နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ် အပိုင်း(၄)
“ဘုရား ဘုရား ငါသေတော့မလို့ပါလား”
ကိုကျီးဥ ကိုယ့်ကိုကိုယ့် ပြန်တွေးမိရပြီ။အချိန်က ည ၁ဝနာရီကျော်ကျော်မို့မှောင်နှင့်မည်းမည်း။ ကိုကျီးဥ ပြေးနေသည်။ ရှေ့တွင် မည်သူ့ကိုမျှ မမြင်မိ။ ဝန်ထမ်းအချင်းချင်း မည်သူမည်ဝါ သည်းကွဲစွာ မမြင်ရတော့။ ကိုကျီးဥ အလယ်ကုန်းရွာနားကိုအရောက် နောက်သို့ပြန်လှည့်ကြည့်မိသည်။ မီးတောက်တွေ။ မီးတောက်တွေ။ ဘုရား ဘုရား နောက်တစ်ကြိမ် ဘုရားတမိရပြန်ပြီ။ ကိုကျီးဥ ခြေလှမ်းတွေ မမြင်မကန်းနှင့် မမုံရွာသို့ ဦးတည်နေသည်။ ကိုကျီးဥ တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသလား။ စိတ်ထဲတွင် ဖြစ်ပျက်သွားသော အခြေအနေကို မယုံနိုင်အောင်ဖြစ်နေရသည်။ ဘယ်ကိုသွားရမလဲ။ ဘယ်သူ့ကို ဆက်သွယ်ရမလဲ။ ခေါင်းထဲတွင် တစ်ခုမှ စဉ်းစားမရ။ ကုမ္ပဏီရုံးချုပ်ကို အကြောင်းကြားဖို့ ဖုန်းဆက်ဖို့ ကိုကျီးဥဆီတွင် ချူးတစ်ပြားမှ ပါမလာ။ အကယ်၍ ဆက်၍ရသည်ပဲထား။ သူတို့လာရဲပါ့မလား။ ခြေလှမ်းတွေ သွက်လက်နေသည်။ ရှေ့တွင် မမုံရွာကိုမြင်နေရပြီ။ တစ်ရွာလုံးကလူတွေ စုစုနှင့် ကိုကျီးဥတို့ ကုမ္ပဏီ အကြောင်းပြောနေကြသည်။ ကိုကျီးဥ ခေါင်းထဲတွင် အတွေးတစ်ချက်ဝင်လာသည်။ ဖားပြင်ရွာတွင် အသိတစ်ယောက်တော့ရှိသည်။ ဒီနေ့ညတော့ တစ်ညသာ တည်းခိုခွင့်တောင်းရမည်။ မနက်ဖြန် မနက်မှ ကြုံရာ ကယ်ရီတစ်စီးဖြင့် ရုံးချုပ်ကိုသွားရမည်။ ကိုကျီးဥနှင့် အတူ ကျန်ရစ်ခဲ့သော အခြား ဝန်ထမ်းတွေ ဘယ်ရောက်ကုန်ပြီလဲ။ တစ်နေရာရာမှာတော့ ရှိနေလိမ့်မည်ဟုတွေးမိသည်။ ကိုကျီးဥ တွေးတွေးတောတောဖြင့် ဖားပြင်ရွာကိုရောက်လာသည်။ ကိုကျီးဥ၏ မိတ်ဆွေဖြစ်သူကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးတွေ့ရသဖြင့် ပြောမပြတတ်အောင် ဝမ်းသာရသည်။
“ဟာ ကျီးဥ ဘယ်လိုဖြစ်လာတာလဲ ငါလည်း ခုပဲ မင်းတို့ ကုမ္ပဏီအကြောင်းကြားတယ် ”
