စစ်ကျီစားရာကြွက်မခံသာ
ကျွန်မလေ…ကျွန်မ ရင်ကွဲရတော့မယ်ထင်ပါရဲ့ ကျွန်မရဲ့ကလေးတွေလေ ကျွန်မရှာလိုု့မတွေ့တော့ဘူး။ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ကျွန်မရင်ကိုမီးစနဲ့အထိုးခံရသလိုပါပဲရှင်။ကျွန်မသတိထားမိတဲ့နေရာမှန်သမျှကျွန်မ ရှာနေပေမယ့် မတွေ့ဘူး ရှင်အိတ်ကြိုအိတ်ကြား ချောင်ကလောင်တွေမကျန် အကုန်ရှာတာကိုမတွေ့ဘူးရှင် တွေ့သမျှအပေါင်းအသင်းအကုန်အကူအညီတောင်း ကြည့်နေတာမတွေ့ရသေးဘူးတဲ့။ဟော တွေ့ပြီတွေ့ပြီ ကျွန်မကလေးတွေတော့မဟုတ်ဘူး။ကောင်လေးတစ်ယောက်လေ ကောင်လေးတစ်ယောက်ပေါ့ သူ သေတ္တာလေးဘေးငုတ်တုတ်လေးထိုင်လို့လေ ပါးစပ်ကလည်းဘာတွေပြောနေသည်မသိ ဘူး။ကျွန်မအနီးကပ်သွားကြည့်လိူုက်တယ် သူ့လက်ထဲမှာအိတ်လေးတစ်လုံးတော့ ကျွန်မသေသေချာချာကြည့်လိုက်တယ်။ဟယ်ဝမ်းသာလိုက်တာအိတ်ထဲမှာကျွန်မကလေးတွေလေ။
ဒါပေမဲ့….. ဒါပေမဲ့ရှင်သူကကျွန်မကလေးတွေကိုဘာလုပ်မလို့ပါလိမ့်။ကျွန်မလဲစိုးတထိတ်ထိတ်နဲ့ချောင်လေးထဲကပဲကြည့်နေလိုက်တယ်။
“ကြွက်မကြီးရေ”
ဟော ကောင်လေးကျွန်မကိုခေါ်နေတယ်ထင်တယ်။ဘာပြောဦးမလဲမသိဘူး စောင့်ကြည့်ဦးမှဘဲ။
“နင့်ရဲ့ကလေးတွေကို ငါဒီထဲမှာရွှေ့ထားလိုက်တယ် နော် နင့်ကလေးတွေကိုငါမသတ်ပါဘူး ငါ့ပစ္စည်းတွေက်ိုတော့ဘာမှမလုပ်ပါနဲ့နော်”
ကောင်လေးကမျက်နှာငယ်လေးနဲ့တိုင်တည်နေရှာတာပါ။ဟုတ်ပါရဲ့ ဟိုတုန်းကဆိုရင်ဒီအဆောင်ကြီးပေါ်မှာ ဒီကောင်လေးအပါအဝင် လူပေါင်း13ယောက်နေကြတာလေ။ကျွန်မမှတ်မိတာပေါ့ ။ဒီကောင်လေးနာမည်တောင် ကြားဖူးပါရဲ့ ဘာတဲ့ အတွေးလေး ဆိုလား ဘာလား ကောင်လေးကတော့ခပ်နွဲ့နွဲ့ခပ်ငယ်ငယ်ပါ။အဆောင်ပေါကလူတွေထဲမှာသူကငယ်တယ်လို့ထင်ရတာပဲလေ။
ဒီအဆောင်ပေါ်မှာနေရတာကကျျွန်မအတွက်အရမ်းဇိမ်ကျတာရှင့် ကျွန်မကလေကျွန်မအဖော်တွေလိုမျိုး မြေကျင်းတူးပြီးနေရတာဆိုပေမဲ့ အစားအသောက်အတွက်ကျတော့ပူစရာမလိုဘူးရှင့် ။ဘာလို့လဲလို့မေးမလို့လား ပြောမှာပေါ့ရှင် ဒီအဆောင်မှာက တချိုု့ကောင်လေးတွေကညနေပိုင်းဆို ရင် အရက်ဝိုင်းဖွဲ့ကြတယ်လေ။အမြည်း အစုံအလင်ပေါ့ရှင် ။အဲသူတို့ကသောက်ပြီးပြီဆိုရင်ဘယ်တော့မှ ဝိုင်းကိုချက်ချင်းမသိမ်းကြဘူးလေ။သောက်ပြီးပြီဆိုရင် ဝိုင်းကိုထားခြဲ့ပီး ထမင်းသွားစားကြလေရဲ့။အဲဒီအချိုန်ကကျွန်မအတွက်အချ်ိန်ကောင်းပေါ့တော်။ကျွန်မလဲကျွန်မယောက်ျားကိုခေါ်၊ပြီးတော့သူတို့ကျန်ခဲ့သမျှကိုစားနိုင်သလောက်စား ပြီးရင် မကုန်တဲ့ဟာကိုသယ်ပေါ့တော်။သူတို့တွေကလည်း ပန်းကန်နဲ့ထည့်တာမဟုတ်ဘဲ အိတ်တွေနဲ့ပါဆယ်ဆွဲတာဆိုတော့ ကျွန်မတို့သယ်ရတာလွယ်ကူတာပေါ့ရှင် ။ဒါပေမဲ့တစ်ခါတစ်လေ ကျရင်တော့ ဟို အတွေးလေး ဆိုတဲ့ကောင်လေး ကလာရှင်းသွားတာလဲရှိရဲ့ အဲဒါဆိုလဲ မခက်ပါဘူးကျွန်မတို့ကအမှိုက်ပုံးထဲထိ လိုက်ဆွဲတာပေါ့ ရှင်။
