Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း

ဦးဦးပါေလရာSeptember 15, 20121min130431

 

 

 

ချစ်စွာသောရွာသူားတို့ရေ …..

တကယ်တော့ ဒီစာလေးက ကိုထူးဆန်းရဲ့ “မန်းဂဇက် ချစ်သူများစာပေဆု ၂၀၁၂ ဩဂုတ်လ နှင့် ကူညီကြပါဦး”  ပိုစ့်မှာ ကွန်မင့်အဖြစ် ရေးဖို့ပါဗျာ။

ဒါပေမယ့် ကျွန်တော့်ထုံးစံအတိုင်း အချိန်ဆွဲနှောင့်နှေးနေတာ ရေးမယ်ကြံခါမှ ပိုစ့်ဘယ်ရောက်သွားမှန်းမသိလို့ တော်တော်လိုက်ရှာရပါတော့တယ်။

အဲဒါကြောင့် အခုမှ ကွန်မင့်ထရေးလဲ စာဖတ်သူတွေသိပ်မတွေ့မှာစိုးတာနဲ့ ပိုစ့်အဖြစ်ပဲ တင်လိုက်ရပါတယ်။

ကျွန်တော်တို့ မန်းဂဇက်ချစ်သူများအကြိုက် စာမူဖတ်ရွေးအဖွဲ့လေးဟာ ဒီဩဂုတ်လမှာ နှစ်လမြောက် နှစ်ကြိမ်မြောက် အကြိုက်ဆုံးစာမူတွေကို ရွေးချယ်ခဲ့ပြီးပါပြီ။ စာမူဖတ်ရွေးအဖွဲ့ဝင်တွေဟာ ပတ်ဝန်းကျင်မတူ၊ အကြိုက်မတူ၊ ခံစားချက်မတူ ကြတာမို့ တဦးစီက ရွေးချယ်ခဲ့တဲ့စာမူတွေဟာလဲ ဟိုလိုလဲကောင်း  ဒီလိုလဲကောင်း တဲ့  သူတရသစုံ စာမူတွေပဲဖြစ်နေတာကို ပဏာမ အရွေးခံစာမူစာရင်းကို ကြည့်လို့ သိနိုင်ကြပါတယ်။ လူပေါ်ကြည့်မရွေးပဲ စာပေါ်သာကြည့်ရွေးခဲ့ကြတာလဲ သိသာနိုင်လောက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်လလုံးမှာ ပဏာမအဖြစ် ရွေးခဲ့တဲ့စာမူများဟာလဲ ကျွန်တော်တို့ ဖတ်ရွေးအဖွဲ့ဝင်တွေသာမက အခြားမန်ဘာများကပါ နှစ်သက်ကြတဲ့စာမူတွေဖြစ်ကြောင်း လက်လှမ်းမီသမျှ မေးမြန်းစူးစမ်းရင်း သိကြရလေတော့ ထိုက်တန်တဲ့စာမူအချို့ကို မှန်မှန်ကန်ကန် စင်တင်စာရင်းသွင်း နိုင်ခဲ့တာကြောင့် ကျေနပ်မိရပါတယ်။

