ပြဿနာများ ရှိပါလျှင်..

kaiSeptember 10, 20121min92195

ရွာသူားများခင်ဗျား..

ပို့စ်ရေး.. ပုံတင်..ကော်မန့်ရေး.. စတာတွေမှာ ပြဿနာတွေရှိပါရင်.. အောက်မှာကော်မန့်နဲ့ ရေးစေလိုပါတယ်..။
သိသူတွေကလည်း.. ဖြေပေးသွားကြပါနော..

ကူညီကြပါခင်ဗျား..

95 comments

  • kolumbus

    September 10, 2012 at 5:01 pm

    မနေ့က ဂဇက်ကိုဝင်လို့ မရဘူး။ အခု ဝင်လို့ရတော့လည်း တနေ့က ဖတ်နေတဲ့ ပို့စ်တွေ မတွေ့တော့ဘူး။ 🙁

    သူကြီးရေ….
    ဘာတွေဖြစ်နေလည်းသိချင်ပါတယ်။…

  • မဟာရာဇာ အံစာတုံး

    September 10, 2012 at 5:12 pm

    ဟောဟဲ .. ဟောဟဲ ..
    (အမောတကော ပြေးလာသံ)
    စိန် .. စိန်ဗိုက် .. စိန်ဗိုက်ဗိုက် .. တစ် .. တစ်ယောက် ..
    ဘီအီးမူးပြီး မှောက်နေဒါ ..
    ဟိုလေ .. ဟို ..
    လမ်းဘေးမှာ မြင်မကောင်းဘူး ဖြစ်နေလို့ဒဲ့ ..
    (ဒါလည်း ပြဿနာဘဲ .. ငွင်း .. ငွင်း ..)

    • စိန်ဗိုက်ဗိုက်

      September 10, 2012 at 5:15 pm

      မြင်မကောင်းရင် နားပိတ်ထား..
      ဒါဘဲ

      • မဟာရာဇာ အံစာတုံး

        September 11, 2012 at 2:23 pm

        တောင်မ ..
        နင်ဒေါ့ သဘာဝ တရားဂျီးကို လွန်ဆန်နေပီနော် ..
        နင့်အောက်ကိုလည်း ကြည့်ဦး ..
        သုံးလုံးဂျီး ဖစ်နေဒယ် … (ကြယ်) … :mrgreen:

        • Black Cloud

          September 11, 2012 at 3:23 pm

          သူကျတော့ တလုံးတည်း ဟာကိုး… ခစ်ခစ်…

  • Hnin Hnin

    September 10, 2012 at 5:17 pm

    ဟုတ်ပါတယ်။ တစ်နေ့ဝင်မကြည့်ရရင် မနေနိုင်တဲ့ရွာကြီး ဘာဖြစ်နေလည်းသိချင်နေပါတယ်။
    ပို့စ်ခေါင်းစဉ်တွေက စာလုံးတွေကြည့်ပြီး ရင်တောင်ထိတ်သွားတယ်ရှင်။ comment ပေးရုံပဲပေးတတ်၊
    ကျန်တာဘာမှမတတ်ဆိုတော့ ကိုယ်လျှောက်နှိပ်လိုက်လို့များ စာလုံးတွေကြီးသွားသလားလို့ပါ။

  • Mr admin

    September 10, 2012 at 5:23 pm

    မကြီးပါဘူး ပုံမှန်ပါဘဲ … နာ တော့ အကောင့်သစ်လေးဘဲသုံးတော့မယ် အဟင် ့
    စိတ်သစ် လူသစ်နဲ့

  • Wow

    September 10, 2012 at 5:31 pm

    ဘာတွေဖြစ်နေတာလဲ… ဝင်လို့လဲမရ မန့်လို့လဲမရ

  • ကိုရင်စည်သူ

    September 10, 2012 at 5:40 pm

    တွားပီ… ကိုရင် မန့်ထားသမျှတွေ အကုန်ပျောက်ကုန်ပီ..
    ဘာတွေဖြစ်ကုန်ဒါလဲဗျာ… ကွန့်မန့်ပေးတဲ့အောက်မှာလဲ
    ဒါကြီး You may use these HTML tags and attributes:


    ပေါ်နေတယ်..
    အနှစ်တွေပါသွားပီ.. သဂျီးရေ.. ပါသွားပီ... :cry: :cry:
    ပို့စ်အသစ်ကော တင်ရင် ပြသနာရှိအုန်းမလား သိချင်ပါဒယ်ဗျို့.. 8O

  • MaMa

    September 10, 2012 at 5:52 pm

    ပြဿနာကတော့ …..
    ခုမှ ဝင်လို့ရ၊ ရေးလို့ရလို့ အားပါးတရ ရေးလိုက်တာ ….
    သဂျီးပိုက်ပိုက် ကုန်စေသတည်းးးးးးးးး 😀

  • သစ် တည်

    September 10, 2012 at 5:53 pm

    ဘာဖစ်လိုု ့လဲဟင်

  • Foreign Resident

    September 10, 2012 at 5:53 pm

    test comment

  • ရာဇဝင်လူဆိုး

    September 10, 2012 at 6:25 pm

    me too…

  • etone

    September 10, 2012 at 7:12 pm

    အခုမှပဲ မျက်မှန်လေးချွတ်ပြီး …. လေကောင်းလေသန့် ရှုလို့ ရတော့တယ် … ဟီး 😛

  • ကိုခင်ခ

    September 10, 2012 at 7:24 pm

    ခေါင်းစဉ်စာလုံးဆိုဒ် နဲ့ ပုံစံလေး နည်းနည်းလွဲတာလောက်ဘဲ ပြောင်းလဲတာဆိုလို့
    တွေ့သေးပါတယ်။ ကျန်တဲ့ပြဿနာတော့မရှိသေးပါခင်ဗျာ။