တစ်နေ့ အဲဒီတစ်နေ့ကို ကျွန်မကောင်းကောင်မှတ်မိတယ်။အဲဒီနေ့နေ့လည်ပိုင်းမှာကောင်လေးတွေကအိပ်တဲ့သူအိပ် စကားပြောတဲ့သူကပြောနေ ကြတဲ့အချိ်န်
“အတွေးလေး ထထ ငါပြောစရာရှိလို့”
မောင်ဖိုးဆိုတဲ့ကောင်လေးက အိပ်နေတဲ့အတွေးလေးကိုအတင်းနှိုးတော့ ဟိုကောင်လေးက စိတ်မရှည်သလိုနဲ့အိပ်ရာကကုန်းရုန်းထပြီးခေါင်းကုပ်ခြေကုပ်နဲ့
“ဘာလဲကွာမင်းကလည်းအိပ်ရေးပျက်လိုက်တာ ဘာပြောမလို့လဲမြန်မြန်ပြော ငါအိပ်ချင်သေးတယ်”
ဆိုတော့မောင်ဖိုးက မျက်နှာငယ်လေးနဲ့
“လုပ်ငန်းတွေနားရတော့မယ်တဲ့ ဝန်ထမ်းတွေလည်းပြန်လွှတ်တော့မယ်တဲ့ ၊ကုမ္ပဏီထဲမှာ ဝန်ထမ်း၂ဝ ပဲအစောင့်ထားမယ်တဲ့”
ဟော ကျွန်မခေါင်းထောင်သွားတယ် ကျွန်မတင်မဟုတ်ပါဘူး ။အဆောင်ပေါ်က ကောင်လေးတွေအကုန်ပါပဲ။သွားြ့ပီဒါဆိုကျွန်မဘယ်မှာသွားနေရတော့မှာလဲ။အို မဟုတ်လောက်ပါဘူး သူတို့တွေက အဲဒီအတွေးလေးဆိုတဲ့ကောင်လေးကိုစနောက်နေကြပဲဟာ အခုလဲစတာနေမှာပါ။စတာပဲဖြစ်ပါစေ။ကျွန်မဆုတောင်းနေမိတယ်။
“ဟာ…….သွားပြီ”
ဟ ဘာလဲ ဟ ဪဟိုကောင်းလေးပဲ ဘယ်ကောင်လေးရမှာလဲအတွေးလေးပေါ့ ကိုယ့်အတွေးနဲ့ကိုယ်မျှောနေတာ သူကထအော်တော့ ကျွန်မလန့်သွားတာပေါ့။
“သွားပြီပေါ့ ဒါဆိုရင်ငါဘယ်လိုလုပ်ရမလဲ ကျောင်းတက်ဖို့စရိတ်ကမလောက်သေးဘူးလေ ဒုက္ခပါပဲကွာ”
ကောင်လေးကိုကြည့်ပြီးကျွန်မတောင်ခဏငိုင်သွားတယ်။ကောင်းလေးကိုသနားသွားတာထင်ပါရဲ့။နေပါဦးလုပ်ငန်းတွေကဘာလို့နားတာပါလိမ့်။ကျွန်မသိချင်လိုက်တာ။ကျွန်မသိချင်တဲ့မေးခွန်းကိုကောင်လေးကမေးပါ့မလားမသိဘူူး။အဲအဲ …ကျွန်မဆန္ဒပြည့်ပြီ ကျွန်မသိချင်တာကိုကောင်လေးကမေးတယ်ရှင့်သိလား။အင်းလေသူလဲသိချင်မှာပေါ့နော်။ကောင်လေးကအခုမှစဉ်းစားမိဟန်နဲ့
“နေပါဦး ..မောင်ဖိုး လုပ်ငန်းတွေကဘာလို့နားရမှာလဲ”
ကောင်လေးကလေးလေးနက်နက်နဲ့မေးလိုက်တော့ မောင်ဖိုးက
“မသိဘူူးကွတိုက်ပွဲတွေကြောင့်လို့ပြောကြတာပဲ ငါလည်းသေချာမသိဘူးကွ”
ဪ အခုမှပဲနားလည်သလိုရှိ တော့တယ်။ခဏကြာတော့အဆောင်ပေါ်မှာ အသံတွေဆူညံကုန်ပါရော။
“ဒီကပြန်ရင်ဘာလုပ်ရမလဲ”ဆိုတာကတစ်မျိုး “အိမ်ပြန်ဖို့ကပိုက်ဆံနည်းတယ်”ဆိုတာကတစ်ဖုံ