“ငါ့ကို ရေအရင်ပေးပါလား ခင်မောင် နောက်မှ ပြောပြမယ်”
“အေးအေး…ခဏ”
ခင်မောင်က ရေတစ်ခွက်ယူလာပေးသည်။ ကိုကျီးဥ ရေတစ်ခွက်ကို တစ်ခါတည်း မော့သောက်ပစ်လိုက်သည်။ အတော်လေးကို မောနေမှန်း ခုမှ သိရသည်။ ကိုကျီးဥ သူ့ခြေထောက်ကို ငုံ့ကြည့်တော့ ကျောက်ခဲခြစ်ရာတွေနှင့် သွေးချင်းချင်းနီနေလေပြီ။
“ပြောပါဦ ကျီးဥ ဘယ်လို ဖြစ်တာလဲ”
“ငါလည်း မသိဘူး ခင်မောင်။ ငါ အိပ်ပျော်နေတာ။ ငါ့ကို ဓါတ်ဆီလောင်ခံရမှ လန့်နိုးလာတာ။ ကျန်တဲ့ သူတွေ ဘယ်ရောက်နေလဲ ငါလည်း မသိဘူး။ ငါတစ်ယောက်တည်း ကွဲထွက်လာတာ။ ကျန်တာတော့ ငါလည်း မသိဘူး။ ဒီလိုလုပ်ကွာ ဒုက္ခသယ်တွေ စုနေတာ မမုံဘုန်းကြီးကျောင်းလို့ပြောတယ်။ မင်းတစ်ခု ကူညီကွာ။ ခု သွားမေးကြည့် …………………ကုမ္ပဏီက ဝန်ထမ်းတွေ ရောက်နေလားလို့။ တကယ်လို့ရောက်နေရင် ငါ မင်းဆီမှာရှိတဲ့အကြောင်း။ ပြီးတော့ မနက်ဖြန် ရုံးချုပ်ကိုသွားရင် ဖားပြင် မင်းအိမ်ကို ဝင်ခေါ်ပေးဖို့အကြောင်းပါပြောခဲ့ပေးကွာ။ ငါတော့ မလိုက်နိုင်တော့ဘူး။”
“အေးပါကွာ ကြာတယ်ကွာ ငါအခုပဲသွားလိုက်မယ်။ မင်းနားလိုက်ဦး ဪ ထမင်းရော စားခဲ့ပြီးပြီလား။ မိန်းမရေ ကျီးဥကို ထမင်းပြင်ပေးလိုက်ပါဦး။ ငါ မမုံဘုန်းကြီးကျောင်းဘက် ခဏသွားမလို့”
ခင်မောင်ထွက်သွားသော ခင်မောင့်မိန်းမက ကိုကျီးဥကို ထမင်းပြင်ကျွေးသည်။ ကိုကျီးဥတစ်သက်သာ အဖို့ ထိုနေ့ညက ထမင်းတစ်နပ်သည် မည်သို့မည်ပုံကောင်း၍ ဘယ်လိုဘယ်နည်း ဗိုက်ထဲရောက်မှန်းတောင် မသိလိုက်ပါချေ။
“တော်သေးတာပေါ့ ကိုကျီးဥရယ် ဒီမှာ ကိုကျီးဥအတွက် အားလုံးကစိတ်မကောင်းဖြစ်နေကြတာ”
“ဟုတ်တယ် ဟုတ်တယ် ကံသီပေလို့ ကိုကျီးဥရယ်”
“ကြည့်ပါဦး ဓါတ်ဆီနံ့တွေ မွန်ထူနေတာပဲ ကိုကျီးဥအတွက် အဝတ်အစားတွေ ပြင်ပေးပါဟ”
“မရှိတဲ့သူကို ရှိတဲ့သူတွေ ဝေငှလိုက်ကြပါဦး ”
“ဒါပေါ့ ဘဝတူတွေပဲ ”
