Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

KFC စားသုံးသူ

စဆရ ႀကီးSeptember 19, 20121min188051

နီကြောင်ကြောင်ပြုစ ဆံပင်တစ်ချက်ကို သပ်တင်လိုက်သည်။ အတော်လေးပင်ရှည်နေပေပြီ။ ပုခုံးကျော်လာကတည်းက ညှပ်သင့်နေမှန်းသိပေမယ့် Rocker ကြီးတွေအလား အရှည်ထားရခြင်းကို နှစ်သက်မြတ်နိုးခြင်းကြောင့် အရှည်ထားရင်း ဆေးမဆိုးရပဲ ခေါင်းလိမ်းဆီကင်းဝေးတာကြာနေသည့် ဆံပင်များမှာ အနီရောင်ဘက်သို့ အတော်လေးလုနေပြီဖြစ်သည်။ အနားဖွာနေသည့် ဘောင်းဘီစများကိုခေါက်တင်လိုက်သည့်အခါတွင် အိပ်ကပ်တွင်းမှ ဆေးလိပ်ဗူးနှင့်ရင်ဘတ် ထိမိတော့မှ သတိရလေသည်။ ခံတွင်းချဉ်လာသောကြောင့်ဖြစ်သည်။ ဘေးဘီဝဲယာကြည့်လိုက်ရင်းနှင့် ဆေးလိပ်ဗူးကို ကပျာကယာထုတ်လိုက်ပြီး လက်ကျန် နှစ်လိပ်ထဲမှ တစ်ဝက်ခန့်မီးငြှိမ်းသတ်ထားသော ဆေးလိပ်တစ်ပိုင်းကိုထုတ်ပြီး မီးညှိလိုက်သည့်နောက် ချဉ်နေသောခံတွင်းမှာ အတော်လေး နေသာထိုင်သာ ရှိသွားလေ၏။ ဆင့်ကာပူရ ရဲများမမြင်ခင် အိပ်ကပ်ထဲ အမြန်ထိုးထည့်လိုက်ရသည်။ လိုင်စင်မရှိသော ၄ ကျပ်တန် Texas 5 ဆေးလိပ်သောက်ရသူအဖို့ စားသတိ၊ သွားသတိအပြင် သောက်သတိပါထားရသည်။ Seven Eleven ကဲ့သို့သောဆိုင်များတွင်ဝယ်လျင် ၁၁ ကျပ်မျှ ပေးရလေသည်။ ထို့ကြောင့် တောထဲမှ မြို့ထဲသို့လာရန်ရှိသော ကိုရင်ရှုံးမှာ သင်္ဘောကျင်းမှပင် အရန်သင့်ဆောင်လာရလေသည်။ သူငယ်ချင်းများကတော့ ဆေးလိပ်ဗူးလိုက် တွေ့သဖြင့် မဟာ့ မဟာ သူဌေးကြီးအလားထင်ကြလေသည်။ အမှန်တော့ ၃ လိပ် ၁ကျပ်ပေးပြီး ဗူးခွံတောင်းခဲ့ခြင်းဖြစ်သည်ကို ဘယ်သူမှမသိကြပေ။ ရှိစေတော့… အထင်ကြီးခံရလဲ မနည်းပေ။

********************************************************************************

ကိုရင်ရှူံးမြို့ထဲသို့ တော်ရုံနှင့်မရောက်ဖြစ်ပေ။ နေရသည်မှာ ဆင့်ကာပူရလူများဆိုလျင် လင်ချူးကန်ဆိုလျင် သင်္ချိုင်းကုန်းဟုသာ သိထားကြသည့် ထိုနေရာမှအလွန် တောထဲတွင် နေရသူဖြစ်သည့်အားလျော်စွာ မြို့လည်ကောင်သို့ သွားရမည်ကို ရှက်ကြောက်ခြင်းဖြစ်တော့သည်။ ဝရိန်ဆော်၊ ဂတ်စ်ဖြတ်၊ ပိုးဟပ်များကိုက်ထားခြင်းခံရသည့်အတွက် အသားအရေများမှာလည်း ကြမ်းတမ်းရင့်ထော်နေသည့်အပြင် ပိုးဟပ်ကိုက်ရာ အမာအမာရွတ်များမှာ လက်မောင်းအပြည့်၊ ဝရိန်ဆော်ထားရာမှ အပူလောင်ပြီး အရေပြားများကွာနေသည့် လည်ပင်းမှာ ခရုသင်းအလားဖြစ်နေသဖြင့် လူတောမတိုးရဲပေ။

ယနေ့တွင်မတော့ ကိုရင်ရှူံးတစ်ယောက် မဖြစ်မနေ သွားရတော့မည်ဖြစ်သည်။ သို့နှင့်ပင်ရောက်လာပါသည်။ ဂျင်းဘောင်းဘီအပေါက်အနားဖွာနှင့်၊ ရှပ်လက်ရှည် အရောင်လွင့်နှင့်၊ အိပ်ကပ်ထဲတွင် ဆင့်ကာပူရ ကော်ပိုက်ဆံ အတော်အသင့်နှင့်၊ ဒီတစ်ခါလောက်များများစားစား အိပ်ကပ်ထဲတွင် မထည့်ခဲ့ဖူးသဖြင့် အတော်လေးလဲ မြောက်ကြွ မြောက်ကြွဖြစ်နေသည်။ စုပေါင်းစပ်ပေါင်း အိပ်ကပ်ထဲတွင် ၅ဝ ခန့်မျှပါလေသည်။ မဖြည့်တာကြာပြီဖြစ်သည့် MRT Card ကို တစ်ဆယ်ဖိုးငွေဖြည့်၊ ရေတစ်ဗူးကို တစ်ကျပ်ခွဲခန့်ပေးပြီးသောက်ပြီးသည့်နောက် ကိုရင်ရှူံးလုပ်ဆောင်စရာရှိသည်များကိုလုပ်ဆောင်ပြီးသည့်နောက် ညလည်းအတော်လေးနက်နေပြီဖြစ်သည်။