ကျွန်တော်တို့ ဖတ်ရွေးအဖွဲ့ကို စပြီးလူစုစဉ်က ဖတ်ရွေးအဖွဲ့ဝင်တွေရဲ့စာမူတွေကိုတော့ မရွေးဘူးလို့ စဉ်းစားခဲ့ကြပါတယ်။ ဒါကြောင့်လဲ အတွေးအခေါ်ကောင်း စာရေးကောင်းတဲ့လူငယ်တွေရဲ့ စာမူတွေကို အရွေးမခံပဲကျန်ခဲ့တာမျိုးမဖြစ်စေချင်လို့ ဖတ်ရွေးအဖွဲ့မှာ လူငယ်တွေကို (ကိုအင်ဇာဂီမှအပ) မဖတ်ခေါ်ပဲ သက်လတ်ပိုင်းအရွယ်တွေနဲ့ပဲ ဖွဲ့ခဲ့ကြပါတယ်။ ကိုအင်ဇာဂီ ကိုက လူငယ်ဖြစ်ပေမယ့် လူကြီးတွေ စိတ်ဝင်စားမှု့အားနည်းတဲ့ technical ပိုင်းတွေမှာ မရွေးပဲလွတ်မကျန်ခဲ့ရအောင် – သူ့စာကလဲ အထူးရွေးပြနေစရာကို မလိုလို့ ဖတ်ရွေးအဖွဲ့ထဲထည့်ခဲ့ပါတယ်။ ရွေးချယ်တဲ့စာမူတွေ စုစည်း စီစဉ်တာကအစ လိုအပ်ရာရာ စီမံဆောင်ရွက်ပေးဘို့ စိန်ဗိုက်ဗိုက်ကို အဖွဲ့ရဲ့ အမှု့ဆောင်အတွင်းရေးမှုးအဖြစ် ထည့်သွင်းခဲ့ပေမယ့် သူ့စာမူကို (အကယ်၍ရေးသေးရင်ပေါ့လေ L) မရွေးပဲ မချန်ခဲ့ချင်လို့ ဖတ်ရွေးတဲ့ကိစ္စကို မလုပ်စေခဲ့ပါဘူး။ ဒါတွေကတော့ ဒီအဖွဲ့လေးစဖွဲ့စည်းစဉ်က အနေအထားကို အပ်ကြောင်းထပ်တာပါ။

ဒါပေမယ့်လဲ ဖတ်ရွေးအဖွဲ့မှာ ပါသူတွေရေးတဲ့စာမူကို ကောင်းလျှက်သားနဲ့ မရွေးပဲထားရရင် ဂေဇက်ရွာကြီးနဲ့ စာဖတ်သူရွာသားများအပေါ်မှာ အဖြေမှားကိုထုတ်ပေးသလို ဖြစ်မှာဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ လူကိုလုံးဝမကြည့်ပဲ စာကိုပဲကြည့်ရွေးမယ်။ ဖတ်ရွေးအဖွဲ့မှာပါပါမပါပါ ဘယ်သူရေးရေး ကြိုက်ရင်ရွေးမယ်  လို့ ဆုံးဖြတ်ထားကြပါတယ်။ ဒီလိုဆုံးဖြတ်လိုက်တဲ့အတွက် မူလက တမင်ဖယ်ထားခဲ့ရတဲ့ လူငယ်တွေကို ဖတ်ရွေးအဖွဲ့ထဲဖိတ်ခေါ်ဖို့ လမ်းပွင့်သွားပါတော့တယ်။

ဘယ်လိုလူငယ်တွေကို ဖိတ်ခေါ်မှာလဲ..

ဟုတ်ကဲ့ပါခင်ဗျာ

လုံးဝမတူတဲ့လူငယ်တွေကို ဖိတ်ခေါ်မှာပါ။

မတူတဲ့အတွေး မတူတဲ့အမြင် မတူတဲ့ခံစားချက် တွေနဲ့ရွေးတဲ့ မတူတဲ့စာမူကောင်းတွေကို ဖေါ်ထုတ်ဂုဏ်ပြုနိုင်ဖို့

တကယ့်ကို မတူတဲ့လူငယ်တွေကို ဖိတ်ခေါ်မှာပါ။

သက်သေပြပါ့မယ်…

အခု စက်တင်ဘာလကစလို့ စာမူတွေဖတ်ရွေးပေးဖို့ ဖိတ်ခေါ်ထားပြီးသား အဖွဲ့ဝင်သစ် လူငယ်နှစ်ဦးရဲ့အမည်ကို ကြေငြာပါ့မယ်..။

 

ကို ကြောင်ဝတုတ်      နဲ့   ကို ရွှေတိုက်စိုး  ပါခင်ဗျာ……

 

ဗေပုံထီးပုံထီ… …  ဗေပုံထီးပုံထီ…. ….

အဲလေယောင်လို့  လက်ခုပ်တီးအားပေးကြပါချစ်သောဂဇက်ရွာသူားများခင်ဗျား……..