ကိုကျီးဥပြောပြသော မနေ့ညကအကြောင်းသည် သူ့အတွက် ရင်မောစရာသာမက ရင်လေးစရာအဖြစ်သို့ရောက်နေရပြီ။ သူတို့ ဘာဆက်လုပ်မလဲ။ ဒီအတိုင်းဆိုလျှင် ဖားကန့်ကနေ ပြန်ရတော့မည်။ သူ့လက်ထဲတွင် ချူးတစ်ပြားမှမရှိ။ လက်ရှိပြန်ရလျှင် အလုပ်လက်မဲ့။ ဘယ်နှစ်လလောက် အလုပ်လက်မဲ့ဖြစ်နေမလဲ။ အလုပ်က ချက်ချင်းမရနိုင်။ သူ့သူငယ်ချင်းတွေဆီ ဆက်သွယ်ကာ အကူအညီတောင်းရလျှင်ရော။ ဒီနေ့တစ်နေ့လုံးလိုလို အဝေးရောက်သူငယ်ချင်းတွေအပြင် နယ်ရှိ သူငယ်ချင်းများက ဖုန်းတွေ အခါခါ ဆက်လာကြသည်။ သတင်းတွေမေးကြသည်။ သူလည်း ဖြေရသည်ပင် မောလို့ မောမှန်းမသိ။
“ကိုသော် ဘာကူညီရမလဲ ပြော ။ ပြန်လာခဲ့တော့နော် ။ ငွေလိုရင်ပြော လွှဲပေးလိုက်မယ်”ဆိုတာက တစ်မျိုး။
“ဟေ့ကောင် ငသော်ပြန်လာခဲ့တော့လေ။ ဘာလုပ်နေတာလဲ။ ဘာလိုလဲပြော။ မင်းလိုအပ်တာ ကူညီမယ်။ ဖုန်းကဒ်မရှိရင်ပြော။ ငါ Messageနဲ့ နံပါတ်ရိုက်ပြီးပို့ပေးမယ်”ဆိုတဲ့ သူကဆို။
“သားရေ ပြန်ခဲ့တော့ကွယ်။ အမေ စိတ်ပူတယ်။ ဘာတွေဖြစ်သေးလည်းသား။ ပစ္စည်းတွေ ပါသွားတယ်ကြားတယ်။ လူဘာမှ မဖြစ်ရင်တော်ပါပြီ။ ပစ္စည်းက ပြန်ရှာလို့ရပါတယ်။ မသေကောင်းမပျောက်ကောင်း။ ပြန်ခဲ့တော့ အမေ ပိုက်ဆံလွှဲလိုက်မယ်။”ဆိုပြီး အိမ်ကပင် ပြန်ခေါ်နေချေပြီ။ သူတွေဝေနေသည်။ ခုလည်း ဖားကန့် မိုးကောင်း လမ်းကြောအခြေအနေတွေကို ကြားရသည်က သိပ်မကောင်း။
လမ်းတွင် စစ်ဆေးမှုတွေ များသည်အကြောင်း။ ကျောက်သယ်လာလျှင် ကျောက်ရော လူပါ သိမ်းထားသည့်အကြောင်း။ စစ်ဆေးရေးဂိတ် ကိုးခုတိတိရှိကြောင်း။ ယောကျာ်းသားတွေကို ဆွဲထားသည့်အကြောင်း။ ကြားရသည့် သတင်းများသည် ကောလဟလတွေလား။ အမှန်အကန်တွေလား။ သူ မနက်ဖြန်တွင် သူငယ်ချင်းဖြစ်သူ မိုးနိုင်ကိုတွေ့ရမည်။ ဒီကောင် ဘာလုပ်နေသလဲ။ ဒီကောင်က နှံ့နှံ့ဆန့်ဆန့်ရှိသဖြင့် သတင်းစုံကြားရနိုင်သည်။
ထိုစဉ်တွင် ကြည်သန့် ပြန်ရောက်လာသဖြင့် လူတွေ စုပြုံသွားကြပြန်သည်။ သူလည်း ဘုမသိ ဘမသိနှင့်ရောရောင်ကာ လူစုရာ အုပ်စုထဲသို့ ဝင်လိုက်မိသည်။
