ဝဋ် ကြွေး ရှိ မျှ ကြေပါစေတော့ ….ချစ်သူ။( ဇာတ်သိမ်း)

မိုခ်ိဳAugust 30, 20121min44419

“သားရယ် အမေ မပါပဲ ဘယ် ကို ထွက်သွား ရ တာလဲ ” ဆိုတဲ့ အသံ နဲ့ အတူ သူတို့ အိမ် ထဲက မိန်း မ ဝဝကြီး တစ်ယောက် အပြေး အလွှား ထွက် လာ တာ ကို တွေ့ လိုက် ရတယ်…ချည်သား ဘောင်း ဘီ ပွပွ ကြီး ဝတ်လို့ ဆံပင် ဖရိုဖရဲ နဲ့ အဲဒီ မိန်းမကြီး က သူ့ လက်ကို လှမ်း ဆွဲ ခေါ် သွားတော့ သူ့ မှာ မေလေး ကို ပြော စရာ အပြည့် ရှိ တဲ့ ရီ ဝေဝေ မျက်လုံးတွေ နဲ့ လှည့်ကြည့် လို့ ပါသွားလေရဲ့ ။ မေလေး လည်း ရင်ခုန်နေတဲ့ ခံစားချက်တွေ ကြက်ပျောက် ငှက်ပျောက် ပျောက် လို့ အံ့ ဩ  စိတ်တို မှုတွေ အစားဝင်လာတော့ တယ်။ ဘယ်နှယ့် ဒီ အရွယ် ကြီး ရောက်နေတဲ့ ယောက်ျားလေး တစ်ယောက် ဟာ ကိုယ် ပိုင် လွတ်လပ်ခွင့် မရှိ ဘူးတဲ့ လား………. သူကကော ဒီလို ချုပ်ခြယ် တာ ကို ခံတာပဲလား ။ နေနှင့် ဦး ပေါ့ ဘွားတော် ရယ် နောင်တချိန် မေလေး ရဲ့ ချစ်သူ ဖြစ်လာတော့မှ သူ့ လက်ကို ဆွဲ လို့ကမ္ဘာ အနှံ့ ခြေဆန့် ပစ်မယ်။

တနေကုန် အလုပ်ထဲ စိတ်မပါရ တဲ့ အထဲ အမေ က ညနေ ဆေးခန်း သွား ပြဖို့ စောစော ပြန် လာ ခိုင်း နေသေးတယ်…မေလေး အမေ က အဲလို ပါပဲ ..နည်းနည်း လေး နှာစီး ချောင်း ဆိုး ရင် တောင် ပြနေကျ အထူးကု နဲ့ သွား ပြ ရမှ…အဖေနဲ့ မေလေး ကလည်း အမေ ကျေနပ်အောင် လိုက်လျော နေကြ….. ဆိုတော့…… ဒီနေ့ အဖေ မအား လို့ မေလေး အလှည့် ပေါ့ ။ အမေသွား ပြမဲ့ ဆေးခန်း မှာ အဖေ့ ရဲ့ ညီ အထူးကု ဆရာဝန်ကြီး ၊ မေလေး ရဲ့ လေးလေး လည်း ထိုင်တယ် ဆိုတော့ အဖေ နယ်က အပြန် ဝယ်လာတဲ့ လက်ဆောင် တချို့ လေးလေး ကို ပေးဖို့ တခါတည်း ယူ လာခဲ့ လိုက် တယ်။ လေးလေးတို့ က လှိုင်သာယာ FMI မှာနေတော့အိမ်အထိ မသွား ဖြစ်တော့ ပဲ တော်ရုံကိစ္စ ရှိရင် လေးလေး ထိုင် တတ် တဲ့ ဆေး ခန်း တွေ မှာ ပဲ အခုလို ဖုန်းဆက်ပြီး သွား တွေ ့ လိုက်တော့ တယ်။

အမေ့ကို ပြ ပြီး တာနဲ့ မေလေး လည်း လေးလေး ထိုင်တဲ့ အခန်း ဘက် ထွက် လာ လိုက် တယ်….စမ်းသပ် ခန်း ရှေ့ မှာ လူနာ တစ်ယောက်မှ မတွေ့ တော့ ပဲ မျက်မှန်းတန်း မိနေတဲ့ အခန်းစောင့် ကောင် မလေး က “ ဒီတစ်ယောက် ပြီး ရင် လူ နာကုန်ပြီ…အမ’’ ဆိုတာနဲ့ ထိုင်စောင့် နေ လိုက် တယ်။ ခဏနေတော့ စမ်းသပ် ခန်း တံခါး ပွင့် လာပြီး အထဲက ထွက် လာတဲ့ သူတွေ ကို တွေ့ လိုက်တော့ မေလေး အံ့ ဩ လွန်း လို့ မင်သက်သွား မိတယ်။
….သူပါပဲ…..သူရယ်၊ မနက်က တွေ့ တဲ့ သူ့ အမေဆိုတဲ့ မိန်းမကြီး ရယ်၊ သူနဲ့ ဆင်ဆင် တူတဲ့ သူ့ အဖေလို့ ထင်ရတဲ့ လူကြီး ရယ်။
ဆရာဝန် ဆီကို လူနာ လာပြတာ ဘာ အံ့ ဩ စရာ ရှိလဲ…ဘာမှ အံ့ ဩ စရာ မရှိပါ ဘူး …အဲ….. အံ့ ဩစရာ က မေလေး ရဲ့ လေးလေး က စိတ်ရောဂါ အထူးကု အတိုင်ပင်ခံ ဆရာဝန်ကြီး တစ်ယောက်ဖြစ်နေတာပါပဲ။

