Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီမိုရွာဟုဆိုကြရာဝယ်…

ကြောင်ဝတုတ်September 4, 20121min795

အရင်ဆုံးပြောချင်တာတစ်ခုက ဒီစာရေးတဲ့နေတဲ့အချိန် ဆိုဒ်ပေါ်တင်သင့်မတင်သင့် တော်တော်ကြီးစဉ်းစားတယ်… ရေးပြီးတော့လဲ ပြောသင့်မပြောသင့်သေသေချာချာဆုံးဖြတ်ပြီးမှ ပြောသင့်တယ်ထင်လို့ပြောပါတယ်… အမှားတစ်စုံတစ်ရာပါခဲ့မယ်ဆိုရင်… တွေးခေါ်ရေးသားသော ကျွန်ုပ်၏ တာဝန်သာဖြစ်ကြောင်း ပြတ်ပြတ်သားသားတာဝန်ယူပါသည်…

အရင်ဆုံးပြောချင်တာက… ဂဇက်ဆိုတဲ့ရွာကြီးအကြောင်းပါ… ဂဇက်ဆိုတဲ့အွန်လိုင်းရွာကြီးကို ကျွန်တော်တို့အားလုံး မြတ်နိုးစွာ ဒီမိုရွာကြီးဟု နှစ်နှစ်သက်သက်လက်ခံထားသည်…  ဟုတ်ပါပြီ… ဒါဆိုရင် ရွာသူရွာသားတွေရော ဘယ်လောက်တောင်ဒီမိုဆန်နေကြပြီတုန်း… ဒီမိုဆိုတာကို ဘယ်လောက်အထိ လက်ခံထားနိုင်ကြပြီတုန်း… သေသေချာချာပြန်စဉ်းစားကြည့်ရအောင်…

အရင်ဆုံး ကျွန်တော်စိတ်မကောင်းစွာတွေ့ရတာက ရခိုင်အရေးဆွေးနွေးတိုင်း ဂဇက်မန်ဘာဝင်တွေ တော်တော်များများ အားရဝမ်းသာဝိုင်းဆဲကြတဲ့အဖြစ်… ဒီမိုရွာမှာ သူ့အမြင်ကိုရေးရင် ကိုယ့်ဘက်ကလဲ ခိုင်မာတဲ့အထောက်အထားနဲ့ တိတိပပချေပနိုင်ရင်ချေပ… မချေပနိုင်တဲ့အနေအထားဆိုရင် ပါးစပ်ပိတ်ပြီး ဒေါင့်မှာသွားထိုင်နေရုံပဲ… ပုဂ္ဂိုဟ်ရေးမနှစ်သက်မှုတစ်ခုနဲ့ ဗုဒ္ဓသာသာဝင်မဟုတ်သော အခြားသူတစ်ဦးဦးကို ဆဲရေးတိုင်းထွာတာ… ခါးအောက်ပိုင်းမိုးမွှန်အောင်ဆဲတာမျိုးက လူကြီးလူကောင်းဆန်သော အပြုအမူ မဟုတ်ဘူးဆိုတာတော့ ကောင်းကောင်းသတိပြုစေချင်တယ်… အခုအချိန်မှာ ကြီးကြီးကျယ်ကျယ်ပြောရရင် ကျွန်တော်တို့နိုင်ငံ ဒီမိုနိုင်ငံအဖြစ်ဦးတည်နေတယ်… အဲဒီတော့ မိမိကိုယ်တိုင်ဒီမိုအဖွဲ့အစည်းထဲမှာ ဘယ်လောက်အထိ ဝင်ဆန့်အောင်ရင့်ကျက်ပြီလဲဆိုတာကို မိမိကိုယ်တိုင်ဆန်းစစ်သင့်ပါပြီ…

အဲဒီလိုမှမဟုတ်ရင် ဒီမိုနိုင်ငံမှာ ဒီမိုကရေစီရလို့ ငါကတော့လုပ်ချင်ရာလုပ်မယ်… ငါလုပ်တာနဲ့ဆန့်ကျင်ရင် ငါ့ရန်သူပဲလို့သဘောထားနေသမျှ ဂဇက်ဆိုတဲ့ဒီမိုရွာရဲ့အနှစ်သာရလဲပျက်ဆီးမှာပဲ…

ထပ်ပြောရရင် လွတ်လပ်စွာကိုးကွယ်ခွင့်အကြောင်း… ဂေဇက်ရွာရဲ့စည်းကမ်းအမှတ်(၆)မှာ လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်၊ ခွဲခြားမုန်းတီးရေးကိုဖြစ်စေသောစာများမတင်ရ ဆိုတာပါတယ်…

အဲဒီတော့ စာရေးတဲ့လူကလဲ မိမိကိုးကွယ်ရာဘာသာမဟုတ်သော အခြားဘာသာများကို ဝေဖန်ခြင်း၊ အပြစ်ပြောခြင်းကို ရှောင်သင့်တယ်လို့မြင်ပါတယ်… အဲဒီတော့ ဂဇက်မှာ မူဆလင်တစ်ဦးဦးကဖြစ်စေ… ခရစ်ယာန်တစ်ဦးဦး သို့တည်းမဟုတ် မိုးပြာဂိုဏ်းဝင်တစ်ဦးဦးက ဂဇက်ပေါ်မှာသူ့ဘာသာအကြောင်းလာရေးမယ်ဆိုပါစို့… ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဘယ်လိုတုံ့ပြန်ကြမလဲ… ကိုယ်ကိုးကွယ်တဲ့ဘာသာမဟုတ်လို့ မကောင်း ပြောမှာလား ဝိုင်းဆဲကြမှာလား… ဒါဆိုရင် ဂဇက်ကဗုဒ္ဓဘာသာကိုးကွယ်သူများရဲ့ သီးသန့်ဆိုဒ်တစ်ခုလား… အဲဒါဆို ဒီမိုရွာဆိုပြီးဂုဏ်ယူထားတဲ့ ကျုပ်တို့မျက်နှာတွေကို ဓားနဲ့လှီးပစ်ရတော့မယ်…

ရှင်းရှင်းလေးပဲဗျာ… ကိုယ့်ယုံကြည်ရာ… ကိုယ့်ကိုးကွယ်ရာမဟုတ်ရင် မဆွေးနွေးပဲနေ…

မကောင်းတော့ဝင် မပြောတာအကောင်းဆုံးလို့ မျှော်လင့်ပါရဲ့… ဗုဒ္ဓဘုရားရှင်လဲ သူ့ရဲ့ဝါဒပြန့်ပွားဖို့ တခြားဘာသာရေးတစ်ခုခုကိုမကောင်းပြော နင်းတက်လာတဲ့ဗုဒ္ဓဘာသာမဟုတ်ဘူး… သူကိုယ်တိုင်မေတ္တာနဲ့ကြိုးစားပြီး ပြန့်ပွားအောင်လုပ်ခဲ့တာ… ကျုပ်တို့ဗုဒ္ဓဘာသာပြန့်ပွားချင်ရင် တခြားဘာသာတွေပြန့်ပွားအောင်လုပ်တာတွေကို စနစ်တကျလေ့လာပြီး ကျုပ်တို့နဲ့ကိုက်ညီမယ့်အချက်တွေကို အတုယူရမယ်… ပြန့်ပွားအောင်ကြိုးစားရမယ်…

ကိုယ်က ဘာမှမလုပ်ဘဲနဲ့ တခြားဘာသာရဲ့ လုပ်ဆောင်ချက်တွေကို အပြစ်ထိုင်ပြောနေတာ မကောင်းမြင်နေတာမျိုးကို ကိုယ်ကိုးကွယ်နေသောဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်ကရော သဘောကျမယ်ထင်နေကြသလားဗျာ…

ထပ်ပြီးအားမနာတမ်းပြောရမယ်ဆိုရင် ရိုဟင်ဂျာချစ်သူဆိုတဲ့တစ်ယောက်ရေးထားတဲ့ “ သာသနာဖျက်မှာလား၊ ဂုဏ်ဆောင်မှာလား၊ အရေချုံလား” ဆိုတဲ့ပိုစ့်မှာ ကော်မန့်ပေါင်း (၃၁)ခုနဲ့ ဝေဝေဆာဆာဆဲထားတယ်ပေါ့ဗျာ…

ကျုပ်တို့ အဲဒီနေရာမှာ တကယ်လုပ်ရမယ့်ကိစ္စက ဆဲဖို့မဟုတ်ဘူး… အဲဒီဆရာတော်အဲဒီအလုပ်ကို အဲဒီလိုလုပ်နေတာ တကယ်ဟုတ်မဟုတ်

လက်လှမ်းမီရာစုံစမ်းပေးပြီး တကယ်တန်းအဲဒီလိုမဟုတ်ဘူးဆိုရင်အချက်ကျကျနဲ့ မဟုတ်ကြောင်းတုံ့ပြန်ရမှာပါ…

တကယ်လို့များ အဲဒီဆရာတော်အနေနဲ့ အဲဒီအလုပ်ကိုတကယ်လုပ်နေတယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့အလုပ်ကို လုပ်တာဖြစ်တဲ့အတွက် ရှုပ်ချရမှာပါ… ဆရာတော် သာသနာပြုမှုလမ်းလွဲနေပါတယ်…

ဆရာတော်နိုင်ငံရေး လုပ်ချင်ရင် နိုင်ငံရေးလုပ်ပါ… နိုင်ငံရေးယောင်ယောင် သာသနာပြုယောင်ယောင်တော့မလုပ်စေချင်ပါ…

ခပ်ကြမ်းကြမ်းပြောရရင်… ဘုန်းကြီးတစ်ယောက်အနေနဲ့ ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်သင့်ပါတယ်…

အဲဒီလိုမဆင်မခြင်လုပ်တာကြောင့်နဲ့ မျက်စိမှတ်ဇွတ်မျိုးချစ်တွေ… ပြောသမျှယုံဖင်ကုန်းကန်တော့ ဗုဒ္ဓဘာသာဝင်တွေကြောင့်လဲ အမျိုးဘာသာ၊ သာသနာကိုညစ်နွမ်းမှုမဖြစ်စေချင်ပါ…

အဲဒါကိုပြောရင်းနဲ့ဆက်စပ်လို့ ဟိုတစ်နေ့က ဂဇက်ဆိုဒ်ကို ဒေါင်းအောင်လုပ်တဲ့တစ်ဖွဲ့ပေါ့…

အိုင်တီပညာအရ… လေးစာစရာကောင်းပါတယ်… မြန်မာလူငယ်တွေထဲမှာ အဲလိုလုပ်နိုင်တဲ့ သူတွေရှိတာ ဝမ်းမြောက်ဝမ်းသာပါဗျာ…

အဲဒီထဲက ကိုအယ်လ်ဖာဗားနစ်ရှင်းဟာလဲ အခုဂဇက်ထဲမှာ ဝင်နေပါတယ်… ဒါပေမယ့် ကျွန်တော်စိတ်မကောင်းတာတစ်ခုကဂဇက်မှာ

ဘာသာရေးကိစ္စရေးလို့ လာရောက်တရားစီရင်သလိုပုံစံမျိုးနဲ့လုပ်တယ်ဆိုတော့ နဲနဲလေးများ အာဏာရှင်ဆန်နေသလားလို့ဗျာ…

ကျွန်တော်တို့တတွေက အာဏာရှင်စနစ်နဲ့ပဲ နှစ်ပေါင်းများစွာအသားကျနေပြီးမို့ ကြီးနိုင်ငယ်ညှင်းအလုပ်တွေကိုပဲ အားရနေသလားလို့ ခင်ဗျားတို့အဖွဲ့သားများအားလုံးကို မေးချင်ပါတယ်… ဒီမိုနိုင်ငံကြီးကို အကျိုးပြုမယ့်ပညာရှင်များပဲဖြစ်စေချင်ပါတယ်… ရင့်ကျက်စေချင်ပါတယ်…

နောက်ဆုံးပြောချင်တာက ဒီမိုကရေစီကို ပါးစပ်နဲ့လိုချင်လို့မရပါဘူး…

မိမိကိုယ်ကိုကောင်းအောင်ကြိုးစားပြီး ကောင်းသောအလုပ်များကို အများအတွက်လုပ်ခြင်းဖြင့်သာ ဒီမိုကရေစီကိုဖော်ဆောင်နိုင်မှာပါ… မိမိတို့နာမည်ကြီးရေးနဲ့ နေရာရရေးအတွက် အခြားတစ်ဦးတစ်ယောက်အပေါ်နစ်နာစေခြင်းဖြင့် ဘယ်သောအခါမှ ဒီမိုမဖြစ်နိုင်ဘူးဆိုတာကို အစဉ်အမြဲသတိချပ်စေချင်ပါတယ်…

 

ကြောင်ဝတုတ်

၂၀၁၂၊ စက်တက်ဘာလ

62 comments

  • နွယ်ပင်

    September 4, 2012 at 11:14 am

    ကိုဖက်ရေ နွယ်ပင်ကတော့ ဘာမှ သိပ်မပြောတက်လို့
    လက်မလေးထောင်အားပေးရင်း ထောက်ခံသွားပါတယ် ….

