ဈ = ဈေးတော့ ကြီးတယ်.. ဒါပေမယ့်………………
ဘာလေးပဲ..
ဝယ်ဝယ် ဈေးကြီးလိုက်တာ…လို ့ပြောနေရတဲ ့ခေတ်ပါလား..နော် ။
ကော်ဖီမစ်ကလေးတစ်ထုပ် စာသောက်ရဖို ့ကို… 20 g တစ်ထုပ်ကို 100
ကျပ်….။
ကိုယ် ့ ဘာသာ ဖျော်မသောက်ချင်ဘူးလား…။ ဆိုင်က ဖျော်ပေးတာမှ
သောက်ချင်တယ်..ဆိုရင်…
250 ကျပ် တဲ ့.။
100 ကျပ်တန်..ကော်ဖီမစ်ထုပ်ကိုပဲ… 250 ကျပ် ပေးလိုက်ရမှာ..လေ ။
ဖျော်တောင်မပေးပါဘူး.။ ခွက်ကလေးတစ်ခွက်ထဲကို ရေနွေး လေး ထည်
့ယူလာပြီး.ကော်ဖီမစ် ထုပ်ကလေးကို ခွက်ပေါ်တင်လာတာ..။
ကိုယ်က ကိုယ် ့ဘာသာ ဖောက် ပြီး.ဖျော်လိုက်ရသေး…။
တစ်နေ ့ 2500 ကျပ် လောက်သာ ..ရတဲ ့အလုပ်သမားတစ်ယောက်.. ကော်ဖီတစ်ခွက်
ဆိုင်မှာ ထိုင်သောက်ချင်ရင်…..
2500 ထဲက… 250 ကျပ် လျော့ပြီ…။
ကော်ဖီမစ်ကလေး တစ်ခွက်စာ..သောက်ရဖို ့..ဝင်ငွေ ရဲ ့ 10%
ပေးလိုက်ရတာနော်..။
________________
မုန့်ဟင်းခါးလေးတစ်ပွဲကို… အကြော်လေးတစ်ခုနဲ ့.. ဆို..ရင်.. 400 ကျပ် ။
တစ်နေ ့ 4000 ကျပ် လောက်ရတဲ ့အလုပ်သမားတစ်ယောက် ရဲ ့ 10 % ပေါ့ ။
တစ်နေ့ကို 4000 ကျပ် မပြောနဲ ့ .. 3000 ကျပ် တောင်မရပဲ..အလုပ် လုပ်နေရတဲ
့အလုပ်သမားတွေ အများကြီးပါ ။
တချို ့ဆို… 1500 ကျပ်လောက် ၊ 2000 ကျပ် လောက်နဲ ့အလုပ် ဆင်းနေရတာ..တွေ
လည်းရှိတယ် ။
မနက်..အလုပ်…အသွားမှာ………….. အိမ်က အထွက်မှာ…
တစ်ခုခု အဆာ ခံ ဝယ်စားဖို ့………….
အလုပ်ကို အသွား..လိုင်းကား ခပေးဖို ့.( ဖယ်ရီ မရှိသူတွေ..)
အပြန် အိမ် ပြန်မရောက်ခင်… အဆာပြေ တစ်ခုခု ဝယ်စားဖို ့….
ကွမါးတို ့ ဆေးလိပ်တို ့ ၊ မုန့်ပဲသွားရေစာ တို ့ကြိုက်တတ်သူတွေ ဆိုရင်…
တစ်နေ ့တစ်နေ ့… ကုန်လိုက်မယ့် ငွေ….
တစ်နေ ့ ဝင်ငွေ ရဲ ့
ရာခိုင်နှုန်းတွေ…ဘယ်လောက်တောင်များ..ထွက်လိုက်မလဲ… ကိန်းဂဏန်း တွေ နဲ
့တွက် ကြည် ့ရင်..ကြောက်စရာ…ပဲ.နော် ။
_____________________________________
ထွက်သွားတဲ ့ ့ငွေနဲ ့ အသုံးပြုလိုက် ရသမျှ..အကုန်..ဈေးကြီးတယ်….
ဈေးတော့ ကြီးတယ်…ဒါပေမယ့်………………
____________________________________
ဝင်ငွေ ကောင်းတဲ ့ လူတွေ အတွက်တော့….
ဈေးကြီးတယ်..ဆိုတာ… ပြဿနာ သိပ် မဟုတ်ပေမယ့်….
