မှန်ကြည့်မိခြင်း
“မှန်ကြည့်မိခြင်း…………………..”
ဟိုးတစ်နေ့က စိန်မောင်ရယ် အောင်မောင်းရယ် ကျုပ် ရယ် အလုပ်ပိတ်တဲ့ ဥပုဒ်နေ့ဆိုတော့ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြပါတယ်။
ကျနော်တို့ရောက်တာစောသေးတော့ကျန်တဲ့သူတွေကမလာကြသေးပါဘူး။
ခဏနေတော့ တစ်ယောက်ပြီးတစ်ယောက်ရောက်လာတော့ စာပွဲတောင်နှစ်လုံးဆက်လိုက်ရပါတယ်။
အလုပ်ဖွင့်တဲ့ရက်ကတော့ သိတဲ့အတိုင်း ကိုယ့် အစီအစဉ်နဲ့ကိုယ် ဟိုပြေးဒီလွှားဆိုတော့ အခုလိုပိတ်ရက်မှာသာ
သူငယ်ချင်းတွေ စုဖြစ်ကြပါတယ်။
ကျနော် တို့သူငယ်ချင်းတွေကလည်း ဥပုဒ်နေ့ဆိုရင် ထိုင်နေကျ စုရပ်ကို အလျှိုလျှိုရောက်လာတတ်ကြပါတယ်။
ဒီလိုစုပြီးလက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြတယ်ဆိုရင် လူမူ့ရေးစီးပွားရေး
ဘာအရေးညာအရေး ရောက်တတ်ရာရာ ဟိုပြောဒီပြောပေါ့။
ကျုပ် တို့အရွယ်တွေက ကိုယ်အလှည့်တုံးကသာ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ခဲ့ကြပေမယ့်
အခုအချိန်မှာတော့ သူများလုပ်ထားကိုင်ထားတာကို ဟိုလိုဒီလို ဝေဖန်ရရင်တော့ သိပ်အရသာရှိတာကိုးဗျ။
ဟိုအရင်ကတော့ ဒီလိုများလက်ဖက်ရည်ဆိုင်ထိုင်ပြီး ဝေဖန်လေကန်ရေးလုပ်ရင်
ကိုယ့်ဘေးဘီကို ဟိုကြည့်ဒီကြည့် အရိပ်အကဲကြည့်ပြီးမှ တိုးတိုး တိုးတိုးနဲ့ပြောရတာကိုးဗျ။
အဲဒါကလဲ တစ်မျုးိတော့အရသာရှိပြန်တာပါဘဲ။
အခုအချိန်မှာတော့ အတော်လေးကို လွတ်လွတ်လပ်လပ်ရေးလို့ပြောလို့ရတော့
အရင်လို သိပ်ကြည့်စရာမလိုတော့ပါဘူး။
ကို်ယ့်အဖွဲ့နဲ့ကိုယ် ပြောချင်ရာပြော စိတ်ကူးပေါက်ရာပြောပေါ့။
ဒါပေမယ့် အရမ်းကာရော ထင်ရာမြင်ရာလျောက်ပြောလု့ိတော့မရဘူးပေါ့ဗျာ။
မသေချာ မရေရာဘဲ နဲ့ ပေါက်ပန်းဈေးပြောရင် တော့“အသရေဖျက်မှု့”ဆိုတာကြီးနဲ့တီးထည့်လိုက်မှာကိုးဗျ။
အခုလို ဖွင့်ပေးလိုက်ပြန်တော့ မထိခလုတ်ထိခလုပ် တို့ကာပင့်ကာ ဝေ့ကာဝိုက်ကာ ပြောတတ်တဲ့သူများ လဲ
တန်ဖိုးတော့နည်းနည်းလျော့သွားပြန်တာပေါ့။
ဒါကြောင့်လဲ တန်ဖိုးရှိတယ် မရှိဘူးဆိုတာက ကာလံဒေသံ အဂ္ဂနံ နဲ့တော့ ဆိုင်တယ်လု့ိပြောကြတာပေါ့။
အရင်ကကြိုက်ပေမယ့် အခုကြိုက်ချင်မှကြိုက်မယ် အရင်က ဆဲနေပေမယ့်လည်းအခုတော့
ပါးစပ်ဖျားက မချဘဲ တ တထဲ တချင် တနေမယ်၊
လူ့စိတ်ဆိုတာပြောင်းတတ်တာကိုးဗျ။
အဲတော့ကိုယ့်သဘော ကိုယ်ဆောင်ပါဘဲ။
ကျုပ် တို့အဖွဲ့ကလည်းအလုပ်အကိုင်ပေါင်းစုံဆိုတော့ အတွေ့အကြုံလဲပေါင်းစုံ ဆိုပြန်တော့
ပြောကြတဲ့အကြောင်းအရာကလဲပေါင်းစုံပေါ့။
ဈေးထဲနေတဲ့သူကလဲ ဈေးထဲက အဖြစ်အပျက်ပြော။
ဈေးအကြောင်းပြောပြီဆိုတော့ ရောင်းမကောင်းတဲ့အကြောင်းပါမယ်။
ရောင်းမကောင်းတော့ စိမ်းတာကျက်တာမရွေုးနိုင်ဘဲ ဇွတ်ရောင်းမယ်။
တစ်လုံးနှစ်လုံး စာစီအကုံးကောင်းလို့ အခြေအနေပျက်နေသူကိုရောင်းမိလို့
အကြွေးဆုံးမယ်။
တောင်းမရတော့ စိတ်ညစ်ရပြန်ပါတယ်။
အကြွေးဆုံးလို့တရားစွဲပြန်ရင်လဲအချိန်ကုန်မယ် အလုပ်အကိုင်ပျက်မယ် ပိုက်ဆံကုန်မယ် ။
ရှေ့နေစရိတ် ရုံးစရိတ် ဟိုစားရိတ်ဒီစားရိတ်က ကိုယ်ပြန်ရမယ့်ပိုက်ဆံထက်များချင်များနေမယ်။.