  • htet way

    September 4, 2012 at 11:19 am

    ကောင်းလိုက်တဲ့ ဒဿနဗျာ
    အားပေးပါတယ်။

  • etone

    September 4, 2012 at 11:29 am

    ဘယာကြော်ပါ ချစ်ကိုကြီးကြောင်ဝတုတ်ရေ ! လက်မထောင် အားပေးသွားပါတယ် ။
    အာဏာရှင်စနစ်အောက်မှာ လူဖြစ်ခဲ့တာမို့ ၊ အာဏာရူး ၊ ဘနှဖူးသိုက်တူးသူတွေရဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်ကို ရွံ ့မုန်းမိပါတယ် ။ အခု ရွာထဲမှာလည်း ဆွေးနွေးညှိနှိုင်းမှု မပါပဲ ၊ အာဏာရှင်ဆန်ဆန် အထက်စီးက ပြောဆို ဆက်ဆံနေတာလေးတွေမြင်ရတော့ ၊ မနှစ်မျို့သလို စိတ်ခံစားမှုတွေဖြစ်လာမိတယ် ။ အာဏာရှင်စနစ်ရဲ့ အငွေ့သက်တွေ ကျန်နေသေးတာ …. နှစ်တစ်ထောင် ကြိမ်စာတိုက်ခဲ့လေသလား …. ။ 🙄

  • ကထူးဆန်း

    September 4, 2012 at 11:31 am

    ဘရာကြော် အကြီးကြီးဘဲ ဗျို့ ..
    အရီးလတ် ရဲ့ ကွန်းမန့်လေး လဲ အရီးလတ် ခွင့် မတောင်းဘဲ ထည့်တာ ထည့်ခွင့်ပြု ပါခင်ဗျ ။ ဒီမိုရွာ အနေနဲ့ ခွင့်မတောင်းပေမဲ့ credit ပေးပြီးထည့်တာပါခင်ဗျာ… 😀
    http://myanmargazette.net/146805/creative-writing

    အားလုံးကိုဘဲ
    ကိုယ့်ပြသနာ မဟုတ်တဲ့ သူများပြသနာ ကို သွားကြည့်ကြရအောင်။

    ဘုရားသခင် ကို ယုံကြည်တဲ့ ဘာသာတွေ ကို ပက်ပက်စက်စက် ဝေဖန်ပြီး စာအုပ်တွေ ထုတ်လေ့ရှိတဲ့ အီဗော်လူးရှင်း သိပ္ပံပညာရှင် (Richard Dawkins) ရဲ့ စာအုပ်တစ်အုပ် ထဲက ရေးထား တဲ့ မှတ်ချက်လေးပါ။
    အများအယူမှာ
    ဘာသာရေး ကို လိုက်နာ ကိုင်းရှိုင်း သူတွေဟာ သူတို့ ရဲ့ အပြောအဆို အကျင့်အကြံ အားလုံးဟာ မေတ္တာ နဲ့ယှဉ်ပြီး နေတယ်ပေါ့။
    ဘာသာရေး မရှိသူ တွေကတော့ စည်းလွတ် ဘောင်လွတ် ပေါ့လေ။
    ဒီတော့ အဲဒါနဲ့ ပါတ်သက် လို့ သူပေးထားတဲ့ မှတ်ချက် က
    ဘုရားသခင် မရှိတာ ကို ဝေဖန် လိုက်တာ နဲ့ သူ့ဆီ ကို ဆဲစာတွေ၊ ပစ်စာတွေ အများကြီးရောက်လာသတဲ့။
    သူတို့ ဘုရားသခင် ကို စော်ကား လို့ မင်း ကို သတ်ပစ်မယ် တို့၊ အသေဆိုး နဲ့ သေပါစေတို့၊ ဘုရားသခင် က ဒါဏ်ခတ်မယ်တို့ စသဖြင့်ပေါ့။
    ဒီမှာတင် သူ့မှာ အကွက် ပိုရသွားတာ က
    ဘာသာရေးကြောင့် မေတ္တာ နဲ့ယှဉ်ပြီး နေရမဲ့ သူတွေ က ဘာလို့ သူများ ဒုက္ခရောက်အောင် ကျိမ်ဆဲ ကြတာလဲတဲ့။
    အဲဒီ ကထဲ ဘာသာရေး ကို ယုံကြည်လေးစား တာ နဲ့ ကိုယ်ကျင့်တရားကောင်း လူများကို မေတ္တာ ထားခြင်း ဟာ ဘယ်လို ဆိုင်ပါတော့ မလဲတဲ့။
    ဘာသာယုံကြည်မှု နဲ့ ပါတ်သက်ပြီး အရမ်းစိတ်ဝင်စားဖို့ ကောင်း တဲ့ စကားလုံးတွေ အများကြီးရှိပါသေးတယ်။

    ကဲ ကိုယ် ဆိုရင်ကော၊ ဘယ်လို လုပ်မလဲ။
    လူတစ်ယောက် နဲ့ တစ်ယောက် အတွေးအခေါ်၊ အယူဝါဒ၊ နေထိုင်ပုံ ကွဲကြပါတယ်။

    ဒီတော့ကာ
    အားလုံးကို ကျွန်မ လေးစားစွာ နဲ့ မေတ္တာရပ်ခံပါတယ်။
    ဒီမှာ စာဖတ်/စာရေး ကြတာ ကိုယ့် ကိုယ်ကျိုးထက် အများ ကို ဝေမျှ စေချင်လို့ လို့ ယူဆပါတယ်။
    ကိုယ်ပြောချင်တာ ဟာ သူတပါး ကို မထိခိုက်အောင် မေတ္တာရှေ့ထား ပြောမှ ကိုယ့် ကိုးကွယ် ယုံကြည်ရာ ဘာသာဟာ ဂုဏ်တင့်မယ် ဖြစ်ကြောင်း သိစေအပ်ပါတယ်။

    နောက်တစ်ချက်က သူများက ကိုယ့်ကို ဝေဖန်ရင်လဲ အပြုသဘော နဲ့ ဆောင်ပြီး စမ်းစစ်မှ အမှန်မြင်နိုင်မှာ ဖြစ်ကြောင်းလဲ အသိလေးဝင်စေလိုပါတယ်။

    ကျွန်မ တို့ ကို တဏှာ၊ မာန၊ ဒိဌိ တွေ က အမြဲ တံခါးခေါက် ဆဲနေတာတွေ အပေါ်မှာ စိတ်ဆိုး၊ ဒေါသ ထွက် မနေရ အောင် သတိ၊ ပညာ လေး လက်ကိုင် ထားကြစေ လိုကြောင်း လဲ remind လုပ်ပေးပါရစေ။

    လေးစားစွာဖြင့်

    PS –
    သူများ မဖြေချင်တာ ကို မမေးကြစေလိုပါဘူး။
    ကိုယ့်ဟာကို သွားဖတ်ပြီး အမှားအမှန် ဆုံးဖြတ်ပါ။
    ဒါပေမဲ့ ကိုယ်နဲ့ အဖြေ မတူတိုင်းလဲ ရန်သူ လို့ သတ်မှတ်လို့ မရပါဘူး။
    သူ့မှာလဲ သူ့အကြောင်းသူရှိမှာပါ။
    ကိုယ့်တာဝန်က အဲဒီ အယူကို မှားတယ် ထင်ရင် မှန်တာ ကို လူအများ သိအောင် ယဉ်ကျေးစွာဖြန့် ပါ။

    အရီးလတ်က တော့ ဒီကော့မန့် ထည့်လိုက်ကို ပိုကောင်းသော ကွန်းမန့်လေးလဲချီးမြှင့်ပေး ပါဦးလို့ .. :mrgreen:

  • ကိုခင်ခ

    September 4, 2012 at 11:32 am

    မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊
    မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊
    မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်၊
    မိမိတိုင်ပြည်အတွက် ကောင်းအောင်ကြိုးစားမည်။

    မူလတန်းတုံးက မတ်တက်ရပ် လက်ပိုက်ပြီး ဆိုခဲ့ရတဲ့ကဗျာလေးပါ။
    အခုတော့ မိမိကိုယ်ကိုကောင်း ကြိုးစားလာတာ အရွယ်တောင်လေးဆယ်ကျောြ်ပီ ကိုကြောင်ဝတုတ်ရေ၊ အခုထိတော့ စိတ်တိုင်းကိုမကျသေးလို့ ဆက်ကြိုးစားလိုက်အုံးမယ်၊ ပြီးရင်တော့ ကျန်တဲ့အချက်တွေ ဆက်သွားရမှာပေါ့ဗျာ။

  • Rose Minn

    September 4, 2012 at 11:40 am

    ကိုယ်ကြိုက်တာ ကိုယ်လုပ် …………… ကျား။
    ကိုယ့်ယုံ ကြည်ရာ ………..ကိုယ်ဆက်လျှောက်။
    ကိုယ့်လမ်းကိုယ်………….သွား။
    ကိုယ့်ကိုယ်ကိုယ်သာ…….ကိုးကွယ်ရာ။
    ကိုယ့်ကိုယ်ကိုယ်သာ စမ်းစစ် ပြုပြင် ရပါမယ်။
    ကိုယ့်ကိုယ်ကိုယ်ပဲ ……..အစဉ်အမြဲသတိပေးနေပါသည်။

  • Shwe Ei

    September 4, 2012 at 11:44 am

    မှန်ပါတယ်ကဖတ်ကပ်ရေ။ အရီးလတ်ပြောထားသလို ဘာသာရေးကိုအကြောင်းပြုပီး ဆိုးဆိုးရွားရွား စကားလုံးတွေသုံး ငြင်းကြတာမကောင်းပါဝူး။

    ရွာသားအချင်းချင်းရန်ဖြစ်ချင်းကင်းရှင်းကြပါစေ။

  • မောင်ပေ

    September 4, 2012 at 11:48 am

    ဒီမိုရွာ
    အပီဆိုမှာ
    ပလီကိုယ်ပါ
    ဆီပိုညာ
    အီကိုဟာ
    ညှီချိုလာ

  • မာလိန်မှုူး

    September 4, 2012 at 12:03 pm

    ညှီဆိုလာ
    နီ ဆိုတာ
    အပိုတွေမပါ
    ပျိုကညာ
    လိုချင်တာ
    ငိုနဲ့ကွာ

  • ရဲစည်

    September 4, 2012 at 12:45 pm

    အဟမ်း အဟမ်း ….
    ဒီတော့ကာ
    ဘာတွေ ဆက်ဖြစ်ကျမလဲ
    ဘယ်သူတွေ ဘာတွေ လုပ်ကျမလဲ ဆက်ကြည့်ကျ သေးတာပေါ့နော
    ဪ လဒူ လဒူ …. လူဒေ…လူဒေ