ဝင်ငွေ နည်းပါးလှတဲ ့ ကျွန်တော်တို ့လို ေ အာက်ခြေ လူစား ..တွေ
အတွက်တော့…
ဈေးကြီးတာ ဟာ…ဧ ရာ မ ပြဿနာ ကြီးတစ်ခုပါ ။
____________________________-
ဈေးကြီးတယ်… လို ့ ညည်းညူ နေရပေမယ့်….
မဝယ်မဖြစ်လို ့.. ဝယ်လိုက်ရတာတွေ လည်း…အများကြီးပါ ။
အဲဒီ ပစ္စည်းတစ်ခု ဟာ….. ကိုယ် ့အတွက် အသုံးဝင်မှု တန်ဖိုး ကြီးမားနေတဲ
့အခါ……
ဈေးကြီးတယ်…. လို ့ မယူဆ မိတော့ပဲ….
ဒီလောက်တော့ ပေးရမှာပေါ့လေ…လို ့ ဖေါ့ တွေ း လိုက်ရပါတော့တယ်..။
ဒါပေမယ့်………………….
ဝင်ငွေ / ထွက်ငွေ အတိုင်းအတာ နဲ ့ဆို…
ဒီ နိုင်ငံမှာ…. တော်တော်များများက ဈေကြီးနေတယ်…။
____________________________
ဈေးကြီးတယ်… လို ့ရေရွတ်ပြီး…. မဝယ်နိုင်လို ့……..
ပြန် ချ ထားခဲ့ ရတာတွေလည်း…. အများကြီးပါ… ပဲ. ။
ကျွန်တော့် ဘဝမှာ…..
လိုချင်လျက်နဲ ့…/ လိုအပ် နေလျက်နဲ ့….. ဈေးကြိးတယ်..လို ့
တိုးတ်ိုး လေး..ညည်းပြီး….
မဝယ်ဖြစ်ခဲ့တဲ ့ ့စာအုပ်တွေ…. အများကြီးမှ အများကြီးပါ..။
______________________________
ဈေးကြီတယ်..လို ့ ဆိုရမယ့် အချက် ထက်..ပို
စိတ်ညစ်စေတာကတော့……………….
ဈေးနှုန်းမမှန်တာပါ ။
ဒီနေရာ ကနေ…ဟိုနေရာ ရောက်သွားရင်….. ဈေးနျုန်းက…
ပုံမှန်.ဈေးနှုန်း မဟုတ်တော့ဘူး..နော် ။
ရန်ကုန်ကနေ… ပဲခူးရောက်သွားလို ့..ဈေ နှုန်း ပုံမှန် မဟုတ်တာကို
မပြောလိုပါဘူးဗျာ..။
သယ်ယူ ပို့ဆောင်ခ တွေ.. ကြောင့် ဈေးကြိးသွား နိုင်တာကို
ကျွန်တော်..သိပါတယ် ။
အခု ဟာ..က….
ဈေးထဲမှာ…
( ဥပမာ..ယမ်ယမ် ခေါက်ဆွဲခြောက် တစ်ထုတ်..ကို) 150 ကျပ်
ဈေးထဲ နဲ ့ 15 မိနစ်လောက် လမ်းလျှောက် ရင် ရောက်မယ့် နေရာက ရပ်ကွက် ထဲက
ကုန်စုံဆိုင်လေး ဆီ ရောက်သွားရင်…..
180 ကျပ် ။ တချို ့ဆိုင်တွေမှာ…. 200 ကျပ် ။
မြို ့လယ်ခေါင်က ကုန်စုံဆိုင် လို နေရာမျိုးမှာ ဆို… 250 ကျပ် / 300
ကျပ် ။
ဒီလိုပဲ… တခြား..ကုန်ပစ္စည်းလေးတွေလည်း..ဈေနှုန်းက မှန်ကိုမမှန်ပါဘူး ။
Tissue paper အထုပ်ကလေး… 10 Sheets တစ်ထုပ်ကို..ရပ်ကွက် ထဲက ကုန်စုံ
ဆိုင်းလေးတွေမှာ..50 ကျပ် ။
မြို ့ထဲက.. ဆိုင်တွေမှာတော့…..အဲဒီ 50 တန်လေးကိုပဲ..100 ကျပ် ..တဲ ့ ။
50 ကျပ် တောင် ရောင်းနိုင်သေးတာ…. 100 ဆိုရင်..အတော်လေး..အမြတ်
ကြမ်းပြီပေါ့…
တကယ်ဆို….စက်ရုံက ဖောက်သည်ပေးတဲ ့ဈေး နဲ ့ ဖြန် ့လိုက်ပြီ .