ဘယ်သူ ဘာဖြစ်လို့ လဲ….သူ့ အဖေကြီးများ လား…. …ဒီ အရွယ် အမျိုး သားကြီးတွေ depression ရတတ် ကြ တာမေလေး ကြားဖူးတယ်။..ဒါပေမယ့် မဖြစ်နိုင် ပါဘူး …သူ့ အဖေကြည့်ရတာ လန်းလန်း ဆန်ဆန်း ကြီး ရယ်။ ဒါဆို…သူ့ အမေပေါ့ …ဖြစ်နိုင် တယ် ….သူ့ အမေ ကို ကြည့် ရတာ ပုံမှန်မဟုတ် သလို ပဲ …ဟွန့် .. မနက် ကတင် ကြည့် ပါလား ရည်း စား စကား လိုက်ပြောတော့ မဲ့ သူ့ သား ကို အတင်း ဆွဲ ခေါ် သွား တယ်…အခုလည်း သူ့ သား ကို ပြူးပြူး ပျာပျာ နဲ့ ကြည့် နေတဲ့ အပြင် လက် တစ်ဖက် ကလည်း အတင်း ဆွဲ ထားသေးတယ်။ ဝတ် ထား လိုက်တာလည်း မေလေး တို့ လူ ငယ် တွေ အတိုင်း ပဲ ဆွဲ သား ဘောင်း ဘီ နဲ့ အင်္ကျီ အပွ နဲ့ … ။ မေလေး လည်း တစ်ယောက်တည်း ပွစိပွစိ ပြောရင်း လေးလေး အခန်းထဲ ဝင် လာ ခဲ့ တယ်။ လေးလေး နဲ့ တွေ့ မှ မေးတော့ မယ်။

“ လေးလေး ….ခုန က ထွက် သွားတဲ့ အန်တီ ကြီး က ရူးနေတာ လား ”

မေလေး လည်း လာရင်း ကိစ္စ ကိုမေ့ပြီး သိချင်တာ ကိုပဲ တဲ့ တိုး မေး လိုက် တယ်။ စပ်စုတတ်တဲ့ မေလေး အကျင့် ကို သိနေတဲ့ လေးလေး က

“မဟုတ်ဘူး …သမီး ရဲ့…သူငယ်လေး ကမှ လေးလေး ရဲ့ patient ”

“ဘယ်လို….လေးလေး ” မေလေး အလန့် တကြား ပြန်မေးလိုက် မိတယ်။
“ ခုန သူငယ်လေး က autism တစ်ယောက်ပဲ သမီး ရဲ့ ၊ autism ဆိုတာ သမီး နားလည် အောင်ပြောရရင် အသိဉာဏ် ဖွင့် ဖြိုး မှု တွေ၊ အပြု အမူ အလုပ် အကိုင် တွေ ပုံ မှန် မဟုတ် ပဲ လွဲ ချော် နေတဲ့ သူပေါ့ ကွယ်။ တချို က စကားတောင် ကောင်း ကောင်း မပြော နိုင် ကြဘူး ၊ တချို့ကျတော့ စကားပြောတတ်ပေမယ့် ဝါကျ မှန်အောင် အပေါက် အလမ်း တည့် အောင် မပြော တတ်ဘူး….. သမီး ရဲ့ ”။

“ သူတို့ ဟာ လူမှု ပတ်ဝန်း ကျင်ကနေ သွေဖယ်ပြီး ကိုယ် ့ကမ္ဘာ လေး ထဲမှာ ပဲ ထီးတည်း နေတတ်ကြတယ်။ အများ သူ ငါ သာမန် ပြုမူ နေကြ ၊ နေ့ စဉ် လုပ်နေကြ အပြု အမူ တွေ ကို ပဲ သူတို့ အတွက် ခက်ခက်ခဲခဲ လုပ် ကြရတယ်။ ကိုယ် စိတ် ထင်ရာ ကိုယ် လုပ်တတ်ကြတယ်။ သူတို့ ရဲ့ အပြု အမူ တွေ က တခါတလေ သူများ ကို အနှောက် အယှက် ဖြစ် စေတတ် တယ်။ လူမှု အသိုင်း အဝန်း ထဲကို ဝင်လို့ ရအောင် သူတို့ တွေ ကို ငယ်ငယ်လေး ထဲ က သီးသန့် ကျောင်းတွေ မှာ ကျွမ်း ကျင် တဲ့ ဆရာ၊ ဆရာ မ တွေနဲ့ မိဘတွေ ပေါင်း ပြီး စိတ်ရှည် လက်ရှည် သင် ပေး ၊ လေ့ကျင့် ပေး ရတယ်။ ပြော ရရင်တော့ ….သမီး ရယ်…သူတို့ ကို မိဘ ဆွေမျိုး တစ်ယောက်ယောက် က အမြဲ စောင့် ရှောက် ပြီး သင် ပေး နေရတယ် ..ပေါ့” ။