  • Novy

    September 4, 2012 at 12:45 pm

    ကြောင်ဝတုတ်ရေ.
    5ခုမြောက်လက်မလေးထောင်ခဲ့ပါတယ်

  • pooch

    September 4, 2012 at 1:29 pm

    ကိုဝတုတ်ရေ ကျမလည်း အကြောင်းအရာတခုကို ဆွေးနွေးကြ ပြောကြငြင်းကြ ခုန်ကြတဲ့နေရာမှာ အကြောင်းမဲ့ ဆဲရေးတိုင်းထွာတာ ပုဂိ္ဂုလ်ရေးကို ဦးတည်ပြီး တိုက်ခိုက်ပြောဆိုကြတာကို မြင်ရင် အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။

    အစွဲမကင်းသေးတော့ လူဆိုတော့ ကိုယ်တိုင်လည်း တခါတခါမှ ပြောပစ်ချင်စိတ်တွေရှိပါတယ်။ ဒါပေမဲ့
    ဒေါသကို ဆင်ခြင်ဉာဏ်နဲ့ ချွန်းအုပ်တတ်တဲ့သူတွေ အသိတရားဦးစီးတဲ့ သူတွေ သာ လောကမှာရှေ့ဆောင်အောင်မြင်နေလေ့ရှိပါတယ်။ လူတွေမှာ တိရိစာ္ဆန်ထက်သာတဲ့ အရာဆိုလို့ အသိဉာဏ်ဆိုတာပဲ ရှိတယ်ဆိုတဲ့ စကားကိုလည်း မကြာမကြာသတိရပါတယ်။

    ဘာပဲ လုပ်လုပ် ဘာပဲတွေးတွေး ဘာပဲ ပြောပြော ကိုယ့်ကြောင့်လူတဖက်သား မထိခိုက်အောင် အသိလေးထိန်းပြီး ပြောကြနေကြမယ်ဆိုရင် သူတပါးအတွက်ကောင်းသော လူ့ပတ်ဝန်းကျင်လေး တခု ကျမတို့ ထူထောင်နိုင်မှာပါ။ ဂဇက်ဟာလည်း ကျမတို့အတွက် ကောင်းသောပတ်ဝန်းကျင်တခုလို့ ယုံကြည်ထားပါတယ်။

    သာသနာ့ဝန်ထမ်းများကိုလည်း အကျိုးအကြောင်းဆီလျော်တဲ့ အပြုအမူအယူအဆများနဲ့သာ မြင်လို တွေ့လိုပါတယ်။ လူတွေကိုလည်း ရင့်ကျက်တဲ့အမြင်နဲ့ တွေးကြပြုမူကြစေလိုပါတယ်။

  • surmi

    September 4, 2012 at 1:45 pm

    ခုနှစ်ခုမြောက် လက်မကကျုပ်ပဲ
    ရွာသူားတွေ အများစုညီညာတာတွေ ့ရတော ့ဝမ်းသာမိတယ်
    ရွာသူကြီးလဲ အတော်ဂုဏ်ယူဖို ့ကောင်းနေပြီ
    ဒီလိုရွာသူားတွေ ရွေထက်ရှားတယ် လို ့

  • kthwinzayarmyo

    September 4, 2012 at 2:36 pm

    ဒီမိုရွာမှာ ဒီအချိန် ဒီပိုစ့် လိုအပ် နေတယ်လို့ မြင်ပါတယ်
    သကြီး ကိုယ်စား ကျေးဇူးတင်ပါတယ်
    စာရေးသူရဲ့ စေတနာကို မြင်မိပြီး ရွာသားတစ်ယောက် အနေနဲ့ ကျေးဇူးတင်ပါတယ် ၊ဒီမိုရွာသားတစ်ယောက် အဖြစ်ခံယူရင်း ဒီမိုရွာသားပီသအောင် ပြောဆို ရေးသားသွားမည်ဟု ဂတိပြုပါကြောင်း

  • ပစ်ပစ်ချန်

    September 4, 2012 at 3:08 pm

    ————————————————————————
    ပုဂ္ဂိုဟ်ရေးမနှစ်သက်မှုတစ်ခုနဲ့ ဗုဒ္ဓသာသာဝင်မဟုတ်သော အခြားသူတစ်ဦးဦးကို ဆဲရေးတိုင်းထွာတာ… ခါးအောက်ပိုင်းမိုးမွှန်အောင်ဆဲတာမျိုးက လူကြီးလူကောင်းဆန်သော အပြုအမူ မဟုတ်ဘူးဆိုတာတော့ ကောင်းကောင်းသတိပြုစေချင်တယ်…

    ဟုတ်ပါ၏
    ————————————————————————
    အဲဒီလိုမှမဟုတ်ရင် ဒီမိုနိုင်ငံမှာ ဒီမိုကရေစီရလို့ ငါကတော့လုပ်ချင်ရာလုပ်မယ်… ငါလုပ်တာနဲ့ဆန့်ကျင်ရင် ငါ့ရန်သူပဲလို့သဘောထားနေသမျှ ဂဇက်ဆိုတဲ့ဒီမိုရွာရဲ့အနှစ်သာရလဲပျက်ဆီးမှာပဲ…

    ဟုတ်ပါ၏
    ————————————————————————
    ရှင်းရှင်းလေးပဲဗျာ… ကိုယ့်ယုံကြည်ရာ… ကိုယ့်ကိုးကွယ်ရာမဟုတ်ရင် မဆွေးနွေးပဲနေ…

    ဟုတ်ပါ၏
    ————————————————————————
    ကျွန်တော်တို့တတွေက အာဏာရှင်စနစ်နဲ့ပဲ နှစ်ပေါင်းများစွာအသားကျနေပြီးမို့ ကြီးနိုင်ငယ်ညှင်းအလုပ်တွေကိုပဲ အားရနေသလားလို့ ခင်ဗျားတို့အဖွဲ့သားများအားလုံးကို မေးချင်ပါတယ်…

    ဟုတ်ပါ၏
    ————————————————————————
    မိမိကိုယ်ကိုကောင်းအောင်ကြိုးစားပြီး ကောင်းသောအလုပ်များကို အများအတွက်လုပ်ခြင်းဖြင့်သာ ဒီမိုကရေစီကိုဖော်ဆောင်နိုင်မှာပါ… မိမိတို့နာမည်ကြီးရေးနဲ့ နေရာရရေးအတွက် အခြားတစ်ဦးတစ်ယောက်အပေါ်နစ်နာစေခြင်းဖြင့် ဘယ်သောအခါမှ ဒီမိုမဖြစ်နိုင်ဘူးဆိုတာကို အစဉ်အမြဲသတိချပ်စေချင်ပါတယ်…

    ဟုတ်ပါ၏
    ————————————————————————

    စာသားလေးတွေက မှတ်သားစရာပါပဲ။
    လက်မထောင်သွားပါတယ်ရှင့်။ 🙂
    စည်းနဲ့ကမ်းနဲ့ လစ်ဘရယ်ယောက်ျား တိုတိုဂီ့နှမ စည်းမဲ့ကမ်းမဲ့ လစ်ဘရယ်တရယ် ပစ်ပစ်ချန် :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 4, 2012 at 3:14 pm

    ဆဲဒဲ့အကြောင်းဒေဂို မိုးမွှန်အောင်ရှုပ်ချနေဂျဒေါ့ ကျုပ်ဂိုရှုပ်ချနေဂျဒယ်လို့ခံဇားရဒယ်
    ဒီတွက်ကျုပ် တော်တော်ဒေါခွီးဒယ် 👿 ဂွီဂွီးဂွမ်ဂွမ် ပွမ်ပွမ်
    ကျုပ်ဂိုပြန်တောင်းဘန်ဂျဘာ
    ဘယ့်နှယ့်ကြောင့်ဒီလောက်တော်ဝိုင်းနှိပ်ကွတ်နေရသဒုံး
    ဒေါခွီးတာလဲခွီးပေါ့
    သဂျီးမင်းအလိုတော်ကျအတိုင်းတော့ သူများနဲ့မတူအောင် နည်းနည်းပါးပါးမန်းမှုတ်ရပေအုန်းမပေါ့
    အကြောင်းရှိလို့ အကျိုးဖြစ်တယ်ဆိုလား
    လောက ( သဘာဝတရား ) ထဲ ယဉ်ကျေးခြင်းဆိုတာရဲ့ ထင်ပေါ်ကျော်ကြားမှု့ဟာ
    မယဉ်ကျေးခြင်းအကြောင်းဘဲလို့ ဆိုဂျင်ဘာဒယ်
    တစ်နည်းပြောရရင် ရိုင်းပျခြင်းပေါ့
    ဆိုလိုတာက ရိုင်းစိုင်းခြင်းသာမရှိရင် ယဉ်ကျေးမှု့ဆိုတဲ့ဝေါဟာရလည်းပေါ်ပေါက်လာမှာမဟုတ်ဘူး
    ဒီ့တွက် ယဉ်ကျေးမှု့အမှတ်သားလည်းရှိလာတော့မှာမဟုတ်ဘူး
    ကြာပွင့်တွေဟာ ရေပေါ်မှာလှပဖို့ အောက်ခြေက ရွှံ့နှုံးတွေကိုအခြေခံရတယ်
    ဒါ့ကြောင့်ခင်ဗျားတို့သိပ်တန်းဘိုးထားတဲ့ ယဉ်ကျေးခြင်းဆိုတာ ရိုင်းစိုင်းခြင်းတွေကြောင့်ဖြစ်လာတယ်လို့
    ဆိုခဲ့ပြီးဖြစ်တဲ့အတွက်
    ခင်ဗျားတို့ကို လူ့ယဉ်ကျေးတွေပါလို့ ထင်ပေါ်ကျော်ကြားလူအထင်ကြီးလာစေဘို့
    မယဉ်မကျေးရိုင်းရိုင်းစိုင်းစိုင်းဆဲရေးတိုင်းထွာတဲ့ လူတွေကို ကျေးဇူးသိတတ်ဘို့မပြောဘဲနဲ့
    ဝိုင်းပြီးရှုပ်ချနေဂျဒေါ့
    ခင်ဗျားဒို့ဒေဟာ တော်တော်ကျေးဇူးကန်းတတ်ဒါဘဲ 👿
    $#@$%*&^%$#@%^)(*&^%$##
    ဂိန်ဂိန်ဂိန်

    • ကြောင်ဝတုတ်

      September 5, 2012 at 2:49 pm

      အဘပုကိုတော့ ပြောချင်တာလေးတစ်ခုရှိပါတယ်…
      ဂဇက်မှာ ဆဲတတ်တဲ့အဘကို ကျွန်တော်အပြစ်မြင်တာမဟုတ်ပါဘူး…
      မဆဲရလို့ စည်းကမ်းထုတ်ထားတဲ့အထဲမှာ အဘရဲ့ချစ်စရာကောင်းတဲ့အဆဲလေးတွေက ဂဇက်ရဲ့ထရိတ်မတ်(ခ)တစ်ခုလို့ပြောရင်တောင်ရပါတယ်…

      ကျွန်တော့်အမြင်မှာ ဆဲတယ်ဆိုတဲ့နေရာမှာ နှစ်မျိုးနှစ်စားကွဲပါတယ်…
      လူတစ်ယောက်ကို နစ်နာစေလိုလို့ ဆဲတာနဲ့… ခင်မင်ရင်းနီးစွဲရှိလို့ ဆဲတာမျိုးပါ…
      အဘအဆဲက ခင်မင်ရင်နီးစွဲမို့ တစ်ခါတစ်လေ စေတနာမချင့်မရဲဖြစ်လို့ဆဲတာမျိုးကို
      ကျေကျေနပ်နပ်ခံနိုင်ပေမယ့်….
      ဘောလုံးပွဲမှာ ကိုယ်တိုင်ဝင်ကန်ရင်တောင် ကွင်းထဲကန်နေသူလောက်သောက်သုံးမကျဘဲနဲ့
      မိုးမွှန်အောင်ဆဲတဲ့ကိစ္စမျိုးကို ပြောတာပါဗျာ….