ဖြန် ့ဝေတဲ ့ ဈေး နှုန်း အပေါ်မှာ အမြတ် တင်လိုက်ပြီးပြီ…
အမြတ် တင်ပြီးသားကို မှ… နောက်ထက်. တစ်နေရာ.. ( အဝေးကြိးမဟုတ်တဲ ့..
တစ်နေရာ..) ရောက်သွားတော့….
ထပ်..ပြီး..အမြတ် တင်ရော….
ဒီတော့.. ဝယ်ယူသူ တွေ..အတွက်..အခက်ပေါ့ ။.
( သယ်ယူ ပို့ဆောင် ခတွေ..ဘာတွေ မကုန်ပဲ.. အမြတ်တွေ ထပ် တင် ကြတာတွေ
ကိ်ုပြော တာပါ ။)
တခြား…. ရေသန့်ဘူး တို ့.. အချိုရည်ဘူးလေးတွေ တို ့…. ဆေးလိပ် တို
့…. ဘာတို ့..ညာတို ့..ပေါ့လေ…
အဲဒီ ..ဟာတွေမှာလည်း. ဈေးနှုန်းမတူညီ တာ…တွေ အများကြီးပါ ။
_______________________________
တစ်နေရာ နဲ ့တစ်နေရာ..ဈေးနှုန်း မတူညီ ..တာတွေ / အမြတ်
တင်ပြီးသားကို…. အမြတ် ထပ် ထပ် တင်နေတာတွေက်ု…
ဒီ အတိုင်းပဲ..ကြည့်နေရတော့မှာလား….
________________________________
ဒါက……………
ရောင်းသူတွေရဲ ့…
အတော..မသတ်နိုင်တဲ့..လောဘ နဲ ့လည်း… ဆိုင်ပါတယ် ။
ကွာဟမှုကို ထိထိရောက်ရောက်… ညှိ ပေး တာတွေ ဘာတွေ လုပ်မပေးနိုင်တာ နဲ
့လည်း ဆိုင်မယ် ထင်တယ် ။
( ပစ္စည်းတစ်ခုကို လိုချင်သူက များပြီး.. … ပစ္စည်းက .ရှားပါးနေတဲ
့အခါ..ဈေကြီးမယ်..။ )
မသုံးမဖြစ်လို ့… ဝယ်သုံးလိုက်ရတဲ ့အခါ….
ဈေးမကြီး သင့်ပဲ..ကြီးနေတာတွေ .တွေ ့နေရတော့….
နားလည်ရလည်း..ခက်မိပါရဲ ့..။
ဈေး နှုန်းတွေ… တစ်နေရာ တူညီနေရင် ကောင်းမယ်….။
တူညီ သွားပြီးရင်လည်း….
ဈေးကြီးတယ်…လို ့… ညည်းတွားပြီး…မဝယ်ဖြစ်လိုက်တဲ ့..အဖြစ်တွေ…
နည်းသွားရင်..ကောင်းမယ်…။
_____________________________________
( ဒီ ပို့်စ်ကို စာရိုက်တာ နှေးလွန်းတဲ ့ကျွန်တော်…. တစ်နာရီကျော်
ကြာအောင် ..စာရိုက်ရပါတယ် ။
တစ်နာရီက 400 ကျပ် နဲ ့ အင်တာနက် အသုံးပြု ခ ပေးပြီး… ရေးနေရလို ့..
ပိုစ် တစ်ပုဒ် တင်ရင်.. အနည်းဆုံး.500 / 600 လောက် ကုန်ကျပါတယ် ။
ပိုစ်တစ်ပူဒ် တင်ရင်….
ကိုယ် ရေးချင်တာလေး…/ ပြောချင်တာလေး..တစ်ခါ တင်ပြရင်…….
အင်တာနက် သုံးခ တွေက
ဈေးတော့ …ကြီးတယ်….။
ဒါပေမယ့်…………………………
ရွာထဲကို မဝင်ရရင် မနေနိုင်လို ့…..
စာတွေ မရေးရရင် မနေနိုင်လို ့…
ရွာထဲက ရွာသူ ရွာသားတွေ နဲ ့… မတွေ ့ရရင် မနေနိုင်လို ့….