“သူတို့ ကိုကြည့် လိုက်ရင်တော့ သူတို့ ရဲ့ ပြင်ပ ရုပ်သွင် က လူကောင်း နဲ့ မခြားဘူးပေါ့….သမီး ရယ်…မသိရင် …သာမန် လူ တစ်ယောက် လို့ ပဲထင် မှာ…’’
လေးလေး ရဲ့ စကားတွေ ဟာ မေလေး အတွက် ထူးဆန်း အံ့ဩ လွန်းလို့ မယုံ နိုင်အောင် ဖြစ်နေမိတယ်။

“ဒါဆို …သူ….အဲ…..ခုန က တစ်ယောက်က ” မေလေး စကားတွေ ရှေ့ ဆက် ဖို့ မဝံ့ ရဲခဲ့ ။

“ဟုတ်တယ်……သ မီး ရဲ့ …ခုနက ကောင်လေး က အဲလို လူမျိုးပေါ့ ။ သူကို ငယ်ငယ် ထဲက လေးလေး က ကြည့် လာ တာ။ သူတို့ တွေ ကို မိဘနဲ့ ဆရာ တွေ က စိတ် ရှည် လက် ရှည်သင် ရ သလို ၊ အဲလို သင်လို့ ရအောင် ၊ စိတ် ငြိမ်အောင် ၊ အာရုံ စူးစိုက် နိုင်အောင် တစ်ဘက် ကလည်း လေးလေး တို့ က ဆေး နဲ့ထိန်း ထား ရတယ်။ ”

“သူ့ မိဘတွေ ဆို ပညာ တတ်တွေပဲ….. သမီး ရဲ့ ။ အဖေရော အမေ ရော အင်ဂျင်နီယာ တွေ ပေမဲ့ သူ့ အမေ က ရာထူးတွေ ဘွဲ့ တွေ ပစ်ပြီး သူ့ သားအတွက်ပဲ သူ့ ဘဝ ကို မြှုပ် နှံ ထားတယ်။ ”

“ဟင် …ဒါဆို အဲဒီ အန်တီ ကြီး က အကောင်း ပေါ့ နော်…ဒါပေမယ့် အဲဒီ အန် တီ ကြီး ပုံ စံ က ဘယ် လို လဲ မသိဘူး ”

“ဒီ လို…. သမီး ရဲ့ autism တွေ က စိတ် မထင်ရင်မထင် သလို လုပ်ချင် ရာ ထ လုပ် တတ်တော့ သူတို့ ကို ထိန်း ရတဲ့ သူ မှာအမြဲတမ်း စိုး ရိမ် စိတ် နဲ့ နိုးကြားနေ ရတယ်။ အဲဒီ အမျိုး သမီး ဆို လုံ ချည်တောင် မဝတ် ဖြစ်ပဲ လွတ်လွတ် လပ်လပ် လှုပ်ရှား လို့ ရတဲ့ ဘောင်းဘီ တွေ ပဲ ဝတ် ရတာ သူ့ သားတစ်သက် ရှိ ရော့ မယ်။ ”

မေလေး လည်း အံ့ ဩပြီး ရင်း အံ့ ဩ နေသလို သူ့ အကြောင်း တွေ ဟာ ဘယ်လိုမှ မမျှော် လင့် ထား တဲ့ အဖြစ်တွေ မို့ ရင်ထဲ မှာလည်း နာကျင် ကြေကွဲ နေ မိတယ်။ မေလေးလည်း ဝဲ လာတဲ့ မျက် ရည် ကို လေးလေးမမြင်အောင် ထိန်း ရင်း

“အခု …သူတို့ … ရက်ချိန်း လာပြ တာလား…….. လေးလေး”

“ရက်ချိန်း မဟုတ်သေး ဘူး သမီး ရဲ့ ….သူတို့ က ဦး နှောက် ဖွံ့ ဖြိုး မှု သာ ပုံ မှန် မဟုတ်ပေမဲ့ ခန္ဓာကိုယ် က ပုံမှန် အတိုင်း ဖွံ့ ဖြိုး လာတာ ဆိုတော့ အရွယ် ရောက်လာတဲ့ ယောက်ျားလေး တစ်ယောက် ရဲ့ ထုံး စံ အတိုင်း ဆန့် ကျင်ဖက် မိန်း ကလေး ကို စိတ် ဝင်စား လာတာပေါ့ …သမီး ရယ်” ။
“ဒါပေမယ့် သမီးရယ်…..ပုံမှန်အတိုင်း ချင့်ချိန်တွေးတော နိုင် တဲ့ အသိဉာဏ် မှ မရှိတာ ….မဖြစ်သင့် တာတွေ ဖြစ် ကုန် မှာပေါ့ ။ …အခု ..ဒီ သူငယ် လေး လည်း ဒီ မနက် တုန်း က မိန်း ကလေး တစ်ယောက် နောက် ကို လိုက် သွား တာ သူ့ အမေ အချိန် မီ တွေ့ လိုက် လို့ တော် သေးတယ်။ အဲဒါကြောင့် လေးလေးဆီ ရောက် လာ တာ ”။

“ရှင် ”