  • utawgyaw

    September 10, 2012 at 7:40 pm

    အင်းဟက်တဲ့ဆရာများကို နည်းနည်းပြောချင်တယ် တကယ်တော့ ဒီဆိုက်က စိတ်ပြေလက်ပျောက် အပန်းဖြေစရာနေရာလေးတစ်ခုပါဗျာ လူတကိုယ် အကြိုက်တစ်မျိုးရှိကြစမြဲပါ ဘယ်ပို့စ်ပဲတင်တင် ကိုယ့် နိူင်ငံကိုယ့်ဘာသာကို ထိခိုက်လာရင် အများစုက မခံကြပါဘူး တနည်းကောင်းတဲ့ဘက်ကကြည့်ရင်စည်းလုံးမှုကိုတောင်ဖြစ်စေတဲ့ ဆိုက်လေးပါ။ ကွန်းမန့်တွေ အနီရောင် အစိမ်းရောင်တွေကြည့်ရင် သိနိူင်ပါတယ်။ ဘယ်ပညာရပ်မဆို ကောင်းတဲ့ဘက်မှာ အသုံးချရင် အများအကြိုးသယ်ပိုးတာပါပဲ။ တကယ်သာ မြတ်စွာဘုရားရဲ့ တရားတော်တွေကို ကာကွယ်ချင်ရင်တော့ ဒီလိုဟက်တာမျိုးမဖြစ်စေလိုပါဘူး။ နိူင်ငံချစ်စိတ် ဘာသာကာကွယ်လိုစိတ်ကိုလေးစားပါတယ်။ ဒါပေမယ့် ဒီဆိုက်ကို ဟက်တာတော့မချီးကြူးလိုဘူး။ ဘာနဲ့တူသလဲဆိုရင် ပျော်စရာမိသားစုတစ်ခုကို ဝင်ဖျက်ဆီးတာလို့မြင်တယ်။ လူတွေရဲ့ လွတ်လပ်စွာ ကွဲလွဲခွင့်တွေကို ဝင်စွတ်ဖက်တာ၊ တနည်း အကြမ်းဖက်တာလို့မြင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ တော်တော်လေးဝေးသွားပါပြီ။ ဆရာလုပ်တာမဟုတ်ပါဘူး။ မသင့်တော်ဘူးထင်လို့ ဝင်ပြောတာပါ။ တခြားလူတွေကိုပြောင်းလဲဖို့လောက်ကိုထားဦး ကိုယ်စိတ်တောင် ပြောင်းလဲဖို့လွယ်လို့လားဗျာ။ လူတွေရဲ့ စိတ်ကိုထိခိုက်စေတာဟာ ပြစ်မှုတစ်ခုပါ ငရဲကြီးပါတယ်။ မြင့်မြတ်တဲ့စိတ်ထားနိူင်ပါစေဗျာ။

  • padonmar

    September 10, 2012 at 7:43 pm

    သူကြီးရယ်
    ကျမ ပို့စ်“ မျဉ်းကျားလေးမှာရပ်ပေးပါ” ပါသွားပြီနော်၊
    ကိုယ်ရေးတာမနှမျောပေမယ့် ကွန်မန့်လေးတွေ ကူးမထားလိုက်မိတာ နှမျောတသ ၃ကြိမ်ရွတ်လိုက်ပါတယ်။အထူးသဖြင့် ရှားရှားပါးပါးရေးပေးတဲ့ Victory ကွန်မန့်ပါ။
    ဘာဘဲပြောပြော သူကြီး ကြိုးစားထားတာ ကျေးဇူးအထူးတင်ကြောင်းပြောရင်း ရေးလို့ရမရ စမ်းသပ်ပါတယ်။
    ကုန်ကျစားရိတ်တွေများသွားရင်လည်း ရွာသူားတွေ နိုင်သလောက် ဝိုင်းဝန်းအားဖြည့်ပေးကြပါမယ်။
    ရွာသူားတွေလည်း အသံကြောင့် ဖားမသေအောင် စိတ်ထိန်းကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
    အခုမှ ရွာရဲ့ တန်ဖိုးကိုလည်း ပိုနားလည်လာပါတယ်။
    ဒီမိုကရေစီဆိုတာ သူများကို မထိခိုက်တဲ့ လွတ်လပ်ခြင်းရှိမှ ရပါလိမ့်မယ်။

    • Hnin Hnin

      September 11, 2012 at 12:17 am

      ဖတ်ရတာ နူးညံ့ပျော့ပျောင်းပြီး နားဝင်လွယ်လို့ အဲဒီပို့စ်လေးကိုပြန်ဖတ်မယ်ဆိုပြီး ဝင်ရရချင်း အရင်ဆုံးရှာ
      တာ မတွေ့တော့ဘူး…ရေးတဲ့လူရဲ့အားထုတ်မှုအတိုင်း မန့်တွေမှလည်း အောတိုက်..အများကြီးရယ်
      နှမြောလိုက်တာ… း(..ဒီမှာ တင်ပြီးသားပို့စ် ထပ်တင်လို့မရဘူးလား မသိနော်…မဖတ်ရသေးတဲ့လူတွေ
      ဖတ်စေချင်တာ…

  • ဦး ကျောက်ခဲ

    September 10, 2012 at 8:36 pm

    အင်း….ရွာထဲမှာမြင်နေတာက ဇတ်လမ်းက မပြီးသေးဘူး၊ Post အဟောင်းတွေမှာ Comments တွေက ပြန်တက်နေတယ်။ သူကြီးရေ နောက်တစ်ချီ လာအုံး မလားဘဲ!
    Credit to Aunty Padonmar: “ကုန်ကျစားရိတ်တွေများသွားရင်လည်း ရွာသူားတွေ နိုင်သလောက် ဝိုင်းဝန်းအားဖြည့်ပေးကြပါမယ်။”

  • မှော်ဆရာ

    September 10, 2012 at 8:36 pm

    မနေ့က တိုက်ခိုက်သွားတာ မြန်မာက မဟုတ်ပါဘူး ..
    ဘင်္ဂလားဒေ့ရ် ကပါ..

    • ဦး ကျောက်ခဲ

      September 10, 2012 at 8:41 pm

      Who knows, pro Bengali in our site who let the dog out?

  • မောင်ပေ

    September 10, 2012 at 8:39 pm

    မန်းတလေးဂေဇက် ကို တစ်ရက်မဝင်ရရင် မိန်းမ နဲ ့မတွေ ့ရတာထက် ပိုနေရဆိုးတယ်

    • Khaing Khaing

      September 11, 2012 at 1:36 pm

      လူအထင်ကြီးအောင် … မပြောပါနဲ့ အူးအူးပေ … ဘယ်ကမိန်းမကရှိနေပြန်တာတုံး … တစ်ယောက်တည်း ပြောင်ပြောင်နေစမ်းပါ ….. ကလေးတွေကို မလိမ်ပါနဲ့ …….

      • မောင်ပေ

        September 11, 2012 at 9:02 pm

        ကျုပ် စကားဟာ အဓိပ္ပါယ် အများကြီး ပြန်လို ့ရပါတယ်
        ထားပါ
        ကျုပ်ကို မိန်းမမရှိဘူး ပြောပြောနေတဲ့
        မခိုင်ကိုအရင်ဆုံးကြံမယ်ကွာ
        ကဲ မခိုင်ရေ
        ဘယ်နှယ့်လဲ
        မောင်ပေလေးကတော့ “ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ” ပဲနော်
        ဟင်းဟင်း

        • Khaing Khaing

          September 12, 2012 at 1:02 pm

          အမလေး ကိုယ့်ရှုးကိုယ်ပတ်နေပီ ….. ဘုရား ဘုရား ပင်လယ်ပျော်သာတွေ့ရင်တော့ တစ်မျိုးထင်တော့မှာပဲ …. နောက်ဆို မန်းတလေးသွားဖို့ပါမစ်ပိတ်ခံရမယ် ….. ကြံမယ်ဆိုတာက လုပ်ကြံသတ်ဖြတ်မယ်လို့ပြောတာလားဟင် …. ရွာသူရွာသားတွေကို သက်သေထားရမယ် ….. ဟဲ …. ဟဲ ….