အဲတော့ နောင်ဘဝမှဘဲယူတော့မယ်လို့သဘောထားပြီး ကျေအေးလိုက်ပေါ့။
ဈေးထဲမှာဈေးထွက်တဲ့အခါ ကိုယ်ရထားတဲ့ဆိုင်ခန်းကခပ်သေးသေး။
တစ်ခန်းကနေနှစ်ခန်းလဲမဝယ်နိုင်။
အဲတော့ လမ်းပေါ်မှာပစ္စည်းထွက်ခင်းတဲ့အခါခင်း၊
ရောင်းထားတဲပစ္စည်းနယ်ပို့ ဘို့ ပစ္စည်းထည့်တဲ့အခါလမ်းပေါ်ထွက်ထည့်။
ဒီတော့လဲ ဈေးစည်ပင်နဲ့ ညိတဲ့အခါညိ ညှိတဲ့အခါညှိ။
ကင်းမှ မကင်းနိုင်တာကိုး။
တစ်ခါတစ်လေ တော့လဲကိုယ့်ဆိုင်ရှေ့မှာလာထွက်တဲ့ပျံကျဈေးသည်က ကိုယ်ဆိုင်ရှေ့ပိတ်နေတော့စကားပြောရ။
သူတို့ကလဲ လွတ်တဲ့နေရာမှန်သမျှဆိုင်ခင်းရောင်း လာတောင်းတဲ့ ဈေးကောက်ကိုပေးနေတော့
ပျံကျပေမယ့်တရားဝင်လို ဖြစ်နေပြန်ရော။
သူတစ်ခွန်းကိုယ်တစ်ခွန်းဖြစ်လို့ ဈေးရုံးသွားပြန်တော့ သူတို့လဲဖြေရှင်းမပေးနိုင်ပြန်။
အဲတော့ နေ့စဉ်တွေ့နေရသူအချင်းချင်း သူ့ကလည်းနည်းနည်းလျော့ရင် ကိုယ်ကလဲနည်းနည်းလျော့လို့ ငြိမ်းချမ်းစွာအတူယှဉ် တွဲနေထိုင်ရေး မူဝါကိုကျင့်သုံးလိုနေရပြန်ရော။
ကုန်ပစ္စည်းဖြန့်တဲ့ ကုမ္ပဏီဝန်ထမ်းကလဲ ကုမ္ပဏီက အကြောင်းပြော။
ရောင်းမကောင်းတော့ အထက်ကထု။
အဲတော့အလည်ကလူကအောက်က လူကိုထပ်ကျပ်။
အောက်ကအရောင်းဝန်ထမ်းလေးတွေက လဲ အဆူခံရမှာစိုးတော့ သူတို့လဲကော်မရှင်များများရ
အဆူခံလဲလွတ်အောင် ဖောက်သည်တွေကိုတွန်းထိုးရောင်း။။
အကြွေးတောင်းမရ တာ အကြွေးဆုံးတာတွေဖြစ်တော့ ပြဿနာတက်။
စည်းကမ်းချက်တွေထပ်ထုတ်လို့ ရှုပ်ယှက်တွေခတ်။
အဲတော့ ကိုယ်ရောင်းတာ ကိုယ်တာဝန်ယူဆိုပြီး ပြန်ချည်။
အဲလိုတွေဖြစ်တော့ အရောင်းဝန်ထမ်းကလေးတွေက လခလဲပိုရ အချုပ်အနှောင်ကင်းတဲ့ဆီကိုပြောင်းပြေး။
ကြာတော့လဲ ဒီကလေးတွေမှာအရောင်းသမားဘဝက ကိုမတက်တော့။
တစ်ချို့ကလေးများကြပြန်တော့လဲရတဲ့လခနဲ့လောက်ငှအောင်မနေနိုင်.။
မနေနိုင်ဘူးဆိုတာကလဲ အခုခေတ်မှာလိုချင်စရာများတာကိုး။
ဒီအထဲ မောင်းအထုကောင်းပြန်တော့ မောင်းကကျိုး။
ကျိုးပါများတော့ ကုန်သည်တွေဆီက ကုန်ဘိုးပေးလိုက်တာ ခဏဆိုပြီးလှည့်သုံး။
သုံးရင်းများလာတော့ ကျော်မကောင်းကြားမကောင်းတွေဖြစ်။
စိတ်ညစ်စရာ။
ကျောက်သမားကလဲ သူ့ကျောက်ဝိုင်းက ဖြစ်ခဲ့တာလေးကိုအားကျမခံပြော။
တစ်နေ့တစ်နေ့ဝိုင်းသာ မှန်မှန်ဆင်း နေရတယ် အရင်လိုအလုပ်မဖြစ်တဲ့အကြောင်း၊
အရင်ကဆိုရင် တရုပ်ဝယ်လက်က မန်းလေးထိဆင်းပြီးလာဝယ်တော့ ဈေးကောင်းရတဲ့အကြောင်း။
အခုတော့ ဝယ်လက်က ဆင်းမလာခင် ဒီကလူတွေက ကျယ်ခေါင်-ရွှေလီထိတက်ရောင်းတဲ့အကြောင်း၊
တက်ရောင်းတဲ့သူနဲ့ ထည်ရောင်းပေးပြန်တော့လဲ လူလိမ်ထိတဲ့အကြောင်း…………………
ကိုယ်တိုင်တက်ရောင်းပြန်တော့ လဲ သူတို့စကားမပေါက်တော့ အရစ်ခံရတဲ့အကြောင်း။
အနှိမ်ခံရ ဖြေရှင်းရနဲ့ ပြဿနာများလှပါတယ်။
အစိုးရဝန်ထမ်းကလဲ သူ့ကြုံနေဆုံနေရာတာကိုပြောပြန်ပါတယ်.။