ရောက်တုန်းရောက်ခိုက် ဟိုကြည့်ဒီကြည့်နှင့် လျှောက်သွားကြည့်မိသည်။ ယခုလိုဆိုတော့လည်း ဆင့်ကာပူရဆိုသည်မှာ နတ်ဘုံနတ်နန်းအလားပင်၊ သာယာလှပသောပန်းခြံများ၊ သပ်ရပ်ကျယ်ဝန်းသော တိုက်ခန်းများ၊ မြက်ခင်းစိမ်းများကြားမှ ကွန်ကရစ်လျှောက်လမ်းများ၊ အရောင်ပေါင်းစုံသော ကားမျိုးစုံများနှင့် အထူးသဖြင့်တော့ ဖြူဖွေးလှပသော ပေါင်တံများကို မြင်ရလေသည်။ ကိုရင်ရှူံးတစ်ချိန်က မျှော်လင့်ခဲ့သော ဆင့်ကာပူရပါပေ။ အတန်ငယ်မျှ နစ်မျောပျော်ဝင်သွားလေသည်။ လှုပ်ရှားသက်ဝင်နေသည့် ကားရောင်စုံများ၊ ပေါင်တန်ဖြူဖြူလေးများကြားတွင် တစ်ယောက်တည်း ရုပ်ဆိုးအထီးကျန်နေသည်ကို သိလိုက်ရပြီးသည့်နောက် ရှက်ရွံ့ခြင်းဖြစ်လာသည့်အတွက် တစ်နေရာရာသို့ ရှောင်ပုန်းချင်လာတော့သည်။ အနီးအနားသို့ ဝေ့ဝဲကြည့်လိုက်သည်။

MRT Station သို့ဆင်းရန်လှေကားပေါက်ကိုလည်းကောင်း၊ လိုင်းကားစောင့်စီးရန် မှတ်တိုင်ကိုလည်းကောင်း၊ ဆိုင်ခန်းပေါင်းစုံဖွင့်လှစ်ထားသော တိုက်တန်းလျားကိုလည်းကောင်းတွေ့ရပြီးနောက် မှန်ခန်းတစ်ခုကို တွေ့လေသည်။ ထိုဆိုင်တွင်းတွင်မတော့ လူအချို့ ၎င်းတို့၏ ညနေစာများကို မြိန်ရေလျှက်ရေ စားလျက်သား၊ မြင်နေရသည်နှင့် ကိုရင်ရှူံးဝမ်းအတွင်းမှ ပိုးမျိုးရှစ်ဆယ်ကျော်တို့သည် ဆန္ဒပြ စီတန်းလှည့်လည်(မှားလို့) ဒုက္ခပေးတော့သည်။ ပြားချပ်ချပ် အိပ်ကပ်ကို ပြန်စမ်းလိုက်တော့ ခေါင်းကိုမော့ ရင်ကိုကော့လျက်သာဖြစ်သွားတော့သည်။ ၃ဝ ကျော်မျှသော ထိုပလတ်စတတ်ပိုက်ဆံကြီးများမှာ အိပ်ကပ်အပြည့်ပင်။ အခန်းပြန်ရောက်လျင် ကြွားနိုင်ရန်အတွက် ထိုနာမည်ကြီးဆိုင်အတွင်းသို့ ဝတ်စုံအကောင်းစားဖြင့် ဝင်သွားတော့သည်။ ဆိုင်ပေါက်ဝတွင်မတော့ KFC ဟူသောနာမည်ကြီးမှာ ခန့်ခန့်ညားညား။

အခန်းထဲအရောက် အေးစိမ့်သော လေအေးစက်ကြောင့်လည်းကောင်း၊ ဆိုင်တွင်းရှိ စားသုံးသူများ၏ ဝတ်စားဆင်ယင်မှုကြောင့်လည်းကောင်း၊ ကိုယ်တိုင်ဝတ်ဆင်လာသော အဝတ်အစားများကြောင့်လည်းကောင်း၊ နောက်ဆုံးတစ်ချက်အနေနှင့် အရောင်းစာရေးမှ ဝမ်းသာအားရနှုတ်ခွန်းဆက်ကြိုဆိုလိုက်ခြင်းကြောင့်လည်းကောင်း ကိုရင်ရှူံးမှာ ရှက်ရွံ့သိမ်ငယ်ခြင်းများ ဖြစ်မိသည့်အလျောက် ခေါင်းတစ်ခုလုံးထူပူနေလေသည်။ ထိုကဲ့သို့သော Service ရှိသည့်ဆိုင်တွင် ကိုရင်ရှူံးအိတ်ထဲမှ ၃ဝ ကျော်မျှသော ပလပ်စတစ်ပိုက်ဆံမှာ လောက်မှ လောက်ပါလေမည်လား? အပြန် ရထားတစ်ဆင့်၊ ကားတစ်ဆင့်ပြန်ဖို့မှ ကျန်မှ ကျန်ပါ့လေမလား? တစ်ခုမှ မဝယ်နိုင်ပဲ လှည့်ပြန်သွားရလျင် ဘယ်မျက်နှာနဲ့ ပြန်ထွက်ရပါလေမလဲဟု တွေးတောမိပြီး ခေါင်းတစ်ခုလုံး ထူပူနေတော့သည်။

အရောင်းစာရေးမှာ ဥရောပတိုက်သားဖြစ်ဟန်တူသည်။ နီကျင်ဖွာလန်နေသည့် ဆံပင်နှင့်၊ ရှပ်အအကျီင်္အဟောင်းအစုတ်နှင့်၊ ဂျင်းဘောင်းဘီအပြဲဝတ်ဆင်ထားသည့် ကိုရင်ရှူံးကို ချိုသာစွာပြုံးပြီး Menu ရှိ အမျိုးအစားပေါင်းစုံကိုရှင်းပြနေသည်။ ကိုရင်ရှူံးမှာ ပါးစပ်အဟောင်းသားနှင့် သူရှင်းပြနေသည်ကို ကြားတစ်ချက်၊ မကြားတစ်ချက်။