      အဘဆဲမယ်ဆိုလဲခံနေတဲ့…
      ကြောင်ဝတုတ်

      • စိန်ဗိုက်ဗိုက်

        September 6, 2012 at 2:44 pm

        အောင်မာ.အောင်မာ..
        လူရိုင်းကဘာက လာတဲ့ အဆဲဝိတ်စာ အယုတ်၁မာ အဆဲ ချန်ပီယံကို
        မြှောက်ပေးနေပြန်ဘီ.
        ကိုကြောင်ဖတ်တီးတော့ ကြက်ဖင် အကယ်ဒမီ နဲ ့ တွေ ့တော့မှာဘဲ

  • San Hla Gyi

    September 4, 2012 at 5:36 pm

    ကိုကြောင်ဝတုတ်ရေ
    ပို့စ်ကောင်းလေးမို့လို့ နည်းနည်း ဝင်ပြောကြည့်အုံးမယ်။ ကိုကြောင်ဝတုတ် ပြောတာ ဟုတ်ပါတယ်ဗျ။ ကိုယ်ယုံကြည်ရာ ကိုယ့်ကိုးကွယ်ရာ မဟုတ်ရင် မဆွေးနွေးပဲနေ ဆိုတာ တော်တော် မှန်ပါတယ်။ အခုရက်ပိုင်း ဖြစ်တဲ့ ကိစ္စတွေက ပြောရတော့ ခက်သလိုပဲ။ ဒီလိုပါ။ ခရစ်ယာန်ဘာသာတို့ မွတ်ဆလင်ဘာသာတို့ ကျတော့ ပြောရရင် သူလည်း သူ့ဟာသူနေ ကိုယ်လည်း ကိုယ့်ဘာသာနေ ဆိုတဲ့ သဘောမျိုး ဆိုတာ ရှင်းတယ်ဗျ။ ဒါပေမယ့် ဒီမိုးပြာဝါဒ ကျတော့ တမျိုးဗျ။ ဘာလို့လဲဆိုတော့ သူတို့ကို တခြားဘာသာလို့ ပြောလို့ မရတော့ဘူး။ သူတို့ကိစ္စက မရှင်းဘူး။ ဘာလို့လဲဆိုတော့ သူတို့ကလည်း ဗုဒ္ဓဘုရားရှင်ရဲ့ နာမည်ကို သုံးတာကိုး။
    ဒါဖြင့် မဟာယန ဗုဒ္ဓဘာသာ ကျတော့ရောလို့ မေးရင် မဟာယန ဗုဒ္ဓဘာသာက ထေရဝါဒနဲ့ လမ်းခွဲပြီးကတည်းက အချင်းချင်း ဆွေးနွေးမှု မရှိတော့ဘူးဗျ။ လမ်းစဉ်ချင်းကလည်း တလမ်းစီလို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် မိုးပြာဝါဒကျတော့ မဟာယနလိုလည်း မဟုတ်ပြန်ဘူး။
    အမှန်တော့ ကျနော့်စိတ်ထင် နည်းနည်း လမ်းလွဲသွားတယ် ထင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဘက်ကလည်း နည်းနည်း လွန်သလိုတော့ဖြစ်သွားတယ်။ အဲဒါက ဘာလဲဆိုတော့ မိုးပြာဆရာတွေကို မနေနဲ့ ထွက်သွားဆိုတဲ့ သဘောမျိုးစပြီး မောင်းထုတ်လိုက်တာပဲ။ ကျနော် သိသလောက် သူတို့ရေးနေတာ တော်တော် ကြာပါပြီ။ တကယ်လည်း သူတို့ကို မောင်းထုတ်ခွင့် မရှိပါဘူး။ သူတို့ မှားတယ ်ထင်ရင်လည်း ဆွေးနွေးနိုင်တယ်ပေါ့လေ။ ဒီရွာသူရွာသားတွေ မပျော်တာ ဒီလူတွေကြောင့် သူတို့ကြောင့် တချို့လူတွေလည်း ထွက်သွားပြီ။ ဒီတော့ ခင်ဗျားတို့ မနေနဲ့ ဆိုတဲ့သဘောမျိုး ပြောလိုက်မိတာပဲ။
    အဲဒါကို ကျနော်ကလည်း ဝင်ပြီးတော့ ရွာသားတွေက ဘာလို့ ထွက်သွားရမှာလဲ တကယ်ဆို ကိုယ်က အများစုပဲ။ သူတို့ကို ယှဉ်ပြီး ဆွေးနွေးနိုင်သင့်တယ်လို့ ဝင်ပြီး အာချောင်လိုက်တယ်။ တိုက်ဆိုင်လို့လားတော့ မသိဘူး။ အဲဒီနောက်ပိုင်း ပို့စ်တွေ တခုပြီးတခု တတ်လာတော့တာပဲ။ အမှန်တော့ ကျနော်က ရွာသားတွေအနေနဲ့ သူတို့ကို ယှဉ်ပြီး ဆွေးနွေးသင့်တယ်ဆိုတာ သူတို့ပြောတဲ့ ရုပ်တရားတို့ ပရမတ်တို့ အကြောင်းက ိုပြောတာ။ ဦးဉာဏတို့ ငါးပါးသီလတို့ မဟုတ်ဘူး။ အင်းကြည့်ရတာ ပုလဲဆိပ်ကမ်းကို ဂျပန်လေယာဉ်တွေ အငိုက်ဖမ်းပြီး ဗုံးကြဲနေသလိုပဲ။ အမှန်တော့ သူတို့ကို ပြောခွင့်ပေးပြီးမှ ကိုယ်က သူတို့ကို ဆွေးနွေးသင့်တာလို့ ထင်တယ်။ သူတို့က ဘာမှ မဖြေရင်လည်း တမျိုးပေါ့။ ဒါပေမယ့် ကျနော်သိသလောက် ဒီမိုးပြာဆရာတွေက ပြန်တော့ ဖြေကြပါတယ်။ ကျနော့်စိတ်ထင် သူတို့ထဲမှာ ဘုန်းကြီးရဟန်း ဝတ်ဖူးတဲ့လူတွေ အဲဒီစာပေကို လေ့လာဖူးတဲ့လူတွေ တောင်ပါပုံရတယ်။

    • ကြောင်ဝတုတ်

      September 5, 2012 at 2:40 pm

      အစ်ကိုစံလှကြီးရေ…

      တစ်ခုလောက်ပြောပါရစေဗျာ…
      ကျွန်တော်သွားနေတဲ့အဓိကရည်ရွယ်ချက်က ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနဲ့ မိမိတို့ကိုယ်တိုင် မိမိတို့ရဲ့လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့… နောက်တစ်ခုက မိမိကနေပြီး တခြားတစ်ယောက်ရဲ့မွေးရာပါအခွင့်အရေးကို သိ၍ဖြစ်စေ… မသိ၍ဖြစ်စေ… မချိုးဖောက်မိစေဖို့ပဲ…

      ကျွန်တော့်အမြင် မိုးပြာက ဗုဒ္ဓဘာသာကိုလိုသလိုပြုပြင်ထားတာ သူ့ကိစ္စ…
      ထေရဝါဒဘက်ကကြည့်ပြီး ပြင်ဆင်တယ်ဆိုတာကိုလက်မခံနိုင်ပေမယ့်…
      သူတို့ဘက်က ပြင်ဆင်သင့်တယ်ထင်လို့ပြင်ဆင်ရင်.. ထေရဝါဒဘက်က ထိန်းသိမ်းဖို့ အားသွန်ခွန်စိုက်လုပ်ရမယ်…
      ပြုပြင်နေတဲ့သူကို အပြစ်ပြောတာထက်… ထိန်းသိမ်းမှုကို ထိရောက်အောင်လုပ်ရမယ်…
      ထိန်းသိမ်းမှုကို ထိရောက်အောင်မလုပ်နိုင်ရင်တော့ ပြင်ဆင်တဲ့လူအပြစ်မဟုတ်တော့ဘဲ… ထိန်းသိမ်းတဲ့လူအပြစ်ဖြစ်သွားပြီ… ဒါကဘာသာရေးဘက်ကကြည့်ပြောတာ…

      နောက်တစ်ခု လူ့အခွင့်အရေးဘက်ကကြည့်ပြောမယ်…
      ဥပမာ.. ကျွန်တော်ကမိုးပြာဘုန်းကြီးတစ်ပါးထား… ကျွန်တော့်အရည်အချင်းရှိလို့ ဝါဒတစ်ခုကို ထူထောင်တာ ထူထောင်ရာမှာလဲယုံကြည်သူရှိမှထူထောင်လို့ရမယ်… ထောက်ပံ့မှုရှိမှ
      ရှေ့ဆက်ရမယ်… ယုံကြည်သူလဲရှိ… ထောက်ပံ့မည့်သူလဲရှိလို့ နဲနဲပါးပါးခိုင်ခိုင်မာမာရှိလာတဲ့ အချိန်မှာ တစ်ဦးတစ်ယောက်က ကျွန်တော့်ကိုရှုံ့ချမယ်… ကျွန်တော့်ဝါဒကို ယုံကြည်နေတဲ့ လူတွေကိုမယုံကြည်နဲ့ ငရဲရောက်မယ့်ကိစ္စလို့ပြောတာဟာ… ငရဲရောက်တာနောက်…
      လောလောဆယ် လူတစ်ယောက်ရဲ့ယုံကြည်ရာကို လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုတဲ့ အခွင့်အရေးကိုချိုးဖောက်တာဖြစ်နေပြီ…

      အဲဒီတော့ မိုးပြာက ဗုဒ္ဓဘာသာကိုလိုရာဆွဲတယ်ပဲပြောပြော… အမှားကိုအမှန်ထင်တယ်ပဲ
      ပြောပြော သူ့ဝါဒကိုလွတ်လပ်စွာပြောဆိုခွင့်ရှိတယ်… ထေရဝါဒဘက်ကလဲ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်…

      နောက်တစ်ခုက သာသနာနှစ် ၂၅၀ဝ ကျော်ခရီးလမ်းတစ်လျှောက်မှာ မဟာယနတင်မကဘူး တခြားတခြားသော ဗုဒ္ဓဘာသာကခွဲထွက်သွားသောဘာသာရေးတော်တော်များများရှိတယ်လို့ စာအုပ်တစ်အုပ်မှာဖတ်ခဲ့ဖူးတယ်… အစ်ကိုက ကျွန်တော့်ထက်ပိုပြီး အဲဒီအပိုင်းမှာ Pro ကျပါတယ်.. အဲဒီတော့ ဒီအချိန်မှာခွဲချင်ရင်ခွဲကြမှာပဲ… အရေးကြီးတာက ကိုယ်ယုံကြည်တဲ့ဘာသာကို အရှည်တည်တံ့အောင် ကြိုးစားဖို့ပဲ…
      တခြားဘာသာမကောင်းကြောင်း မိုးမွှန်အောင်ပြောပြီး ကိုယ့်ဘာသာအတွက်လဲအကျိုးအောင် မစွမ်းဆောင်ဘူးဆိုရင်တော့ ထေရဝါဒမကလို့ ထေရဝါဒဘိုးအေးဖြစ်ဖြစ် မကယ်နိုင်တော့ပါဘူး ဗျာ…

      အစ်ကိုက ဘာသာရေးဘက်ကကြည့်ပြောပေမယ့်… ကျွန်တော်က လူ့အခွင့်အရေးဆိုတဲ့ ဘက်ကကြည့်တာမို့ အမြင်မတူနိုင်ဘူးလို့ထင်မိပါတယ်အစ်ကို… ဆွေးနွေးပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • San Hla Gyi