“ကျွန်တော် ကုမ္ပဏီအထဲထိရောက်ခဲ့တယ်”
“ဟေ”
“ဟုတ်လား ပြောပါဦး ပြောင်ကုန်ပြီလား။ ဘာတွေလောင်သွားလဲ”
“အကုန်တော့ မလောင်ဘူး”
“ဟာ ဟုတ်လား”
“ကြည်သန့်ရာ စကားကိုတစ်လုံးချင်းပြောနေတော့တာပဲ။ မြန်မြန်ပြောကွာ။ တစ်ခွန်းမေး တစ်ခွန်းဖြေလုပ်မနေနဲ့”
“ကြီးကြပ်အဆောင်တစ်ဆောင်ရယ်၊ ကိုသန့်ဇင်တို့အဆောင်ရယ်၊ အမဲဆီထိုးစက်ပြင်အဆောင်ရယ် လောင်သွားတယ်။ ကျန်တာ မီးမကူးနဲ့တူတယ်။ ”
“တော်သေးတာပေါ့ကွာ။ မျှော်လင့်ချက်ရှိသေးတာပေါ့။ ကိုသော် မင်းတို့ပစ္စည်းတွေ မျှော်လင့်ချက်ရှိသေးတယ်ကွ။”
ကိုမင်းက သူ့ကိုလှမ်းပြောနေသည်။ သူ မျက်လုံးတွေ အရောင်တွေ တောက်နေမည်မှ သေချာသည်။မီးမလောင်သေးဘူးတဲ့။ သူ နည်းနည်းတော့ ဝမ်းသာမိသည်။ အပြည့်အဝတော့ မဟုတ်ချေ။
“BM 6×6ကတော့ မီးလောင်သွားတယ်။ နောက် Air Men ဖောက်စက်လည်းလောင်တယ်။ ပြင်နေတဲ့ ဖိုးဝှီရယ် ဆိုင်ကယ်နှစ်စီး၊ တွင်ခုံနှစ်ခုံ၊ ဘတ်ဟိုး အင်ဂျင် သုံးလုံး၊ Volvo No.6 တစ်စီး လည်းလောင်သွားတယ်။ ကျွန်တော် မရဲတရဲနဲ့ ဖုန်းနဲ့ဓါတ်ပုံရိုက်လာသေးတယ်။”
“ဟုတ်လား ကြည့်ရအောင်”
ကြည်သန့်က ဖုန်းထဲမှ ဓါတ်ပုံများကိုပြနေချိန်တွင် သူ့ထက်ငါ အလုအယက်တောင်းကြည့်ကြသည်။သူကတော့ အေးအေးဆေးဆေးမှ ကြည့်မည် ဟုတေးထားလျှက် ပြန်လည်ရှင်သန်လာသော မျှော်လင့်ချက်ကလေးဖြင့် ထို့နေသည် ပြီးပြည့်စုံသွားခဲ့တော့သည်။ သို့သော် တာဝန်ခံပြောလာသော စကားတစ်ခွန်းကြောင့် သူ့မျှော်လင့်ချက်ကလေးတောင် ယှိုင်တိုင်တိုင်ဖြစ်သွားရပြန်သည်။
“ဝန်ထမ်းတွေတစ်ယောက်မှ ကုမ္ပဏီကို အထက်လူကြီးမသိပဲ မသွားပါနဲ့။ ခုလောလောဆယ် ဘယ်သူမှ ဝင်လို့ရဦးမှာမဟုတ်ဘူး။ တကယ်လို့ မသိပဲ သွားခဲ့ရင် ဖြစ်လာတဲ့ ကိစ္စ ကုမ္ပဏီက ဖြေရှင်းပေးမှာမဟုတ်ဘူး။ တာဝန်မယူနိုင်ဘူး။ ဟုတ်ပြီလား”
မှတ်ချက်။………။ ဓါတ်ပုံကို မောင်ကျောက်ခဲ(မြန်မာပြည်) ဘလော့ဂ်မှာ ကူးယူဖော်ပြပါသည်။
ဆက်ပါမည်။
သော်ဇင်(လွိုင်ကော်)
18-Sept-2012