ထိုကဲ့သို့သားနားသော ကိုရင်ရှူံးထံမှ သူဘာမျှော်လင့်နေသည်မသိ၊ အရောင်းစာရေးမှာပင် ကိုရင်ရှူံးထက် ပိုသားနားလေသည်။ နောက်ဆုံးတွင်မတော့ စိတ်ကိုအတန်ငယ်တည်ငြိမ်အောင်ထိန်းရင်း ဈေးအသက်သာဆုံးတစ်ခုကိုညွှန်ပြပါရန် တောင်းပန်ခယသောလေသံဖြင့် ထိန်းပြောလိုက်ရသည်။ ထိုမှပင် သဘောပေါက်သွားသည်ထင်၊ ကိုရင်ရှူံးကို ကလေးများအတွက်ရည်ရွယ်ထားသော Menu များကိုထိုးပြရင်း လေးလေးစားစား ရှင်းပြလေသည်။ စိတ်ထဲတွင် အတော်လေးကျေနပ်သွားသည်။ အရောင်းစာရေးထံမှ စိတ်ပျက်လက်ပျက်ရှင်းပြခြင်းမဟုတ်ပဲ တစ်လေးတစ်စားဖြင့် ကောင်းကောင်းမွန်မွန်ရှင်းပြခြင်းကိုခံရသောကြောင့်ဖြစ်သည်။ ကိုရင်ရှူံးလည်း ကြက်ကြော်မြင်ရာကိုလက်ညှိုးထိုးပြီး အမှာစာပြုလိုက်ရ ၆ ကျပ်ခွဲ ကျလေသည်။ ထိုမှပင်အလုံးကြီးကျသွားတော့သည်။ အိပ်ကပ်ထဲမှ ပလပ်စတစ်ပိုက်ဆံတစ်ရွက်ကိုထုတ်ပေးလိုက်ပြီးမကြာမီမှာပင် လင်ဗန်းအတွင်းထည့်ထားသော အစားအစာကိုရသည်။ ကိုရင်ရှူံးမှာ ဘယ်သွားရမှန်းမသိဖြစ်နေစဉ် ထိုအရောင်းစာရေးမှပင် ကြိုက်သည့်နေရာတွင် ဝင်ရောက်သုံးဆောင်နိုင်ကြောင်းပြောသဖြင့် ကိုရင်ရှူံးလည်း လင်ဗန်းကြီးဖြင့် ထိုင်စရာနေရာကို တစ်လည်လည်ရှာရတော့သည်။ နောက်ဆုံးတွင်မတော့ ချောင်ကျကျနေရာတွင် တစ်ယောက်တည်း ကြက်သားတုန်းပဲစစားရမလို၊ Mash Potato ကိုပဲ စပြီးစားရတော့မလိုနှင့် ဂွကျနေသည်။ ဆံပင်ရှည်နေသောကြောင့်တော်သေးသည်။ ဆံပင်ကို ဖားလျားချပြီး ဆံပင်ကြားမှ သူများတွေစားသောက်နေသည်ကို ဝေ့ဝဲအကဲခတ်လိုက်ရာ ကြက်ကြော်ကိုကိုင်ပြီး Mash potato ကို တစ်ဇွန်းချင်းစီစားနေသည်ကို မြင်ရသဖြင့် ၎င်းတို့နည်းတူပင်လိုင်စားရလေသည်။ Kids Meal ကို ဝယ်ထားသဖြင့် အရုပ်လေးလဲ ရထားရာ ခေါင်းကိုပွတ်လိုက်လျင် တစ်ဆတ်ဆတ်ငြိမ့်နေသော အရုပ်လေးကို ကစားနေရင်း ဘယ်လိုက ဘယ်လိုဝင်သွားသည်ပင် မသိပေ။

အားလုံးကုန်သွားသည့်နောက် ကိုရင်ရှူံးမှာ ထပဲပြန်ရမလိုလို၊ ကိုယ်စားထားတာပဲ ကိုယ်ရှင်းရတော့မလိုလိုနှင့် သူများတွေလုပ်နေသည်ကို လေ့လာရပြန်တော့သည်။ ကံမကောင်းစွာပင် အားလုံးမှာ အေးအေးဆေးဆေးနှင့် ၎င်းတို့စားသောက်ဖွယ်ရာများကိုစားလျက်သား၊ အဘယ်သူမျှ မပြီးသေး၊ ကိုရင်ရှူံးမှာတော့ ၎င်းတို့နည်းတူ အေးဆေးမနေနိုင်ပေ၊ ခရီးရှည်ကြီးကိုသွားရမည်မို့ တက်သုတ်ရိုက်ပြန်ရန်ပြင်ရတော့သည်။ ဘာလုပ်ရမည်မသိဖြစ်နေစဉ်မှာပင် KFC LOGO နှင့်လူတစ်ယောက်ကိုတွေ့သဖြင့် မေးလိုက်ရာမှ ဒီအတိုင်းပင်ထားခဲ့ပီး ပြန်ထွက်သွားနိုင်ကြောင်းပြောသဖြင့် ကိုရင်ရှူံးမှာ ဆိုင်အပြင်ဘက်သို့ ခြေထောက်နှင့်မြေကြီး ထိသည်မထင်ပဲ ရှက်ရှက်နှင့်ထွက်လာရတော့သည်။

ထိုအကြိမ်သည်ကား ဆင့်ကာပူရတွင် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် KFC စားခဲ့ခြင်းဖြစ်တော့သည်။

********************************************************************************

ယခုအခါတွင်မတော့ ကိုရင်ရှူံးမှာ ဝန်ထမ်းများအား သင်ကြားပြသသည့်အခါတိုင်း၊ အထူးသဖြင့် အရောင်းစာရေးများအား သင်ကြားပြသသည့်အခါတိုင်း အရောင်းစာရေးများ၏ မည်မျှ အရေးပါအရာရောက်ပုံကို ကိုရင်ရှူံးစားသုံးသူဖြစ်ခဲ့သည့်အခါက အတွေ့အကြုံကို ပြန်ပြောင်းရှင်းပြရင်း၊ သင်ကြားပေးရင်းဖြင့် ကိုရင်ရှူံးကဲ့သို့သော စားသုံးသူများအား တစ်သက်မမေ့စရာ၊ ပျော်ရွှင်အောက်မေ့ဖွယ်ရာ အတွေ့အကြုံများကို ပိုင်ဆိုင်စေခြင်းငှာ ကြိုးစားစွမ်းဆောင်နေပါကြောင်း….။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

51 comments

  • ဆူး

    September 19, 2012 at 9:07 am

    စောစော ကတည်းက လင့်ကို ကြည့်နေတာ.. ကွန်မန်း ပိတ်နေလို့.. အခုတော့ ပွင့်သွားပြီ.. ဘာ လုပ်လိုက်တာလဲဟင်.. နည်းပညာလေး ဘာလေး ပြောပြပါအုန်း။ :kwi:

  • P chogyi

    September 19, 2012 at 9:33 am

    မြန်မာနိုင်ငံမှာတော့ အဝတ်အစားနွမ်းနွမ်းနဲ့ ဆိုင်နားကပ်တာနဲ့
    မောင်းထုတ်တော့တာပဲ။

    • Wow

      September 19, 2012 at 1:17 pm

      :eee:
      :chit:
      :kwi:
      :harr:

      • Wow

        September 19, 2012 at 1:19 pm

        ဟေး… ငါကွ…. ရပဟဲ့…
        :harr:

  • Mon Kit

    September 19, 2012 at 9:59 am

    Why????
    can’t do it.