        September 5, 2012 at 5:29 pm

        ကိုကြောင်ဝတုတ်ရေ
        ခင်ဗျား ကျနော့်ဆိုလိုချက်ကို နားလည်မှု လွဲတယ်နဲ့တူတယ်။ ခင်ဗျားနဲ့ ကျနော်ရပ်တဲ့ ထောင့်ချင်းမတူလို့ အမြင်ချင်းတော့ မတူနိုင်ဘူးပေါ့ဗျာ။ ထေရဝါဒဘက်က ကာကွယ်တာတော့ ကာကွယ်ရလိမ့်မယ်ဗျ။ ဘာလို့လဲဆိုတော့ သူတို့က အမှန်တော့ ကျနော့်စိတ်ထင် တဖြည်းဖြည်း ပူးသတ်မယ့် သဘောမျိုးပဲ။ ကျနော့်အထင်လဲ ဖြစ်နိုင်တယ်ပေါ့ဗျာ။ ဒါပေမယ့် ကျနော်က ကြားနေနေရာကနေ ရပ်ပြီး ဝေဖန်ရရင်တော့ ထေရဝါဒဘက်က ခုခံတာ နည်းနည်းပြင်းသွားသလိုပဲ။ ဥပမာ အဲဒါကို ဘောလုံးစကားနဲ့ ပြောရရင် တဘက်အသင်းက အပေးအယူတွေ အလိမ်အလှည့်တွေ တွဲလုံးလေးတွေနဲ့ ဖောက်နေတာကို ကိုယ့်ဘက်က ခံစစ်မှူးတွေက ၁၈ ကိုက်စည်းနားမှာ ခြေစုံပစ်ပြီး ဆလိုက်ထိုး ဖျက်နေသလိုပဲ။ ဒါပေမယ့် ဒါကလည်း သဘာဝပဲကိုးဗျ။ ကိုယ့်ဘက်က ဂိုးမပေးရရေးပေါ့။ အမှန်တော့ ခုခံကာကွယ်တဲ့ ခံစစ်မှူးတွေကို ကျေးဇူးတင်ပါတယ်။ နောက်တခါကျရင် ထေရဝါဒဘက်ကလည်း တွဲလုံးလေးတွေနဲ့ လှလှပပ ကစားပြီး ဂိုးသွင်းဖို့ ကြိုးစားကြတာပေါ့။ အမှန်တော့ သူတို့ထဲက တချို့က အစတုန်းက ဒီမိုးပြာဂိုဏ်းနာမည် မတတ်ပဲနဲ့ ဘာသာရေး သဘောတရားတွေ ရေးနေတုန်းက ဒီထဲက ရွာသူရွာသားတွေတောင် မှားပြီး သာဓုတွေ ဘာတွေ သွားခေါ်တာ တွေ့ဖူးတယ်။
        နောက်တခါ ဆွေးနွေးကြတာပေါ့ဗျာ။

  • same kyaw

    September 4, 2012 at 6:26 pm

    ဒီအချိန် မှာ ရေးသင့်တဲ့ပိုစ့်ကောင်းတခုဘဲ။မနေ့ က သတင်းကြားတော့ စိတ်မကောင်းဖြစ်မိတယ်။လက်မတခုထောင်သွားပါတယ်။

  • MaMa

    September 4, 2012 at 7:52 pm

    လက်မထောင်လေ့မရှိပေမယ့် ဒီပိုစ့်ကိုတော့ ၁၁ ခုမြောက် လက်မ ထောင်ဖြစ်သွားတယ်။
    ရေးသင့်ပြောသင့်တာမို့ ရေးပေး ပြောပေးတာ ကောင်းပါတယ်။
    ကျောင်းတုန်းကဆိုရတဲ့ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည် ဆိုတာက စ ရလိမ့်မယ်ထင်တယ်။
    ကိုယ်ဘာတွေ ပြင်သင့်သလဲ။ ဘာတွေမှားနေသလဲဆိုတာတွေ အများကြီးတွေးမိသွားပါတယ်။ [:)]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • အလင်းဆက်

    September 4, 2012 at 7:59 pm

    မိမိကိုယ်ကိုကောင်းအောင်ကြိုးစားပြီး ကောင်းသောအလုပ်များကို အများအတွက်လုပ်ခြင်းဖြင့်သာ ဒီမိုကရေစီကိုဖော်ဆောင်နိုင်မှာပါ… မိမိတို့နာမည်ကြီးရေးနဲ့ နေရာရရေးအတွက် အခြားတစ်ဦးတစ်ယောက်အပေါ်နစ်နာစေခြင်းဖြင့် ဘယ်သောအခါမှ ဒီမိုမဖြစ်နိုင်ဘူး

    အဲဒီ အစိုကို… …တင်သွင်းလာသော..ကိုကိုညောင်ဝတုတ်အား….

    လေးစားမ်ိပါကြောင်း…..

  • သစ် တည်

    September 5, 2012 at 2:19 pm

    တူရို ့ကဒဂယ် ဘန်းတာ…..

    • ကြောင်ဝတုတ်

      September 5, 2012 at 2:44 pm

      ကိုသစ်တည်ရေ….
      ဘန်းတာမဟုတ်ပါဘူးဗျာ…
      Domain နဲ့ Hosting ကို Link ပြုတ်အောင်လုပ်တယ်လို့ပဲ ခန့်မှန်းရပါတယ်…
      ထပ်ပြောရရင် Domain ရဲ့ Admin Access တစ်ခုကို ရသွားပြီး… Hosting ရဲ့ Admin Access ကိုရသွားပုံမပေါ်ပါဘူး… သဂျီးတို့လဲ လုံခြုံရေးတိုးမြှင့်ထားတယ်လို့ထင်ပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • ညီလေးဖက်ဖက်ရေ
    ကျနော်ဝင်မမန်းတာကြာပြီ။
    တစ်ခါတရံမှာကော်မင်းတွေပေးကြတဲ့အခါ မသိသေးတာ သိအောင်
    အပြန်အလှန်ဆွေးနွေးကြတာထက် ငါ့စကားနွားရပြောကြတာတွေကို တွေ့လာတော့
    လွတ်ကင်းအောင်နေတာကြာပြီ။
    တစ်ခုတော့ရှိပါတယ်
    ညီလေးပြောသလို ဆဲကြ ရုှုံံချကြ လုပ်တာကို အများစုက လက်မခံဘဲလက်ခုပ်တီးပေးသူတွေရှိလို့ဆိုတာကတော့ အမှန်ပါဘဲ။
    ဟိုတစ်နေ့က ပက်ပက်စက်စက် ဆဲထားတဲ့စာကိုတောင် လူအများဖတ်မရအောင် ဖုံးမထားဘဲ
    ဖျက်မပစ်ဘဲ မျှဉ်းလေးတားပြီး ဖတ်ချင်သူဖတ်လို့ရအောင်ထားတာကိုက ဆဲတာကိုတစ်ဝက်လက်ခံနေသလိုပါဘဲ။
    ကိုယ်နဲ့အတွေးမတူလို့ စကားအကျယ်ကျယ်ငြင်းရမှာစိုးလို့ ပါးစပ်ပိတ်နေသူများက ငအ စာရင်းထဲ ထည့်
    ထားကြတာလဲအမှန်ပါဘဲ။
    ဒါကတော့ကျနော်တွေးမိတာ ကျနော်ပြောတာ မှန်တယ် အားလုံးလက်ခံရမယ် လို့ မဆိုလိုပါဘူး။

  • အရီးခင်လတ်

    September 5, 2012 at 2:51 pm

    ကြောင်ဝလေး ရေးထားတာ အင်မတန် ဘက်မျှ တယ်လို့ ထင်ပါတယ်။
    ဘာသာရေး ကို မှီပြီး လူလူချင်းဖိနှိပ်တာ အင်မတန် အရုပ်ဆိုးပါတယ်။
    သူများလုပ်တာ မကောင်းဘူး လို့ မြင်ရင် ကိုယ်ကိုယ်တိုင်မလုပ်မိအောင် အရင်ကြိုးစား စောင့်ထိန်းသင့်ပါတယ်။

    ပထမ –
    သာသနာရေး ကို ဘယ် ညာ မယိမ်းဘဲ ဘက်တစ်ခု ကို လိုက်ပြော ရမယ်ဆိုရင်တော့
    သံဃာတော်များ ကိုယ့်အလုပ်ကိုလုပ်တာ ပိုသင့်တော်ပါတယ်။
    နိုင်ငံရေးမလုပ်ရဘူး လို့ မဆိုလိုပါ။
    လူလူချင်း စာနာရေး တရားများ၊ ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစား စောင့်ထိန်း ဖို့တရားများ ကို ဒေါသအသံ မပါ ဘဲ လူအများနားဝင်အောင် ဟောကြားခြင်း က နိုင်ငံရေး ပါဘဲ လို့ ဆိုနိုင်မလားဘဲ။
    အဲဒီလို မြင့်မြတ်တဲ့ တရားတွေ ဟောပြောတဲ့ ဆရာတော်ကိုယ်တိုင် သူဟောပြသလို ကျင့်ကြံ နေမယ်လို့လဲ လူအများ က လက်ခံရင် တရား တော်တွေကို လိုက်နာဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။
    မဟုတ်ဘဲ ကိုယ်က မီးငြိမ်းပေးရမဲ့အစား မီးမွှေးသလို ဖြစ်နေရင် မေတ္တာတရား လက်ကိုင်ပြု နေရမဲ့သူများဖြစ်လို့ မသင့်လျော်ပါလို့ မြင်ပါတယ်။

    ဒုတိယ –
    အင်မတန် လက်စောင်းထက် သော ဟက်ကာများ ဆိုတာ ကိုယ်ကိုယ်တိုင် Program တွေရေးပြီး ကိုယ့်ရဲ့ လက်စလက်နပျောက် နေအောင် လုပ်တတ်ပါတယ်။
    သူတို့ဟာ တကဲ့ ကို genius လို့ ခေါ်နိုင်ပါတယ်။
    သူတို့ ရဲ့ အစွမ်းတွေ ကို ကောင်းတဲ့ဘက်မှာ သုံးနိုင်ရင်တော့ အများအကျိုး အတွက် အင်မတန် ကောင်းပါတယ်။
    ဒါပေမဲ့လဲ မကောင်းတဲ့ ဘက်တွေမှာ သုံးနေကြတော့ လဲ မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ၊ နစ်နာမှု တွေ ရှိလာပါတယ်။
    အခု နောက်ပိုင်း မှာတော့ ထိုထိုသော ဆရာကြီး များ မှ Website တွေကို တိုက်ခိုက်နိုင်တဲ့ ပရိုဂရမ် များရေးကာ အလကား ဖြန့်ချီလာတဲ့ အထိ ဆိုးရွားလာပါတယ်။
    ဒီတော့ ပရိုဂရမ် မရေးတတ်လဲ အဲဒါတွေ သုံးပြီး သူများ Website တွေကို အလွယ်တကူ နှောက်ယှက်လာနိုင်ခဲ့ပါတယ်။
    တစ်ချို့က အဲဒါတွေ ကို အဟုတ်မှတ် သုံးရင်း ကိုယ်ပါ ဒုက္ခရောက်တတ်တာ မသိကြပါဘူး။
    ဘာလို့လဲ ဆိုတော့ အဲဒီ ပရိုဂရမ်တွေ ထဲမှာ သူတို့ ကို အလွယ်တကူဖမ်းနိုင်တဲ့ Function တွေ ပါလာတာ မို့ပါ။
    အခုချိန်မှာ အဲဒီ ပရိုဂရမ်သုံး ပြီး သူများ က မတိုက်ခိုက်နိုင်အောင်၊ တိုက်ခိုက်ရင်လဲ ဘယ်က ဆိုတာ ဖမ်းလို့ရတဲ့ ပရိုဂရမ် တွေ (Eg – DDoS Protection | Anti DDoS Attack) ရှိနေတာ ဖြစ်ကြောင်း လဲ အသိပေးလိုက်ပါတယ်။
    ဒီတော့ သူများ ကို ထိဖို့ ကိုယ်လဲ အဲဒီ စက်ကွင်းထဲမှာ ဝင်သွားကြောင်းလေးကိုလဲ အဲဒီ ပရိုဂရမ်သုံးသူများ လေ့လာထားသင့်ပါတယ်။
    အလကား download လုပ် လို့ ရတဲ့ ပရိုဂရမ်တိုင်းရဲ့ နောက်မှာ နှောင်ကြိုးတွေ ရှိတာ သိရပါမယ်။