အရင်တုံးကတော့ လခ ကလည်းနည်းနည်းရ(တရားဝင်ပြောတာနော်)
အလုပ်ကလဲ စိတ်ပါမှလုပ် ။
တချို့တော့လဲ ကွက်ကြားမိုးရဲ့အရသာကို အပြည့်အဝခံစားရ။
မိုးခေါင်တဲ့ဒေသက ဝန်ထမ်းအများစုမှာတော့ ဟိုးအရင်က
“ပြတ်တုံးလပ်တုံး နှစ်ဆယ့်သုံး”ဆိုတဲ့ စာချုးိလေးကို ခေတ်နဲ့လျော်ညီစွာ
“ပြတ်တုံးလပ်တုံး လဆန်း………သုံး”လို့ပြောင်းလို့သတ်မှတ်ကြ။
တစ်ခါတစ်လေကြပြန်တော့လဲ ရေမပါပေမယ့် မိုးပေါ်ကျ တွေ မိတ်ဆွေတွေရဲ့ လိုအပ်ချက်တွေကို
ဖြည့်ဆီးပေးရ။
အများအားဖြင့် တော့ “ဟုတ်ကဲ့ခင်ဗျ”နဲ့”ရပါတယ်ခင်ဗျ”ကိုသာရေလဲသုံးခဲ့ရ။
တစ်နေ့တစ်နေ့ ခေါင်းစဉ်တပ်မရတဲ့ ဗာဟီရတွေများလွန်းတော့ နေ့စဉ်လုပ်ရမယ့်အလုပ်တွေကို အချိန်မီမလုပ်နိုင်.။
ရုံးချုပ်က…………..ဆိုတဲ့ခေါင်းစဉ်တပ်လာချိန်မှတော့ အချိန်ပိုတွေဆင်းလို့ ခေါင်းမီးတောက်မတတ်လုပ်ရ။
အကြောင်းကိစ္စတစ်စုံတစ်ရာရှိတိုင်း “ဒို့လခက ဘာရတာမှတ်လို့”ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်တွေကို
နေ့ရွှေ့ည ရွှေ့နဲ့ နေခဲ့ကြ။
ကိုယ့်ဆီလာကြတဲ့ သူတွေကို “မစောင့်နိုင်ကြွပေတော့ ……..” ဆိုတဲ့အချုးိနဲ့ ခပ်တင်းတင်း အပေါ်စီးဆက်ဆံခဲ့ကြ။။
ပြည်သူ့ဝန်ထမ်းလို့ အမည် တတ်ပေမယ့် ပြည်သူ့ချဉ်ဖတ် တွေဖြစ်နေတာကို အများကြီးနောက်ကျမှသိခဲ့ကြ။
“မလုပ်အရှုပ် အဟုတ်မပြုတ်” ဆိုတဲ့မူနေ ကိုယ်နေသာသလိုနေခဲ့ကြ။
အခုနောက်ပိုင်းမှာတော့ နိုင်ငံတော်က လခတွေတိုးပေး ပေမယ့် အကျင့်ဟောင်းကို မပြောင်းနိုင်တဲ့သူက အများစုဖြစ်နေတဲ့အကြောင်း။
အရင်က ဘာလေးဖြစ်ဖြစ် ရေမကမ်းရင် ထစ်လိုက်ခွေလိုက်။
ထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကလဲ မလိုအပ်ဘဲ ခက်ခဲအောင်လုပ်ထားတာမျုးိတွေရှိနေပြန်တော့
လုပ်ရဲသူအတွက် စားပေါက်တစ်ခုလိုဖြစ်နေတဲ့အကြောင်း။
အရှေ့ပေါက်က မဝင်ဘဲ အထက်နဲ့နောက်ဖေးပေါက်က လာသူများ ဆိုရင်တော့
မပြည့်စုံလဲလက်ခံလို့ ဘောင်ဝင်အောင် လက်တစ်လုံးခြားဆောင်ရွက်ပေးခဲ့ကြ။
အခုခေတ်မှာတော့ “လာဘ်စားမူ့ လျော့နည်း ပပျောက်ရေး”ဆိုတဲ့အသံက တစ်စထက် တစ်စ
ကျယ်လောင်လာချိန်မှာတော့ အရင်လို ပေါ့တီးပေါ့ဆ နေမရတာကိုသဘောပေါက်။
အရင်ကတော့ဘာလေးဖြစ်ဖြစ် နည်းနည်းပါးပါးမပြည့်စုံပေမယ် ကျုပ်ကျက်လိ လိုက်တာပြဿနာမရှိပေမယ့်
အခုအချိန်လို စည်းနဲ့ကမ်းနဲ့ လုပ်ဘို့ ဝိုင်းပြောနေချိန်မှာ အရင်လို လုပ်မပေးရဲတာအမှန်။
စည်းကမ်းနည်းလမ်းနဲ့ မညီလို့ လိုအပ်ချက်တွေရှိနေလို့ စာရွက်စာတမ်းမပြည့်စုံလို့
အရင်လိုလက်တစ်လုံးခြားလုပ်မပေးနိုင်တော့တဲ့အခါ
“သက်သက်မဲ့ရစ်တယ် …..အရင်ကဒါတွေမပါလဲ လုပ်ပေးနေတာဘဲဟာ ရေမလောင်းလို့နေမှာ “ဆိုတဲ့အသံများက ပဲ့တင်ထပ်။
အခုမှ ဆူးကြားက ဘူးသီး ……………….