ရေးနေဦးမယ်…
ပြောနေပါဦးမယ် ။
ရွသူား မိတ်ဆွေတွေရဲ ့… နွေးထွေးတဲ ့..စကားလေးတွေ…ကြားရတာ..
ခင်မင် ကျေူးဇူး တင်စရာ.. comment လေးတွေ… ကို ဖတ်ရတာ….
ပျော်နေပြီ..ဖြစ်လို ့….
ဈေးတော့..ကြီးတယ်… ဒါပေမယ့်………….
______________________________–
ဈေးတော့….. ကြီးတယ်.. ဒါပေမယ့်……………..
ကျွန်တော်..ရေးခဲ့သမျှ… အက္ခရာများကို..
လိုက်ပါ စိးမျော ခံစားခဲ့ကြသော…
ကျွန်တော်ချစ်သော..စာပေ မိတ်ဆွေများ….
နွေးထွေးခင်မင်စွာ….
ဆွေးနွေး..ကြပါဦး..လို ့ ….
ကျွန်တော်ချစ်သော..ဂေဇက်.. ရွာသူ ရွာသား မိတ်ဆွေများနဲ ့…
ကျွန်တော့် ရဲ ့ပိုစ်တိုင်းကို ဖတ်ရှု..ဝေဖန် အကြံပြု ခဲ့ကြသော…
မိတ်ဆွေများ… အားလုံးကို လေးစားစွာ…..
ကျေးဇူးတင်လျက်…
အလင်းဆက်
5 . 9 .2012
alinsett.art@gmail.com
25 comments
kai
September 6, 2012 at 8:30 am
ဈေးဘာလို့ကြီးလည်း..
ဈာန်သွင်းကြည့်လိုက်ရရင်…
မြန်မာ့ကုန်ဈေးနှုန်းတော်တော်များများက.. ယူအက်စ်ထက်ဈေးမကွာသလိုပဲ..
တချို့စားကုန်တွေဆို ပိုလို့တောင် ဈေးကြီးသေးတယ်..
ဘာလို့လည်း..
တည့်တည့်ပြောရရင်..မှန်ကန်တဲ့ ဝီရိယနဲ့..လုပ်အားစိုက်ထုတ်မှုမရှိလို့ပါ..။
ကံဉာဏ်ဝီရိယမှာ.. ကံကိုပုံချတာများလို့ပါ..။
ပျင်းလို့ပါ…
အပျင်းစိတ်ဘယ်ကလာသလည်း… ဆိုတော့…
လက်တွေပစ္စုပ္ပန်မှာအလုပ်မလုပ်ချင်ကြပဲ..
ဈာပနနောက်(သေပြီးနောက်)ကိစ္စတွေအာရုံစိုက်/ယူကြတာများလို့ပါ…
ဆိုတော့…
သာသနာ့ဝန်ထမ်းနဲ့.. သူတို့ကိုထောက်ပန့်ရတဲ့.. လူထုလုပ်အားတွေအလဟဿဖြစ်တာပေါ့..
နှစ် ၁၀၀ဝ ကျိန်စာ.. 😕
မောင်ပေ
September 6, 2012 at 1:08 pm
နှစ်တစ်ထောင်
ချစ်မပေါင်
အလစ်ရှောင်
ညစ်ကြောင်
ကစ်ယောင်
ဟစ်ကောင်
Inz@ghi
September 6, 2012 at 9:06 am
ဈေး …
ထမင်းစားနေတဲ့အလုပ်မို့ … ဝင်မန့်လိုက်ပါတယ်ဗျို့ …
ကျုပ်တို့တွေ စနစ်မကျတာ ရှေးစွန်းဆွဲတာ နဲ့ပဲ
ပြောချင်တော့တယ်…။
ဆိုင်တွေမှာ တခွန်းဆိုင် တံဆိပ် ကပ်ထားတဲ့ ရောဂါ ပျောက်သွားပြီလားဗျာ..၊
အမြတ်အစွန်းကို လက်တဆုံး နှိုက်ချင်တဲ့ အကျင့်ဆိုး မပျောက်သရွေ့တော့…
မလွယ်ဘူးဗျို့ …။
Lawson ဝင်မယ် 711 ဝင်ပြီ … လာဦးမယ် အနောက်က ဆရာတွေ
သူတို့ ဆိုင်တွေမှာ ဝယ်ရင် (ဈေးကြီးတယ် ဈေးချိုတယ် ဆိုတာ နှိုင်းရ တန်ဖိုးမို့ မဆွေးနွေးလိုပေမယ့်)
ဈေး တူတယ် .. ဈေးမှန်တယ် .. သည်လို ပြောနိုင်ရဲ့ …။
သူတို့ ရဲ့ capital အပမာဏ ဖြန့်ကျက်နိုင်စွမ်းအား က အလွန်ကြီးမားတယ်ဆိုတာ
မြို့ကြီးပြကြီးတွေရဲ့ ရပ်ကွက်တိုင်း မှာ ရှိတယ် ဆိုတဲ့အဆင့်ထိ ကမာ္ဘတဝှမ်း သက်သေပြပြီး ဖြစ်တယ်..