“မင်းတို့ဆီလိုက်ခဲ့မယ်အလုပ်ရှာပေး”ဆိုတာကတစ်သွယ် ဘာတွေမှန်းကိုမသိတော့ပါဘူး။ကြွက်နားတွေညည်းလိုက်တာ ။အဲဒါနဲ့ပဲခပ်ဝေးဝေးကချောင်လေးထဲမှာ သွားအောင်းနေလိုက်ရတယ်။
ညနေစောင်းတော့ထုံးစံအတိုင်း အရက်ဝိုင်းဖွဲ့ကြပြန်တာပေါ့။အဲ….ဒီတစ်ခါထူးဆန်းတာကအရက်ဝိုင်းမှာအမြည်းက နေကြာစေ့နဲ့ရှူးရှဲလက်ဖက်နှပ်တွေပဲတွေ့ရတယ်။ငတ်ပြီကျွန်မတော့ဒီနေ့ငတ်ပါပြီရှင်။အော်………ဒီနေ့တော့ဘယ်နားကြည့်ကြည့် ငေးငေးငိုင်ငိုင်တွေနဲ့ပါလား။အရက်ဝိုင်းလေးကလည်း တိတ်ဆိတ်လို့။ခါတိုင်းဆို အလုပ်ပြန်လာတာနဲ့ရေမိုးချိုးပြီးရင်သနပ်ခါးလေးလိမ်းလိုက် သူတို့ပြောနေတာကြားတဲ့lotion ဆိုလားဘာလား အဲဒါကြီးကိုတစ်ကိုယ်လုံးလိမ်း ခေါင်းကဆံပင်ကိုခွဲကြောင်းကျအောင်ဖြီးပြီးသန့်နေတတ်တဲ့ အတွေးလေးဆိုတဲ့ကောင်လေးတောင် ရေမချိုးနိုင်ဘဲအိပ်ရာထဲမှာငိုင်နေလေရဲ့။အရင်ရက်တွေဆိုရင် ခြင်းဆိုလားခတ်ဖို့ကို လိုက်နှိုးဆော်နေတတ်တဲ့ မောင်ထေွးနဲ့မောင်မြင့်တို့လဲတိတ်ဆိတ်လို့လေ။ဪ……တိုက်ပွဲတွေကြောင့်တဲ့လား။
ဒီလိုနဲ့ နောက်နေ့မနက်မှာသူတို့တွေဘာတွေရေးနေကြတယ်မသိပါဘူး ။စာရွက်ဆိုတာကြီးတွေကိုယ်စီနဲ့ပေါ့ ။အဲ ….အဲဒီလိုရေးတဲ့အထဲမှာ အတွေးလေးဆိုတဲ့ကောင်လေးတော့မပါဘူးရှင့် ။ဒီလိုနဲ့ညနေပိုင်းမှာတော့ထုံးစံအတိုင်းအရက်ဝိုင်းဖွဲ့ကြပြန်ရော။ဟော…ဒီနေ့တော့ခါတိုင်းထက်လူများတယ်ရှင့်။အမြည်းတွေကလည်းခါတိုင်းထက်စုံတယ်လို့ထင်ရတာပဲလေ။ကျွန်မမှာတော့သွားရည်တမျှားမျှားပင်ကျလို့ပေါ့။သူတို့အရက်ဝိုင်းလေးကလညု်းဆူလို့ညံလို့ပေါ့။ကျွန်မ အငမ်းမရဖြစ်နေတုန်းမှာပဲ
“ဟေ့လူတွေ….. ဟေ့လူတွေ ခင်ဗျားတို့ခွင့်ကျပြီ အထုပ်တွေပြင်ကြတော့ ဒီညနေကားနဲ့ ရုံးကိုလိုက်ပို့ပေးမယ်တဲ့ ဒါမှ မနက်စောစောကားမှီမှာတဲ့ အခုကားတွေကရှားနေတယ်တဲ့”
အတွေးလေးရယ်ပေါ့ အမောတကောနဲ့လာပြီးအော်နေတာလေ။ကျွန်မဖြင့်လန့်ဖြန့်ပြီးငမ်းနေတဲ့အာရုံတောင်ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ကျွန်မတင်ဘယ်ဟုတ်မလဲ အရက်ထိုင်သောက်နေတဲ့ကောင်လေးတွေလည်းပြာပြာသလဲ နဲ့ထအဝတ်အစားတွေကိုဖြစ်သလို ထိုးသိ်ပ်ထည့်ပြီးရေမိုးချိုုးကြတယ်ထင်ပါရဲ့ခဏနေတော့ပြန်တက်လာကြပြီးအထုပ်တွေဆွဲပြီး ကားကြီးနဲ့သွားလိုက်ကြတာနောက်နေ့ပြန်မတွေ့ရတော့ဘူး။