လို့ဆိုပြန်ပါတယ်။
ပွဲစားလုပ်တဲ့ကောင်ကလဲ သူ့ဘဝသူပြော။
အရင်က ပွဲစားဆိုတာ တိုက်ဆောက်ကားစီး ဘိုက်ကြီးပူ။
အခုအခါမှာတော့ ထီးဖြူ ဘိနပ်ပါးရုံတင်မပါ အစာအိမ်ပါ ပါးလာပါသတဲ့။
ထမင်းစားဘို့ကိုမရနိုင်တော့လို့ပါတဲ့။
မြေလုပ် ပြန်တော့ မြေလေးတစ်ကွက်ထဲကို ဟိုဘက်ဒီဘက်ပွဲစားတွေက ရာချီ၊
ပွဲတည့်ပြီးဆိုတာနဲ့ သူပါတယ် ငါပါတယ် ဆိုပြီး ရန်တွေဖြစ်ကြ………………………
တစ်ခါ အရင်ပြထားတဲ့ပွဲစားကိုဖယ်ပြီး ကွက်ကျော်တွေရိုက်ကြ
ဖြတ်ခုတ်ကြနဲ့လူပေါင်းစုံ ဇာတ်လမ်းပေါင်းစုံ။
အရင်ကလို သမာသမတ်ရှိတဲ့ပွဲစားဆိုတာ “ရာဇဝင်ထဲမှာဘဲမောင့်ကိုထားရစ်ခဲ့……………….”
ဆိုတာလို ပွဲစား=လူလည် လို့သတ်မှတ်ခဲ့ရ။
ကြာတော့လဲ ဘာအလုပ်မှရေရေရာရ မရှိသူများက တီးဘိုးလေးရရ ဝိုင်းကိုလာ ပစ္စည်းများ ကြည့်နေပြနေရင် ဟိုဘက်က လိုလို ဒီဘက်ကလိုလိုနဲ့ သိသလောက်တတ်သလောက်တစ်ခွန်းစနှစ်ခွန်းစဝင်ပြော ပွဲတည့်ရင်သူလဲပါတယ်ဆို ဝေစုတောင်းဆိုပြန်တော့ လူမှန်ရင်ပွဲစားလို့ ……………….ဆိုရလောက်အောင်ပွဲစားတွေဖောင်းပွပွ……………..
လူလည်ကျတတ်တဲ့ရောင်းသူဝယ်သူများကြပြန်တော့လဲ ပွဲစားကို ပွဲပျက်တယ်ပြောပြီး။
နောက်မှ သူတို့ အချင်းချင်း အရောင်းအဝယ်လုပ်ကြတော့ ပွဲစားများမှာ
ဓါတ်ဆီဘိုး တာယာဘိုး လက်ဖက်ရည်ဖိုး ရုံးအဝင်အထွက်အဖိုးအခ မိတ္တူကူးခတွေ ဆုံး…………
နောက် လူလည်ရောင်းလက်ကို အဟုတ်မှတ်လို့ ယုံစားမိတဲ့ပွဲစားမှာ
ရောင်းပြီးသားမြေကွက်ကိုပွဲစားလုပ်ပြီးရောင်းမိတော့ ရုံးရောက် တော့ ရတာထက်ပိုကုန်…………….