6:54PM
8 comments
Crystalline
September 18, 2012 at 6:59 pm
ကိုသော်ဇင်က သူငယ်ချင်းကောင်းတွေရှိတာပဲ. ကံကောင်းတာပေါ့. မီးရှို ့တဲ့သူကလည်း လူကိုဘာမှ ဒုတ်ခ မပေးဘူးဆိုတော့ သူတို့ရဲ ့စိတ်ရင်းလေးကတော့ဒီလောက်အဆီုးကြီးဟုတ်မယ်မထင်ပါဘူး. အထက်က အမိန့်ကြောင့်သာလုပ်ရတာထင်ပါတယ.်
ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု
September 18, 2012 at 9:56 pm
နှစ်ဖက်ပဏာမရကြရင် မီးရှို့တာတွေကတော့ စိတ်ပျက်စရာဘဲ
ဘယ်ဖက်ကဘာ့ကြောင့်ရှို့တယ်ဆိုတာလေး ထည့်ရေးပေးပါလား
ကရင်ပြည်နယ်ဖက်မှတော့ အများအားဖြင့် စစ်တပ်က သဘုံရွာဆိုပြီးမီးရှို့လေ့ရှိတယ်
တစ်ခါတစ်လေ သဘုံရိက္ခာဆိုပြီး တောင်ယာတွေ စပါးမှည့်နေပြီးရှို့ပစ်တာ
အားလုံးငတ်တာဘဲ
တိုက်ပွဲဖြစ်ရင် ကြောက်စိတ်ကြီးရှိလို့ကတော့ ကိုးရိုးကားယားဖြစ်တတ်တယ်
အတွေ့အကြုံနဲ့လည်းဆိုင်သပေါ့
အချို့တွေဆို ခြေတွေလက်တွေတုန်တယ် အချို့ဆို အသံတွေတုံတယ်
တစ်ခါ အဖွားကြီးတစ်ယောက် သေးတွေပါထွက်တာ တွေ့ဘူးတယ်
ဥစ္စာခြောက်တဲ့သူတွေဆို 😀 မျက်နှာလေးဇီးရွက်လောက်ဘဲကျန်တယ်
တစ်ခါတစ်လေကြတော့ အထူးသဖြင့် တိတ်ဆိတ်တဲ့အချိန်တွေမှာ
ခပ်လှန်းလှန်းမှာ တိုက်ပွဲဖြစ်နေတာကို ဥစ္စာတွေ ကြောက်စိတ်တွေဘေးဖယ်ထားပြီး
ဇိမ်ကလေးနဲ့နားထောင်ကြည့် အင်မတန်နားထောင်လို့ကောင်းတာ နောက်တာမဟုတ်ဘူး အတည်
တောက်တောက်တောက်တောက် တက် ဂျိမ်းးးးး ဆိုပြီး အတွဲလိုက်ပြစ်လိုက်
ငြိမ်သွားလိုက် နဲ့ နားထောင်လို့ အင်မတန် ဇိမ်ရှိတာ
တစ်ကယ်တော့ ကိုယ်ကကြောက်နေလို့ပါ
သူတို့ဖာသာ ပစ်နေတာ ကိုယ်ဖာသာ ကာဘာတစ်ခုမှာ အပီမှိန်းပြီးနားထောင်ကြည့်
ဘာနဲ့မှမတူတဲ့ တေးဂီတတစ်ခုဘဲ
ပြောရအုန်းမယ် ကျုပ်ငယ်ငယ်တုန်းက 😀
ကြာအင်းဆိပ်ကြီးဖက်မှာ သူငယ်ချင်းတစ်ယောက်နေတဲ့ရွာသွားလယ်တာ
သူတို့တောင်ယာထဲ ဒူးရင်းသီကြွေတဲ့အချိန် ဒီကောင်ကလည်းနည်းနည်းလန်းတယ်