  • padonmar

    September 10, 2012 at 9:31 pm

    ဒီနေ့ ကျမ ပါရမီနဲ့ပြည်လမ်းပွိုင့် ကမြို့ထဲအပြန် ရှေ့မှာ မာဃ လူနာတင်ယာဉ် ဆိုပြီးတွေ့ပါတယ်။
    ဘယ်မြို့ကလဲတော့ လိုက်ဖတ်လို့မရပါ။လှည်းတန်းပွိုင့်ရောက်တော့ မီးနီနဲ့ ပိတ်နေပါတယ်။
    အဲဒီ ambulance က ဟိုဖက်ယာဉ်ကြောကနေ လမ်းပြောင်းပြန်မောင်းပြီး ချောချောမောမော ဖြတ်သွားနိုင်ပါတယ်။
    (နောက်က ကျမ အဲဒီပွိုင့်မှာ မီးနီ ၂ခါမိပြီး မိနစ် ၂ဝ ကြာပါတယ်။)
    အသက်လုရမယ့်လူနာဆိုရင် အဆုံးအဖြတ်ပေးမယ့် အချိန်ပါ။
    ဒီလို သွားဖို့ အသိဉာဏ်ရတာ မန်းဂဇက်မှာ ရာဇဝင်လူဆိုးလည်းရေးဖူးတယ်။ ဂျာနယ်တွေမှာပါအခြားသူတွေလည်းရေးဖူးတယ်။(ကိုဇော်သက်ထွေးလည်းရေးဖူးတယ်)
    ဒီလို အသိတွေရလာပြီး ပြည်သူတွေကောင်းကျိုးရစေတဲ့ မီဒီယာ တစ်ခုကို ဝိုင်းဝန်းထိန်းသိမ်းသင့်ပါတယ်။
    (မြန်မာဟက်ကာများရော ရွာသားများပါ)ကိုယ့်ရဲ့ စိတ်လိုက်မာန်ပါ အရေးအပြောလေးကြောင့် ရွာကို မထိခို်က်ပါစေနဲ့။

    • nigimi77

      September 11, 2012 at 1:28 am

      ဒေါ်ရီး ဗဒုံမာ ။ အသံကြောင့် ဖားသေတာ ရယ် စိတ်လိုက်မာန်ပါ ဆိုတာရယ်ကြောင့် မန် ့လိုက်ပါတယ် ။ မှားရင်မှားတယ် မှန်ရင်မှန်တယ်လို ့ ပြောလာကြတာ ဒီရွာရဲ ့ ဝိသေသလို ့ပြောနိုင်ပါတယ် ။ ကျွန်တော်ရေးခဲ့တဲ့ ပိုစ့်ကို ဖတ်ခဲ့ဖူးလား မသိပေမဲ့ မှားတယ်မှန်တယ်ဆိုတာရဲ့ အနောက်မှာ ကို်ယ့်နိုင်ငံသားအချင်းချင်း လက်ခမောင်းခတ် ပညာပြ ထိုးကွင်းထနေတုန်းမှာပဲ ဘကုန်းက ဝင်ဆော်သွားတယ် ။ ဘာကြောင့်ဆော်လဲ သိလား ။ အမျိုးဘာသာ သာသနာအတွက်ဆိုပြီး ဆိုဒ်တွေကို လိုက်ဟက်ပြီး ဘယ်လိုဆုံးမလိုက်ပါတယ်လို ့ အသံကောင်းကို ရွာထဲမှာ လာဟစ်တဲ့ အခါ လုပ်ကွချကွ အားပေးတယ်ကွဆိုပြီး အရူးဘုံမြှောက် ချိုမိုင်မိုင် သီချင်းကို ဒီရွာထဲကပဲ လက်ခုပ်တီး အားပေးခဲ့တယ် ။ ပြတ်ပြတ်သားသား ကန် ့ကွက်သူရှိသလို ကိုယ့်အကောင့်ပါသွားမှာ ကိုယ့်ပိုစ့် ပါသွားမှာကြောက်လို ့ လေပြေထိုးသူတွေလဲ ရှိတယ် ။ ကြောက်ခြင်းဟာ မသိချင်းပေါ်မှာ အခြေခံတယ် ။ ဒီရွာမှာ ဒီလို ကိစ္စမျိုး ထပ်ပြီး မရှိစေချင်ရင် အကြောက်တရားကိုဘေးဖယ်ပြီးပြောမှ ဒီရွာကို စောင့်ရှောက်နိုင်မယ်လို ့ယူဆပါတယ် ။ အခုလိုမျိုးဖြစ်တော့ we are watching you ဆိုတဲ့ ဆြာကလေးများ ဆိုင်ဘာစစ်သူကြီါ်များလဲ မကယ်နိုင်ပါဘူး ။ ကျွန်တော်ထပ်ပြောပါမယ် ။ ALPHA ဆိုတဲ့ လူ အပါအဝင် သူနဲ့ ပါတ်သပ်သူအားလုံးကို ပြင်းပြင်းထန်ထန် ကန် ့ကွက်ပါတယ် ။ လက်တဲ့စမ်းထားတဲ့ ဆိုဒ် နာမည်တွေကို ရွာထဲမှာ နာမည်ကောင်းယူခြင်းကိုလဲ ကန် ့ကွက်ပါတယ် ။ ဝင်ပြီး ချိုမိုင်မိုင် လုပ်သူတွေကိုလဲ ကန် ့ကွက်ပါတယ် ။ ထပ်ပြီးပြောပါမယ် ။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ချင်သူတွေ ကိုယ့်ရှုးကိုယ်ပတ် မစောင့်ရှေက်ပါနဲ့ ။ ဘာသာ သာသနာ အတွက် စောင့်ရှောက်ချင်ရင် ပိုလျှံနေတဲ့ ဘုနးကြီးတွေ မယ်သီလတွေ ခါတော်မှီ ယောဂီတွေကို ဒီကိုပင့်ခဲ့ပြီး သာသနာပြုလှည့်ပါ ။ အမျိုးကို စောင့်ရှောက်ချင်ရင် မျိုးတုန်းလုနီး ဖြစ်လာတဲ့ ရခိုင်ပြည်နယ်ကို လူကိုယ်တိုင် လာရောက်ပြီး စောင့်ရှောက်လှည့်ပါ ။