ကားပွဲစားများမှာလဲ အရင်ကတော့ ဟုတ်တုတ်တုတ်။
မူဝါဒတွေအမျိုးမျိုးပြောင်းတတ်တဲ့အခုလိုကာလမှာ
ဆွဲထား မမှားဘူး ……….ဆိုတဲ့စကားများလက်ကိုင်ထားမိသူတွေမှာ ကားပျောက်အိမ်ပျောက်
ကြာတော့ ဘဝမှာပျောက်မှာစိုးရိမ်နေရတဲ့အကြောင်း ……………….။
ပွဲစားအကြောင်းပြောပြန်တော့ အိမ်ဖော်ပွဲစားလူလည်တွေအကြောင်းတစ်ယောက်ကဝင်ပြောပါတယ်.။
အိမ်အကူ ကလေးမလေးတွေခေါ်ချင်ရင်ပွဲစားကို တစ်လခစာ ပွဲခပေးလို့ခေါ်ခိုင်းရပါတယ်.။
အဲ ရောက်လာလို့ လေးငါးလနေရင် ရွာက ခေါ်ခိုင်းလို့ ဟိုလူနေမကောင်းလို့ ဒီလူနေမကောင်းလို့
ရွာအလှူရှိလို့ ဘာလို့ ညာလို့နဲ့အကြောင်းပြပြီး ခဏဆိုပြန်ခေါ်သွားပါတယ်။
နောက် မလာမလာ နဲ့မေးရင် ကလေးကဘဲ မပျော်တာလိုလို အိမ်က မိတဘကဘဲပြန်မလွှတ်တာလိုလိုနဲ့
ပြောပြီး နောက်တစ်ယောက်ထပ်ရှာပေးပါတယ်။
ပွဲခတော့ တစ်လစာထပ်ပေးပေါ့။
နောက်မှသိရတာက အဲဒီကလေးမကို နောက်တစ်အိမ်ပြောင်းပို့ပေးလိုက်တာပါ။
စက်ရုံအလုပ်ရုံထောင်ထားတဲ့ကောင်ကလဲ အခုတစ်လောမှာ လန့်နေရတာ.။
ထစ်ကနဲရှိ လုပ်ခနည်းတယ် အလုပ်ချိန်များတယ် ဆိုပြီး ဆန္ဒထုတ်ဖော်တာတွေက ခေတ်စားနေတာကိုး။
အပြင်ပုဂ္ဂလိက လုပ်ငန်းဆိုတာ ရှေးကတည်းက အစိုးရဝန်ထမ်းများထက်အလုပ်ချိန်ပိုတာအားလုံးအသိ။
တစ်နေ့တစ်နေ့ မီးပျက်တော့ အလုပ်ကမတွင်ကျယ် ဒီအထဲမှာ အလုပ်သမားက အားကြိုးမာန်တက်မလုပ်။
အဲတော့ ကုန်ပစ္စည်းပေးလောက်အောင်နေ့ဆိုင်းညဆိုင်းအလုပ်တွေလုပ်ကြရ။
အရင်ကတော့ ပြဿနာမရှိပေမယ့် အခုချိန်မှာ”အတင်းအဓမ္မ”ဆိုတဲ့စကားလုံး ကိုတွင်တွင်သုံးပြနေကြတော့ မီဒီယာတွေရဲ့ရိုက်ချက်က ခပ်ပြင်းပြင်း နဲ့ထိမှာကြောက်တော့ အချိန်ပိုအရင်းလိုမခိုင်းရဲ။
အဲတော့ ပစ္စည်းမထွက်………….။
ဒီအထဲ ထစ်ကနဲ့ရှိ ဆန္ဒဖော်ထုတ်မယ်ဆိုတာကို တွင်တွင်လုပ်တော့အလုပ်ပျက်အကိုင်ပျက်။
တိုးသာတောင်းကြတယ် သူတို့ဘက်က ဘယ်လိုကောင်းအောင်ကြိုးစားလုပ်မယ်ဆိုတဲ့အချက်ကမပါ။
အမြတ်အစွန်းရှိတယ်လို့သာစိတ်တွက်နဲ့တွက်ပြီးအထင်တွေကြီးနေတာ လုပ်ငန်းလည်ပါတ်ဘို့အရင်းအနှီး
မလုံလောက်တော့ ကိုယ်ပိုင်ဆိုင်တာလေးတွေကို ဘင်္ဏ်မှာပေါင် လို့ဖြေရှင်းပြန်တော့
တစ်လတစ်လ ပေးရတဲ့ အတုးိက တနင့်တပိုး။
ဒီအထဲများရောင်းမကောင်းလို့ အကြွေးကောက်မရလိုပ ငွေမလည်ပတ်ရင်ဘဏ်တိုးပေးဘို့ အတုးိနဲ့အပြင်ကဆွဲရပြန်ပါတယ်။
ကုန်ကြမ်းတွေဝယ်ဈေးတွေကမြင့် ရောင်းပြန်တော့ ဈေးမရ။
အရောင်းအဝယ်ပါးတော့ အမြတ်ပါးပါးလေးနဲ့လုပ်ငန်းလည်ပါတ်နိုင်အောင်
မနဲဟဲပြီး လုပ်နေရတဲ့ အခက်အခဲကို လုပ်ငန်းပိုင်ရှင်ဘဲသိတာကိုးဗျ။
ဝန်ထမ်းလုပ်တဲ့သူဘက်ကကြည့်ပြန်တော့ အလုပ်သာလုပ်နေရတယ် ရတာနဲ့ကုန်တာမမျျှတော့
မလုံမလောက်။
အိမ်ရှိလူကုန်အလုပ် လုပ်ပါမှစားလောက်ရုံ။
ပေးတာနည်းနည်းများများအလုပ်ကလေးရှိနေတာကို က ဝမ်းသာစရာ။
မတော်လို့များ ရောင်းမကောင်းလို့ ဝန်ထမ်းလျော့မယ်အသံကြားရင် ဘုရားတနေရတာ။
အလုပ်အကိုင်ရှားပါတော့ အလုပ်လေးရတယ်ဆိုရင် နည်းလားများလား ကြေးမများနိုင်ဘဲ
ဝမ်းတွေသာနေရတာ။
စည်းကမ်းတွေဥပဒေနဲ့ညီတာမညီတာအပထား မစားလောက်တော့ အလုပ်လုပ်နိုင်တဲ့ကလေး
ကိုကျောင်းထုတ်လို့ အလုပ်သွင်းပြီး ရုန်းခိုင်းရတာသနားပေမယ့်လဲမတတ်နိုင်၊
ထမင်းနပ်မှန်ဘို့ကအရေးကြီးပြန်တာကိုး။
ဒီအထဲ ဆန္ဒဖော်ထုတ်ကြတဲ့ အလုပ်ရုံစက်ရုံတွေမှာ ဥပဒေနဲ့မညီတဲ့ကလေးတွေကို
အလုပ်က နားခို်င်းတယ်အသံကြားပြန်တော့ ငါတို့ဘက် ဘယ.်တော့လှည်လာမလဲလို့ အလုပ်ဖြုတ်ခံရမှာစိုးရိမ်လို့ ရင်တထိတ်ထိတ်နဲ့နေရသူများကလဲ တစ်ပုံတပင်။
လူတိုင်းလူတိုင်း အပူနဲ့ဆိုတာဘယ်တော့မှ မမှားတဲ့တရားဆိုတာကိုလက်မခံဘဲမနေနိုင်။
နားထောင်ရင်တောင်မောမောလာမိပါရဲ့။
သူတို့နဲ့စကားပြောပြီး အိမ်ကိုပြန်အလာလမ်းမှာတော့ စဉ်းစားစရာတွေတသီကြီးပါလာသလိုပါဘဲ။
ကျနော်တို့အဖွဲ့သာအခုလိုထိုင်ပြီး ဟိုအရေးတွေထို်င်ပြီးပြောနေကြတယ် ။
တကယ့်လက်တွေ့ဘဝထဲမှာစီးမျောနေဲ့ လူတွေမှာ ထမင်းနပ်မှန်အောင်စားနိုင်ဘို့ လုံးပန်းနေကြရတော့ ဒီလိုပြောချိန်မှရပါ့မလား?????????????????????????????????