 

မေတ္တာဖြင့်-

ဦးဦးပါလေရာ

 

 

 

31 comments

  • ဦးဦးပါလေရာ

    September 15, 2012 at 5:18 pm

    အခြားလူငယ်တွေထဲက pooch နဲ့ အမတ်မင်း တို့ကိုလဲ အဆင်ပြေတဲ့အချိန်မှာ ဖတ်ရွေးအဖွဲ့ထဲ ပါဝင်ကူညီကြဖို့ ဖိတ်ကြားပြီးဖြစ်ပါတယ်။
    ရွာသူရွာသားများထဲက မိမိသဘောအလျှောက် ဖတ်ရွေးအဖွဲ့မှာ ပါဝင်ကူညီကြဘို့ အဆိုပြုလာရင်လဲ ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်စွာ ကြိုဆိုပါတယ်ခင်ဗျား..။
    ရွာသူရွာသားများကလဲ ဖတ်ရွေးအဖွဲ့မှာပါဝင်သင့်သူများကို တိုက်တွန်းအကြံပြုနိုင်ကြပါကြောင်း….။

  • surmi

    September 15, 2012 at 5:51 pm

    ဂျောက်ချ အဲ မှားလို ့ အကြံနဲနဲပြုဦးမယ်
    etone သာပါဝင်လုပ်ပေးနိုင်ရင်ကောင်းမယ် ။ စာဖတ်အားရော သုံးသပ်မှုရော အထွေထွေဗဟုသုတရော
    ဆိုတော ့ သူ ့ကိုတိုက်တွန်းကြည် ့ပါလား ။ ဆူး လည်းပါရမှာဘဲ သူကပျောက်နေတတ်လို ့သာ။

    • surmi

      September 15, 2012 at 6:08 pm

      အံဇာတုံး ကျန်ခဲ ့လို ့
      သူလဲ ရွာထဲအမြဲရှိတတ်တယ် ။ သူ ့ပါ ထည် ့ထားရင်ကောင်းမယ် ။

    • ဦးဦးပါလေရာ

      September 15, 2012 at 6:22 pm

      ကိုရင်ဆာမိရေ-
      အံစာတုံးက ဒီဖတ်ရွေးအဖွဲ့ရဲ့ technical ပိုင်းတွေမှာ ကူညီဖို့ အကူအညီတောင်းထားပြီးဖြစ်ပါတယ်။ ကူညီနေတာလဲဖြစ်ပါတယ်။ ဆိုတော့.. သူက ကျွန်တော်တို့အဖွဲ့ဝင်ပါပဲခင်ဗျား ။ သူ့ကို (စိန်ဗိုက်ဗိုက်လိုပဲ) ဖတ်ရွေးဘို့ တာဝန်မပေးသေးတာသာ ဖြစ်ပါတယ်။

      etone ကိုက အစကတည်းက ဒီအဖွဲ့မှာ ဖိတ်ခေါ်ဘို့ လျာထားပြီးဖြစ်ပါတယ်။ စာဂရုစိုက်ဖတ်နေရတာနဲ့ သူ့ရေးလက်လျော့သွားမှာစိုးလို့ ခဏ ဆိုင်းထားတာပါ။ etone ရေးတဲ့စာတွေဟာ တပုဒ်ဆိုတပုဒ် လေးလေးနက်နက်ရှိတဲ့ အကျိုးပြုစာတွေမို့ ရွာဘက်ကနေကြည့်ပြီး အလျော့မခံနိုင်လို့ လ နဲနဲလောက်စောင့်နေတာဖြစ်ပါတယ်။

      ရွာတော်ရှင်ဆူး ကိုကတော့ သူသုံးနေတဲ့ ကွန်နက်ရှင်အနေအထားကြောင့် ရွာထဲအဝင်ခက်ခက်နေတယ်ကြားလို့ ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်လို့ အစပိုင်းမှာ ချန်ထားခဲ့တာဖြစ်ပါတယ်။ အချိန်တန်ရင်တော့ ဖိတ်စာပို့မှာဖြစ်ပါကြောင်း…။အစကတည်းက အထူးဖိတ်စရာကို မလိုတဲ့ ရွာခံတွေပဲ ဖြစ်ပါကြောင်း….။

      ဒါထက် ကိုရင်ဆာမိကိုလဲ ကိုထူးဆန်းက ပိုစ့်ထဲမှာ ဖိတ်စာပို့ထားတယ်လို့ ကြားမိပါကြောင်း….. 😛