    ဒီတော့
    အားလုံး
    ဂဇက် ရွာကို မှီပြီး
    စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နဲ့ သူများ ကို မထိခိုက်ဘဲ
    ကိုယ့်တိုင်းပြည် တိုးတက်ဖို့ရာ
    ကောင်းသော အတွေး၊ ကောင်းသောအမြင် များ နဲ့ ကြိုးပမ်းကြပါစို့။ 🙂

    ဒီလို Post လေးအတွက် ကျေးဇူးပါ ကြောင်ဝ လေးရေ။
    အကြော်စုံ စားပါ။ 🙂

    • ကြောင်ဝတုတ်

      September 5, 2012 at 3:03 pm

      ကျွန်တော့်ပိုစ့်ကို အချိန်မီအားဖြည့်တဲ့ အရီးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ…
      လောလောဆယ်တော့ သဂျီးခင်ဗျာ စက်ကျူရတီတိုးဖို့ စက္ကထရီတစ်ယောက် ငှားလိုက်တယ်ဆိုလား… ဟိဟိ…
      သဂျီးလဲ ငွေယားလေးနဲနဲတော့ထွက်သွားရှာမှာပါပဲ…
      ရွာရဲ့ပြသနာဖြစ်ချိန်မှာ စည်းစည်းလုံးလုံးနဲ့ မိုးတိမ်ကင်းစင်ချိန်အထိ ကြံ့ကြံ့ခံကြသော ရွာသူားများအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်…
      အရီးကျွေးတဲ့ အကြော်စုံလေးကို အချည်ရေလေးနဲ့တို့ပြီး အားရပါးရစားသွားပါကြောင်း…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • char too lan

    September 5, 2012 at 3:37 pm

    ဒါတွေနဲ့ ဝေး..ဝေး…ဝေးဒဲ့နယ်မြေ ~ နာတစ်ကယ်ရောက်…ရောက်…ရောက်လို့နေလေ ~ ရွာကျောင်းရဲ့ဂျောင်…တစ်ဂျောင်မှာခွေနေ…. သဘာဝရဲ့ ချာတူးလန်လေ……. ဟေ ~ ဟေ့….
    ပေစုတ်စုတ် ချာတူးလန်လေ~ ~ ~ :mrgreen:

    • အရီးခင်လတ်

      September 5, 2012 at 4:10 pm

      သူကြီး သမော်ဒီး လို့ မပြောရဘူး။
      တော်လိုက်တာ။ 🙂
      အဲဒီ သီချင်း စာသား ကို ရှိသူများ တင်ပေးပါလား။
      အရမ်းကြိုက်ပါတယ်။

  • သစ် တည်

    September 5, 2012 at 3:47 pm

    ဒါနဲ့စကားအတင်းဆက်
    mac book ပေါ်ကိုwindow တင်ချင်လို့
    ဘယ်မှတင်လို့ရမလဲဟင်……..

    • အရီးခင်လတ်

      September 5, 2012 at 4:06 pm

      Source From – http://www.apple.com/osx/what-is/compatibility.html

      Built for compatibility

      Mom always said, “Play nice with others.”
      Your computer should, too. With OS X, you can use Microsoft Office, connect to most printers and cameras, join PC networks, and even run Windows.
      Moving from your PC to your new Mac? Consider it done.

      With OS X, you can move all the information from your old PC to your new Mac. Built-in Windows-to-Mac migration in OS X automatically transfers your documents, music, contacts, calendars, and email accounts (Outlook and Windows Live Mail), and puts them in the appropriate folders and applications on your new Mac. Just like that.

      If you buy your Mac at an Apple Retail Store, our Personal Setup can help you get off to a great start. And with a One to One membership, an Apple Genius can even transfer your files from your PC and install any new Apple software you’ve purchased.

      ဒီတော့ ဒီ Link လေး ကိုဖတ်ပြီး စမ်းကြည့်ပါလား။
      https://discussions.apple.com/thread/3918871?start=0&tstart=0

    • ကြောင်ဝတုတ်

      September 5, 2012 at 4:13 pm

      ကိုသစ်တည်ရေ…
      အစ်ကိုအတင်းဆပ်တဲ့စကားက ခေါင်းစဉ်နဲ့တက်တက်စင်အောင်လွဲနေတယ်…
      ဒါပေမယ့် Macbook ပေါ်ကို Windows တင်ဖို့ကိစ္စကို သိသလောက်တတ်သလောက်ပြောပြပါ့မယ်…

      နည်းက နှစ်နည်းရှိတယ်… တစ်ခုက Parallel Desktop လိုမျိုး Software တစ်ခုကိုသုံးပြီး
      တင်လို့ရပါတယ်… နောက်တစ်ခုက OSX မှာ Bulit-in ပါတဲ့ Bootcamp လို Utilities တစ်ခုသုံးပြီး တင်လို့ရပါတယ်…

      Parallel Desktop က VMWare လိုမျိုး OS တစ်ခုအပေါ်မှာ Virtual Machine အဖြစ်ထပ်ပြီး Run လုပ်တာပါ… ဒါပေမယ့် Bootcamp ကတော့ အရင်တုန်းက PQ Boot Magic (သို့) Vcom System Commander လိုမျိုး ကွန်ပျူတာ Boot တက်တက်ခြင်းမှာရွေးရတဲ့ဟာမျိုးပါ…
      နှစ်သက်သလို ရွေးချယ်သုံးနိုင်ပါတယ်…

      နောက်တစ်ခုက Bootcamp သုံးရင်တော့ ၇၀ဝ မက်လောက်ရှိတဲ့ Windows Driver တွေကို ဒေါင်းလုပ်လုပ်မှ Device တွေအလုပ်လုပ်မှာမို့ မြန်မာနိုင်ငံမှာဆိုရင်တော့ အခက်အခဲတွေရှိနိုင်ပါတယ်…
      အတွေ့အကြုံအရပြောရရင်ဖြင့် Mac အပေါ်မှာ Windows တင်ချင်ရင် Windows7 64bit က ပိုပြီးတော့ 32bit ထက်ပိုပြီးအဆင်ပြေပါလိမ့်မယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      ဒါနဲ့စကားအတင်းစပ်အစ်ကိုရေ…
      နောက်ထပ်ခေါင်းစဉ်နဲ့မလွဲအောင်တော့လုပ်ပါဗျာ…

  • kolumbus

    September 5, 2012 at 3:50 pm

    ဒီ post အတွက် fatty cat ကိုကျေးဇူးတင်ပါတယ်။ အကြောင်းအရာမှန်သလို တင်ပြပုံလည်းမျှတတဲ့ အတွက် ဖတ်ရတာအလွန်ကောင်းပါတယ်။

    ဆဲတိုင်းမကောင်းတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် တတ်နိုင်ရင် မဆဲဘဲရေးတာ၊ သင်္ကေတပြောင်းသုံးတာ… ဥပမာ – @#$% မျိုးဆိုရင် ပိုကောင်းမလား။

    ဘာသာရေးနဲ့ပတ်သက်ရင်တော့ ထေရဝါဒ ကကို့ကိုယ်ကို မပြင်ရင် သူများတွေပြင်တာကို ခံရနိုင်ပါတယ်။
    တရားတော်ဆိုတာ မြတ်စွာဘုရားဟောတာ… ဒါကြောင့် တရားတော်မှာ လွဲမှားတာတစ်ခုမှ မရှိဘူး… ဘာမှပြင်စရာမလိုဘူးလို့ ယုံကြည်ရင်၊ သံဃာတော်တွေကို ဝိနည်းနဲ့ညီအောင် ထိန်းသိမ်းသင့်ပါတယ်။

    ဒီ post မှာလူကြီးပီသစွာဝင်မန့် ကြတဲ့ ရွာလူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။

  • ကိုရင်စည်သူ

    September 5, 2012 at 3:53 pm

    ေBာလ်ပဲကွာ… အားတိုင်း ဒီဆိုဒ်ကိုပဲ ဘာမဟုတ်တာနဲ့ leီးလိုလို မှိုလိုလို လာလာဖြဲပီး ဟတ်ဒ်နေတယ်..။ 👿 👿
    ဗုဒ္ဓဘာသာအစွန်းရောက်လည်း ငရဲသွားတာပဲ ဘာသာခြားတွေ အစွန်းရောက်လဲ
    ငရဲသွားတာပဲ။ အဲ့စိတ်မျိုးသာဆိုရင် မင်းတို့လဲ မူဆလင်ကုလားတွေနဲ့ ဘာမှ မကွာတော့ဘူး။ ဗမာတွေ ဆင်းရဲနေတဲ့ထဲမှာ ကိုယ့်အချင်းချင်း ဘာမဟုတ်တာလေးတွေကို အထအနကောက်ပြီး
    ရန်ငြိုးဖွဲ့နေကြလို့ပဲ။ အလုပ်လေး အားလို့ စာဖတ်မယ် ဝင်တိုင်း ဖတ်မရဖြစ်နေတာ တစ်ခါလည်းမဟုတ် နှစ်ခါလည်း
    ကြာတော့တင်းလာပီ…။ အကျိုးရှိတဲ့စာတွေ ဖတ်မဲ့ ရေးမဲ့သူတွေ မဆိုင်တဲ့သူတွေပါ ထိခိုက်ကုန်ပြီ။
    မင်းတို့ကိုယ် မင်းတို့ အဲ့လောက် ဟဒ်တာ တော်နေတယ်ထင်ရင်လဲ
    google ကိုသာ သွားဟတ်ကွာ… လုပ်နိုင်ရင် တစ်ရွာလုံးမှာရှိတဲ့လူတွေ
    တစ်ယောက်တစ်သိန်းစီ စုပြီး မင်းတို့ကို ဆုချမယ်။ 👿 👿

    • ကြောင်ဝတုတ်

      September 5, 2012 at 4:00 pm

      ဒေါသထိန်းပါဗျာ…
      ကိုရင်စည်သူကလဲ… မဆဲရဘူးဆို…
      သူတို့ မရင့်ကျက်မှုကို သူတို့နားလည်သဘောပေါက်အောင် ကျွန်တော်တို့တတ်နိုင်သလောက်
      ထိန်းရမှာလေ… ကျွန်တော်တို့ကိုယ်တိုင်ဒေါသထွက်နေလို့မဖြစ်ဘူး…
      ကုန်းပေါ်ပြန်ရောက်ရင် ဘီဘီတိုက်မယ်… စိတ်ထိန်း… စိတ်ထိန်း

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • Alpha Vanishing

    September 5, 2012 at 4:50 pm

    ့်မြန်မာလူမျိုးအချင်းချင်းတွေရဲ ့ site ကိုမလုပ်ချင်ပါဘူး နောင်အစစအရာရာစဉ်းစဉ်းစားစာ ဆင်ဆင်ခြင်ခြင်နဲ ့ ဂေဇက် ကြီး သပ်သပ်ရပ်ရပ် ဖြစ်စေချင်ပါတယ်…
    ဟက်ကာဆိုလို ့ ခွိခွိ ဆိုတဲ ့ post မျိုးက လာစွပေးနေသလိုဖြစ်နေလို ့ပါ
    အားလုံးရဲ ့ကိုယ်စား အချင်းချင်း နားလည်ကိုယ်ချင်းစာပေးကြပါ
    ကျွန်တော်တို ့လည်း သတင်းအမှားတွေလွင့်နေတဲ့ အခြား site များကို ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်

    We Are Myanmar………

    • ကိုရင်စည်သူ

      September 5, 2012 at 5:08 pm

      ကိုရင် အယ်လ်ဖာရေ.. မြန်မာလူမျိုးအချင်းချင်းဆိုတာ သိရှိနားလည်တဲ့အတွက်
      ဝမ်းသာပါတယ်ဗျာ။ ဂေဇက်ကြီးကို သပ်သပ်ရပ်ရပ် ဖြစ်နေစေချင်တာ သိရလို့
      ကျေနပ်ပါတယ်။ လူတိုင်းဟာ အမှားနဲ့မကင်ပါဘူး။ ခင်ဗျားတို့လည်း ကိုယ်တိုက်ပွဲဝင်စရာရှိတာ ဆက်ဝင်သွားပါ။
      ဟက်ကာတွေကို မစော်ကားချင်ပါဘူး။ ကျွန်တော် သူငယ်ချင်းတွေထဲမှာလည်း IT ပါရမီပါသူတွေကို
      SB ကနေ စလုံးကို ဟက်ကာသင်တန်း ၂ နှစ်ပညာတော်သင် လွှတ်ထားတဲ့သူတွေရှိပါတယ်။
      တိုင်းပြည်အတွက် အကျိုးရှိမယ်နေရာတွေမှာ အသုံးချနိုင်ကြပါစေ…။ 🙄 🙄