      • Mလုလင်

        September 11, 2012 at 2:01 am

        ဘင်္ဂလား ဒေရှ် ့Cyber Army က လှမ်း attack လုပ်နေတာ . ကို Alpha တို့ မလုပ်ခင်ထဲကလို့ ထင်ပါတယ် .. သူကြီး comment တွေကို ကြည့်ကြည့် ရင် သိနိုင်ပါတယ်။ အဲဒီတော့ .. သူတို့ က အရင်ထဲက attack လုပ်နေတာ မို့ ကိုAlpha တို့ နဲ့ ရွာသားတွေ ညှိနှိုင်းနေတုန်း(တစ်ချို ့လေပြေထိုး၊ တစ်ချို ့ ကန့်ကွက်) နဲ့ မဆိုင် လောက်ဘူး ထင်ပါတယ်။ သူတို့က အရင်ထဲက Hack နေတာ လို့ သူကြီး မန့် ဖူးလို့ပါ။ ပွင့်ပွင့် လင်းလင်း ထပ်ပြောရရင် … ဒီ Mandalay Gazette ရဲ့ Database တစ်ခု လုံး ပါသွားရင်တောင် ကြောက်စရာ သိပ်မလိုပါဘူး .. ဒီ MG က ကျနော် တို့ကို ထမင်းကျွေးထားတာ မှ မဟုတ်တာ အလွန်ဆုံး နှာမြောတသ နဲ့ စိတ်မကောင်းဖြစ်တာ က အလွန်ဆုံးပေါ့။ အရှည်ကိုကြည့်ပြီး လူကြီးတွေက ကြားကနေ ဖြန်ဖြေ ပေးတယ် လို့ပဲ ထင်ပါတယ်။ မသိတာ က မှန်ပါတယ် ဒီ MG က poster အများစုက IT နယ်ပယ်က မဟုတ်လေတော့ မသိတာ အဆန်း မဟုတ်ပါဘူး။ အခု ဘင်္ဂလားဒေရှ ့် က Hack တာ ခံ ရတော့ (အမှန်တော့ IP ဆိုတာ ဘယ်နိုင်ငံ ကလို့ ထင်စေချင်ရင် ပြောင်းလို့ရပါကြောင်း) we are watching you ဆိုတဲ့ ဆရာလေးတွေ မကယ် နိုင်သလို .. ကိုယ့် ဆရာ နီဂိမိ လဲ မကယ်နိုင်ပါဘူး။ ဆိုတော့ .. ကျွန်တော် ကတော့ ကိုယ်လုပ် နိုင်တာကို ကို ကိုယ်လုပ်မယ် .. သူများ မလုပ်နိုင်တာကို အတင်းလုပ်ခိုင်းပြီး ဒေါမနသ မပွား ချင်ဘူး .. . အေးချမ်းတာပေါ့ဗျာ . နော့ ..

        • nigimi77

          September 11, 2012 at 2:44 am

           ဒီ Mandalay Gazette ရဲ့ Database တစ်ခု လုံး ပါသွားရင်တောင် ကြောက်စရာ သိပ်မလိုပါဘူး .. ဒီ MG က ကျနော် တို့ကို ထမင်းကျွေးထားတာ မှ မဟုတ်တာ….

          ခင်ဗျားတော့မသိဘူး .. ထမင်းတော့ မကျွေးဘူး .. ထမင်းမေ့ပြီး ထိုင်ဖတ် ထိုင်ရေးခဲ့တဲ့နေ ့တွေမနည်းဘူး ။ အမှန်ပြောရရင် ခင်ဗျားကို အခုမှပဲ သတိပြုမိတယ် ။ ခင်ဗျား ဘယ်လို အတွေးအခေါ်အယူအဆရှိတယ်ဆိုတာကို စာအဟောင်းတွေပြန်ရှာဖတ်ကြည့်ဦးမယ် ။ပြီးတော့ ဆက်ဆွေးနွေးကြတာပေါ့ ။

        • nigimi77

          September 11, 2012 at 2:57 am

          အခု ဘင်္ဂလားဒေရှ ့် က Hack တာ ခံ ရတော့ (အမှန်တော့ IP ဆိုတာ ဘယ်နိုင်ငံ ကလို့ ထင်စေချင်ရင် ပြောင်းလို့ရပါကြောင်း) 

          ဒီမှတ်ချက်က သဘောတရားပိုင်း သက်ရောက်မှု အတော် အသင့် အားကောင်းတာကြောင့် စိတ်ဝင်စားတယ်။ ကွင်းစကွင်းပိတ်မှတ်ချက်မျိုးက ပိုပြီး အားကောင်းစေပါတယ် ။ ဆြာ့ သဘောတရားကို မျှပါဦး ။ ဆြာ လုပ်နိုင်မယ်ထင်တဲ့ အချက်ကို မေးကြည့်တာပါ ။

        • အရီးခင်လတ်

          September 11, 2012 at 3:04 am

          မောင်ဂဏန်း
          မိသားစုဝင် တွေ ထဲမှာ ဒီအကြောင်းကို ဆွေးနွေးသင့်တဲ့ အချိန်မဟုတ်သေးပါ။
          အေးလောက်ရင် မင်းစိတ်ဝင်စား တာတွေ ကို ထပ်ဆွေးနွေးကြစို့။
          “အကြောက်တရား” အကြောင်းရောပေါ့။
          အခုတော့ မဟုတ်သေးဘူး။ 🙂

        • Mလုလင်

          September 11, 2012 at 9:13 am

          ခင်ဗျားကိုတော့ သိပါတယ် .. ရခိုင် ကပွဲတစ်ခုမှာ ဝိုင်းဆော်ပလော် တီးတာ ခံရတဲ့ တစ်ယောက်မဟုတ်လား။ အေးဆေး ပေါ့ဗျာ .. နော့။ အရမ်း သိချင် ရင်တော့ အခု Hack သွားတဲ့ နည်း စနစ် အဆင့်ဆင့်ကို ပြောပြ ပေးနိုင်ပါတယ်။ အခုတော့ မဟုတ်ဘူး။ ဟဲ ဟဲ ဟဲ …..

        • Mလုလင်

          September 11, 2012 at 11:51 am

          ကိုရင် နိဂိမိ ရေ … နေ့ မအိပ် ည မအိပ် ဖတ်ပြီး ရွာ့ဆယ်အိမ်ခေါင်း တွေ ရာအိမ်မှုး တွေ ရဲ့ အာဘော် ကို မမိတာ တော့ နာတာ ပဲဗျို ့ ..။