အချုပ်။
မြို့ပြ လူနေမှု ရဲ့ ရပ်ကွက်တွေထဲ သွားကြည့်ကြည့်ပါ..။
မြေညီထပ် တွေမှာ အိမ်ဆိုင်တည် တာ ယဉ်ကျေးမှု တခု ဖြစ်နေတာကြာပါပြီ။
ဈေးတွေ မညီတာ (အမြတ်လက်တဆုံး နှိုက်လိုတာ) ကတော့
ကိုအလင်းဆက် ပြောထားသလိုပါပဲ။
ဆိုတော့ ..ဟိုဆြာဒွေလာရင် … အနှီ အိမ်ဆိုင်တွေ သေပါမယ်။
ဆိုကြပါစို့ ကျနော် ဘီယာ တစ်ဗူးသောက်ချင်ရင် ၅၀-၁၀ဝ ဈေးပိုများတဲ့ အိမ်ဓားလွယ်ခုတ်ကဆိုင်အစား
လမ်းထိပ်ထိ လမ်းလျောက်ပြီး ဈေးမှန်တဲ့ Lawson ကနေ ဝယ်မှာ ဖြစ်ပါတယ်။။
လူတိုင်း နီးပါး သည်လို ဖြစ်လာမှာပါ .. ။ ခြင်ဆေးခွေ အစ ဆပ်ပြာမှုန့်အလယ် အာလူးကြော် အဆုံးပေါ့လေ…။
ထပ်ပြီး ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ … အိမ်ဆိုင် ယဉ်ကျေးမှုဟာ ..သူရို့ရဲ့ ကျပ်တည်းမှု
မီးဖိုချောင်စားရိတ် မလောက်ငှမှုကို ထောက်ကူဖြေရှင်းတဲ့ အလုပ်တခုပါ။ (ဘယ်အိမ်ရှင်မ မှ
စီးပွားပြေလည်နေရင် အလုပ်ရှုပ်ခံပြီး အိမ်ဆိုင် မတည်ချင်ပါဘူး) …
ခုလို ဈေးမမှန်မှု ..ဟာ သိပ်မကြာခင်မှာ သူရို့ရဲ့ ထောက်တိုင်တွေ သူတို့ကိုယ်တိုင် ပြန်ရိုက်ချိုးသလို
ဖြစ်လာမှာ မလွဲပါဘူး ..။ နိုင်ငံအဆင့် ပြောရရင်တော့ အိမ်တွင်း လုပ်ငန်းငယ်တွေ အသေးစား
အရောင်းအဝယ်တွေ နေ့စဉ်သုံးပစ္စည်း FMCG တွေ ကနေ ရရမယ့် Retail အမြတ်အစွန်းတွေအားလုံးကို
တိုင်းတပါးကို စီးဆင်းမယ့် အလားအလာတွေ လို့ မြင်မိပါတယ်။
Inz@ghi
September 6, 2012 at 8:37 pm
တတိယမြောက် လက်မကိုထောင်ရင်း
ဒုတိယအကြိမ်မြောက်ပြန်ဝင်လာပါတယ်
ဗရာဘိုပါ
အချိန်ယူပြီးကောမန့် ရေးပါဦမယ်
ခင်တဲ့
ဂီ
ကိုခင်ခ
September 6, 2012 at 10:03 am
တစ်ခါတလေ မဒမ်ခ ရုံးပိတ်ရက်ဟင်းစားဝယ်ရန် ဈေး သွားရင် ခင်ခတို့က ဈေးခြင်းဆွဲပြီးလိုက်ရတဲ့အခါ
တစ်လနဲ့တစ်လ ဝယ်တဲ့ပစ္စည်းတူပေမယ့် ဈေး မတူတာကို သတိထားမိတယ်၊ ဈေး ထဲမှာ ဈေး ကြီးတာတွေ ကို ဈေး လိုက်ရင်ကြားနေ မြင်နေရပေါ့ဗျာ။တစ်ချို့ပစ္စည်းတွေကျတော့လည်း ဈေး ဆစ်တတ်ရင် ဈေး သယ်က ဈေး လျော့ပေးပြန်ရော။တစ်ချို့ကြ ဈေး နှုန်းမှန်ရောင်းကြပြီး၊ တစ်ချို့တော့ လူကဲခတ်ပြီး ဈေး နှုန်းကို လိုသလို ပြောရောင်းတာလည်း ကြုံရတယ်ဗျာ။ မဒမ်ခက ဈေး သွားပြီဆို ဈေး ကို နှစ်ခါ သုံးခါ ပတ်ကြည့်တတ်တဲ့အလေ့ရှိသမို့ ဈေး ခြင်းလိုက်ဆွဲရင်း ကျန်းမာရေးအတွက် လမ်းလျောက်ဖြစ်တယ်လို့ သဘောထားပြီး ခင်ခ တစ်ယောက်လည်း ဈေး လိုက်ဖြစ်နေတယ်လေ။