      • မဟာရာဇာ အံစာတုံး

        September 15, 2012 at 6:39 pm

        အနော့်ဂိုဒေါ့ ထည့်ပါနဲ့လို့ …
        ဘာလို့လဲဆိုတော့
        အနော်က စာကို ရိုးရိုးဘဲ ဖတ်တတ်လို့ပါ …
        လက်ဖက်ရည် သောက်ရင်တောင်
        တစ်ခါတစ်လေမှ ဇွန်းတပ်တာရယ် …. :mrgreen:

        ဦးပါက ဟိုလူဂျီးနှစ်ယောက်ကို
        ဗေပုံထီးပုံထီ… … ဗေပုံထီးပုံထီ… လုပ်တော့
        ကျုပ်က .. ပုတိန် .. ပုတိန် .. ဗျောင်း .. လုပ်တယ်ဂျို့ … 😀

        ကျုပ်လည်း စိန်ဗိုက်ဗိုက်နောက် လိုက်သွားလိုက်ပါဦးမယ် ..
        ဟေ့ .. စိန်ဗိုက် နာ့လည်း စောင့်ဦး ..

      • etone

        September 15, 2012 at 7:19 pm

        advice လုပ်ပေးတဲ့ ကိုဆာမိကိုရော ၊ planning လုပ်စဉ်းစားပေးတဲ့ ဦးဦးပါလေရာကိုရော ကျေးဇူးတင်အများကြီး တင်ပါတယ် ။ ဒါပေမယ့် အားနာနာနဲ့ပဲ refuse လုပ်ပါရစေ ။

        လတ်တလောအခြေနေမှာတော့ ကိုယ့်စာကိုယ်တောင် သုံးသပ်ဖို့ ကိုယ်စိတ်နှလုံး မပြည့်ဝသေးတာမို့ ၊ သူများစာ သုံးသပ်ဖတ်ရွေးပေးဖို ့ အရည်ချင်း မပြည့် ၊ လိပ်ပြာမလုံဖြစ်မိလို့ပါ ။ နောက်များမှပဲ တစ်ထောင့်တစ်နေရာက ပါရမီဖြည့်ပါရစေနော် ။ 🙂

        • pooch

          September 15, 2012 at 8:37 pm

          တုန်တုန်ပြောတဲ့အတိုင်းပါပဲ ဦးပါ ။ 😀

        • ကထူးဆန်း

          September 17, 2012 at 10:14 am

          အဖိုး တို့ အိုကြီးအိုမ တွေက ရေရှည်တည်တံအောင် နောင်ရေးစိတ်အေးရအောင်လို့ လူငယ်လေးတွေကို လက်လွှဲခဲ့ချင်တာပါကွယ် .. :girn:
          အဖိုးတို့ အသေမဖြောင့် အောင် မလုပ်ကြပါနဲ့ကွယ် …. 😀 😀

  • စိန်ဗိုက်ဗိုက်

    September 15, 2012 at 6:21 pm

    ကြိုဆိုပါတယ်ဗျား…
    လူများတော့ ကောင်းတာပေါ့..
    ကဲ.ကဲ..
    အဖွဲ ့ဝင် နှစ်ယောက် တိုးမဲ့ အထိန်းအမှတ်နဲ ့ ဘီအီးသွားသောက်ခွင့်ပုပါဦး..
    🙂

  • padonmar

    September 15, 2012 at 8:26 pm

    ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။
    ကိုဆာမိပါပါလာရင်တော့ အတိုင်းထက်အလွန်ပေါ့။