      • အရီးခင်လတ်

        September 11, 2012 at 2:48 am

        ဂဏန်း(ကြီး 😉 )ရေ

        ငယ်သူမို့ မဟုတ်မခံ စိတ်ရှိတာ ကောင်းပါတယ်။
        အရီးလဲ မင်းအရွယ် ဆို အဲလိုဘဲ ပြောမှာဘဲ။
        100% ပါ။
        အသက်အရွယ် ရလာတဲ့အချိန်မှာ ငယ်တုန်းက အတွေ့အကြုံတွေ က ကိုယ့်အတွက် သင်ခန်းစာ ဖြစ်လာတယ်။
        အဲဒါ ကို ပြန်လေ့လာလိုက်ရင် ငယ်တုန်းမှာ လုပ်ခဲ့တဲ့ အလုပ် ဟာ ကြီးလို့ ပြန်တွေးလိုက်ချိန် လုပ်သင့်တာဖြစ်ချင်မှ ဖြစ်တော့မယ်။
        ဒါပေမဲ့ မင်း အခု နားလည်နိုင်မှာ မဟုတ်ပါဘူး။
        အစ်မပဒုမ္မာတို့၊ အရီးတော့ အရွယ်ရောက်ရင် သိလာပါမယ်။

        အိမ်တစ်အိမ်မှာ အဖိုး၊ အဖွား ကစလို့ မြေးတွေ အထိ အရွယ်စုံ ပါတယ်။
        အဖိုး၊အဖွား က မြေးကို တစ်ခုခု မလုပ်နဲ့ လို့ တားတာ သူတို့ တုန်းက အတွေ့အကြုံ အရတားတာပါ။
        ဒါကို ငယ်သူတွေ က နားလည်ပြီး ဖြစ်သင့်တာ ဆို လိုက်နာရပါမယ်။

        အခုလဲ ဒီလိုပါဘဲ။
        ပြသနာဖြစ်ရင် ဒါဟာ မိသားစု လို့ အရင်တွေးလိုက်ပါ။
        ဒါဆို သူ့အကျိုး၊ ငါ့အကျိုး ထက် ကိုယ့်ရဲ့ မိသားစု ဝင် အားလုံး ကောင်းဖို့ ဆိုတာ ဦးစားပေးဖြစ်လာမှာပါ။

        တမင် အနိုင်ကျင့်တာကို မခံချင်စိတ် ထားတာ ကောင်းပါရဲ့။
        အဲလိုစိတ်ထားရှိရပါမယ်။
        ဒါပေမဲ့ အများကို ထိခိုက်နိုင်တာမို့ ကိုယ့်စိတ်ကို ချိုးနှိမ် ထားတာ ပိုကောင်းတာမို့ အစ်မပဒုမ္မာ ပြောတာ မျှတ ပါတယ်။
        အခုဟာ က ဘာဖြစ်လို့ ဖြစ်နေသလဲ တောင် တွေးနေရတော့ ဖြစ်နိုင်သ၍ စာဖတ်သူ အများအတွက် စိတ်ထိန်းထားဖို့ က ပိုပြီး သဘာဝကျပါတယ် လို့ ပြောပါရစေ။

        တို့တွေ ရဲ့ လက်တွေ့ဘဝ မှာ လဲ ဒီလို လက်သီးဆုတ်၊ အံကြိတ် ပြီး တိတ်တိတ်နေခဲ့ရပေါင်းများပါပြီ။
        မဟုတ်လား။
        ဒီတစ်ခါလဲ ကြောက်လို့ ငြိမ်တာ မဟုတ်ဘဲ ကိုယ်မသိတဲ့ စာဖတ်သူတွေ အများ အတွက် လို့သာမှတ်လိုက်ပါ။
        သူ့တရားသူစီရင်သွားပါလိမ့်မယ်။

        • nigimi77

          September 11, 2012 at 3:06 am

          ဘွားလတ်က အစိမ်းတချက်နှိပ်ပြီး ချွေးသိပ်တယ် ထင်ပါရဲ့ ။ အိပ်ပီဗျို့ ၆ နာရီထိုး အလုပ်သွားရမှာ ။ ၃ နာရီပဲ ကျန်တယ် ။

        • အရီးခင်လတ်

          September 11, 2012 at 3:13 am

          နာ့ ကို အဖွား တဲ့။ တောက်စ် (မူ – ဂဂ) 😛

          အကြောက်တရား ဆိုတာကို သဘောကျပေမဲ့ အစိမ်းနှိပ် တာ ကျုပ်မဟုတ်။
          တစ်ခြားတစ်ယောက်ဖြစ်မှာ။

          အိပ်တော့ဟေ့။ Sweet Dream!!! 🙂
          အိမ်မက်ထဲ မှာ ဒေါသကြီး မနေနဲ့ဦး။ 😆

        • Inz@ghi

          September 11, 2012 at 7:29 am

          ဂဂ မှုတ်တော့ဝူး တူဂ….
          နာမည်ပျောင်း ထားဒယ်…

          ချစ်တော မောင် တဲ့…
          ခိခိ….

          နောက်ရှို …(မူ-ချစ်တောမောင်)
          လို့ ပြင်ရေး ကြတာပေါ့…

          ဒက်ဂလောက်..ဒက်ဂလောက်..

  • ကုလား ကြီး

    September 10, 2012 at 9:58 pm

    ဘီလို ဖစ်ကျတာဒုန်း ကီလား မြင်လိုက်ဖူး။

  • ရာဇဝင်လူဆိုး

    September 10, 2012 at 10:32 pm

    မီဒီယာဆိုတာ ခေတ်အဆက်ဆက် ပြည်သူရဲ့လက်နက်။

  • pooch

    September 11, 2012 at 1:20 am

    သူကြီးရေ ကွန်းမန့်ပေးတာနဲ့
    Your comment is awaiting moderation.
    ဆိုပြီး ဝင်ဝင်သွားတယ်။

  • YE YINT HLAING

    September 11, 2012 at 4:04 am

    ကဲ ! စမ်းကြည့် လိုက်ပြီ !

  • အရီးခင်လတ်

    September 11, 2012 at 4:54 am

    ဒါထက် သူကြီး
    ရွာ က ပိုပြီး neat & tidy ဖြစ်သွားတယ် လို့ ထင်တာဘဲ။ 🙂

  • kyeemite

    September 11, 2012 at 8:36 am

    အင်မတန်မှ မင်္ဂလာရှိသောမနက်ခင်းပါ ရွာသူားများခင်ဗျား..
    ကျုပ်တို့ရွာပြန်ရောက်ကြပါပြီ…

    • Inz@ghi

      September 11, 2012 at 8:41 am

      ဟိုအူးလေးကြီး ..
      သတိရတယ် ဗျာ..
      ပြန်ခေါ်ပေးပါ…

  • nigimi77

    September 11, 2012 at 9:39 am

    @ Mလုင် ရေ ။

    ” ရခိုင် ကပွဲတစ်ခုမှာ ဝိုင်းဆော်ပလော် တီးတာ ခံရတဲ့ တစ်ယောက်မဟုတ်လား။ ”