ဒီအဆောင်ကြီးပေါ် တစ်မျိုးပြောရရင်ကျွန်မရဲ့ကမ္ဘာငယ်လေး ပေါ်မှာတော့အရင်တုန်းကလိုလူ၁၃ ယောက်လောက်မဟုတ်တော့ဘဲ ကိုဖောက်တင်ဆိုတဲ့လူကြီးရယ်၊မောင်ထေွး၊မောင်မြင့်ဆိုတဲ့ကောင်လေးတွေရယ် အတွေးလေးနဲ့ နောက်ပြီးတော့စကားပြောရင် အာကျယ်အာကျယ်ပြောတတ်တဲ့သံချောင်းဆိုလားဘာလားအဲဒီကောင်လေးတွေပဲတွေ့ရတော့တယ်။သိပ်မကြာပါဘူးမောင်ထေွးနဲ့မောင်မြင့်ဆိုတဲ့ကောင်လေးတွေလည်းအိပ်ယာလိပ်တွေယူပြီးဘယ်မှာသွားနေတယ်မသိဘူး ။နှစ်ရက်သုံးရက်နေမှတစ်ခေါက်လောက်ပဲ အဆောင်ပေါရောက်လာတတ်တယ်။အတွေးဆိုတဲ့ကောင်လေးဆို်ရင် မျက်ရည်တွေများတောင်ဝဲနေလေရဲ့ အော်သူလည်းပဲလူပဲလေ သူငယ်ချင်းတွေအများကြီးနဲ့ပျော်ပျော်ရွှင်ရွှင်နေနေရာကနေ ရုတ်တရက် ကြီးခွဲရတာဆိုတော့ဝမ်းနည်းရှာမှာပေါ့။ခဏပါပဲ ကျွန်မလေခဏလောက်လေးပဲင်ိုင်သွားမ်ိတယ် နောက်တော့ .
“လွပ်လပ်ပြီ ……..ကျွန်မတော့လွတ်လပ်ပြီ”ဆိုပြီးဝမ်းသာအားရနဲ့ပတ်အော် ပြီ်တော့အဆောင်ကြီးပေါ်မှာ စိတ်ကြိုက်မွေနေလိုက်တယ်။တွေ့သမျှအဝတ်အတိုအစတွေကိုပတ်ကိုက် ကျွန်မအဖော် ဟိုကောင်မတွေကိုခေါ်ပြီး တွေ့သမျှ အိတ်တွေထဲမှာအသိုက်တွေလို်က်ဆောက် ပြီးပျော်နေလိုက်တယ်။တကယ်တော့ အစောင့်သဘော နဲ့၂ဝ လောက်ပဲချန်ခဲ့မယ်ဆိတာတော့ မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ကျွန်မ အဆောင်အပြင်ထွက်ရင်တွေ့ရတာက လူအယောက်၂ဝ မှမကတာ။
“အတွေးလေး …..ဟေ့ကောင်အတွေးလေး”
ဟ…ဘာလဲဟ ဘယ်သူလဲအော်ကြီးဟစ်ကျယ်နဲ့ ဘယ်ကောင်လဲ ဟုတ်လား ဘယ်သူရှိရမှာလဲဟိုကောင်လေ သံချောင်းဆိုတဲ့အာကျယ်ကျယ်ပြောတဲ့ကောင်လေးပေါ့ ဟိုကောင်လေးကိုအော်ခေါ်နေတာလေ။ဟိုကောင်လေးခင်မျာအိပ်ချင်မူးတူးနဲ့ထလာပြီးမှ
“ဘာလဲကိုသံချောင်းရ ဘာလို့်လဲ အော်ကြီးဟစ်ကျယ်နဲ့”
ကောင်းတယ်မေးစမ်း ဘာလဲမသိဘူးလူကိုအဲလေကြွက်ကို အိ်ပ်ရေးပျက်အောင်လာလုပ်နေတယ်။
“ဟ ဘာရမှာလဲ ဒီမှာအမှိုက်တွေနဲ့ ဖိနပ်စုတ်တွေပွနေတာ မင်းကြည့်ကောင်းနေလား ကြည့်ရှင်းဦးလေ “
ဟဲ့…ဟဲ့သွားပြီအမှိုက်တွေရှင်းဖ်ို့ပြောနေတာပဲ ။မရှင်းနဲ့ကောင်လေးရေ မရှင်းပါနဲ့နော် ဒီအမှိုက်တွေရှိမှငါတို့အတွက်အဆင်ပြေမှာလေ။ ကောင်လေးရေမရှင်းပါနဲ့။အဲကျွန်မဆုတောင်းပြည့်တယ်ပြောရမလား မသိဘူး ကောင်လေးက
“အောင်မာ ဘာလို့ရှင်းရမလဲဒီအဆောင်မှာကျွန်တော်တစ်ယောက်ထဲနေတာမှ မဟုတ်တာ ကိုသံချောင်းအမြင်မတော်ရင် ကိုယ့်ဟာကိုယ်ရှင်းပေါ့”
ပြောပြောဆိုဆိုနဲ့ပြန်အိပ်နေလိုက်တယ် ။ဟောဟိုကိုယ်တော်ကရှင်းမယ်ထင်နေလား ဝေးသေးတယ် သူက