    • surmi

      September 15, 2012 at 9:35 pm

      အစ်မပဒုမ္မာနဲ ့ လေးစားရပါသောလူကြီးမင်းများ ၊ ရွာသူားများခင်ဗျာ
      ဖိတ်ခေါ်ခြင်းခံရသည် ့အတွက် အလွန်ဝမ်းမြောက်ကြည်နူးမိပါသည်။သို ့ပါသော်လည်း
      ကျနော်သွားလာလုပ်ကိုင်နေသောအလုပ်များသည် အင်တာနက်နှင် ့ဝေးရာများ၌မကြာခဏ
      သွားလာ၍ လုပ်ကိုင်နေရခြင်း ၊ စဉ်ဆက်မပြတ်ရွာထဲတွင်ရှိမနေခဲ ့ခြင်း ၊ စာဖတ်အား သုံး
      သပ်အားနည်းခြင်းနှင် ့တကွ မကြာခဏခရီးထွက်ရခြင်း တို ့ကြောင် ့ စိတ်ရောကိုယ်ပါ စူးစူး
      စိုက်စိုက် အင်တိုက်အားတိုက် ဆောင်ရွက်ပေးနိုင်မည်မထင်ပါ။ ထိုသို ့သောအကြောင်းများ
      ကြောင့် လွန်စွာသံယောဇဉ်ဖြစ်မိသော ဂဇက်ရွာအတွက် ပြင်ပမှသာအရံလူအဖြစ် ယခုကဲ ့သို ့
      ဆွေးနွေးအကြံပြုခြင်း ၊ ဖတ်မိသောစာမူများထဲမှ စိတ်ကြိုက်တွေ ့သည်များကို အသိပေးအ
      ကြောင်းကြားခြင်း ၊ သတိပေးမှတ်သားပေးခြင်းများဖြင် ့သာကူညီပါရစေခင်ဗျာ။
      နောက်နောင် အတည်တကျနေနိုင်မှသာ အဖွဲ ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ခွင် ့ပြုပါစေကြောင်း
      အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျာ ။

  • ကြောင်ကြီး

    September 15, 2012 at 8:27 pm

    လူပိုစုံသွားအောင် စီတုံးလေးကိုထည့်ဖို့ (အဖွဲ့အတွင်းသို့ ဆိုလိုသည်၊ ပေါက်ကရ မတွေးရ) အဆိုပြုပါသည်။

  • အရီးခင်လတ်

    September 15, 2012 at 8:37 pm

    သာဓု၊သာဓု၊သာဓု၊
    ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ကြောင်ဝ လေး နဲ့ တိုက်တိုက်ရေ။
    ဗော်လန်တီယာပုံစံ နဲ့ အကဲဖြတ်လိုရင်လဲ မည်သူ့ကို မဆို ဖိတ်ခေါ်ချင်ပါတယ်။
    ဥပမာ – နိုဝင်ဘာက ဆို အချိန်နဲနဲ ပေးနိုင်မယ်။ အဲဒီလ မှာ ကူမယ်။ ဒီသဘောပေါ့။ 🙂

  • ကိုပေါက်(မန္တလေး)

    September 15, 2012 at 11:26 pm

    အဖွဲ့ဝင်များလေလေ
    ကောင်းလေလေ
    အင်အားတောင့်လေလေ
    ကောင်းလေလေ
    ကောင်းလေလေ
    ပိုကောင်းဘို့ ဦးတည်လေလေ

  • Thu Wai

    September 16, 2012 at 6:48 pm

    ၁၅ ကျပ်ယူပြီးပြန်သွားပါကြောင်း

  • MaMa

    September 17, 2012 at 7:40 am

    (ကို ကြောင်ဝတုတ် နဲ့ ကို ရွှေတိုက်စိုး ပါခင်ဗျာ…… လက်ခုပ်တီးအားပေးကြပါချစ်သောဂဇက်ရွာသူားများခင်ဗျား……..)
    ဆိုတော့….
    ဦးပါကြည့်ရတာ တင်မိုးလွင်သင်တန်းဆင်းထင်တယ်။ 😆

    အဖွဲ့ကိုအင်အားဖြည့်တင်းဝင်ရောက်လာတဲ့ ကြောင်ဝတုတ်နဲ့ ရွှေတိုက်စိုးကို
    လက်ခုပ်တီးအားပေးပါတယ်။
    လက်ဆန့်တန်း၍ကြိုဆိုပါတယ်။

    အဲ- တစ်ခုသတိပေးချင်တာက အဖွဲ့ဝင်အဖြစ် ဝင်ရောက်မယ့်
    ရွှေတိုက်စိုးကို အရွယ်ရောက်ပြီးလား (အရပ်တိုင်းခြင်း)၊
    ကြောင်ဝတုတ်ကို အသက်ပြည့်လား (ရောင်စုံစင်္ကြာလေးကို လေမှုတ်ကစားနေပါသဖြင့်)
    စစ်ဆေးဖို့လိုမယ်ထင်ပါတယ်။
    😉
    နောက်တာနော်။ အတည်ကြီးယူမနေနဲ့အုံး….