    ဘုရားပွဲလား ကပွဲလားဆိုတာကို သိရအောင်

    မောင်ရင် ကျုပ်ရေးတဲ့ စာကို သေချာ တစ်ခေါက်ပြန်ဖတ်ကြည့်လိုက်ဦးကွဲ ့ ။

    မှန်ပြောင်းကြီး ကိုင်ထားပြီး မျက်စိ သျှမ်းနေသလားလို ့ ။

    ဒါ့ပုံဆြာက Hack နည်းနိသာရည်းလည်း ရသဂိုး ။

    အမြဲ ဒါ့ပုံလောက်ပဲ ကြည့်နေရတော့ ဗဟုသုတလေး ဘာလေး

    လုပ်ပါဦး … စာမြည်းကလေး တကြောင်း ၂ ကြောင်းလောက် ။

    ကျုပ်တို ့လို ခပ်ဝေးဝေးတွေ ဗဟုသုတရတာပေါ့ ။

    အားပေးပါတယ် ။

    ဒါပေမဲ့ မောင်ရင်ရဲ ့ Pro မဟုတ်တဲ့ အပိုင်းကို သိချင်တာ မဟုတ်ဘူး ။

    ဒါ့ပုံဆြာ တစ်ယောက်က ပြောတဲ့ .. (အမှန်တော့ IP ဆိုတာ ဘယ်နိုင်ငံ ကလို့

    ထင်စေချင်ရင် ပြောင်းလို့ရပါကြောင်း) …. ဆိုတဲ့ စကားဟာ ဘယ်လို အဓိပါယ် ကို

    ဦးတည် ထားတာလဲ ဆိုတာကို စိတ်ဝင်စားလို ့ပါ ။

    နီးစပ်ရာ Cracker တွေ Lamer တွေကို မေးမြန်းပြီးရင်

    ဒါ့ပုံဆြာကပြောသော Hack အကြောင်း သိကောင်းစရာ ဆိုပြီး

    ပိုစ့်လေး တစ်ပိုဒ်လောက် တင်ပေးပါလို ့ တောင်းဆိုချင်ပါတယ် ။

    :mrgreen:

    • Mလုလင်

      September 11, 2012 at 11:58 am

      sorry ပါဗျို ့ .. ပြောချင်တာ က “ရခိုင် က .. ပွဲ = ရခိုင် မှာလုပ်တဲ့ ပွဲတစ်ခု” အဲလို ဆိုလိုချင်တာ .. Dancing Party ကို ပြောချင်တာ မဟုတ်ဘူးဗျို ့ .. စာအဖြတ်အတောက် အတွက် sorry ပါဗျာ ..။ ဒါပေမယ့် ကိုရင့် ပိုစ့် ကိုတော့ စိတ် မဝင်စား ဘူးဗျ …… ဒါမျိုးဆိုတာ နှစ်ဖက် အမြင် နဲ့ မှ ဖတ်လို့ ကောင်းတာ မို့ပါ။ PRO မဟုတ်တဲ့ အပိုင်း .. ဆိုတော့ .. အင်း .. ပြောရရင် .. ကျုပ် အသက်ရဲ့ ၃ ပုံ ၁ ပုံ ရဲ့ ၃ နှစ် စွန်းစွန်း လောက် က IT လောကထဲမှာ ကျင်လည် (အထူးကျင်လည်) ခဲ့တာဖြစ်ပါကြောင်းရယ်ပါ။ ဆိုတော့ Hacking အကြောင်း ပြောပြ မယ် လို့ မန့် ပေမယ့် . လက်တွေ့ တော့ … IT လောက က နေ အလှမ်းဝေး တာလဲ ကြာပြီ ဆိုတော့ .. ဟိုလူ့ လိုက်မေး . ဒီလူ့ လိုက်မေး.. forums တွေ ပြန်ဖတ် နဲ့ အချိန်ကုန် တာမို့ .. ကျုပ် လုပ်ချင်စိတ် လဲ မရှိ .. အချိန်လဲ မပေးနိုင်ပါဘူး …။ တောင်းဆိုတာ ကို တော့ ဝမ်းသာ တယ်ဗျို ့ ….

  • amatmin

    September 11, 2012 at 9:55 am

    ရွာထဲပြန်ဝင်လာလို့ ရနေသေးလို့ တော်သေးရယ်..
    ကိုယ်ထင်ရာ.မှန်ရာကိုပြောခွင့်ရှိပေမဲ့.အများကိုအကျိုးမရှိ
    ထိခိုက်နိုင်မယ်ထင်ရင်တော့ခနလေး
    စိတ်ထိန်းပေးပါ ဆိုတာလေး..တယောက်ပြောဖူးတယ်ထင့်..
    ဒါကြောင့်ထင်ပါရဲ့ သဂျီးက မနေ့က တောင်းဆိုထားတာလေးတခုတွေ့မိသား..
    ခုရက်ပိုင်းလေးထဲမယ်..ဟက်ကင်း နဲ့ပက်သက်တာလေးဒွေ
    ပို့စ်တင်မက.ကွန်မန့်ထဲမှာပါ..
    မပြောမရေးစေလိုပါကြောင်း ဆိုတာလေးပါ…
    မမြင်လိုက်ရသူဒွေ ရှိမယ်ထင်လို့ပါ နော့.. 🙂

    ကျနော့ကိုယ်ပိုင်အမြင်ကတော့..ငြိမ်ခံမနေခဲ့တာကို သဘောကျခဲ့ပါကြောင်း.. 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 11, 2012 at 10:05 am

    တစ်ခုခုတော့လွဲနေပြီထင်တာဘဲ
    ကိုယ့်ထမင်းကိုယ်စားပြီး သူတို့ကိုကြောက်နေရတာတော့မနိမ့်ဘူးထင်တယ်
    သူတို့ဖျက်တော့လီးပျင်ပေါ့ဗျာ
    ပျက်တဲ့အချိန်မှာရပ်ပေါ့
    ဒီကောင်တွေကို မေတ္တာပို့တာတို့ အသနားခံသလိုလုပ်တာတို့ကတော့ ယုတ္တိမရှိဘူး
    လီးဘဲကွာ
    ဘာကိုဂရုစိုက်ရမှာလဲ အောက်တန်းကျတဲ့နည်းတွေလုပ်တယ်လို့သဘောမထားပါဘူး
    ပညာစမ်းတယ်လို့ အကောင်းဖက်ကတွေးဒယ်ကွာ
    ဗုဒ္ဓမြတ်စွာလည်း အကျိုးကြောင်းညီရင်ပြန်ဖဲ့ဒါဘဲ :mrgreen:
    သဂျီးအာဘော်
    ဆိုတော့ကာ
    ကိုရင်စည်သူကတော့ပြောဒါဘဲ ကျောက်မီးသွေးအမှုန့်ကိုပလင်းထဲထည့်ပြီးပွတ်ရင်ပွဲပြီးသဒဲ့
    ဆိုဒေါ့ဂါ
    ပီပါနဲ့ထဲ့ပီးပွတ်ဂျဟေ့
    ပွတ်ဂျ
    👿