Shwe Ei
September 6, 2012 at 11:08 am
ဈေးကြီးတာထက် ဈေးမမှန်တာလို့ဘဲပြောချင်တော့တယ်။ အဝတ်အထည်ဈေးနှုန်းဆိုပိုဆိုး ဟိုတလောက ကဆာမိရေးတဲ့ပို့စ်ထဲကလို ပုံပုံစတိုးက ပစ္စည်းတွေ ရှော့ပင်စင်တာမှာ တံဆိပ်ကပ်ရောင်းရင် ၁ဝဆလောက်ကွာတာမျိုးပေါ့။ အသားဈေး ငါးဈေး ဟင်းရွက်ဈေး ၅၀၊၁၀ဝပိုများနေရင် ပေးလိုက်ချင်ပေမဲ့ မီနီမတ်လိုဆိုင်တွေမှာ လူသုံးကုန် အလှကုန် ဘာဘဲဝယ်ဝယ် ၅ဝလောက်ပိုတောင်းရင် မပေးချင်တော့ဝူး။ ဈေးသက်သာတဲ့ ဈေးမှန်တဲ့ ဝယ်နေကျဆိုင်ဘဲရောက်အောင်သွားတော့တယ်။ ဈေးကြီးမှာကြောက်လို့ ဈေးပတ်ရတာတော့နဲနဲမောတယ်ဗျာ။ 🙂
ခပ်မိုက်မိုက် ကောင်မလေး
September 6, 2012 at 12:04 pm
ဖတ်ကြည့်သွားပါတယ်နော်…
ဒီလိုပါပဲ….။
အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး
September 6, 2012 at 1:04 pm
အင်းဗျ အပြိုင်အဆိုင်တွေနဲ ့မို ့အင်တာနက်သုံးခ တစ်နာရီ ၃၀ဝ လောက်ဖြစ်
သွားပြီ။အစ်တုန်းက ၁၀၀ဝ လေဗျာ။
surmi
September 6, 2012 at 1:05 pm
ဆက်ဆက်ရေ
ဘဝတွေထဲအထိစီးမျောနေပါလား
ဒီနိုင်ငံမှာတော့ လည်သူစားတဲ ့ ကတုံးပေါ်ထိတ်ကွက်တာ
အကျင် ့ပါနေကြပြီလေ။ မောင်ဂီပြောသလို ခံရဖို ့အကြောင်း
တွေလဲရှိနေပြန်တယ် ။ ပင်ပန်းသမျှရွာထဲ အပနးဖြေရတာလဲ
အကျင့်ဖြစ်နေပြီ ။ လာနေကြသူတွေမတွေ ့ရင်တောင်
မျှော်နေမိသေး ။
မောင်ပေ
September 6, 2012 at 1:17 pm
အလင်းစက်ရေ
ပို ့စ်တစ်ခုတင်ဖို ့အတွက်
အင်တာနက်ဖိုးတင်မက
ကွန်ပျူတာရှေ ့ထိုင်ရမယ့်အချိန်
ဥပမာ
ကျုပ်လိုမျိုး ပွဲကြိုအထောက်အကူပြု ဘောလုံးခန် ့မှန်းပို ့စ်တင်မယ်ဆိုရင် ၊ limso.net , asianbookie.com , soccerhot.com , sbo.bet , 68tip.com , goal.com , goonerguides.com , goals88.com အစရှိတဲ့ ဝက်ဆိုက်ပေါင်းစုံကနေ အချက်အလက်တွေလိုက်ရှာ ၊ လူစာရင်းတွေ စုတုပြု ၊ ပြီးရင် ကိုယ့်အာဘော်ပြန်ထည့် ၊ ကိုယ့်စိတ်ကြိုက်ခန် ့မှန်းတာကို ရေးနိုင်ဖို ့ရှေ ့ပွဲတုန်းက ဘယ်လို ကန်ခဲ့ကြသလဲ ထိုင်စဉ်းစား ၊ ခေါင်းတွေမူး ၊ မျက်စိတွေ မှုန်ဝါးလာ