      ကိုကြောင်ဝတုတ်ရေ.. ဂျူတီလေးနားလိုက် ဂေဇက်လာဖွင့်ကြည့်လိုက် မရလိုက်နဲ့
      ကြာတော့ တင်းလာတာနဲ့ ဆဲဖြစ်သွားတာ…။ မိုးကို တမ်းတပြီး စိတ်ထိန်းလိုက်ပါပီဂျာ.. 😳
      ဟွန်းနော်.. ဘီဘီကြောင့်.. ဘီဘီနဲ့ ဆိုအရာရာကို ဦးစည်က ခွင့်လွှတ်တတ်ပီသား.. 😆 😆
      ဆဲတော့ဝူး.. အာဝါး.. အာဝွါး… 😛 😛

    • linnlinnn

      September 5, 2012 at 5:20 pm

      ဒီလိုတော့ရှိတယ်.. ကိုAlpha Vanishing ရဲ့.. ကိုAlpha Vanishingကဒီဂဇက်ကိုအမြဲဝင်ထွက်ပြီး..အမြဲပဲစာတွေဖတ်ကြည့်မိသလား။။ အဲဒါဆိုရင်ရွာထဲကသူတွေရဲ့သဘောထားကိုအနည်းနဲ့အများတော့ တီးခေါက်မိမယ်ထင်ပါ့.. ကျမတွေ့သလောက်ပေါ့..ရွာထဲကလူတွေက အတော်အငြင်းအခုန်ဝါသနာပါကြပါတယ်။ ဒါပေမဲ့ ကျမက အငြင်းအခုန်ကိုအရမ်းမုန်းတာရှင့်။ ဒါပေမဲ့သူတိုု့ငြင်းခုန်ကြတာကိုဖတ်ရင်း ကျမအရမ်းသဘောကျတယ်။ ဘာလို့လဲ သူတို့အငြင်းအခုန်တွေက အတွေးတစ်ခု အမြင်သစ်တစ်ခုကိုရစေတယ်လေ.. ဒါဖြစ်သင့်တယ် ထင်ပါတယ်။ အတွေးမတူအရေးမတူကြတဲ့အခါမှ အားလုံးစုလိုက်ရင် အဖြေတစ်ခု အတွေးအခေါ်တစ်ခုထွက်မှာပါ။ ဘာသာရေး၊ နိုင်ငံရေး အစုံပေါ့ရှင်အပြန်အလှန် ငြင်းခုန်/ဆွေးနွေးကြပါတယ်။ အဲဒီမှာ အထင်မှားစရာတွေ ဖြစ်တတ်ပါတယ်။ ဒီဆိုဒ်က ဘာသာရေးအရ ဆန့်ကျင်တဲ့ဆိုဒ်.. နိုင်ငံရေးအရ သွေးထိုးတဲ့ ဆိုဒ်မဟုတ်တာတော့ ကိုAlpha Vanishing အသေအချာသိမယ်ထင်ပါတယ်။ ဒီဆိုဒ်ထဲမှာ ကဏ္ဍစုံပါ,ပါတယ်။ ရသစုံပါ,ပါတယ်။ ဒီလိုဆိုဒ်မျိုးကို ငါတို့ကိုလာဆွသဟဲ့ဆိုတဲ့ မခံချင်တဲ့စိတ်တစ်ခုနဲ့ သမားဂုဏ်ပြတော့ ဂုဏ်ရှိသွားသလား.. ဂုဏ်တက်သွားသလားရှင်… အထက်က ရွာသူ/ရွာသားတွေအများကြီးပြောပြပါတယ်.. အမှန်တကယ် ဘာသာ/သာသနာကိုထိခိုက်စေတဲ့ ဆိုဒ်.. နိုင်ငံကိုထိခိုက်စေတဲ့ ဆိုဒ်တွေကို သွားတိုက်ခိုက်ရင် ပိုပြီး..ဂုဏ်ယူစရာကောင်းမယ်ထင်ပါ့… ကိုဖက်ရဲ့စကားကိုပဲယူသုံးပါရစေ..”ဘာသာရေးကိစ္စရေးလို့ လာရောက်တရားစီရင်သလိုပုံစံမျိုးနဲ့လုပ်တယ်ဆိုတော့ နဲနဲလေးများ အာဏာရှင်ဆန်နေသလားလို့ဗျာ…”

      • Alpha Vanishing

        September 5, 2012 at 5:31 pm

        ကျွန်တော်တို ့တောင်းဆိုတာ Site တစ်ခုမှာ admin ဆိုတာရှိပါတယ် သူတို ့ admin တွေအနေနဲ ့ site ရဲ ့ policy အတိုင်းသွားရာမှာ မကိုက်ညီတဲ ့အရာတွေ ဥပမာ ဘာသာရေးဆန် ့ကျင်တဲ ့ဆိုဒ် နိုင်ငံရေးသွေးထိုးတဲ ့ဆိုဒ် မဟုတ်ဘူးဆိုရင် အဲဒီလို post မျိုးတွေကို လက်လွတ်စပယ် တင်ထားလို ့မရပါဘူး ပယ်သင့်တာပယ်စေချင်ပါတယ်
        အာဏာရှင်ဆန်နေသလား ဆိုတာကိုတော့ စိတ်မကောင်းပါဘူး
        ကျွန်တော်လည်းတစ်ဦးတစ်ယောက်တည်းလှုပ်ရှားနေခြင်းမဟုတ်တဲ့အတွက် ကျွန်တော်ကဒီဆိုဒ်ကိုဝင်ထွက်သွားလာနေသူဖြစ်တဲ့အတွက်တစ်ချို ့အရာတွေကိုနားလည်ပေးလို ့ရပေမယ့် အခြားသူများအမြင်မှာ ဒီ ဆိုဒ်က ဘာသာရေးဆန် ့ကျင်တဲ ့ဆိုဒ် နိုင်ငံရေးသွေးထိုးတဲ ့ဆိုဒ် လို ့မြင်နေတာတွေကိုတော့ ဆိုဒ်ကိုယ်တိုင်က ရပ်တည်ချက်ခိုင်မာဖို ့အရေးကြီးပါတယ်…………

        • linnlinnn

          September 5, 2012 at 5:48 pm

          အင်း..စိတ်တော့မကောင်းဘူး.ကိုAlpha Vanishing တို့လက်နိုင်ပါ့မလားလို့တွေးမိလို့ပါ…ငါတို့အဖွဲ့ရဲ့ policy နဲ့နည်းနည်းငြှိတာနဲ့ ငြိတဲ့ဆိုဒ်တော့ သွားမယ်ဆိုတော့..အင်း..

  • ko win

    September 5, 2012 at 5:57 pm

    ကဲ…ကျုပ်ကတော့ ၁ရချောင်းမြောက် ထောင်ခဲ့ပါတယ်ဗျာ။

  • candle .

    September 5, 2012 at 6:14 pm

    ယခု ရက်ပိုင်းအတွင်း ဒီရွာကလေးထဲမှာ တကယ်လိုအပ်နေ တဲ့ ပို ့စ်လေးလို ့
    ထင်မိတဲ့အတွက် 18 ခု မြောက် လက်လေး ထောင်ခဲ့ပါတယ်..

  • ye thura hein

    September 5, 2012 at 6:46 pm

    ရွာသူရွာသားအပေါင်း…….

    ဘေးရန်ခက်သိမ်း. ငြိမ်းကြပါစေ။
    ဒေါသခက်သိမ်း ငြိမ်းကြပါစေ။
    ၂ လုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။

  • အရီးခင်လတ်

    September 5, 2012 at 7:07 pm

    ဒုတိယ အကြိမ် က attack လုပ်ခံရတာ မဟုတ်ဘဲ သူကြီး Report လုပ်ထားလိုက်တာလို့ ထင်တာပါဘဲ။

  • padonmar

    September 5, 2012 at 7:57 pm

    ဖက်ဖက်ကက်ရေ
    ၂၂ ခုမြောက်လက်မပါ။

    အကြောင်းအရာအားလုံးကို ထောက်ခံပါတယ်လို့ တိုတိုပဲပြောချင်ပါတယ်။

  • amatmin

    September 6, 2012 at 11:33 am

    ကိုကြောင်ဝတုတ်ပို့စ်လေးနဲ့ ဆက်စပ်ပီး Dashboard မှာ သူကြီးရေးထားတာ.လေးကိုညွှန်းချင်သဗျ.. အလွယ်တကူမမြင်နိုင်ကြမယ် စိုးလို့ပါဗျ..
    by kai

    ဟက်ကာများသို့..
    ဒီဝက်ဘ်ဆိုက်(ရွာ)ကို Facebook လို..ဖိုရမ်တခုလို မြင်ကြည့်ကြစေလိုပါတယ်။(တခြား မြန်မာ-နိုင်ငံခြားမီဒီယာများနဲ့ သဘောသဘာဝ လုံးဝ(လုံးဝ) မတူပါဘူး..)
    အထဲမှာတင်တဲ့ ပို့စ်တွေကို အက်ဒ်မင်တွေက တာဝန်မယူပါဘူး…။ တာဝန်ယူလိုက်စစ်ဖို့လည်း အချိန်မရှိပါဘူး.။
    ဆိုတော့… ဆိုင်ရာရေးသူများရဲ့ အာဘော်သာဖြစ်ပါတယ်။
    ဆိုဒ်(ရွာ)ရဲ့ မူလ အခြေခံစည်းကမ်းကို လိုက်နာသူတိုင်း စိစစ်ကန့်သတ်ခြင်းမရှိ လွတ်လပ်စွာ ရေချင်တာရေးတင်နိုင်ပါတယ်။ ကိုယ်မကြိုက်တာရေးတင်သူကို.. ဆိုင်ရာကော်မန့်နဲ့ ကန့်ကွက်နိုင်ပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်.။ဒါဟာ လူသားဆန်သူ.. လူ့အခွင့်အရေးနားလည်သူတို့ရဲ့ အခွင့်အရေးပါပဲ.

    ဒီသဘောကိုနားလည်ရင် ဆိုဒ်(ရွာ)ကို တိုက်ခိုက်တာ ရပ်သင့်တယ်လို့ ကိုယ်ချင်းစာနားလည်နိုင်ပါလိမ့်မယ်။
    ဒီရွာမှာ ရွာသူား ၁သောင်းနီးပါးရှိပါတယ်။
    လူအမျိုးမျိုး စိတ်အထွေထွေတို့ရဲ့ လွတ်လပ်စွာနေခြင်း..ရေးသားနိုင်ခြင်း.. ဆွေးနွေးနိုင်ခြင်း အရသာကို ပေးနေခြင်းသာဖြစ်ပြီး ဒီဆိုဒ်(ရွာ)ကိုတိုက်ခိုက်တာဟာ မြန်မာလူမျိုးရွာသူား ၉၅၅၆ ယောက်ကိုတိုက်ရိုက်ထိခိုက်စေတာဖြစ်ပြီး စာဖတ်သူ တလ ၁သိန်းမျှကိုလည်း နစ်နာစေပါတယ်။

    မြန်မာတယောက်..တစုတဖွဲ့ဟာ .. မြန်မာ၁သိန်းလောက်ရဲ့သဘောထားကို ဆန့်ကျင်ပိတ်ပင်ခွင့်ရှိတယ်လို့ ထင်ပါသလား..
    အားလုံးရဲ ့ကိုယ်စား အချင်းချင်း နားလည်ကိုယ်ချင်းစာပေးကြပါစေလိုကြောင်းနဲ့ ဒီရွာရဲ့ ရွာသူားတိုင်း ကိုယ့်ရွာကို စောင့်ရှောက်ကြစေလိုပါကြောင်း..