တစ်ညပေါ့ ညရှစ်နာရီလောက်ရှိမယ် လက်ဝါးလောက်ရှိတဲ့ ကက်ဆက်ကလေးကို
ဓာတ်ခဲနဲ့ နားထောင်နေကြတာ ကြာနီကန်ဆရာတော်ရဲ့ ငိုပြီးမှရီကြပါစို့ ဆိုတဲ့ ခွေ
နားထောင်နေတန်းလန်းကြီး ဘုံးဘန်းဘုံးဘန်းဆိုပြီးပြစ်ကြပါလေရော ဟိုဖက်ကုန်းမှာပစ်ကြတာ
မီးကျည်တွေတောင်တွေ့ရတယ် ဘာသေနတ်လည်းတော့သိဘူး
ဒီလိုနဲ့ မီးတွေမှုတ်ပြီး သစ်ပင်အောက်က ချိုင့်ထဲမှာ သွားဝပ်နေကြတာပေါ့
ဝပ်နေတယ်ဆိုတာထက် ဆင်းသွားကတည်းက ဝက်လာဖျာ တစ်ချပ်ပါအပြီးဆွဲဆင်းသွားတဲ့အတွက်
ချိုင့်ထဲရောက်တော့ ဖျာခင်းပြီး အိပ်နေကြတာပေါ့
အဲ့သည်တိုက်ပွဲက တော်တော်ပစ်ကြတယ် သုံးနာရီလောက်ကြာတယ်
ကျုပ်ကြုံဖူးတာက နာရီဝက်လောက်ဖြစ်တဲ့ တိုက်ပွဲသံဘဲကြားဘူးတာ
ပြောခြင်တာက ညဖက်လဲဖြစ် နေတာကလည်းတောထဲမှာ တိတ်ဆိတ်နေတော့
တော်တော်နားထောင်လို့ကောင်းတယ်လို့ပြောခြင်တာ
ဒါကတော့ အကောင်းဖက်ကနေတတ်ဘို့ ပြောကြည့်တာ
အတည်ပြောခြင်တာကတော့
အဲ့သည်ဒေသစစ်ပွဲဟာ ဘာ့ကြောင့်ဖြစ်နေရသလဲ
တစ်ခါတောင် ဗိုလ်မှူးကြောင်ကြီးရဲ့ ပိုစ့်တစ်ခုထဲမှာ ငြိမ်းချမ်းရေးလဲလုပ်နေတယ်
တိုက်ပွဲလဲဖြစ်နေတယ်ဆိုတဲ့ အကြောင်းလေးဖတ်လိုက်ရသလားဘဲ
ဆယ့်တစ်မီဒီယာမှာလည်း ဖတ်လိုက်ရတယ် အဲ့သည်ဒေသတိုက်ပွဲမှာ ကျောင်းသူလေးတစ်ယောက်
ထိခိုက်သွားတယ်တဲ့ စစ်တပ်က မှားပြစ်လိုက်တယ်ဆိုလား ( သေခြာတော့သိပါဘူး )
ဟုတ်မယ့်ပုံတော့ပေါ်တယ် စစ်တပ်ကိုယ်တိုင်က ကလေးရဲ့ ဖခင်ကို လာပြီး အသိပေးတယ်ဆိုတာလေးနဲ့
ချိန်ဆတွေးကြည့်တာပါ
လူတွေကတော့ ဝေဖန်ကြတာဘဲ သူ့ကြောင့်ငါ့ကြောင့်
ကျုပ်အထင်ကတော့ ( ကျုပ်အထင် ) နှစ်ဖက်စလုံးရဲ့ စစ်သားတွေကိုယ်တိုင်ကိုက
မဲမဲမြင်ရင် ပစ်တာဘဲ သင်ကြားထားရတယ် လို့တော့ ထင်တာဘဲ
ပြောစရာတွေကတော့ အများကြီးပေါ့ဗျာ
ရွာစားကျော်
September 18, 2012 at 10:34 pm
မသေကောင်းမပျောက်ကောင်း စစ်ဘေးက လွတ်လာတာ ကံကြီးပေလို့ပေါ့ဗျာ..
နောက်ထပ် ဖြစ်ရပ်မှန် အပိုင်းလေးတွေ အားပေးပါအုံးမယ်..