ဘယ်သူပေးတဲ့အလုပ်လဲ ဆိုတော့ ကိုယ့်ဟာကိုယ် ဝါသနာပါလို ့ထိုင်ရေး
ဇက်ကြောတွေတက်
ရွာထဲက ပို ့စ်တွေကို ကွန်မင့်ပေးဖို ့ကလဲ ပို ့စ်ကို သေချာဖတ်ရသေး
အူး………….. သဂျီး ပွိုင့်များများတိုးပေးမှ နေလို ့ထိုင်လို ့ကောင်းလာမှာ ပဲ
မဟာရာဇာ အံစာတုံး
September 6, 2012 at 2:02 pm
ဒီတစ်ခါ ဒီလူဂျီးပြောတာ ထောက်ခံ၏ …
သဂျီးက ပို့စ်တစ်ပုဒ်တင်မှ ၃ဝ ..
အင်တာနက် ဖိုးဂ ၄ ၅ ရာ ..
ဒီဒေါ့ဂါ .. သဂျီး ပွိုင့်တိုးပေးဘာ ..
မတိုးပေးရင် အနော်ရထာ ကြောင်ကြီးဂ
နယ်တစ်ဖက်ထိ လိုက်ပြီး တိုက်မှာဒဲ့ .. 😀
ကထူးဆန်း
September 7, 2012 at 6:55 am
သူကြီးကတော်ကလည်း သူကြီးကို ရှင့် လူတွေက ဈေးကြီးလိုက်တာ လို့ ပြောနေမယ်ထင်တယ်နော် … 😀
may flowers
September 6, 2012 at 1:21 pm
ဈေးကြီးနေတာတော့ ပြောမပြောချင်တော့ဘူး..ကမ္ဘာနဲ့အမှှီ ရင်ဘောင်တန်းနိုင်တဲ့ ကုန်ဈေးနှုန်းပါပဲ..။
P chogyi
September 6, 2012 at 1:42 pm
ဈေးထဲသွားပြီး ဈေးသက်သာတဲ့ဆိုင်ရွေးပြီး
ဈေးဝယ်ရင်အဆင်ပြေသွားမှာပါ။
(ခရီးထွက်နေတာနဲ့ ဇ တောင် အခုမှ ပေါင်းဖတ်ဖြစ်တယ်)။
အားပေးလျှက်။
Novy
September 6, 2012 at 1:52 pm
ဈ – ဈေကြီးပေမဲ့
လ -လိုအပ်လေတော့
၀- ဝယ်ရတာပေါ့ကွယ်
ဒ- ဒီလို့နဲ့
တ- တို့တွေလဲ
လ- လူမွှေး လူတောင်
မ -မပြောင်တော့ဘူးပေါ့ကွယ်
စ – စနစ်လား
လ- လူလား
မ -မူလား
ရွှေ ကြည်
September 6, 2012 at 3:47 pm
အလက်ဆင်းရေ
ဇ နဲ့ ဈ အခုမှပေါင်းဖတ်ရတော့တယ်။
ဇိမ်ကျကျအေးအေးဆေးဆေးနေနိုင်ဖို့ကလည်း မိရွှေကြည်အတွက်တော့အများကြီးကြိုးစားရပေဦးမယ်။
မိရွှေကြည်လည်း လခထုတ်တာနဲ့ ငွေကိုဝေပုံချပြီး လကုန်အထိကာမိဖို့ကို အကောင့်တစ်ယောက်လိုပဲ
တွက်လိုက်ချက်လိုက်နဲ့…… အင်းလေ ဒီလိုနဲ့ပဲအားမွေးပြီးရှေ့ဆက်ရမှာပ။
ရွာထဲကိုမဝင်ရရင်တောင်မြင်နေရမှကျေနပ်တဲ့
အစ်မရွှေကြည်
pooch
September 6, 2012 at 5:03 pm