    • ကြောင်ဝတုတ်

      September 17, 2012 at 10:52 am

      သိတယ်…သတိတယ်…
      ဂျမ်းရှင်းစကွဲမှာ စင်္ကြာလေးကြိုက်လို့ကစားနေပါတယ်ဆိုမှ နောက်ကဖက်တီးကက်တဲ့…
      ရွာထဲမှာဖွမယ်ဆိုတာထင်သား… အခုတော့သားအသက်မပြည့်လို့ တောက်တီးတောက်တဲ့…
      ရွေးလိုက်မိတာရှိရင်လဲ ခွင့်လွှတ်ကြပါဗျာ…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • MaMa

        September 17, 2012 at 3:29 pm

        ထင်ပေါ်ကျော်ကြားသူတွေဆိုတာ သွားလေရာ သတိထားရတယ်။
        ခုတောင် စီဂျေမမ နဲ့တွေ့လို့။
        ပါပါရာဇီကထူးဆန်းနဲ့များ တွေ့သွားလို့ကတော့ မတွေးဝံ့စရာတွေ ဖြစ်လာမလား မပြောနိုင်ဘူး။ 😛

  • kyeemite

    September 17, 2012 at 9:46 am

    ဒီဖတ်ရွေးအဖွဲ့ရဲ့ အဖွဲ့ဝင်သစ် ကြောင်ဝတုတ်နဲ့ ရွှေတိုက်စိုးကို
    ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။

  • mayjuly

    September 17, 2012 at 1:10 pm

    အယ် ကောင်းလေစွ … 😀

    သူတို့လဲ ပါသင့်တယ်လို့ စိတ်ထဲ မှာ တွေးနေမိတာ ခုတော့ ဂယ်ပါသွားပြီပေါ့ …

    ကြို ဆိုပါတယ်ဗျာ ….

  • manawphyulay

    September 17, 2012 at 1:30 pm

    သိဘူး။ ကြောင်ဝတုတ်နှင့် ရွှေတိုက်စိုး တစ်ဝိုင်းကျွေးမှ ထောက်ခံမယ် ဒါပဲ… 😛

    • ကြောင်ဝတုတ်

      September 17, 2012 at 4:05 pm

      မထောက်ခံလဲနေဗျာ… တစ်ဝိုင်းတော့မကျွေးနိုင်ဘူး…
      ခဏဘိုင်ပြတ်နေပါတယ်ဆိုမှ…ဟိဟိ

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • ကိုပေါက်(မန္တလေး)

        September 19, 2012 at 12:52 pm

        ဖက်ဖက်နဲ့ မိတိုက် မင်းတို့ကိုကြိုဆိုတာကလဲ ခြောက်ကပ်နေသလို
        တစ်ဝိုင်းလောက်ဝိုင်းလိုက်ရအောင်

  • ဆူး

    September 18, 2012 at 11:02 am

    ဆူး က စာဖတ်ပျင်းတာ ကိုယ့်ဟာ ကိုယ်ပဲ သိတယ်။ တာဝန်တခု လို ယူပြီးတော့ လုပ်ရတာ တခဏ တလ ဆိုရင် ပြသနာ မရှိပေမဲ့ အလုပ်တခု ဆိုတာ ဘာလုပ်လုပ် ရေရှည် မလုပ်နိုင်တဲ့ အလုပ်မျိုး တာဝန်မယူတာ အကောင်းဆုံးမို့.. ဆူး ငြင်းခဲ့တာပါ။
    အားသစ်လောင်းထားတဲ့ ကြောင်ဝတုတ် နဲ့ ရွှေတိုက်စိုး ကိုလည်း ကြိုဆိုပါတယ်။
    သူများတွေ စင်ပေါ်မှာ ဂုဏ်ပြု လက်မှတ်ယူတဲ့ အခါ ထိုပွဲ ကို တက်ရောက် လက်ခုပ်တီးပေးပါမည် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

    • ကြောင်ဝတုတ်

      September 18, 2012 at 11:41 am

      ရွာတော်ရှင်ကြီးရဲ့…
      အင်အားရှိရှိ ပိုစ့်များကိုလဲ မျှော်နေမိပါကြောင်း…
      ထပ်လောင်းပြောကြာလိုပါသည်…
      မကြာမီ… လာမည်ဟု… ထင်သောကြောင့်… မျှော်နေပါတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • ဆူး