သို်င်းကားပြန်ထိုင်ကြည့်နေလေရဲ့။ကျွန်မလဲ ညဘက်ရောက်တော့အစာရှာရတော့တာပေါ့ တွေ့ပြီသံချောင်းဆိုတဲ့ကောင်လေး အခန်းထဲမှာစုံလို့စိလို့ပါလား။ဟီဟိ ပွတာပဲ ကျွန်မလဲ သူူရဲ့ကော်ဖီမစ်တွေ ခေါက်ဆွဲခြောက်တွေနဲ့ ပွဲတော်တည်လိုက်တယ်။ဒါတင်အားမရသေးဘဲ မနက်ကကျွန်မကိုအိပ်ရေးပျက်အောင်လုပ်ထားတာကို မကျေနပ်တာ နဲ့ သူ့အဝတ် တွေကိုပါ နည်းနည်းစီကိုက်ပေးလိုက်တယ်။ပညာပြလိုက်တဲ့သဘောပါ။ကျွန်မထင်တဲ့အတိုင်းပဲ မနက်ပိုင်းကျတော့ ဟိုသံချောင်းရဲ့ အသံပြဲကြီးကို ကြားရတော့တာပဲ။
“ဟာ .. ဒီကြွက်တွေတော့ အစားအသောက်တွေတင်မဟုတ်တော့ဘူး အဝတ်အစားတွေပါကိုက် ပစ်လိုက်တယ် လွန်လွန်းလာ ပြီတွေ့ဦးမယ် ငါနဲ့တော့တွေ့ဦးမယ်”
အောင်မာသူကများရာရာစစ ငါ့ကိုများတွေ့ဦးမယ်လေးဘာလေးနဲ့ ရပါတယ်ငါကလဲအချိန်မရွေးပါပဲ။
အတွေးလေး ကနောက်နေ့ရောက်တော့ အဲဒီသံချောင်းပြောတဲ့ အမှိုက်တွေကိုရှင်းပစ် လိုက်တယ်လေ။ဒါနဲ့
ကျွန်မလဲသူ့ကိုမကျေနပ်တာနဲ့ ပဲသူ့ရဲ့အဝတ်စား အိပ်အဟောင်းထဲမှာ အသိုက်ဆောက်ပစ်လိုက်တယ်။ကောင်လေးကအလည်လေးရှင့် အဲဒီအိတ်ထဲမှာ အဝတ်စားအဟောင်းတွေပဲထည့်ထားတယ်လေ။
ဒီလိုနဲ့နောက်တစ်ရက်တော့အဆောင်ပေါ်ကိုကောင်လေးတစ်ယောက် ရောက်လာတယ် တစ်ယောက်တိုးလာပြန်တာပေါ့။သူကတော့ အတွေးလေးအိပ်ယာမှာပဲလာအိပ်တယ် အဲ သူကတော့တစ်မျိုးရှင့် ခေါက်ဆွဲခြောက်တွေဘာတွေ ဝယ်လာတဲ့အခါဆိုရင် တန်းလေးပေါ်တင်ပေးထားတတ်တယ်။တစ်ခါတစ်လေမှပါ။ဒါပေမယ့်…အဲဒါကလည်းကျွန်မအကြိုက်ပေါ့ရှင် ဒီလိုနေရင်းနဲ့မောင်သံချောင်းဆိုတဲ့ကောင်လေးက ကောက်ကာငင်ကာနဲ့ပျောက်သွားပြန်ရော ဟိုကောင်လေးပြောသံကြားတာကတော့ပြန်သွားတာဆိုလားပဲ အော်………ပြန်သွားပြန်ပြီတစ်ယောက်။ကျွန်မလေအဲဒီကောင်လေး ကိုရှိတဲ့အချိန်တုန်းကအမြင်ကတ်ခဲ့ပေမဲ့ မရှိတော့လဲ သတိရသလိုတော့ရှိသားတော့။
“ကျွိ ….ကျွိ”
ကျွန်မကလေးတွေရဲ့အသံပဲ ကျွန်မအတွေးလွန်နေလိုက်တာ ကျွန်မကလေးတွေအသံကြားမှပဲသတိရတော့တယ်။ကျွန်မလဲ ကျွန်မကလေးတွေနားပြန်သွား ပြီး စိတ်မချတော့တာနဲ့နေရာရွှေ့ထားလိုက် တော့တယ်။ဟို အတွေးလေးဆိုတဲ့ကောင်လေးကို ကြည်လိုက်တော့ ဘယ်အချိန်ကအိပ်ပျော်တေတယ်မသိဘူး ဟောက်များတောင်ဟောက်လို့လေ။သူတို့လည်း ဟိုကောင်လေးတွေ ပြန်သွားပြီးကတည်းကအဆောင်ပေါ်အိပ်လိုက် ထမင်းသွားစားလိုက်ပဲလုပ်နေတာတွေ့ရတော့တယ် ။ဟုတ်သားပဲလုပ်ငန်းတွေကနားထားတာကိုး။အဲဒီနောက်ပိုင်းမှာကောင်းလေးကတစ်ခါတစ်လေမုန့်တွေဘာတွေဝယ်လာရင် တန်းလေးပေါ်မှာတင်ထားပေးတာတွေ့ရတယ်။နောက်ပြီးရင်သူက “ကြွက်မကြီးရေငါ့အဝတ်တွေကိုမကိုက်ပါနဲ့နော်”ဆိုြ့ပီးအမြဲပြောတယ်။