  • amatmin

    September 6, 2012 at 11:39 am

    နောက်တခုက Eleven news မှာ ဖတ်မိတဲ့ ဆောင်းပါးထဲက တချို့ပါဗျ..
    သဂျီးပြောချင်တဲ့ အာဘော်နဲ့ ဆက်စပ်နေတယ်မြင်မိလို့.(ကူးယူ)ဖော်ပြလိုက်ပါတာ နော်.. 🙂

    Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers. (Article 19) တိုက်ရိုက် ဘာသာပြန်တာမျိုးမဟုတ်ဘဲ အလွတ်ပြန်ဆို ရှင်းလင်းပါရစေ။

    လူတိုင်းလူတိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ရှိတယ်။ ဆိုလိုတာက မိမိစိတ်ထဲမှာရှိတဲ့ အတွေးအခေါ် အယူအဆ စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ရှိတယ်။ ထုတ်ဖော်ပြသတယ်ဆိုတာ အလွယ်ဆုံး ဖော်ပြရရင် ‘ပြော’ တာပါပဲ။ လွတ်လပ်စွာ ပြောခွင့်ရှိတယ်။ ဘယ်လိုပြောမလဲ။ နှုတ်နဲ့ပြောမယ်၊ စာရေးပြမယ်။ တခြား အနုပညာ အမျိုးအစား media မီဒီယာတွေနဲ့ ပြောမယ်။ သီချင်းဆိုမယ်။ ပန်းချီဆွဲ ပြောမယ်။ ရုပ်ရှင်ရိုက်ပြီးပြောမယ်။ ပြဇာတ်တို့၊ ဇာတ်သဘင်တို့ ကပြပြီး ပြောမယ်။ တခြားအနုပညာ အမျိုးအစားတွေဖြစ်တဲ့ တပ်ဆင်မှုအနုပညာ installation၊ သရုပ်ဆောင်မှု အနုပညာ၊ performance ပါမောဖင့်တို့ နဲ့လည်း ပြောမယ်။ အဲဒီလို အမျိုးစုံ မီဒီယာတွေနဲ့ ပြောခွင့်ရှိတယ်။ ထုတ်ဖော်ပြသခွင့်ရှိတယ်။ အလားတူပဲ အကြောင်းခြင်းရာတစ်ခုခု အခြေအနေတစ်ခုခု၊ ကိစ္စတစ်ခုခုကို လွတ်လပ်စွာ ထင်မြင်ယူဆနိုင်တယ်။ ဘယ်သူမှ ကိုယ့်အထင်အမြင် အယူအဆကို တားဆီးနှောင့်ယှက်လို့ မရဘူး။ နောက်တော့လည်း အကြောင်းခြင်းရာတွေ၊ သတင်းအချက်အလက်တွေ၊ အထင်အမြင် အယူအဆတွေကို လွတ်လပ်စွာ စူးစမ်းရှာဖွေခွင့်ရှိတယ်။ လွတ်လပ်စွာ ရယူပိုင်ခွင့်ရှိတယ်။ လွတ်လပ်စွာ ဖြန့်ချိဝေငှပိုင်ခွင့် ရှိတယ်။ အဲဒီလိုအသိအမြင် အကြောင်းခြင်းရာတွေကို စူးစမ်းရှာဖွေရာမှာ၊ ရယူရာ မှာ၊ ဖြန့်ချိဝေငှရာမှာ ဘယ်မီဒီယာက မဆိုရှာဖွေ၊ ရယူ၊ ဖြန့်ချိခွင့်ရှိတယ်။ ဘယ်တိုင်းပြည် ဘယ်နိုင်ငံကမဆို ရှာဖွေရယူနိုင်တယ်။ ဖြန့်ချိဝေငှနိုင်တယ်။ ဒီမှာ သတိပြုမိတာက ထင်မြင်ယူဆခွင့် opinion နဲ့ ထုတ်ဖော်ပြသခွင့် expression ဟာ တစ်ဆက် တည်း ဖြစ်နေတာပါပဲ။ မိမိရဲ့ (ဝါ) မိမိစိတ်ထဲမှာ လက်ခံထားတဲ့ အတွေးအခေါ်၊ အယူအဆ၊ ထင်မြင်ချက်၊ စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြသတဲ့ အစဉ်ပါပဲ။ ဒါတွေဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့အတိုင်း အခြေခံ ‘လူ့အခွင့်အရေး’ တွေဖြစ်တယ်ဆိုတာ အထူးပြောဖို့ မလိုတော့ပါ။ အခြေခံ လူ့အခွင့်အရေးတွေဖြစ်တဲ့အတွက် သူနဲ့ တစ်တွဲတည်း တစ်ဆက်တည်း ပါဝင်နေတဲ့ သဘောတရားတစ်ခုကိုလည်း တင်ပြဖို့ လိုပါတယ်။

    အဲဒီသဘောတရားကတော့ ‘တာဝန်ယူမှု/သိတတ်မှု’ ဖြစ်ပါတယ်။ obligation လို့ ခေါ်ပါတယ်။ လွတ်လပ်ခွင့်နဲ့ တစ်ဆက်တည်း တွဲနေပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရပြီဆိုပြီးတော့ ထင်ရာမြင်ရာ ပေါက်ပန်းဈေး လျှောက်ပြောနေလို့ မဖြစ်သေးဘူး။ တစ်ဘက်လူ (သို့မဟုတ်) တစ်ဘက်အကြောင်းအရာ၊ အခြေအနေတွေ ထိခိုက်သွားမလား၊ နစ်နာပျက်စီးသွားမလား၊ ဒုက္ခရောက်သွားမလား၊ ဂုဏ်သရေ ညှိုးနွမ်းသွားမလား၊ သိက္ခာကျသွားမလားစသဖြင့် ကြည့်ရပါမယ်။ အသိ ဉာဏ်နဲ့ ထိန်းသိမ်းဆင်ခြင်ရပါမယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ လူ့အခွင့်အရေးဖြစ်တယ်ဆိုပြီးတော့ မဟုတ်တာ၊ မမှန်တာတွေ၊ လောကအကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးစေတာတွေကို ပြောလို့မရပါဘူး။ ကျွန်တော်တို့ စကားမှာ ‘သိတတ်တယ်’ ဆိုတာရှိတယ်။ အင်မတန်တာသွားတဲ့စကား ဖြစ်ပါတယ်။ ကိုယ့်ကြောင့် တပါးသူ အနှောင့်အယှက်ဖြစ်မှာ တပါးသူ ဒုက္ခရောက်မှာကို သတိထားဆင်ခြင်ရပါတယ်။ ကိုယ့်မှာ လွတ်လပ်ခွင့်ရှိတယ်ဆိုပြီး တစ်ခုခု ပြုမူဆောင်ရွက်လိုက်တာ ဘယ်လိုဖြစ် သွားနိုင်သလဲ။ ဘယ်လို ဆိုးကျိုးသက်ရောက်နိုင်သလဲဆိုတာ သတိထားဆင်ခြင်ဖို့ လိုပါတယ်။ ဒီမှာအရေးအကြီးဆုံးအချက်က ဟုတ်သလား၊ မှန်သလား၊ လောက အကျိုးစီးပွား ရှိသလား။ အဲဒါ အရေးအကြီးဆုံးပါ။ ဟုတ်တယ်၊ မှန်တယ်၊ လူ့လောက အတွက် အကျိုးရှိတယ်ဆိုရင်တော့ မိမိထင်မြင်ချက်၊ မိမိအတွေးအခေါ် အယူအဆကို ဘယ်လို အတားအဆီး အနှောင့်အယှက်တွေပဲရှိရှိ မလွဲမသွေ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားရမှာ ဖြစ်ပါတယ်။……………………….

    အစအဆုံးဖတ်ချင်ရင်တော့ အောက်ကလင့်ကို လိုက်ကြည့်ပါကုန်…
    http://news-eleven.com/index.php?option=com_content&view=article&id=15322:freedom-of-expression–&catid=78:2009-11-13-06-25-17&Itemid=135

    • ကြောင်ဝတုတ်

      September 7, 2012 at 8:14 pm

      ဒီကော်မန့်လေးနှစ်ခုရဲ့အားဖြည့်မှုကို
      အတိုင်းမသိကျေးဇူးတင်မိပါတယ် အစ်ကိုကြီးအမတ်မင်းရေ
      အချိန်ရော နေရာပါကွက်တိဗျာ
      ဒီမိုကိုဦးတည်နေသော ဒီမိုကိုလိုချင်တောင့်တသော
      သူများအားလုံးသိသင့်သောကိစ္စကို အားဖြည့်သူမို့
      Best comment ပေးချင်လွန်းလို့ပေးပါတယ်
      အပေါ်မှစာမူရင်းရေသူ သူကြီးရေ တ

  • Reign

    September 6, 2012 at 4:19 pm

    I absolutely agree with what Fat Cat has mentioned. We still need to adapt ourselves and change our old attitudes towards diversity and we need to practice to live in harmony with those who might have different ideology as long as those are not harmful to mankind in general. To become a matured democracy, there are a lot more to be learned and we should also aware that the world is continuously changing and some ideas and practices that seemed to be rational in 20th century might not be good enough for 21 century.

  • Black Cloud

    September 6, 2012 at 4:27 pm

    ကိုကြီးကြောင်ဝတုတ်ရေ
    ရွာလေးကတော့ ကောင်းပါရဲ့ဗျာ
    ဒီမိုလေးရဲ့ ရည်ရွယ်ချက်ကလည်း ကောင်းပါတယ်
    အနှစ်ချုပ်လေးကလည်း ကောင်းပါတယ်….
    ဒါပေမယ့် ရခိုင်အရေးကိစ္စ ကိုတော့ ထည့်မပြောသင့်တော့ဖူးထင်ပါတယ်…..
    လူဆိုတာ နာတက်တဲ့အမျိုးပေါ့….
    ခြင်ကိုက်ခံရရင် ဘယ်သူမဆို ခြင်ဆေးသုံးမှာပဲ….
    ဒါက လူ ့သဘာဝပါ……
    ဒါကို basic instinct လို ့ခေါ်ပါတယ်……
    အမေရိကန်လို ့ ဒီမိုကရေစီရဲ့ ဖခင်ကြီးလို ့ ခံယူထားတဲ့ နိုင်ငံတောင်…..
    ဝေါလ်ထရိတ်စင်တာကြီးပြိုကျတော့ စစ်တိုက်ဖို ့ခွင့်ပြုသေးတာပဲ…..
    ဒါကို တရားနဲ ့ဖြေပီး အမျှပဲဝေပါလို ့ ပြောရင် တရားမလားဗျာ…….
    ကျိန်းသေပါတယ် အဲ့လိုပြောတဲ့သမ္မတ တလမကြာပါဖူး ပြုတ်မှာပါ…..

    ဒီမိုကကောင်းပါတယ်…. ဒါပေမယ့် အချိန်အခါလေးနဲ ့ကောင်းပါ…..
    မျှတမှုရှိပါစေ….

  • nozomi

    September 6, 2012 at 5:13 pm

    တွေးရဲ ရေးရဲ တဲ့ ကိုကြောင်ဝတုတ် ပို့စ် လေးတွေ အားပေးနေပါတယ်
    များများရေးဘို့ပဲ တိုက်တွန်းပါတယ်

    မွေးနေ့လက်ဆောင် ရတဲ့ ဂလက်ဆီလေး ရော

  • ကြောင်ကြီး

    September 7, 2012 at 9:44 am

    ဒီမိုရွာ
    သည်ဂိုလာ
    ဆီပိုမပါ
    သီဆိုတာ
    ညီအကိုရှာ
    အီဘိုလာ..။
    (ဗိုင်းရပ်စ်)

Comments are closed.