မေလေး ဒီ တစ်ခွန်း ပဲ ထွက် နိုင် တော့ တယ်။ မနက် က တွေ့ ခဲ့ ရတဲ့ သူ့ ရဲ့ ရီ ဝေဝေ အကြည့် တွေ ၊ ဖရိုဖရဲ နဲ့ အပြေး လိုက်ခေါ်တဲ့ သူ့ အမေ ရဲ့ ပုံ တွေ ၊ အို ….ကုသိုလ်ကံ ဆိုးလိုက်တဲ့ ..သူရယ်…။ လေးလေး ဆက်ပြောနေတာ တွေ မေလေး နားထဲ မှာ ကြား တစ်ချက် မကြား တစ်ချက်..နဲ့ ။

“သူတို့ တွေ အဲလို မျိုး မျိုး ဖြစ် လာ ရင် လေးလေး တို့ က သမီး နားလည် အောင်ပြော ရရင် ဟိုမုန်း ကျဆေး လို ဟာ မျိုး on ပေး ရတယ်။ အဲဒါ မှ ဆန့် ကျင်ဖက် လိင် ကို စိတ်ဝင် စား တဲ့ စိတ်တွေ လျော့ သွား မယ်။ ဒါပေမယ့် ဘေး ထွက်ဆိုး ကျိုး တော့ ရှိ တာပေါ့ သမီး ရယ်။ အစားအသောက် ပျက် မယ်၊ ပိန်ခြုံး အားနည်း သွား မယ် ပေါ့ ”။

လေးလေး ကတော့ သူ့ လူနာ အကြာင်း ကို ဆက်ရှင်း ပြနေတယ်။ မေလေး သာ နှလုံး သား မှာ ပထမ ဆုံး ချစ် မိ သူ အတွက် မယုံ နိုင်ခြင်း တွေ နဲ့ ယူကျုံး မရ ဖြစ်ပြီး ဝမ်းနည်း ကြေကွဲ နေမိတယ်။ ဘယ် လို ဝဋ့် ကြွေး ကြောင့် များ လဲ ….ချစ်သူ ..ရယ်။ မေလေးရဲ့ နှလုံး သား အတွက် ကော …သူ့ အတွက်ကော ဝဋ် ကြွေး ရှိ ခဲ့ ရင် ကြေပါစေတော့ ….ချစ်သူ။
သား အပေါ် မေတ္တာ ကြီး လွန်း တဲ့အန်တီကြီး ကိုလည်း မေလေး စိတ် ထဲက ပြစ်မှား မိတာတွေအတွက် တောင်း ပန် ပါ တယ် …လို့ ။ ။

19 comments

  • မိုချို

    August 30, 2012 at 2:41 pm

    အော်တစ်ဆင် ကလေး တစ်ယောက် ရဲ့ အမေ အနေ နဲ့ မကြုံ ချင် ပေမယ့် နောင် တချိန်မှာ မလွဲ မသွေ ကြုံ လာ နိုင်တဲ့ အခြေအနေ တစ်ရပ် ကို ကြို တင် ခံစားပြီး ရင်ဘက်နဲ့ ရေး လိုက်တဲ့ စာတစ် ပုဒ်ပါ။
    အလုပ် လုပ် နိုင်ရဲ့ သားနဲ့ မလုပ်ရတဲ့ ဘဝ၊ ကိုယ့် ခြေထောက် ပေါ် ရပ်တည် လို့ ရ တဲ့ ဘွဲ့ တစ်ခု ရထား ပေမဲ့ မရပ်တည် နိုင် ပဲ ခင်ပွန်း သည် အပေါ် မှာ အလုံးစုံ မှီ ခိုနေရတဲ့ ဘဝ၊ အနာဂတ် မဲ့ နေတဲ့ သား တစ်ယောက် ကို ပြု စု စောင့် ရှောက်ရင် ကိုယ် တိုင် အနာဂတ်မဲ့ နေတဲ့ ဘဝ၊ အဲဒါ မိုချို ရဲ့ ဘဝ ပဲ။ ကိုယ့် ကို ကိုယ် စိတ်ဓါတ် မကျအောင် ဆွဲ တင်နေ ရတာက အလုပ် တစ်ခု လို ဖြစ်နေခဲ့ ပြီ။
    အော်တစ်ဆင် ကလေးတွေ က ဘယ်လောက်ပေါက် ကရ လုပ်တတ် သလဲ ဆို အိမ် က သားကို ဥပမာ ပြာပြ မယ်။ သူ အသက် ၉ နှစ်ရှိ ပြီ ။ခုထိ ကြက်ဥ တွေ ခွဲ လေ့ ရှိတယ်၊ ကော်ဖီမှုန့် တွေ ဖြုးတယ်။ လိုးရှင်းတွေ ၊ ကရင်မ်တွေ အကုန် ညှစ်ပစ်တယ်။ အခု ဒီ ပိုစ့် ရေး နေရင်း ကို အိမ်ရှေ့ က ဘရိတ်ကာ သွားချ လိုက် တယ်။ ကျမ က လပ်ပတော့ ကို ပလပ် အမြဲ တပ်သုံး တော့ ဘက်ထရီ ကို ဖြုတ် ထားတာ လေ့ ရှိတယ်။ ဒီပိုစ့် ရဲ့ တစ်ဝက်လောက် က ၂ ခါ ပြန် ရေး ထားတာ။ သူ့ကို အမြဲ မပြတ် စောင့် ကြည့် နေရတယ်။

  • Foreign Resident

    August 30, 2012 at 3:15 pm

    မ မိုချို ရေ ၊
    စာနာ ပါတယ်ဗျာ ၊
    ကုသိုလ်ကံ အလျှောက်ဖြစ်လာရတဲ့ လောကကြီးပေါ့ဗျာ ။
    ဒီ့ထက် ဆိုးတဲ့ ဘဝတွေ အများကြီး ရှိပါတယ်ဗျာ ၊ ယုံပါ ။

    Fighting !!!