        September 19, 2012 at 12:43 pm

        မကြာမှီ လာမည် ပျင်းနေသည်.. အဲလို အဲလို.. မျှော်ရင် မောမှာ စိုးလို့ အကြောင်းကြားခြင်း ဖြစ်ပါသည်။

        :eee:

  • ကိုရင်စည်သူ

    September 18, 2012 at 11:43 am

    ရွေးချယ်တဲ့အထဲ လူအင်အားတွေ များကုန်တော့ ရွေးချယ်ရေးအဖွဲ့ကလူတွေကကော
    စာပေဆု ရအုန်းမှာလား… ရွေးချယ်ရေး အဖွဲ့ထဲ ပါသွားပြီး စာရေးအားကျသွားမှာ
    စိုးလို့ဘာ… ရွေးချယ်ရေးအဖွဲ့ထဲမှာ ကျနော်ကြိုက်တဲ့ စာရေးဆရာတွေ ပါလို့ဘာဗျာ…
    သူတို့ဂိုလဲ ဆုရစေချင်ပါဒယ်… မသိလို့မေးတာပါနော့…
    ကိုရင်က ရွာနဲ့ ခဏခဏအဆက်ပြတ်တတ်တော့လေ… 🙄 🙄
    အချိုးချကြည့်ရင် ရွေးချယ်တဲ့အဖွဲ့ထဲမှာ လူငယ်ပိုင်း ၄၀%ခိုင်းနှုန်း ပါသင့်တယ် မြင်ဒါပဲဗျာ…

    • MaMa

      September 19, 2012 at 8:22 am

      ကိုရင်ရေ-
      ဖတ်ရွေးအဖွဲ့က အားလုံးကို လက်ကမ်းကြိုဆိုထားပါတယ်နော်။

      ပြောရမယ်ဆိုရင်….
      အခုတက်နေတဲ့သင်တန်းမှာ အတန်းကိုယ်စားလှယ်အဖြစ် ကိုယ်လုပ်နိုင်ရင် ကိုယ့်ကိုယ်ကို အဆိုပြုခိုင်းပြီး ရွေးချယ်သွားတာလေးကို သဘောကျမိပါတယ်။

      ကိုယ်တိုင်အဆိုပြုထားတာမို့ လုပ်ငန်းတွေလုပ်တဲ့အခါမှာ အားတက်သရောရှိတာ၊ အဆင်ပြေချောမွေ့တာတွေ တွေ့ရပါတယ်။

      အခြားသူတွေက အဆိုပြုပြီး ကိုယ်စားလှယ်လုပ်တဲ့အလေ့အထထက် ပိုမိုအကျိုးများတယ်လို့ မြင်မိပါတယ်။ 🙂

    • ဦးဦးပါလေရာ

      September 20, 2012 at 12:15 am

      ကိုရင်စည်သူရေ
      ရွေးချယ်ရေးအဖွဲ့ထဲကလူတွေလဲ အရွေးခံရနိုင်ပါတယ်။ အခု ပြီးခဲ့တဲ့ နှစ်လ လုံးမှာပဲ ရွေးချယ်ရေးအဖွဲ့ဝင်တချို့ရဲ့ ပိုစ့်တွေ ပဏာမ ရွေးချယ်ခံရတဲ့ထဲမှာ ပါပါတယ်။
      ရွေးချယ်ရေးအဖွဲ့ထဲမှာပါရင် စာရေးအားတော့ ကျနိုင်ပါတယ်။ ဒါကြောင့် စာရေးကောင်းသူတွေကို ဖတ်/ရွေးအဖွဲ့ထဲ ဖိတ်ဖို့ လက်တွန့်နေခဲ့တာပါ..။
      နောင်ကို လူငယ်တွေထဲက ဖတ်ရွေးအဖွဲ့ထဲ ဖိတ်ခေါ်သွားမှာမို့ ကိုရင်အကြံပြုတဲ့ လူငယ်ပိုင်း၄၀% ဆိုတာ မကြာခင် ဖြစ်သွား ကျော်သွားတော့မှာပါ ကိုရင်ရေ..။

Leave a Reply