စက်ရုံဝန်ထမ်းတွေကို (၈)နာရီထက်ပိုပြီးအလုပ်ဆင်းခိုင်းတာကို “အတင်းအဓမ္မ”ဆိုတဲ့စကားလုံးနဲ့
ကိုင်ပေါက်ပြီးပြောကြလို့ အချိန်ပိုလုံးဝမဆင်းခိုင်းဘူးဆိုရင်ကော
ပုံမှန်အလုပ်ဆင်းလို့ရတဲ့ ဝင်ငွေက စားလောက်ပါ့မလား??????????????????????????????????
အလုပ်ရှင်ကလဲ သူအတွက်အမြတ်အစွန်းမရှိဘဲ များများပေးနိုင်ပါ့မလား???????????????????????
အရင်းအနှီးစိုက်ထုတ်သူမရှိဘဲ လုပ်ငန်းဆိုတာဖြစ်လာနိုင်ပါ့မလား????????????????????????????????
လာဘ်စားမူ့ပပျောက်ရေးလို့သာ တွင်တွင်အော်နေကြတယ်
ကိုယ်တိုင်ရော အမူ့အခင်းကြုံလာရင် ဆောင်ရွက်စရာကိစ္စရှိလာရင် တာဝန်ရှိသူများက
ဝတ္တရားရှိတဲ့အတိုင်း အတိအကျ ဆောင်ရွက်မယ်ဆိုရင်ကော ကျေနပ်နိုင်ပါ့မလား????????????????????????????????
ကိုယ့်ဘက်က လိုအပ်ချက်တွေမပြည့်စုံလို့ မြန်မြန်လုပ်မပေးရင်ကော
စိတ်ရှည်လက်ရှည်စောင့်နိုင်ပါ့မလား????????????????????????????????
သူလုပ်ထုံးလုပ်နည်းစည်းကမ်းအတိုင်းလုပ်မယ်ဆိုရင်ကော လက်ခံနိုင်ပါ့မလား????????????????????????????
လုပ်ငန်းတစ်အတွက် လိုအပ်တယ်ဆိုတဲ့စာရွက်စာတမ်းတွေကရော အမှန်တကယ်လိုအပ်တာ ဖြစ်ပါသလား????????????????????????????????
ဥပမာ အလုပ်လျောက်တယ်ဆိုရင် အကျင့်စာရိတ္တထောက်ခံစာတွေကို သက်ဆိုင်ရာရပ်ကွက်တွေ
ရဲစခန်းတွေက ထောက်ခံချက်တွေလိုအပ်ပါတယ်။
သွားတောင်းရင်ပေးလိုက်ကြတာပါဘဲ။
ဒါပေမယ့် တကယ်လို့များ အဲလိုစာရွက်တွေကို တကယ်စစ်ဆေးပြီးမှပေးမယ်ဆိုရင်
လက်သင့်ခံနိုင်ပါ့မလား????????????????????????????????