ဈေးနှုန်းကွာဟမှုတွေ လူတန်းစားကွာဟမှုတွေ များနေတဲ့ အခြေအနေတခုကနေ ဘယ်သူတွေ ဘယ်လိုတွေများ ပြုတ်ကျထွက်လာမလဲ တထင့်ထင့်ပဲ။
လောလောဆယ်တော့ ငွေတိုးချေးစားသူတွေ အတွက် ဥပဒေတခု ပြဌာန်းလိုုက်ပြီ။
ကထူးဆန်း
September 7, 2012 at 6:57 am
ဈေး ကြောင့် ဇိမ် မရှိ ဖြစ်ကုန်တာကိုး .. 😀
ကြောင်ကြီး
September 7, 2012 at 10:19 am
ဈေးကြီး
ဘေးတီး
ခွေးချီး
မွှေးမီး
ဝေးနီး
ငေးပြီး
တေးငြီး
သွေးစည်း..။
Crystalline
September 7, 2012 at 1:15 pm
ဈေးကတော့ နိုင်ငံတကာနဲ့ယှဉ်ရင် ပျမ်းမျှကတော့သိပ်မကွာပါဘူး..ကွာတာက ရတဲ့လစာ.. သူများ အောက်ခြေအလုပ်ရုံဝန်ထမ်းက အနည်းဆုံးတစ်နာရီ ၁ရကျပ်လောက်ရတဲ့အချိန်ကျမတို့ဆီက ဝန်ထမ်းတွေက တစ်နာရီ Abt 30 cents လောက်နဲ့လုပ်နေရတာဆိုတော့လေ..
အလင်းဆက်
September 7, 2012 at 7:14 pm
တစ်နေ့က ပိုစ် ့တင်ပြီးတာနဲ ့….
ရွာ ထဲ ဝင်လို့ကိုမရတော့တာာ…။
မနေ့ကလည်း.. ပိုစ့် ကို စာလုံးမှား နေတာလေးတွေ..ဘာညာ ကွိကွ ပြင်ဆင်မယ်. ဆိုပြီး..
ရွာထဲ ဝင်တာ..ဘယ်လိုမှ ဝင်လို ့မရ….။
အခုမှ ပဲ… ရတော့တယ် ။ရွာ ပျက်ပြီ.ဆိုပြီး.ငိုမိတော့မလို ့… ။ အခုမှ ရင်ထဲက အပြားကြီး.ကျ..သွားတော့တယ်.။
😀
_____________
ကျွန်တော့် ပိုစ့်ကို ဖတ်ရှု..
ခံစားပေးကြသော..
ကျွန်တော် ချစ်တဲ ့… စာချစ်သူ မိတ်ဆွေ များအားလုံးကို…
ရင်ထဲကနေ..ပြောမပြ တတ်အောင် ကျေူးဇူး တင်ပါတယ်..လို ့.။
တစ်ယောက်ချင်းစီ…ကို ကျေးဇူးတင်နေပါတယ် ..လို ့…
လေးစားခင်မင်စွာ…
TNA
September 7, 2012 at 8:46 pm
ဈေးကြီးတာကတော့ပြောမနေပါနဲ့တော့။ နေ့စဉ်စားကုန်တောင် တနေ့နဲ့တနေ့မတူသလို တဈေးနဲ့တဈေး မတူတာတွေတွေ့နေရတယ်။ အဲဒါနဲ့ပဲ နေ့စဉ်ဟင်းချက်စရာတောင် အိမ်နဲ့နီးတဲ့ဈေးကိုမသွားရဲလို့ အိမ်နဲ့ ဝေးတဲ့ဈေးကိုပဲတကူးတကအပင်ပန်းခံသွားနေရတယ်။
အလင်းဆက်
September 10, 2012 at 7:59 pm
ဟုတ်ပါ ့ဗျာ..။
ကြားထဲမှာ…Comment တွေ ပျောက်နေတယ်ဂျ ။
Kyaw Myo Thet
September 17, 2012 at 11:03 pm
ဈေးကွက်စီးပွားရေးကို ဝေဖန်ထားကြတာတွေကို သဘောကျမိပါတယ်
အလင်းဆက်
September 18, 2012 at 9:19 am
ကိုကျော်မျိုး..ရေ
အစစ်ပဲ.ဗျို ့.။
ကွန့်မန့်တွေက.. ရှယ်တွေ. ။
😀