
စာရေးနည်းကောင်းလေးပေးတဲ့အတွက် ကျေးဇူးပါ။
၁။စူးစမ်းလေ့လာပါ -ခေါင်းစဉ်အောက်မှာထည့်ရမယ်ထင်ပါတယ်၊Timing အချိန်ကိုက်လေးဖြစ်တဲ့ အကြောင်းအရာရွေးချယ်မှုလည်း အရေးကြီးမယ်ထင်ပါတယ်။
ရခိုင်အရေး စိတ်ဝင်စားချိန်မှာ ရခိုင်လို့ခေါင်းစဉ်ပါတာနဲ့ ဖတ်ဖြစ်မှာပါပဲ။
(ကာလဒါနဆိုတာမျိုးလိုပေါ့)ခင်မင်စွာဖြင့် တတ်ယောင်ကား ဝင်လုပ်ပါအိ။