  • ရွှေ ကြည်

    September 11, 2012 at 10:06 am

    မင်္ဂလာပါရှင့်။ ရွာကိုဝင်လို့ရလို့ဝမ်းသာလိုက်တာ။ အလွန်ပျော်ပါတယ်။
    ယနေ့ပို့စ်ကိုပြေးပါပြီရှင့် မဖတ်ရသေးတဲ့ပို့စ်တွေအတိုးချဖတ်ပစ်လိုက်မယ်။

  • nigimi77

    September 11, 2012 at 10:27 am

    ဟုတ်ကဲ့ပါ ကို အမတ်မင်း ။

    ကျွန်တော် ဒီ အကြောင်းကို ဆက် မပြောသင့် မဆွေးနွေးတော့ပါဘူး ။

    ကွန်ပူတာ တက္ကသိုလ်ဆင်း ဒါ့ပုံဆြာကြီးနဲ ့ ဒီ အကြောင်းပြောဖို ့ကို

    ကျွန်တော့်မှာ အရည်အချင်း မရှိပါဘူး ။ ဒါကြောင့်မို ့လို ့

    ဒီနေ ့ အဖို ့တော့ ကမ္ဘာကျော် အဆိုအမိန် ့များ မဟုတ်တဲ့

    ရွာကျော် အဆို အမိန် ့ဖြစ်တဲ့ အောက်ပါ စာကြောင်းလေးကို ပဲ

    မှတ်သားပြီး ဒီတင်ပဲ ရပ်နားလိုက်ပါတော့မယ် ။ :mrgreen:

    အံ့ပါရဲ ့ တောင်မရယ် ….. :mrgreen:

    “… ဒီ Mandalay Gazette ရဲ့ Database တစ်ခု လုံး ပါသွားရင်တောင် ကြောက်စရာ သိပ်မလိုပါဘူး .. ဒီ MG က ကျနော် တို့ကို ထမင်းကျွေးထားတာ မှ မဟုတ်တာ….”

    • Mလုလင်

      September 11, 2012 at 12:07 pm

      ဟဲဟဲ .. ကြည့်စမ်း .. ကျုပ်ကို သတိမထားမိတဲ့ သူ ..ဒီပိုစ့် တစ်ခု ထည်း နဲ့ ပညာရေး .. ပိုင်း တွေသိသွားပါလား.. စီးပွားရေး ပိုင်း တို့ အိမ်ထောင်ရေး ပိုင်း တို့ တော့ လိုက် မစုံစမ်းနဲ့ နော် ..ဟဲဟဲ ဟဲဟဲ…။ အမှန်ကတော့ လောလော ဆယ်မှာ စီးပွားရေး ပဲ ဇောက်ချ လုပ်နေတာ မို့ IT လောက နဲ့ လဲ အလှမ်းဝေးနေပါပြီ .. ဟိုပွဲလေး ဒီပွဲလေးသွားရင်တော့ ဘော်ဒါ တွေကတော့ ထောင်ထောင် နဲ့ မို့ မုဒိတာ ပွားပါတယ် … တစ်ခုခု လိုချင်ရင် သူတို့ကို အပူကပ် ရတော့တာ ကိုး ..။ .. MG ထမင်းကျွေးထားတာ မဟုတ်ဘူး ဆိုတာ သိပ်မကြိုက်ရင် သူကြီး ကို ထမင်းကျွေး ဖို့ ပြောကြည့်ပါလား … (စတာ ပါဗျာ။)

      ကိုရင် နိဂိမိ .. ကျုပ်ရဲ့ ဆိုလိုရင်း ကို မမိပုံ ပေါ်လို့ အကျယ် ရှင်းပြ ပါ့မယ်။
      ကျုပ် ဆိုလိုချင်တာ က .. လူကြီးတွေ က လေပြေ ထိုးတယ် ဆိုတာ ကြောက်လို့ မဟုတ်ဘူး .. အရှည်သဖြင့် နှစ်ဦးနှစ်ဖက် အကျိုး မရှိတာ မို့လို့ .. စကားနဲ ရန်စဲ ဆိုတဲ့ သဘော မျိုး လို့ ပြောချင်တာ ပါ။ အဓိက ပြောချင်တာ က … MG ရေရှည် ရပ်တည် ဖို့ အတွက် လုပ်ကြတာ ပါ။
      အဓိက ဆိုလိုချင်တာ က ကြောက်လို့ လျှော့ပေးထားတာ မဟုတ်ဘူး .. ဘာမှ လဲ ကြောက်စရာ မလိုဘူး .. ကျနော်တို့ဖြစ်ချင်တာက MG ရေရှည် ရပ်တည် ဖို့ အတွက် .. အဲဒါလေး ပါ .. ကိုရင် ရေ ….။

      • nigimi77

        September 11, 2012 at 1:08 pm

        အလုပ်က တစ်ဖက် ရွာထဲဝင်ပွားရတာ တဖက်နဲ့ မအားလပ်တာကြောင့် မောင်ရင့် အကြောင်းကို သီးသန် ့စုံစမ်းဖို ့အချိန်မပေးနိုင်သော်လည် wiki leak ထပ်ပိုမိုက်တဲ့ source လေးတွေရှိနေတာကြောင့် ကိစ္စတွေပြီးမှ အလျှိုလျှိုပေါ်လာတဲ့ ပညာရှင်တို ့ရဲ့ အကြောင်းကို ပါးပါးလေးသိလိုက်ရတာပါ ။ ဒါနဲ့ ရခိုင်မှာ အရိုက်ခံရတုန်းက ကျုပ်ထပ် စောပြီး တပ်ရင်းမူးသားတစ်ယောက် ကိုဆော်ထည့်လိုက်တာ ဆေးရုံရောက်တာတောင် သတိမရဘူးဆိုပဲ ။ ကဲပါဗျာ ဒီလို အကြောင်းအရာမျိုးမှာ မောင်ရင်နဲ့ကျုပ်နဲ ့ အမြင်ချင်းတူချင်မှတူမှာဖြစ်ပေမဲ့ နိုင်ငံရေး တိုသ်းပြည်ရေးကျရင်တော့ လက်မရှောင်တမ်း ဆွေးနွေးကျတာပေါ့ဗျာ ဟဲဟဲ ဟဲဟဲ (CREDIT TO M LU LIN) :mrgreen:

        • etone

          September 11, 2012 at 7:51 pm

          ဟိုလူဂျီးကဏန်းကြီး ဂွစာကြီး လူအထင်ကြီးအောင်လျှောက်ပြောထားတာပေါ့လေ တကယ်တမ်း နွားကန်ခံရတာကိုများ ခွိခွိ 😆
          နွားတောင်မှရိုးရိုးနွားမဟုတ်ဘူး ခြံခုန်တဲ့နွားအကန်ခံရတာပါ အရပ်ကတို့ရေ 😛