  • Ma Ei

    August 30, 2012 at 3:17 pm

    မိုချိုရေ…
    စိတ်ပြေအောင် ပြောပြမယ်၊ရီလိုက်နော်…
    မိုချိုရဲ့ သားကလေးမှ မဟုတ်ပါဘူးကွယ်…
    အသက် ၉ နှစ်၊၁ဝ နှစ်ကလေးတွေ အဲ့လို ထွေလီကာလီ ဆော့ပါတယ်…
    ဥပမာပေးမယ်နော်…မအိကိုယ်တိုင် အဲ့ဒီအရွယ်က …
    -ကတ်ကျေးတစ်လက်ကို နှစ်ခြမ်းခွာကြည့်ပါတယ်…
    -ရေနွေးအိတ် ပျော့စိစိကို ဖေါက်ကြည့်ပါတယ်…
    -အမေ့ရဲ့ အပ်ချုပ်စက်ကို ကြိုးတွေဖြုတ်ထားတတ်ပါတယ်…
    -နို့ဆီဗူးကိုဖေါက်စုတ်ပြီး ပြန်ထည့်ထားတတ်ပါတယ်…
    -…
    -…
    -…

  • kai

    August 30, 2012 at 3:36 pm

    ကျုပ်လည်းစိတ်သက်သာအောင် ပြောပြမယ်..
    ယူအက်စ်က.. ကလေးတွေဆိုတာ… မွေးထားပြီး.. ၁၆-၁ရလောက်ဆိုအိမ်ကကပ်တော့တာမဟုတ်ဖူး..
    သမီးမွေးတော့.. နပ်စ်ပြောတာမှတ်မိတယ်..။ သမီးကို.. တခြားအခန်းရွှေ့တော့.. ကလေးခိုးခံရမှာစိုးလို့..စိတ်ပူပြီးလိုက်ကြည့်တာလေ..
    နပ်စ်က.. ကြည့်ထားတဲ့..။ဘယ်လောက်ကြည့်ကြည့်.. နောက်၁ရနှစ်ဆို.. ဒီကလေးတွေက.. အိမ်ကထွက်သွားတော့မှာတဲ့..။
    တကယ်လည်း..
    ကောလိပ်လည်း.. မိဘနဲ့ဝေးတဲ့ဆီ..တခြားမြို့ကို.. အတင်းသွားတက်ဖို့ပူစာကြတာ..မြင်ကြားနေရတယ်..။
    ပြဿနာတွေ.. တပုံတပင်…

    ဆိုတော့..
    တခါတလေ.. အော်တစ်ဆင် ကလေးတွေကိုကြည့်ပြီး…. ဒီကလေးတွေကျ.. တသက်လုံးမိဘအနားနေမှာပါလား… စိတ်ထဲ တွေးနေမိတယ်..
    (မနှိုင်းကောင်းပေမယ့် ).. တိရိစ္ဆာန်လေးတွေတောင်..အိမ်မှာ..ယုယ.. မွေးကြတာ.. အခုက.. ကိုယ့်သားသမီးသွေးရင်းပဲ…
    ချစ်ရတာ… အားရပါးရရှိကြမှာလို့…
    အတ္တတမျိုးကို.. အမြင်တမျိုးနဲ့..မြင်တွေးကြည့်တာပေါ့လေ…။

  • Mon Kit

    August 30, 2012 at 3:39 pm

    မမိုချိုကို ဘယ်လို နှစ်သိမ့်ပေးရမလဲတောင် မစဉ်းစားတတ်တော့ဘူး….
    စာနာ သနားမိပါတယ်….
    ဖြစ်လာသမျှကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှား နိုင်ပါစေလို့…
    ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်….