သူတို့တွေရောကျွန်မပါ ဒီလိုနေ နေကြပြီး တစ်ရက်မှာတော့ အတွေးလေးဆိတဲ့ကောင်လေးက အဝတ်အစားတွေ ထည့်နေတာတွေ့ရတော့ ကျွန်မအံ့ဩသွားတယ် သူဘာလုပ်မလဲ ဟိုကောင်လေးတွေလိုပဲ ပြန်မှာလား။ဒါမှမဟုတ်ရင် နေရာပြောင်းမလို့လား ။ကျွန်မဦးနှောက်ထဲမှာမေးခွန်းတွေတန်းစီနေတယ်။ကျွန်မသိချင်တာကိုကျွန်မသိလိုက်ရပါတယ်။ခဏ ကိုဖောက်တင်ဆိုတဲ့ လူကြီးတက်လာတော့သူပြောတာကြားလိုက်ရတယ်ဘာတဲ့
“ပြန်တော့မယ် နောက်နေ့ဆိုရင်လမ်းတွေက ဖွင့်ဖို့မသေချာတော့ဘူး”ဆိုလား မသိပါဘူး ။ခဏနေတော့သူ လည်းဟိုကောင်လေးတွေတုန်းကလိုပဲ စာရွက်ကြီးထဲမှာ စာတွေရေးနေတာတွေ့ရတာပဲ ဪ ကောင်လေးလည်းပြန်တော့မှာကိုး။
ဒီလိုနဲ့ မွန်းလွဲပိုင်းလောက်ရောက်တော့ မောင်ထေွး၊မောင်မြင့် နဲ့အတွေးလေး သုံးယောက်လုံးပြာပြာသလဲနဲ့အထုပ်တွေပြင်ကြ နောက်ပြီးမောင်မြင့်နဲ့မောင်ထေွးတို့ကလည်းပြောကြသေးတယ်အိမ်ပြန်တော့မယ်တဲ့ဟိုကောင်လေးတွေတုန်းကလိုပါပဲပြာပြာသလဲနဲ့ အထုပ်တွေပြင်နေကြတာပါပဲ။သူတို့တင်မဟုတ်ဘူးရှင့် အဆောင်ကြီးအောက်မှာလည်း ဆူညံနေတာပဲ ကျွန်မနားစွန်နားဖျားကြားတာကတော့ သုံးနာရီနောက်ဆုံးထားရွှေ့ရမယ်ဆိုလားမသိဘူး။ဒီလိုနဲ့နာရီပိုင်းလောက်ရောက်တော့ ခြေလျှင်နဲ့သွားသူကသွား ဆိုင်ကယ်ဆိုတာကြီးတွေစီးပြီးသွားသူကသွားနဲ့ပျောက်သွားလိုက်ကြတာအဆောင်ပေါ်မှာလူနှစ်ယောက်ပဲကျန်တော့တယ်။တစ်ယောက်ကတော့ ကိုဖောက်တင်ရယ်ပါ။တစ်ယောက်ကတော့ကျွန်မမသိဘူးရှင့်ဒီအဆောင်ပေါ်ကိုတစ်ခါတစ်လေမှလာတတ်တဲ့သူပါ။ဒီလို နဲ့ညနေပိုင်းလောက်မှာပေါ့ ကျွန်မကြွက်ဆိုတော့ နာရီတွေဘာတွေတော့ မသိပါဘူး ။ အဲ ….အဲဒီညနေပိုင်းမှာပဲလေ ကျွန်မနေတဲ့အဆောင်ကြီးပေါ်မှာရော အပြင်မှာပါလူ နှစ်ယောက်စသုံးယောက်စ ပဲတွေ့ရတယ် အဲဒီအချိန်မှာပေါ့
“ဒုန်း” ဆိုတဲအသံကြီးတစ်ချက်ကိုကြားလိုက် ပြီးမြေကြီးတစ်ခုလုံး သိမ့်သိမ့် တုန်သွားသလို ခံစားလိုက်ရတယ်။ကျွန်မလည်းကြောက်အား လန့်အား နဲ့ကျွန်မကလေးတွေရှိတဲ့နေရာကို ကမန်းကတန်း ပြေးသွားလိုက်ရတယ်။တော်သေးတာပေါ့ကျွန်မရောက်သွားတာမြန်ပေလို့ပေါ့ ။ကျွန်မကလေးတွေခမျာ ကြောက်ရှာလွန်းလို့ တုန်နေကြရှာတယ်။