    🙁

    • ဒဿ ဖွတ်ကျား

      September 19, 2012 at 10:05 am

      Double Quote ” ”
      လေးတွေ ဖြုတ်လိုက်ရင် ရပါတယ်ဗျ..

      :hee:

      • Mon Kit

        September 19, 2012 at 11:08 am

        WoW!!!!
        Thank you so much…………… :harr:

        • Wow

          September 19, 2012 at 1:20 pm

          မခေါ်နဲ့ဆို နာ့နာမယ်ကို…
          ဟင်းနော်.. နှစ်ခိရှာဘီ… 😆

        • Mon Kit

          September 19, 2012 at 1:26 pm

          ဟွန့်…
          ဒီက ဝမ်းသာလို့ အော်တာပါနော်..
          ဘိုလုပ်တိရဲ…
          နှစ်ခိရှာဒါ…… :kwi:

  • amatmin

    September 19, 2012 at 10:08 am

    သူရို့ဆီက ဝန်ဆောင်မှု နဲ့ ကိုယ်တွေဆီက ဝန်ဆောင်မှု
    ချက်ချင်းလက်ငင်းကို.နှိုင်းယှဉ်မြင်ပီး..
    ဒီကိုလာဖို့ကြံနေတဲ့ သူရို့ဆီက လုပ်ငန်းတွေ တင်မက.
    အဲ့ဂလို ဝန်ဆောင်မှုတွေပါ.ပါလာဖို့မျှော်လင့်ရင်း..
    စားနိုင်သောက်နိုင်တုန်းလေး.
    သွားလေရာနေရာတိုင်း လူကိုလူလိုမြင်တတ်တဲ့..
    ဝန်ဆောင်မှုကောင်းလေးတွေ ကြုံဖူးချင်သေးပါရဲ့… 🙂

    • ဒါကတော့ ဝန်ထမ်းတွေကို ထိန်းကျောင်းပေးတဲ့ အုပ်ချုပ်သူတွေအပေါ် အများကြီးမူတည်နေပါတယ် ကိုမတ်ရေ.. ကိုယ်ပိုင်ခံယူချက်လေးတွေရှိအောင်၊ စာနာနားလည်မှုတွေရှိအောင်၊ ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်ကို Professional ပီသအောင် လုပ်ချင်လာအောင်၊ လုပ်အောင်လို့ သွန်သင်ပြမှုပဲလိုပါတယ်။

  • နေဝန်းနီ

    September 19, 2012 at 10:19 am

    ကိုရှုံးရေ…။ ခုလောလောဆယ်ရက်ပိုင်းမှာ ခံတွင်းချဉ်နေတာလေး ပြေသွားတဲ့အတွက်ကျေးဇူးပါဗျာ….။ ဒီလိုစာမျိုး ဖတ်လိုက်ရလို့…။ အို …….စွမ်းဆောင်နိုင်သူအပေါင်းတို့ ဒီလိုစာမျိုး စုပြီး စာအုပ်ထုတ်ကြရင်ကောင်းမယ်နော့ ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖတ်နိုင်အောင်လို့ပါ…။ သူကြီးကော စိတ်မဝင်စားဘူးလား ပြည်တွင်းမှာ စာအုပ်ထုတ်ဖို့…။

    • အချဉ်ပြေသွားအောင်လို့ အခါးလေးတွေရေးပေးလိုက်တာပါ အဘနီရေ..
      ရေးပြချင်နေတာကြာပြီ… ကျွန်တော်လဲခုမှ စိတ်ယားပြေသွားတယ်

      🙂

  • Crystalline

    September 19, 2012 at 10:26 am

    အရောင်းဝန်ထမ်းတွေ..အလှကုန်ရောင်းတဲ့သူတွေကလွဲပြီး မျက်နှာတွေချီနေကြတာ တခါတလေ သူ့တောင် ပြန်ကြောက်နေရမလို. စိတ်တိုလွန်းလို့တခါတော့ ပြောပလိုက်တယ်. သူတပါးကိုထိခိုက်အောင် မပြောချင်ပေမယ့် လွန်လွန်းလို့ ကိုယ့်တာဝန်ဘာလဲသိအောင် ပြောပေးလိုက်တယ်.

    • ဒဿ ဖွတ်ကျား

      September 19, 2012 at 11:31 am

      စွာလဂျီလား မကြည်စင်လေးရယ်…

      ဟီဟိ…

      :hee:

      :kwi:

      :harr:

      :chit:

      • စိန်ဗိုက်ဗိုက်

        September 19, 2012 at 11:42 am

        :kwi:
        :chee:
        :harr:
        :buu:

        ကိုရှုံးရေ..စောဒီးပါဗျ
        ပုံလေးတွေ စမ်းရင်းနဲ ့မိုလို ့ အကို ့ပို ့စ်ကို ပြီးရင် ပြန်လာအားပေးမယ်ဗျို ့

        :hee:

        • ရွှေ ကြည်

          September 19, 2012 at 3:12 pm

          အောင်မလေး ပုံမြို့တော်များရောက်နေသလားထင်ရတယ် ဘူရိုရုပ်ရတာရဲဟင်…။

  • eipu

    September 19, 2012 at 11:09 am

    အပြုံးဆိုတာ ဝန်ဆောင်မှုအတွက် အကောင်းဆုံးပါဘဲ

  • nozomi

    September 19, 2012 at 11:15 am

    ကျွန်တော်တို့ ဘကြီးလဲ ဖျားနေပါပြီ
    မကြာခင် မြန်မာပြည်မှာလဲ ဒီ ဆားဗစ်မျိုး ရတော့ မှာပါ

  • etone

    September 19, 2012 at 11:38 am

    ချပင် … အဲ့ဒီ ချပင် …. :eee:
    ယောကျာ်းတွေ ချန်ရှည်ကိုယ်ဒေါ်ဆို … အားဂျီး အတီးယားတယ် … ။ ဒီဂျားဒဲ တပ်တပ်ယတ်ယတ်မချိပဲ ဖို့ယို့ဖားယားတွဲယောင်းနဲ့ဆို …….. အိုးးးးးးးးးး မုန်းချရာဟယ် … ခွိခွိ :kwi:

    :harr: :harr:

    • နွယ်ပင်

      September 19, 2012 at 11:46 am

      ကိုရင်ရှူံးက အကြံကြီးတာပါ ညီမရေ အဲဒီချပင်ကို ဒီပြန်ရောက်ရင် ရောင်းစားပြီး
      ရွာကလူတွေကို လူတွေကို ဧည့်ခံဖို့ အထုကတည်းက အရှည်ထားတာပါတဲ့ …. :harr: :hee:

  • Ma Ei

    September 19, 2012 at 11:49 am

    အဲ့ဒီ KFC ဆိုင်လေးတွေလိုမျိုး
    ဒီမှာလဲ ဖြစ်စေချင်လိုက်တာ…
    :ha:

  • kai

    September 19, 2012 at 12:29 pm

    မက်ခ်ဒါနယ်ဝင်လာပြီးရင်.. အဲဒီလိုဖတ်စ်ဖုဆိုင်တွေရဲ့ဆားဗစ်တွေအကုန်အဆင့်တက်လာမှာပါ..
    သူတို့လာဖို့ပဲလိုပါတယ်..
    သူတို့ကရမ်းလာ..ရမ်းဖွင့်တာတော့မဟုတ်.. ။
    ဝန်ထမ်းအဆင့်ဆင့်ကို.. လေ့ကျင့်သင်ပေးပြီးမှ.. လုပ်တာ..

    ဆိုတော့..
    နိုင်ငံတကာအဆင့်မှီ.. လိုက်မလုပ်တဲ့သူ ကျန်ခဲ့(ဆိုင်ပြုတ်)မှာပဲ.. :mrgreen:

    • ဒဿ ဖွတ်ကျား

      September 19, 2012 at 12:31 pm

      ဖရမ်ချိုက်ဇ် ဘဇ္ဇနက် သုတ္တန်လေးဒွေ
      နာချင်ကြားချင်မိသားဗျာ

      :hee:
      :harr:

      :bar:

      😆

      • ကျွန်တော်လဲ အဲလိုစီးပွားရေး မြန်မာပြည်ဝင်လာမယ့်အချိန်ကို ချောင်းနေပါကြောင်း
        ဖြစ်နိုင်ရင်တော့ သိ/တတ်သူများ လမ်းညွှန်ရေးသားပြစေလိုပါကြောင်း

        • ဒဿ ဖွတ်ကျား

          September 21, 2012 at 2:36 pm

          ကျိန်းသေ ကို ဝင်လာကြမှာပါ ကိုရင်ရှုံးရေ..
          ကမာ္ဘအနှံ့အပြားမှာ Saturated Market အဖြစ် လွှမ်းခြုံထားနိုင်ကြသူတွေမို့
          (လူဦးရေ သန်း ၆ဝ မှာ ၁၀% ဖြစ်တဲ့ ၆သန်း စားနိုင်မယ် လို့ Assume ယူဆရင်)
          ၆သန်းသော အသစ်စက်စက် Market ဟာ အတော်အတန် ကြီးမားပါတယ်ဗျာ..။
          ဆိုတော့ ကျိန်းသေ ဝင်လာမယ် ယုံကြည်ကြောင်းပါ…။

          ချက်ခြင်း လက်ငင်းကြီး မဝင်လာသေးတာ ကတော့ B2C Retail
          ဖြစ်နေလေတော့ ရှေ့က ဝင်နှင့်မယ့် B2B တွေ အခြေကျအောင်
          စောင့်နေရင်းနဲ့ Supply Chain အတွက် လိုအပ်မယ့် Production Plant
          ပိုင်းကို ဘယ်လိုလုပ်မယ်ဆိုတာ ကြံဆ နေကြမယ် ထင်မိပါကြောင်း..။

          စကားအတင်းစပ်လို့ …
          KFC
          Pizza Hut
          Taco Bell
          တို့က မောင်နှမတွေဗျ…
          သူတို့ကိုပါ မျှော်ချင်ပါကြောင်း

          တော်သေးပြီ
          ခင်တဲ့..

        • kai

          September 21, 2012 at 2:40 pm

          အခုဒေါ်စု.. ယူအက်စ်ကအပြန်မှာ.. နောက်လပိုင်းချန်ပြီး.. ယူအက်စ်လုပ်ငန်းရှင်တွေ.. အများကြီးလိုက်သွားကြည့်ကြလိမ့်မယ်…

          အစိုးရပိုင်းက.. သေသေချာချာပြင်ဆင်ထားသင့်ပါတယ်..

  • မိုချို

    September 19, 2012 at 12:42 pm

    ဒီမှာ အလုပ် လာလုပ်နေတဲ့ ယောက်ျားလေး တချို့ ဟာ အတော် လိမ္မာပါတယ်။ အတော် လေး ကို ခြွေတာကြပါတယ်။ KFC, Mac donal တို့ လိုဆိုင်တွေမှာ ၁နှစ်လုံး နေမှ ၁ခါ၊၂ ခါ လောက်ပဲအထွဋ် တမြတ်လုပ်ပြီး ဝယ်စား ကြတယ်။ မကြိုက် တာလဲ မဟုတ်ဘူး။ သူများ ဝယ်ကြွေး ရင်တော့ လိုက်စား ကြ တာပဲ။ မစားရက် မသောက်ရက် ခြွေတာနေ ကြတာ ကြည့် ပြီး သနား ဖို့ လည်း ကောင်း ပါရဲ့။ ငွေ ကိုရှာရုံ ပဲရှာ ပြီး မသုံးရက် မစွဲ ရက်တဲ့ ဒုက္ခ ကလည်း မသေးဘူး။ မြန်မာပြည် မှာ ကျန် ခဲ့ တဲ့ သူတို့ ရဲ့ ချစ် ဇနီးတွေ ကကော အဲလို ခြွေ တာ မယ် တဲ့ လား။ …မထင်ပေါင်။ အဲ…..ကိုရင်ရှုံး ကို ပြောတာ ဟုယ်ဘူးနော်။ မိုချို့ ပတ်ဝန်း ကျင်မှာ တွေ့ နေရတဲ့ သူ တချို့ ကို ပြောတာ။

    • အိမ်လွမ်းသူ

      September 19, 2012 at 1:01 pm

      ဒီလောက်အလုပ်လုပ် ပိုက်စံတွေ ရှာပြီး ဒီလောက်လေးတောင် ချစ်တီးကြနေရင် ပြိတာနဲ့ ဘာထူးတော့မှာလဲဗျာ။ အနော်က တော့အစားအသောက် ( အသောက် ) နဲ့ပတ်သက်ရင် လစာပြုတ်သွား ပလေ့စေ အဲဒိ့လောက် စိတ်ကြီးတာ.. ဟိ..ဟိ..

  • ဆူး

    September 19, 2012 at 1:07 pm

    :bar: ကြက်ကြော် အရိုးကိုက်မိလို့ :harr: သွားတချောင်း ကျိုးသွားတယ်.. ဟိဟိ :buu:

  • may flowers

    September 19, 2012 at 2:05 pm

    မြန်မာပြည်က ဈေးသည်တွေလည်း အဝတ်အစားအသုံးအဆောင်ကို မကြည့်ပဲလူကို လူလိုကြည့်ပြီ

    ဝန်ဆောင်မှုကောင်းနိုင်ကြရင် ..။ ( ဘယ်တော့များ ဖြစ်လာမှာပါလိမ့်)

  • may flowers

    September 19, 2012 at 2:06 pm

    ဈေးသည် အားလုံးကိုမဆိုလိုပါ အချို့အချို့သော ဈေးသည်တော်တော်များများကိုသာ

  • kai

    September 19, 2012 at 2:21 pm

    ပုံသေနည်းတခုက..
    ကိုကာကိုလာဝင်ရင်.. မက်ခ်ဒါနယ်လိုက်ဝင်တယ်..
    ပက်စီကိုလာဝင်ရင်.. KFC လိုက်ဝင်တယ်..
    သူတို့တွေ.. အလုပ်တူတူလုပ်ကြပုံရပါတယ်..။

    မြန်မာပြည်ထဲလည်း.. အဲဒါတွေ.. ဝင်တော့ဝင်လာနိုင်ပါတယ်..
    ဟမ်ဘာဂါလုပ်တဲ့.. အမဲသား..။ ကျော်မယ့် ကြက်သားတွေက.. မြန်မာပြည်ထဲအင်ပို့လုပ်ရမှာလားတော့..မသိ… 😕

    • pooch

      September 19, 2012 at 5:05 pm

      အဲ့ဒီ အင်ပို့ကြီးပါ ဝင်လာရင်တော့ မပြောတော့ဘူး သူကြီး။ ဒီက ဘာမြတ်မှာတုန်း 🙁
      ဒီက မွေးမြူရေးလုပ်တဲ့သူတွေကို နည်းနည်းပါး ပါး စားကောင်းအိပ်ပျော်အောင် မလုပ်တော့ဘူးလား။

      ဝင်လာတိုင်းလည်း ဝင်းဝင်းဖြစ်မှ ကောင်းတာ မဟုတ်ဖူးလား ။ စိတ်ထိခိုက်ပါတယ်။

      စကားမစပ် ပက်စီနဲ့ ကိုလာ ဆိုလို့ သူများတွေတော့ မသိ ။ ကိုယ့်ပါးစပ်ထဲတော့ ပက်စီက ပေါ့တယ်။ coke မှ coke ပဲ ။ :mrgreen:

      ရှုံးလူရေ ဘဝဆိုတာ အဲ့လိုပါပဲ ။ တချိန်က ကို်ယ်အဲ့ဒီနေရာရောက်မယ် လို့ ဘယ်သူက သိမှာလဲ နော့။ နောက်ဆို ပိုင်ရှင်နေရာ ရောက်နေအုန်းမှာ။

      Fighting!!!!!!!!!!!

  • ရွှေ ကြည်

    September 19, 2012 at 3:15 pm

    ရေးထားတာ ဖတ်လို့ကောင်းတယ်ရှင့်။ နောက်များလည်း အတွေ့အကြုံလေးများမျှဝေပါဦး..။

  • aanyar thar

    September 19, 2012 at 6:18 pm

    သဘောကျတယ်ဗျာ..ပြည်ပမှာ..ကြုံရတာ…တကယ်..လေးစားတယ် ငါ့အကိုရေ…….ဒီကိုစရောက်ရောက်ခြင်း…စလုံးလိုတော့..စားပြီး..ထားသွားလို့မရဘူးဗျာ….ကိုယ့်အမှိုက်ကိုယ့်ဘာသာ…သတ်မှတ်ထားတဲ့…အမှိုက်ပုံ်းမှာ ပြစ်ရတယ်…ပြစ်တဲ့အခါမှာလည်း…အရိုးက သတ်သတ်..စက္ကူ..ကသတ်သတ်..ပုလင်းက သတ်သတ်…ပြစ်ရတယ်..ဗျာ……ကြိုက်တယ်ဗျာ…ကျနော်တို့…မြန်မာပြည်သား..တစ်ယောက်..ပြည်ပမှာ..ဘာမဟုတ်တဲ့..KFC ..လေးကို…စားရတာတောင်….ဒုက္ခ.ဖြစ်ရပုံကို..ဟာသနှော..ပြီးရေးတတ်တာ…(ဘယ်နှိုင်ငံရောက်ရောက်..ဘာသာစကား..ပိုင်နှိုင်..မကျွမ်းကျင်ရင်…အရှက်ရစေတာပဲပေါ့…)..စလုံး…မလေး..ထိုင်း..ဆိုတာ..ကျနော်အတွက်တော့…၂၁..နှစ်သားကတည်းက….ကျွန်ခံခဲ့ရတဲ့..နှိုင်ငံလေးတွေပေါ့ဗျာ….

    • ဘယ်နှိုင်ငံရောက်ရောက်..ဘာသာစကား..ပိုင်နှိုင်..မကျွမ်းကျင်ရင်…အရှက်ရစေတာပဲပေါ့…

      ဟုတ်ကဲ့ပါဗျာ… ကျွန်တော့်ဘဝက ဘာသာစကားမတတ်ကျွမ်းတော့ ခုချိန်ထိ သူများခိုင်းဖက်ပဲ ဖြစ်နေရတုန်းပါ.. တတ်ကျွမ်းလွန်းတဲ့ အကိုတို့လိုလူမျိုးတွေအတွက်ကတော့ ဘယ်သွားသွားအဆင်ပြေတာပေါ့လေ

  • အရီးခင်လတ်

    September 20, 2012 at 2:38 pm

    မပြောမရှိနဲ့။
    အရီးလဲ မက်ဒေါ်နယ် မှာ ၁နှစ်ခွဲလောက် လုပ်ဘူးခဲ့တယ်။
    မီးဖိုချောင် လို မှာ အချိန်ပြည့် တာဝန် မယူနိုင် လို့ Lobby မှာ Customer Care Assistant ဆိုပြီး တာဝန်ယူရတယ်။
    သူများတိုင်းပြည်မှာ တော့ အဲဒီလို စားပွဲသုတ်၊ အမှိုက်သိမ်း၊ အိမ်သာဆေး အလုပ် ကို တောင် အသေအချာ Training ပေးတာ။
    အရီးလဲ သန့်ရှင်းရေး သမားပေမဲ့ ကျရာ အလုပ်ကို တကဲ့စေတနာ နဲ့ လုပ်ခဲ့ပါတယ်။
    တစ်ချို့ ဟာတွေ က မသိယောင်ဆောင်နေလဲ ရပေမဲ့
    Customer တွေကို ဂရုစိုက်ပြီး လိုတာတွေ ကို ကိုယ်က Offer ပေးပြီး ကူပါတယ်။

    Customer တွေဆီက Nice Comment တွေ မကြာမကြာ ရဘူးတယ်။
    အလုပ်ထွက်ခါနီး လောက်မှာ သင်တန်းအကြီး သွားတက်ခိုင်းပြီး Customer Care Manager ရာထူးရခဲ့တယ်။

    ဒီတော့ ပြောချင်တာက ကြွားတာအဟုတ်ပါဘူး။
    အလုပ်မှာ စေတနာ နဲနဲ ထည့် လိုက် တဲ့ အကြောင်း ကနေ ရတဲ့ အကျိုးဟာ အများကြီးသိသာ ကြောင်းလေး မက်စိ ပေးတာပါ။ :kwi:
    မောင်ရှုံး ရဲ့ စကား ကို အားပါးတရ ထောက်ခံရင်း ရင်း အားဖြည့်သွားပါတယ်။

    ဒီတော့ အလုပ်ခွင်ပြန်ဝင်ပါဦးမယ်။
    အချိန်ခိုးတာ အချိန်ပြည့်ပြီ။ :harr:

  • Rose Minn

    September 21, 2012 at 3:11 pm

    မြန်မာ နိုင်ငံ ကို အဲလို ကမာ္ဘကျော် fast food တွေ ရောက်လာလို့ကတော့ အိုကေလိုက်မယ့်ဖြစ်ခြင်း။ part time အလုပ်လည်း ဖြစ်လာမယ်ထင်တယ်။ကောင်းလှောင့်တေး ကောင်းလှောင်းတေး။ တကယ့်ကို ကြိုဆိုပါတယ်။ ဈေးသက်သက်သာသာ စားရလျှင်ပိုကောင်းမယ် ဖြစ်ပါကြောင်း စိတ်ကူးလေးယဉ်မိပါတယ်။

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 21, 2012 at 6:00 pm

    ဈေးရောင်းခြင်းရဲ့သဘောမှာတော့ ပုံစံအမျိုးမျိုးရှိကြတာပါဘဲ
    တစ်ခုရှိတာကိုယ့်ဆိုင်ထဲဝင်လာသူကို အနည်းဆုံး တစ်ခုဝယ်သွားအောင်ရောင်းရမယ့်သဘော ရှိတာရယ်
    ဆိုင်ထဲဝင်လာသူဟာ တစ်ကယ်စားမယ်ဆိုတာသိနေတာရယ်
    ဥပမာဗျာ
    အဝတ်စားအခြားကရိယာတန်စာပလာတွေလို ခန့်မှန်းရခက်တာကတစ်မျိုးပါ
    ဆိုခဲ့ပြီးသလို ကိုဖဲရှုံး ဟုတ်ပါဘူး ကိုရင်ရှုံး အနေနှင့် ဆိုင်ထဲဝင်လာတဲ့အချိန်မှာ
    တောင်းစားမယ့်ပုံတော့ ရှိမနေလောက်ဘူးထင်တယ် ( ယုံကြည်ဘာဒယ် :mrgreen: )
    ပြောလို့ပြောတာ
    အဲ့သည် ကေအက်ဖ်စီတွေ ဒိုနတ်တွေ ပီဇာတွေ ဟန်းဘားဂါးတွေ ကျုပ်စားလာတာ
    အတော်များနေပြီ
    တစ်ခါမှ ကျုပ်ပိုက်ဆံနဲ့ ဝယ်မစားဖူးဘူး ဘောဇိဝယ်တာဘဲ ကုန်းဆင်းလိုက်ဘူးတယ်
    တစ်ခါလောက် ကိုယ့်ပိုက်ဆံနဲ့ ဝယ်စားအုန်းမှ

  • အရီးခင်လတ်

    October 9, 2012 at 7:17 pm

    “ဖတ်ရွေး အဖွဲ့ ကိုယ်စား”

    ကိုယ်တိုင်ကြက်ကြော်ဆိုင်မှာ ဝင်စားတုန်းကကြုံခဲ့ရတဲ့ ကြက်ကြော်ဆိုင်အရောင်းဝန်ထမ်းရဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကြောင့် ၊ ကိုယ်တိုင် ကြက်ကြော်ဆိုင်မှာ ကြီးကြပ်ရတဲ့အချိန်ရောက်တော့ နမူနာယူ သင်ခန်းစာယူပြီး အရောင်းဝန်ထမ်းတွေကို သင်ကြားပေးတဲ့အကြောင်းလေးကို အရေးအသားကောင်းကောင်းနဲ့ သရုပ်ဖေါ်သွားတာလေးကို နှစ်သက်မိလို့ ရွေးချယ်ရပါတယ်။
    ~~~~~~~~~~~~~
    အရေးအသားက “ရသ” မြောက်အောင်ရေးနိုင်ရုံမက ကိုယ်တွေ့ အဖြစ်အပျက်မှန်ကိုအခြေခံပြီး စားသုံးသူကို
    အရောင်းဝန်ထမ်းများက ဘယ်လိုအလေးထားသင့်ကြောင်း၊ လက်တွေ့ကျကျ ပြုပြင်သင့်တာလေးကို တင်ပြ ထားလို့တော်တော်လေးနှစ်သက်မိပါတယ်..
    နိုင်ငံရပ်ခြား ထွက်အလုပ်လုပ် ဝင်ငွေရှာနေကြရသူများ ရဲ့ တွေ့ကြုံရလေ့ရှိတဲ့ ခံစားမှု့၊ မတူညီသော ဓလေ့ စရိုက် ကလေးများကိုလည်း သရုပ်ပေါ်အောင်ရေးဖွဲ့ထားသည်မှာ မျက်စေ့ထဲမြင်လာစေတဲ့အထိ ရေးဖွဲ့ နိုင်တဲ့ အတွက်အထူးနှစ်သက်မိပါတယ်။ ပွင့်လင်းလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း နိုင်ငံရပ်ခြား ရင်းနှီး မြှုတ်နှံမှု့ တွေ အစီအရီဝင်လာကြတော့မဲ့အခါသမယမှာ လက်ရှိ မြန်မာတိုင်းရင်းသားပိုင်လုပ်ငန်းတွေအနေနဲ့လည်း
    ဝန်ဆောင်မှု့မှာ သူတို့ထက်မသာတောင် သူတို့အောက်မလျော့အောင် ကြိုးစားလေ့ကျင့်ထား သင့်ကြကြောင်း အသိအမြင်လေးကိုပေး ထားပါတယ်။

  • ဖတ်ရွေးအဖွဲ့ကိုယ်စားဆိုတော့ ဖတ်ရွေးအဖွဲ့ကိုရော၊ တစ်ကူးတစ်ကရေးပေးတဲ့ အရီးကိုရော ကျေးဇူးတင်ပါကြောင်း ဦးစွာပြောပါရစေ။

    ဒီတစ်လတော့ ကျွန်တော်ဘာမှမရေးထားဖြစ်ဘူးဆိုပြီး ဒီတိုင်းအေးဆေးနေတာပေါ့။ ပြီးခဲ့တဲ့လက တစ်ပုဒ်ဇကာတင် အရွေးခံရတယ်၊ ဒီလတော့ရေးထားတာမရှိပါဘူးလေဆိုပြီး အေးဆေးနေနေတုန်း အရီးတင်လိုက်တဲ့ ပို့စ်မှာ ကိုယ့်နာမည်တွေ့လိုက်ရလို့ အသည်းအသန်ပြန်ကြည့်မိတယ်ဆိုတာ ဝန်ခံပါတယ်။ လုံးဝမထင်မှတ်ထားတဲ့အချိန်မှာဆိုတော့ လုံးဝ အံ့အားသင့်သွားတယ်ပေါ့လေ။ ဆုတော့အရွေးမခံရနိုင်ဘူးဆိုတာ ကိုယ့်လက်ရည်နဲ့ ကိုယ်သိပေမယ့် နှစ်ခါဆက်တိုက် ဇကာတင်အရွေးခံရတယ်ဆိုတော့ အနည်းငယ်လဲ ဂုဏ်ယူမိပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် မန့်သလေးဂွဇွတ်မှာ အတော်လေး သိမ်ငယ်နေသလိုခံစားမိလို့ စာတောင်မရေးတော့ဘူး တွေးထားတာကနေ စာပြန်ရေးချင်စိတ်ပေါက်လာအောင် စွမ်းဆောင်နိုင်တယ်လို့ ဆိုရမှာပေါ့။ ကိုယ့်ထက်စာရေးကောင်း၊ အကြောင်းအရာကောင်းတဲ့သူတွေ ပေါများလာတော့ ကိုယ့်ကိုယ်ကို ပြန်ရှက်လာသလိုပဲ။ တစ်ချိန်ကတော့ စာကောင်းတာမကောင်းတာထက် စာများများရေးနိုင်တဲ့သူတွေပဲ ကျင်လည်နေတုန်းက စာရေးခဲ့တဲ့ကျွန်တော်၊ စာရေးကောင်းတဲ့သူတွေ ဝင်လာတော့ ကိုယ့်ကိုယ်ကို အလိုလို အားငယ်လာမိပါတယ်။ တစ်ဖက်မှာလည်း လူမှုရေးပိုင်းမှာ ကျရှူံးနေတော့ အရင်ကလောက် အားတွေမရှိတော့ဘူးလေ၊ စိတ်အားငယ်စရာတွေပဲများနေတော့ စာတွေမရေးချင်တော့ဘူး။

    ခုဒီလ ဆုရသူမဟုတ်ပေမယ့် ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတစ်ခုကို အသိအမှတ်ပြုပေးတဲ့အတွက် လွန်စွာမှပင် ကျေးဇူးတင်ပြီး နှစ်ထောင်းအားရ ကျေနပ်ခြင်းများ ဖြစ်ရပါကြောင်း…။

    • MaMa

      October 10, 2012 at 9:22 am

      ရှုံးလူလို ရေးနိုင်သူ ရေးတတ်သူတစ်ယောက်ကို ဆွဲဆောင်နိုင်တယ်ဆိုလို့ ဆုပေးရေးအဖွဲ့ရဲ့ လုပ်ရပ် အလဟဿမဖြစ်ဘူးဆိုပြီး ဝမ်းသာသွားပါတယ်။
      ပြောရမယ်ဆိုရင် ရှုံးလူက စခဲ့တဲ့ တွေ့ဆုံရေးဆိုတာကနေ ခုလို အစီအစဉ်တွေ ဖြစ်ပေါ်လာရတာပါ။
      အခွင့်ကြုံမယ်ဆိုရင် ရှုံးလူကိုလည်း တွေ့ချင်ပါသေးတယ်။ :hee:

Leave a Reply