  • Wow

    August 30, 2012 at 3:50 pm

    လက်မတစ်ချောင်းထောင်ပြီး စာကိုကော လူကိုပါ အားပေးသွားပါတယ်နော်…

  • Khaing Khaing

    August 30, 2012 at 4:01 pm

    မမိုချိုရယ် ……. ညီမဒီပို့စ်ကို အခုဇာတ်သိမ်းမှ စဖတ်ရတာပါ ………. ဆုံးခါနီးမှာ ကလေးလေးက ရောဂါသည်လေးလို့ သိလိုက်ရချိန်မှာ မိခင်ဘက်ကနေစာနာပြီးအရမ်းသနားမိတယ် ……… အခုမမိုချိုက လည်းဒီလိုမိခင်မျိုးဆိုတော့ ညီမလေ အမရေးတဲ့စာကို ရင်ထဲနှလုံးနဲ့ရင်းပြီး ဖတ်သွားပါတယ် …… တစ်လတစ်ခါသာဖျားတတ်တဲ့ သမီးလေးကို ပြုစုရတဲ့ညီမက သောကများလှပြီးလို့ထင်နေတာ … အခုလို ရက်ရှည်လများခံစားနေရတဲ့ ဝေဒနာကို ပြုစုစောင့်ရှောက်ရတဲ့မိခင်တစ်ယောက်ရဲ့ စိတ်သောကကို ညီမကိုယ် ချင်းစာနားလည်ပါတယ် ….. ညီမရဲ့ကော်မန့်လေးက မမိုချိုအတွက် စိတ်သက်သာရမရပေမယ့် သားလေးအတွက် ပူဆွေးနေတဲ့သောကကနေ ခဏတဖြုတ်လောက်ကင်းဝေးပါစေလို့ ….

    ညီမလည်းဒီရွာကိုမဝင်ခင်က ရုံးမှာတစ်နေကုန် အီးမေးလေးစောင့်ဖတ် မရှိရင်တခြားဘယ်နေရာမှာမှ ကြည့်စရာဖတ်စရာ မရှိခဲ့ဘူး ……. ညီမကအင်တာနက်ဝက်ဆိုဒ်တွေကို ဖွင့်လေ့တက်လေ့မရှိဘူးလေ …….. အလုပ်မရှိရင် စိတ်ထဲမှာ ခင်ပွန်းသည်အတွက်ပူနေတာရယ် သမီးလေးကိုအိမ်မှာထားခဲ့ရလို့ နို့ဝ အောင်မတိုက်နိုင်ခဲ့တဲ့ ကိုယ့်ဘဝကို ဝမ်းနည်းကျေကွဲခဲ့ရတယ် ……. ဒီဆိုဒ်လေးထဲဝင်ဖြစ်တော့ အနယ်နယ်အရပ်ရပ်က မိတ်ဆွေတွေရလာတော့ စိတ်ပူပန်တာတွေ ခဏပြေပျောက်ခဲ့ရတယ် … လူကလည်း လန်းဆန်းတက်ကြွလာခဲ့တယ် …… မမိုချိုလည်းညီမလို ဒီဆိုဒ်ကလေးက အမဘဝအမောတွေ ခေတ္တလောက်တော့ပြေပျောက်စရာနေလာလေးလို့ထင်မိလို့ ဒီကော်မန့်လေးကို လေးလေးနက်နက်ရေးပေးလိုက်ပါတယ် ……..

    ခင်မင်စွာဖြင့်
    Khaing Khaing

  • ရွှေ ကြည်

    August 30, 2012 at 4:29 pm

    မမိုချိုကို သားသမီးအတွက်ဘဝတခုလုံးပေးပြီးစောင့်ရှောက်နေတဲ့ မိခင်တယောက်အဖြစ်နဲ့လေးစားရပါတယ်အစ်မရယ်။ အားတင်းထားပါနော်။
    မမိုချိုတို့မိသားစုကျန်းမာပျော်ရွှင်ပါစေ။

  • Shwe Ei

    August 30, 2012 at 4:37 pm

    မိခင်မေတ္တာကြောင့်ကလေးက ပိုကျန်းမာလာမှာပါအမရယ်။ စိတ်ဓါတ်မကျပါနဲ့။

  • မိုချို

    August 30, 2012 at 4:47 pm

    စာကို ရော၊လူ ကိုရော အား ပေး ကြတဲ့ ရွာသူားတွေ ကို ကျေးဇူး အထူး တင် ပါတယ်။ သားရဲ့ ပြင် ပရုပ် သွင်ကို ကြည့် ပြီး စိတ် ဝင် စား နိုင် တဲ့ မေလေး လို မိန်း ကလေး တစ်ယာက်ယောက် တကယ်မရှိ လာနိုင် ဘူး လို့ မပြော နိုင်ပါဘူး။ ကစား ကွင်း ထဲ သွား ထိုင် ရင်း ကား ကိုသူ့ အရွယ် ကောင်မလေး တွေ လာ မိတ်ဖွဲ ကြ တာ ကို တွေ့ မိလို့ ပေါ် လာတဲ့ အတွေး တွေ ကို ဝတ္ထု လို ချ ရေး ကြည့် လိုက် တာ ပါ။ အခုတော့ ကလေး စိတ် နဲ့ ရိုးရီုး သာသား မိတ်ဖွဲ့ တာပါ။ နောင် ၁ဝ နှစ်လောက် မှာ ကြုံ လာနိုင် တဲ့ အဖြစ်တွေ ကို ကြို တွေး ကြည့်တာပါ။

  • amatmin

    August 30, 2012 at 4:53 pm

    အမမိုချိုရေ…
    ကျနော့ဘေးအိမ်မှာလည်း အဲ့လို ကလေးတယောက်ရှိတယ်ဗျာ..
    အမေက ၄၅ လောက်ရှိအုန်းမပေါ့..
    သား၂ ယောက်ရှိတာ အငယ်လေးက အဲ့လိုကလေးမျိုး..
    အဖေလုပ်သူက မလေးရှားမှာ..
    အဲ့အမခမျာ..သူ့သားလေးကို မလွတ်တမ်းစောင့်ကြည့်နေရရှာတာ..
    အင်မတန်ကို စိတ်ရှည်ရှည်နဲ့ အချိန်ပေးစောင့်ကြည့်ရတာမို့
    တခြားအလုပ်ထွက်လုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူးလေ..
    ပြီးတော့.လူသားတဦးကို တခြားလူသားတယောက်က..
    တသက်လုံး တဘဝစာအချိန်ပေးပြီး မလပ်စတမ်း
    စောင့်ရှောက်ဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စမို့…
    အခုလို မိခင်မေတ္တာအပြည့်နဲ့ စောင့်ရှောက်ပေးနေတဲ့
    အမမိုချို ကိုလေးစားပါတယ်..
    အားလည်းမလျော့ပါနဲ့ဗျာ…

  • မိုချို

    August 30, 2012 at 4:55 pm

    အဘ ဖော ရေ
    အားပေးလို့ ကျေးဇူး ပါ။ ကိုယ့် ထက် ဆိုးတဲ့ ဘဝ တွေ ကို ကြည့် ပြီး တော့ ပဲ ဖြေသိမ့် နေရတယ်ပေါ့။
    မအိရေ
    နို့ ဆီဘူး ဖောက် စုပ် ထားတော့ ချွဲ တွေ မကြပ်ဘူးလား။
    သူကြီး ရေ
    မိုချို ကအဲဒီ အတိုင်းပဲ တွေးတာ။ my lovely pet လေးဆိုလို့ အိမ် ကလူကြီး က သူ့ သား ကို အဲလို ပြောရ ပါ့ မလားဆိုပြီး စိတ်ဆိုး တယ်။
    ခိုင်ခိုင် ရေ
    အမေ ဆိုတာ ကတော့ အမေ ပဲ ပေါ့ နော်
    Mon Kit၊ ရွှေ ကြည်နဲ့ Shwe Ei ၊Wow တို့ရေ
    အမ ကတော့ အမြဲ အား တင်း တား လျက် ပါ ပဲနော် ။ အားပေး တာ ကျေး ဇူး ပါ။

  • mayjuly

    August 30, 2012 at 4:56 pm

    ” ခင်ပွန်း သည် အပေါ် မှာ အလုံးစုံ မှီ ခိုနေရတဲ့ ဘဝ ” အဲလိုတော့ မပြောပါနဲ့ အစ်မရယ် ..

    ခင်ပွန်းသည်က ခင်ပွန်းအလုပ်လုပ်နေရတာ … အိမ်က ဇနီးမယားက ဇနီးမယားအလုပ်လုပ်ပြီး
    မိခင်တာဝန်ပါထမ်းဆောင်နေတာပါနော် … ပိုပြီး မွန်မြတ်ပါတယ် … တာဝန်ကိုယ့်စီနဲ့ပါနော် …

    မိသားစုအားလုံး ပျော်ရွှင်မှု အပြည့်ခံစားရပါစေ …..

  • ပန်းစံပါယ်

    August 30, 2012 at 5:10 pm

    မိခင်နေရာကနေ ရင်ထဲမချိအောင် ခံစားရပါတယ်…။
    လူဘဝမှာ ဒီလိုပဲ မထင်မှတ်တာတွေ ရှိတတ်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့ရှင်။

  • အရီးခင်လတ်

    August 30, 2012 at 6:13 pm

    မိုချိုရေ

    အဆုံးသတ်လေးမှာ ဟယ် လို့ ဖြစ်သွားရပြီး တစ်ခုခု ကို ရိပ်မိလိုက်တယ်။
    ဒါဟာ စိတ်ကူးသက်သက်ဖြစ်မှာပါ တွေးလိုက်ပေမဲ့ မိုချို မှတ်ချက်လေးက အတည်ပြုပေးသွားတယ်။

    Rainman ကိုပြန်သတိရလိုက်တယ်။
    သားလေး မှာလဲ သူ့ဟာသူ တစ်နေရာရာမှာ ထူးချွန် မှာပါ။
    သားလေးအတွက် ကိုယ့်ဘဝကို ပေးထားတဲ့ အမေ မိုချို့ ကို တလေးတစား ဦးညွတ် ပါတယ်။
    လူတိုင်းရဲ့ မိသားစုဘဝ တိုင်း ဟာ ဘယ်တော့ မှ Perfect ဆိုတာမရှိပါဘူး။
    ဒီအတွက် ကိုအဘဖော စကား အတိုင်း Fight လို့ပြောချင်ပါတယ်။
    You Can Do it!!!
    Your Son Can Do it!!!