ဒီအဆောင်ပေါ်ကကောင်လေးတွေ မရှိတော့ကျွန်မ လည်း ညဘက်ကို အပြင်မှာ အစာထွက်ရှာရပြီလေ။အဆောင်ကြီးပေါ်မှာတော့ ကိုဖောက်တင်ဆိုတဲ့ လူကြီးပဲ စောစောစီးစီး အိပ်ကျန်ခဲ့တယ်။ကျွန်မလဲအစာ ရှာပြီးပြန်လာတုန်းရှိသေးတယ် သတိထားမိတော့ ဒီဝန်းအကျယ်ကြီးထဲမှာ လူတွေတစ်ယောက်မှမတွေ့ရတော့ဘူး ကျွန်မစိတ်ထဲထင့်ကနဲ ဖြစ်သွားတယ်။ဟော….ဟော ဟိုမှာကိုဖောက်တင်ဆိုတဲ့လူူကြီးပဲ ဝရုန်းသုန်ကားနဲ့ပြေးထွက်လာတယ် ။ဟောကုမ္ပဏီအပြင်ကိုထွက်သွားပြီ။သေချာပါပြီ ကျွန်မထင်သလိုတစ်ခုခု ဖြစ်တော့မှာပါ…။ဟင် အနံ့ ဒါဒါ မီးရှို့ရင်လူတွေသုံး တာတွေ့ဘူးတဲ့ ဓါတ်ဆီဆိုတာရဲ့အနံ့ပဲ။ကလေးတွေကျွန်မကလေးတွေ ကျွန်မသတိရရချင်းကျွန်မကလေးတွေဆီပြေးဖို့ပြင်ခဲ့ပါတယ်။ဒါပေမဲ့………ဒါပေမဲ့ရှင် ကျွန်မပြေးနေတုန်းလမ်းမှာပဲ လူတွေသုံးယောက်လောက် ကျွန်မနေတဲ့အဆောင်ပေါကပြေးဆင်းလာတာတွေ့ရတယ် အဲဒီနောက်တော့
“ဝုန်း” ဆိုမီးတောက်မီးလျှံတွေက ကျွန်မနေတဲ့အဆောင် နဲ့ ဟိုဘက်ကကျွန်မ အဖော်တွေနေတဲ့အဆောင်ကြီးတွေပေါကနေ တလိပ်လိပ်နဲ့တက်လာတော့တယ်။ကျွန်မလေမီးလျှံတွေကြားက ကျွန်မကလေးတွေရှိတဲ့နေရာက်ို ကြိုးစားပြီးသွားပါသေးတယ် ူဒါပေမဲ့ရှင် ကျွန်မခန္ဓာကိုယ်လေး နဲ့ဒီမီးလျှံကြီးကိုဘယ်လိုကျော်လွှားရမလဲရှင် …….။ကျွန်မတင်မဟုတ်ပါဘူူး ကလေးတွေဖခင် ကျွန်မယောက်ျားပါကြိုးစားပေမဲ့လည်း ကျွန်မတို့ကတိရိစာ္ဆန်တွေလေ လူတွေပြုလုပ်ထားတဲ့အတားအဆီးကိုဘယ်လို ကျော်လွှားရမလဲ ကျွန်မလေ ကျွန်မရဲ့ပါးစပ်နဲ့ကိုက်ပြီး ဝင်လို့ရရင် ကျွန်မရဲ့ပါးစပ်က အသံမထွက်နိုင်ဘဲစုတ်ပြတ်သွားအောင်ကိုက် ပစ်လိုက်မှာသိလား။ရှင်တို့ကတော့တွေးမှာပေါ့ မိခင်မေတ္တာမှန်ရင်မီးထဲလဲတိုးနိုင်ရမှာပေါ့လို့လေ။ဘယ်နေမလဲကျွန်မကြိုးစားတာပေါ့ ကျွန်မရဲ့ယောက်ျားကဆွဲထားတယ်လေ။ရှင်တို့လူတွေမှာမှမိဘ မေတ္တာဆိုတာရှိတာမဟုတ်ပါဘူး ။ရှင်တို့လောက်အသိဉာဏ်မရှိတာကိုဝန်ခံပါတယ် ဒါပေမယ့်ကျွန်မတို့တိရိစာ္ဆန်တွေလည်းခံစားတတ်ကြပါတယ်ရှင်။
ကျွန်မစဉ်းစားတာကဘာလို့ဒီအဆောင်ကြီးကို မီးရှို့ရတာလဲဆိုတာကိုပါ။စောစောကတွေ့လိုက်ရတဲ့ဟိုလူသုံးယောက်ကလည်းဒီထဲကမဟုတ်ဘူးဆိုတာတော့ကျွန်မသိပါတယ်။ဪကျွန်မသတိရပြီ ဟိုတစ်ခေါက်ကတိုက်ပွဲတွေဆိုတဲ့ဟာကြောင့် ဒီလိုတွေဖြစ်တာထင်ပါရဲ့နော်။
မနက်လင်းပါပြီကျွန်မလဲတစ်ညလုံးမအိပ်နိုင်ပဲ မီးလောင်နေတဲ့အဆောင်တွေကိုသာ ကျွန်မအဖော်တွေနဲ့အတူ ရင်ကွဲစွာနဲ့ကြည့်နေခဲ့တာ မနက်လင်းတော့ တော့ပြာပုံကြီးပေါ့နော်။ဪ….စစ်တဲ့အဲဒီစစ်ဆိုတာကြီးကြောင့် ကျွန်မရဲ့ကလေးတွေသေဆုံးခဲ့ရပြီ ။ကျွန်မလည်းရင်ကွဲပက်လက်ဖြစ်ခဲ့ရပြီ။ဒီစစ်ဆိုတာကြီးကြောင့် လူသားမိခင်တွေ လည်း ဘယ်နှစ်ယောက်လောက် ကျွန်မလိုခံစားခဲ့ရပြီးပြီလဲ။ကျွန်မကတော့ဆုတောင်းနေပါတယ် မိခင်တွေအားလုံး ကျွန်မလို အဖြစ်မျိုးနဲ့ဝေးနိုင်ကြပါစေလို့လေ။