အလုပ်ခေါ်တဲ့လူတွေကလဲ ဒီထောက်ခံစာတွေကို တောင်းသာတောင်းတယ် တကယ်လို့များ
ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ရင် ဒီထောက်ခံစာက ဘယ်လိုအထောက်အကူပြုနိုင်သလဲ…………….။
တွေးရင်းတွေးရင်းနဲ့ခေါင်းတွေတောင်မူးလာသလိုပါဘဲ။
ကျနော်တို့မှာနှစ်ပေါင်းများစွာ အိပ်ပျော်နေရာကနေ အခုမှ နိုးထလာတဲ့ သူများလို့ပါဘဲ။
နေရာတကာမှာ ကျီးကြည့် ကြောင်ကြည့။်
အခြားသူတွေကိုသာ ဟိုလိုပြင်ဘို့ ဒီလိုပြောင်းဘို့ပြောနေပေမယ့် ကိုယ့်ဘက်က တော့
ပြောင်းလဲပြီးပြီလား ပြောင်းဘို့အဆင်သင့်ဖြစ်ပြီလား ပကတိအတိုင်း အမှန်အတိုင်းရလာမယ့်
ရလာဒ်ကိုရော လက်ခံနို်င်ပါ့မလား မှန်ရှေ့မှာရပ်ပြီး လို့မေးကြည့်မိတော့
ရုပ်ဆိုးလိုက်တဲ့ လူကြီးဗျာ မှန်ထဲကနေ စားမတတ် ဝါးမတတ်ကျနော့်ကိုကြည့်နေလိုက်ပုံများ
ကြောက်များတောင်ကြောက်မိပါရဲ့……………………………………………
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။
21 comments
ပန်းစံပါယ်
September 26, 2012 at 10:43 am
ဘက်ပေါင်းစုံကနေ ရေးထားတာ အတော်ပြည့်စုံနေတာပဲ။
” အခြားသူတွေကိုသာ ဟိုလိုပြင်ဘို့ ဒီလိုပြောင်းဘို့ပြောနေပေမယ့် ကိုယ့်ဘက်က တော့
ပြောင်းလဲပြီးပြီလား ပြောင်းဘို့အဆင်သင့်ဖြစ်ပြီလား ပကတိအတိုင်း အမှန်အတိုင်းရလာမယ့်
ရလာဒ်ကိုရော လက်ခံနို်င်ပါ့မလား မှန်ရှေ့မှာရပ်ပြီး လို့မေးကြည့်မိတော့
ရုပ်ဆိုးလိုက်တဲ့ လူကြီးဗျာ မှန်ထဲကနေ စားမတတ် ဝါးမတတ်ကျနော့်ကိုကြည့်နေလိုက်ပုံများ
ကြောက်များတောင်ကြောက်မိပါရဲ့……………………………………………”
နေဝန်းနီ
September 26, 2012 at 7:23 pm
ဟုတ်ပါ့ဗျာ အဲဒိလူကြီးတော်တော် ရုပ်ဆိုးတာပဲ ကျုပ်တောင် ကြည့်ရင်းကြောက်လာလို့ ပြန်လှည့်ပြေးလာရတယ်……….။ :gee:
ကြည်ဆောင်း
September 26, 2012 at 12:52 pm
ဖတ်ပြီးမူးမေ့မတတ်ဖြစ်သွားပါကြောင်း ….
တစ်ယောက်ကစ တစ်ရာပြုပြင်ပြောင်းလဲဖို့ လိုမှန်းသိပေမဲ့
ထမင်းနပ်မှန်အောင်ရှာစားဖို့အတွက်အချိန်ပေးနေရတော့
ပြောင်းလဲဖို့အချိန်တွေကို ဘယ်လိုများပေးကြပါ့မလဲ စဉ်းစားရင်း …
:bar:
မောင်ပေ
September 26, 2012 at 1:03 pm
မှန်၏
ဘေးကနေ လက်ညှိုးထိုးဖို ့ ပြောဖို ့ကတော့ လူတိုင်းတတ်၏
တစ်ကယ်လုပ်နေရသူတွေမှာသာ
ဟောဟဲ ဟောဟဲ
“ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ”
kyeemite
September 26, 2012 at 1:12 pm
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး ကနေပြီး
မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုပြန်မေးဖို့ အတွေးထူထူကြီး
ရသွားကြောင်းပါကိုပေါက်ရေ… :ha: :buu:
ဦးဦးပါလေရာ
September 26, 2012 at 1:53 pm
ကိုပေါက်ရေ
တချို့လူတွေအဖို့ အပြောင်းအလဲကို လိုချင်တယ်ဆိုတာကလဲ
တကယ် သင့်လျှော်မှန်ကန်တဲ့လမ်းကြောင်းကိုပြောင်းစေချင်တာမဟုတ်ပဲ
ကိုယ်က/ ကိုယ့်ဘက်က “သာ” စေချင်တာ၊ ကိုယ်က အသာရချင်တာ ဖြစ်နေတတ်ပါတယ်။
ကိုယ့်ကိုယ်ကို ပြောင်းနိုင်ဘို့ကို ကြိုးစားရဦးမှာပါဗျာ…။
စိုင်းထီးဆိုင်ရဲ့ သီချင်းလေးတပိုင်းတစကို ပြေးသတိရမိတယ်……………
ရွှေ ကြည်
September 26, 2012 at 3:29 pm
မှန်လိုက်လေလေးပေါက်ရယ် ပုံမှန်လည်ပတ်အသားကျနေတဲ့စနစ်ကြီးကကြာက်စရာကောင်းလောက်အောင်အခြေခိုင်နေတယ်။
ပြုပြင်ပြောင်းလဲရေးဆိုတာကိုတွေးမိတိုင်း ရင်လေးစရာကြီးပဲ။
ကိုယ်ကိုယ်တိုင်ရော ဘယ်လိုလဲဆိုတာ…တွေးရမယ် တွေးရမယ်။
ကိုခင်ခ
September 26, 2012 at 8:29 pm
ကိုပေါက်ရေ ဘယ်လိုပြောရမလဲ ဘာကစပြောရမှန်းတောင် အစဖော်မရတာ ပြောလည်းပြောတဲ့သူဘဲ မောရုံရှိမှာမို့
မပြောတာဘဲကောင်းပါတယ်ဗျာ။
မဟာရာဇာ အံစာတုံး
September 26, 2012 at 8:59 pm
ကျုပ် မှန်မကြည့်ဖြစ်တာ ကြာပြီ ..