အရီးခင်လတ်
September 19, 2012 at 4:05 am
သတင်းတစ်ခု ထဲမှာ ဖားကန့်က ကိုးတန်းကျောင်းသူလေး သေနတ်မှန် ဆုံးသွားသတဲ့။
တိုင်းပြည်ရဲ့ အနာဂါတ်အားထားရမဲ့ လူငယ်လေးတွေ နည်းမျိုးစုံ နဲ့ ကြွေ နေတာပါဘဲ။
အခုဘဲ ဘီဘီစီ မှာ သတင်းတပုဒ်
ဂျပန် နဲ့ တရုတ် သူပိုင် ငါပိုင် အငြင်းပွါး နေတဲ့ ကျွန်း ကို ဂျပန်က ဝယ်မယ် ပြောပြီး နောက်ပိုင်းမှာ တရုတ် တွေက မကျေမနပ် ဖြစ်ပြီး တရုတ်က ဂျပန် စက်ရုံ/ကုမ္ပဏီ တွေ ကို ဝင်ဖျက်စီး လို့ အဲဒီရဲ့ အစုရှယ်တွေ ဈေးကျကုန်သတဲ့။
မပိုင် တဲ့ မြေ ကို အပိုင်လုပ်ပြီး အမုန်းတရားတွေ နဲ့ ငြိမ်းချမ်းရေးကို ထိပါးလာပြန်ပြီ။
အဲဒီကနေ ဖြစ်လာမဲ့ အကျိုးဆက် တွေက ကောင်းကျိုး တော့ရမှာမဟုတ်ဘူး။
ကမ္ဘာမှာ အတ္တတွေ ကို သတ်ဖို့ ထက် ပိုပွါးအောင် လုပ်နေ ကိုင်နေကြသလားဘဲ။
အရီးခင်လတ်
September 19, 2012 at 4:16 am
John Lennon – Imagine
Imagine there’s no heaven
It’s easy if you try
No hell below us
Above us only sky
Imagine all the people living for today
Imagine there’s no countries
It isn’t hard to do
Nothing to kill or die for
And no religion too
Imagine all the people living life in peace
You, you may say
I’m a dreamer, but I’m not the only one
I hope some day you’ll join us
And the world will be as one
Imagine no possesions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world
You may say I’m a dreamer
But I’m not the only one
I hope some day you’ll join us
And the world will live as one
http://www.youtube.com/watch?v=RwUGSYDKUxU
အဲဒီ သီချင်း အရမ်းကြိုက်တယ်။
ဘာရယ် မဟုတ်ဘူး။
သူ့လိုဘဲ တွေးမိတယ်။
ငါ့လူမျိုး၊ ငါ့တိုင်းပြည်၊ ငါ့ဘာသာ၊ ငါ့ရေ၊ ငါ့မြေ
ဒီ ငါစွဲ တွေ ကြားမှာ အပြစ်မဲ့သူတွေ သေကြေ နေရတာ၊မတရားခံ နေကြရတာ။
နိုင်ငံမရှိ၊ ဘာသာမရှိ၊ လူမျိုးမရှိ
ဒါပေမဲ့ ငြိမ်းချမ်းရေးရှိမယ် ဆိုရင် ဘာကို ရွေးကြမလဲ။
ကျွန်မလဲ သူ့လို dreamer ဖြစ်နေပါတယ်။
MaMa
September 19, 2012 at 8:55 am
နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ထက် အဘဖောပြောတဲ့စကားလိုပဲ လူသားမျိုးချစ်စိတ်လေး ထားစေချင်ပါတယ်။ 🙂
pooch
September 19, 2012 at 4:51 pm
သူကြီးဖြုတ်ပေးနေတာ အဲ့ဒီအစွဲတွေလို့ ထင်တာပဲ။
အစွဲကြောင့်ဖြစ်သော စစ်ပွဲများမို့ အစွဲတွေကို ချွတ်မှပဲ ကျွတ်နိုင်တော့မယ် ထင်ရဲ့။
တရုတ်တွေ ဆန္ဒပြနေတဲ့ ပုံက အတော်လေးကို ပြင်းထန်ပေါက်ကွဲနေတဲ့ပုံ ပေါက်တယ်။ စစ်ဖြစ်ဖို့ရာ ဦးတည်မလာပါစေနဲ့ ဆုတောင်းတယ်။
ိ
ဖားကန့်ဖက်တော့ ၈၈ မျိုးဆက်တွေ ရောက်နေလို့ သေနတ်သံတွေ နှစ်ဖက်လုံး တိတ်နေတယ်ပြောတယ်။ ရာသက်ပန်တိတ်နိုင်ပါစေလိုု့..
Mon Kit
September 19, 2012 at 9:06 am
ကိုသော်ဇင်ရယ်… တကယ်ကို သဲထိတ်ရင်ဖို ဘဲနော်…
လူသားအားလုံး ဘေးရန် အန်ဒရယ် ကင်းဝေးကြပါစေလို့…