ဪ …….ဆင်ကျီစားရာဆိတ်မခံသာတဲ့ စစ်ဆိုတာကြီးကကျီစားခဲ့တာဟုတ်မဟုတ်မသိပေမယ့် ကျွန်မကတော့စစ်ကျီစားရာကြွက်မခံသာဖြစ်ခဲ့ရပြီလေ။ဪသူတို့စစ်က လူအချင်းချင်းမနိုင်ရင်အပြစ်မဲ့တဲ့သူတွေနေတဲ့နေရာကိုမီးလောင်တိုက်သွင်းသတဲ့လား……….။
မှတ်ချက်။။ ။။တစုံတစ်ခုကိုမှရည်ရွယ်ရေးသားခြင်းမဟုတ်ပါ ရသခံစားမှုသက်သက်သာဖြစ်ပါကြောင်း ။
ိ
8 comments
kyeemite
September 26, 2012 at 11:51 am
ခုတလော ကချင်ပြည်နယ်ဘက်မှာ
တိုက်ပွဲတွေဖြစ်လို့ ကြားထဲက ပြည်သူလူထုတွေ
သေသူသေ ပြေးသူပြေးနဲ့ စီးပွားလည်းကောင်းကောင်းမရှာနိုင်
ကျောင်းလည်းဖြောင့်ဖြောင့်မတက်နိုင် ဖြစ်နေကြရတယ်…
အဲဒါကိုဆိုလိုတာထင်ပါရဲ့…
စိန်ဗိုက်ဗိုက်
September 26, 2012 at 12:04 pm
စစ်တိုက်တဲ့အထဲ မဆိုင်တာ မီးရှို ့မောင်းထုတ်တာတော့ တာဝါတိုင်မိုင်းခွဲတာတွေ သဘာဝမကျဘူးထင်ပါတယ်
လူကြီးတွေကတော့ ခဏခဏတွေ ့ ခဏခဏ ညှိပြီး ငြိမ်းချမ်းရေး.ရေး.နေကြတာပဲ
အောက်မှာလဲ ပစ်နေခတ်နေတာပဲ
အဲတာ ဘိုလုပ်ကြမတုန်း..
စစ်ကျီစားလို ့ ကိုတွေးလေးတို ့အပြင် ကြွက်မိသားစုပါ မခံသာဘူးဆိုတာ သိတော့ သိကြမှာပါလေ..
အားပေးသွားပါတယ်
မောင်ပေ
September 26, 2012 at 12:52 pm
ဘိုမူး ပေါက်ဖော် – ရှိ
* အခုချက်ချင်း ၊ လက်နက်စခန်းတိုက်မှ ဖန်ဂေါ်လီ ၂၀ဝ ၊ လေးခွ ၂လက် ၊ လေးခွသားရေကြိုး ၂ဝ ပင်နဲ ့အတူ ၊ လမ်းအတွက် ရိက္ခာအဖြစ် အသားတု ၅ထုပ် နဲ ့၊ လယ်ဒီမိတ်ပဲမှုန် ့မန်ကျည်းစေ့ ရောရာကော်ဖီ ၅ ထုပ်ယူခွင့်ပြုတယ် ။
ပြီးရင် ငြိမ်းချမ်းရေးအတွက် ဖားကန် ့ကို 9693 ဖြင့် ချက်ချင်း သွားပါ
ဘိုမူးပေါက်ဖော် – ဂိန်ဂိန်
athwe lay
September 26, 2012 at 1:59 pm
ကျေးဇူးပါဗိုက်ရေ လူကြီးတွေညှိနှိုင်းသလိုဖြစ်လာရင်တော့အကောင်းသားပေါ့ဗျာနော။
athwe lay
September 26, 2012 at 2:05 pm
Comment
မောင်ပေ
September 26, 2012 at 2:51 pm
အခုလို best comment ကို မြင်ရတာ ငါးစားပါမယ်
စိန်ဗိုက်ဗိုက်
September 26, 2012 at 3:00 pm
ရှင်းလင်း ပွင့်လင်းမြင်သာ ရှိလှတဲ့ ကွန်းမန် ့မို ့ပါ..
အဲလေ..မသိလို ့ပါ..အူးလေးရဲ့
ရွှေ ကြည်
September 26, 2012 at 4:28 pm
ကြွက်ဇာတ်ကိုး ဖတ်သွားပါတယ် မရည်ရွယ်ပါဆိုလို့ ရည်ရွယ်ချက်မရှာတော့ဘူးနော်.. 😀
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me