          ပြေးပြီ ဒက်ဂလောက်ဒက်ဂလောက် :mrgreen:
          (ဘလိုင်းကြီးကျုပ်ကိုမဆဲနဲ့နော်။လူတိုင်းနီးပါး ဆဲတတ်ကြသည်။)

        • Mလုလင်

          September 11, 2012 at 8:51 pm

          wiki leak ထပ် ပိုမိုက်တဲ့ source .. ဆိုတော့ ကျုပ်ကို သိတဲ့ လူအများစုက Photographer အဖြစ်ပဲ သိကြတာ။ ဟဲဟဲ .. ဟဲဟဲ .. မဟုတ်မှ လွဲ ရော … မဟုတ်မှ တော့ လွဲပြီဗျို ့ …။

  • Mon Kit

    September 11, 2012 at 10:34 am

    သူကြီးရေ….. ပို့စ်တွေရဲ့ အပေါ်ဆုံးမှာ အပေါ်ထောင်တဲ့ လက်မ နဲ့ အောက်ဆိုက်တဲ့ လက်မတွေ မတွေ့တော့လို့တော့…. အဲရာ ဘယ်ရောက်တွားရဲဟင်…… 🙁

  • manawphyulay

    September 11, 2012 at 12:48 pm

    အားလုံးပဲ မင်္ဂလာပါရှင်။
    မတွေ့ရတာ တစ်ပတ်လောက်ရှိပေမယ့် တစ်လလောက်တောင် ကြာသွားသလိုပဲ။
    အားလုံး လူစုံရွာတံခါးဝမှာ ရှိနေတယ်ဆိုတာ မနောယုံကြည်နေမိတယ်။
    ဒါကြောင့် တံခါးဖွင့်တဲ့အချိန် လူတိုးနေရလို့ ခုမှပဲဝင်ဖြစ်တော့တယ်။
    ဝမ်းသာလိုက်တာ ပြန်ဝင်လို့ရပြီဆိုတော့လေ… ပိတ်နေတုန်းက စာရေးဖို့တောင် စိတ်ဓာတ်ကျတယ်။

  • မိုချို

    September 11, 2012 at 1:00 pm

    အစမ်း မန့် ကြည့် တာနော်။
    ဖတ်စရာ၊မန့် စရာ အကြွေးတွေ အများ ကြီး ဖြစ်နေပြီ။ ဖတ်စရာတွေ အရင် ဖတ်ဦးမယ်။ ပြီး မှ အေး အေးဆေးဆေး မန့် တော့ မယ်။

  • char too lan

    September 11, 2012 at 1:18 pm

    အောင်မလေးးးးး ဗျာ .. ပြန်ရလို့တော်သေးတာပေါ့
    တနေ့က ဂဂတို့စုံတွဲများ.. မျက်ရည်နဲ့မျက်ခွက် သူ့သားလေးကိုအမွေမပေးနိုင်ရှာတော့ဘူးဆိုပီးးးး
    ငိုလိုက်ကြတာ အရှေ့ရအိမ် အနောက်ရအိမ်အတော်ဆူညံသွားတယ်ဆိုပဲ … 🙁
    ကဲကဲ အားလုံးပဲမင်ဂါဘာဂျာ…… အားလုံးပဲကျန်းမာရေးကိုဂုချိုက်ဂျဘာရို့ …
    ဘယ်တော့ပြန်ဖစ်အုံးမရဲမတိဒေါ့ ကြိုနှုတ်ဆက်ထားတာပါ ဆွေတော်မျိုးတော်တို့ရယ်……. ဂွတ်ဗိုင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး :mrgreen:

  • ဆူး

    September 11, 2012 at 1:46 pm

    ရွာထဲကို လှည့်မကြည့် ဖြစ်တာ တော်တော် ကြာသွားတယ်။ သတင်းတွေ သဲ့သဲ့ ကြားနေလို့ ဒီပိုစ်လေး လင့်တွေ့လို့ ဝင်လာပြီး အသံပေးတာ.. ဘာများ ဖြစ်လဲလို့..

  • ဦး ဂျစ်

    September 11, 2012 at 1:53 pm

    ဘာမှ မဖြစ်တော့ပါဘူး … လောလောဆယ်တော့ တည်ငြိမ်အေးချမ်းတဲ့ သဘော
    ဆောင်နေပါတယ် …. ဆူး တူမငယ် လဲ ပျောက်ချက်သားကောင်းလှချည့် …
    အော် ….
    မန်းဂေဇက်ကြီး ရေရှည်တည်တံ့ခိုင်မြဲ ပါစေ ….။

    • ဆူး

      September 11, 2012 at 4:56 pm

      ဦးလေးရေ.. ဆူး လည်း ကိစ္စ များမြှောင် လူတို့ ဘောင် ထဲမှာ များပြားလှတဲ့ ကိစ္စတွေ နဲ့ ခေါင်းရှုပ်နေရလို့ပါ။ နောက်မှ အေးဆေး ပြန်လာခဲ့မယ်နော်။ အခုကတော့ ပျောက်နေတာ ကြာတော့ နှုတ်ဆက်ယုံတင်ပါပဲ။

  • ခပ်မိုက်မိုက် ကောင်မလေး

    September 11, 2012 at 3:01 pm

    လိုင်းမကောင်းတာကြောင့်လား…
    ဘာလဲဆိုတာ သေချာမသိရဘူး…
    ခုဆိုရင် တစ်ခါထဲနဲ့ ဆိုဒ်ထဲကို…
    ဝင်လို့မရပဲ တခြားဝက်ဆိုဒ်တစ်ခုပဲ…
    ကျကျလာတယ်…
    နောက်ပြီး…မိုက်လေး ပို့(စ်)ရေးဖို့အတွက်…
    New Post… ကိုသွားလို့မရဘူး ဖြစ်နေပါတယ်…
    ဒါလည်း ပြဿနာပါပဲ…။

  • ခပ်မိုက်မိုက် ကောင်မလေး

    September 11, 2012 at 3:29 pm

    New Post….ကိုသွားမယ်ဆိုရင်…
    http://www.ic3.gov/default.aspxwp-admin/post-new.php
    အဲ့ဒီဆိုဒ်လေး ကျကျလာတယ်…
    စာရေးလို့မရပါဘူး…မန့်ပေးရုံပဲရပါတော့တယ်…
    ဘယ်လိုလုပ်ရမလဲ မသိလို့…။

    • ညိုပြာညက်

      September 11, 2012 at 3:32 pm

      browser cookie ဖျက်ပါ…
      temporary file တွေရှင်းပါ…

      😀

  • intro

    September 11, 2012 at 4:00 pm

    သူကြီးရေ…
    မနေ့ကဆိုရင် ဒီနာမည်နဲ့ ဝင်တာ မရဘူး… password မှားနေတယ်ပဲ ဖြစ်နေတာ…. ဒီနေ့ကျမှ ဝင်လို့ ရသွားလို့ ဟင်းချနိုင်တာဗျို့…

Leave a Reply