  • မောင်ပေ

    August 30, 2012 at 9:48 pm

    မမိုချိုရေ
    ကျွန်တော့် မဒမ်ပေ့ရဲ ့တူအရင်းလေးဟာလဲ အော်တစ်ဇင် ဖြစ်နေတာမို ့ ၊ ကိုယ်ချင်းစာပါတယ်ဗျာ
    မမိုချိုအနေနဲ ့စလုံးမှာ အော်တစ်ဇင် အထူးလေ့ကျင့်ပေးတဲ့ ဆေးရုံတွေ ကျောင်းတွေ ရှိတော့ ကံကောင်းပါတယ်ဗျာ ။ မြန်မာနိုင်ငံမှာတော့ ရန်ကုန်မှာပဲ ရှိသေးတယ်လို ့ပြောသံကြားဖူးတယ်

  • pooch

    August 30, 2012 at 10:55 pm

    အော်တစ်ဇင် ကလေးတွေအကြောင်း ရိုက်ထားတဲ့ ဆုရဇာတ်ကားတကားကို ကြည့်ဖူးတာကြောင့် ဒီလိုကလေးတွေရဲ့ မိခင် ဘဝကို ကိုယ်ချင်းစာမိပါတယ်။
    သူများနှစ်ဆ ပိုပင်ပန်းတာကိုး။မိဘမေတ္တာဆိုတာ နှိုင်းလို့ကို မရပါဘူး။
    ဒီလိုမိခင်တွေကိုလည်း ပိုလို့တောင် လေးစားပါတယ်။

    လူတိုင်းလူတိုင်းမှာ အားနည်းချက် အားသာချက်ဆိုတာ ရှိမြဲပါအမရေ။ ဘယ်သူမှ မပြည့်စုံပါဘူး ။
    ဆိုတော့ အားမငယ်ပါနဲ့ အမရေ ။ ကိုယ့်ဘဝရဲ့ ဆုလာဘ်တခုလို သဘောထားပြီး ရင်ဆိုင်လိုက်ပါ။

  • မိုချို

    August 31, 2012 at 8:51 am

    အမတ် မင်း ရေ
    အိမ်နီး ချင်း အမျိုး သမီးက သား အငယ် မှာဖြစ်လို့ တော်သေး တယ်၊ အကြီး တစ်ယောက် ရှိတော့နောင် အရေး အတွက် ပါ နဲနဲ စိတ် အေး ရ မှာပေါ့ ။
    မေ ဂျူး ရေ
    အမ ရဲ့ ငယ် ကတည်း ပင်ကို စိ်တ် က မှီခိုသူ အိမ် ရှင် မ မဖြစ်ချင်ခဲ့ ဘူး။ ကိုယ့် ဘဝ ကို အိမ် ထဲမှာ ကုန်ဆုံး ဖို့မတွေး ဖူးဘူး။ အခုတော့ ညီ မ ပြောသလို ပဲ ကိုယ့် အလုပ် ကိုယ် လုပ်တယ် လို့ ပဲ မှတ် လိုက် တော့ တယ်
    အရီး လတ်ရေ
    စိတ်ဓါတ် မကျ အောင် တော့ ကိုယ့် ဘာသာ ကြိုး စား နေပါတယ်။ သား ကိုတော့ ဘာ မှ မျှော်လင့်မထားမိပါဘူး ။ ဒါပေနဲ့ သဂျီး ဦး ခိုင် ပြော သလို ပဲဒီ လို ကလေး မျိုး က ကိုယ့် အနား မှာ တစ်သက်လုံး ထား ပြီး ချစ် လို့ ရတယ် ဆိုတော့ ကြံဖန် ပြီး ကျေနပ် ရ ပါတယ်။
    ကိုပေ
    မဒမ် ပေရဲ့ တူလေး က မန်းလေး မှာလား ၊အခုလောက် ဆို အဲလိုကျောင်းတွေ ရှိ လောက် ပြီ ထင်တယ်။ ရန်ကုန်မှာတောင် တော်တော် များ လာပြီ။ ဒီ စလုံး မှာကျောင်းတွေ ကောင်း သလောက် ကျမ တို့ က ပီအာ မဟုတ်တဲ့ အတွက် ကျောင်း လခ က သူ့ အဖေ လခ လောက် နီးနီး ရှိ တော့ မထား နိုင် ပါဘူး။ ရန်ကုန် မှာပဲ ပြန်ထားဖို့ စီစဉ် ထား ပါတယ်။ ဒီ ကို လိုက် မလာခင် ကလဲ ထား ဖူး ပါတယ်။
    ပု့ချ် ရေ
    အမ တို့ တော့ အော်တစ်ဇင် နဲ့ ပတ်သတ် တဲ့ ရုပ်ရှင်တွေ ကို တမင် တကာ ကို မကြည့် ဘူး။ သားတတ်ခဲ့ တဲ့ ကျောင်း တွေ က ကျောင်းသား မိဘတွေ ဆို အဲဒီ ကားတွေ ကို လက်ဆင့် ကမ်းပြီး ကြည့် ကြ တယ်။ အမတို့ ကတော့ ပိုပြီး စိတ် မကောင်း ဖြစ်ရ လို့ ကို ရှောင်တာ။ တကယ်တော့ သား သမီးဆို တာ ကို က ဆုလာဘ် တစ်ပါး ပါပဲ ။ကို နဲ့ ထိုက် တာ ကိုယ် ရ တာကတော့ ဘယ်လိုမှ ရှောင် လွှဲ လို့ မရဘူးပေါ့။
    ပန်း စံပယ်ရေ
    အားပေး တာ ကျေး ဇူးပါ။

  • Mobile

    December 13, 2012 at 10:53 pm

    ဖတ်ရှု့အားပေးသွားပါတယ်ခင်ဗျာ။

Leave a Reply