ဒါကြောင့်လည်း လူက
သောက်တုံးမကျဘူးကို ဖြစ်နေတာ …
ဒါနဲ့ စကားမစပ် ဖေဂျီးရေ ..
သီတင်းကျွတ်ခါနီးပီနော် …
:kwi:
ကိုပေါက်(မန္တလေး)
September 26, 2012 at 10:37 pm
အေးကလန်ရေ
ရှာထားတယ်နော်
မင်းအတွက်
surmi
September 26, 2012 at 10:48 pm
ဟုတ်ကဲ ့ခင်ဗျ ..
ကျနော်တို့ ဘက်က ဘာမှအဆင်သင် ့မဖြစ်သေးကြောင်းပါ …ခင်ဗျ …
မတောင်းရင်လည်း မပေးလို ့ ရစ်မှာကြောက်ပြီး ပေးမိတဲ့ အတွက် ကျနော်တို့လည်း အပြစ်ရှိကြောင်းပါ
အစ်ကိုရေ ….
ကြောက်လို့ မှန်မကြည် ့ဖြစ်တာ တော်တော် ကြာသွားပြီဗျာ ….
ကိုပေါက်(မန္တလေး)
September 26, 2012 at 11:20 pm
မတောင်းရင်လည်း မပေးလို ့ ရစ်မှာကြောက်ပြီး ပေးမိတဲ့ အတွက်
ကိုဆာမိ
အဲဒီအကြောင်းက နောက်ထပ်တစ်ပုဒ်လာမယ်ဗျာ
uncle gyi
September 27, 2012 at 8:50 am
ဟောဟဲဟောဟဲမောလိုက်တာကိုပေါက်ရယ်
ဖြေးဖြေးရေးလည်းရပါတယ်မာရသွန်စက်သေနတ်နဲ့အကုန်လုံးကိုပတ်ပစ်သွားတာ
အပစ်ခံရသူတွေကဘယ်လိုနေလဲလို့လိုက်ပြီးအင်တာဗျူမလို့လုပ်တုန်း
ီဗျူးခံမယ့်သူရဲ့ဆိုင်နားကလက်ဘက်ရည်ဆိုင်က
သီချင်းသံလေးကြားလိုက်ရတာက
ကိုယ့်ဖာသာကိုယ်ချစ်တာဘာဖြစ်လဲဘာဖြစ်လဲ
ကိုပေါက်(မန္တလေး)
September 27, 2012 at 9:11 am
အပြင်မှာ ဒီထက်ပိုမောရပါတယ်
အန်ကယ်ဂျီးရေ……………………………………….
P chogyi
September 27, 2012 at 9:22 am
ဘုန်းကြီးကျောင်းက ဟင်းပေါင်းလိုပဲ
အရသာစုံရောမွှေထားသလို
သတင်းစုံပေါ့။
ကြောင်ကြီး
September 27, 2012 at 9:46 am
မှန်ကြည့်
စွမ်စိ
သန်ဘိ
ညဏ်ရှိ
ပွမ်မိ
ဖန်၏
ကံသိ
နာမ်ညှိ..။
ကိုပေါက်(မန္တလေး)
September 27, 2012 at 12:50 pm
ဒါလေးကို မြနန္ဒာဂျာနယ်က ပုံနှိပ်ပေးလိုက်တယ်ဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
MaMa
September 27, 2012 at 2:21 pm
ကိုပေါက်ရဲ့ စက်ကွင်းက ကိုယ်လည်းလွတ်အောင်ရှောင်မှပဲ။ :hee:
သူသူငါငါ လူတကာ မိုးခါးရေသောက်နေကြတာ ကြာခဲ့ပြီလေ။
ရေချိုတောင် မသောက်တတ်တော့သလို ဖြစ်နေပြီ။
ပြောရမယ်ဆို ကိုပေါက်စာက အချိန်ကိုက်အခါကိုက် ရာသီစာမို့ လူအများ ကျယ်ကျယ်ပြန့်ပြန့် သိစေနိုင်လေကောင်းလေပေ့ါ။
ခုတလော ကြားလိုက်ရတဲ့ အင်မတန်သဘောကျတဲ့စကားလေးက ရပိုင်ခွင့်နဲ့ တာဝန်တဲ့။
ရပိုင်ခွင့်ရှိတာကို ရအောင်ကြိုးစားကြသလို ထိုက်တန်တဲ့တာဝန်ကိုလည်း ကျေပွန်အောင် ကြိုးစားထမ်းဆောင်ရမယ်ဆိုတဲ့ အသိတရားလေးတွေလည်း ရှိကြဖို့ လိုလာပါပြီ။
ကိုပေါက်(မန္တလေး)
September 27, 2012 at 3:29 pm
ဟုတ်ပါတယ် မမရေ လိုချင်တာဘဲသိတယ် ပြန်ပေးရမှာ မသိတဲ့လူတန်းစားတွေများသထက်များလာပါတယ်
လုံမလေး မွန်မွန်
September 27, 2012 at 4:43 pm
ဟုတ်ပါ့လေးပေါက်ရယ်… မောလိုက်တာ… တရစပ်ပြောပြနေသလိုပဲ… လေးပေါက် စာရိုက်နေတုန်းကရော ပိုမမောဘူးလားဟင်… 🙂 .. သမီးကတော့ ဖတ်ပြီးမောသွားလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး…
Ma Ei
September 27, 2012 at 4:52 pm
ကိုပေါက်ရေ…
မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်တော့
လှတယ် ချောတယ် ထင်မိတာဘဲ…
:byae: